← Chapters

အခန်း (၄၂)

Vol. 3 Ch. 42

အခန်း (၄၂)

Vol. 3 Ch. 42

တစ်နာရီကျော်ကြာပြီးနောက် ကျန်းချန်သည် မုန့်ချင်းရွှယ် နှင့် ကျန်းခိုင်ကို ခေါ်ကာ ကျန်းအိမ်သို့ ပြန်လာခဲ့သည်။

ကျန်းချန်က ကျန်းမိသားစု တံခါးဝသို့ လျှောက်လာရင်း အဝေးကို လှမ်းကြည့်လိုက်ရာ ကျန်းမိသားစု၏ အပြင်ဘက်ရင်ပြင်တွင် လူရာချီ ရောက်ရှိနေပြီး စည်စည်ကားကား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဤလူများသည် ကျန်းမိသားစု၏ မိသားစုခေါင်းဆောင် ရာထူးတက်ပွဲ အတွက် ကျန်းချမ်ဟဲ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေမှန်း ထင်ရှားနေသည်။

ရင်ပြင်၏ အလယ်ဗဟိုရှိ မြင့်မားသော စင်မြင့် ပေါ်တွင် ကျန်းချမ်ဟဲသည် ခန့်ညားသောဝတ်စုံကို ဝတ်ကာ ဘိုးဘေးများကို ဝတ်ပြု ကိုးကွယ်နေခဲ့သည်။

"ဘိုးဘေးတွေရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး.. ဒါကြောင့် ဘိုးဘေးတွေ တည်ထောင်ထားတဲ့ အုတ်မြစ်ကို အမွေ ဆက်ခံမယ့်သူ ရှိမှ ဖြစ်လိမ့်မယ်"

"ကျန်းမိသားစုရဲ့ ခေါင်းဆောင်က အကြောင်းပြချက်မရှိဘဲ ပျောက်ကွယ်သွားတော့ ကျန်းမိသားစုက လက်ရှိအချိန်မှာ ဦးဆောင်မဲ့သူ မရှိ ဖြစ်နေခဲ့တယ်"

"ကျနော် ကျန်းချမ်ဟဲက အရည်အချင်း မပြည့်မီပေမဲ့ မိသားစုခေါင်းဆောင် အဖြစ် တာဝန်ယူလိုပါတယ်.. ဘိုးဘေးတွေရဲ့ အမွေအနှစ်ကို အမွေဆက်ခံပြီး ကျန်းမိသားစုကို ပြန်လည်အသက်သွင်းလိုပါတယ်"

"............"

ကျန်းချမ်ဟဲက ဘိုးဘေးများအား ဂါရဝပြုပြီးနောက်တွင် မြင့်မားသောစင်မြင့်၏ ပင်မထိုင်ခုံ ပေါ်တွင် ဝင်ထိုင်လိုက်သည်။

"အားလုံးပဲ ဒီနေ့ ငါကျန်းချမ်ဟဲက.."

"ကျန်းချမ်ဟဲ.. မင်းက ကျန်းမိသားစုရဲ့ ခေါင်းဆောင် ဖြစ်ချင်တယ်ဆိုရင် မင်းနဲ့ ထိုက်တန်ရဲ့လားဆိုတာ သိဖို့ မင်းရုပ်ကို မှန်ထဲ ပြန်ကြည့်ဖို့တောင် မလိုဘူး"

"ငါကမှ ကျန်းမိသားစုရဲ့ ဆက်ခံသူပဲ.. မင်းလို ခွေးအိုကြီးနဲ့မိသားစုခေါင်းဆောင်နေရာက ဘာဆိုင်လို့လဲ"

ကျန်းချမ်ဟဲ၏ စကားများ မဆုံးခင်မှာပင် ရင်ပြင်၌ အထင်အမြင်သေးသော လှောင်ပြောင်သံက ရုတ်ခြည်း ထွက်ပေါ်လာခဲ့သည်။

အားလုံးက အသံလာရာဆီသို့ ကြည့်လိုက်ရာ ရင်ပြင်၏ အလယ်ဗဟိုကို ဖြည်းညင်းစွာ လျှောက်လှမ်းလာသည့် လူသုံးယောက်ကို တွေ့လိုက်ရ၏။

"ဒီကလေးက ဘယ်သူလဲ.. ကျန်းအိမ်တော်ကိုတောင် ပြဿနာရှာရဲတယ်"

"သူက ကျန်းဝူရရဲ့သား.. ကျန်းမိသားစုရဲ့ သခင်လေးကျန်းချန်ပဲ"

"အိုး.. ဒါဆို သူက ကျန်းမိသားစုခေါင်းဆောင် ရာထူးအတွက် ကျန်းချမ်ဟဲနဲ့ ယှဥ်ပြိုင်နေတာပေါ့"

"ခန္ဓာကိုယ် ပြုပြင်ခြင်း အဆင့်၂က အမှိုက်က မိသားစုခေါင်းဆောင်နေရာအတွက် ပြိုင်ဆိုင်နေတယ်လား.. ဒါက စိတ်ကူးယဉ်နေတာပဲ"

ကျန်းချန်၏ အသွင်အပြင်ကို မြင်လိုက်ရလျှင် ရင်ပြင်ရှိ ဧည့်ပရိသတ်များစွာသည် အထင်အမြင်သေးသည့် အကြည့်ဖြင့် ကြည့်နေခဲ့ကြသည်။

ဤကမ္ဘာသည် သန်မာသူများသာ လေးစားမှုကို ခံရသော ကမ္ဘာ ဖြစ်သည်။

ခန္ဓာကိုယ် ပြုပြင်ခြင်းအဆင့်၂မှ အမှိုက်ကို မည်သူက လေးစားမှု ရှိနိုင်ပါမည်နည်း။

"ဒီကောင်.. နောက်ဆုံးတော့ ပြန်လာပြီပေါ့"

ကျန်းချမ်ဟဲက ကျန်းချန်ကို လှောင်ပြုံးပြုံး၍ ကြည့်လိုက်သည်။

သူ့မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခုက လင်းလက်လာခဲ့၏။

ကျန်းချမ်ဟဲသည် ကျန်းချန်ကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပေ။

သို့သော် မည်သူသိနိုင်ပါသနည်း။

ဤအမှိုက်ကောင်သည် ရုတ်တရက် ပါရမီများ နိုးထလာသကဲ့သို့ နတ်ဆိုးဆန်သော ပါရမီရှင် အဖြစ် ပြောင်းလဲသွားခဲ့သည်။

၎င်းက ကျန်းယွင်ဟုန်ကို အနိုင်ယူရုံသာမက လင်ယွင်ကျောင်းတော်သို့ ဝင်ရောက်ခွင့်ရခဲ့သည်။

ကျန်းချမ်ဟဲကို ပို၍ပင် မယုံနိုင်စရာ ဖြစ်စေသည်မှာ ဤအမှိုက်ကောင်သည် အဂ္ဂိရတ်သခင် တစ်ယောက်ပါ ဖြစ်လာခဲ့ခြင်းပင်။

ထို့ကြောင့် ကျန်းချမ်ဟဲသည် ကျန်းချန် ထံမှ ကြီးမားသောအန္တရာယ်ကို ခံစားလာခဲ့ရသည်။

သူက တရိပ်ရိပ် တိုးတက်နေသော ကျန်းချန်၏ တက်လမ်းများကို ရပ်တန့်ပစ်ချင်ခဲ့၏။

ထို့ကြောင့် ကျန်းမိသားစုကို ပြတ်ပြတ်သားသား ချုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

သူက ဤတစ်ကြိမ်တွင် ကျန်းချန်၏ ခြိမ်းခြောက်မှုကို လုံးလုံးလျားလျား အဆုံးသတ်ပစ်မည် ဖြစ်သည်။

"ကျန်းချန်.. ငါက ကျန်းမိသားစုရဲ့ အကြီးအကဲပါ.. လက်ရှိမှာ မိသားစုခေါင်းဆောင် ပျောက်နေတယ်.. ဘာလို့ ငါက ခေါင်းဆောင်နေရာကို အမွေဆက်ခံဖို့ မထိုက်တန်ရမှာလဲ"

"ဒီ​နေ့​က ကျန်းမိသားစုရဲ့ ​ပျော်​ရွှင်​စရာ နေ့ပါ.. မင်း ဒီ​နေရာမှာ လာမရှုပ်​စမ်းပါနဲ့"

"မဟုတ်ရင်တော့ မင်းကို ရိုင်းရိုင်းစိုင်းစိုင်း လုပ်မိလို့ ငါ့ကို အပြစ်မတင်နဲ့"

ကျန်းချမ်ဟဲက မတ်တပ်ထရပ်လိုက်ပြီး စင်အောက်မှ ကျန်းချန်ကို မတူမတန်သလို ငုံ့ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

"ကျန်းမိသားစုခေါင်းဆောင်က ငါ့အဖေကျန်းဝူရပဲ.. ငါ့အဖေကျန်းမိသားစုမှာ မရှိခဲ့ရင်တောင် မင်းအလှည့်တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

ကျန်းချန်က ကျန်းချမ်ဟဲကို ပေါ့ပေါ့ပါးပါး ကြည့်ကာ ပြောလိုက်သည်။

"မင်းမမေ့ပါနဲ့.. ငါက ကျန်းမိသားစုခေါင်းဆောင်နေရာကို တရားဝင်ဆက်ခံခွင့်ရှိတဲ့ ကျန်းမိသားစုရဲ့ သခင်လေးပဲ.. ဒီနေ့ငါလာခဲ့တာ မင်းလိုခွေးအိုကြီးကို နေရာမှန်ပြန်ပို့ဖို့ပဲ"

ကျန်းချန်က ထိုစကားကို ပြောပြီးသည်နှင့် ရင်ပြင်ထဲမှ လူတော်တော်များများသည် ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

ကျန်းမိသားစု၏ နာမည်ကျော် အမှိုက်ကောင်သည် မိသားစုခေါင်းဆောင် ရာထူးအတွက် ကျန်းချမ်ဟဲ နှင့် အမှန်တကယ် ယှဉ်ပြိုင်လိုပါသလော။

အခန်း(၄၂) ပြီး၏

All Chapters