← Chapters

အစစ်အမှန်သိုင်း အပိုင်း (၂)

Vol. 3 Ch. 42

အစစ်အမှန်သိုင်း အပိုင်း (၂)

Vol. 3 Ch. 42

~နင်ချီသည် တာအိုဆရာလုံရှန်းထံမှ အထောက်အကူပြု ဆေးဝါးအချို့ကို ရယူခဲ့ပြီး၊ 'ခန္ဓာကိုယ်ရွှေ့ပြောင်းခြင်းနှင့် အရိုးပြောင်းလဲခြင်း' သိုင်းကွက်၏ အမြင့်ဆုံး သဘောတရားအဆင့်သို့ ရောက်ရှိရန် နောက်ဆုံးတွင် လဝက်ခန့် အချိန်ယူခဲ့ရသည်။

ဤအချိန်မှစ၍…

သူ၏ အယောင်ဆောင်ခြင်းနှင့် ပြောင်းလဲခြင်း စွမ်းရည်သည် ပိုမို ပြည့်စုံလာခဲ့ပြီး၊ အသက်အရွယ် ကြီးငယ်မရွေး အသွင်အပြင်ကို လွယ်ကူစွာ ပြောင်းလဲနိုင်ခဲ့သည်။ သူ၏ ရုပ်ခန္ဓာကိုယ်ပင်လျှင် လိုက်လျောညီထွေစွာ ပြောင်းလဲနိုင်ခဲ့၏။ သူ၏ အစွမ်းထက်သော ရုပ်ခန္ဓာကြောင့် နင်ချီသည် သူ၏ လက်ရှိအရပ်၏ ထက်ဝက်အထိ ကျုံ့နိုင်သလို၊ နှစ်မီတာကျော်အထိလည်း ချဲ့ကားနိုင်ခဲ့သည်။

အနာဂတ်တွင် သူ၏ ရုပ်ခန္ဓာကိုယ် ပိုမိုသန်မာလာသည်နှင့်အမျှ ပိုမိုကြီးမားသော ပြောင်းလဲမှုများပင် ဖြစ်နိုင်ပေလိမ့်မည်။

သို့သော်လည်း…

'ခန္ဓာကိုယ်ရွှေ့ပြောင်းခြင်းနှင့် အရိုးပြောင်းလဲခြင်း' သိုင်းကွက်သည် အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှု တစ်ခုမျှသာ ဖြစ်လေ၏။

'တိတ်ဆိတ်ခြင်းသိုင်းကွက်' ကတော့ သံသယဖြစ်ဖွယ်မရှိ ပိုမိုအသုံးဝင်မှု ရှိနေသည်။

သာမန်အားဖြင့် နင်ချီသည် သူ၏ အရှိန်အဝါ စွမ်းအားကို အကြောသန့်စင်ခြင်းနယ်ပယ်အဆင့်တွင် ထိန်းသိမ်းထားပြီး၊ ရံဖန်ရံခါ အနည်းငယ် ပေါက်ကြားသွားသော်လည်း၊ အာရုံခံစွမ်းရည်ရှိသော သိုင်းပညာရှင်များသာ ၎င်းကို သတိပြုမိနိုင်ပေသည်။

သိုင်းပညာရှင်တစ်ဦး၏ အစစ်အမှန် အားသာချက်နှင့် အားနည်းချက်ကို တိုက်ခိုက်ပြီးမှသာ သိရှိနိုင်လေသည်။

အသက်စွမ်းအင်နှင့် အရှိန်အဝါ ပြင်းအားသည် ရည်ညွှန်းချက်အဖြစ်သာ အသုံးဝင်ပါ၏။

ဤသိုင်းပညာနည်းစနစ်နှစ်ခုနှင့်အတူ နင်ချီ၏စိတ်သည် သံသယဖြစ်ဖွယ်မရှိ ပိုမိုအေးချမ်းသွားခဲ့သည်။

သူသည် စနစ်တကျ လေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်သွား၏။

သူ၏ စီနီယာအစ်ကိုအစ်မများသည် တောင်အောက်မှ ပြန်လာသည့်အခါ တောင်အောက်မှ စည်ကားမှုနှင့် စိတ်လှုပ်ရှားမှုများအကြောင်း ပြောဆိုကြရာ၊ နင်ချီ၏စိတ်ထဲတွင် အနည်းငယ် အားကျသွားသော်လည်း၊ သူသည် အထီးကျန်မှုကို ခံနိုင်ရည်ရှိလေသည်။

အရေးကြီးဆုံးမှာ နင်ချီသည် နေ့စဉ်နှင့်အမျှ သူ၏တိုးတက်မှုကို ခံစားနေရခြင်းပင် ဖြစ်သည်။

သိုင်းပညာလေ့ကျင့်ရာမှာ သူ ပျော်ပါ၏။

ဤ

ထိုအချက်က သူ့ကို ပြင်ပ လောကအတွက် သိပ်မတောင့်တစေတော့ပါ။

'တာအိုရှာဖွေခြင်း ကျောင်းတော်' ၏ အပြင်ဘက်တွင် မက်မွန်ပန်းများသည် ပိုမိုတက်ကြွပြီး ခမ်းနားထည်ဝါစွာ ပွင့်လန်းနေခဲ့သည်။

တစ်ခါက ကိုယ်လုံးကိုယ်ပေါက်တုတ်ခိုင်သော ဒုတိယစီနီယာအစ်ကို ရှုံးရှီက ချီးကျူးမဆုံး ဖြစ်ခဲ့ရသည်။

“ဂျူနီယာညီလေးရဲ့ နေရာက လူကိုပြန်လည်လန်းဆန်းစေတဲ့ ဖုန်းရွှေကောင်းရှိတယ်။ ဒီမှာရှိတဲ့ မက်မွန်ပန်းတွေတောင် အစစ်အမှန်သိုင်းတောင်ပေါ်က တခြားနေရာတွေထက် ပိုကောင်းတယ်”

စီနီယာအစ်မသုံး ယဲ့ချင်းဟယ်မှာတော့ ပို၍ပင် ပျော်ရွှင်စွာဖြင့် မက်မွန်ပန်းဝိုင် ပြုလုပ်လိုသည်ဟုဆိုကာ ပန်းအချို့ကို ခူးယူသွားခဲ့လေသည်။

နင်ချီက နှုတ်ခမ်းကို ကွေးကာ ပြုံးလိုက်သည်။

‘စီနီယာအစ်မသုံးကတော့ ကျရှုံးမှာ သေချာတယ်။’

ယဲ့ချင်းဟယ်သည် အရက်သောက်ခြင်းကို နှစ်သက်သော်လည်း သူမ၏ ဝိုင်ချက်စွမ်းရည်မှာ ညံ့ဖျင်းလှသည်။ တစ်ခါက သူမသည် မျောက်ဖြူကို မျောက်ဝိုင်ချက်နည်း သင်ပေးခိုင်းခဲ့ရာ၊ ရလဒ်မှာ အလွန်အမင်း ချဉ်ပြီး အနံ့ဆိုးထွက်နေသဖြင့် မျောက်ဖြူမှာ ခေါင်းကို အကြိမ်ကြိမ် ခါယမ်းခဲ့ရသည်။

ဤတစ်ကြိမ်တွင်…

ယဲ့ချင်းဟယ် မက်မွန်ပန်းဝိုင် ပြုလုပ်တော့မည်ကို မြင်သောအခါ၊ မျောက်ဖြူသည် နောင်တွင် ပြသနာ မဖြစ်စေရန်အတွက် သူကိုယ်တိုင် တစ်အိုးကို လျင်မြန်စွာ ချက်လုပ်ထားလိုက်တော့သည်။

သူတို့အားလုံး မသိခဲ့ကြသည်မှာ…

ဤမက်မွန်ပင်များကို နှစ်စဉ်နှစ်တိုင်း ပိုမိုတက်ကြွလာစေရန်၊ သန်မာကြီးထွားလာစေရန်နှင့် တစ်နေ့တွင် ဝိညာဉ်အသီးများ သီးနိုင်စေရန်အတွက် နင်ချီက ကျင့်ကြံခြင်းနည်းစနစ်များကို အထူးတလည် သုတေသနပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။

မက်မွန်ပန်းများ တဖြည်းဖြည်း ညှိုးနွမ်းသွားပြီးနောက်…

အကိုင်းအခက်များပေါ်တွင် မက်မွန်သီးများ ပြွတ်သိပ်‌နေအောင် သီးလာခဲ့ရာ အလွန်အမင်း နှစ်လိုဖွယ်ကောင်းလှသည်။

နင်ချီက သူ့လက်သေးသေးကလေးဖြင့် မက်မွန်သီး တစ်လုံးကို ခူးကာ ကိုက်လိုက်၏။

သူ၏ပါးစပ်ထဲတွင် အရည်များ ပြည့်လျှံလာပြီး အလွန်အမင်း ချိုမြိန်သော အရသာကို ခံစားလိုက်ရသည်။

သူသည် မျောက်ဖြူကို သူ၏ဆရာသမားနှင့် စီနီယာအစ်ကိုအစ်မများထံ အချို့ကို ပို့စေခဲ့သည်။

ချီးကျူးမှုများစွာကို လက်ခံရရှိခဲ့၏။

နင်ချီ၏ စိတ်နေသဘောထားသည် တဖြည်းဖြည်းနှင့် ပိုမိုငြိမ်းချမ်းလာခဲ့သည်။

တာအိုဆရာလုံရှန်းပင်လျှင် သူ၏တပည့်ငယ်လေးကို ထွင်းဖောက်မမြင်နိုင်တော့သည်ကို အံ့ဩစွာ တွေ့ရှိရပြီး၊ ဤအချက်က သူ့ကို လေးနက်သော သဘောကျမှုများဖြင့် ပြည့်စေခဲ့သည်။

ထိုအချိန်တွင် နင်ချီမှာမူ…

သူ၏ဒုတိယအကြိမ် 'အသေတု' ကို တွေ့ကြုံပြီးဖြစ်နေခဲ့သည်။

ပထမအကြိမ် 'အသေတု' ၏ အတွေ့အကြုံနှင့်အတူ ဒုတိယတစ်ကြိမ်မှာ ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။ နင်ချီသည် လိုအပ်သော အရင်းအမြစ်များကို ပြင်ဆင်ပြီး၊ မျောက်ဖြူကို တာဝန်ပေးကာ သူ၏အခန်းထဲတွင် ပိတ်၍ တည်ငြိမ်ခြင်းအခြေအနေသို့ ဝင်ရောက်ခဲ့သည်။

ယခုအခါ အကြောသန့်စင်ခြင်းကို စတင်နေပြီဖြစ်သော မျောက်ဖြူသည် မယုံနိုင်လောက်အောင် မြန်မြန်ဆန်ဆန် လှုပ်ရှားနိုင်ပြီး၊ မျောက်ဘုရင်ခန္ဓာကျင့်စဉ်ကို လေ့ကျင့်ရင်း အဆက်မပြတ် တိုးတက်နေခဲ့သည်။

ဤတစ်ကြိမ်တွင် သူ ထိတ်လန့်မနေတော့ဘဲ နင်ချီ နိုးထလာသည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။

ဆယ်ရက်ကြာပြီးနောက်…

နင်ချီ နိုးထလာခဲ့၏။

သူ၏အကြည့်သည် ပို၍ပင် ငြိမ်သက်သွားပြီး၊ သူ၏မကြာသေးမီက စိတ်နေသဘောထား ပြောင်းလဲမှုများသည် 'အသေတု' နှစ်ကြိမ်နှင့် ဆက်စပ်နိုင်သည်ကို နားလည်သွားသော်လည်း သူ ထိတ်လန့်မနေခဲ့ပါ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် သူ၏လက်ရှိအခြေအနေကို အတော်လေး နှစ်သက်နေခဲ့သည်။

"သုံးလွှာနယ်ပယ်သို့ တက်လှမ်းခြင်း၊ အတွင်းစွမ်းအား၏ အောင်မြင်မှုအသေးစား။"

"ငါ့ရုပ်ခန္ဓာကိုယ်က နောက်တစ်ကြိမ် နှစ်ဆတိုးလာပြန်ပြီ။ ဆိုလိုတာက ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် ပြည့်စုံခြင်းအဆင့်ကထက် အတိအကျ သုံးဆ တိုးလာတာပဲ။ ငါခံစားနေရတာက... ငါ့သက်တမ်းကများ နောက်တစ်ခါ တိုးလာပြန်ပြီလား။"

နင်ချီ၏ မျက်လုံးများ အနည်းငယ် အရောင်လက်သွားသည်။

ဤသည်မှာ မမျှော်လင့်ထားသော ပျော်ရွှင်မှုတစ်ခု ဖြစ်ပါသည်။

ယခင်က သူသည် အတွင်းစွမ်းအားနယ်ပယ်တွင် အဆင့်ချိုးဖြတ်တိုင်း ဤသို့သော ပြောင်းလဲမှုများရှိသည်ဟု မကြားဖူးခဲ့ပေ။

သည်အဖြစ်မှာ သူ့ခန္ဓာကိုယ် ယိုယွင်းခြင်းနှင့် ပြန်လည်မွေးဖွားခြင်း သံသရာသည် အကြိမ်တိုင်း အကန့်အသတ်သို့ ရောက်ရှိခြင်းနှင့် ဆက်စပ်နိုင်သည်ဟု သူ မှန်းဆမိသည်။

သူ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မည်ကို မသေချာသော်လည်း၊ ၎င်းမှာ မမှားယွင်းကြောင်း ဖော်ပြမရနိုင်သော ခံစားချက်တစ်ခု ညွှန်ပြနေပြီး၊ နင်ချီ၏ စိတ်ပိုင်းဆိုင်ရာ ကြည်လင်မှုသည် သိသိသာသာ တိုးတက်လာခဲ့သည်။

ဒါက ကောင်းသော အရာတစ်ခုပင်။

ဤလမ်းကြောင်းအတိုင်း ဆက်သွားမည်ဆိုလျှင် အတွင်းစွမ်းအားပြည့်စုံခြင်းအဆင့်သို့ ရောက်သည့်အခါ ချီစွမ်းအင်နယ်ပယ်နှင့် ဆင်တူသော သက်တမ်းတစ်ခုကို ရရှိနိုင်ပေမည်။

"ရုပ်ခန္ဓာကိုယ်နဲ့ သက်တမ်းအပြင် အတွင်းအားမှာလည်း ပြောင်းလဲမှုတွေ ရှိတယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ ငါ့အတွင်းအားက ‘တစ်ပိုင်းတစ်စ အစိုင်အခဲ’ ဖြစ်လာပြီ။ ဒါက အတွင်းစွမ်းအားရဲ့ အောင်မြင်မှုအကြီးစားကို ရောက်မှသာ ရောက်ရှိနိုင်တဲ့ အခြေအနေတစ်ခုပဲ။ အဲ့ဒီအဆင့်ကတောင် ငါ့လောက် အားကောင်းမှာ မဟုတ်လောက်ဘူး။"

"ယေဘုယျအားဖြင့် သိုင်းပညာရှင်တွေက ဒီလိုအောင်မြင်မှုအကြီးစားနယ်ပယ်ကို ရောက်သွားတာနဲ့ အားဆင့်ခြင်းသိုင်းစွမ်းရည်ထဲက 'စွမ်းအားလွှဲပြောင်းခြင်းသိုင်းကွက်' ကို ကျင့်ကြံနိုင်ပြီး သူတို့ရဲ့အတွင်းအားမှာ အစွမ်းထက်တဲ့ အရည်အချင်းများစွာကို ထည့်သွင်းနိုင်ကြတယ်။"

နင်ချီ တွေးတောသုံးသပ်နေခဲ့သည်။

သူသည် သူ၏ခန္ဓာကိုယ်အတွင်းမှ အတွင်းအားကို အသုံးပြုလိုက်ရာ၊ ၎င်းသည် ယခင်ကကဲ့သို့ 'ယောင်ဝါးဝါး' မဟုတ်တော့ဘဲ 'ခိုင်မာသည့်’ခံစားမှု တစ်ခု စတင်ရှိလာသည်ကို ရှင်းလင်းစွာ ခံစားမိသည်။ ဤအချက်က ၎င်း၏စွမ်းအားကို များစွာတိုးမြှင့်ပေးပြီး သူ၏ရုပ်ခန္ဓာကိုယ်အပေါ် ပိုမိုအားကောင်းသော အားဖြည့်မှုကို ပေးစွမ်းသည်။

"အတွင်းအားမှာ အရည်အချင်းအမျိုးမျိုး ရှိတယ်။ ရေခဲပိုးမျှင်အားကျမ်းလိုမျိုးပေါ့။ အရမ်းကို အေးစက်တဲ့ ရေခဲအတွင်းအားကို လေ့ကျင့်နိုင်တယ်။ တခြားကျင့်ကြံခြင်းနည်းစနစ်တွေ

ကတော့ မီး၊ အဆိပ်၊ နတ်ဆိုး အရှိန်အဝါ နဲ့ တခြားအရာတွေကို အတွင်းအားမှာ ထည့်သွင်းနိုင်တယ်။ တချို့အထူးအားဆင့်ခြင်းသိုင်းစွမ်းရည်တွေကလည်း အောင်မြင်ဖို့ သက်ဆိုင်ရာ အရင်းအမြစ်တွေ လိုအပ်တာပဲ။"

"ဒါပေမဲ့ တခြားအရည်အချင်းတွေလည်း ရှိသေးတယ်။ မြေကြီးတုန်ဟည်းအားလိုမျိုးပေါ့။ သူက အတွင်းအားကို 'တုန်ခါမှု' အရည်အချင်းတွေ ပေးပြီး တစ်ချက်တည်းနဲ့ အတွင်းအင်္ဂါတွေကို တိုက်ခိုက်နိုင်တာ။"

"ဒါပေမဲ့ ဒါတွေက ငါလိုချင်တဲ့ အရာတွေ မဟုတ်ဘူး။"

နင်ချီသည် အားဆင့်ခြင်းသိုင်းစွမ်းရည်ကို လေ့ကျင့်ရုံသာမက 'မဟာအိပ်မက် သေခြင်း ကိုးပါးအားကျမ်း' ၏ ဒုတိယတစ်ဝက်ဖြစ်သော 'စွမ်းအားလွှဲပြောင်းခြင်းသိုင်းကွက်' ကိုပါ ထည့်သွင်းစဉ်းစားနေခဲ့သည်။ ယခု သူတွင် အလားအလာများ ရှိနေပြီ။

သူ့မှာ ရည်မှန်းချက်ကြီးကြီးမားမား ရှိနေပြီး သာမန်အရည်အချင်းများက သူ့ကို ကျေနပ်စေမည်မဟုတ်ဟု ခံစားမိသည်။

အင်အားအကြီးဆုံးကို လေ့ကျင့်ရန်…

'စွမ်းအားလွှဲပြောင်းခြင်း' သည် အတွင်းစွမ်းအားနယ်ပယ် သိုင်းပညာရှင်များ၏ စွမ်းအားကို အားဖြည့်ပေးသည့် နည်းလမ်းတစ်ခုသာမက၊ နောက်ပိုင်းတွင် ချီစွမ်းအင်အား ကျင့်ကြံခြင်းနှင့်လည်း သက်ဆိုင်နေခဲ့သည်။

"စောင့်ကြည့်ကြသေးတာပေါ့။ အလျင်လိုစရာမရှိပါဘူး။ စွမ်းအားလွှဲပြောင်းတာကို နောက်မှ လုပ်လို့ရတယ်။ ဘာပဲဖြစ်ဖြစ် ငါက ဘယ်သူနဲ့မှ တိုက်ခိုက်နေတာမှ မဟုတ်တာ။ ဒါကြောင့် စွမ်းအားလွှဲပြောင်းဖို့ အလျင်လိုနေစရာ မရှိဘူး။"

နင်ချီ သူ၏ဆုံးဖြတ်ချက်ကို ချလိုက်သည်။

စွမ်းအားမလွှဲပြောင်းခြင်းသည် သူ၏ဆက်လက်ကျင့်ကြံခြင်းနှင့် သူ၏နယ်ပယ်ကို မြှင့်တင်ခြင်းကို နှောင့်နှေးစေမည်မဟုတ်ပေ။

သူ၏လက်ရှိစွမ်းအားသည် မနည်းလှဟု သူ ခံစားမိသည်။

ကြံ့ခိုင်သော ရုပ်ခန္ဓာကိုယ်၊ များပြားလှသော အစိုင်အခဲအတွင်းအား၊ အဆင့်မြင့်မြင့်အထိ လွယ်ကူစွာ လေ့ကျင့်နိုင်သော သိုင်းပညာများစွာနှင့်အတူ သူ၏တိုက်ခိုက်ရေးစွမ်းအားမှာ ချဲ့ကားပြောရလောက်အောင် ကောင်းနေခဲ့သည်။

‘အရင်ကတော့ မသေချာတာတွေ ရှိခဲ့ရင်တောင် အခုတော့ စီနီယာအစ်ကိုကြီးနဲ့ စီနီယာအစ်ကိုငါးတို့က ငါ့ပြိုင်ဘက် မဟုတ်လောက်တော့ဘူး။’

နင်ချီ မာနကြီးနေခြင်း မဟုတ်ပါ။

သူ၏ရုပ်ခန္ဓာသည် အလွန် ခွန်အားကြီးလွန်းသည်။ ဤလမ်းကြောင်းအတိုင်း ဆက်သွားမည်ဆိုလျှင် သူသည် နောက်ဆုံးတွင် ပေါင်တစ်သန်းကို မနိုင်ပေမည်။ ၎င်းမှာ မည်သူမျှ မတွေးတောနိုင်သော အိပ်မက်အဆင့်တစ်ခု ဖြစ် လေသတည်း။

မည်သူမျှ မသိခဲ့သည်မှာ ဤက်ိုး ယောက်မြောက် အမွေဆက်ခံသူသည် အစစ်အမှန်သိုင်းဂိုဏ်းတွင် ဒုတိယအင်အားအကြီးဆုံးအဖြစ် တိတ်တဆိတ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

"ချီစွမ်းအင်နယ်ပယ်နဲ့ ပတ်သက်လို့တော့ ငါ ခုခံနိုင်ပါ့မလား မသိဘူး။"

ချီစွမ်းအင်နယ်ပယ် သုံးခုဖြစ်သော မြူဖြူ၊ ကျောက်စိမ်းအရည်နှင့် မူလအမြုတေ၊ နယ်ပယ်တစ်ခုစီတွင် ကြီးမားသော ကွာဟချက်များ ရှိနေသည်။

နင်ချီသည် ချီစွမ်းအင်နယ်ပယ်မှ နှစ်ဦးကိုသာ အနီးကပ် မြင်ဖူးခဲ့သည်။ နတ်ဘုရားဓားသခင်အဘိုးကြီးနှင့် သူ၏ဆရာသမား၊ နှစ်ဦးစလုံးမှာ မူလအမြုတေနယ်ပယ်တွင် ရှိကြပြီး သူ့ထက် အဆများစွာ သာလွန်နေသည်။ လက်ရှိတွင် သူတို့နှင့် ယှဉ်နိုင်မည်ဟု သူ မယုံကြည်ပေ။

သို့သော် နင်ချီသည် ဤအပေါ်တွင် အချိန်မဖြုန်းခဲ့ပါ။

တစ်နေ့တွင် သူ ကြုံတွေ့လာပါက သဘာဝအတိုင်း သိရှိလာပေလိမ့်မည်။

...

နွေရာသီ တဖြည်းဖြည်း ရောက်ရှိလာသည်။

တစ်နေ့ နေ့လယ်ခင်းတွင် ယဲ့ချင်းဟယ်သည် သူမ၏ ပိတ်သိမ်းထားသော မက်မွန်ပန်းဝိုင်အားလုံး ပေါက်ကြားသွားပြီး ချဉ်သောအရည်အဖြစ်သို့ ပြောင်းလဲသွားသည်ကို ထိတ်လန့်စွာ တွေ့ရှိခဲ့သည်။

ဤအဖြစ်က သူမကို အလွန်စိတ်ပျက်စေပြီး ပါရမီရှင်များကို ကောင်းကင်ဘုံက မနာလိုဖြစ်သည်ဟု ညည်းတွားကာ နေတော့သည်။သူမ၏ ဝိုင်ချက်စွမ်းရည်ကို မပြသနိုင်ခဲ့ခြင်းအတွက် ညည်းညူနေခဲ့သည်။

ကံကောင်းစွာပင် မျောက်ဖြူက သူချက်လုပ်ထားသော မက်မွန်ပန်းဝိုင်ကို ချက်ချင်း ထုတ်ပေးခဲ့သည်။

ယဲ့ချင်းဟယ်က မြည်းစမ်းကြည့်ရာ မျက်လုံးကလေးများ အရောင်တောက်သွားပြီး ပျော်ရွှင်စွာ ပြုံးလိုက်သည်။

သူမသည် ယွမ်ထျန်းရှန်းကို ခေါ်ဆောင်ကာ စီနီယာအစ်ကိုအစ်မများထံ မက်မွန်ပန်းဝိုင်ကို မြည်းစမ်းစေရန် သွားရောက်ခဲ့သည်။

၎င်းမှာ သူမနှင့် မျောက်ဖြူ ယွမ်ထျန်းရှန်းတို့ ပူးပေါင်း

ချက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း အရှက်မရှိဘဲ ပြောဆိုခဲ့ရာ အခြားသူများ တိတ်တဆိတ် ရယ်မောနေစဉ် ချီးကျူးမှုများကို ရရှိခဲ့သည်။

သူမ၏ မာနသည် အတိုင်းမသိ ကျေနပ်မှုကို ရရှိခဲ့သည်။

"အင်း... ဒီတစ်အိုးကိုတော့ ဂျူနီယာ မောင်လေးရှစ် မြည်းစမ်းဖို့ ချန်ထားလိုက်မယ်ဟယ်”

ယဲ့ချင်းဟယ်၏ စကားများသည် နိမိတ်တစ်ခု ဖြစ်ခဲ့ဟန်တူသည်။

ရက်အနည်းငယ်အတွင်းမှာပင်…

အဋ္ဌမတပည့် ချင်ယွင်သည် အမှန်တကယ်ပင် တောင်ပေါ်သို့ ပြန်ရောက်လာခဲ့ပါသည်။

All Chapters