စိန်ခေါ်လွှာ
Vol. 3 Ch. 43
~ချင်ယွင် အစစ်အမှန်သိုင်းဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာခြင်းသည် အတော်လေး လှုပ်ခတ်မှုတစ်ခု ဖြစ်စေခဲ့သည်။ နောက်ဆုံးတော့ သူသည် ခြောက်လကျော်ကြာ ပျောက်ကွယ်နေခဲ့ပြီး နှစ်ကုန်ပိုင်းတွင်ပင် ပြန်မလာခဲ့သည် မဟုတ်ပါလား။
တပည့်များမှာ သူ့ကို အလွန် လွမ်းဆွတ်နေကြသည်။
တောင်ပေါ်မှ အစစ်အမှန်တပည့်များအားလုံးသည် ချင်ယွင်၏ ပတ်လည်တွင် စုရုံးနေကြ၏။
"မင်း တော်တော် ဟုတ်တဲ့ ကောင်ပဲ ရှစ်လေး...။ တောင်အောက်မှာ ဒီလောက် ကြာအောင် တိတ်တိတ်လေး နေပြီးတော့။ လောကရဲ့ စည်းစိမ်တွေကို မင်း မူးယစ်နေလောက်ပြီ။"
ချင်ယွင်သည် ရင်းနှီးသောမျက်နှာများကို ကြည့်ရင်း ဘဝတစ်ခု ကုန်လွန်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ စကားပြောမည် အပြုတွင်…
ယဲ့ချင်းဟယ်က ပြုံးလိုက်ပြီး ဆိုသည်။
"ဒီဝိုင်အိုးကိုသာ နင် သောက်လိုက်ရင် ငါတို့ နင့်ကို ခွင့်လွှတ်လိုက်မယ်။"
ယဲ့ချင်းဟယ် ကမ်းပေးသော ဝိုင်ကိုကြည့်ရင်း ချင်ယွင်၏ ဦးရေပြားမှာ ထုံကျင်သွားသည်။
သူသည် ယခင်က စီနီယာ အစ်မ ယဲ့ချင်းဟယ်၏ ဝိုင်ချက်
စမ်းသပ်မှုများ၏ သားကောင်
ဖြစ်ခဲ့ဖူး၏။ သူ စိတ်ကို တင်းကာ သောက်ရန် ပြင်လိုက်သော်လည်း အံ့ဩစရာကောင်းလောက်အောင်ပင် ၎င်းမှာ အတော်လေး ကောင်းမွန်နေခဲ့သည်။
"စီနီယာအစ်မသုံး... ခင်ဗျားရဲ့ ဝိုင်ချက်ပညာက အကြီးအကျယ် တိုးတက်လာတာပဲ။"
ချင်ယွင်သည် သူ၏ ချီးကျူးစကားကို ချန်မထားခဲ့ပါ။
ယဲ့ချင်းဟယ်၏ အပြုံးသည် ပို၍ ကျယ်ပြန့်သွားသော်လည်း အခြားသူများ၏ ပုံမမှန်သော အပြုံးများကို မြင်ပြီးနောက် ချင်ယွင်သည် ဘာတွေ ဖြစ်နေသည်ကို အကြမ်းဖျင်း နားလည်သွားသည်။
သူ၏ အကြည့်သည် မျောက်ဖြူပေါ်သို့ ကျရောက်သွားပြီးနောက် နင်ချီထံသို့ ရောက်သွား၏။
သူ၏ ပင်ကိုအသိစိတ်က နင်ချီ၏ အဆင့်ကို တိုင်းတာလိုသော်လည်း သူ ထွင်းဖောက် မမြင်နိုင်ခဲ့ပေ။
"ကိုးလေး..."
ချင်ယွင်သည် ကိုးလေးအား ယခင်အတိုင်းပင် တောက်ပစွာ ပြုံးပြလိုက်၏။
သို့သော် နင်ချီကမူ ချင်ယွင်သည် တစ်စုံတစ်ခုကို ဖိနှိပ်ထားသည်ဟု ခံစားလိုက်ရသည်။
ထို့နောက်တွင် ချင်ယွင်တစ်ယောက် ဆရာ ဖြစ်သူ တာအိုဆရာလုံရှန်းကို သွားတွေ့ခဲ့၏။
မမျှော်လင့်ဘဲ တောင်အောက်တွင် အချိန်အကြာကြီး နေခဲ့သောကြောင့်လားမသိ၊ တာအိုဆရာလုံရှန်းက ချင်ယွင်ကို တံခါးပိတ် ကျင့်ကြံရန် အမိန့်ပေးလိုက်သည်။
လော့ဝမ်ထျန်း၏ သိမ်မွေ့သော ဖျောင်းဖျမှုကိုပင် ဆူပူကြိမ်းမောင်းခြင်းဖြင့် တုံ့ပြန်ခဲ့သည်။
အစစ်အမှန်တပည့်များအားလုံးမှာ အံ့ဩသွားကြသည်။
အကြောင်းမှာ ဒါက ရှားပါးသော ဖြစ်စဉ်တစ်ခု ဖြစ်သောကြောင့်ပင်။
သူတို့မှာ ဆရာဖြစ်သူ မကြာမီ စိတ်ပျော့သွားရန်သာ မျှော်လင့်နိုင်ကြတော့သည်။
နင်ချီ အနည်းငယ် သက်ပြင်းချလိုက်မိသည်။
‘လူ့စိတ်ဆိုတာကတော့ နားလည်ရခက်တာပဲ။ ဆရာ့ရဲ့လုပ်ရပ်တွေက စီနီယာအစ်ကိုရှစ်ရဲ့ အခြေအနေနဲ့များ ပတ်သက်နေမလားပဲ။’
သို့သော် ဒီကိစ္စများကို သူ မစီမံနိုင်သေးသလို ယခုလောလောဆယ်တွင်လည်း စွမ်းရည်မရှိသေးပါ။ တိတ်တဆိတ် လေ့ကျင့်နေရုံသာ တတ်နိုင်ခဲ့သည်။
အစ်ကို ချင်ယွင် မကြာမီ ပြန်လည်ကောင်းမွန်လာရန် မျှော်လင့်ရင်းပင်…။
အချိန်သည် ညင်သာစွာ စီးဆင်းသွားလေသည်။
သူမသိလိုက်ခင်မှာပင် နှစ်ကုန်ပိုင်းသို့ တစ်ဖန်ပြန်လည် ရောက်ရှိလာခဲ့သည်။
နင်ချီသည် နောက်ထပ် အသေတုနှစ်ကြိမ်ကို ဖြတ်သန်းခဲ့ပြီး အားဆင့်ခြင်းနှစ်ပတ်ကို အပြီးသတ်ခဲ့သည်။
လွန်ခဲ့သော နှစ်လက သူသည် ငါး လွှာနယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး စီနီယာအစ်ကို ခုနှစ် စွန်းချွမ်းဟိုင်ကို ကျင့်ကြံခြင်းတွင် တရားဝင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
"နောက်ထပ် အားဆင့်ခြင်းတစ်ပတ်ပြီးရင် ငါ အတွင်းစွမ်းအားနယ်ပယ်ရဲ့ အောင်မြင်မှုအကြီးစားကို တက်လှမ်းနိုင်ပြီ။ သာမန်သိုင်းပညာရှင်တွေက အတွင်းစွမ်းအားနယ်ပယ်ရဲ့ အောင်မြင်မှုအကြီးစားကို ရောက်မှ သူတို့ရဲ့အတွင်းအားမှာ အရည်အချင်းတွေ ထည့်ဖို့ စွမ်းအားလွှဲပြောင်းနိုင်တာ။ ငါကတော့ အောင်မြင်မှုအသေးစားမှာကတည်းက ဒါကိုလုပ်နိုင်ခဲ့တယ်။"
"အခု ငါ့အတွင်းအားက တဖြည်းဖြည်းနဲ့ ပိုပြီး ခိုင်မာလာပြီ။ ငါသာ အောင်မြင်မှုအကြီးစားနယ်ပယ်ကို ရောက်သွားရင် ပြည့်စုံခြင်းနယ်ပယ်က တခြားသူတွေလိုပဲ ငါ့အတွင်းအားကို ခန္ဓာကိုယ်အပြင်ဘက်ကို ဆန့်ထုတ်နိုင်လောက်တယ်။"
ဤအချက်က နင်ချီ့ကို အနည်းငယ် မျှော်လင့်ချက် ကြီးစေခဲ့သည်။
အတွင်းစွမ်းအား ကိုးလွှာပြည့်စုံခြင်းသည် အတွင်းအားကို ခန္ဓာကိုယ်အပြင်ဘက် ဆယ်ပေနီးပါးအထိ ဆန့်ထုတ်နိုင်ပြီး စွမ်းအားကို သိသိသာသာ တိုးမြှင့်ပေးနိုင်သည်။ သူသည် ထိုအရာနှင့် သိပ်ကွာခြားမည်မဟုတ်ဘဲ၊ ထိုထက်ပင် ကျော်လွန်သွားနိုင်သည်ဟု သူ ခန့်မှန်းမိသည်။
"ဒါပေမဲ့... အခု ငါ ချီ မြူဖြူနယ်ပယ်က ကျွမ်းကျင်သူတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်လောက်ပြီလား။"
နင်ချီ အပြည့်အဝ မသေချာသော်လည်း ဤမျှော်လင့်ချက်တော့ ရှိနေခဲ့သည်။
ချီစွမ်းအင်နယ်ပယ်မှ ချီသည် အလွန်အားကောင်းသော်လည်း သူတွင် တိုက်ခိုက်ရန် အင်အားရှိသည်ဟု သူ ခံစားမိသည်။
သွေးမိုးမျှော်စင်၏ ပစ်မှတ်ကို သူ မမေ့သေးပေ။
သူ၏ဆရာသမားကို လွယ်ကူစွာ အနိုင်ယူနိုင်သည့်နေ့ ရောက်လာသည့်အခါ လက်စားချေမည်။
"ဒါပေမဲ့ ‘မဟာအိပ်မက် သေခြင်း ကိုးပါးအားကျမ်း’ရဲ့ စွမ်းအားလွှဲပြောင်းခြင်းနည်းစနစ်က ရှေ့ပြေးပုံစံပဲ ရှိသေးပြီး အချိန်ပိုလိုအပ်နေသေးတယ်။"
နင်ချီသည် ဤကိစ္စနှင့်ပတ်သက်၍ အလျင်မလိုခဲ့ပါ။
သူ၏ စွမ်းအားလွှဲပြောင်းခြင်းအတွက် လိုအပ်ချက်များမှာ မြင့်မားသည်။ အကြောင်းမှာ ၎င်းသည် အနာဂတ် ချီစွမ်းအင်နယ်ပယ်မှ ကျင့်ကြံခြင်းနှင့် သက်ဆိုင်နေသောကြောင့် ဖြစ်၏။
သူ၏အတွင်းအား အရည်အချင်းများသည် အရာအားလုံးကို လွှမ်းခြုံနိုင်ရန် မျှော်လင့်သည်။
ဤသည်မှာ ခက်ခဲလှ၏။
သို့သော် ‘အသင်္ချေဖြစ်ရပ်ဆန်းကြယ် မူလဇာစ်မြစ်ခန္ဓာကျင့်စဉ်’ ကို ရှေ့ပြေးအဖြစ် ထားရှိခြင်းဖြင့် ၎င်းမှာ မဖြစ်နိုင်သောအရာတော့ မဟုတ်ဘဲ၊ အနှစ်ချုပ်ရန်နှင့် ကောက်ချက်ချရန် အချိန်သာ လိုအပ်သည်။ နင်ချီ၏ ထူးခြားသော နားလည်နိုင်စွမ်းသာ မရှိပါက ၎င်းမှာ လုံးဝနီးပါး မဖြစ်နိုင်ပေ။
နင်ချီသည် လာမည့်နှစ်တွင် အောင်မြင်နိုင်မည်ဟု ယုံကြည်မှု ရှိနေခဲ့သည်။
"သွားကြစို့ ထျန်းရှန်း”
သူ၏ဘေးတွင် လုံ့လဝီရိယရှိသော မျောက်ဖြူကို သတိပြုမိပြီး နင်ချီက ပြုံးကာ ခေါ်လိုက်သည်။
မျောက်ဖြူသည် ယခုအခါ အရိုးသန့်စင်ခြင်းပြည့်စုံခြင်းအဆင့်တွင် ရှိနေပြီး ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း၏ အတားအဆီးကို ချိုးဖျက်နေပြီ ဖြစ်သည်။ ခြောက်နှစ်အတွင်းမှာပင် ခန္ဓာကိုယ်သန့်စင်ခြင်းကို အပြီးသတ်နိုင်လောက်သည်။
ဤအရှိန်သည် မြန်ဆန်လှပြီး၊ ဝတုတ်လေးကျွမ်းချန်ထက်ပင် ပိုမြန်ကာ၊ ချင်ယွင်ကိုတော့ ပြောစရာ မလိုတော့ပေ။
ထို့အပြင် မျောက်ဖြူ၏ စွမ်းအားသည် တူညီသောအဆင့်ရှိ အခြားသူများထက် သာလွန်နေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ရုပ်ပိုင်းဆိုင်ရာ အခြေခံအုတ်မြစ်သည် အတော်လေး ခိုင်မာသောကြောင့် ဖြစ်သည်။ နင်ချီလောက် အားမကောင်းသော်လည်း အစစ်အမှန်သိုင်းခန္ဓာကျင့်စဉ်ကို လေ့ကျင့်သူများပင် ပိုမသာဟု နင်ချီ ယုံကြည်သည်။
မျောက်ဖြူ၏ ကျင့်ကြံမှုအဆင့် တိုးတက်လာသည်နှင့်အမျှ ခန္ဓာကိုယ်အတွင်း၌ သိမ်မွေ့သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာပုံရပြီး၊ သွေးမျိုးဆက်ကို လှုံ့ဆော်ပေးနိုင်သည်ကို နင်ချီ သတိပြုမိသည်။
ဤအချက်က နင်ချီ၏ စူးစမ်းလိုစိတ်ကို ပိုမိုနှိုးဆွပေးခဲ့သည်။
သူ တွေးလိုက်သည်။
သူ၏အတွင်းအား ခန္ဓာကိုယ်အပြင်ဘက်သို့ ဆန့်ထုတ်နိုင်သည်နှင့် သူ စူးစမ်းမှုအချို့ကို ကြိုးပမ်းပေမည်။
စိတ်ထဲတွင် အတွေးများ လှည့်ပတ်နေရင်း နင်ချီနှင့် မျောက်ဖြူတို့သည် သိုင်းကစားကွင်းသို့ ရောက်ရှိလာခဲ့ကြသည်။
ယမန်နှစ်က နှစ်ကုန်ပြိုင်ပွဲသည် အတော်လေး ကျေနပ်ဖွယ်ကောင်းသော ရလဒ์များ ထွက်ပေါ်ခဲ့သည်။
လော့ဝမ်ထျန်း၏ အားပေးမှုဖြင့် ဤကောင်းမွန်သော အစဉ်အလာကို ဆက်လက်ထိန်းသိမ်းရန် သတ်မှတ်ထားသည်။
နင်ချီ ရောက်ရှိလာသည့်အခါ သူ သဘောပေါက်လိုက်သည်။
ချင်ယွင်လည်း ထိုနေရာတွင် ရှိနေသည်။
သူသည် တာအိုဆရာလုံရှန်း၏ အမိန့်ဖြင့် ခြောက်လကြာ အကျယ်ချုပ်ကျခံခဲ့ရသော်လည်း နှစ်ကုန်ပိုင်းအတွက် အပြင်ထွက်ခွင့်ရခဲ့ပြီး၊ အခြားအစစ်အမှန်တပည့်များနှင့် စကားစမြည်ပြောနေခဲ့သည်။
အားလုံးက သူ့ကို ဆရာဖြစ်သူကို စိတ်အနှောင့်အယှက်ဖြစ်စေသည့်အရာတစ်ခုခု ရှိပါက ခေါင်းငုံ့ခံရန်နှင့် ခေါင်းမမာရန် အကြံပေးနေကြသည်။
ချင်ယွင်ကမူ ပြုံးကာ သဘောတူလိုက်ရုံသာ။
နင်ချီ့ကို မြင်သောအခါ…
ချင်ယွင်က သဘာဝအတိုင်း လှမ်းကြည့်ကာ အာရုံခံလိုက်သည်။
"ကိုးလေး..."
ခြောက်လအကြာကနှင့် နှိုင်းယှဉ်လျှင် နင်ချီ၏ အရှိန်အဝါ သည် သိသိသာသာ တိုးတက်လာသည်ကို သူ သတိပြုမိသည်။ သို့သော် နင်ချီ မလှုပ်ရှားသရွေ့ တိကျသောနယ်ပယ်ကိုတော့ ရှင်းလင်းစွာ မသိနိုင်ခဲ့ပေ။
နင်ချီလည်း ထိုနေရာသို့ သွားထိုင်လိုက်သည်။
အုပ်စုလိုက် စကားစမြည်ပြောဆိုကြသည်။
အပြင်စည်းတပည့်များကြားမှ ပြိုင်ပွဲသည် အသစ်တစ်ဖန် စတင်ခဲ့သည်။
ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် အပြင်စည်းတပည့်များ၏ အလုံးစုံစွမ်းအားသည် တစ်ဖန်ပြန်လည် တိုးတက်လာခဲ့ပြီး ထူးချွန်သူအချို့ ပေါ်ထွက်လာရာ အားလုံးကို ပျော်ရွှင်စေခဲ့သည်။
ထို့နောက် အတွင်းစည်းတပည့်များ၏ အလှည့် ဖြစ်သည်။
ထိပ်ဆုံးတပည့်နှစ်ဆယ်ကို ဆုချီးမြှင့်ပြီးနောက် အစစ်အမှန်တပည့်များက လက်ရည်စမ်းကာ အခြားသူများအတွက် သံသယများကို ရှင်းလင်းပေးကြသည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ ချင်ယွင် ပါဝင်လာခဲ့သည်။
လော့ဝမ်ထျန်းသည် ကျန်းပိုင်ရှန်းနှင့် နောက်တစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး ဤတစ်ကြိမ်တွင် လော့ဝမ်ထျန်း၏ ရှုံးနိမ့်မှုမှာ ပို၍ပင် ပြတ်သားခဲ့သည်။
ကျန်းပိုင်ရှန်းသည် အစစ်အမှန်သိုင်းဂိုဏ်း၏ ဒုတိယအင်အားအကြီးဆုံးနေရာကို သေသေချာချာ ခိုင်မာစေခဲ့သည်။
လက်ရှိ ကျန်းပိုင်ရှန်းသည် အသက်လေးဆယ်တွင် ချီစွမ်းအင်နယ်ပယ်သို့ အဆင့်ချိုးဖြတ်ရန် အလားအလာရှိပြီး အစစ်အမှန်သိုင်းဂိုဏ်း၏ ဒုတိယမြောက် ချီစွမ်းအင်ကျွမ်းကျင်သူ ဖြစ်လာနိုင်ပေသည်။
အသက်လေးဆယ်တွင် သိုင်းပညာရှင်များ သက်တမ်းရှည်သော ဤလောက၌ လူငယ်မျိုးဆက်ဟု သတ်မှတ်ခံရဆဲဖြစ်ပြီး အရှိန်အဟုန် ကောင်းလှသည်။
သို့သော် သူတို့၏တိုက်ပွဲကို ကြည့်ရင်း နင်ချီသည် တည်ငြိမ်မှုကို ခံစားရပြီး၊ စီနီယာအစ်ကိုကြီးနှင့် စီနီယာအစ်ကိုငါးတို့ကို ပေါင်းလိုက်လျှင်ပင် သူ၏ပြိုင်ဘက် ဖြစ်နိုင်ခြေမရှိဟု ပို၍ ယုံကြည်သွားသည်။
သို့ရာတွင် လော့ဝမ်ထျန်း ရှုံးနိမ့်ပြီးနောက် ချင်ယွင်က မမျှော်လင့်ဘဲ ကျန်းပိုင်ရှန်းကို စိန်ခေါ်ခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ချင်ယွင် ရှုံးနိမ့်ခဲ့သည်။
သို့သော် အားလုံးကို တုန်လှုပ်သွားစေသည်မှာ…
ချင်ယွင်သည် အတွင်းစွမ်းအား ခြောက်ဆင့်နယ်ပယ်ကို ပြသခဲ့ခြင်းပင်။
သိထားသင့်သည်မှာ…
ချင်ယွင်သည် အသက်နှစ်ဆယ်ကျော်သာ ရှိသေးပြီး အတွင်းစွမ်းအား၏ အောင်မြင်မှုအကြီးစားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤနှုန်းအတိုင်းဆိုလျှင် သူသည် အသက်သုံးဆယ့်ငါးနှစ်မတိုင်မီ သို့မဟုတ် ထို့ထက်ပင်စော၍ ချီစွမ်းအင်နယ်ပယ်သို့ အဆင့်ချိုးဖြတ်နိုင်ပေမည်။
အစစ်အမှန်သိုင်းဂိုဏ်းမှ လူတိုင်း ပျော်ရွှင်ဝမ်းမြောက်နေကြသည်။
ချင်ယွင်ကို အသံကျယ်စွာ ချီးကျူးနေကြသည်။
ဤသည်မှာ အစစ်အမှန်သိုင်းဂိုဏ်း ကြီးပွားချမ်းသာခြင်း၏ လက္ခဏာပင် ဖြစ်သည်။
တာအိုဆရာလုံရှန်းတစ်ဦးတည်းသာ သူ၏မျက်လုံးများထဲတွင် အနည်းငယ် စိုးရိမ်သောအရိပ်အယောင်ဖြင့် ကြည့်နေခဲ့သည်။
နင်ချီသည်လည်း ၎င်းကို အံ့ဩဖွယ်တွေ့ရှိခဲ့သည်။ ချင်ယွင်၏ ကျင့်ကြံခြင်းအရှိန်သည် အလွန်အမင်း မြန်ဆန်နေပုံရပြီး၊ တောင်အောက်တွင် နေထိုင်စဉ်က စွန့်စားခန်းတစ်ခုခုကြောင့် ဖြစ်နိုင်ပါသလား။
ကျန်းပိုင်ရှန်း စင်မြင့်ပေါ်မှ ဆင်းသွားပြီးနောက်…
ချင်ယွင်သည် သိုင်းကစားကွင်း၏ အလယ်ဗဟိုတွင် ရပ်နေခဲ့ပြီး၊ စင်ပေါ်မှ မဆင်းဘဲ နင်ချီ့ကို ကြည့်ကာ စိန်ခေါ်လွှာတစ်ခု ထုတ်ပြန်လိုက်သည်။
"ဂျူနီယာညီလေးကိုး... တစ်ခေါက်လောက် မစမ်းကြည့်ချင်ဘူးလား။ မင်းရဲ့စီနီယာက လမ်းညွှန်မှုနည်းနည်း ပေးလို့ရပါတယ်။"
သူ၏မျက်လုံးများထဲတွင် ရှင်းပြမရနိုင်သော အကြည့်တစ်ခု ရှိနေပြီး၊ အခြားတပည့်များပင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို မသဲမကွဲ ခံစားမိကြသည်။
လွန်ခဲ့သော တစ်နှစ်က ကျန်းပိုင်ရှန်းသည် အလားတူ စိန်ခေါ်မှုကို ပြုလုပ်ခဲ့ပြီး နင်ချီက ပြုံးကာ အလွယ်တကူ ငြင်းဆိုနိုင်ခဲ့သည်။
သို့သော် တစ်နှစ်အကြာတွင် ချင်ယွင်၏ အသစ်တစ်ဖန် စိန်ခေါ်မှုကတော့…
နင်ချီ့ကို အနည်းငယ် တုံ့ဆိုင်းသွားစေခဲ့သည်။
ချင်ယွင်သည် ကျန်းပိုင်ရှန်းနှင့် မတူပေ။
မကြာသေးမီနှစ်များအတွင်း ချင်ယွင်၏ ပြောင်းလဲမှုများသည် မိမိနှင့် အနည်းငယ် ပတ်သက်နေနိုင်သည်ဟု နင်ချီ ခံစားမိသည်။