ဒင်... ခြေတစ်လှမ်း လှမ်းလိုက်ပါပြီ။ အတွေ့အကြုံရမှတ် ၁၀ မှတ်ကို အဆ ၁၀၀ ရရှိပါတယ်။ ခြေလှမ်းကွက် အခြခံအဆင့်ကနေ အလယ်အလတ်အဆင့်ကို တက်လှမ်းသွားပါပြီ။ ဒင်... လက်သီးတစ်ချက် ထိုးလိုက်ပါပြီ။ အတွေ့အကြုံရမှတ် ၁၀ မှတ်ကို အဆ ၁၀၀ ရရှိပါတယ်။ လက်သီးထိုး အခြေခံအဆင့်ကနေ အလယ်အလတ်အဆင့်ကို တက်လှမ်းသွားပါပြီ။ ဒင်... အစွမ်းထက်ဆေးလုံးကို သောက်သုံးလိုက်ပါပြီ။ အတွေ့အကြုံရမှတ် ၁၀၀ မှတ်ကို အဆ ၁၀၀ ရရှိပါတယ်။ ခန္ဓာကိုယ်ကျင့်ကြံခြင်း အဆင့်သုံးကနေ အဆင့်ခြောက်ကို ရောက်ရှိသွားပါပြီ။ ဒင်... ဓားသိုင်းကျောက်တုံးက ဓားဆန္ဒကို တစ်ချက်ကြည့်လိုက်ပါပြီ။ အတွေ့အကြုံရမှတ် ၁၀၀ မှတ်ကို အဆ ၁၀၀ ရရှိပါတယ်။ ပထမအဆင့် ဓားဆန္ဒကို ထိုးထွင်းသိမြင်သွားပါပြီ။ …… ကျန်းချန်က ကမ္ဘာကူးပြောင်းသွားပြီး အဆတစ်ရာ ကျင့်ကြံခြင်းစနစ်ကို မထင်မှတ်ဘဲ ရရှိလိုက်တာမို့ တဖြည်းဖြည်း စွမ်းအားကြီးမားလာပါတယ်။ လမ်းလေးလျှောက်ရုံ၊ လက်သီးလေးထိုးရုံနဲ့ အခြေခံသိုင်းကွက်တွေက ကောင်းကင်ဘုံအဆင့်ထိ ရောက်သွားတယ်။ ဆေးလုံးလေးတစ်လုံး သောက်လိုက်တာနဲ့ ကျင့်ကြံခြင်းအဆင့်က တစ်ရှိန်ထိုး မြင့်တက်သွားတယ်။ ဓားဆန္ဒရဲ့ သဘောတရားကို ထိုးထွင်းသိမြင်ဖို့က သိပ်ခက်တာလား။ မှော်ဆေးဆရာတစ်ယောက် ဖြစ်လာဖို့လဲ ခက်တာပဲလား။ ငါ့မှာ အဆတစ်ရာကျင့်ကြံခြင်းစနစ် ရှိတယ်။ ဒါတွေ သိနားလည်ဖို့ဆိုတာ မိနစ်ပိုင်းပဲ။ ကျန်းချန်က သူ့လက်ထဲမှာ အဆတစ်ရာ ကျင့်ကြံခြင်းစနစ် ရှိနေပြီမို့ ဆန့်ကျင်သူမှန်သမျှကို နင်းချေပစ်ဖို့ အဆင်သင့်ပါပဲ။

