အခန်း (၅၂)
Vol. 4 Ch. 52
ထိုခဏမှာပင် စန်းရှန်မြို့၏ ဂိတ်တံခါးဝသည် သုဿာန် တစ်စပြင်နှယ် တိတ်ဆိတ် ငြိမ်သက်သွားသည်။
လူတိုင်းသည် ကျန်းချန်၏ ရှေ့တွင် ဒူးတစ်ဖက် ထောက်လျက် ရှိနေသော ရွှယ်ရှောက်ကို မျက်လုံးများ ပြူးကျယ်စွာဖြင့် အံ့အားသင့်စွာ ကြည့်နေခဲ့ကြသည်။
နာမည်ကျော် သွေးမိစ္ဆာဂိုဏ်း၏ ခေါင်းဆောင်၊ ချီကာကွယ်ရေး အဆင့်၈တွင် ရှိသော ကျင့်ကြံသူ၊ စန်းရှန်တစ်မြို့လုံး ဖိန့်ဖိန့်တုန်အောင် ကြောက်ရသော ပုဂ္ဂိုလ်။
ယခုအခါတွင် ထိုပုဂ္ဂိုလ်သည် ကျန်းချန်ရှေ့တွင် ဒူးထောက်လျက် ကျန်ချန်ကို သခင်အဖြစ် အသိအမှတ်ပြုလိုက်သည်။
"ဒီကောင်လေးက သွေးမိစ္ဆာဂိုဏ်းကို အမှန်တကယ် တစ်ယောက်ထဲနဲ့ ဖြေရှင်းနိုင်ခဲ့တာလား"
"အံ့သြစရာအကောင်းဆုံးက သွေးမိစ္ဆာကိုပါ သိမ်းသွင်းနိုင်ခဲ့တာပဲ"
"ဒါက အရမ်းကြမ်းလွန်းသွားပြီကွာ"
---------------
"သခင်.. သူတို့က ကျွန်တော်နဲ့ အတူ နှစ်ပေါင်းများစွာ အတူရှိခဲ့တဲ့ ညီအစ်ကိုတွေပါ.. သူတို့အားလုံးက အနည်းဆုံး ခန္ဓာကိုယ်ပြုပြင်ခြင်း အဆင့်၉ ခွန်အားတွေ ရှိကြပါတယ်"
"သူတို့ကလဲ ကျွန်တော်နဲ့အတူ ကျန်းမိသားစုထဲကို ဝင်ရောက်ဖို့ ဆန္ဒရှိကြပါတယ်.. သခင်က သူတို့ကိုပါ လက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်"
အံ့အားသင့်မှုမှ မသက်သာသေးခင်မှာပင် ရွှယ်ရှောက်သည် သူ့နောက်မှ လူများကို လက်ညှိုးညွှန်ပြကာ ကျန်းချန်ကို ပြောလိုက်သည်။
"ပြဿနာမရှိပါဘူး"
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
ဤလူများသည် ကျင့်ကြံမှုတွင် အားမနည်းကြပေ။
သူတို့သာ ကျန်းမိသားစုထဲကို ဝင်လာနိုင်လျှင် ကျန်းမိသားစု၏ ခွန်အားသည် သေချာပေါက် အဆများစွာ တိုးတက်လာလိမ့်မည် မဟုတ်ပါလား။
"ကျွန်တော်တို့အားလုံး မိသားစုခေါင်းဆောင်ကို ဂါရဝပြုပါတယ်"
ကျန်းချန် သဘောတူလိုက်သည်နှင့် ရွှယ်ရှောက် နောက်မှ လူတွေကလည်း ရွှယ်ရှောက်ကဲ့သို့ပင် ကျန်းချန်ရှေ့တွင် ဒူးတစ်ဖက် ထောက်လိုက်ကြသည်။
"ဟ လခွမ်း"
ပတ်ဝန်းကျင်မှ ပရိသတ်များက ထပ်ပြီး အံ့အားသင့်ရပြန်သည်။
ကျန်းမိသားစုသည် ကျန်းချန်ဟု ခေါ်သော မွန်းစတား တစ်ကောင် ရှိနေတာနဲ့တင် အတော်လေး အားကောင်းနေပြီ ဖြစ်သည်။
ယခုအခါတွင် သွေးမိစ္ဆာဂိုဏ်းကို နှိမ်နင်းရင်း သွေးမိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူ အားလုံးနီးပါးသည် ကျန်းမိသားစုထဲကို ဝင်ရောက်ခဲ့ကြသည်။
ဤအတိုင်းဆို ကျန်းမိသားစု၏ ခွန်အားသည် ယခင် ကျန်းဝူရ ရှိစဉ်ကထက်ပင် ပိုမို အားကောင်းနေပြီဟု ဆိုရပေမည်။
"သခင်.. ဒါက သွေးမိစ္ဆာဂိုဏ်းက နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ပစ္စည်းဥစ္စာတွေပါ"
ကျန်းချန်က သွေးမိစ္ဆာဂိုဏ်းမှ ညီအစ်ကိုများကို လက်ခံပြီးနောက်တွင် ရွှယ်ရှောက်သည် သိုလှောင်လက်စွပ် တစ်ကွင်းကို ထုတ်ကာ ကျန်းချန်ကို တိုက်ရိုက် ကမ်းပေးလိုက်သည်။
".............."
သူတို့ရှေ့မှ အခြေအနေကို ကြည့်ပြီး ပတ်ဝန်းကျင်မှ လူများသည် မနာလိုဝန်တိုမှုများပင် ဖြစ်လာခဲ့၏။
သွေးမိစ္ဆာဂိုဏ်းသည် စန်းရှန်မြို့ကို နှစ်ပေါင်းများစွာ လွှမ်းမိုးထားသောကြောင့် နှစ်ပေါင်းများစွာ စုဆောင်းထားသည့် ပစ္စည်းဥစ္စာက မည်မျှအထိရှိလဲ မသိရသော်လည်း စန်းရှန်မြို့၏ အဓိက မိသားစုကြီး သုံးခုနှင့် ယှဉ်နိုင်လောက်သည်ဟု ခန့်မှန်းရသည်။
ယခုတော့ အားလုံးက ကျန်းချန်၏ လက်ထဲကို ကျရောက်သွားပြီ ဖြစ်ရာ အဘယ်ကြောင့် မနာလိုမဖြစ်ဘဲ နေနိုင်ပါမည်နည်း။
သူတို့က မနာလိုရုံသာ တတ်နိုင်ကြပြီး ကျန်းချန်လက်ထဲမှ လုယူရန်ကိုမူ မစဉ်းစားရဲကြပေ။
လက်ရှိ ကျန်းမိသားစု၏ ခွန်အားသည် အလွန်အင်မတန် အားကောင်းနေပြီး လင်းမိသားစုနဲ့ လီမိသားစု တို့ကို ကျော်ကာ စန်းရှန်မြို့၏ သခင် အဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
"ထကြတော့.. မင်းတို့အားလုံးက ကျန်းမိသားစုကို ခိုလှုံလာကြပြီဆိုမှတော့ အားလုံးက မိသားစုဝင်တွေပါပဲ.. ကျန်းမိသားစုအတွက် အလုပ်လုပ်ပေးသရွေ့ ကျန်းမိသားစုက မင်းတို့ကို အကျိုးမယုတ်စေရပါဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး အံ့အားသင့်နေသော အကြည့်ပေါင်းများစွာ၏ အောက်မှာပင် ကျန်းမိသားစု တပည့်တစ်စုနဲ့ သွေးမိစ္ဆာ ဂိုဏ်းဝင်များကို ခေါ်ကာ စန်းရှန်မြို့ထဲကို ဝင်သွားခဲ့သည်။
ကျန်းချန်က သွေးမိစ္ဆာများကို အနိုင်ယူလိုက်သည့် သတင်းသည် စန်းရှန်မြို့တွင် မုန်တိုင်းတစ်ခုလို ပျံ့နှံ့သွားပြီး မကြာခင်မှာပင် လင်းမိသားစုနဲ့ လီမိသားစု ဆီသို့ ရောက်ရှိသွား၏။
ကျန်းချန်၏ ဦးဆောင်မှုဖြင့် တရိပ်ရိပ် အားကောင်းလာသော ကျန်းမိသားစုကြောင့် လီမိသားစုနှင့် လင်းမိသားစုသည် ကြီးမားသည့် ဖိအားကို ခံစားလာရသည်။
စန်းရှန်မြို့၏ အဓိက မိသားစုကြီး သုံးစု၏ ခွန်အားသည် အမြဲလိုလို ညီတူညီမျှ ရှိခဲ့ကြသည်။
အထူးသဖြင့် ကျန်းဝူရ ပျောက်ကွယ်သွားပြီးနောက်တွင် ကျန်းမိသားစု၏ ခွန်အားသည် မိသားစု သုံးစု၏ အောက်ဆုံးအဆင့်ကို ရောက်လုနီးပါး ဖြစ်သွားခဲ့၏။
သူတို့အားလုံး မမျှော်လင့်ထားသည်မှာ ကျန်းဝူရ၏ အသုံးမကျသောသား ကျန်းချန်သည် ရုတ်တရက် ကောက်ကာငင်ကာ စန်းရှန်မြို့၏ အသန်မာဆုံး လူတစ်ယောက် ဖြစ်လာခြင်းပင်။
ယခုလို သွေးမိစ္ဆာဂိုဏ်းကိုပါ သိမ်းသွင်းလိုက်သောအခါတွင် ကျန်းမိသားစု၏ ခွန်အားသည် မြင့်တက်သွားခဲ့ပြီး စန်းရှန်မြို့၏ အရှင်သခင် ဖြစ်လာနိုင်မည့် အလားအလာ ရှိနေခဲ့သည်။
ကျန်းမိသားစုသာ စန်းရှန်မြို့၏ အရှင်သခင် ဖြစ်လာခဲ့လျှင် ဤစန်းရှန်မြို့တွင် သူတို့မိသားစု နှစ်စု အတွက် နေရာ ရှိနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် လင်းမိသားစုနှင့် လီမိသားစု၏ ခေါင်းဆောင် နှစ်ဦးစလုံးသည် အငြိမ် မနေနိုင်တော့ဘဲ မဟာမိတ်ဖွဲ့ကာ ကျန်းမိသားစုကို နှိပ်ကွပ်မည့် အစီအစဉ်များအား ဆွေးနွေးခဲ့ကြသည်။
အခန်း(၅၂) ပြီး၏