← Chapters

အခန်း (၈၃)

Vol. 6 Ch. 83

အခန်း (၈၃)

Vol. 6 Ch. 83

"ညီငယ်လေးက အစီအရင်၊ သားရဲနဲ့ အဂ္ဂိရတ်ပညာရပ်တွေမှာ အံ့သြစရာကောင်းတဲ့ စွယ်စုံပါရမီရှင်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါတကယ် မထင်ထားမိဘူး.. ဒီနေ့ ညီငယ်လေးက ငါ့ရဲ့ အမြင်တွေကို တကယ်ပဲ ပွင့်စေခဲ့တယ်"

"ငါက လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ အကြီးအကဲ ယွဲ့ယန်ကျိုးပါ.. ညီငယ်လေးရဲ့ အကူအညီ အတွက် ကျေးဇူးတင်ပါတယ်"

အဖြူရောင်ဝတ် လူလတ်ပိုင်းအရွယ် လူက ကျန်းချန်ကို ဂါရဝပြုရင်း မေးခွန်းထုတ်လိုက်သည်။

"ညီငယ်လေးရဲ့ နာမည်က ဘယ်လိုခေါ်ပါသလဲ"

"ကျွန်တော့်နာမည် ကျန်းချန်.. လင်ယွင်ကျောင်းတော်ကပါ"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

"အကြီးအကဲယွဲ့ ချီးကျူးသလောက်လည်း မဟုတ်သေးပါဘူး.. ကျနော်က ဒီပညာရပ်တွေကို ဟိုစပ်စပ်ဒီစပ်စပ် လေ့လာရင်း တတ်မြောက်ထားတာပါ.. အကြီးအကဲယွဲ့ ရှေ့မှာ မတတ်တခေါက် ပညာလေးကို ပြသမိတဲ့အတွက် ကျွန်တော် ရှက်မိပါတယ်"

ကျန်းချန်၏ စကားကို ကြားလျှင် ခြံဝင်းထဲရှိ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမမှ လူများသည် ရှက်ရွံ့သွားကြသည်။

"ချီးမို့လို့ ဟိုစပ်စပ်ဒီစပ်စပ် လေ့လာရင်း တတ်လာတာတဲ့လား"

"မင်းရဲ့ အစီအရင်၊ သားရဲနဲ့ အဂ္ဂိရတ် ပညာရပ်တွေထဲက ဘယ်တစ်ခုပဲဖြစ်ဖြစ် အံ့အားသင့်ဖို့ လုံလောက်တာထက်တောင် ပိုနေပြီဟ"

"ဒါတောင် ဟိုစပ်စပ်ဒီစပ်စပ် လေ့လာထားတာ ဆိုတော့ ငါတို့ကို ရည်ရွယ်ချက် ရှိရှိ ထိုးနှက်နေတာပဲ မဟုတ်လား"

"လင်ယွင်ကျောင်းတော်မှာ ညီလေး ကျန်းချန်လို ကောင်းကင်ကို ဆန့်ကျင်နေတဲ့ ပါရမီရှင် တစ်ယောက် ရှိနေမယ်လို့ မထင်ထားမိဘူး"

"ဒီအတိုင်းဆို မဟာရှားနိုင်ငံရဲ့ အင်ပါယာမြို့တော်အတွင်း ကျင်းပမယ့် ပြိုင်ပွဲမှာ လင်ယွင်ကျောင်းတော်က တောက်ပလာမှာ သေချာတယ်"

ယွဲ့ယန်ကျိုးက ကျန်းချန်ကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။

သူက လက်တစ်ဖက်ကို လှုပ်ရှားလိုက်ပြီး သိုလှောင်လက်စွပ်ထဲကနေ လခြမ်းပုံထွင်းထားသည့် ရွှေတံဆိပ်ပြား တစ်ခုကို ထုတ်ယူလိုက်သည်။

"ညီလေး ကျန်းချန်...ဒါက ငါတို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ အမြင့်ဆုံး ရွှေတံဆိပ်ပြားပဲ"

"ဒီတံဆိပ်ပြား လက်ဝယ်ရှိရင် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ ဘယ်ဌာနခွဲမှာမဆို အခမဲ့ သုံးစွဲနိုင်တယ်"

"ငါယွဲ့ယန်ကျိုးမှာ တန်ဖိုးရှိတဲ့ အရာတွေ မရှိဘူး.. ဒါကြောင့် ဒီအရာနဲ့ပဲ စိတ်ရင်းကို ဖော်ပြပါရစေ.. ညီလေး ကျန်းချန် လက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်"

လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အကြီးအကဲ အနေဖြင့် ယွဲ့ယန်ကျိုးရဲ့ အမြင်သည် သာမန်လူများနှင့် နှိုင်းယှဥ်၍မရပေ။

အကယ်၍သာ ဘာအမှားအယွင်းမှ မရှိခဲ့လျှင် သူ့ရှေ့မှ ကောင်လေး၏ ပါရမီအရ ဆယ်နှစ်အတွင်း ရှန်းဝူတိုက်ကြီး၏ အကျော်ကြားဆုံး ပုဂ္ဂိုလ် ဖြစ်လာမည်ဟု ယွဲ့ယန်ကျိုး ခန့်မှန်းခဲ့သည်။

ဤကဲ့သို့သော ​လူမျိုးအတွက် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အဆင့်မြင့်ဆုံး ရွှေတံဆိပ်ပြားကို အသုံးပြုလိုက်သည်က လုံးဝ ထိုက်တန်မှု ရှိသည် မဟုတ်ပါလား။

ယွဲ့ယန်ကျိုး၏ လက်ထဲမှ ရွှေတံဆိပ်ပြားကို ကြည့်ပြီး ခြံဝင်းထဲရှိ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ လူများတင်မကဘဲ ခုံးမော့ရှန်းပင် မနာလို ဖြစ်နေခဲ့သည်။

ဤသည်က လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အမြင့်ဆုံး ရွှေတံဆိပ်ပြား ဖြစ်သည်။

မဟာရှား နိုင်ငံ တစ်နိုင်ငံလုံးမှာပင် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အမြင့်ဆုံးအဆင့် ရွှေတံဆိပ်ပြားကို လက်ဝယ်ရှိသူများသည် လက်ချိုးရေ၍ ရ၏။

ဤကောင်လေးက လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အမြင့်ဆုံး ရွှေတံဆိပ်ပြားကို မည်ကဲ့သို့ ရရှိနိုင်ခဲ့ပါသနည်း။

"အကြီးအကဲယွဲ့ရဲ့ ကြင်နာမှုအတွက် ကျန်းချန် ကျေးဇူးတင်ပါတယ်"

ကျန်းချန်က ဟန်လုပ်မနေဘဲ ယွဲ့ယန်ကျိုးကို ပြုံးပြလိုက်ပြီး လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အမြင့်ဆုံးအဆင့် ရွှေတံဆိပ်ပြားကို သိမ်းဆည်းလိုက်သည်။

"ကောင်းပြီ"

ယနေ့တွင် သူသည် မိုးကြိုးအတောင်ပံ လင်းယုန်၏ ဒဏ်ရာပြဿနာကို ဖြေရှင်းနိုင်ခဲ့ရုံသာမက ကျန်းချန်လို ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်နှင့်လည်း ရင်းနှီးခဲ့သည်။

ထို့ကြောင့် ယွဲ့ယန်ကျိုးသည် စိတ်အခြေအနေ ကောင်းမွန်နေခဲ့၏။

သူက ကျန်းချန်ကို ရယ်မော၍ ကြည့်လိုက်သည်။

"ညီလေး ကျန်းချန် အိမ်ထဲကို ဝင်ပါဦးလား.. ငါသေသေချာချာလေး ဧည့်ခံချင်သေးလို့ပါ"

"အကြီးအကဲယွဲ့က အားနာလွန်းနေပါပြီ"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။

"ကျွန်တော့်မှာ လုပ်စရာတွေ ကျန်ရှိနေတာကြောင့် မဝင်တော့ပါဘူး.. အင်ပါယာမြို့တော်ကို ရောက်လာမှပဲ အကြီးအကဲယွဲ့ကို အနှောင့်အယှက်ပေးဖို့ အိမ်တံခါး လာခေါက်ပါ့မယ်"

"ညီလေး ကျန်းချန်မှာ လုပ်စရာကိစ္စတွေ ရှိနေမှတော့ ငါ အတင်းအကျပ် မဆွဲထားတော့ပါဘူး"

ယွဲ့ယန်ကျိုးက ခေါင်းညိတ်၍ ပြုံးလိုက်သည်။

"ဒါဆိုလည်ူ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ ဌာနချုပ်ကနေ ညီလေး ကျန်းချန် လာလည်တာကို ငါစောင့်နေပါ့မယ်"

လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ ခြံဝင်းထဲမှ ထွက်ခွာပြီးနောက်တွင် ကျန်းချန်သည် အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့သို့ ပြန်သွားပြီး မုန့်ချင်းရွှယ်ကို ခေါ်ကာ ယဲ့ချင်းရွှမ်းကို နှုတ်ဆက်၍ လဲ့ရှစ်မြို့ကနေ ထွက်ခွာလာခဲ့သည်။

တစ်ရက်အကြာတွင် ကျန်းချန်သည် စန်းရှန်မြို့ရှိ ကျန်းမိသားစုဆီသို့ ပြန်ရောက်ခဲ့သည်။

ထိုအခါ လင်းမိသားစု နဲ့ လီမိသားစုသည် စန်းရှန်မြို့ကနေ ထွက်ခွာသွားပြီး စန်းရှန် တစ်မြို့လုံးကို ကျန်းမိသားစုက သိမ်းပိုက်လိုက်ကြောင်း သိလိုက်ရ၏။

ကျန်းမိသားစုတွင် မည်သည့် အန္တရာယ်မှ မရှိသည်ကို မြင်လျှင် ကျန်းချန်သည် ကျန်းမိသားစုတွင် တတိယအဆင့် ခုခံရေး အစီအရင်ကို တည်ဆောက်ပေးခဲ့ပြီး မုန့်ချင်းရွှယ်နှင့် အတူ လင်ယွင်ကျောင်းတော်သို့ ပြန်လာခဲ့သည်။

အခန်း(၈၃) ပြီး၏

All Chapters