← Chapters

အခန်း (၁၇၉၀)

Vol. 120 Ch. 1790

အခန်း (၁၇၉၀)

Vol. 120 Ch. 1790

"ဒီကောင်းကင်မီးနတ်ဓားက တကယ်ကို လက်နက်ကောင်းတစ်ခုပဲ ငါ အခု ကောင်းမွန်တဲ့ လက်နက်တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပြီ"

ကျန်းချန်က သူ၏လက်ထဲရှိ ကောင်းကင်မီးနတ်ဓားကို အလွန်ကောင်းမွန်သော စိတ်ခံစားချက်ဖြင့် ကြည့်လိုက်သည်။

ဤနယ်မြေနတ်ဘုရားအဆင့် ကောင်းကင်မီးနတ်ဓားဖြင့် ဆိုလျှင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် အဆင့်သစ် တစ်ခုသို့ ရောက်ရှိသွားမည် ဖြစ်၏။

ကောင်းကင်မီးနတ်ဓားကို ရယူပြီးနောက်တွင် ကျန်းချန်သည် သူ၏ရှေ့မှ အရှင်ဟော်ယွင်၏ ခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက်ပြီး အရှင်ဟော်ယွင်၏ လက်ချောင်းတွင် စွတ်ထားသော သိုလှောင်လက်စွပ်ကို ချွတ်ယူလိုက်သည်။

ထို့နောက်တွင် နတ်အာရုံဖြင့် စူးစမ်းကြည့်လိုက်ရာ သိုလှောင်လက်စွပ်ထဲတွင် ရတနာများစွာ ရှိနေသည်ကို တွေ့လိုက်ရ၏။

အခြားအရာများကို ထည့်မတွက်လျှင်ပင် အဆင့်မြင့် နတ်ခရစ္စတယ် တစ်သန်းခန့်ရှိပြီး ထိုအရေအတွက်သည် အဆင့်နိမ့်နတ်ခရစ္စတယ် တစ်ဘီလံယံကျော်နှင့် ညီမျှသည်။

"နယ်မြေနတ်ဘုရားရဲ့ အမွေအနှစ် ဖြစ်ဖို့ ထိုက်တန်ပါပေတယ် တကယ်ကို ကြွယ်ဝတာပဲ"

ကျန်းချန်၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အရှင်ဟော်ယွင် ချန်ထားရစ်ခဲ့သော အရင်းအမြစ်သည် ဟွမ်ဖူမိသားစုနှင့် အခြားသော နယ်မြေနတ်ဘုရား တစ်ပိုင်းအဆင့် မိသားစုများကို ယှဥ်နိုင်စွမ်းရှိ၏။

ဟော်ယွင်တောင်တန်း ခရီးစဥ်သည် သူ့အတွက် အလကားမဖြစ်တော့ပေ။

ကျန်းချန်က တုံ့ဆိုင်းနေခြင်း မရှိဘဲ သိုလှောင်လက်စွပ်ကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီးနောက်တွင် ဟွမ်ဖူလင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ခေါင်းဆောင်ဟွမ်ဖူ.. နယ်မြေနတ်ဘုရား သလင်းကျောက်ကို ယူလိုက်ပါဦး"

"ကောင်းပြီ"

ဟွမ်ဖူလင်းက ခေါင်းညိတ်လိုက်ပြီး အရှင်ဟော်ယွင်၏ ခန္ဓာကိုယ်ဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွားကာ အရှင်ဟော်ယွင်၏ ခန္ဓာကိုယ်မှ လက်သီးဆုပ် အရွယ်အစားရှိ အနီရောင်သလင်းကျောက် တစ်ခုကို ယူဆောင်သွားခဲ့သည်။

ဟွမ်ဖူလင်းက နယ်မြေနတ်ဘုရား သလင်းကျောက်ကို ယူဆောင်သွားပြီးနောက်တွင် အရှင်ဟော်ယွင်၏ခန္ဓာကိုယ်သည် လျင်မြန်စွာ ခြောက်သွေ့သွားခဲ့ပြီး အဆုံးသတ်တွင် ကျန်းချန်တို့၏ ရှေ့မှောက်မှာပင် ပြာမှုန်အဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားခဲ့၏။

နယ်မြေနတ်ဘုရားသည် အလွန် အစွမ်းထက်သော်လည်း သေဆုံးပြီးနောက်တွင် ခန္ဓာကိုယ်ကို နှစ်သန်းပေါင်းများစွာ ထိန်းသိမ်းထားရန်မှာ မဖြစ်နိုင်ပေ။

အရှင်ဟော်ယွင်က ဤအခြေအနေအထိ ထိန်းသိမ်းထားနိုင်ရသည့် အဓိကအကြောင်းအရင်းမှာ ခန္ဓာကိုယ်ထဲတွင် နယ်မြေနတ်ဘုရားသလင်းကျောက် တည်ရှိနေခြင်းကြောင့်ပင်။

ယခု ဟွမ်ဖူလင်းက နယ်မြေနတ်ဘုရား သလင်းကျောက်ကို ယူဆောင်သွားခဲ့ပြီ ဖြစ်ရာ အရှင်ဟော်ယွင်၏ ခန္ဓာကိုယ်သည် ပြာမှုန် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကမ္ဘာလောကထဲတွင် လုံးဝကို ပျံ့လွင့်သွားခဲ့သည်။

"ခေါင်းဆောင် ကျွန်တော်တို့ အရှင်ဟော်ယွင်ရဲ့အမွေအနှစ်ကို ရပြီဆိုတော့ ဒီမှာကြာကြာနေဖို့ မသင့်တော်တော့ဘူး.. ဒီနေရာကနေ အမြန်ဆုံး ထွက်သွားကြစို့"

ဟွမ်ဖူလင်းက နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရရှိခဲ့သည်ကို မြင်သည်နှင့် ဟွမ်ဖူစုန့်က အလျင်အမြန်ပင် ပြောလိုက်သည်။

"နောက်ကျသွားပြီ"

ဟွမ်ဖူလင်းက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"ယန်ဝူကျီက နန်လီမျိုးနွယ်စုရဲ့ ကိုယ်ရံတော် ၃၀၀၀ကို ဟော်ယွင်တောင်တန်းဆီ ခေါ်ဆောင်လာခဲ့တယ်ဆိုတဲ့ သတင်းကို ခုနကပဲ ငါရရှိခဲ့တယ်.. ငါ့စိတ်ထင် သူမကြာခင် ဒီနေရာကို ရောက်လာလိမ့်မယ်"

"နန်လီမျိုးနွယ်စုက ကိုယ်ရံတော် ၃၀၀၀လား"

ထိုစကားကိုကြားလျှင် ဟွမ်ဖူစုန့်တို့ လူစု၏ အမူအရာသည် အလွန်အမင်း ပြောင်းလဲသွားခဲ့သည်။

ဟွမ်ဖူစုန့်တို့သည် နန်လီမျိုးနွယ်စု၏ ကိုယ်ရံတော်တပ်ဖွဲ့အကြောင်းကို ကောင်းစွာ သိရှိထားကြသည်။

ထိုတပ်ဖွဲ့သည် နန်လီမျိုးနွယ်စု၏ အစွမ်းအထက်ဆုံး တပ်ဖွဲ့လည်း ဖြစ်သည်။

နန်လီမျိုးနွယ်စု၏ ကိုယ်ရံတော်၃၀၀၀ စုပေါင်းလိုက်လျှင် နယ်မြေနတ်ဘုရား အဆင့်အောက်တွင် ပြိုင်ဘက်ကင်းသည်ဟုပင် ပြောစမှတ်ပြုကြ၏။

ယခု နန်လီမျိုးနွယ်စု၏ အကြီးအကဲချုပ် ယန်ဝူကျီက ထိုကိုယ်ရံတော်တပ်ဖွဲ့ကို ကိုယ်တိုင် ဦးဆောင်လာခဲ့ပြီဖြစ်ရာ သူတို့ကို သေစေလိုသည်မှာ ထင်ရှားနေခဲ့သည်။

"ယန်ဝူကျီက နန်လီမျိုးနွယ်စုရဲ့ ကိုယ်ရံတော် ၃၀၀၀ကို ဦးဆောင်လာတယ် ဆိုတော့ ငါတို့ ရင်ဆိုင်ဖို့ ခက်ခဲလိမ့်မယ်"

ဟွမ်ဖူစုန့်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"အခု ငါတို့အနေနဲ့ လူစုခွဲပြီး ထွက်သွားရုံပဲ ရှိတော့တယ်.. ဒါမှပဲ နန်လီမျိုးနွယ်စုရဲ့ ဝိုင်းရံပိတ်ဆို့မှုကို ရှောင်တိမ်းဖို့အခွင့်အရေး ရနိုင်လိမ့်မယ်"

"မဖြစ်ဘူး.. အဲဒီလိုလုပ်လိုက်ရင် နန်လီမျိုးနွယ်စုက တစ်ယောက်ချင်းစီကို အသာအယာ အမှည့်ခြွေသွားလိမ့်မယ်"

ဟွမ်ဖူလင်း၏ မျက်လုံးများက လင်းလက်သွားခဲ့ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"ငါ ဒီမှာ ခဏကျင့်ကြံဖို့ အစီအစဥ်ရှိတယ်.. ငါ့ကို အချိန်အနည်းငယ်လောက် ပေးရင် နယ်မြေနတ်ဘုရားသလင်း ကျောက်ရဲ့ စွမ်းအားတစ်စိတ်တစ်ပိုင်းကို အသုံးပြုနိုင်လိမ့်မယ်.. အဲဒီအခါကျမှ ငါတို့တွေ ယန်ဝူကျီနဲ့ ရင်ဆိုင်ကြတာပေါ့"

"မင်းတို့တွေ ဒီလောက်အထိ စိုးရိမ်ဖို့မလိုပါဘူး.. ၁နာရီလောက် အချိန်ပေးမယ်ဆိုရင် အသေးစား တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုကို ငါဖန်တီးပေးနိုင်ပါတယ်"

ထိုအချိန်မှာပင် ရှယွမ်ခိုင်က ရုတ်တရက် ဝင်ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ဟွမ်ဖူလင်းသည် ချက်ချင်းဆိုသလိုပင် အလွန်တရာ ဝမ်းမြောက်သွားခဲ့၏။

"ဒီလိုဆိုရင် ဆရာရှကို ကျေးဇူးတင်ပါတယ်"

"အားနာနေစရာမလိုပါဘူး ခေါင်းဆောင်ဟွမ်ဖူ.. ခင်ဗျားသာ ကျုပ်အသက်ကို တစ်ချိန်က မကယ်တင်ခဲ့ဘူးဆိုရင် ဒီနေ့ ရှယွမ်ခိုင် ဆိုတာ ရှိလာမှာမဟုတ်ဘူး.. အခု ခေါင်းဆောင်ဟွမ်ဖူက အကျပ်အတည်း တွေ့နေမှတော့ ငါရှယွမ်ခိုင်က ဘယ်လိုလုပ်ပြီး ထိုင်ကြည့်နေနိုင်မှာလဲ"

ရှယွမ်ခိုင်က သူ၏လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

"အရှင်ဟော်ယွင် ဖန်တီးထားတဲ့ သီးခြားကမ္ဘာက တည်ငြိမ်မှု မရှိဘူး.. အခုချက်ချင်းအပြင်ထွက်ပြီး အသေးစား တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ဖန်တီးကြစို့"

ထို့နောက်တွင် သူတို့အဖွဲ့သည် အရှင်ဟော်ယွင် ဖန်တီးထားသည့် သီးခြားကမ္ဘာမှ အလျင်အမြန်ထွက်ကာ ဟော်ယွင်တောင်တန်း ထဲတွင် ပြန်ပေါ်လာခဲ့သည်။

ထို့နောက်တွင် ရှယွမ်ခိုင်သည် အစီအရင်နှင့် ပတ်သက်သည့်ပစ္စည်းများကို ထုတ်ကာ အသေးစား တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို စတင် တည်ဆောက်ခဲ့သည်။

ကျန်းချန်နှင့် အခြားသူများက ရှယွမ်ခိုင်၏ ဘေးတွင် ကာကွယ်ပေးနေကြ၏။

ဟွမ်ဖူလင်းကမူ နယ်မြေနတ်ဘုရား သလင်းကျောက်၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို နားလည်ရန်အတွက် အချိန်ရှိသရွေ့ ကြိုးစားနေခဲ့သည်။

ဤကဲ့သို့သော အခြေအနေများအောက်တွင် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။

နာရီဝက်ခန့် ကုန်လွန်သွားပြီးနောက်တွင် ရှယွမ်ခိုင်၏ အသေးစားတည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်သည် အလွန်အရေးကြီးသော အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

ထိုအချိန်မှာပင် ရုန့်ရင်းသော အရှိန်အဝါသည် ကျန်းချန်တို့လူစုဆီသို့ ကောင်းကင်ယံကနေ တိုက်ခတ်လာခဲ့သည်။

ကျန်းချန်တို့က ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံကိုမော့ကြည့်လိုက်ကြ၏။

ယင်းနောက်တွင် သူတို့၏ အမူအရာများသည် အနည်းငယ်ပြောင်းလဲသွားခဲ့သည်။

နန်လီမျိုးနွယ်စု၏ အကြီးအကဲချုပ် ယန်ဝူကျီသည် နန်လီမျိုးနွယ်စုမှ ကိုယ်ရံတော် ၃၀၀၀နှင့်အတူ ရောက်ရှိလာခဲ့ချေပြီ။

"ယန်ဝူကျီက ဒီလောက်တောင် မြန်မြန်ရောက်လာတယ်လား"

ဟွမ်ဖူလင်းက သူ၏ ပိတ်ထားသော မျက်လုံးများကို ဖွင့်ကာ ရုတ်တရက် လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

"ဆရာရှရဲ့ အသေးစား တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်က ပြီးခါနီးနေပြီ.. မင်းတို့ ဒီမှာစောင့်နေ.. ငါယန်ဝူကျီကို ခဏလောက် အချိန်ဆွဲထားလိုက်မယ်"

"ကျွန်တော်ပဲ သွားလိုက်ပါရစေ"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"ယန်ဝူကျီက ကျွန်‌တော့်အကြောင်းကို နားမလည်ဘူး ဒါကြောင့် သူ့ကို ခေါင်းဆောင်ဟွမ်ဖူထက် ကျွန်တော်က ပိုပြီး အချိန်ဆွဲထားနိုင်လိမ့်မယ်"

ထိုစကားကိုကြားလျှင် ဟွမ်ဖူလင်းသည် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။

ထို့နောက်တွင် သူက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်၏။

"ညီနောင်ကျန်းချန် သတိထားပါ"

ကျန်းချန်သည် ယန်ဝူကျီ အတွက် အမှန်တကယ်ကို ထူးဆန်းသော တည်ရှိမှုတစ်ခု ဖြစ်သည်။

ယန်ဝူကျီ၏ အဆင့်အတန်းနှင့် ခွန်အားအရ ကျန်းချန်သည် ယန်ဝူကျီ၏ မျက်လုံးထဲတွင် လုံးဝ အရေးပါမည် မဟုတ်ပေ။

ယန်ဝူကျီသာ ကျန်းချန်ကို အထင်အမြင်သေးမိခဲ့လျှင် ကျန်းချန်သည် သူ့ထက်ပင် ယန်ဝူကျီကို ပို၍ ကောင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။

ဤသည်က ရှယွမ်ခိုင်ကို အစီအရင် တည်ဆောက်ပြီးစီးသည်အထိ အချိန်ဆွဲနိုင်စေမည် ဖြစ်၏။

ယင်းနောက်တွင် ကျန်းချန်သည် အချိန်မဖြုန်းတော့ဘဲ မိုင်ရာပေါင်းများစွာ ကွာဝေးသော ကောင်းကင်ယံတွင် ပေါ်လာခဲ့သည်။

သူက ကောင်းကင်ယံတွင် ဝင့်ကြွားစွာ မတ်တတ်ရပ်ကာ နန်လီမျိုးနွယ်စု ရောက်ရှိလာမည့်အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

ခဏအကြာတွင် အနီရောင်မီးလျှံ သံချပ်ဝတ်စုံများကို ဝတ်ဆင်ထားသော ကျင့်ကြံသူ အုပ်စုတစ်စုသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။

ရုန့်ရင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေသာ ထိုအုပ်စုသည် နန်လီမျိုးနွယ်စု၏ ကိုယ်ရံတော် ၃၀၀၀ပင် ဖြစ်သည်။

နန်လီမျိုးနွယ်စု၏ ကိုယ်ရံတော်တပ်ဖွဲ့ ရှေ့ဆုံးတွင် အဆုံးမဲ့အရှိန်အဝါများကို ထုတ်လွှတ်နေသော တောင့်တင်းကြံ့ခိုင်သည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါ ရပ်နေခဲ့၏။

ထိုသူမှာ နန်လီမျိုးနွယ်စု၏ အကြီးအကဲချုပ် ယန်ဝူကျီပင်ဖြစ်သည်။

ယန်ဝူကျီက ပေ၁၀၀ အကွာရှိ ကျန်းချန်ကို ထီမထင်ဟန်ဖြင့် ကြည့်လိုက်သည်။

ထို့နောက်တွင် သူ၏ လွှမ်းမိုးနိုင်စွမ်းရှိသော ကြုံးဝါးသံသည် ကောင်းကင်ယံတွင် ပေါက်ကွဲထွက်လာခဲ့၏။

"ကောင်လေး မင်းဘယ်သူလဲ.. ဘာလို့ ငါတို့ကို စောင့်ဆိုင်းနေတာလဲ"

ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

"ခင်ဗျားက နန်လီမျိုးနွယ်စုရဲ့အကြီးအကဲချုပ် ယန်ဝူကျီမဟုတ်လား.. ငါ မင်းကို ဒီမှာစောင့်နေတာ အချိန်အတော်တောင် ကြာခဲ့ပြီ"

ထိုစကားကိုကြားလျှင် ယန်ဝူကျီက မျက်မှောင်ကြုတ်သွားခဲ့ပြီး ကျန်းချန်ကို အသေအချာ အကဲခတ်လိုက်သည်။

"ကောင်လေး မင်းကိုငါ မြင်တောင် မမြင်ဖူးဘူ.. မင်းငါ့ကို ဘာလို့ ဒီနေရာမှာ စောင့်နေတာလဲဆိုတာ သိခွင့်ရှိမလား"

All Chapters