← Chapters

အခန်း (၆၀၄-၆၀၆)

Vol. 41 Ch. 604-606

အခန်း (၆၀၄-၆၀၆)

Vol. 41 Ch. 604-606

အခန်း (၆၀၄)

"ကောင်းပါပြီ.. အဖေက လုံမျိုးနွယ်စုရဲ့ အကြီးအကဲပါ.. လုံမျိုးနွယ်စုရဲ့ ရှေးဟောင်း အမွေအနှစ် နယ်မြေထဲကို သူစိမ်းတစ်ရံကို ဖိတ်ခေါ်ချင်ရင် ကျွန်တော် တားဆီးနိုင်မှာမဟုတ်ဘူး.. ဒါပေမယ့် ဘယ်လိုလူပဲဖြစ်ဖြစ် ကျွန်တော်တို့ လုံမျိုးနွယ်စုရဲ့ ရှေးဟောင်း အမွေအနှစ် နယ်မြေထဲကို ဝင်မယ်ဆိုရင် ကိုယ်ပိုင်စွမ်းရည်ကိုပဲ အားကိုးရလိမ့်မယ်"

ထိုစကားကို ပြောပြီးနောက်တွင် ပိုးထည်ဝတ်စုံဝတ် လူငယ်သည် ကျန်းချန်ကို စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

"သူက လုံမျိုးနွယ်စုရဲ့ ရှေးဟောင်း အမွေအနှစ် နယ်မြေထဲကိုဝင်ချင်တယ် ဆိုမှတော့ သူ့မှာ အဲဒီ အရည်အချင်း ရှိမရှိစစ်ဆေးကြည့်ရမယ်"

လုံမျိုးနွယ်စု၏ ရှေးဟောင်း အမွေအနှစ်နယ်မြေသည် ဆယ်နှစ်တွင် တစ်ကြိမ်သာ ဖွင့်လှစ်ပြီး တစ်ကြိမ်တွင် ရှေးဟောင်းအမွေအနှစ် နယ်မြေထဲကို ဝင်ရောက်ခွင့်ရမည့် ဝင်ခွင့်နေရာသည် သုံးနေရာသာ ရှိသည်။

မည်သည့် ကျင့်ကြံသူမဆို ထိုအထဲကို ဝင်ခွင့်ရရှိလျှင် မရေမတွက်နိုင်သော အကျိုးကျေးဇူးများကို ရရှိနိုင်၏။

လုံလင်သည် လုံမျိုးနွယ်စုရဲ့ ရှေးဟောင်းအမွေအနှစ် နယ်မြေမှ စစ်ဆေးမှုနှင့် လုံမျိုးနွယ်စု ပျောက်ကွယ်သွားရသည့် လျှို့ဝှက်ချက်များကို အမှန်တကယ် ဂရုမစိုက်ခဲ့ပေ။

သူဂရုစိုက်သည်မှာ ရှေးဟောင်းအမွေအနှစ် နယ်မြေထဲကို ဝင်ရောက်ခွင့်ရရန်သာ ဖြစ်သည်။

မမျှော်လင့်သည့် ကိစ္စများ မဖြစ်ခဲ့လျှင် ဤတစ်ကြိမ်ရှေးဟောင်းအမွေအနှစ် နယ်မြေ ဖွင့်လှစ်သောအခါတွင် ဝင်ခွင့်နေရာအတွက် သေချာနေသည့် လုံမျိုးနွယ်စု၏ ပါရမီရှင် နှစ်ယောက် အပြင် တတိယဝင်ခွင့် နေရာသည် သူ့အတွက် ဖြစ်လာပေလိမ့်မည်။

ယခု သူ့အဖေလုံလီက အပြင်လူများကို လုံမျိုးနွယ်စု၏ ရှေးဟောင်းအမွေအနှစ် နယ်မြေထံ စေလွှတ်ခြင်းသည် သူ၏ ဝင်ခွင့်နေရာကို အစားထိုးလိုက်သည်နှင့် မခြားပေ။

ထို့ကြောင့်လည်း လုံလင်က သူ့အဖေလုံလီ ဖိတ်ခေါ်ခဲ့သည့် အပြင်လူများကို မည်သည့်နည်းနှင့်မဆို တားဆိီးနေခြင်းပင်။

သူ့သား၏ စကားကိုကြားလျှင် လုံလီသည် မထီမဲ့မြင်အမူအရာဖြင့် ပြောလိုက်သည်။

"ညီနောင်ကျန်းချန်က မြောက်ပိုင်းတောရိုင်းဒေသရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ သူ့ရဲ့ အဆင့်အတန်းနဲ့ဆိုရင် လုံမျိုးနွယ်စုရဲ့ ရှေးဟောင်း အမွေအနှစ် နယ်မြေထဲကို ဝင်ခွင့်အပြည့်အဝ ရှိတယ်"

"အဖေ.. မြောက်ပိုင်းတောရိုင်းဒေသရဲ့ နံပါတ်တစ်ပါရမီရှင် ဆိုတာက နာမည်ပဲရှိတာပါ"

လုံလင်က ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်၍ ပြောလိုက်သည်။

"ကောင်လေး.. မင်းငါတို့ လုံမျိုးနွယ်စုရဲ့ ရှေးဟောင်း အမွေအနှစ် နယ်မြေထဲကို ဝင်ချင်လို့ရှိရင် မင်းမှာ အဲဒီခွန်အားရှိမရှိ စမ်းသပ်ကြည့်ရမယ်"

"ကောင်းပြီလေ...ငါ့မှာ အဲဒီလို ခွန်အား ရှိမရှိ ဆိုတာ ဘယ်လို သက်သေပြရမလဲ"

ကျန်းချန်က လုံလင်ကို မဲ့ပြုံးပြုံးကာ ကြည့်လိုက်သည်။

ဟေးလုံမြို့၏ လုံမျိုးနွယ်စုသည် မြောက်ပိုင်းတောရိုင်းဒေသ၏ နံပါတ်တစ် မိသားစု ဖြစ်သောကြောင့် ကျန်းချန်သည် လုံမျိုးနွယ်စု၏ ရှေးဟောင်းအမွေအနှစ် နယ်မြေကို အနည်းငယ် စိတ်ဝင်စားမိသည်။

အခွင့်အရေးရှိလျှင် သူသည် လုံမျိုးနွယ်စု၏ ရှေးဟောင်းအမွေအနှစ် နယ်မြေကို သွားရောက်ရန် စိတ်ကူးထားခဲ့၏။

"ဒါက အရမ်းရိုးရှင်းပါတယ်.. မင်းက လုံမျိုးနွယ်စုရဲ့ ရှေး ဟောင်း အမွေအနှစ် နယ်မြေထဲကို ဝင်ချင်တယ်ဆိုရင် ငါတို့လုံမျိုးနွယ်စုရဲ့ နံပါတ်တစ် ပါရမီရှင်လောက်ကို သန်မာမှ ဖြစ်လိမ့်မယ်"

လုံလင်က အေးစက်စက်ပြုံး၍ ပြောလိုက်သည်။

"မဟုတ်ရင်တော့ မင်းကို ဝင်ခွင့်တစ်နေရာပေးလိုက်လည်း လုံမျိုးနွယ်စု အတွက် လုံးဝ အဓိပ္ပါယ်မဲ့သလိုမျိုးပဲ ဖြစ်သွားလိမ့်မယ်"

ထိုစကားကိုကြားလျှင် ကျန်းချန်က ခေါင်းညိမ့်၍ အသာအယာ ပြောလိုက်သည်။

"မင်းပြောတာ အရမ်းအဓိပ္ပါယ်ရှိတယ်.. ဒါကြောင့် မင်းတို့ လုံမျိုးနွယ်စုရဲ့ နံပါတ်တစ်ပါရမီရှင်ကို ငါ့ကို တိုက်ခိုက်ဖို့ ထွက်လာခိုင်းလိုက်ပါ"

"ဒီလောက်ထိ မလိုပါဘူး...ငါက ငါတို့ လုံမျိုးနွယ်စုရဲ့ နံပါတ်တစ် ပါရမီရှင်လက်ထဲမှာ ဆယ်ကွက်အထိ တောင့်ခံနိုင်ခဲ့တယ်"

သူက ကျန်းချန်ကို စစ်ဆေးကြည့်လိုက်သည်။

သူ၏မျက်လုံးထဲတွင် ခနဲ့တဲ့တဲ့ အပြုံးတစ်ခု ဖျပ်ခနဲ ဖြစ်ပေါ်လာခဲ့၏။

"မင်းငါ့ကို ဆယ်ကွက်အတွင်း အနိုင်ယူနိုင်သရွေ့ ငါတို့ လုံမျိုးနွယ်စုရဲ့ ရှေးဟောင်း အမွေအနှစ် နယ်မြေထဲကို လိုလို လားလား ငါဝင်ခွင့်ပေးမယ်"

သူ့ရှေ့မှကောင်လေးက မြောက်ပိုင်းတောရိုင်းဒေသ၏ နံပါတ်တစ်ပါရမီရှင် ဖြစ်သော်လည်း နဂါးနက်ကုန်သွယ်ရေးအဖွဲ့၏ သခင်လေးအနေဖြင့် လုံလင်သည် စွမ်းအင်သိပ်သည်ခြင်း အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

ဆိုရလျှင် သူ၏ အင်အားသည် ဂိုဏ်းကြီးသုံဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင်များထက် မညံ့ပေ။

လုံလင်က သူ့ရှေ့မှ ကောင်လေးတွင် သူ့ကို ဆယ်ကွက် အတွင်း အနိုင်ယူနိုင်သည့် ခွန်အားမျိုး ရှိမည်ဟု အမှန်တကယ် မယုံကြည်ခဲ့ပေ။

"ဆယ်ကွက်လား.. မင်းက ကိုယ့်ကိုယ်ကိုယ် အရမ်း အထင် ကြီးနေတာပဲ"

ကျန်းချန်က ခနဲ့၍ ပြုံးလိုက်ပြီး ချက်ချင်းဆိုသလို လက်ညှိုးတစ်ချောင်းကို ထောင်ပြလိုက်သည်။

"ငါမင်းကို တစ်ကွက်တည်းနဲ့ မနိုင်ရင် မင်းအနိုင်ရတယ်လို့ မှတ်လိုက်ပါ"

"ကောင်းပြီလေ.. ဒါဆို မင်းငါ့ကို ဘယ်လိုအနိုင်ယူမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

ကျန်းချန်က သူ့ကို ဤမျှအထိ အထင်သေးနေသည်ကို မြင်လျှင် လုံလင်၏ မျက်လုံးထဲတွင် ဒေါသ အရိပ်ယောင်တစ်ခု ဖျပ်ကနဲ ပေါ်လာခဲ့သည်။

သူက ဒေါသတကြီး ကြွေးကြော်လိုက်ပြီး လုံမျိုးနွယ်စု၏ ပြိုင်ဘက်ကင်း သွေးစွမ်းအားကို ချက်ချင်း ထုတ်ဖော်ကာ ကျန်းချန်ကို ပြင်းထန်သော လက်သီးချက်ဖြင့် ထိုးနှက်လိုက်သည်။

အခန်း (၆၀၄) ပြီး၏။

အခန်း (၆၀၅)

ကျန်းချန်က အသာအယာ ပြုံးလိုက်သည်။

သူက နဂါးမီးတောက် အရှင်သခင် ခန္ဓာကိုယ်၏ သွေးစွမ်းအားကို လှုံ့ဆော်လိုက်ပြီး လုံလင်၏ လက်သီးချက်ကို မရှောင်တိမ်းဘဲ တိုက်ရိုက် ရင်ဆိုင်လိုက်သည်။

"ဝုန်း "

သွေးစွမ်းအားများ ပါဝင်သည့် လက်သီးနှစ်လုံးသည် လေထုထဲတွင် ထိပ်တိုက် ဆုံတွေ့သွားကြသည်။

"ဝေါ့"

လုံလင်၏ လည်ချောင်းက ချိုမြိန်သွားပြီး သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရ၏။

ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ပေအတော်ဝေးဝေး အထိ လွင့်စင်သွားခဲ့သည်။

သူ၏ ညာဘက်လက်မောင်းတစ်ခုလုံးက တဆတ်ဆတ် တုန်ယင်နေခဲ့ပြီး လုံလင်၏ မျက်လုံးထဲတွင် ကြောက်ရွံ့သော အရိပ်အယောင်များသည် ဖုံးဖိမရစွာ ထွက်ပေါ်လာခဲ့သည်။

သူ့ရှေ့မှ ကောင်လေး၏ သွေးစွမ်းအားက ဤမျှလောက် ကြောက်စရာကောင်းလိမ့်မည်ဟု လုံလင် ဘယ်တုန်းကမျှ မထင်ထားခဲ့ပေ။

သူတို့ လုံမျိုးနွယ်စု၏ သွေးစွမ်းအားသည် ဤမြောက်

ပိုင်းတောရိုင်းဒေသတစ်ခုလုံးတွင် အကောင်းမွန်ဆုံး သွေးစွမ်းအားများထဲမှ တစ်ခုဖြစ်၏။

ဤနှစ်များ တစ်လျောက်တွင် လုံလင်သည် သူ၏ လုံမျိုးနွယ်စု သွေးစွမ်းအားကို ဖိနှိပ်နိုင်သည့် သူအား ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

ကျန်းချန်က သူ၏သား လုံလင်ကို ခပ်လွယ်လွယ်ပင် အနိုင်ယူလိုက်သည်ကို မြင်လျှင် လုံလီ၏ မျက်လုံးထဲ၌ အံ့သြသော အရိပ်အယောင်တစ်ခု ဖျပ်ခနဲ ပေါ်ထွက်လာခဲ့သည်။

"လုံလင်.. မင်းရဲ့အင်အားလောက်နဲ့ ညီနောင် ကျန်းချန်ကို တိုက်ခိုက်ချင်သေးတာလား.. နောက်ဆုတ်စမ်း.. ထပ်ပြီးတော့ ငါ့ကိုအရှက်မခွဲနဲ့တော့ "

လုံလီက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လုံလင်ကို ပြင်းထန်စွာ အော်ငေါက်လိုက်သည်။

ကျန်းချန်၏ပါရမီသည် သူထင်ထားတာထက်ပင် အများကြီးပို၍ အားကောင်းနေခဲ့၏။

နှစ်ပေါင်းများစွာအတွင်း လုံလီသည် ပါရမီရှင်ပေါင်းများစွာကို မြင်တွေ့ခဲ့ဖူးသော်လည်း ကျန်းချန်လောက် အံ့သြစရာကောင်းသည့် လူမျိုးကို မတွေ့ခဲ့ဖူးပေ။

ကျန်းချန်ကိုသာ သူတို့ လုံမျိုးနွယ်စု၏ ရှေးဟောင်းအမွေ အနှစ် နယ်မြေထဲသို့ ဝင်ခွင့်ပြုလိုက်လျှင် ရှေးဟောင်းနယ်မြေ၏ အကဲဖြတ်မှုကို အောင်မြင်ပြီး သူတို့ လုံမျိုးနွယ်စု ပျောက်ကွယ်သွားရသည့် အကြောင်းရင်းကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်လာခဲ့သည်။

သူ့အဖေ၏ အော်ငေါက်သံကို ကြားလျှင် လုံလင်သည် ကျန်းချန်ကို မုန်းတီးသော အကြည့်ဖြင့် တစ်ချက်ကြည့်ကာ လှည့်ထွက်သွားခဲ့သည်။

လုံလင် ထွက်သွားပြီးနောက်တွင် လုံလီသည် ကျန်းချန်ကို မနေနိုင်တော့ဘဲ ချိီးကျူးလိုက်သည်။

"ညီနောင် ကျန်းချန်က မြောက်ပိုင်းတောရိုင်းဒေသရဲ့ အစစ်အမှန်နဂါးပါရမီရှင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ပဲ ထိုက်တန်ပါတယ် "

"ဥက္ကဌလုံ ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ကျွန်တော်ဥက္ကဌလုံကို ပြောစရာရှိတယ်.. ကျွန်တော် သိပ်မကြာခင်မှာ မြောက်ပိုင်းတောရိုင်းဒေသကနေ ထွက်ခွာသွားတော့မယ်.. ၂နှစ်အတွင်း ပြန်လာမယ်လို့ အာမခံနိုင်မှာ မဟုတ်ဘူး "

ထိုစကားကိုကြားလျှင် လုံလီက အံ့အားသင့်သွားခဲ့၏။

"မင်းက မြောက်ပိုင်းတောရိုင်းဒေသကနေ ထွက်သွားတော့မလို့လား "

မြောက်ပိုင်းတောရိုင်းဒေသသည် လွန်ခဲ့သည့် နှစ်တစ်သောင်း ကတည်းကပင် ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်သွားပြီး သီးခြားကုန်းမြေကမ္ဘာတစ်ခု ဖြစ်လာခဲ့သည်။

ရှန်းဝူတိုက်၏ ပိုမိုကျယ်ပြန့်သည့် ကမ္ဘာကြီးကို ခရီးထွက်မည်ဆိုလျှင် ကျယ်ပြောပြီး အဆုံးမရှိသည့် ပင်လယ်ကြီးကို ဖြတ်သန်းရမည် ဖြစ်၏။

သို့သော် ဤကျယ်ပြောလှသော ပင်လယ်တွင် ရာသီဥတုဆိုးရွားရုံသာမက သားရဲများလည်း အလွန် သောင်းကျန်း၏။

သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူများပင် မြောက်ပိုင်းတောရိုင်းဒေသကနေ ထွက်သွားရန် မဝံ့ရဲကြပေ။

ထို့ကြောင့် ကျန်းချန်၏ စကားကိုကြားလျှင် လုံလီက အံ့သြတုန်လှုပ်နေခြင်း ဖြစ်သည်။

ကျန်းချန်၏ဆရာ ဖြစ်သည့် သွေးရိပ်အရှင် ရွှယ်ဝူယင်းကို အနိုင်ယူခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သောသူသည် မြောက်ပိုင်းတောရိုင်းဒေသ၏ အပြင်ကနေ လာခဲ့သည်မှာ ဖြစ်နိုင်ပါသလော။

"ဥက္ကဌလုံ.. ၂နှစ်အတွင်းမှာ မြောက်ပိုင်းတောရိုင်းဒေသကို ပြန်လာနိုင်မယ် ဆိုရင်တော့ မင်းတို့ လုံမျိုးနွယ်စုရဲ့ ရှေးဟောင်း အမွေအနှစ်နယ်မြေကို သွားပြီး လုံမျိုးနွယ်စုပျောက်ကွယ်သွားရတဲ့ လျှို့ဝှက်ချက်ကို ဖြေရှင်းပေးပါ့မယ် "

ကျန်းချန်က ထိုစကားကို ပြောပြီးသည်နှင့် လှည့်ထွက်ရန် ပြင်လိုက်သည်။

"ညီနောင်ကျန်းချန်.. ခဏလောက်စောင့်ပါဦး "

လုံလီက ကျန်းချန်ကို အလျင်အမြန် ဟန့်တားလိုက်သည်။

ထို့နောက် သူက လက်ကိုဆန့်ထုတ်ကာ နဂါးပုံစံ ထွင်းထုထားသည့် ရှေးဟောင်းကျောက်စိမ်းအပိုင်းအစ တစ်ခုကို ထုတ်ယူပြီး ကျန်းချန်ကို ပေးလိုက်သည်။

ထိုအပြုအမူကြောင့် ကျန်းချန်က မှင်တက်သွားခဲ့၏။

"ဥက္ကဌလုံ.. ဒါက "

"လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက နဂါးနက်ကုန်သွယ်ရေး အဖွဲ့ရဲ့ သိုင်းသခင်အဆင့် ကျင့်ကြံသူက မြောက်ပိုင်းတောရိုင်းဒေသကနေ ထွက်ခွာသွားခဲ့တယ်.. မင်းတကယ်လို့ အပြင်ဘက်ကမ္ဘာကြီးမှာ နဂါးနက်ကုန်သွယ်ရေးအဖွဲ့လို့ ခေါ်တဲ့ အင်အားစုတစ်ခုခုနဲ့ တွေ့ခဲ့ရင် ဒီရှေးဟောင်းကျောက်စိမ်း အပိုင်းအစကို ပြလိုက်ပါ.. သူတို့က မင်းကို အကူအညီ တစ်ခုခု ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

လုံလီက ပြုံး၍ ရှင်းပြလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဥက္ကဌလုံ "

ကျန်းချန်က အားနာမနေတော့ဘဲ လုံလီ၏ လက်ထဲမှ ရှေး ဟောင်း ကျောက်စိမ်းကို ယူကာ လုံလီကို တိုက်ရိုက် နှုတ် ဆက်လိုက်ပြီး ခြေလှမ်းကြဲကြီးများဖြင့် လှည့်ထွက်သွားခဲ့သည်။

အခန်း (၆၀၅)ပြီး၏။

အခန်း (၆၀၆)

လုံလီထံမှ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် ရှန့်အန်းကို သူ့အတွက် လျှို့၀ှက် အခန်းတစ်ခန်းနှင့် ဓားဆန္ဒသိပ်သည်းခြင်းဆေးလုံး အတွက် ဆေးဖက်၀င်ပစ္စည်း အမြောက်အများကို ပြင်ဆင်ခိုင်းခဲ့သည်။

ထို့နောက်တွင် ကျန်းချန်သည် နှစ်ရက်အတွင်း ဓားဆန္ဒသိပ်သည်းခြင်းဆေးလုံး အလုံး၂၀ကို သန့်စင်ခဲ့သည်။

ထိုသို့ ဆေးလုံးသန့်စင်နေရင်း ကျန်းချန်၏ ပဥ္စမအဆင့် အဂ္ဂိရတ်သခင် အတွေ့အကြုံရမှတ်သည် ပြီးပြည့်စုံသည့်အဆင့်ကို ရောက်ရှိသွားခဲ့ပြီး ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်အဖြစ် အောင်မြင်စွာ တိုးတက်သွားခဲ့သည်။

ဓားဆန္ဒသိပ်သည်းခြင်းဆေးလုံးကို သန့်စင်ပြီးနောက်တွင် ကျန်းချန်သည် လနတ်ကြမ္မာ ခန္ဓာကိုယ်ကို ဒုတိယအကြိမ် နိုးထနိုင်စေမည့် နည်းလမ်းအား စာလိပ်တစ်ခုတွင် မှတ်တမ်းတင်ခဲ့သည်။

တတိယနေ့၏ နံနက်တွင်မူ ကျန်းချန်သည် အဆုံးသတ်၌ လျှို့၀ှက်အခန်းထဲကနေ ထွက်လာခဲ့ပြီး မုန့်ချင်းရွှယ် ဆီသို့ ရောက်လာခဲ့သည်။

သူက ဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံး၂၀၊ လနတ်ကြမ္မာခန္ဓာကိုယ်ကို ဒုတိယအကြိမ် နိုးထနိုင်စေမည့် နည်းလမ်းနှင့် ဂိုဏ်းကြီးသုံးဂိုဏ်း သိုင်းပြိုင်ပွဲတွင် သူရရှိခဲ့သည့် အဆင့်ချိုးဖျက်ဆေးလုံးကို မုန့်ချင်းရွှယ်ကို ပေးအပ်လိုက်သည်။

အဆင့်ချိုးဖျက် ဆေးလုံးသည် မုန့်ချင်းရွှယ်ကို စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်သို့ အလွယ်တကူ ရောက်ရှိသွားစေနိုင်မည် ဖြစ်၏။

ဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံး၂၀သည် မုန့်ချင်းရွှယ်၏ ဓားဆန္ဒကို ဒုတိယအဆင့်၏ ပြီးပြည့်စုံသော အဆင့်ထိ အလျင်အမြန် ရောက်ရှိအောင် ကူညီပေးနိုင်၏။

လနတ်ကြမ္မာခန္ဓာကိုယ်၏ ဒုတိယအကြိမ် နိုးထလာမှုသည် မုန့်ချင်းရွှယ်၏ သွေးစွမ်းအားကို ဆယ်ဆကျော် ပိုမို အားကောင်းလာစေမည် ဖြစ်သည်။

ဤကဲ့သို့သော အထောက်အပံ့များဖြင့် ဆိုလျှင် မုန့်ချင်းရွှယ်သည် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူနှင့် ပုခုံးချင်းယှဥ်နိုင်သည့် အခြေအနေသို့ အလျင်အမြန် ရောက်ရှိသွားနိုင်၏။

"ချင်းရွှယ်.. ငါဒီနေ့ ထိုက်ရှဂိုဏ်းကို ပြန်ပြီး ဆရာထားခဲ့တဲ့ပစ္စည်းတွေကို ယူပြီးရင် မြောက်ပိုင်းတောရိုင်းဒေသကနေ ထွက်ခွာသွားတော့မယ်.. ဒါကြောင့် မဟာရှားနိုင်ငံရဲ့ ကိစ္စတွေအားလုံးကို မင်းဆီပဲ လွှဲအပ်ခဲ့မယ်"

ကျန်းချန်က မုန့်ချင်းရွှယ်ကို အရာအားလုံး ပေးအပ်ပြီးနောက်တွင် တီးတိုးပြောလိုက်သည်။

"စိတ်မပူနဲ့ ရှင်ဘယ်အချိန်ပဲ ပြန်လာခဲ့ပါစေ.. မဟာရှားနိုင်ငံနဲ့ ကျန်းအိမ်တော်က ဘေးကင်းကင်းနဲ့ ရှိနေစေရမယ်... ကျွန်မ ရှင့်ကို မြောက်ပိုင်းတောရိုင်းဒေသကနေပဲ စောင့်နေမယ်.. နောက်တစ်ကြိမ် ပြန်တွေ့တဲ့အခါကျရင် ကျွန်မတို့ကြားက သဘောတူညီချက်ကို ဖြည့်ဆည်းပေးပါ့မယ်"

မုန့်ချင်းရွှယ်က သူမ၏ လှပသော မျက်လုံးလေးများဖြင့် ကျန်းချန်ကို စိုက်ကြည့်လိုက်သည်။

ထိုခဏတွင် သူမ၏ လှပသောမျက်နှာလေးသည် ရှားရှားပါးပါးပင် နီရဲသွားခဲ့သည်။

"ကောင်းပါပြီ"

ကျန်းချန်က ရယ်မောလိုက်ပြီး ချက်ချင်းပင် မီးလျှံသားရဲကို ဆင့်ခေါ်ကာ ထွက်ခွာသွားခဲ့သည်။

မုန့်ချင်းရွှယ်က ကျန်းချန် ပျောက်ကွယ်သွားသည့် နေရာကို အချိန်အတော်ကြာ ငေးကြည့်နေမိသည်။

ထို့နောက်တွင် မုန့်ချင်းရွှယ်သည် သက်ပြင်းကို လေးလံစွာချလိုက်ပြီး မင်ယွဲ့ရှင်း၏ အခန်းဆီသို့ လျှောက်သွားခဲ့သည်။

"ချင်းရွှယ်.. ဟိုကောင်လေး သွားပြီလား"

မုန့်ချင်းရွှယ် အခန်းထဲ ၀င်လာသည်ကို မြင်လျှင် တင်ပျဥ်ခွေ၍ အတွင်းအားကျင့်နေသည့် မင်ယွဲ့ရှင်းသည် အဆုံးသတ်တွင် မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။

မုန့်ချင်းရွှယ်က ခေါင်းညိမ့်ကာ ပြောလိုက်သည်။

"ဟုတ်ကဲ့.. သူသွားပြီဆရာ"

မင်ယွဲ့ရှင်းက အလျင်အမြန်ပင် မေးခွန်းထုတ်လိုက်သည်။

"သူ မင်းအတွက် ဘာပစ္စည်းတွေ ထားခဲ့သေးလဲ...သူက မင်းရဲ့လနတ်ကြမ္မာခန္ဓာကိုယ်ကို ပိုမို အားကောင်းအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာရော ပြောပြခဲ့သေးလား"

သူမ ဆရာ၏စကားကို ကြားလျှင် မုန့်ချင်းရွှယ်သည် ကျန်းချန် ပေးခဲ့သည့် အရာအားလုံးကို ထုတ်ပြလိုက်သည်။

"ဒါက.."

မုန့်ချင်းရွှယ် ထုတ်ယူလိုက်သည့် အရာများကို ကြည့်ပြီး မင်ယွဲ့ရှင်း၏ မျက်လုံးများတွင် ရုတ်တရက် အံ့သြတုန်လှုပ်သည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

မုန့်ချင်းရွှယ် ယူထုတ်ခဲ့သည့် အရာများကို မင်ယွဲ့ရှင်းက သိပ်မရင်းနှီးသော်လည်း သိုင်းပြိုင်ပွဲတွင် ဆုအဖြစ် ပေးအပ်သည့် အဆင့်ချိုးဖျက် ဆေးလုံးကိုမူ မင်ယွဲ့ရှင်းသည် သဘာ၀ကျစွာပင် အလွန်ရင်းနှီးသည်။

ကျန်းချန်သည် အဆင့်ချိုးဖျက်ဆေးလုံးကို မုန့်ချင်းရွှယ်အတွက် ထားခဲ့သည်မှာ သိသာလှ၏။

"ဆရာ.. သူက ကျွန်မအတွက် အဆင့်ချိုးဖျက်ဆေးလုံး တစ် လုံး၊ ဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံး အလုံးနှစ်ဆယ်၊ကောင်းကင်အဆင့်ဓားကျင့်စဥ်ဖြစ်တဲ့ ကောင်းကင်ခုတ်ပိုင်းဓားသိုင်းနဲ့ လနတ်ကြမ္မာခန္ဓာကိုယ်ကို ဒုတိယအကြိမ် နိုးထစေတဲ့ နည်းလမ်းတွေကို ထားရှိခဲ့ပါတယ်"

မုန့်ချင်းရွှယ်က ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ဘာ.. ဘယ်လို..."

မုန့်ချင်းရွှယ်၏ စကားများကိုကြားလျှင် အမြဲလိုလို ခံစားချက်ကင်းမဲ့ဟန်ရှိသည့် မင်ယွဲ့ရှင်းသည် အချိန်အတော်ကြာ မှင်တက်သွားခဲ့၏။

ကျန်းချန်က မုန့်ချင်းရွှယ်အတွက် ဤမျှလောက် အဖိုး ထိုက်တန်သည့် အရာများကို ထားရှိခဲ့မည်ဟု မင်ယွဲ့ ရှင်း ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

အဆင့်ချိုးဖျက်ဆေးလုံးနှင့် လနတ်ကြမ္မာခန္ဓာကိုယ်ကို ဒုတိယအကြိမ် နိုးထလာစေနိုင်သည့် နည်းလမ်းသည် ဘာမှမဟုတ်သေးပေ။

ဓားဆန္ဒသိပ်သည်းခြင်း အလုံးနှစ်ဆယ်နှင့် ကောင်းကင်အဆင့်ဓားကျင့်စဥ်ကဲ့သို့ အရာမျိုးသည် မြောက်ပိုင်းတောရိုင်းဒေသတွင် အစားထိုးမရနိုင်သည့် ရတနာ ဖြစ်သည်။

ဤသတင်းသာ ပျံ့နှံ့သွားလျှင် မြောက်ပိုင်းတောရိုင်းဒေသရှိ မရေမတွက်နိုင်သော ဓားကျင့်ကြံသူများကို အရူးအမူး ဖြစ်သွားစေရန် လုံလောက်၏။

အခန်း(၆၀၆)ပြီး၏။

All Chapters