← Chapters

အခန်း (၂၆၂)

Vol. 18 Ch. 262

အခန်း (၂၆၂)

Vol. 18 Ch. 262

လေ၏ အရှိန်အဟုန်က ပြင်းထန်လွန်းလှသည်။

"ဝှစ်.. ဝှစ်"

လေတိုးသံက ရင်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

"မယုံနိုင်စရာပဲ.. ကျန်းချန်က ဓားဆန္ဒကို နားလည်ရုံတင်မကဘူး.. လေရဲ့ စစ်မှန်သော အဓိပ္ပါယ်ကိုပါ နားလည်ထားတယ်ဟ.. ဒီအတိုင်းဆို သူက မုန့်ယန်ကို မရှုံးနိမ့်တော့ဘူး"

"ဒီကောင့်ဆီမှာ လျှို့ဝှက်ချက်တွေ အများကြီးပဲ.. မုန့်ယန် အရှက်ကွဲတော့မှာ သေချာတယ်"

ကျန်းချန်၏ လေဆန္ဒက မုန့်ယန် ထက်ပင် သာလွန်နေသည်ကို တွေ့လိုက်ရလျှင် ရင်ပြင်တစ်ခုလုံးရှိ လူအများ၏ မျက်လုံးများသည် ပြူးထွက်လုမတတ် ဖြစ်သွားကြသည်။

ပြိုင်ပွဲစင်မြင့်ထက်မှ မုန့်ယန်၏ မျက်နှာသည်လည်း ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေ၏။

လေထဲမှ ရုတ်တရက် ပျောက်ကွယ်သွားသော ကျန်းချန်ကို သူက မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

သူ့ရင်ထဲမှ အေးစိမ့်သော ခံစားချက်တစ်ခုသည် နှလုံးသားထဲ အထိ စိမ့်ဝင်သွားခဲ့၏။

ကျန်းချန်က လေ၏ အဓိပ္ပါယ်ကိုပင် နားလည်ထားမည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

ထို့ပြင် ကျန်းချန်၏ လေဆန္ဒသည် သူ့ထက် အဆပေါင်းများစွာ သာလွန်နေသည်။

သူက ကျန်းချန်၏ အရိပ်အယောင်ကိုပင် မမြင်နိုင်တော့ပေ။

မုန့်ယန် ထိတ်လန့်နေဆဲအချိန်တွင် နောက်ကျောဘက်မှ ရုန့်ရင်းသည့် လက်သီးတစ်လုံး ဝင်ရောက်လာသည်။

မုန့်ယန်က လှည့်ကြည့်လိုက်သောအခါ ကျန်းချန်၏ လက်သီးချက်က သူနှင့် တဖြည်းဖြည်း နီးကပ်လာသည်ကို တွေ့လိုက်ရသည်။

"ဝုန်း"

ကျန်းချန်၏ လက်သီးချက်က မုန့်ယန်ကို တုံ့ပြန်ရန်ပင် အချိန်မပေးဘဲ အကြီးအကျယ် ထိမှန်သွားစေခဲ့သည်။

မုန့်ယန်၏ တစ်ကိုယ်လုံးက တုန်ခါသွားပြီး ကျန်းချန်၏ လက်သီးချက်ကြောင့် နောက်သို့ ပေအတော်များများ လွင့်စင်သွားခဲ့သည်။

မုန့်ယန် သူ့ခန္ဓာကိုယ် ဟန်ချက်ကို မည်သို့မျှ မထိန်းနိုင်ခင်မှာပင် ကျန်းချန်သည် အရိပ်တစ်ခုကဲ့သို့ သူ့ဘေးတွင် ပေါ်လာပြီး နောက်ထပ် လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ကျန်းချန်သည် လေ၏ အဓိပ္ပါယ်ကို အသုံးပြုကာ လျှပ်စီးကဲ့သို့ လျင်မြန်စွာ ရွေ့လျားနေခဲ့သည်။

မူလဘူတနယ်ပယ် အဆင့်၉ အထွတ်အထိပ်တွင် ရှိသော မုန့်ယန်ပင်လျှင် ကျန်းချန်၏ ကြောက်မက်ဖွယ် အရှိန်အဟုန်ကို မယှဉ်နိုင်တော့ပေ။

မုန့်ယန် မည်ကဲ့သို့ ပြန်လည် တိုက်ခိုက်ရမည်ကို မသိသေးခင်မှာပင် ကျန်းချန်၏ နောက်ထပ် တိုက်ခိုက်မှုတစ်ခုက ရောက်လာပြန်သည်။

ဤသို့ဖြင့် မုန့်ယန်သည် သဲအိတ်တစ်လုံးကဲ့သို့ သိုင်းစင်မြင့်ထက်တွင် ကျန်းချန်၏ ရိုက်နှက်မှုကို ခံနေရသည်။

သို့သော် ဤအခြေအနေသည် ကြာရှည်မခံခဲ့ပေ။

ကျန်းချန်၏ လျှပ်စီးကဲ့သို့ တိုက်ခိုက်မှုများကြောင့် မုန့်ယန်၏ အခြေအနေမှာ တဖြည်းဖြည်း ဆိုးရွားလာသည်။

ဆယ်ကြိမ်မျှ လှုပ်ရှားပြီးနောက်တွင် ကျန်းချန်သည် နက်နဲမှုအဆင့်မြင့် သိုင်းပညာဖြစ်သည့် ကောင်းကင်ဖျက်ဆီးနဂါး လက်သီးကို အသုံးပြုကာ မုန့်ယန်ကို လက်သီးတစ်ချက်တည်းဖြင့် စင်မြင့်ပေါ်မှ ပြုတ်ကျစေခဲ့၏။

"မုန့်ယန်.. ရှုံးသွားပြီဟ"

"မယုံနိုင်စရာပဲ...ကျန်းချန်က ဓားဆန္ဒကိုတောင် အသုံးမပြုဘဲ မုန့်ယန်ကို အနိုင်ယူလိုက်တာလား"

"ဒီကောင်က ယန်ဟွမ်ကျောင်းတော် သမိုင်းမှာ အထူးချွန်ဆုံး ပါရမီရှင်ပဲ"

စင်မြင့်ပေါ်မှ ပြုတ်ကျသွားပြီးနောက် သတိလစ်သွားသော မုန့်ယန်ကို တွေ့သောအခါ ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

လူအများအပြားသည် ထိတ်လန့်တုန်လှုပ်မှုများမှ ပြန်လည်သက်သာလာရန် အချိန်အတော်ကြာယူခဲ့ရ၏။

၎င်းတို့ထံမှ မယုံကြည်နိုင်သော ချီးကျူးသံများလည်း ထွက်ပေါ်လာသည်။

ကျန်းချန်သည် ဓားစိတ်ဆန္ဒ အဆင့်နှစ်ကို ရောက်ရှိနေသော်လည်း လေ၏ အဓိပ္ပါယ်ဖြင့် မုန့်ယန်ကို အနိုင်ယူလိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။

ကျန်းချန်သည် ဓားဆန္ဒကို အသုံးမပြုဘဲ မုန့်ယန်ကို အနိုင်ယူကာ နဂါးပျံစာရင်းတွင် အဆင့်၉နေရာ ရောက်ရှိသွားမည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။

"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းကို မြင်လျှင် ကျန်းထောင်သည် မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။

ကျန်းထောင်သည် မုန့်ယန်၏ ခွန်အားကို ကောင်းစွာသိသည်။

မုန့်ယန်ကို စိန်ခေါ်စဉ်က သူ အကောင်းဆုံး ကြိုးစားခဲ့သော်လည်း မုန့်ယန်သည် သူ့ကို အလွယ်တကူပင် အနိုင်ယူခဲ့၏။

ထို့ကြောင့် ကျန်းချန်က မုန့်ယန်၏ လက်ထဲတွင် ဆက်ကွက်ပင် မခံနိုင်ဟု သူ ထင်ခဲ့ခြင်းပင်။

သို့သော် ကျန်းချန်သည် ထိုမျှလောက် ထူးချွန်လိမ့်မည်ဟု သူ မထင်ထားချေ။

၎င်းက ဓားဆန္ဒကို အသုံးမပြုခဲ့သော်လည်း မုန့်ယန်ကို ခွေးတစ်ကောင်ကဲ့သို့ ရိုက်နှက်နိုင်ခဲ့သည်။

ထိုခဏတွင် လဲ့ဟောက်ခုံး နှင့် လောင်းကြေးထပ်ခဲ့သော ပိုင်လင် သန့်ရှင်း စမ်းရေပုလင်း အကြောင်းကို တွေးမိသောအခါ ကျန်းထောင်သည် နှလုံးသွေးယိုစိမ့်နေ သကဲ့သို့ ခံစားလိုက်ရသည်။

အခန်း(၂၆၂) ပြီး၏

All Chapters