← Chapters

အခန်း (၂၀၄၃-၂၀၄၄)

Vol. 145 Ch. 2043-2044

အခန်း (၂၀၄၃-၂၀၄၄)

Vol. 145 Ch. 2043-2044

အခန်း(၂၀၄၃)

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ပိုအရေးပါသော မေးခွန်းတစ်ခုကို မေးလိုက်သည်။

“လင်ဝေ.. သူတို့နှစ်ယောက်လုံး တိုက်ပွဲမှာ ကျဆုံးသွားတယ်ဆိုတာ သေချာရဲ့လား”

“ကျီမျိုးနွယ်စုရဲ့ မှတ်တမ်းတွေအရတော့ သူတို့နှစ်ဦးက လျှို့ဝှက်ကျိန်စာတိုက်တာကို ခံခဲ့ရတယ်.. မှတ်တမ်းတွေအရ ပြောရရင် သူတို့နှစ်ယောက်က သေဆုံးသွားတာ မဟုတ်ဘူး.. လူသားဧကရာဇ် နန်းတော်က လူတချို့နဲ့ အတူ နတ်ကုန်းမြေတိုက်ကနေ ပျောက်ကွယ်သွားခဲ့ကြတာပဲ”

ထိုစကားကိုပြောရင်း ကျီလင်ဝေ၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“အစ်ကိုကျန်းချန်.. လူတိုင်းက သူတို့နှစ်ယောက်စလုံး တိုက်ပွဲမှာ သေဆုံးသွားပြီလို့ ထင်ခဲ့ကြတယ်.. အခု အစ်ကိုကျန်းချန် ပေါ်လာတာက သူတို့ တိုက်ပွဲမှာ မသေဆုံးခဲ့ဘူး ဆိုတာကို သက်သေပြဖို့ လုံလောက်နေပါပြီ”

ကျန်းချန်က ကျန်းမျိုးနွယ်စုနှင့် ကျီမျိုးနွယ်စု၏ သွေးစွမ်းအားကိုပိုင်ဆိုင်ထားခြင်းသည် ကျန်းမျိုးနွယ်စုနှင့် ကျီမျိုးနွယ်စုတို့၏ ပေါင်းစည်းမှု ရလဒ်ပင် မဟုတ်ပါလော။

လူသားဧကရာဇ် နန်းတော် သမိုင်းတစ်လျှောက်တွင် ကျန်းမျိုးနွယ်စုနှင့် ကျီမျိုးနွယ်စုတို့ ကြားတွင် တစ်ကြိမ်တည်းသာ ပေါင်းဖက်မှု ရှိခဲ့ဖူးသည်။

ကျန်းချန်က ထိုနှစ်ဦး၏ မျိုးဆက် မဟုတ်ခဲ့လျှင် ကျန်းမျိုးနွယ်စု နှင့် ကျီမျိုးနွယ်စုတို့၏ သွေးစွမ်းအားကို တစ်ချိန်တည်းတွင် ပိုင်ဆိုင်ရန်မှာ မည်ကဲ့သို့ ဖြစ်နိုင်ပါအံ့နည်း။

“နတ်ကုန်းမြေတိုက်ကနေ လုံးဝ ပျောက်ကွယ်သွားခဲ့တယ်လား”

ကျီလင်ဝေ၏ စကားကိုကြားလျှင် ကျန်းချန်၏ စိတ်နှလုံးထဲတွင် ခန့်မှန်းချက် တချို့ ရှိခဲ့သည်။

လူသားဧကရာဇ်နန်းတော်မှ လူတစ်စုနှင့် အတူ ပျောက်ကွယ်သွားသည့် ထိုနှစ်ဦးသည် အဆင့်နိမ့် နယ်မြေရှိ ရွှယ်လင်ကုန်းမြေတိုက်တွင် ပေါ်လာခဲ့ခြင်း ဖြစ်နိုင်လောက်သည်။

သို့သော် အဆင့်နိမ့်နယ်မြေသည် ပကတိနတ်ဘုရား အဆင့်နှင့် ထိုအဆင့်အထက်မှ ကျင့်ကြံသူများကို လုံးဝ လက်မခံနိုင်ပေ။

ထိုအဆင့် ကျင့်ကြံသူတစ်ဦးသာ ရောက်ရှိလာခဲ့လျှင် နယ်မြေတစ်ခုလုံးသည် ပြိုကျပျက်စီးသွားမည်မှာ သေချာသလောက်ပင်။

နတ်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦးက လူသားဧကရာဇ်နန်းတော်မှ လူတချို့ကို ခေါ်ဆောင်ကာ ရွှယ်လင်ကုန်းမြေတိုက်တွင် မည်ကဲ့သို့ အသက်ရှင်နေထိုင်ခဲ့ကြသည်ကို ကျန်းချန် စဥ်းစား၍ မရခဲ့ပေ။

ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ပြီး သူ၏ အတွေးများကို ဖယ်ရှားလိုက်ကာ အနည်းငယ် စဥ်းစားပြီးမှ ကျီလင်ဝေကို မေးလိုက်သည်။

“လင်ဝေ.. နတ်ဘုရင်အဆင့်ရဲ့ သက်တမ်းကို တိုးမြှင့်ပေးနိုင်တဲ့ ရတနာက တကယ်ပဲ ရှိနေတာလား”

လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက လူသားဧကရာဇ်နန်းတော်တွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို အတိအကျ မသိသော်လည်း ကျီမျိုးနွယ်စုသည် သူ့အမေနှင့် နီးစပ်သော ဆက်ဆံရေး ရှိနေသောကြောင့် ကျန်းချန်သည် ကျီမျိုးနွယ်စု ပျက်စီးသွားမည်ကို ထိုင်မကြည့်နိုင်ခဲ့ပေ။

သို့သော်လည်း ကျန်းချန်၏ အမြင်တွင် သက်တမ်းကို တိုးမြှင့်ပေးနိုင်သည့် ရတနာများသည် နတ်ဘုရားနယ်မြေတွင် အလွန်တရာ ရှားပါးလှ၏။

“မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေမှာ သစ်သားဝိညာဥ်နတ်မျိုးနွယ်စုလို့ ခေါ်တဲ့ ထိပ်တန်းမျိုးနွယ်စု တစ်စု ရှိတယ် သူတို့ဆီမှာ သက်တမ်း တိုးမြှင့်ပေးနိုင်တဲ့ သစ်သီးသီးတဲ့ အသက်သစ်ပင်တစ်ပင်ရှိတယ်.. ဒီသစ်သီးက နတ်ဘုရင်အဆင့်ရဲ့သက်တမ်းကို တိုးမြှင့်ပေးနိုင်တဲ့ နတ်သစ်သီး အမျိုးအစား အနည်းငယ်ထဲက တစ်မျိုးပဲ”

ကျီလင်ဝေက ကျန်းချန်၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။

ကျန်းချန်က ခေါင်းညိတ်၍ ပြောလိုက်၏။

“ငါ့ဆရာကို ရှာတွေ့ရင် မင်းနဲ့အတူ သစ်သားဝိညာဥ်နတ်မျိုးနွယ်စုဆီ လိုက်ခဲ့ပေးမယ်”

“ကျေးဇူးတင်ပါတယ် အစ်ကိုကျန်းချန်”

ကျန်းချန်၏ စကားကိုကြားလျှင် ကျီလင်ဝေ၏ မျက်ဝန်းထဲတွင် ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ဤသို့ဖြင့် ကျန်းချန်တို့ နှစ်ယောက်သည် နွားလားမျိုးနွယ်စုတွင် နေထိုင်ခဲ့ကြပြီး နွားလားထံမှ သတင်းကို စောင့်ဆိုင်းနေခဲ့ကြသည်။

ငါးရက်ခန့်အကြာတွင် နွားလားမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည့် နွားလားသည် ကျန်းချန်တို့ နေထိုင်ရာ ခြံဝန်းသို့ အဆုံးသတ်၌ ရောက်ရှိလာခဲ့သည်။

ကျန်းချန်က သူ့ရှေ့မှ နွားလားကို မြင်လျှင် စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။

“ခေါင်းဆောင်နွားလား.. သတင်းထူးတစ်ခုခုများ ရခဲ့လို့လား”

“သခင်လေးကျန်းချန်.. သခင်လေးရှာနေတဲ့ ကူရွှယ်သောင်းက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒီနယ်မြေမှာ ပေါ်လာခဲ့တယ်.. သူက ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ နှစ်ဦးနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ သိရတယ်.. အဲဒီနောက်မှာတော့ လျှို့ဝှက်ကျင့်ကြံသူ တစ်ယောက်က သူ့ကို ကယ်တင်သွားခဲ့တယ်”

နွားလားက သူစုံစမ်းခဲ့သော သတင်းများကို ဖောက်သည်ချလိုက်သည်။

“ခေါင်းဆောင်နွားလား.. ကူရွှယ်သောင်းကို ကယ်တင်ခဲ့တဲ့ လျှို့ဝှက်ကျင့်ကြံသူက ဘယ်သူလဲဆိုတာ သိလား”

“ကျွန်တော်လည်း မသိဘူး သခင်လေးကျန်းချန်.. ဒါပေမဲ့ အဲဒီတိုက်ပွဲပြီးတဲ့နောက်မှာ ကူရွှယ်သောင်းကို တိုက်ခိုက်ခဲ့တဲ့ ကောင်းကင်အရှင်အဆင့်ကျင့်ကြံသူနှစ်ဦးက မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေမှာရှိတဲ့ အင်အားစုတစ်ခုရဲ့အကူအညီနဲ့ မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်ကို စည်းတံဆိပ်ခတ်ထားခဲ့တယ်.. ကြည့်ရတာ လျှို့ဝှက်ကျင့်ကြံသူနဲ့ ကူရွှယ်သောင်းတို့က မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော် ထဲမှာ ပုန်းအောင်းနေတဲ့ပုံပဲ”

“မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်လား”

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး နွားလားကို လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။

“ခေါင်းဆောင်နွားလား ကျေးဇူးတင်ပါတယ်.. ကျွန်တော့်မှာ အရေးကြီးကိစ္စ ရှိနေသေးတဲ့ အတွက် အနှောင့်အယှက်မပေးတော့ပါဘူး”

“သခင်လေးကျန်းချန်.. မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်က မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေမှာ ရှိတဲ့ တစ်ခုတည်းသောမြို့ပဲ.. ဒါ့အပြင် မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်ရဲ့ အခြေအနေတွေက အရမ်းကို ရှုပ်ထွေးတယ်”

နွားလားက ပြုံး၍ ပြောလိုက်သည်။

“မနက်ဖြန်ကျရင် နွားလား မျိုးနွယ်စုက ပစ္စည်းတချို့ လဲလှယ်ဖို့အတွက် မျိုးနွယ်စုတစ်ရာ ရှေးဟောင်းတစ်ရာမြို့တော်ဆီကို အဖွဲ့တစ်ဖွဲ့ စေလွှတ်မယ်.. သခင်လေးကျန်းချန်အနေနဲ့ နွားလားမျိုးနွယ်စုနဲ့ အတူ မျိုးနွယ်စုတစ်ရာရှေးဟောင်းမြို့တော်ဆီ လိုက်သွားတာ ပိုကောင်းမယ်လို့ထင်တယ်”

“ကောင်းပြီလေ.. ဒါဆို မနက်ဖြန်ကျရင် မျိုးနွယ်စုတစ်ရာရှေးဟောင်းမြို့တော်ဆီ သွားကြတာပေါ့”

ကျန်းချန်က ခေါင်းညိတ်၍ ပြောလိုက်သည်။

“နွားလားမျိုးနွယ်စုခေါင်း‌ဆောင် နွားလား.. ငါ့ရှေ့ကို အမြန်ထွက်လာခဲ့စမ်း”

ကျန်းချန်နှင့်နွားလားတို့ စကားပြောဆိုနေသော အချိန်မှာပင် အေးစက်စက်ကြုံးဝါးသံ တစ်သံသည် နွားလားမျိုးနွယ်စု၏ အထက် ကောင်းကင်ယံကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုအသံကို ကြားလျှင် နွားလား၏ မျက်နှာ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

“ကွေးယွီရှန်း.. ဒီကောင် ငါ့ရဲ့ နွားလားမျိုးနွယ်စု ဆီကို လာရဲသေးတယ်လား”

“သူ ဒီကို လာရဲတာက သူ့ရဲ့နောက်ကွယ်မှာ တစ်စုံတစ်ယောက်ရှိနေလို့ပါ”

ကျန်းချန်၏ အကြည့်က အတားအဆီးများကို ထိုးဖောက်သွားခဲ့သည်။

သူက နွားလားမျိုးနွယ်စု၏ အပြင်ဘက်ရှိ နေရာလွတ်ကို ကြည့်ကာ နွားလားကို ပြောလိုက်သည်။

“ကွေးယွီရှန်းအပြင် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူတစ်ဦးလည်း ပါလာတယ်”

“ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူလား”

ကျန်းချန်၏ စကားကိုကြားလျှင် နွားလားသည် ချက်ချင်းဆိုသလိုပင် ထိတ်လန့်သွားခဲ့သည်။

ကွေးယွီရှန်းက ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူကို ခေါ်လာလိမ့်မည်ဟု နွားလား လုံးဝ မမျှော်လင့်ထားခဲ့ပေ။

အခန်း(၂၀၄၃)ပြီး၏။

အခန်း(၂၀၄၄)

“ဒါက ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုက ကျင့်ကြံသူပဲဖြစ်ရမယ်”

နွားလားက ထိတ်လန့်တကြား ရေရွတ်လိုက်သည်။

“ဒါပေမဲ့ ဘာလို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုက ကောင်းကင်အရှင် တစ်ပါးကို စေလွှတ်လိုက်ရတာလဲ”

တောင်ဝိညာဥ် မျိုးနွယ်စု၏ နောက်ကွယ်တွင် မဟာနတ်မျိုးနွယ်စု ရှစ်စုထဲမှ တစ်စု ဖြစ်သော ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု ရှိနေမှန်း နွားလားက ကောင်းစွာ သိရှိထားခဲ့သည်။

ထို့အပြင် သူတို့ နွားလားမျိုးနွယ်စု၏ နောက်ကွယ်တွင်လည်း မဟာ နတ်မျိုးနွယ်စု ရှစ်စုထဲမှ တစ်စု ဖြစ်သည့် ရောင်စုံနတ်နွား မျိုးနွယ်စု ရှိ၏။

သူတို့ မျိုးနွယ်စုနှစ်စုက မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ ထိပ်တန်း မျိုးနွယ်စုကြီးများနှင့် ပတ်သက်မှု ရှိနေသော်လည်း ယေဘုယျအားဖြင့် လုံလောက်သော တန်ဖိုးနှင့် အကျိုးကျေးဇူးများကို မပေးဆောင်သရွေ့ ထိုထိပ်တန်းမျိုးနွယ်စုကြီးများသည် သူတို့၏ သေရေးရှင်ရေး ကိစ္စများကို လုံးဝ အရေးစိုက်ကြလိမ့်မည် မဟုတ်ပေ။

ကွေးယွီရှန်းက ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုမှ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူကို ဖိတ်ခေါ်နိုင်ခဲ့မည်ဟု နွားလား မထင်ထားခဲ့ချေ။

“ဟားဟား ခေါင်းဆောင်နွားလား.. ဘာမှစိတ်မပူပါနဲ့.. ငါ ဒီမှာရှိနေသရွေ့ ဘယ်သူမှ နွားလား မျိုးနွယ်စုရဲ့ ဆံချည်တစ်မျှင်ကိုတောင် မထိနိုင်စေရဘူး”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

“ဒါ့အပြင် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုရဲ့ ကျင့်ကြံသူက မင်းတို့ နွားလားမျိုးနွယ်စု အတွက် ဒီကိုရောက်လာတာ မဟုတ်လောက်ဘူး”

အနက်ရောင်မြူတောထဲတွင် မသေနိုင်သော ဝိညာဥ်များကို မွေးမြူထားခြင်းသည် ဝိညာဥ်ဝါးမျိုသူ မျိုးနွယ်စု၏ လက်ချက်ဖြစ်နိုင်ဖွယ် အရှိနိုင်ဆုံး ဖြစ်သည်။

သိပ်မကြာမီက အနက်ရောင်မြူတောထဲမှ ဝိညာဥ်များ၏ ထက်ဝက်ကျော်ကို သူက သတ်ပစ်ခဲ့သည်။

သို့ဖြစ်ရာ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် မည်ကဲ့သို့ လျစ်လျူရှုပြီး နေနိုင်ပါအံ့နည်း။

သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုမှ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူသည် သူ့ကို ရည်ရွယ်ပြီး ရောက်လာခြင်း ဖြစ်နိုင်၏။

ကျန်းချန်၏ စကားကိုကြားလျှင် နွားလားက သက်ပြင်းချလိုက်သည်။

ကျန်းချန်သည် အလွန်တရာ အစွမ်းထက်သော သူတော်စင်ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်သည်။

ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုမှ ကျင့်ကြံသူက နွားလားမျိုးနွယ်စုကို ရည်ရွယ်၍ လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ ကျန်းချန် ရှိနေသရွေ့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုမှ ကောင်းကင်အရှင်အဆင့် ပုဂ္ဂိုလ်သည် နွားလား မျိုးနွယ်စုကို အလွယ်တကူ အန္တရာယ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။

“နွားလား.. မင်းကို အသက်ဆယ်ရှိုက်စာ အချိန်ပေးမယ်..မင်း အပြင်ကို ထွက်မလာသေးဘူး ဆိုရင်တော့ မင်းရဲ့ နွားလားမျိုးနွယ်စုကို ဒီကမ္ဘာကနေ ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်”

ထိုအချိန်မှာပင် ကွေးယွီရှန်း၏ အေးစက်စက်အသံသည် ပတ်ဝန်းကျင်တွင် တစ်ဖန် ပဲ့တင်ထပ်လာခဲ့သည်။

နွားလား၏ ပုံရိပ်က ဖျတ်ခနဲ လင်းလက်သွားခဲ့ပြီး နွားလားမျိုးနွယ်စု၏ အထက် ကောင်းကင်ယံတွင် တိုက်ရိုက် ပေါ်လာခဲ့သည်။

သူက လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေသော ကွေးယွီရှန်းကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

“ကွေးယွီရှန်း.. မင်း ငါ့ရဲ့နွားလားမျိုးနွယ်စုဆီကို လာပြီး ရမ်းကားရဲလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး”

“မင်းရဲ့ နွားလားမျိုးနွယ်စုက သူတော်စင်ကောင်းကင်နတ်ဘုရားတစ်ပါးရဲ့ အကာအကွယ်ကို ရထားမှတော့ ငါကွေးယွီရှန်း မရမ်းကားရဲပါဘူး”

ကွေးယွီရှန်းက အေးစက်စက်ပြုံးကာ ပြောလိုက်ပြီး သူ၏ နံဘေးမှ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို လက်ညှိုးထိုးပြလိုက်သည်။

“ငါ ဒီက ပုဂ္ဂိုလ်နဲ့ မင်းကို မိတ်ဆက်ပေးမယ်.. ဒါက ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုက အမှောင်ဝိညာဥ် ကောင်းကင်အရှင်ပဲ ငါက ဒီပုဂ္ဂိုလ်ကို လမ်းပြပေးရုံသက်သက် လိုက်လာတာပဲ”

နွားလားက ကွေးယွီရှန်း၏ နံဘေးမှ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဝိညာဥ်ဝါးမျိုသူ မျိုးနွယ်စုသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ အစွန်အဖျားရှိ မျိုးနွယ်စုငယ်‌လေး ဆီသို့ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို အမှန်တကယ်ပင် စေလွှတ်ခဲ့သည်။

ထို့အပြင် ထိုကျင့်ကြံသူသည် နာမည်ကျော်အမှောင်ဝိညာဥ်ကောင်းကင်အရှင် ဖြစ်နေခဲ့၏။

အမှောင်ဝိညာဥ်ကောင်းကင်အရှင်သည် မျိုးနွယ်စုတစ်ရာတောရိုင်းနယ်မြေတွင် အလွန်တရာ နာမည်ကျော်ကြားသော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

အမှောင်ဝိညာဥ် ကောင်းကင်အရှင်က အချိန်မဖြုန်းတော့ဘဲ နွားလားကို ပေါ့ပါးစွာ ကြည့်လိုက်သည်။

“ခေါင်းဆောင်နွားလား.. မင်းရဲ့ နွားလားမျိုးနွယ်စုက သူတော်စင် ကောင်းကင်နတ်ဘုရား တစ်ပါးကို လွန်ခဲ့တဲ့ရက်အနည်းငယ်က ခေါ်လာခဲ့တယ်လို့ ငါကြားထားတယ်.. သူ့ကို ငါ့ဆီ အမြန်လွှဲပေးပါ”

ထိုစကားကို ကြားလျှင် နွားလားက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး အမှောင်ဝိညာဥ် ကောင်းကင်အရှင်ကို လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။

“ကောင်းကင်အရှင်.. အဲဒီ သူတော်စင်ကောင်းကင်နတ်ဘုရားက ကျွန်တော်တို့ နွားလားမျိုးနွယ်စုကနေ ထွက်ခွာသွားပါပြီ”

ထိုစကားကို ကြားလျှင် အမှောင်ဝိညာဥ် ကောင်းကင်အရှင်၏ မျက်ဝန်းကနေ ရုတ်တရက် ဆန်းကြယ်သော အနက်ရောင်အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

သူက နွားလားကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်၏။

“နွားလား မင်းကို နောက်ဆုံးအနေနဲ့ အခွင့်အရေးပေးမယ်.. အေးအေးဆေးဆေး ပြောနေတာကို မမိုက်မဲချင်စမ်းနဲ့”

အမှောင်ဝိညာဥ် ကောင်းကင်အရှင်၏ အကြည့်နှင့် ရင်ဆိုင်ရလျှင် နွားလား၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်သွားခဲ့ပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့သည်။

“ဒါက ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူရဲ့ ခွန်အားလား”

ရှင်းလင်းစွာ ဆိုရလျှင် သူ၏ စိတ်ဝိညာဥ်က အမှောင်ဝိညာဥ်ကောင်းကင်အရှင်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည့်နှယ် ဖြစ်နေခဲ့၏။

နွားလားက သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်လိုက်ကာ တအံ့တသြ ဖြစ်နေခဲ့သည်။

အမှောင်ဝိညာဥ် ကောင်းကင်အရှင်သည် သူ့ကို အကြည့်တစ်ချက်ဖြင့်ပင် ပြင်းထန်စွာ ထိုးနှက်နိုင်ခဲ့သည်။

ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ၏ ခွန်အားသည် အမှန်တကယ်ပင် ထိတ်လန့်စရာ ကောင်းနေခဲ့၏။

“ခင်ဗျား ကျုပ်ကို ရှာနေတာလား”

ထိုအချိန်မှာပင် အေးစက်စက် ရေရွတ်လိုက်သော အသံတစ်သံသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။

အမှောင်ဝိညာဥ် ကောင်းကင်အရှင်၏ အကြည့်က ချက်ချင်းဆိုသလို နွားလား၏ အနောက်ဘက်ရှိ နေရာလွတ် တစ်ခုဆီသို့ ကျရောက်သွားခဲ့သည်။

ထိုနေရာတွင် မည်သည့်အချိန်ကပင် ရောက်နေမှန်း မသိရသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးကို‌ တွေ့လိုက်ရသည်။

“ဒါ ငါရှာနေတဲ့ သူတော်စင်နတ်ဘုရားပဲ ဖြစ်ရမယ်”

သူ၏ စိတ်ဝိညာဥ်စွမ်းအားက ကျန်းချန်၏ ခန္ဓာကိုယ်ကို ထိုးဖောက်ရန် ခက်ခဲသည်အား ခံစားမိလျှင် အမှောင်ဝိညာဥ်ကောင်းကင်အရှင်၏ မျက်ဝန်းများသည် ချက်ချင်းပင် လေးနက်သွားခဲ့သည်။

သူက စူးရှသော မျက်ဝန်းနက်များဖြင့် ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်၏။

“ကောင်လေး ငါ ဒီကိုရောက်လာတာ ကိစ္စတစ်ခု အတွက်ပဲ.. အနက်ရောင်မြူတောထဲက ဝိညာဥ်တွေကို မင်းသတ်ပစ်လိုက်တာလား”

ထိုမေးခွန်းကို ကြားလျှင် ကျန်းချန်က ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်.. ကျုပ်သတ်လိုက်တာပဲ”

“ကောင်းတယ် သိပ်ကောင်းတယ်.. ကောင်လေး မင်းငါတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုရဲ့ အစီအစဥ်ကို ဖျက်ဆီးရဲတယ်.. သေဖို့သာ ပြင်ထားလိုက်တော့”

ထိုခဏတွင် အမှောင်ဝိညာဥ် ကောင်းကင်အရှင်၏ မျက်ဝန်းထဲရှိ အနက်ရောင်အလင်းတန်းက အလွန်တရာ တောက်ပလာခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းဆိုသလိုပင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ဝိညာဥ်စွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်မိုင်ထောင်ပေါင်းများစွာကို လွှမ်းခြုံထားသော ဝိညာဥ်စွမ်းအားနယ်မြေ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုဝိညာဥ်စွမ်းအားနယ်မြေတွင် မိုင်တစ်ထောင် အချင်းဝက်အတွင်းရှိ သက်ရှိအားလုံး၏ ဝိညာဥ်များကို မျိုချပစ်တော့မည့်အလား အလွန်တရာပင် ကြောက်မက်ဖွယ်ရာကောင်းသည့် စုပ်ယူမှုစွမ်းအား တစ်ခု ရှိနေပုံရ၏။

နွားလားကဲ့သို့ ကျင့်ကြံသူများ ပင်လျှင် ၎င်းတို့၏ စိတ်ဝိညာဥ်က ခန္ဓာကိုယ်ကနေ ထွက်ခွာသွားတော့ မတတ် ခံစားချက်ကို ခံစားနေရပြီး ခုခံရန် ခက်ခဲနေခဲ့သည်။

ကျန်းချန်ကမူ ခံစားချက် ကင်းမဲ့သော အမူအရာဖြင့် ဆန်းကြယ်သော လက်ဟန်များကို ထုတ်ဖော်လိုက်၏။

ချက်ချင်းဆိုသလိုပင် လေထုထဲ၌ အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိုခဏတွင် အမှောင်ဝိညာဥ် ကောင်းကင်အရှင်၏ ဝိညာဥ်စွမ်းအား နယ်မြေသည် အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်၏ စွမ်းအားအောက်တွင် ချက်ချင်းဆိုသလို ပျက်စီးသွားခဲ့သည်။

“ဒါ ဘယ်လိုဖြစ်ရတာလဲ”

ကျန်းချန်က သူ၏ ဝိညာဥ်စွမ်းအားနယ်မြေကို အလွယ်တကူ ချိုးဖျက်လိုက်သည်အား မြင်လျှင် အမှောင်ဝိညာဥ်ကောင်းကင်အရှင်၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ အကြီးအကဲ တစ်ဦး အနေဖြင့် အမှောင်ဝိညာဥ် ကောင်းကင်အရှင်၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်အရှင် အလယ်အလတ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထိုကောင်လေးက စည်းတံဆိပ် တစ်ခုတည်းဖြင့်ပင် သူ၏ ဝိညာဥ်စွမ်းအား နယ်မြေကို ချိုးဖျက်လိုက်သည်မှာ အမှန်တကယ်ပင် အနည်းငယ် ထူးဆန်းနေခဲ့သည်။

“ကောင်လေး ငါမင်းကို အထင်သေးမိပြီထင်တယ်.. အနက်ရောင်မြူတောထဲက ဝိညာဥ်တွေကို မင်း သတ်ဖြတ်နိုင်တာ အံ့သြစရာမရှိတော့ဘူး.. လက်စသတ်တော့ မင်းက ဝိညာဥ်စွမ်းအားကို လွှမ်းမိုးနိုင်တဲ့ ကိုယ်ခံပညာကို ပိုင်ဆိုင်ထားတာကိုး”

အမှောင်ဝိညာဥ် ကောင်းကင်အရှင်က အသက်ကို ခပ်ပြင်းပြင်းရှုရှိုက်ကာ ရေရွတ်လိုက်သည်။

ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်သည် ပို၍ပင် အေးစက်လာခဲ့၏။

“ဒါပေမဲ့ မင်းဆီမှာ ဝိညာဥ်စွမ်းအားကို လွှမ်းမိုးနိုင်တဲ့ ကိုယ်ခံပညာရပ် ရှိနေရင်တောင် ဒီနေ့တော့ ကျိန်းသေပေါက် သေဆုံးရမှာပဲ”

စကားဆုံးသည်နှင့် အမှောင်ဝိညာဥ် ကောင်းကင်အရှင်၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ် ဝိညာဥ်စွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး အဆုံးသတ်တွင် ဧရာမ အနက်ရောင် စပါးအုံးမြွေ အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန် ဆီသို့ ဦးတည်သွားခဲ့သည်။

“ဟမ့်.. မင်းလို ကောင်းကင်အရှင် အလယ်အလတ် အဆင့် ကျင့်ကြံသူက ငါ့ရှေ့မှာ မောက်မာဖို့ ဘယ်နေရာကနေ သတ္တိတွေရလာခဲ့မှန်း ငါတကယ် နားမလည်တော့ဘူး”

ကျန်းချန်က အေးစက်စက် ပြုံးလိုက်ပြီး သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်း၍ နေရာလွတ် စွမ်းအားကို ထုတ်သုံးလိုက်ရာ အနက်ရောင် စပါးအုံးမြွေသည် ချက်ချင်းဆိုသလိုပင် အေးခဲသွားခဲ့ပြီး တစစီ ကြေမွသွားခဲ့သည်။

ကျန်းချန်က အနက်ရောင် စပါးအုံးမြွေကို ရှင်းပစ်လိုက်ပြီးနောက်တွင် အမှောင်ဝိညာဥ် ကောင်းကင်အရှင်ကို အသက်ရှူရန် အခွင့်အရေးပင် လုံးဝ မပေးခဲ့ပေ။

သူက လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်၍ အမှောင်ဝိညာဥ် ကောင်းကင်အရှင်ကို ရိုက်ချလိုက်သည်။

သူ၏ လက်ဝါးရိုက်ချက်က သာမန်ဟုသာ ထင်ရသော်လည်း အနှိုင်းမဲ့ စွမ်းအားကို သယ်‌ဆောင်ကာ အမှောင်ဝိညာဥ်ကောင်းကင်အရှင်၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်သွားခဲ့သည်။

အခန်း(၂၀၄၄)ပြီး၏။

All Chapters