← Chapters

အခန်း (၂၁၁၃)

Vol. 152 Ch. 2113

အခန်း (၂၁၁၃)

Vol. 152 Ch. 2113

ရှန်းထူက နတ်ဆိုးစွမ်းအင်များကို ထုတ်ဖော်ပြီးနောက်တွင် ကျန်းချန်၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင် နတ်ဆိုးများကို အော်ဟစ် အမိန့်ပေးလိုက်သည်။

“အားလုံးနောက်ဆုတ်ကြစမ်း.. ငါကိုယ်တိုင် သူ့ကို ရင်ဆိုင်မယ်”

သူ့ရှေ့မှ ‌ကောင်လေးသည် မြေကြီးအရှင် အဆင့်သာ ရှိပုံရသော်လည်း အင်အားကမူ ထိုထက်မက သာလွန်နေခဲ့သည်။

သိထားရမည့် အချက်မှာ ဟေးယွင်သည် ကောင်းကင်အဆင့်ဟင်းလင်းပြင် နတ်ဆိုးအရှင်သခင် နှောင်းပိုင်းအဆင့် ဖြစ်သည်။

ထို့ကြောင့် ဟေးယွင်သည် အမြဲတစေ အလွန်အမင်း မောက်မာလေ့ရှိသူလည်း ဖြစ်၏။

သို့သော်လည်း ယခုအခါတွင် ဟေးယွင် ကဲ့သို့ မောက်မာသောသူပင် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ရှေ့တွင် အညံ့ခံရန် ရွေးချယ်ခဲ့ရသည်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ စစ်မှန်သော ခွန်အားသည် ဟေးယွင်ထက် မနိမ့်ကျသည်မှာ သေချာသလောက်ပင်။

သူ၏ လက်အောက်ငယ်သားများက အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ရာ ဤအတိုင်းသာဆက်တိုက်နေလျှင် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ သတ်ဖြတ်ခြင်းကိုသာ ခံရပေလိမ့်မည် မဟုတ်ပါလား။

“အားလုံးနောက်ဆုတ်ကြ”

ရှန်းထူ၏ စကားကိုကြားသည်နှင့် ဟင်းလင်းပြင်နတ်ဆိုးများသည် ထိတ်လန့်တကြားဖြင့် ဟင်းလင်းပြင်နတ်ဆိုးအသိုက်အမြုံ ထဲသို့ ဆုတ်ခွာသွားခဲ့ကြသည်။

သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။

ဟင်းလင်းပြင်နတ်ဆိုးအရှင်သခင် အဆင့် ပင်လျှင် ထိုလူငယ်၏ ဓားချက် တစ်ချက်ကို မခုခံနိုင်ခဲ့ပေ။

“ကောင်လေး.. ငါ့ရဲ့နယ်မြေထဲမှာ ငါ့ရဲ့ လူတွေကို သတ်ရဲတယ်လား...သေဖို့သာ ပြင်ထားလိုက်တော့”

ဟင်းလင်းပြင်နတ်ဆိုးများက ဟင်းလင်းပြင်နတ်ဆိုး အသိုက်အမြုံ ထဲသို့ နောက်ဆုတ်သွားပြီးနောက်တွင် ရှန်းထူသည် တုံ့ဆိုင်းမနေတော့ဘဲ ကျန်းချန်ကို လက်သီးဖြင့် ရုတ်တရက် တိုက်ခိုက်လိုက်သည်။

“ဝုန်း..”

အဆုံးမဲ့ နတ်ဆိုးစွမ်းအင်များသည် ရှန်းထူ၏ လက်သီးပေါ်တွင် စုဝေးလာခဲ့ပြီး ကြောက်မက်ဖွယ်ရာ ကောင်းသော အနက်ရောင် အလင်းတန်းများသည် သူ၏ လက်သီးကနေ ပေါက်ကွဲထွက်လာခဲ့၏။

သူ၏ လက်သီးချက်သည် ကမ္ဘာကိုပင် ပြိုကွဲမတတ် ဖြစ်စေခဲ့ပြီး နေနှင့်လကိုပင် ဗြောင်းဆန်စေခဲ့သည်။

ထိုခဏဝယ် ကျန်းချန်၏ ဦးခေါင်းအထက်ရှိ နေရာလွတ်သည် ပေါက်ကွဲသွားခဲ့ပြီး ဧရာမတွင်းနက်ကြီး တစ်ခု ဖြစ်ပေါ်လာခဲ့ကာ အောက်ဘက်ရှိ ကျန်းချန်ကို ဝါးမျိုတော့မည့်အလား ဖြစ်နေခဲ့သည်။

ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို လှုံ့ဆော်လိုက်သည်။

ထို့နောက် သူက ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ် မီးလျှံဓားအလင်းသည် ကောင်းကင်ယံသို့ တက်လှမ်းသွားခဲ့ပြီး အနက်ရောင် တွင်းနက်ကြီးကို ချက်ချင်းဆိုသလိုပင် ဘာမျှ မကျန်ရှိတော့သည်အထိ လောင်ကျွမ်းပစ်လိုက်သည်။

ဓားချက် တစ်ချက်တည်းဖြင့် ရှန်းထူ၏ လက်သီးစွမ်းအားကို ချေဖျက်ပြီးနောက်တွင် ကျန်းချန်သည် ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။

ဓားအလင်းက အချိန်နှင့် နေရာလွတ်ကို ဖြတ်သန်းသွားခဲ့ပြီး ရှန်းထူ တုံ့ပြန်ရန် အချိန်မရခင်မှာပင် အရာအားလုံးကို ထိုးဖောက်ကာ ရှန်းထူ၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်သွားခဲ့၏။

“ဝုန်း..”

ရှန်းထူ၏ ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလိုပင် ပေပေါင်း သောင်းချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် ချပ်ဝတ်တန်ဆာက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ပြီး ဘယ်ဘက် ပုခုံး တစ်ခုလုံးသည်လည်း ကြေမွသွားခဲ့သည်။

ဒဏ်ရာကနေ နတ်ဆိုးသွေးများ ပန်းထွက်လာခဲ့ပြီး ကောင်းကင်ယံကို ဆေးခြယ်လိုက်သလိုပင် ဖြစ်နေခဲ့၏။

ပထမအဆင့် နတ်ဆိုးနတ်ဘုရားသည် နတ်ကုန်းမြေတိုက်၏ ကျင့်ကြံခြင်းစနစ်အရ နတ်ဘုရင် အဆင့်နှင့် အတူတူပင် ဖြစ်သည်။

ဆိုရလျှင် ရှန်းထူ၏ အင်အားသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ နတ်ဘုရင်ကူစန်းထက်ပင် ပိုမို၍ သန်မာ၏။

လွန်ခဲ့သော လအနည်းငယ်ခန့်ကဆိုလျှင် ကျန်းချန်သည် ရှန်းထူကို အနိုင်ယူရန် လွယ်ကူမည် မဟုတ်ပေ။

ယခုအခါ သူက ကြယ်လေးပွင့် မြေကြီးအရှင် အဆင့်ကို ထိုးဖောက်ပြီးပြီ ဖြစ်၍ သူ၏ ခွန်အားသည် လွန်ခဲ့သော လအနည်းငယ်ကထက် ဆယ်ဆမက ပို၍ သန်မာနေခဲ့ပြီ ဖြစ်ရာ ရှန်းထူသည် သူ့ကို မည်ကဲ့သို့ ခြိမ်းခြောက်နိုင်ပါအံ့နည်း။

“ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ဤမြင်ကွင်းကိုမြင်လိုက်ရလျှင် ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံ အတွင်းရှိ မရေမတွက်နိုင်သော ဟင်းလင်းပြင် နတ်ဆိုးအားလုံးသည် ထိတ်လန့်သွားခဲ့ကြသည်။

ပထအဆင့် နတ်ဆိုးနတ်ဘုရား ရှန်းထူ ကဲ့သို့ နတ်ဆိုးနတ်ဘုရား တစ်ပါးသည် အနက်ရောင်ဝတ်စုံဝတ် လူငယ်လေး၏ သာမန် ဓားချက်အောက်တွင် ရှုံးနိမ့်သွားလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ပေ။

သိထားရမည့်အချက်မှာ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ကျင့်ကြံခြင်း အဆင့်သည် ဟင်းလင်းပြင် နတ်ဆိုးအရှင်သခင် အလယ်အလတ် အဆင့်နှင့် ညီမျှသော မြေကြီးအရှင် အဆင့်သာ ဖြစ်သည်။

ထိုကောင်လေးသည် ပါရမီ ထူးချွန်လှသော ကြယ်သုံးပွင့်မြေကြီးအရှင်အဆင့် ဖြစ်နေလျှင်ပင် ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

“ခေါင်း‌ဆောင်ရှန်းထူလို ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားတောင်မှ သူ့ကို မယှဥ်နိုင်ပါလား”

ကျန်းချန်၏ သာမန် ဓားချက်အောက်တွင် ‌ခေါင်း‌ဆောင်ရှန်းထူက နောက်ပြန် လွင့်စင်သွားသည်ကို မြင်လိုက်ရလျှင် ဟေးယွင်၏ ရင်ထဲတွင် ထိတ်လန့်သွားခဲ့သည်။

မူလက သူသည် ရှန်းထူကို အသုံးပြု၍ ကျန်းချန်ကို သတ်ဖြတ်ရန်နှင့် ထိုမှတစ်ဆင့် ကျန်းချန်၏ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်ရန် ရည်ရွယ်ခဲ့သည်။

အကယ်၍ ထိုကောင်လေးကို ရှန်းထူက မတားဆီးနိုင်ခဲ့လျှင် နောက်ဆက်တွဲ ရလဒ်များမှာ တွေးဝံ့စရာပင် မရှိတော့ပေ။

သို့သော်လည်း ကျန်းချန်၏ အင်အားသည် သူ မှန်းဆထားသည်ကို လုံးဝ ကျော်လွန်နေခဲ့ပြီး ပထမအဆင့် နတ်ဆိုးနတ်ဘုရားရှန်းထူ ပင်လျှင် ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိသည်အထိပင်။

“ကောင်လေး ငါ့ရဲ့ခန္ဓာကိုယ်ကိုတောင် နာကျင်အောင် လုပ်ရဲတယ်ဆိုတော့ မင်းသေချင်နေပြီ ထင်တယ်”

ရှန်းထူက ကျန်းချန်ကို စိုက်ကြည့်လိုက်ပြီး ဒေါသတကြီး ကြုံးဝါးလိုက်သည်။

ထို့နောက် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ကတ္တရာစေး ကဲ့သို့ မည်းနက်နေသော နှစ်ပေ၊ သုံးပေခန့် ရှည်လျားသော ဧရာမ နတ်ဆိုးဓားတစ်လက်သည် လေထဲမှတစ်ဆင့် ရှန်းထူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါများက မြင့်တက်လာခဲ့ပြီး ပေပေါင်း ထောင်ချီ မြင့်မားသော မွန်းစတားတစ်ကောင် အဖြစ်သို့ ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားခဲ့သည်။

ထိုမွန်းစတားသည် ရှေးဟောင်းနတ်ဆိုးနတ်ဘုရား တစ်ပါး ကဲ့သို့ပင် ဖြစ်နေခဲ့၏။

“သွားသေလိုက်စမ်း”

ရှန်းထူက နတ်ဆိုးဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ကျန်းချန် ဆီသို့ ခုတ်ချလိုက်သည်။

“ဝုန်း..”

“ခုနစ်စဥ်ကြယ်‌ကောင်းကင်ဓားသိုင်း”

ကြောက်မက်ဖွယ်ရာကောင်းသော ဓားအလင်းသည် လေထဲတွင် ပျံသန်းသွားခဲ့ပြီး ၎င်းဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ နေရာလွတ်ကို ဘာမှမကျန်ရှိတော့သည် အထိ ပျက်စီးသွားစေခဲ့သည်။

ကျန်းချန်ကလည်း သူ၏ လက်ထဲမှ ဓားရှည်ကို ဝှေ့ယမ်း၍ ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ထုတ်ဖော်လိုက်ရာ သူ၏ ဦးခေါင်းအထက်ရှိ ကောင်းကင်ယံတွင် ခုနစ်စဥ်ကြယ်ပုံရိပ်က ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က ခုနစ်စဥ်ကြယ်မှ ကြယ်တစ်လုံး၏ စွမ်းအားကို လှုံ့ဆော်လိုက်ရာ တောက်ပသော ကြယ်ဓားအလင်း တစ်ခုသည် ကောင်းကင်ယံကနေ ဆင်းသက်လာခဲ့ပြီး ရှန်းထူ ခုတ်ချလိုက်သော ဓားချက်နှင့် ထိပ်တိုက်ဆုံတွေ့သွားခဲ့သည်။

“ဝုန်း..”

ကြောက်မက်ဖွယ်စွမ်းအား နှစ်ခုသည် လေထုထဲတွင် အချင်းချင်း ထိမှန်သွားခဲ့ရာ အဖျက်စွမ်းအင် မုန်တိုင်းတစ်ခုသည် ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိနေရာလွတ်များကိုပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေခဲ့သည်။

ထိုကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင်လှိုင်းလုံးကြီးသည် ဆူနာမီလှိုင်းလုံးများ ကဲ့သို့ပင် လေထဲတွင် ပျံ့လွင့်သွားခဲ့၏။

ကောင်းကင်အဆင့် ဟင်းလင်းပြင် နတ်ဆိုးအရှင်သခင် နှောင်းပိုင်းအဆင့် ရှိသော ဟေးယွင်ပင်လျှင် ထိုကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင် လှိုင်းလုံးများအောက်တွင် ပေပေါင်းထောင်ချီ အကွာအဝေးအထိ နောက်သို့ ဆက်တိုက်ဆိုသလို ဆုတ်ခွာလိုက်ရသည်။

“သေစမ်း”

သူ၏ ဓားချက်ကို ကျန်းချန်က ချေဖျက်လိုက်သည်အား မြင်လျှင် ပေပေါင်းထောင်ချီ မြင့်မားသော ရှန်းထူ၏ နတ်ဆိုးခန္ဓာကိုယ်ပေါ်တွင် နတ်ဆိုးစွမ်းအင်များ ပိုမို၍ ပြင်းထန်လာခဲ့သည်။

သူ၏ ခန္ဓာကိုယ်ကနေ သတ်ဖြတ်လိုသော စိတ်ဆန္ဒများသည် ကောင်းကင်အနှံ့ ပြည့်နှက်သွားခဲ့ပြီး ကမ္ဘာပျက်မတတ်ကြောက်မက်ဖွယ်ရာကောင်းသည့် နတ်ဆိုးဓားချက် တစ်ချက်ကို ကျန်းချန်ထံ ထပ်မံ ခုတ်ချလိုက်သည်။

ကျန်းချန်ကလည်း သူ၏ ဓားရှည်ကို ဝှေ့ယမ်းကာ ခုနစဥ်ကြယ်မှ ကြယ်များ၏ စွမ်းအားများကို လှုံ့ဆော်၍ ရှန်းထူ၏ ဓားချက်ကို အဆက်မပြတ် ရင်ဆိုင်ခဲ့သည်။

သူတို့ နှစ်ဦး ထိပ်တိုက် ဆုံတွေ့တိုင်းတွင် ကြောက်မက်ဖွယ်အဖျက်စွမ်းအင် မုန်တိုင်းသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး မိုင်ပေါင်းထောင်ချီ နေရာလွတ်ကို ပရမ်းပတာ ဖြစ်စေခဲ့သည်။

အဆုံးသတ်တွင်မူ ကျန်းချန်သည် ခုနစ်စဥ်ကြယ်မှ ကြယ်စွမ်းအင် အားလုံးကို လှုံ့ဆော်လိုက်ရာ ကြယ်စွမ်းအားများသည် ဧရာမ ကြယ်တာရာ ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုဧရာမ ကြယ်တာရာဓားသည် ရှန်းထူ၏ နတ်ဆိုးဓားချက်ကို ချေဖျက်လိုက်ပြီး ရှန်းထူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့၏။

ထိုခဏတွင် ပေပေါင်းထောင်ချီ မြင့်မားသော ရှန်းထူ၏ နတ်ဆိုး ခန္ဓာကိုယ်သည် ပြိုလဲသွားခဲ့ပြီး သွေးများ ပန်းထွက်လာခဲ့ကာ ခန္ဓာကိုယ် တစ်ခုလုံးသည် ဓလေထဲကနေ ပြုတ်ကျလာခဲ့သည်။

“ဝုန်း..”

မြေပြင်တစ်ခုလုံးသည်လည်း ငလျင်လှုပ် သကဲ့သို့ တုန်ခါသွားခဲ့၏။

ကျယ်လောင်သော အသံက ထွက်ပေါ်လာပြီးနောက်တွင် ရှန်းထူ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့ရာ မြေပြင်ထက်တွင် တွင်းပေါက်ကြီး တစ်ခုကိုပင် ဖြစ်ပေါ်သွားစေခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ဟင်းလင်းပြင် နတ်ဆိုး အသိုက်အမြုံအတွင်းမှ မရေမတွက်နိုင်သော ဟင်းလင်းပြင်နတ်ဆိုးများသည် မျက်နှာများ ဖြူဖျော့သွားကြပြီး စိုးရိမ်ထိတ်လန့်နေခဲ့ကြသည်။

သူတို့ရှေ့မှ ကောင်လေးသည် အမှန်တကယ်ပင် ကြောက်စရာ ကောင်းလွန်းလှ၏။

နတ်ဆိုးနတ်ဘုရားရှန်းထူ ကဲ့သို့ အလွန်တရာ သန်မာသောသူပင် ထိုကောင်လေးရှေ့တွင် မည်သို့မျှ ပြန်လည်မခုခံနိုင်ခဲ့ပေ။

လေထုထဲတွင် ကျန်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ မတ်တပ်ရပ်နေခဲ့သည်။

သူ၏ ခန္ဓာကိုယ်က ပြိုင်ဘက်ကင်း စစ်နတ်ဘုရား တစ်ပါးကဲ့သို့ တောက်ပနေခဲ့၏။

သူက အောက်ဘက်ရှိ ဧရာမမြေကျင်းကို တည်ငြိမ်သော မျက်နှာအမူအရာဖြင့် ကြည့်လိုက်ပြီး အေးစက်စက်ပြောလိုက်သည်။

“ရှန်းထူ သေဟန်ဆောင်မနေနဲ့.. မင်းအသက်ရှင်နေသေးတယ် ဆိုတာ ငါသိတယ်.. မင်းဘာသာမင်းပဲ ထွက်လာမလား ဒါမှမဟုတ် ငါခေါ်ထုတ်ပေးရမလား”

“ဝုန်း..”

ကျန်းချန်၏ စကားအဆုံးမှာပင် အနက်‌ရောင် အလင်းတန်းတစ်ခုသည် ကောင်းကင်ယံပေါ်သို့ ထိုးတက်လာခဲ့ပြီး စုတ်ပြတ်သတ်နေသည့် ရှန်းထူ၏ ပုံရိပ်က ပေါ်လာခဲ့သည်။

သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ဝတ်စုံသည် လုံးဝကို ပျက်စီးသွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးတွင်လည်း ကြောက်မက်ဖွယ်ရာကောင်းသော ဓားဒဏ်ရာများဖြင့် ပြည့်နှက်နေခဲ့သည်။

ယခုအခါတွင် သူ၏ အရှိန်အဝါသည် အလွန်တရာ အားနည်းနေပုံရ၏။

ရှန်းထူက လေထုထဲတွင် ဝင့်ကြွားစွာရပ်နေသော ကျန်းချန်ကို ကြည့်လိုက်၏။

သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်‌သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။

“မင်း.. မင်း ဘာလိုချင်တာလဲ”

အခန်း(၂၁၁၃)ပြီး၏။

All Chapters