← Chapters

အခန်း (၁၆၇၈-၁၆၈၀)

Vol. 112 Ch. 1678-1680

အခန်း (၁၆၇၈-၁၆၈၀)

Vol. 112 Ch. 1678-1680

အခန်း(၁၆၇၈)

နှစ်နာရီကြာ အချိန်ကုန်သွားခဲ့ပြီးနောက်တွင် သာမန်အဆင့်၏ အဆင့်ရှစ် အဂ္ဂိရတ်သခင် အကဲဖြတ်မှုသည်လည်း ပြီးဆုံးသွားခဲ့သည်။

သုံးကြိမ်စလုံး မအောင်မြင်သူ အနည်းငယ်မှ လွဲ၍ ကျန်သူအားလုံးသည် သာမန်အဆင့်၏ အဆင့်ရှစ် အဂ္ဂိရတ်သခင် အဖြစ် အောင်မြင်စွာ ရာထူးတိုးမြှင့်ခံခဲ့ရသည်။

ထိုအထဲတွင် ကျန်းချွမ်းလည်း အပါအဝင် ဖြစ်၏။

သူ၏ ပထမဆုံး ဆေးမီးဖို ပေါက်ကွဲပြီးနောက်တွင် သူ၏ စိတ်ကို အလျင်အမြန် ချိန်ညှိကာ ရွှယ်ယန်ဆေးလုံး တစ်လုံးကို သန့်စင်နိုင်ခဲ့သည်။

သို့သော်လည်း ဤအချိန်တွင် ကျန်းချွမ်းသည် ပျော်ရွှင်မှု လုံးဝ မရှိပေ။

သာမန်အဆင့်၊ အဆင့်ရှစ် အဂ္ဂိရတ်သခင်၏ အထောက်အထားကို အတည်ပြုပြီးနောက်တွင် သူသည် ခန်းမထဲကနေ ကတိုက်ကရိုက် ထွက်ခွာသွားခဲ့သည်။

အဂ္ဂိရတ်ခန်းမ၏ တပည့် ဒါဇင်ပေါင်းများစွာသည် ခန်းမထဲကနေ အလွန်လျင်မြန်စွာပင် တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားခဲ့ရာ ခန်းမထဲတွင် ကျန်းချန်နှင့် လင်ရှန်းသာ ကျန်ရစ်ခဲ့၏။

"ကောင်လေး.. မင်းက သာမန် အဆင့်ရှစ် ဆေးဝါးကို သန့်စင်ရာမှာ ဒီလောက်တောင် ပြီးပြည့်စုံနေလိမ့်မယ်လို့ ငါတကယ် မထင်ထားမိဘူး"

အနီရောင်ဝတ် အဖိုးအိုက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

"မင်း ဘယ်လိုလုပ်ခဲ့တာလဲ ဆိုတာ ပြောပြလို့ရမလား"

ကျန်းချန်က ပခုံးတွန့်လိုက်သည်။

"ခံစားချက်အတိုင်းပဲ လုပ်ခဲ့တာပါ"

သူက သူ့ရှေ့မှ အဖိုးအိုကို သူ့တွင် စနစ် ရှိကြောင်း ပြောပြနိုင်မည် မဟုတ်ပေ။

"တကယ်ပဲ သဘာဝဆေးလုံးခန္ဓာကိုယ် ဖြစ်ထိုက်ပါပေတယ်"

အနီရောင်ဝတ် အဖိုးအိုက ကျန်းချန်၏ စကားကို ကြားပြီးနောက်တွင် ကျန်းချန်က ဒဏ္ဍာရီလာ သဘာဝဆေးလုံး ခန္ဓာကိုယ် ပိုင်ရှင်ဟု ပို၍ပင် သေချာသွားခဲ့သည်။

ဒဏ္ဍာရီလာ သဘာဝဆေးလုံး ခန္ဓာကိုယ် ပိုင်ရှင်သာလျှင် မိမိ၏ ကိုယ်ပိုင်ခံစားချက် အပေါ် မူတည်၍ အပြီးပြည့်စုံဆုံး ဆေးဝါးကို သန့်စင်နိုင်မည် မဟုတ်ပါလား။

"ကောင်လေး.. မင်းရဲ့ အဂ္ဂိရတ်ပါရမီက ပြိုင်ဘက်ကင်းပဲ.. အနာဂတ်မှာ အဂ္ဂိရတ်ခန်းမကို ဝင်ရောက်ဖို့ ငါအကြံပေးချင်တယ်"

အနီရောင်ဝတ် အဖိုးအိုက စိတ်ရင်းဖြင့် ပြောလိုက်သည်။

"မင်းရဲ့ ပါရမီနဲ့ဆိုရင် အနာဂတ်မှာ ဒသမအဆင့်၊ နတ်အဆင့် အဂ္ဂိရတ်သခင် ဖြစ်လာပြီး ခန်းမသခင် ဖြစ်လာဖို့တောင် ပြဿနာရှိမှာ မဟုတ်ဘူး"

ဒသမအဆင့်၊ နတ်အဆင့် အဂ္ဂိရတ်သခင်သည် နယ်မြေနတ်ဘုရား အဆင့် ဆေးဝါးကို သန့်စင်နိုင်သည်။

ဤကဲ့သို့ အဂ္ဂိရတ်သခင်သည် အဂ္ဂိရတ် နတ်ဘုရားဟုလည်း လူသိများပြီး အဆင့်အတန်းသည် နယ်မြေ နတ်ဘုရားများအောက်တွင် မရှိတော့ပေ။

ကျန်းချန်က ခေါင်းခါယမ်း၍ တည်ကြည်စွာ ပြန်ဖြေလိုက်သည်။

"အကြီးအကဲ ဟော်ရဲ့ ကြင်နာမှုကို စိတ်ရင်းနဲ့ အသိအမှတ်ပြုပါတယ်.. ဒါပေမဲ့ ကျွန်တော်က အဂ္ဂိရတ် လမ်းစဉ် တစ်မျိုးတည်းကိုပဲ လျှောက်လှမ်းဖို့ မစဥ်းစားထားပါဘူး"

ထိပ်တန်း နတ်အဆင့် အဂ္ဂိရတ်သခင်များသည် ကောင်းကင်နတ်ဘုရားများထက် အဆင့်အတန်း မနိမ့်သော်လည်း နတ်ဘုရားနယ်မြေသည် အားကောင်းသူများကိုသာ လေးစားသော ကမ္ဘာတစ်ခု ဖြစ်၍ ကိုယ်ခံပညာသည်သာလျှင် သူ့အတွက် တစ်ခုတည်းသော အဓိကလမ်းစဉ် ဖြစ်သည်။

သူက အဂ္ဂိရတ်ပညာရပ်ကို တိုးတက်စေရန်အတွက် အဂ္ဂိရတ်ခန်းမသို့ လာခဲ့ခြင်းမှာ သူ၏ ကိုယ်ခံပညာရပ်ကို ပိုမိုကောင်းမွန်စွာ အထောက်အကူ ပြုလိုခြင်းကြောင့်သာ ဖြစ်၏။

အနီရောင်ဝတ် အဖိုးအိုသည် သူ့ရှေ့မှ ကောင်လေးက ငယ်ငယ်ရွယ်ရွယ်ဖြင့် နဂါး အစောင့်အရှောက် ဖြစ်လာကြောင်းတွေးမိလျှင် ကိုယ်ခံပညာ ပါရမီတွင်လည်း အလွန်အမင်း ထူးချွန်မည်ဟု တွက်ဆမိပြီး အတင်းအကျပ် မတိုက်တွန်းတော့ပေ။

ကောင်လေးသည် အဂ္ဂိရတ်ပညာရပ်နှင့် ကိုယ်ခံပညာရပ် နှစ်မျိုးလုံးတွင် ထူးချွန်သောပါရမီ အမှန်တကယ် ရှိနေခဲ့၏။

အနီရောင်ဝတ် အဖိုးအိုက ပြုံးကာ ပြောလိုက်သည်။

"ဒီလိုဆိုရင်လည်း ငါ အတင်းအကျပ် မတိုက်တွန်းတော့ပါဘူး.. ဒါပေမယ့် အဂ္ဂိရတ်ခန်းမရဲ့ တံခါးက မင်းအတွက် အချိန်မရွေး ဖွင့်ထားပါတယ်.. မင်းအနေနဲ့ အဂ္ဂိရတ်ခန်းမရဲ့ တပည့်တွေလို အဂ္ဂိရတ်ပညာရပ်ကို လေ့ကျင့်နိုင်ပြီး နားမလည်တာရှိရင် ငါတို့ဆီ မေးမြန်းနိုင်ပါတယ်"

ကျန်းချန်က အလျင်အမြန်ပင် ကျေးဇူးတင်စကား ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲဟော်"

အနီရောင်ဝတ် အဖိုးအိုက လက်ကာပြလိုက်ပြီး ချက်ချင်းပင် လင်ရှန်းကို ပြောလိုက်၏။

"လင်ရှန်း.. မင်းက သူ့ကို ခေါ်လာခဲ့တာဆိုတော့ မင်းပဲ သူ့အတွက် နေစရာနေရာ စီစဉ်ပေးလိုက်ပါ"

လင်ရှန်းက ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ"

ထို့နောက် လင်ရှန်းသည် အဖိုးအိုနှစ်ဦးကို နှုတ်ဆက်ကာ ကျန်းချန်အတွက် အဂ္ဂိရတ်ခန်းမ၏ တပည့်များ နေထိုင်ရာ နေရာတွင် နေရာတစ်နေရာ စီစဉ်ပေးခဲ့သည်။

ယင်းနောက်တွင် လင်ရှန်းသည် ကျန်းချန်ကို အဂ္ဂိရတ်ခန်းမ၏ စည်းမျဉ်းအချို့ကို ရှင်းပြခဲ့၏။

လင်ရှန်း၏ ရှင်းပြချက်မှတစ်ဆင့် ကျန်းချန်သည် အဂ္ဂိရတ်ခန်းမ၏ အခြေအနေကို ယေဘုယျအားဖြင့် နားလည်ခဲ့သည်။

အဂ္ဂိရတ်ခန်းမသည် အဂ္ဂိရတ်သခင်များကို အလေးအနက် ပျိုးထောင်ကြ၏။

ရှေးဟောင်းနဂါး မျိုးနွယ်စု တစ်ခုလုံးအတွက် လိုအပ်သည့်အရင်းအမြစ် ဆေးဝါးများ အားလုံးသည် အဂ္ဂိရတ် ခန်းမကနေ ထုတ်လုပ်ခြင်း ဖြစ်၏။

အဂ္ဂိရတ်ခန်းမ၏ တပည့်များသည် ဆေးဝါးများ သန့်စင်သည့် မစ်ရှင်များကို လက်ခံနိုင်ကြသည်။

ထိုတပည့်များသည် ဆေးဝါးများ သန့်စင်သည့်အတွက် ဆုလာဘ်များ မရရှိကြသော်လည်း အကျိုးကျေးဇူးများစွာကို ရရှိနိုင်ကြသည်။

အဘယ်ကြောင့်ဆိုသော် ဆေးဝါးသန့်စင်သည့် မစ်ရှင် အများစုသည် တစ်ဝက်သာ အပ်နှံရန် လိုအပ်သောကြောင့် ဖြစ်၏။

ဥပမာအားဖြင့် သူက အဆင့်ရှစ် ရွှယ်ယန်ဆေးလုံး တစ်ရာကို သန့်စင်ရန်အတွက် ပစ္စည်းအစုံ တစ်ရာစာ ရရှိခဲ့လျှင် ရွှယ်ယန်ဆေးလုံး ငါးဆယ်ကိုသာ အပ်နှံရန် လိုအပ်ပြီး ကျန်ဆေးလုံးများကို ပိုင်ဆိုင်ခွင့်ရမည် ဖြစ်သည်။

"အဂ္ဂိရတ်ခန်းမရဲ့ စည်းမျဥ်းက နည်းနည်းတော့ စိတ်ဝင်စားစရာပဲ"

လင်ရှန်း၏ ရှင်းပြမှုကို ကြားလျှင် ကျန်းချန်၏ မျက်လုံးများတွင် ထူးဆန်းသော အမူအရာများ ပေါ်လာခဲ့သည်။

သူ၏ ကြောက်မက်ဖွယ်ကောင်းသော အဂ္ဂိရတ် အောင်မြင်မှုနှုန်းဖြင့်ဆိုလျှင် ဤနေရာတွင် သူ၏ အဂ္ဂိရတ် ပညာရပ်ကို လျင်မြန်စွာ တိုးတက်စေနိုင်ရုံသာမက သူ့အတွက် ဆေးလုံးများစွာကိုပါ စုဆောင်းနိုင်လိမ့်မည် ဖြစ်၏။

လင်ရှန်းနှင့် ခွဲခွာပြီးနောက်တွင် ကျန်းချန်သည် အခန်းထဲတွင် အချိန်ဖြုန်းမနေတော့ဘဲ မစ်ရှင်ခန်းမသို့ တိုက်ရိုက် သွားရောက်ခဲ့သည်။

မစ်ရှင်ခန်းမတွင် မစ်ရှင် လက်ခံရန် တပည့် များများစားစား မရှိဘဲ လူအနည်းငယ်သာ ရှိသည်။

ကျန်းချန်က တန်းစီပြီး စောင့်ဆိုင်းလိုက်ရာ မကြာမီမှာပင် သူ၏ အလှည့်သို့ ရောက်လာခဲ့သည်။

"ဘယ်လို မစ်ရှင်ကို လက်ခံချင်ပါသလဲ"

သူ့ရှေ့မှ ကျန်းချန်ကို ကြည့်ရင်း တာဝန်ခံ ဖြစ်သည့် လူလတ်ပိုင်းအရွယ် အဂ္ဂိရတ်သခင်က မေးလိုက်သည်။

ကျန်းချန်က တာဝန်ခံ လူလတ်ပိုင်းအရွယ် အဂ္ဂိရတ်သခင်ကို တစ်ချက် ကြည့်လိုက်ရာ ရင်ဘတ်တွင် ရွှေရောင် တံဆိပ်ပြား တစ်ခု ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။

ရွှေရောင် တံဆိပ်ပြား ပေါ်တွင် တောက်ပသော နဂါးဖီးနစ် ရုပ်ပုံနှင့် ရွှေရောင် ကြယ်တစ်ပွင့် ပါရှိ၏။

အဂ္ဂိရတ်သခင် တံဆိပ်ပြားကို သာမန်အဆင့် တံဆိပ်ပြား နှင့် နတ်အဆင့် တံဆိပ်ပြားဟူ၍ ခွဲခြားထားသည်။

ဥပမာအားဖြင့် သူ ရရှိခဲ့သော အဂ္ဂိရတ်သခင် တံဆိပ်ပြားတွင် သာမန် ကြယ်ရှစ်ပွင့်သာ ပါရှိသည်။

ယင်းမှာ သာမန်အဆင့်၏ အဆင့်ရှစ် အဂ္ဂိရတ်သခင် အဆင့်ကို ကိုယ်စားပြု၏။

သူ့ရှေ့မှ လူလတ်ပိုင်းအရွယ် အဂ္ဂိရတ်သခင်သည် ပထမအဆင့်၊ နတ်အဆင့် အဂ္ဂိရတ်သခင် ဖြစ်သည်မှာ ထင်ရှားသည်။

ကျန်းချန်က အသိစိတ်ပြန်ဝင်လာပြီးနောက် သူယူလိုသော မစ်ရှင်ကို တိုက်ရိုက် အစီရင်ခံလိုက်သည်။

"သာမန် အဆင့်ရှစ် ရွှယ်ယန်ဆေးလုံးအတွက် လိုအပ်တဲ့ပစ္စည်း အစုံတစ်ရာ"

လူလတ်ပိုင်း အရွယ် အဂ္ဂိရတ်သခင်က လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ ရွှယ်ယန်ဆေးလုံး အတွက် လိုအပ်သည့် ပစ္စည်း အစုံတစ်ရာစာသည် ကျန်းချန်၏ ရှေ့တွင် တိုက်ရိုက် ပေါ်လာခဲ့သည်။

ကျန်းချန်က လိုအပ်သည့် ပစ္စည်းများကို စုဆောင်းပြီးနောက်တွင် လူလတ်ပိုင်းအရွယ် အဂ္ဂိရတ်သခင်ကို ပြောလိုက်သည်။

"အဂ္ဂိရတ် လုပ်ဆောင်ဖို့ လျှို့ဝှက်ခန်းတစ်ခု စီစဥ်ပေးပါဦး အကြီးအကဲ"

အဂ္ဂိရတ်ခန်းမ၏ တပည့်များ အဆင်ပြေစွာ မစ်ရှင် ပြီးမြောက်စေရန် အတွက် မစ်ရှင်ခန်းမတွင် လျှို့ဝှက်ခန်းများစွာ ပြုလုပ်ထားသည်။

ထိုလျှို့ဝှက်ခန်းများသည် လုံခြုံမှုရှိရုံသာမက အသံကာကွယ်မှုလည်း အလွန်ကောင်းမွန်၍ ပြင်ပ အနှောင့်အယှက်လည်း မရှိသလောက်ပင်။

ပို၍ အရေးကြီးသည်မှာ လျှို့ဝှက်ခန်းသည် အပြည့်အစုံ ပြင်ဆင်ပေးထားသောကြောင့် ဆေးမီးဖို ကဲ့သို့ ပစ္စည်းများကို ပြင်ဆင်စရာ မလိုအပ်ဘဲ အဂ္ဂိရတ်ကို တိုက်ရိုက် လုပ်ဆောင်နိုင်သည်။

အဂ္ဂိရတ်သခင် အများစုသည် သူတို့ ကိုယ်ပိုင် ဆေးမီးဖိုကို အသုံးပြုလေ့ ရှိကြသော်လည်း လျှို့ဝှက်ခန်း၏ ဆေးမီးဖို အရည်အသွေးသည် အလွန်တရာ ကောင်းမွန်ပြီး တစ်နှစ်ပတ်လုံး အသုံးပြုရန် အဆင်ပြေစေသည့် အပြင် ဆေးဝါး အောင်မြင်မှုနှုန်းကိုလည်း များစွာ တိုးမြှင့်ပေးနိုင်၏။

သို့သော်လည်း ယင်းက ကျန်းချန်အတွက် အရေးမကြီးပေ။

သူက ဆေးဝါး သန့်စင်သည့် အကြိမ်တိုင်းတွင် အဆ ၁၀၀ စနစ်ကို အသက်သွင်းထားသရွေ့ ကျရှုံးရန် အခွင့်အရေးမှာ အနည်းငယ်သာ ဖြစ်သည် မဟုတ်ပါလား။

လူလတ်ပိုင်းအရွယ် အဂ္ဂိရတ်သခင်က အပိုစကားများ ပြောမနေတော့ဘဲ နံပါတ် ဆယ့်ခြောက်ဟု ရေးထွင်းထားသည့် တံဆိပ်ပြား တစ်ခုကို ကျန်းချန်ထံ ပစ်ပေးလိုက်သည်။

ကျန်းချန်က ကျေးဇူးတင်စကား ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ်"

ထို့နောက်တွင် သူက အမှတ် ၁၆ လျှို့ဝှက်ခန်းကို ရှာကာ သူ၏ အဂ္ဂိရတ်ပညာရပ်ကို ရူးသွပ်စွာ တိုးတက်စေရန် ပြင်ဆင်လိုက်သည်။

သူက ရွှယ်ယန်ဆေးလုံးအတွက် ပစ္စည်း အစုံတစ်ရာစာကို သူ့ရှေ့တွင် စနစ်တကျ ထားရှိလိုက်ပြီးနောက်ပြီး ဆေးလုံးကို စတင် သန့်စင်လိုက်၏။

အချိန်ကုန် သက်သာစေရန်အတွက် ကျန်းချန်သည် သာမန် သန့်စင်နည်းကို အသုံးမပြုဘဲ ဆေးလုံးခွဲ နတ်နည်းစနစ်ကိုသာ အသုံးပြုခဲ့သည်။

ကျန်းချန်သည် ရွှယ်ယန်ဆေးလုံး အတွက် ပစ္စည်း သုံးစုံစာကို ဆေးမီးဖိုထဲသို့ တိုက်ရိုက် ပစ်ထည့်ကာ ဆေးလုံးခွဲ နတ်နည်းစနစ်ကို အသုံးပြုခဲ့၏။

မကြာမီမှာပင် ကျန်းချန်သည် ပထမဆုံးအကြိမ် ဖြစ်သည့် ရွှယ်ယန် ဆေးလုံး သုံးလုံး အောင်မြင်စွာ သန့်စင်ပြီးစီးခဲ့သည်။

"ဒင်.. သင်က သာမန်အဆင့်ရဲ့ အဆင့်ရှစ် ရွှယ်ယန်ဆေးလုံး တစ်လုံးကို အောင်မြင်စွာ သန့်စင်ပြီး အဂ္ဂိရတ် အတွေ့အကြုံရမှတ် တစ်သိန်းကို အဆတစ်ရာ ရရှိပါတယ်"

"ဒင်.. သင်က သာမန်အဆင့်ရဲ့ အဆင့်ရှစ် ရွှယ်ယန်ဆေးလုံး တစ်လုံးကို အောင်မြင်စွာ သန့်စင်ပြီး အဂ္ဂိရတ် အတွေ့အကြုံရမှတ် တစ်သိန်းကို အဆတစ်ရာ ရရှိပါတယ်"

"ဒင်.. သင်က သာမန်အဆင့်ရဲ့ အဆင့်ရှစ် ရွှယ်ယန်ဆေးလုံး တစ်လုံးကို အောင်မြင်စွာ သန့်စင်ပြီး အဂ္ဂိရတ် အတွေ့အကြုံရမှတ် တစ်သိန်းကို အဆတစ်ရာ ရရှိပါတယ်"

"................."

အခန်း(၁၆၇၈) ပြီး၏

အခန်း(၁၆၇၉)

ကျန်းချန်က ဆေးလုံးခွဲ နည်းစနစ်ကို အသုံးပြု၍ ဆေးလုံးများကို အလွန်လျင်မြန်စွာ သန့်စင်ခဲ့သည်။

နာရီဝက်တိုင်းတွင် ကျန်းချန်သည် ဆေးလုံး သုံးလုံး ရရှိခဲ့၏။

ထို့အပြင် ကျန်းချန်တွင် အသက်သစ်ကိုင်း ရှိနေသည့် အတွက် အားအင်ကုန်ခန်းသွားခြင်း မရှိဘဲ ဆက်လက် လုပ်ဆောင်နိုင်ပြီး အချိန်တိုအတွင်း ပင်ပန်းနွမ်းနယ်ခြင်းကို လုံးဝ မခံစားခဲ့ရပေ။

ထို့ကြောင့် တစ်ရက်ကျော်ကြာသည်အထိ ကျန်းချန်က လုံးဝ မနားဘဲ ဆေးလုံးများကို ဆက်လက် သန့်စင်နေခဲ့သည်။

"ဒင်.. သင်က သာမန်အဆင့်ရဲ့ အဆင့်ရှစ် ရွှယ်ယန်ဆေးလုံး တစ်လုံးကို အောင်မြင်စွာ သန့်စင်ပြီး အဂ္ဂိရတ် အတွေ့အကြုံရမှတ် တစ်သိန်းကို အဆတစ်ရာ ရရှိပါတယ်"

"ဒင်.. သင်က သာမန်အဆင့်ရဲ့ အဆင့်ရှစ် ရွှယ်ယန်ဆေးလုံး တစ်လုံးကို အောင်မြင်စွာ သန့်စင်ပြီး အဂ္ဂိရတ် အတွေ့အကြုံရမှတ် တစ်သိန်းကို အဆတစ်ရာ ရရှိပါတယ်"

"ဒင်.. သင်က သာမန်အဆင့်ရဲ့ အဆင့်ရှစ် ရွှယ်ယန်ဆေးလုံး တစ်လုံးကို အောင်မြင်စွာ သန့်စင်ပြီး အဂ္ဂိရတ် အတွေ့အကြုံရမှတ် တစ်သိန်းကို အဆတစ်ရာ ရရှိပါတယ်"

"............."

"ဒင်.. သင်က အဆင့်ကိုး အဂ္ဂိရတ်သခင် အဖြစ်ကို အောင်မြင်စွာ ရောက်ရှိသွားခဲ့ပါပြီ"

ဆေးပစ္စည်းအစုံ ၉၀ ကို ဆက်တိုက် သန့်စင်ပြီးနောက်တွင် ကျန်းချန်သည် အဆင့်ကိုး အဂ္ဂိရတ်သခင် အဖြစ် အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။

ကျန်းချန်သည် ဆေးပစ္စည်းအစုံ ၉၀ ကို စုစုပေါင်း အကြိမ် ၃၀ သန့်စင်ခဲ့သည်။

ဆေးလုံးခွဲ နတ်နည်းစနစ်ကို အသုံးပြုရာတွင် တစ်ကြိမ် ချွတ်ချော်ခဲ့သည်က လွဲ၍ ကျန် ၂၉ ကြိမ်သည် ချွင်းချက်မရှိ အောင်မြင်ခဲ့၏။

ဆေးဝါး အောင်မြင်မှုနှုန်းက ၁၀၀ ရာခိုင်နှုန်း မဟုတ်သော်လည်း ဤနှုန်းထားသည်ပင် သာမန်အဂ္ဂိရတ်သခင်များအတွက် အောင်မြင်နိုင်ဖွယ်မရှိသော စံချိန် ဖြစ်၏။

အဆုံးသတ်တွင် ကျန်းချန်သည် ကျန်ရှိသော ပစ္စည်းဆယ်စုံစာကို သန့်စင်ရန် နှစ်နာရီ ထပ်မံ အချိန်ယူခဲ့ရသည်။

ထို့နောက်တွင် သူက နောက်ထပ် မစ်ရှင်များ ဆောင်ရွက်ရန် မစ်ရှင်ခန်းမသို့ သွားရောက်ခဲ့သည်။

"မင်း.. မင်း.. ဒီလောက်ထိ မြန်မြန် သန့်စင်ပြီးသွားပြီလား"

ကျန်းချန်က သူသန့်စင်ထားသော ရွှယ်ယန်ဆေးလုံး ငါးဆယ်ကို တာဝန်ခံ လူလတ်ပိုင်းအရွယ် အဂ္ဂိရတ်သခင် ရှေ့တွင် ပုံလိုက်သောအခါ တာဝန်ခံ အဂ္ဂိရတ်သခင်သည် အံ့အားသင့်သွားခဲ့သည်။

ကျန်းချန်က မနေ့ကမှ ရွှယ်ယန်ဆေးလုံး အတွက် ပစ္စည်း အစုံ ၁၀၀ စာကို ထုတ်ယူသွားခဲ့သောကြောင့် တာဝန်ခံ အဂ္ဂိရတ်သခင်သည် ကျန်းချန်ကို အနည်းငယ် မှတ်မိနေခဲ့သည်။

နှစ်ရက်ပင် မပြည့်သေးသောအချိန်တွင် ထိုကောင်လေးသည် ရွှယ်ယန်ဆေးလုံး ငါးဆယ်ကို အမှန်တကယ် သန့်စင်နိုင်ခဲ့မည်ဟု သူ တစ်ခါမှ မတွေးခဲ့မိပေ။

"ဒါ.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

သိထားရမည့်အချက်မှာ ယမန်နေ့က မစ်ရှင်လက်ခံစဉ်တွင် ထိုကောင်လေးသည် အဂ္ဂိရတ်သခင် တံဆိပ်ပြားကို ပြသခဲ့သည်။

ထို့ကြောင့် သူ့ရှေ့မှ ကောင်လေးက အဆင့်ရှစ် အဂ္ဂိရတ်သခင် တစ်ဦးသာ ဖြစ်ကြောင်း သူ ရှင်းလင်းစွာ မှတ်မိနေခဲ့၏။

ယေဘုယျအားဖြင့် အဆင့်ရှစ် အဂ္ဂိရတ်သခင်သည် အဆင့်ရှစ် ဆေးလုံး တစ်လုံးကို သန့်စင်ရန် အနည်းဆုံး နာရီဝက်ကြာမြင့်သည်။

မရပ်မနား လုပ်ဆောင်လျှင်ပင် ဆေးလုံး ငါးဆယ်ကို ပြီးမြောက်ရန် အနည်းဆုံး နှစ်ရက်ခန့် ကြာမြင့်နိုင်၏။

သို့သော် ဤသည်မှာ ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှု ဟူသော အခြေအနေအောက်တွင် ဖြစ်သည်။

ပျမ်းမျှအားဖြင့် လူတစ်ဦးသည် ၆၀ ရာခိုင်နှုန်း ဆေးဝါး အောင်မြင်မှုနှုန်း ရှိလျှင်ပင် အလွန်တရာ ကောင်းမွန်နေပြီ ဖြစ်၏။

သို့ဆိုလျှင် ထိုကောင်လေးသည် ရွှယ်ယန်ဆေးလုံး ငါးဆယ်ကို ဤမျှတိုတောင်းသော အချိန်အတွင်း မည်ကဲ့သို့ သန့်စင်နိုင်ခဲ့ပါသနည်း။

ဤအချိန်တွင် လူလတ်ပိုင်း အရွယ် အဂ္ဂိရတ်သခင်သည် ကျန်းချန်က ကိုယ်ပိုင် ဆေးလုံး အချို့ကို ထုတ်ယူခဲ့သလားဟုပင် သံသယဝင်ခဲ့သည်။

သို့သော် သူက သူ့ရှေ့မှ ရွှယ်ယန်ဆေးလုံး ငါးဆယ်ကို အသေအချာ အကဲခတ် ကြည့်လိုက်ပြီးနောက်တွင် တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားခဲ့၏။

သူက နတ်အဆင့် အဂ္ဂိရတ်သခင် တစ်ဦး ဖြစ်၍ သူ၏ ရှေ့မှ ဆေးလုံး ငါးဆယ်သည် လောလောလတ်လတ် သန့်စင်ထားသော ဆေးလုံးများဖြစ်ကြောင်း မြင်နိုင်ရန် မခက်ခဲပေ။

ထို့အပြင် သူက မစ်ရှင်ခန်းမတွင် တောက်လျှောက် ရှိနေခဲ့ရာ ထိုကောင်လေး ထွက်သွားသည်ကိုလည်း မမြင်ခဲ့ပေ။

ဆိုလိုသည်မှာ ထိုကောင်လေးသည် ရွှယ်ယန်ဆေးလုံး ငါးဆယ်ကို နှစ်ရက် မပြည့်မီ အတွင်း အမှန်တကယ် သန့်စင်နိုင်ခဲ့ခြင်းပင်။

"ဒါက မယုံကြည်နိုင်စရာပဲ"

တာဝန်ခံ လူလတ်ပိုင်းအရွယ် အဂ္ဂိရတ်သခင်သည် သူ့မျက်လုံးများကိုပင် မယုံကြည်နိုင်ခဲ့ပေ။

သူက အဂ္ဂိရတ်ခန်းမတွင် နှစ်ပေါင်း ရာချီ နေထိုင်ခဲ့၍ အဂ္ဂိရတ်ခန်းမတွင် ထိုကဲ့သို့ ပါရမီရှင် ရှိကြောင်း တစ်ခါမျှ မကြားဖူးပေ။

တာဝန်ခံ အဂ္ဂိရတ်သခင် ထိတ်လန့်နေစဉ်မှာပင် အသံတစ်သံသည် သူ့နားထဲတွင် တိုက်ရိုက် ထွက်ပေါ်လာသည်။

"အကြီးအကဲ ဘာဖြစ်လို့လဲ.. ကျွန်တော် သန့်စင်ထားတဲ့ ရွှယ်ယန်ဆေးလုံး ငါးဆယ်က ပြဿနာ ရှိနေလို့လား"

တာဝန်ခံက သတိပြန်ဝင်လာပြီး ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်သည်။

"မဟုတ်ဘူး.. ဘာပြဿနာမှ မရှိဘူး.. မင်း ဆေးသန့်စင်တာ အရမ်းကောင်းတယ်"

သူ့ရှေ့မှ ကောင်လေး၏ အဂ္ဂိရတ် အမြန်နှုန်းသည် ကြောက်မက်ဖွယ် ကောင်းရုံသာမက ဆေးလုံး အရည်အသွေးသည်လည်း အလွန်ပင် ပြီးပြည့်စုံမှု ရှိ၏။

သူ တာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့သော သက်တမ်းတစ်လျှောက် ကျန်းချန် ထက် ပိုမိုကောင်းမွန်အောင် လုပ်နိုင်သောသူကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

ကျန်းချန်က ပြုံးလိုက်သည်။

"ပြဿနာမရှိဘူးဆိုရင် ဧကရာဇ်ယွမ်ဆေးလုံး အစုံတစ်ထောင်စာလောက် ထုတ်ပေးလို့ရမလား"

တာဝန်ခံ အဂ္ဂိရတ်သခင်က ခဏမျှ အံ့အားသင့်သွားခဲ့သည်။

"ဧကရာဇ်ယွမ်ဆေးလုံးက သာမန် အဆင့်ကိုးဆေးဝါးပဲ.. မင်း ဧကရာဇ်ယွမ်ဆေးလုံးကို သန့်စင်မှာ သေချာရဲ့လား"

အဆင့်ရှစ် အဂ္ဂိရတ်သခင်က သာမန် အဆင့်ကိုးဆေးဝါး မစ်ရှင်ကို လက်ခံပြီး အစုံတစ်ထောင်စာ သန့်စင်ချင်နေခဲ့၏။

ဤကောင်လေးသည် အဂ္ဂိရတ် လုပ်ဆောင်ရသည်ကို ဤမျှအထိ ရူးသွပ်နေပါသလော။

ကျန်းချန်က ခေါင်းညိတ်လိုက်သည်။

"သေချာပါတယ်.. အဂ္ဂိရတ်ခန်းမမှာ အဆင့်ရှစ် အဂ္ဂိရတ်သခင်က အဆင့်ကိုး ဆေးဝါး မစ်ရှင်ကို လက်မခံနိုင်တဲ့ စည်းမျဥ်းတော့ မရှိဘူး မဟုတ်လား"

"စည်းမျဉ်းတော့ မရှိပါဘူး"

တာဝန်ခံ အဂ္ဂိရတ်သခင်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"ဒါပေမယ့်.. မင်း ဧကရာဇ်ယွမ်ဆေးလုံး အတွက် ပစ္စည်း တစ်ထောင်စာကို လက်ခံပြီးရင် ဧကရာဇ်ယွမ်ဆေးလုံး ၅၀၀ ကို အပ်နှံရလိမ့်မယ်.. အကယ်၍ ဧကရာဇ်ယွမ်ဆေးလုံး ၅၀၀ မအပ်နှံနိုင်ရင် မင်းကိုယ်တိုင် စိုက်ထုတ်ရလိမ့်မယ်.. မင်းအသေအချာ စဥ်းစားပါဦး"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"အခုလို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ကျွန်တော် သေချာ စဉ်းစားပြီးပါပြီ"

ကျန်းချန်က ဆုံးဖြတ်ပြီးသား ဖြစ်သည်ကို မြင်လျှင် တာဝန်ခံ အဂ္ဂိရတ်သခင်သည် ခေါင်းခါယမ်းလိုက်ကာ ဆက်လက် မစည်းရုံးတော့ဘဲ ဧကရာဇ်ယွမ်ဆေးလုံး အတွက် ပစ္စည်း အစုံတစ်ထောင်စာကို ကျန်းချန်ဆီ တိုက်ရိုက် ပေးလိုက်သည်။

ကျန်းချန်က ဧကရာဇ်ယွမ်ဆေးလုံး အတွက် ပစ္စည်း အစုံ တစ်ထောင်စာကို ယူပြီးနောက်တွင် အမှတ် ၁၆ လျှို့ဝှက်ခန်းသို့ တစ်ဖန် ပြန်လာခဲ့ပြီး အဂ္ဂိရတ်ကို စတင်ပြုလုပ်ခဲ့သည်။

သူက ယခုမှ အဆင့်ကိုး အဂ္ဂိရတ်သခင် အဖြစ် တိုးမြှင့်ခံခဲ့ရ၍ ဆေးလုံးခွဲ နတ်နည်းစနစ်ကို အသုံးပြုလျှင် ဆေးလုံး အောင်မြင်မှု နှုန်းထားအား ထိခိုက်မည်ကို စိုးရိမ်ခဲ့သည်။

ထို့ကြောင့် ကျန်းချန်က အချိန်အတိုင်းအတာ တစ်ခုအထိ ဆေးလုံးကို တစ်ဆင့်ပြီးတစ်ဆင့် သန့်စင်ရန် စီစဉ်ခဲ့ပြီး သူ၏ စွမ်းရည် အနည်းငယ် တိုးတက်လာပြီး ဧကရာဇ်ယွမ်ဆေးလုံးကို သန့်စင်ရာတွင် ကျွမ်းကျင်လာသောအခါမှ ဆေးလုံးခွဲ နည်းစနစ်ကို ဆက်လက် အသုံးပြုရန် ဆုံးဖြတ်ခဲ့၏။

"ဒင်.. သင်က သာမန် အဆင့်ကိုး ဧကရာဇ်ယွမ်ဆေးလုံးကို အောင်မြင်စွာ သန့်စင်ပြီး အဂ္ဂိရတ် အတွေ့အကြုံရမှတ် သုံးသိန်းကို အဆတစ်ရာ ရရှိပါတယ်"

"ဒင်.. သင်က သာမန် အဆင့်ကိုး ဧကရာဇ်ယွမ်ဆေးလုံးကို အောင်မြင်စွာ သန့်စင်ပြီး အဂ္ဂိရတ် အတွေ့အကြုံရမှတ် သုံးသိန်းကို အဆတစ်ရာ ရရှိပါတယ်"

"ဒင်.. သင်က သာမန် အဆင့်ကိုး ဧကရာဇ်ယွမ်ဆေးလုံးကို အောင်မြင်စွာ သန့်စင်ပြီး အဂ္ဂိရတ် အတွေ့အကြုံရမှတ် သုံးသိန်းကို အဆတစ်ရာ ရရှိပါတယ်"

".............."

ကျန်းချန်က ဧကရာဇ်ယွမ်ဆေးလုံးကို တစ်လုံးပြီး တစ်လုံး အောင်မြင်စွာ သန့်စင်နေစဉ် သူ၏ စိတ်ထဲတွင် စနစ်ထံမှ အချက်ပေးသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေခဲ့သည်။

ဧကရာဇ်ယွမ်ဆေးလုံးကို သန့်စင်ခြင်းသည် ရွှယ်ယန်ဆေးလုံးထက် အချိန်ပိုကြာမည်မှာ သံသယဖြစ်စရာ မရှိပေ။

ကျန်းချန်က သာမန်နည်းစနစ်ကို အသုံးပြု၍ သန့်စင်ခဲ့ရာ တစ်ရက်ကို ဆေးလုံး ဆယ့်ငါးလုံးခန့်သာ သန့်စင်နိုင်ခဲ့သည်။

ဤသို့ဖြင့် ငါးရက်ခန့် ကြာပြီးနောက် ကျန်းချန်သည် ဆေးလုံးခွဲ နည်းစနစ်ကို စတင် အသုံးပြုခဲ့၏။

နောက်ထပ် ရက်နှစ်ဆယ်ကြာအထိ နှစ်ကြိမ် သုံးကြိမ် နားခြင်းမှလွဲ၍ ကျန်းချန်သည် ဧကရာဇ်ယွမ်ဆေးလုံးကို အဆက်မပြတ် သန့်စင်နေခဲ့သည်။

ကျန်းချန်က ပစ္စည်းအစုံ ၈၀၀ ကျော်ကို သန့်စင်ပြီးနောက်တွင် စနစ်ထံမှ သာယာသော သတိပေးချက်သည် သူ၏ စိတ်ထဲတွင် နောက်ဆုံး၌ ထွက်ပေါ်လာခဲ့သည်။

"ဒင်.. သင်က နတ်အဆင့် အဂ္ဂိရတ်သခင် ပထမအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားခဲ့ပါပြီ"

အခန်း(၁၆၇၉) ပြီး၏။

အခန်း(၁၆၈၀)

နတ်ဘုရားအဆင့် အဂ္ဂိရတ်သခင် အဖြစ် ထိုးဖောက်ပြီးနောက်တွင် ကျန်းချန်သည် ကျန်ရှိနေသေးသော ဧကရာဇ်ယွမ်ဆေးလုံး ပစ္စည်း အစုံ တစ်ရာကျော်ကို သန့်စင်ရန်အတွက် ရက်အနည်းငယ် ထပ်မံ အချိန်ယူခဲ့ရသည်။

ကျန်းချန်သည် ဧကရာဇ်ယွမ်ဆေးလုံး ပစ္စည်း အစုံ ၁၀၀၀ ကို အကြိမ်သုံးလေးရာ သန့်စင်ခဲ့ပြီး စုစုပေါင်း သုံးကြိမ်သာ ကျရှုံးခဲ့သည်။

နောက်ဆုံးတွင် ကျန်းချန်သည် ဧကရာဇ်ယွမ်ဆေးလုံး ကိုးရာ့ကိုးဆယ့်တစ်လုံးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီး ဆေးလုံး အောင်မြင်မှုနှုန်းသည်လည်း အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော အဆင့်တွင် ရှိနေခဲ့သည်။

"တစ်လအတွင်းမှာပဲ သာမန် အဆင့်ရှစ် အဂ္ဂိရတ်သခင်ကနေ နတ်အဆင့် အဂ္ဂိရတ်သခင် ပထမ အဆင့်ကို ရောက်ရှိသွားခဲ့ပြီ"

ကျန်းချန်သည် သူ၏ တိုးတက်မှုနှုန်းကို အလွန်ပင် ကျေနပ်နေခဲ့၏။

ဤနှုန်းဖြင့်သာဆိုလျှင် ၂နှစ်မျှ အချိန်ပေးရုံဖြင့် သူ၏ အဂ္ဂိရတ်ပညာရပ်ကို နတ်အဆင့် အဂ္ဂိရတ်သခင် စတုတ္ထအဆင့် သို့မဟုတ် ထိုထက်မြင့်မားသော အဆင့်ထိ မြှင့်တင်ရန် ပြဿနာ ရှိမည်မဟုတ်ပေ။

နတ်အဆင့်အဂ္ဂိရတ်သခင် စတုတ္ထအဆင့်သည် ကောင်းကင် နတ်ဘုရား အဆင့် ဆေးဝါးများကို သန့်စင်နိုင်သည့် ကောင်းကင်နတ်ဘုရားအဆင့် အဂ္ဂိရတ်သခင် အဆင့်လည်း ဖြစ်သည်။

ထိုအဆင့်သို့ ရောက်လျှင် သူသည် နတ်ဘုရားနယ်မြေ၏ ရတနာအမျိုးမျိုးကို နားလည်နိုင်ရုံသာမက သူ၏ ကိုယ်ပိုင်စွမ်းရည်ကို မြှင့်တင်ရန်အတွက် ကောင်းကင်နတ်ဘုရား အဆင့် ဆေးဝါးများကို သန့်စင်နိုင်မည် ဖြစ်၏။

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။

"မစ်ရှင် အပ်နှံပြီးရင် ပထမအဆင့် နတ်ဆေးဝါးကို စတင်သန့်စင်နိုင်ပြီ"

သူက ချက်ချင်းပင် ထရပ်ကာ လျှို့ဝှက်ခန်းမှ ထွက်လာခဲ့သည်။

သူ့ရှေ့တွင် ပေါ်လာသော ကျန်းချန်ကို မြင်လျှင် တာဝန်ခံ အဂ္ဂိရတ်သခင်သည် အံ့အားသင့်ကာ ပြောလိုက်သည်။

"ကောင်လေး.. မင်း ဘာလို့ ထပ်လာပြန်တာလဲ"

"မစ်ရှင် အပ်နှံဖို့အတွက်ပါ"

ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်က ချက်ချင်းပင် သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ ဧကရာဇ်ယွမ်ဆေးလုံး ငါးရာသည် တာဝန်ခံ အဂ္ဂိရတ်သခင် ရှေ့တွင် တောင်ကုန်းငယ် တစ်ခုလို ထွက်ပေါ်လာခဲ့သည်။

"............."

တာဝန်ခံက သူ့ရှေ့မှ ဧကရာဇ်ယွမ်ဆေးလုံး ငါးရာကို ကြည့်ကာ အချိန်အတော်ကြာသည်အထိ မှင်တက်နေခဲ့ပြီး စကားမပြောနိုင် ဖြစ်နေခဲ့သည်။

သူ၏ အမြင်များ ချွတ်ချော်နေသလား ဟုပင် သံသယဝင်လာခဲ့၏။

သူ မှတ်မိသလောက် ကျန်းချန်က ဧကရာဇ်ယွမ်ဆေးလုံး အတွက် ပစ္စည်း အစုံတစ်ထောင်စာကို လက်ခံခဲ့သည်မှာ တစ်လပင် မပြည့်သေးပေ။

ထို့ကြောင့် တာဝန်ခံက အမှန်တကယ် မယုံကြည်နိုင် ဖြစ်နေခဲ့၏။

ထိုကောင်လေးသည် ဧကရာဇ်ယွမ်ဆေးလုံး ငါးရာကို ဤမျှအထိ လျင်မြန်စွာ သန့်စင်နိုင်ခဲ့သည်။

သိထားရမည့်အချက်မှာ ဧကရာဇ်ယွမ်ဆေးလုံးကို သန့်စင်ရန်အတွက် ဆေးလုံးတစ်လုံးကို တစ်နာရီခန့် အချိန်ယူရ၏။

တစ်နေ့လျှင် ဆယ့်နှစ်နာရီလုံး အနားမယူဘဲ ဆက်တိုက်လုပ်ဆောင်လျှင်ပင် ဧကရာဇ်ယွမ်ဆေးလုံး ဆယ့်နှစ်လုံးသာ သန့်စင်နိုင်မည် ဖြစ်သည်။

ထို့အပြင် ထိုကဲ့သို့ ဆက်တိုက်လုပ်ဆောင်လျှင် ကျရှုံးနိုင်ခြေ အလွန်များ၏။

သို့သော်လည်း ကျန်းချန် ဟုခေါ်သော ကောင်လေးသည် တစ်လ မပြည့်မီမှာပင် ဆေးလုံး ငါးရာကို သန့်စင်နိုင်ခဲ့သည်။

သာမန် အဆင့်ကိုး အဂ္ဂိရတ်သခင် မပြောနှင့်၊ သူကိုယ်တိုင် သန့်စင်လျှင်ပင် ဤမျှ တိုတောင်းသော အချိန်အတွင်း ဆေးလုံး ငါးရာကို သန့်စင်နိုင်မည် မဟုတ်ပေ။

တာဝန်ခံ အဂ္ဂိရတ်သခင်ကို ပို၍ပင် စကားမပြောနိုင်အောင် ဖြစ်စေသည်မှာ သူ့ရှေ့မှ ကောင်လေးတွင် သာမန် အဆင့်ရှစ် အဂ္ဂိရတ်သခင် တံဆိပ်သာ ရှိနေခြင်းကြောင့်ပင်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အဂ္ဂိရတ် အောင်မြင်မှုနှုန်းကို အဆင့်ရှစ်အဂ္ဂိရတ်သခင် တစ်ဦးက ပိုင်ဆိုင်နိုင်ပါမည်လော။

ဤကောင်လေး၏ အဂ္ဂိရတ်လမ်းစဥ် အပေါ်နားလည်မှုသည် သူ့ထက် မနိမ့်ကျလောက်ဟု သူခန့်မှန်းမိခဲ့သည်။

တာဝန်ခံ အဂ္ဂိရတ်သခင်က အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်သည်။

"ကောင်းပြီ.. မင်းရဲ့မစ်ရှင်က ပြီးမြောက်သွားပြီ"

သူက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ သူ့ရှေ့မှ ဧကရာဇ်ယွမ်ဆေးလုံး ငါးရာကို သိမ်းဆည်းလိုက်သည်။

သူက သူ့ရှေ့မှ ကောင်လေးကို ခဏမျှ မမြင်ချင်တော့ပေ။

အကြောင်းရင်းမှာ ထိုကောင်လေး သူရှေ့တွင် ရှိနေလျှင် သူ့ကိုယ်သူ သိမ်ငယ်သလို ခံစားလာရသောကြောင့်ပင်။

သို့ရာတွင် ထိုကောင်လေးသည် ချက်ချင်း ထွက်သွားမည့် အစီအစဉ် ရှိပုံမပေါ်ပေ။

ကျန်းချန်က ပြုံးရွှင်သော မျက်နှာထားဖြင့် တာဝန်ခံ အဂ္ဂိရတ်သခင်ကို ကြည့်ကာ ပြောလိုက်၏။

"အကြီးအကဲ.. မီးဝိညာဉ်နတ်ဆေးလုံး အတွက် အစုံတစ်ထောင်စာ ပေးပါ"

ထိုကောင်လေးက နတ်အဆင့် အဂ္ဂိရတ်သခင် ဖြစ်သည်မှာ သေချာ၏။

မီးဝိညာဉ်နတ်ဆေးလုံးသည် ပထမအဆင့် နတ်ဆေးဝါး ဖြစ်ပြီး ပကတိနတ်ဘုရားများကို မီးလမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို နားလည်ရာတွင် အကူအညီ ပေးနိုင်သည်။

နတ်အဆင့် အဂ္ဂိရတ်သခင် မဟုတ်ဘဲ မီးဝိညာဉ်နတ်ဆေးလုံးကို မည်ကဲ့သို့ သန့်စင်နိုင်ပါမည်နည်း။

ထိုအကြောင်းကို တွေးမိလျှင် တာဝန်ခံ အဂ္ဂိရတ်သခင်က ရုတ်တရက် ပြောလိုက်သည်။

"မင်းက နတ်အဆင့် အဂ္ဂိရတ်သခင် ဖြစ်ပြီး သာမန် အဆင့်ရှစ်၊ အဆင့်ကိုး ဆေးဝါးတွေကို ဘာလို့ သန့်စင်နေရတာလဲ"

ယေဘုယျအားဖြင့် အဂ္ဂိရတ်ခန်းမ၏ တပည့်များသည် အဂ္ဂိရတ် မစ်ရှင်များကို လက်ခံရန် လာသောအခါတွင် သူတို့၏ အဂ္ဂိရတ်သခင်အဆင့်နှင့် တူညီသော အဆင့်ရှိသည့် မစ်ရှင်ကိုသာ လက်ခံလေ့ ရှိကြ၏။

အဆုံးသတ်တွင် မိမိအဆင့်ထက် နိမ့်ကျသော ဆေးလုံးများကို သန့်စင်ခြင်းသည် အဂ္ဂိရတ် ကျွမ်းကျင်မှုကို တိုးမြှင့်ပေးရုံမှလွဲ၍ အဂ္ဂိရတ်ပညာရပ်ကို တိုးတက်စေမည် မဟုတ်ပေ။

အထူးသဖြင့် နတ်အဆင့် အဂ္ဂိရတ်သခင်က သာမန်အဆင့်ဆေးလုံးများကို သန့်စင်ခြင်းသည် အဓိပ္ပာယ်သိပ်မရှိပေ။

ထို့ကြောင့် တာဝန်ခံ အဂ္ဂိရတ်သခင်သည် အမှန်တကယ် နားမလည်နိုင် ဖြစ်နေခဲ့၏။

ထိုကောင်လေးတွင် နတ်အဆင့် အဂ္ဂိရတ်သခင်၏ စွမ်းရည် ရှိနေသည်မှာ ထင်ရှားသော်လည်း မစ်ရှင်ခန်းမတွင် သာမန် အဆင့်ရှစ် အဂ္ဂိရတ်သခင် တံဆိပ်ပြားကိုသာ ထုတ်ပြခဲ့ပြီး သာမန်အဆင့် ဆေးဝါး များစွာကို အဘယ်ကြောင့် ရူးသွပ်စွာ သန့်စင်ခဲ့ပါသနည်း။

ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

"အကြီးအကဲ.. အဂ္ဂိရတ်ခန်းမမှာ နတ်အဆင့် အဂ္ဂိရတ်သခင်က သာမန်အဆင့် ဆေးဝါး သန့်စင်တဲ့ မစ်ရှင်ကို လက်မခံရဘူး ဆိုတဲ့ စည်းမျဉ်းမရှိဘူး ထင်တယ်"

သူက တာဝန်ခံ အဂ္ဂိရတ်သခင်ကို သာမန် အဆင့်ရှစ် အဂ္ဂိရတ်သခင်မှ နတ်အဆင့် အဂ္ဂိရတ်သခင် အဖြစ် အချိန်တိုအတွင်း တိုးတက်လာခဲ့ကြောင်း ပြောပြနိုင်မည် မဟုတ်ပေ။

ဆိုရလျှင် သူသည် အဂ္ဂိရတ်ခန်းမတွင် ဆန်းကြယ်မှုတစ်ခု ဖန်တီးလိုခြင်း မရှိပေ။

သူ အဂ္ဂိရတ်ခန်းမသို့ ရောက်လာခြင်းသည် သူ၏ အဂ္ဂိရတ်ပညာရပ်ကို တိုးတက်လို၍ ဖြစ်ပြီး အလွန်အမင်း ရေပန်းစား ကျော်ကြားလိုခြင်း မရှိချေ။

ကျန်းချန်၏ အဖြေကြောင့် တာဝန်ခံ အဂ္ဂိရတ်သခင်က စကားတုံ့ပြန် မပြောနိုင် ဖြစ်သွားခဲ့သည်။

"မီးဝိညာဉ်နတ်ဆေးလုံး အတွက် ပစ္စည်းတွေက သိပ်မကျန်တော့ဘူး.. အစုံ ၈၀၀ ပဲ ရှိတော့တယ်.. ဒါအကုန်ပဲ"

သူက လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ မီးဝိညာဉ်နတ်ဆေးလုံး အတွက် ပစ္စည်း အစုံ၈၀၀ စာသည် ကျန်းချန်၏ ရှေ့တွင် တိုက်ရိုက် ပေါ်လာခဲ့သည်။

မီးဝိညာဉ်နတ်ဆေးလုံးသည် ပထမအဆင့် နတ်ဆေးဝါး ဖြစ်ပြီး မီးလမ်းစဉ် ဥပဒေသကို နားလည်ရာတွင် ကူညီပေးသည်။

နတ်ဘုရားနယ်မြေတွင် အဂ္ဂိရတ်သခင်များသည် မီးစွမ်းအားကို ယေဘုယျအားဖြင့် ကျင့်ကြံကြသည်။

မီးလမ်းစဉ်ဥပဒေသ စွမ်းအားဖြင့် စုစည်းထားသော မီးလျှံများဖြင့် ဆေးသန့်စင်လျှင် အကျိုးရလဒ် နှစ်ဆ ရရှိရုံသာမက မီးအခြေအနေကို ပိုမိုတိကျစွာ ထိန်းချုပ်နိုင်၏။

ဤအကြောင်းကြောင့်ပင် မီးလမ်းစဉ် ဥပဒေသ စွမ်းအားကို နားလည်ရန် အကူအညီပေးနိုင်သည့် နတ်အဆင့် ဆေးလုံးသည် အလွန်ပင် ရေပန်းစားခဲ့သည်။

နတ်အဆင့် အဂ္ဂိရတ်သခင် များစွာသည် အဂ္ဂိရတ်ခန်းမတွင် မစ်ရှင် လက်ခံသောအခါ မီးဝိညာဉ်နတ်ဆေးလုံး ကဲ့သို့ဆေးဝါးများကို ဦးစားပေး ရွေးချယ်ကြလေ့ရှိ၏။

ကျန်းချန်က ခေါင်းခါယမ်းကာ သက်ပြင်းချ၍ တိတ်တဆိတ် ရေရွတ်လိုက်သည်။

"အစုံ၈၀၀ ဆိုလည်း အစုံ ၈၀၀ပေါ့.. ဘာပဲဖြစ်ဖြစ် ဒီအရေအတွက်က ငါ့ကို အဂ္ဂိရတ်လမ်းစဥ် အတွေ့အကြုံ ရမှတ်တွေ အများကြီး ရှာပေးဦးမှာပဲ"

သူက ချက်ချင်းပင် သူ၏ရှေ့မှ မီးဝိညာဉ်နတ်ဆေးလုံး အတွက် ပစ္စည်းများကို သိုလှောင် လက်စွပ်ထဲသို့ ထည့်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် ကျန်းချန်၏ အနောက်ဘက်ကနေ အေးစက်စက် အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ခဏလေး.. ဒီ မီးဝိညာဉ်နတ်ဆေးလုံး အတွက် ပစ္စည်း အစုံ ၈၀၀ ကို ငါယူချင်တယ်"

ရုတ်တရက် ထွက်ပေါ်လာသော အသံသည် ကျန်းချန်ကို အနည်းငယ် မျက်မှောင်ကြုတ်စေခဲ့၏။

သူက ခေါင်းလှည့်၍ ကြည့်လိုက်ရာ အဖြူရောင်အင်္ကျီကို ဝတ်ဆင်ထားပြီး မာနကြီးသော မျက်နှာထားရှိသည့် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။

စစ်ခုံရှင်းဟု ခေါ်သော ထိုလူငယ်သည် တာဝန်ခံ အဂ္ဂိရတ်သခင်နှင့် အတိအကျ တူညီသော အဂ္ဂိရတ်သခင် တံဆိပ်ပြားကို ချိတ်ဆွဲထား၍ ပထမအဆင့်၊ နတ်အဆင့် အဂ္ဂိရတ်သခင် ဖြစ်သည်မှာ ထင်ရှား၏။

ကျန်းချန်၏ အမူအရာက အနည်းငယ် သုန်မှုန်သွားခဲ့သည်။

"ဒီကမိတ်ဆွေ.. ငါက မီးဝိညာဉ်နတ်ဆေးလုံး အတွက် မစ်ရှင်ကို မင်းထက် အရင်ယူထားတာပဲ.. မင်းကို ဘာအတွက် ပေးရမှာလဲ"

စစ်ခုံရှင်းက ကျန်းချန်ကို မောက်မာသော အမူအရာဖြင့် ကြည့်ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။

"ဘာလို့ ပေးရမှာလဲဆိုတော့ ငါက စစ်ခုံရှင်း ဖြစ်နေလို့ပဲ"

အဂ္ဂိရတ်ခန်းမ၏ အကြီးအကဲတစ်ဦးက စစ်ခုံရှင်း ဆယ်နှစ်သားအရွယ်တွင် အဂ္ဂိရတ်ခန်းမသို့ ခေါ်လာခဲ့၏။

စစ်ခုံရှင်းသည် အဂ္ဂိရတ်ပညာရပ်တွင် ပါရမီ အလွန်ထူးချွန်သည်။

သူက နှစ်ပေါင်း သုံးဆယ်အတွင်း ဘာမှ မသိနားမလည်သော ကောင်လေးတစ်ဦး အဖြစ်ကနေ ပထမအဆင့်၊ နတ်အဆင့်အဂ္ဂိရတ်သခင် ဖြစ်လာပြီး အဂ္ဂိရတ်ခန်းမရှိ ထူးချွန်သော ပါရမီရှင် အနည်းငယ်ထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။

အဂ္ဂိရတ်ခန်းမ၏ သာမန်တပည့်များသည် သူ၏ အမည်ကို ကြားရုံမျှဖြင့် ရှောင်ဖယ်သွားလေ့ရှိ၏။

ထို့ကြောင့် ဤကောင်လေးက သူ့ကို ဆန့်ကျင်ရန် သတ္တိရှိလိမ့်မည်ဟု စစ်ခုံရှင်း အမှန်တကယ် မယုံကြည်ပေ။

အခန်း(၁၆၈၀) ပြီး၏။

နေမကောင်းလို့ တစ်ပတ်လောက်စောင့်စေမိတာ တောင်းပန်ပါတယ်ဗျာ။ ဒီလက ကျွန်တော့်မွေးလ ဖြစ်တဲ့အတွက် စာစဥ်ကို ဖရီးပေးလိုက်တယ်နော်။ နောက်ထပ်စာစဥ် ဖြစ်တဲ့ စာစဥ်(၁၁၃)ကလည်း ဖရီးနဲ့ပဲ မနက်ဖြန် ထွက်ပါလိမ့်မယ်။ မွေးနေ့ဖြစ်တဲ့ ၃၁ရက်နေ့ ကျရင်လည်း စာစဥ်ဖရီးတစ်အုပ် လုပ်ပေးပါဦးမယ်။

All Chapters