← Chapters

အခန်း (၁၉၇၁)

Vol. 138 Ch. 1971

အခန်း (၁၉၇၁)

Vol. 138 Ch. 1971

ရွှယ်ရှင်းက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။

သူ၏ လက်ဖဝါးပေါ်တွင် မှိန်ဖျော့ဖျော့ အပြာရောင်အလင်းများ ထွက်ပေါ်နေသည့် စာလိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။

ထိုစာလိပ်ပေါ်တွင် အစီအရင်သင်္ကေတများ မရေမတွက်နိုင်အောင် လှည့်ပတ်နေ၍ အစီအရင်တစ်ခုဖြစ်သည်မှာ သေချာသည်။

ထိုစာလိပ်ထံကနေ အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော ဓားအရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။

ကျန်းချန်၏ လက်ရှိ ခွန်အားဖြင့်ပင် ထိုစာလိပ်ထံမှ အန္တရာယ်အရိပ်အငွေ့ကို ခံစားမိလိုက်သည်။

ဤအစီအရင်သည် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းမှ ကောင်းကင်အရှင် ဖန်တီးခဲ့သော အစီအရင်စာလိပ် ဖြစ်နိုင်သည်ဟု တွေးမိလျှင် ကျန်းချန်၏ စိတ်နှလုံးသည် တုန်လှုပ် ချောက်ချားသွားခဲ့သည်။

“ကျန်းချန်.. ဒီအစီအရင်စာလိပ်က ငါတို့ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ ကောင်းကင်အရှင် ကိုယ်တိုင် ဖန်တီးထားတဲ့အစီအရင်ပဲ. ကောင်းကင်အရှင်ကိုယ်တိုင် ပြုလုပ်စီရင်ထားတဲ့ အစီအရင်အောက်မှာ သေဆုံးခွင့်ရတဲ့ အတွက် မင်းကိုယ်မင်း ဂုဏ်ယူလို့ရပြီ”

ရွှယ်ရှင်း၏ မျက်ဝန်းများက အေးစက်နေခဲ့သည်။

သူက ချက်ချင်းပင် သူ၏ လက်ထဲမှ စာလိပ်ကို ဖြန့်ချလိုက်၏။

“ဝုန်း..”

တစ်ချိန်တည်းမှာပင် သက်ရှိအားလုံးထက် မြင့်မြတ်သော အရှိန်အဝါ တစ်ခုသည် အပြာရောင်စာလိပ် ထံကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ကိုပင် ဆုတ်ဖြဲနိုင်သော ဓားအရှိန်အဝါများသည် ထိုစာလိပ်ထံမှ ထွက်ပေါ်လာခဲ့ပြီး လေထုထဲတွင် ဧရာမ ဓားအစီအရင် အဖြစ်သို့ စုစည်းသွားခဲ့သည်။

“ကောင်းကင်အရှင် ကိုယ်တိုင် စီရင်ထားတဲ့ အစီအရင်စာလိပ်ပါလား.. ရွှယ်ရှင်းဆီမှာ ဒီလို ဝှက်ဖဲမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး”

ရွှယ်ရှင်း အသက်သွင်းလိုက်သော အပြာရောင် ဓားအစီအရင်ကို ကြည့်ရင်း အရှင်ရှောင်ယွဲ့၏ မျက်နှာထက်တွင် ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ယခုအခါ ရွှယ်ရှင်းသည် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းမှ ကောင်းကင်အရှင် ဖန်တီးထားသော အစီအရင်ကို အသက်သွင်းလိုက်ပြီ ဖြစ်သည်။

ဤအပြာရောင် ဓားအစီအရင်သည် ကောင်းကင်အရှင်၏ တိုက်ခိုက်မှုနှင့် အတူတူ နီးပါး အစွမ်းထက်၏။

ကျန်းချန်က မည်မျှပင် အစွမ်းထက်နေပါစေ၊ ကောင်းကင်အရှင်၏ တိုက်ခိုက်မှုကို မည်သို့မှ မတွန်းလှန်နိုင်လောက်ပေ။

“ဒါက ကောင်းကင်အရှင် စီရင်ထားတဲ့ ကောင်းကင်အဆင့် အစီအရင် ဖြစ်နေတာကိုး”

ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းနေသော လေထုထဲမှ အပြာရောင် ဓားအစီအရင်ကို ကြည့်ရင်း အရှင်ကျင်းဟော်၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

ဤတစ်ကြိမ်တွင် ကျန်းချန် အနေဖြင့် အန္တရာယ်ထဲ ကျရောက်သွားပြီဟု ထင်ခဲ့သည်။

ဆိုရလျှင် ရွှယ်ရှင်း အသက်သွင်းလိုက်သော အပြာရောင်ဓားအစီအရင်သည် ကောင်းကင်အရှင်၏ စွမ်းအားနှင့် အမှန်တကယ်ပင် သက်ဆိုင်နေခဲ့သည်။

အလယ်အလတ် နယ်မြေနတ်ဘုရား အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေသည့် မြေကြီးအရှင် ပင်လျှင် ထိုအစီအရင်၏ တိုက်ခိုက်မှုအောက်တွင် စက္ကန့်ပိုင်းအတွင်း အသက်ခံရနိုင်ခြေ ရှိ၏။

ကျန်းချန်၏ တိုက်ခိုက်ရေး စွမ်းရည်သည် မြေကြီးအဆင့် အထွတ်အထိပ်ထက် ပိုမို အားကောင်းသော်လည်း စစ်မှန်သော ကောင်းကင် အရှင်၏ စွမ်းအားနှင့် ယှဥ်ပြိုင်နိုင်လိမ့်မည် မဟုတ်ပေ။

လူတိုင်း၏ အကြည့်အောက်မှာပင် အပြာရောင် ဓားအစီအရင်ထဲကနေ အဆုံးမဲ့ စွမ်းအားများကို ထုတ်ဖော်နေသော အပြာရောင် ဓားရှည်တစ်စင်း ထွက်ပေါ်လာခဲ့သည်။

ထိုအပြာရောင် ဓားရှည်သည် လေထုထဲတွင် လျင်မြန်စွာ ကြီးမားလာခဲ့ပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် မိုင်ထောင်ချီ နေရာလွတ်ကို ဖိနှိပ်ထားနိုင်သည့် ဧရာမ အပြာရောင် ဓားတစ်စင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုမြင်ကွင်းကို ကြည့်ကာ အရှင်ကျင်းဟော်နှင့် အရှင်ရှောင်ယွဲ့တို့ကဲ့သို့ ကျင့်ကြံသူများ ပင်လျှင် ထိတ်လန့် တုန်လှုပ်နေခဲ့ကြသည်။

မိုင်တစ်ထောင်အတွင်းရှိ အရာအားလုံးသည် ထိုဧရာမဓားအောက်တွင် လက်နက်ချ အညံ့ခံရတော့မည်ဟု ထင်ရ၏။

“ကျန်းချန်.. မင်းကိုယ်မင်း အရမ်းကို မာန်တက်နေတယ်မဟုတ်လား.. မင်းဘယ်လောက်ပဲ အစွမ်းထက်နေပါစေ.. ဒီနေ့တော့ ဒီဓားအောက်မှာ ကျရှုံးဖို့ ကံပါလာခဲ့ပြီ”

ရွှယ်ရှင်းက ကျန်းချန်ကို လှောင်ပြုံးဖြင့် စိုက်ကြည့်လိုက်သည်။

သူက ကျန်းချန်ကို သေလူဟုပင် သတ်မှတ်ထားလိုက်ပြီဖြစ်၏။

ရွှယ်ရှင်း စကားပြောနေသော အချိန်မှာပင် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လောက်သော စွမ်းအားဖြင့် ဧရာမ အပြာရောင်ဓားသည် ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့ရာ ကျန်းချန်၏ ဦးခေါင်း အထက်ရှိ လေထုပင် အဆက်မပြတ် ပြိုလဲနေခဲ့သည်။

ထိုကြောက်မက်ဖွယ်ရာ ဓားချက်သည် ကုဟွမ်တောင်ကိုပင် ကြေမွသွားစေနိုင်လောက်၏။

ကောင်းကင်နှင့် မြေကြီးကိုပင် ဖိနှိပ်ထားသော မိုင်ထောင်ချီအကွာအဝေးမှ ဧရာမ အပြာရောင်ဓားကို မြင်နေရသော်လည်း ကျန်းချန်၏ အမူအရာသည် လုံးဝ မပြောင်းလဲခဲ့ပေ။

သူက လေထုထဲတွင် လှံတစ်စင်းကဲ့သို့ မားမားမတ်မတ် ရပ်နေခဲ့၏။

သူ၏ ကျယ်လောင်စွာ ခပ်ထေ့ထေ့ ရယ်မောသံသည် ကောင်းကင်နှင့်မြေကြီး အကြားတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။

“ဟားဟား ရွှယ်ရှင်း.. မင်းက မင်းတို့ ကောင်းကင်အရှင် ဖန်တီးလိုက်တဲ့ အစီအရင်ကို အတော်လေး အထင်ကြီးနေတာပဲ.. မင်းတို့ ဆန်းကြယ်ကိုးပါးဂိုဏ်းရဲ့ ကောင်းကင်အရှင်ကိုယ်တိုင် ရောက်လာရင်တောင် ငါက မကြောက်တာ.. ဒီသေးနုတ်တဲ့ အစီအရင်လေး တစ်ခုလောက်နဲ့ ဘယ်လိုလုပ်ပြီး ငါ့ကို သတ်နိုင်မှာလဲ”

စကားဆုံးသည်နှင့် ကျန်းချန်၏ သွေးစွမ်းအားများက အဆုံးစွန်အထိ ပေါက်ကွဲထွက်လာခဲ့ပြီး သူ၏ ကျောဘက်တွင် ဧရာမ ရွှေရောင်ဓားပုံရိပ် အဖြစ် စုစည်းသွားခဲ့သည်။

ထို့နောက်တွင် ဧရာမ ရွှေရောင်ဓားသည် ဧရာမ အပြာရောင်ဓားနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။

ထိုအခိုက်အတန့်တွင် မိုင်ထောင်ချီ နေရာလွတ်သည် ရုတ်တရက် မှောင်မိုက်သွားခဲ့ပြီး ပရမ်းပတာ ဖြစ်သွားခဲ့သည်။

လေထုထဲတွင် တောက်ပသော ရွှေရောင်ဓားနှင့် ကမ္ဘာကြီးကိုပင် လွှမ်းမိုးနိုင်စွမ်းရှိသော ဧရာမ အပြာရောင်ဓား တို့သည် ပြင်းထန်စွာ ထိပ်တိုက် ရင်ဆိုင်နေခဲ့ကြသည်။

“ဝုန်း..ဝုန်း..ဝုန်း..”

လေထုထဲတွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာခဲ့ပြီး နေရာလွတ်လှိုင်းများက အကြီးအကျယ် လှုပ်ခတ်နေခဲ့သည်။

သို့ရာတွင် ရွှယ်ရှင်း အသက်သွင်းထားသော အစီအရင်ထဲတွင် ကောင်းကင်အရှင်၏ စွမ်းအား ပါဝင်နေခဲ့ရာ ကျန်းချန်၏ လက်ရှိခွန်အားဖြင့် အစွမ်းကုန် စုစည်းထားသော နတ်ခန္ဓာပုံရိပ်သည်ပင် တွန်းလှန်ရန် ခက်ခဲနေခဲ့၏။

သိပ်မကြာခင်မှာပင် ကျန်းချန်၏ နတ်ခန္ဓာပုံရိပ်သည် ဧရာမအပြာရောင် ဓားအောက်တွင် ကြေမွ ပျက်စီးသွားခဲ့သည်။

သို့တိုင် ဧရာမ အပြာရောင်ဓားသည် ကျန်းချန်ဆီသို့ ဆက်လက် ဦးတည်လာခဲ့သည်။

ဤအခိုက်အတန့်သည် ကောင်းကင်ထောက်တိုင်က ပြိုလဲသွားခဲ့ပြီး ကမ္ဘာပျက်မည့် အရေးကိစ္စ ကဲ့သို့ ဖြစ်နေခဲ့သည်။

“ကျန်းချန် ရှုံးနိမ့်တော့မယ် ထင်တယ်”

လေထုထဲမှ ဧရာမ အပြာရောင်ဓားကို ကြည့်ရင်း အရှင်ကျင်းဟော်က သက်ပြင်းချကာ ရေရွတ်လိုက်သည်။

ကောင်းကင်အရှင်၏ စွမ်းအားကို မည်သူမှ တားဆီးနိုင်မည်မဟုတ်ချေ။

ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအားက အလွန်တရာ ကောင်းမွန်ပြီး မြေကြီးအရှင်အဆင့် ကျင့်ကြံသူနှင့် ကြယ်တစ်ပွင့်အရှင် တို့ကို အလွယ်တကူ ဖိနှိပ်နိုင်သော်လည်း အဆုံးသတ်တွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်နတ်ဘုရား အဆင့်တွင်သာ ရှိနေသေးသည်။

ကျန်းချန်က ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်ကာ အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်သို့ ‌ရောက်ရှိနေသော်လည်း ကောင်းကင်အရှင်၏ စွမ်းအားနှင့် အဆင့်အတန်း မတူညီပေ။

အကယ်၍ ကျန်းချန်က သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်နိုင်ခဲ့လျှင်မူ ကောင်းကင်နတ်ဘုရားအဆင့်၏ စွမ်းအားကို အသုံးပြု၍ သူ၏ရှေ့မှ အပြာရောင်ဓားကို ရင်ဆိုင်နိုင်လိမ့်မည် ဖြစ်၏။

ဆိုရလျှင် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများအတွက် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ၏ စွမ်းအားကို ရင်ဆိုင်ရန်မှာ မဖြစ်နိုင်သလောက်ပေ။

“ကျန်းချန်.. မင်းလို မလောက်လေး မလောက်စားက ငါတို့ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းက ကောင်းကင်အရှင်ရဲ့စွမ်းအားကို ဘယ်လိုလုပ်ပြီး တွန်းလှန်နိုင်မှာလဲ”

ရွှယ်ရှင်းက ကျန်းချန်ကို အထက်စီးဆန်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့၏။

ကျန်းချန်က မည်မျှပင် အစွမ်းထက်နေပါစေ၊ ယခုအချိန်တွင် ဘာမှ တတ်နိုင်တော့မည် မဟုတ်ပေ။

ဆိုရလျှင် အကြွင်းမဲ့စွမ်းအား၏ ရှေ့တွင် အရာအားလုံးသည် အချည်းနှီးသာ ဖြစ်သည် မဟုတ်ပါလား။

ယနေ့တွင် ကျန်းချန် အတွက် တစ်ခုတည်းသော အဆုံးသတ်မှာ သေခြင်းတရားပင် ဖြစ်ချေသည်။

“သေချာရဲ့လား.. မင်းတို့ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ ‌ကောင်းကင်အရှင် ကိုယ်တိုင် ရောက်လာရင်တောင် ငါ့ကို မသတ်နိုင်ဘူးလို့ ငါအစောကတည်းက ပြောခဲ့ပြီးပြီ.. ဒီသာမန် အစီအရင် တစ်ခုလောက် ဆိုရင် စကားထဲ ထည့်ပြောနေစရာတောင် မလိုဘူး.. ဒီနေ့ ငါကျန်းချန်က သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်ပြီး မင်းရဲ့အစီအရင်ကို ချိုးဖျက်ပြမယ်”

ဧရာမအပြာရောင်ဓားက သူ့ဆီသို့ ဦးတည်နေသည်ကို မြင်တွေ့နေရသော်လည်း ကျန်းချန်က ထိတ်လန့်ခြင်း မရှိခဲ့ပေ။

သူက ဝင့်ကြွားစွာ ရယ်မောလိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ အချိန်လမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို လှုံ့ဆော်ကာ နဝမမြောက် ကမ္ဘာ့စွမ်းအားကို လျင်မြန်စွာ စုစည်းလိုက်သည်။

ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူ၏ စွမ်းအားပါဝင်နေသော အစီအရင်သည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာကောင်းနေခဲ့ပြီး လက်ရှိအချိန်တွင် သူ့အနေဖြင့် ယှဥ်ပြိုင်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ကျန်းချန်သည် အချိန်လမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို လှုံ့ဆော်ကာ နဝမ‌မြောက် ကမ္ဘာ့စွမ်းအားကို စုစည်းပြီး သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်သို့ ထိုးဖောက်ရန် တုံ့ဆိုင်းမနေတော့ချေ။

သူ၏ အဆ ၁၀၀ စနစ်ကြောင့် ကျန်းချန်သည် ကောင်းကင်ကပ်ဘေးဒဏ်ကို ခံယူရန် လုံးဝ မလိုအပ်ခဲ့ရာ သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်သို့ ထိုးဖောက်ခြင်းသည် တစ်ခဏအတွင်းမှာပင် ပြီးမြောက်သွားမည် ဖြစ်သည်။

ရုတ်တရက် ကွဲပြားသော ကမ္ဘာ့စွမ်းအား ၉မျိုးသည် ကျန်းချန်ထံကနေ တစ်ချိန်တည်းနီးပါး ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ လက်သီးပေါ်တွင် လျင်မြန်စွာ စုစည်းသွားခဲ့သည်။

ထို့နောက်တွင်မူ ကျန်းချန်သည် ဧရာမအပြာရောင်ဓား ဆီသို့ လက်သီးချက် တစ်ချက် ထုတ်ဖော်လိုက်၏။

“ဝုန်း..”

မှန်းဆ၍ မရလောက်အောင် ကြောက်မက်ဖွယ်ရာကောင်းသော လက်သီးချက်သည် လေထုကို ထိုးဖောက်သွားခဲ့ပြီး ဧရာမအပြာရောင်ဓား ပေါ်သို့ သက်ရောက်သွားခဲ့သည်။

ကြောက်မက်ဖွယ်ရာကောင်းသော အင်အားနှစ်ခု ထိပ်တိုက်ရင်ဆိုင်မိခြင်းကြောင့် လေထုထဲတွင် ဧရာမ အနက်ရောင် တွင်းနက်ကြီး တစ်ခုပင် ပေါ်လာခဲ့သည်။

ဤအချိန်တွင် နေ၊ လနှင့် ကြယ်တာရာများ အားလုံးသည် အလွန်အမင်း ဗြောင်းဆန်နေခဲ့ပြီး ကြောက်မက်ဖွယ်စွမ်းအားနှစ်ခု၏ လက်ထဲတွင် ဖျက်ဆီးခံရမည့်နှယ် ဖြစ်နေခဲ့သည်။

လက်သီးနှင့်ဓားက လေထုထဲတွင် ခဏတာ ထိပ်တိုက် ရင်ဆိုင်ပြီးနောက်တွင် ကျန်းချန်၏ လက်သီးချက်သည် ပိုမို အားကောင်းလာခဲ့သည်။

တစ်ဖက်တွင်မူ ကောင်းကင်အရှင် ဖန်တီးထားသော အစီအရင် စာလိပ်ကနေ အသက်သွင်းထားသည့် ဧရာမ အပြာရောင်ဓားသည် တဖြည်းဖြည်း အားနည်းလာခဲ့၏။

အစပိုင်းတွင် ဧရာမ အပြာရောင်ဓားသည် ၎င်း၏ အစွမ်းထက်သော ခွန်အားဖြင့် ကျန်းချန်၏ လက်သီးကို ယှဥ်ပြိုင်နိုင်ခဲ့သော်လည်း အချိန်ကုန်လွန်လာသည်နှင့် အမျှ ဧရာမအပြာရောင်ဓား၏ စွမ်းအားသည် ပို၍ အားနည်းလာခဲ့ပြီး အဆုံးသတ်တွင် လက်သီးချက်ကြောင့် လုံးဝ ကြေမွသွားခဲ့သည်။

ကျန်းချန်၏ လက်သီးချက်က ဧရာမ အပြာရောင်ဓားကို ချေမှုန်းနိုင်ခဲ့သည် သာမက လေထုထဲရှိ အစီအရင်ကိုပါ ဖျက်ဆီးပစ်ခဲ့ပြီး လက်ကျန် စွမ်းအားများသည် ရွှယ်ရှင်း၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။

“အား..”

ရွှယ်ရှင်းက နာကျင်စွာ အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ပေထောင်ပေါင်း များစွာ အကွာအဝေးသို့ လွင့်စင် သွားခဲ့သည်။

မူလကပင် အားနည်းနေသော ရွှယ်ရှင်း၏ ဝိညာဥ်ခန္ဓာသည် ကျန်းချန်၏ လက်သီးချက်အောက်တွင် အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်နှယ် ဖြစ်နေခဲ့၏။

ရွှယ်ရှင်းက သူ၏ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ဝိညာဥ် မပျက်စီးစေရန် အတွက် မှော်နည်းစနစ် တစ်ခုကို အသုံးပြု၍ သူ၏ ဝိညာဥ်ကို ထိန်းချုပ်လိုက်သည်။

ထို့နောက်တွင် စစ်နတ်ဘုရားတစ်ပါး ကဲ့သို့ ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို ကြည့်ကာ ရွှယ်ရှင်း၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

“မင်း.. မင်းက သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကို တကယ်ပဲ ထိုးဖောက်တော့မှာလား”

သူက ကောင်းကင်အရှင် ဖန်တီးထားသည့် အစီအရင်ကို အသက်သွင်းလိုက်သည်နှင့် ကျန်းချန်၏ နောက်ကွယ်မှ ‌ရှေးဧကရာဇ် ကောင်းကင်အရှင် မလှုပ်ရှားသရွေ့ ကျန်းချန် သေဆုံးရမည်ဟု ရွှယ်ရှင်း ထင်ထားခဲ့သည်။

သို့သော်လည်း သေရေးရှင်ရေး အခြေအနေတွင် ကျန်းချန်သည် နဝမမြောက် ကမ္ဘာ့စွမ်းအားကို စုစည်းကာ သူ၏ အစီအရင်ကို လက်သီးချက် တစ်ချက်တည်းဖြင့် ချိုးဖျက်ပစ်လိုက်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ကမ္ဘာ့စွမ်းအား ၉မျိုးကို ပိုင်ဆိုင်သော အဆင့်သည် ကောင်းကင်နတ်ဘုရား အဆင့်၏ အဆုံးစွန်သော အဆင့်ဖြစ်သည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်သည် ကျန်းဝူ ကောင်းကင် နယ်မြေ၏ သမိုင်းတစ်လျှောက်တွင်ပင် တစ်ခါမှ မပေါ်ထွက်ခဲ့ဖူးပေ။

အောက်ဘက်ရှိ အရှင်ကျင်းဟော်၊ အရှင်ရှောင်ယွဲ့နှင့် အခြားသူများသည် ကောင်းကင်ယံမှ ကျန်းချန်ကို မှင်တက်စွာ ကြည့်နေခဲ့ကြပြီး အံ့သြတုန်လှုပ်မှုကနေ ပြန်လည် သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

ကျန်းချန်က ရွှယ်ရှင်း အသက်သွင်းထားသော ကောင်းကင်အရှင်၏ စွမ်းအား ပါဝင်နေသော အစီအရင်နှင့် ရင်ဆိုင်ရချိန်တွင် နဝမမြောက် ကမ္ဘာ့စွမ်းအားကို စုစည်းကာ လက်သီးချက် တစ်ချက်တည်းဖြင့် ကောင်းကင်အရှင် ဖန်တီးထားသော အစီအရင်ကို ချိုးဖျက်နိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

ဤကမ္ဘာပေါ်တွင် ထိုကဲ့သို့ နတ်ဆိုး ဆန်လွန်းသော ပါရမီရှင်မျိုး အမှန်တကယ် တည်ရှိနေပါသလော။

“ဂျိန်း.. ဂျလိန်း”

လူတိုင်းက ကျန်းချန်ကြောင့် အံ့အားသင့်နေစဥ်မှာပင် ကောင်းကင်ယံက ရုတ်တရက် လှိုင်းထန်လာခဲ့ပြီး မိုးခြိမ်းသများ ထွက်ပေါ်ကာ အစွမ်းထက် မိုးကြိုးများသည် ကျန်းချန်၏ ဦးခေါင်းအထက်တွင် စုစည်းလာခဲ့သည်။

ဤသည်မှာ ကျန်းချန်၏ အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်ခြင်းအတွက် ရင်ဆိုင်ရမည့် ကောင်းကင်နတ်ဘုရား ကပ်ဘေး ဖြစ်သည်။

အစောပိုင်းက အချိန်လမ်းစဥ်၏ စွမ်းအားကို စုစည်းကာ ကောင်းကင်အရှင် ဖန်တီးထားသော အစီအရင်နှင့် ရင်ဆိုင်နေရ၍ ကောင်းကင်နတ်ဘုရား ကပ်ဘေးကို ကောင်းစွာ မလှုံ့ဆော်နိုင်ခဲ့ပေ။

ယခုအခါတွင်မူ ကောင်းကင်နတ်ဘုရား ကပ်ဘေးသည် ထင်ရှားစွာ ထွက်ပေါ်လာခဲ့ချေပြီ။

“ဟားဟား ကျန်းချန်.. ကောင်းကင်အရှင် ဖန်တီးထားတဲ့ အစီအရင်ကို ချိုးဖျက်ဖို့အတွက် မင်းက သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကို မဖြစ်မနေ ထိုးဖောက်လိုက်ရပြီ.. ဒီကောင်းကင်ကပ်ဘေး ကျရောက်လာတာနဲ့ မင်းသေရမှာ သေချာသလောက်ပဲ”

ကျန်းချန်၏ ဦးခေါင်းအထက်တွင် အဆက်မပြတ် စုစည်းနေသော မိုးကြိုးများကို ကြည့်ရင်း ရွှယ်ရှင်းသည် အားပါးတရ ရယ်မောလိုက်သည်။

သူတော်စင် ကောင်းကင်နတ်ဘုရား ကပ်ဘေးသည် အစကတည်းကပင် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။

သို့သော် ကျန်းချန်က တိုက်ပွဲအတွင်း မဖြစ်မနေ ထိုးဖောက်ခဲ့ရသည့် အပြင် ကောင်းကင်အရှင် ဖန်တီးထားသည့် အစီအရင်၏ ပါဝင် ပတ်သက်မှုကြောင့် ထိုကပ်ဘေး၏ စွမ်းအားသည် အဆပေါင်းများစွာ တိုးလာမည်မှာ သေချာ၏။

ယခုအခါတွင် ကျန်းချန်သည် နဝမမြောက် ကမ္ဘာ့စွမ်းအားကို စုစည်းထားရုံသာ ရှိသေးပြီး အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်သို့ အပြည့်အဝ ခြေမချရသေးပေ။

ပြောနေစရာ မလိုလောက်အောင်ပင် ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော ကောင်းကင်ကပ်ဘေးနှင့် ရင်ဆိုင်ရလျှင် ကောင်းကင်အရှင်ပင် သေဆုံးသွားနိုင်ခြေ ရှိ၏။

အခန်း(၁၉၇၁)ပြီး၏။

All Chapters