← Chapters

အခန်း (၁၃၀၉-၁၃၁၁)

Vol. 88 Ch. 1309-1311

အခန်း (၁၃၀၉-၁၃၁၁)

Vol. 88 Ch. 1309-1311

အခန်း(၁၃၀၉)

ဖုန်းရွှယ်ခွင်း ကျဆုံးသွားခြင်းသည် လင်ချန်ယိုနှင့် ကျန်နှစ်ဦးကို ကြောက်ရွံ့တုန်လှုပ်သွားစေခဲ့သည်။

နဂိုကတည်းက ဒဏ်ရာအပြင်းအထန် ရရှိနေပြီးသား ဖြစ်သည့် လဲ့ကျိခွမ်းပင်လျှင် ထိုအချိန်၌ အထိတ်တလန့်ဖြစ်ကာ ဟာကွက်များ ဖြစ်ပေါ်သွားခဲ့ပြီး နတ်သ‌န္ဓေအင်ပါယာဆယ်ပါး၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် ချက်ချင်းဆိုသလို ဒဏ်ရာဒဏ်ချက်များ ထပ်မံ ရရှိသွားခဲ့သည်။

ခဏအကြာတွင် လဲ့ကျိခွမ်းထံကနေ ကြောက်မက်ဖွယ်ကောင်းသော အော်သံတစ်သံ ထွက်ပေါ်လာခဲ့ပြီး လဲ့ကျိခွမ်းသည်လည်း နတ်သန္ဓေအင်ပါယာ ဆယ်ပါး၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် လင်ရှီမြို့တော်၏ ဘိုးဘေး လင်ချန်ယိုသည်လည်း ယဲ့ချန်ကျွင်း၏ လက်အောက်တွင် အလျင်အမြန် ရှုံးနိမ့်သွားခဲ့၏။

လင်ချန်ယို၏ ခွန်အားသည် မြို့တော်ငါးမြို့ထဲတွင် ဖုန်းရွှယ်ခွင်းပြီးလျှင် ဒုတိယနေရာတွင် ရှိသည့်အပြင် နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ်ကိုပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ဆိုရလျှင် လင်ချန်ယိုသည် ဆဋ္ဌမအဆင့်ကို ရောက်ရှိရန် အလွန်ပင် နီးကပ်နေပြီ ဖြစ်၏။

သို့သော်လည်း ယဲ့ချန်ကျွင်းကမူ နတ်သန္ဓေအင်ပါယာနယ်ပယ် ဆဋ္ဌမအဆင့်ကို ထိုးဖောက်ပြီးသား ကျင့်ကြံသူ ဖြစ်၍ လင်ချန်ယိုထက် ပို၍သန်မာပြီး လုံးဝ နိမ့်ကျခြင်းမရှိချေ။

တိုက်ကွက်ပေါင်း ဒါဇင်ချီ တိုက်ခိုက်ခဲ့ပြီးနောက်တွင် ယဲ့ချန်ကျွင်း၏ တိုက်ခိုက်မှုအောက်၌ လင်ချန်ယို၏ အတွင်းအင်္ဂါများသည် ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရသွားခဲ့သည်။

ထိုကဲ့သို့ သေရေးရှင်ရေးအချိန်တွင် လင်ချန်ယိုသည် သူ၏ ခန္ဓာကိုယ်ကို ဖောက်ခွဲကာ ယဲ့ချန်ကျွင်းကို ပြန်လည်တွန်းလှန်ခဲ့ပြီး ဝိညာဥ်ခန္ဓာကိုယ်ဖြင့် လေထုထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ထွက်ပြေးရန် ကြိုးစားခဲ့သည်။

"လူသားဧကရာဇ်နန်းတော် တည်ထောင်တဲ့ အထိမ်းအမှတ်အဖြစ် မင်းရဲ့အသက်ကို ထားခဲ့ရမယ်"

ကျန်းချန်က လင်ချန်ယို ထွက်ပြေးသွားသည့် နေရာကို အေးစက်စက် ကြည့်လိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။

"ဝုန်း.."

မီတာတစ်ရာပတ်လည်ရှိ နေရာလွတ်က ချက်ချင်းပင် ပြိုကျသွားခဲ့ပြီး လင်ချန်ယိုသည် အော်ဟစ်သံပင် မထွက်နိုင်ခဲ့ဘဲ နေရာမှာပင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

လဲ့ကျိခွမ်းနှင့် လင်ချန်ယိုတို့ တစ်ယောက်ပြီး တစ်ယောက် ကျဆုံးသွားသည်ကိုမြင်လျှင် ဝူစန်းကျန့်သည် အလွန်တရာ ထိတ်လန့်နေခဲ့၏။

သူက ရှောင်တုလီနှင့် တိုက်ခိုက်နေရာကနေ ဓားအလင်း အဖြစ် ပြောင်းလဲကာ အဝေးကို ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ကျန်းချန်သည် သူ့ကို ထွက်ပြေးရန် မည်ကဲ့သို့အခွင့်အရေး ပေးနိုင်ပါမည်နည်း။

ကျန်းချန်က လက်ကိုညင်သာစွာ မြှောက်လိုက်ရာ ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် ချက်ချင်းဆိုသလိုပင် ဝူစန်းကျန့်ဆီသို့ ရွေ့လျားသွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် ဝူစန်းကျန့်သည် သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို သေခြင်းတရား၏ အရိပ်အငွေ့က လွှမ်းခြုံထားသကဲ့သို့ ခံစားလိုက်ရသည်။

သူက ကျန်းချန်၏ တိုက်ခိုက်မှုကို ခုခံရန် သူ၏ ဓားနယ်မြေနှင့် အားအကောင်းဆုံး ဓားသိုင်းများကို အလျင်အမြန်အသုံးပြုခဲ့သည်။

သို့သော်လည်း ကျန်းချန်၏ ဝိညာဥ်ငြိမ်းသတ်ခြင်းစည်းတံဆိပ်ကို ဖုန်းရွှယ်ခွင်း၏လေနတ်ဘုရားဓားပင် တားဆီး၍မရခဲ့ရာ ဝူစန်းကျန့်အနေဖြင့် မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။

ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအောက်တွင် ဝူစန်းကျန့်သည် အစွမ်းကုန်ကြိုးစား ရုန်းကန်ခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ပျက်စီးသွားခဲ့သည်။

"ဝုန်း.."

ပေါက်ကွဲသံနှင့်အတူ ဝူစန်းကျန့်သည် သွေးမှုန်များအဖြစ် ကြေမွပျက်စီးသွားခဲ့၏။

ဤသို့ဖြင့်ပင် အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်းဝင် မြို့တော်ငါးခု၏ ဘိုးဘေးငါးဦးထဲတွင် ရှောင်ယန်ဝူမှလွဲလျှင် အားလုံး ကျဆုံးသွားခဲ့သည်။

ရင်ပြင်ပေါ်မှ လူတိုင်းသည် သူတို့ရှေ့မှမြင်ကွင်းကို ကြည့်ကာ မှင်တက်ရာကနေ ပြန်လည် သက်သာလာရန် အချိန်အတော်ကြာယူခဲ့ရ၏။

ကျုံးကျိုးကုန်းမြေရှိ သူတော်စင်မြို့တော် ငါးမြို့သည် ရှန်းဝူတိုက်ကြီးတွင် နှစ်ပေါင်းတစ်သောင်းကြာ သမိုင်းကြောင်းရှိခဲ့သည့် ကြယ်လေးပွင့် သူတော်စင်နယ်မြေငါးခု ဖြစ်သည်။

နှစ်ထောင်‌ပေါင်းများစွာ ကြာသည့်တိုင် ရှန်းဝူတိုက်ကြီးတွင် မည်သူကမှ မြို့တော်ငါးခု၏ ဂုဏ်သိက္ခာကို စိန်မခေါ်ရဲခဲ့ပေ။

ယခုအခါတွင်မူ ကျန်းချန်သည် မြို့တော်ငါးခု၏ဂုဏ်သိက္ခာကို ဖျက်ဆီးလိုက်ရုံသာမက မြို့တော်ငါးခု၏ ဘိုးဘေးအားလုံးကိုပါ သတ်ပစ်ခဲ့သည်။

လူသားဧကရာဇ်နန်းတော်ကို ကိုယ်ပိုင် အစွမ်းအစဖြင့် တည်ထောင်ပြီး ကျုံးကျိုးကုန်းမြေရှိ သူတော်စင်မြို့တော်ငါးမြို့ကို အနိုင်ယူပြခဲ့၏။

ဤကဲ့သို့ တုန်လှုပ်စရာကောင်းသော စွမ်းဆောင်ရည်ကြောင့် ကျန်းချန်ကို ကျုံးကျိုးကုန်းမြေ၏ နံပါတ်တစ် ပါရမီရှင်ဟု တင်စားလျှင်ပင် ချဲ့ကား ပြောဆိုသည်ဟု ဆို၍မရတော့ပေ။

"ဒီနေ့ပြီးတာနဲ့ ရှန်းဝူတိုက်ကြီးရဲ့ အခင်းအကျဥ်းတွေက ပြောင်းလဲသွားခဲ့ပြီ"

လူအများအပြားက ကူကယ်ရာမဲ့စွာဖြင့် တီးတိုး ပြောဆို ဆွေးနွေးခဲ့ကြသည်။

ယနေ့တိုက်ပွဲတွင် မြို့တော်ငါးခု၏ ဘိုးဘေးများ ကျဆုံးသွားခဲ့ပြီး မြို့တော်ငါးခုသည် ခွန်အားအများအပြား ဆုံးရှုံးသွားခဲ့ရသည်။

သေချာသောအချက်မှာ ကျန်းချန်၏ ဦးဆောင်မှုအောက်တွင် လူသားဧကရာဇ် နန်းတော်သည် ရှန်းဝူတိုက်ကြီး၏ ထိပ်တန်းအင်အားစုများထဲမှ တစ်ခု ဖြစ်လာပေတော့မည်။

လူသားဧကရာဇ်နန်းတော်၏ အခြေခံအုတ်မြစ်သည် ကြယ်လေးပွင့် သူတော်စင်နယ်မြေများနှင့် ယှဥ်၍ မရသော်လည်း ခွန်အားကမူ မြို့တော်ငါးခုကို လုံးဝ ကျော်လွန်သွားခဲ့ချေပြီ။

ဤကဲ့သို့ အားကောင်းသော လူသားဧကရာဇ်နန်းတော်သည် ရှန်းဝူတိုက်ကြီး၏ သမိုင်းတွင် အင်အားအကောင်းဆုံး ကြယ်သုံးပွင့်အင်အားစု ဖြစ်လာသည်မှာ သေချာသလောက်ပင်။

"အားလုံး သေသွားခဲ့ပြီ"

ရှောင်ယန်ဝူ၏ မျက်လုံးများက မှိုင်းညှို့နေခဲ့ပြီး သူ၏မျက်နှာထက်တွင် ခါးသီးသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ကျုံးကျိုးကုန်းမြေရှိ မြို့တော်ငါးခုသည် ဤတစ်ခေါက်တွင် လုံးဝ အင်အားချိနဲ့သွားခဲ့ပြီ ဖြစ်၏။

ရှောင်ယန်ဝူသည် အမြဲတစေ ယန်ဒီမြို့တော်ကို အာရုံစိုက်ကာ အခြားသောလမြို့တော်များထက် ပို၍ အားကောင်းအောင် လုပ်ဆောင်ချင်ခဲ့သည်။

သို့သော် ဤတစ်ခါတွင်မူ ဆုံးဖြတ်ချက် မှားယွင်းသွားခဲ့ပြီး သူကိုယ်တိုင်က ယန်ဒီမြို့တော်၏ တိုးတက်မည့် အခွင့်အလမ်းကို ဖျက်ဆီးပစ်ခဲ့မိသည်။

လ

"မင်းတို့နှစ်ယောက်ကို ယန်ဒီမြို့ကနေ မောင်းထုတ်ခဲ့တုန်းက ဒီလို မြင်ကွင်းမျိုး တစ်နေ့မှာ ဖြစ်ပေါ်လာလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး"

ထိုစကားကို ကြားလျှင် ရှောင်တုလီသည် ဘိုးဘေးများထဲတွင် တစ်ဦးတည်း အသက်ရှင်ကျန်ရစ်သော ရှောင်မိသားစုဘိုးဘေး ရှောင်ယန်ဝူကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

"အဲဒီအချိန်က ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို ခင်ဗျား နောင်တရလိမ့်မယ်လို့ ကျွန်တော် ပြောခဲ့ပါသေးတယ်"

"ငါဝန်ခံပါတယ် မင်းတို့ ဆရာတပည့် နှစ်ယောက်ကို ငါတကယ်ပဲ လျှော့တွက်မိခဲ့တယ်.. ငါလည်း မလွဲသာလို့ မြို့တော်ငါးခုက မင်းတို့နှစ်ယောက်ကို အတင်း တောင်းဆိုတဲ့အချိန်မှာ မောင်းထုတ်လိုက်ရတာပါ.. ငါလုပ်ခဲ့တဲ့ လုပ်ရပ်က ယန်ဒီမြို့တော်ကို ကာကွယ်ဖို့ပါပဲ"

ရှောင်ယန်ဝူက ခါးသီးစွာ ပြောလိုက်သည်။

"ဒီနေ့ရဲ့ ရလဒ်က ငါ့ရဲ့ဆုံးဖြတ်ချက်ကြောင့် ဖြစ်လာခဲ့တာပဲ.. ငါမရှိတော့ရင်တောင် မင်းက ရှောင်မိသားစုက ဖြစ်တဲ့အတွက် ယန်ဒီ မြို့တော်ကိုတော့ အသက်ရှင်ခွင့်ပေးမယ်လို့တော့ ငါမျှော်လင့်ပါတယ်"

"‌ရှောင်ယန်ဝူ.. ယန်ဒီမြို့တော် အတွက် မင်းကို လွှတ်ပေးလိုက်မယ်.. ငါတို့ဆရာတပည့် နှစ်ယောက်နဲ့ ထပ်ပြီး မပတ်သက်ဖို့ မျှော်လင့်ပါတယ်"

ရှောင်တုလီက အေးစက်စက် ရေရွတ်လိုက်ပြီး ကျန်းချန်ကိုကြည့်လိုက်သည်။

"တပည့် ဆရာ့ရဲ့ မျက်နှာကို ထောက်ထားပြီး သူ့အသက်ကို ချမ်းသာပေးလိုက်လို့ ရမလား"

ကျန်းချန်က ပြုံး၍ ပြန်ဖြေလိုက်သည်။

"ဆရာ့မှ ဒီလိုသဘောထားလရှိမှတော့ သူ့ကို ထွက်သွားခွင့် ပေးလိုက်ပါမယ်"

စင်စစ် ရှောင်ယန်ဝူသည် လူဆိုးတစ်ယောက် မဟုတ်ပေ။

သူက ယန်ဒီမြို့တော်၏ ဖွံ့ဖြိုးတိုးတက်မှု အတွက်သာ မြှုပ်နှံခဲ့ပြီး အလွန်ပင် ရှေးရိုးဆန်သူ တစ်ယောက်လည်း ဖြစ်သည်။

ဤတိုက်ပွဲပြီးလျှင် ရှောင်ယန်ဝူသည် သူ့ကို ဆန့်ကျင်ရန် မည်သို့မှ သတ္တိရှိတော့မည် မဟုတ်ပေ။

ထို့အပြင် ရှောင်ယန်ဝူက ပြဿနာလာရှာလျှင်ပင် ကျန်းချန်၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် ရှောင်ယန်ဝူလောက်ကို မျက်စိထဲပင် ထည့်စရာ မလိုတော့ချေ။

ရှောင်ယန်ဝူက ရှောင်တုလီတို့ ဆရာတပည့်နှစ်ဦးကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် ဘာစကားမှ မပြောတော့ဘဲ ချာခနဲ လှည့်ထွက်ကာ ကောင်းကင်ယံတွင် တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။

"နန်းတော်သခင် မြို့တော်ငါးခုက အင်အားကြီးမားတဲ့ ရန်သူတွေကို ရှင်းလင်းပြီးပြီ ဆိုတော့ လူသားဧကရာဇ်နန်းတော်တည်ထောင်တဲ့ အခမ်းအနားကို ပြန်လည်ကျင်းပဖို့ အချိန်တန်ပြီ"

ရှောင်ယန်ဝူ ထွက်ခွာသွားပြီးနောက်တွင် ယဲ့ချန်ကျွင်းသည် ကျန်းချန်ကို လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။

"မလောပါနဲ့ဦး.. လူသားဧကရာဇ်နန်းတော် ပတ်ဝန်းကျင်မှာ ထူးခြားတဲ့ ဧည့်သည်နှစ်ဦးက လျှို့ဝှက် ပုန်းအောင်းနေတယ်.. သူတို့ကို အရင်ဖိတ်ခေါ်လိုက်ကြတာပေါ့"

ကျန်းချန်က ညင်သာစွာပြုံးလိုက်ပြီး သူ၏ အကြည့်သည် လေထု၏ တစ်နေရာဆီသို့ ရောက်ရှိသွားခဲ့သည်။

"မင်းတို့နှစ်ယောက် ဒီလောက်ကြာတဲ့အထိ ပုန်းနေတာ မမောဘူးလား.. အခုထွက်လာဖို့ အချိန်ရောက်ပြီ"

တစ်ခဏအတွင်းမှာပင် ပြင်းထန်သော အာကာပြင်လှိုင်း နှစ်ခုသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး မကြာမီမှာပင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်နှစ်ဦးသည် လူတိုင်း၏ မြင်ကွင်းထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။

"တကယ်ပဲ အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့သူတွေ ရှိနေပါလား"

လေထုထဲမှ ထွက်ပေါ်လာသော ပုံရိပ်နှစ်ခုကို ကြည့်ရင်း ယဲ့ချန်ကျွင်းနှင့် ရှောင်တုလီ၏ မျက်နှာသည် ရုတ်တရက် လေးနက်သွားခဲ့သည်။

ထိုနှစ်ယောက်က လေထုထဲတွင် ပုန်းအောင်းနေသော်လည်း သူတို့သည် လုံးဝ မသိခဲ့ကြပေ။

အထူးသဖြင့် ထိုနှစ်ဦး၏ အဝတ်အစားနှင့် ရင်ဘတ်ပေါ်ရှိ ကောင်းကင်ပုံသင်္ကေတကို မြင်လျှင် သူတို့၏ မျက်ဝန်းထဲ၌ လေးနက်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

လူငယ်နှစ်ယောက် ဝတ်ဆင်ထားသည့် ရင်းနှီးသောအဖြူရောင် ဝတ်စုံကိုမြင်လျှင် ကျန်းချန်၏ မျက်လုံးများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

ထိုနှစ်ယောက် ဝတ်ဆင်ထားသည် အဖြူရောင်ဝတ်စုံသည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူတွင် သူနှင့်ရင်ဆိုင်ခဲ့ဖူးသည် ဟောင်ထျန်းသူတော်စင် နယ်မြေမှ တပည့်များ ဝတ်စားထားသည့် အဝတ်အစားနှင့် အတိအကျပင် တူညီနေခဲ့သည်။

ဤအချိန်တွင် ကျန်းချန်၏ မျက်လုံးများသည် အနည်းငယ်‌ လေးနက်သွားခဲ့၏။

ဟောင်ထျန်းသူတော်စင် နယ်မြေမှ ကျင့်ကြံသူများ အနေဖြင့် ဤမျှအထိ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

အခန်း(၁၃၀၉)ပြီး၏။

အခန်း(၁၃၁၀)

"ဒီနေ့က လူသားဧကရာဇ်နန်းတော်ရဲ့အခမ်းအနားပဲ.. မင်းတို့နှစ်ယောက် အမှောင်ရိပ်ထဲမှာ ပုန်းနေတာက ရည်ရွယ်ချက်ကောင်းတွေ ရှိပုံမရဘူး"

ကျန်းချန်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

သူက ဟောင်ထျန်း သူတော်စင်နယ်မြေမှ ကျင့်ကြံသူနှစ်ယောက်အား အေးစက်စက် ပြောလိုက်၏။

"မင်းတို့တွေ ငါ့ကို ကျိုးကြောင်းသင့်လျော်တဲ့ ရှင်းလင်းချက် မပေးနိုင်ဘူးဆိုရင် မင်းတို့ရဲ့အသက်ကို ဒီနေရာမှာ ထားခဲ့ရလိမ့်မယ်"

"ကျန်းချန်.. ကျုံးကျိုးကုန်းမြေက မြို့တော်ငါးခုကို အနိုင်ယူနိုင်တာနဲ့ပဲ မင်းကိုယ်မင်း ပြိုင်ဘက်ကင်းလို့ ထင်မနေနဲ့"

နှစ်ယောက်ထဲမှ တစ်ယောက်က ကျန်းချန်ကို မောက်မာစွာကြည့်လိုက်ပြီး မထီမဲ့မြင်ပြုံး၍ ပြောလိုက်သည်။

"ငါဘယ်သူလဲဆိုတာ မင်းသိလား.. ငါက ရှန်းဝူတိုက်ကြီးရဲ့ လျှို့ဝှက်နယ်မြေ ရှစ်ခုက နံပါတ်တစ် နယ်မြေဖြစ်တဲ့ ဟောင်ထျန်းသူတော်စင်နယ်မြေရဲ့ တပည့် ရှားခုန်းပဲ"

ထိုလူငယ်၏ ပြောစကားကိုကြားလျှင် အောက်ဘက်ရှိ ရင်ပြင်ပေါ်မှာ ကျင့်ကြံသူများသည် ဆူညံပွက်လော ရိုက်သွားခဲ့သည်။

"ကျုံးကျိုးကုန်းမြေမှာ ဟောင်ထျန်းသူတော်စင်နယ်မြေ ဆိုတာ ရှိသေးလို့လား ငါဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ"

ဗဟုသုတ ချို့တဲ့သည့် သာမန် ကျင့်ကြံသူအချို့သည် နားမလည်နိုင်သော အမူအရာဖြင့် ရေရွတ်လိုက်ကြသည်။

"ဒါက မင်းတို့တွေ ဗဟုသုတနည်းပါးလို့ပါ.. တကယ်တော့ ကျုံးကျိုးကုန်းမြေမှာ သူတော်စင်မြို့တော် ငါးမြို့ အပြင် လျှို့ဝှက်နယ်မြေ ရှစ်ခုဆိုတာ ရှိသေးတယ်.. ဒီလျှို့ဝှက်နယ်မြေရှစ်ခုထဲမှာ ဟောင်ထျန်းသူတော်စင် နယ်မြေက အားအကောင်းဆုံးနယ်မြေတစ်ခုပဲ.. ဟောင်ထျန်းသူတော်စင်နယ်မြေကို တည်ထောင်ခဲ့တဲ့သူက လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀၀၀)က ရှန်းဝူတိုက်ကြီးရဲ့ အသန်မာဆုံး အင်ပါယာ ဟောင်ထျန်းလို့ ပြောကြတယ်"

လျှို့ဝှက်နယ်မြေရှစ်ခု အကြောင်းကို သိရှိသော သူတစ်ဦးက မသိသေးသော သူများကို ရှင်းပြလိုက်သည်။

"ဟောင်ထျန်း သူတော်စင်နယ်မြေက လူတွေ ဒီနေရာမှာပေါ်ထွက်လာမယ်လို့ တကယ် မမျှော်လင့်ထားခဲ့ဘူး.. ငါသိသလောက်ဆိုရင် ဟောင်ထျန်း သူတော်စင်နယ်မြေက ရှန်းဝူတိုက်ကြီးရဲ့ နံပါတ်တစ် သူတော်စင်နယ်မြေ ဖြစ်ပြီး သူတို့ရဲ့ခွန်အားက မြို့တော်ငါးခုထက်တောင် ဆယ်ဆကျော် ပိုပြီး အားကောင်းတယ်"

နောက်တစ်ဦးကလည်း တုန်လှုပ်သော အမူအရာဖြင့် ရှင်းပြလိုက်သည်။

ထိုနှစ်ယောက်၏ ရှင်းပြချက်ကိုကြားလျှင် ရင်ပြင်ပေါ်မှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အသက်ရှူရပ်မတတ်ပင် ဖြစ်သွားခဲ့ကြသည်။

လေထုထဲမှ လူငယ်နှစ်ယောက်ကို မော့ကြည့်ကာ သူတို့၏မျက်နှာထက်တွင် ထိတ်လန့်သောအမူအရာများ ဖြစ်ပေါ်လာကြသည်။

အင်ပါယာဟောင်ထျန်း တည်ထောင်ခဲ့သည့် ရှန်းဝူတိုက်ကြီး၏ နံပါတ်တစ် သူတော်စင်နယ်မြေ။

ထိုနှစ်ယောက်၏ နောက်ခံသည် အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေ၏။

"မင်းတို့ဘာသာ ဘယ်သူပဲဖြစ်ဖြစ်.. အဲဒါ ငါနဲ့ဘာဆိုင်လဲ ငါနောက်ဆုံးတစ်ခေါက် ထပ်ပြောမယ် ငါကျေနပ်လောက်တဲ့ဖြေရှင်းချက်ကို မင်းတို့ပေးနိုင်ရင် ကောင်းလိမ့်မယ်.. ဒီလိုမှမဟုတ်ရင်တော့ ငါ့ရဲ့ လူသားဧကရာဇ်နန်းတော် ဖွင့်လှစ်တဲ့ အခမ်းအနားမှာ လာရောက် နှောင့်ယှက်ရဲတဲ့ အတွက် မင်းတို့ကို သတ်ပစ်မယ်"

ရှားခုန်း၏စကားကို ကြားသော်လည်း ကျန်းချန်၏ မျက်နှာအမူအရာသည် လုံးဝလမပြောင်းလဲခဲ့ပေ။

သူ၏အသံက ယခင်အတိုင်း အေးစက်စက်ဘဖြစ်နေဆဲပင်။

ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူတွင် ဟောင်ထျန်းလသူတော်စင်နယ်မြေမှ ရှားယွမ်ဖုန်းတို့ လူစုကို သတ်ပစ်ခဲ့ပြီးပြီ ဖြစ်ရာ ဟောင်ထျန်း သူတော်စင်နယ်မြေမှ လူများ သူ့ဆီ ‌ရောက်လာမည်ကို လုံးဝ မကြောက်ရွံ့ပေ။

ဤဟောင်ထျန်း သူတော်စင်နယ်မြေမှ တပည့် နှစ်ယောက်က သူ့ကိုတကယ်ပဲ ပြဿနာရှာဖို့ လာသည်ဆိုလျှင် ၎င်းတို့ကို သတ်ပစ်မည်သာ ဖြစ်၏။

"ကျန်းချန် မင်းသိပ်မာန်တက်မနေနဲ့"

လူငယ်တစ်ဦးက မောက်မာသော အမူအရာဖြင့် ပြောလိုက်သည်။

"ဒီနေ့ ငါတို့ရောက်လာတာက သူတော်စင်သားတော်ရဲ့ အမိန့်နဲ့ မင်းကို ဟောင်ထျန်း သူတော်စင်နယ်မြေဆီ ဖမ်းခေါ်သွားဖို့အတွက်ပဲ.. မင်းသာ အခြေအနေကို ကောင်းကောင်းသဘောပေါက်တယ်ဆိုရင် လိမ်လိမ်မာမာ အဖမ်းဆီးခံပြီး ငါတို့နဲ့လိုက်လာခဲ့ပါ.. ဒီလိုမှ မဟုတ်ရင်တော့ ငါတို့ ဟောင်ထျန်းသူတော်စင် နယ်မြေက မင်းရဲ့ လူသားဧကရာဇ်နန်းတော်ကို လုံး ဝပြာပုံအတိဖြစ်အောင် ချေမှုန်းပစ်မယ်"

ကျန်းချန်က သူ့ကို မျက်စိထဲပင် လုံးဝ မထည့်သည်ကို မြင်လျှင် ရှားခုန်းသည် ‌ဒေါသအိုးပေါက်ကွဲကာ ကြုံးဝါးလိုက်သည်။

"ဟမ့် မင်းတို့ ဟောင်ထျန်း သူတော်စင်နယ်မြေရဲ့ သူတော်စင်သားတော် ရှားယွမ်ဟောင် ကိုယ်တိုင် လာရင်တောင် င့ါရှေ့မှာ ဒီလိုပြောဖို့ အရည်အချင်းမပြည့်မီဘူး.. မင်းက ဘာကောင်မို့လို့လဲ.. ငါမင်းကို အသက်ရှင်ဖို့ အခွင့်အရေး ပေးခဲ့ပြီးပြီ.. မင်းက တန်ဖိုးမထားမှတော့ သွားသေလိုက်တော့"

အေးစက်စက် ကြုံးဝါးလိုက်ပြီးနောက် ကျန်းချန်သည် သူ၏ လက်တစ်ဖက်ကို မြှောက်လိုက်ရာ လေထုထဲတွင် ဧရာမလက်ဝါးတစ်ဖက် ထွက်ပေါ်လာခဲ့သည်။

ထိုဧရာမလက်ဝါးက ထိုက်စန်းတောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖြင့် ရှားခုန်းကို ဖိနှိပ်ရန် ဦးတည်လာခဲ့သည်။

"ကျန်းချန် မင်း ရပ်လိုက်စမ်း.. ငါက ဟောင်ထျန်းသူတော်စင်နယ်မြေရဲ့တပည့်ပဲ.. မင်းငါ့ကိုသတ်ရဲရင် ဟောင်ထျန်း သူတော်စင်နယ်မြေက မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး"

ကျန်းချန်က သူ၏ ဟောင်ထျန်း သူတော်စင်နယ်မြေ၏ တပည့်ဟူသော ဂုဏ်ပုဒ်ကိုပင် ဂရုမစိုက်ဘဲ မညှာမတာတိုက်ခိုက်နေသည်ကို မြင်လျှင် ရှားခုန်း၏ မျက်နှာထက်၌ ကြောက်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

"ဟောင်ထျန်း သူတော်စင်နယ်မြေက ဘာမို့လို့လဲ.. ပြောရရင် မင်းတို့ ဟောင်ထျန်း သူတော်စင်နယ်မြေက လူတွေကို ငါမသတ်ဖူးတာလည်း မဟုတ်ဘူး"

ကျန်းချန်က သွေးအေးစွာ ပြုံး၍ ပြောလိုက်သည်။

ထို့နောက်တွင် ဧရာမ လက်ဝါးကြီးသည် လေထဲကနေ ကျဆင်းလာခဲ့ပြီး ရှားခုန်းကို တစ်ခါတည်း မညှာမတာ ဖိချပစ်လိုက်သည်။

ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ကွက်ကို မြင်လျှင် ရှားခုန်း၏ အမူအရာသည် ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် သူ၏ အသက်စွမ်းအင်များကို အလျင်အမြန် လှုံ့ဆော်ကာ လက်ဖဝါးကို ဓားဖြင့် ဖြိုခွင်းရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ကျန်းချန် ထုတ်ဖော်လိုက်သော လက်ဝါးရိုက်ချက်သည် သူခုခံနိုင်သောအရာ မဟုတ်မှန်း ရှားခုန်း ချက်ချင်းပင် နားလည်သွားခဲ့သည်။

သူ ကိုင်ဆွဲထားသောဓားသည် တစ်ခဏအတွင်းမှာပင် ကျန်းချန်၏ လက်ဝါးရိုက်ချက်အောက်၌ ပြိုလဲသွားခဲ့ပြီး တစ်လက်မချင်းစီ ပေါက်ကွဲသွားခဲ့၏။

"ကျန်းချန် ..မင်း.. မင်း.. အား"

ရှားခုန်း၏ ကြောက်မက်ဖွယ်ရာ အော်သံနှင့်အတူ ပတ်ဝန်းကျင်က ချက်ချင်းဆိုသလို တိတ်ဆိတ်သွားခဲ့သော်လည်း ရှားခုန်းကမူ လေထုထဲတွင် မရှိတော့ပေ။

ကျန်းချန် ရိုက်ချက် တစ်ချက်တည်းဖြင့်ပင် ရှားခုန်းအားသတ်ဖြတ်လိုက်သည်ကို မြင်လျှင် လူတိုင်းသည် အသက်ရှုရပ်မတတ် ဖြစ်သွားခဲ့ကြသည်။

ရှန်းဝူတိုက်ကြီး၏ နံပါတ်တစ် သူတော်စင်နယ်မြေ ဖြစ်သည့် ဟောင်ထျန်း သူတော်စင်နယ်မြေမှ တပည့်တစ်ဦးသည် ကျန်းချန်၏ ရိုက်ချက် တစ်ချက်တည်းဖြင့်ပင် သေဆုံးသွားခဲ့ရ၏။

"ကျန်းချန်.. မင်း.."

ရှားခုန်း၏ အဖော်ဖြစ်သူသည် ထိုမြင်ကွင်းကြောင့် အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။

သူက ကျန်းချန်ကို ကြောက်ရွံ့တုန်လှုပ်သော အမူအရာဖြင့် ကြည့်လိုက်ပြီး ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ် တုန်ယင်နေခဲ့၏။

ကျန်းချန်ကို ထိုလူငယ်ကို စူးစိုက်၍ ကြည့်လိုက်ကာ အေးစက်စက် ပြောလိုက်သည်။

"ဘာလဲ.. မင်းက ဟောင်ထျန်း သူတော်စင်နယ်မြေက သူတော်စင်သားတော်ရဲ့ အမိန့်နဲ့ ငါ့ကို ဟောင်ထျန်းသူတော်စင်နယ်မြေဆီ ဖမ်းခေါ်သွားချင်လို့လား"

"အဲသလိုမဟုတ်ပါဘူး ကျွန်တော်က ဒီနေရာကနေ မတော်တဆဖြတ်သွားရင်း ဒီနေ့ကလူသားဧကရာဇ်နန်းတော်တည်ထောင်တဲ့ အခမ်းအနားနေ့လို့ကြားတဲ့အတွက် လာရောက်ကြည့်ရှုတာပါ"

လူငယ်က ချက်ချင်းဆိုသလိုပင် မျက်နှာဖြူဖတ်ဖြူရော်ဖြစ်သွားခဲ့ပြီး တုန်ယင်သော လေသံဖြင့် ပြောလိုက်သည်။

"မင်းက အခမ်းအနားကို လာတက်တာန ဆိုတော့ လက်ဆောင်တော့ ပါမှာပေါ့.. ဟုတ်တယ်မဟုတ်လား"

ကျန်းချန်က မထီမဲ့မြင်ပြုံး၍ ပြောလိုက်သည်။

"နန်းတော်သခင်ကျန်း.. ဒီဟောင်ထျန်း နတ်သစ်သီးက ဟောင်ထျန်း သူတော်စင်နယ်မြေက ထူးခြားတဲ့ စိတ်ဝိညာဥ် သစ်သီးတစ်မျိုးပဲ.. ဒီသစ်သီးက နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူရဲ့ ကျင့်ကြံခြင်းကို အများကြီး တိုးတက်စေနိုင်ပါတယ်.. ဒါက ကျွန်တော့်ရဲ့ လက်ဆောင်ပါ.. ကျေးဇူးပြုပြီး လက်ခံပေးပါ"

လူငယ်က အံကြိတ်လိုက်ပြီး လက်တစ်ဝါးစာ အရွယ်အစားခန့်ရှိသည့် သေတ္တာတစ်လုံးကို အလျင်အမြန် ထုတ်ယူကာ ကျန်းချန်ကို ပေးလိုက်သည်။

ကျန်းချန်က လှမ်းယူ၍ ဖွင့်ကြည့်လိုက်ရာ သေတ္တာထဲတွင် လက်သီးဆုပ် အရွယ်ခန့်ရှိသည့် လျှို့ဝှက်ဆန်းကြယ်သောနတ်သစ်သီး တစ်လုံး ရှိနေသည်ကို တွေ့လိုက်ရသည်။

ထိုသစ်သီးတွင် ပါဝင်သော စွမ်းအင်များသည် ကျန်းချန်မြင်ဖူးသမျှ နတ်သစ်သီးများထက် များစွာပို၍ ကြွယ်ဝသည်။

"မင်းရဲ့ အကြောင်းပြချက်က ကျိုးကြောင်း ဆီလျော်တဲ့အတွက် မင်းရဲ့အသက်ကို ချမ်းသာပေးလိုက်မယ်"

ကျန်းချန်က ညင်သာစွာ ပြုံးလိုက်ပြီး ဟောင်ထျန်းနတ်သစ်သီး ထည့်ထားသည့် သစ်သားသေတ္တာကို သိမ်းဆည်းလိုက်သည်။

"နန်းတော်သခင်ကျန်းကို ကျေးဇူးတင်ပါတယ်"

ကျန်းချန်၏ စကားကိုကြားလျှင် လူငယ်သည် သူ၏နဖူးပေါ်ရှိ ချွေးစေးများကို တိတ်တဆိတ် သုတ်လိုက်မိသည်။

ကံကောင်းစွာဖြင့် သူက အလျင်အမြန် တုံ့ပြန်နိုင်ခဲ့သည်။

သို့မဟုတ်လျှင် ရှားခုန်း၏ နောက်ကို လိုက်ရမည်မှာ သေချာသလောက် ဖြစ်၏။

မမျှော်လင့်ဘဲ သူတော်စင်သားတော် ရှားယွမ်ဟောင် ရှာဖွေနေသည့် ကျန်းချန်သည် ပါရမီရှင်နတ်သန္ဓေ အင်ပါယာစာရင်း၏ ထိပ်ဆုံးကို ‌ရောက်ရှိနေသည့် ကျန်းချန် ဖြစ်နေခဲ့၏။

"ဒီကိစ္စကို သူတော်စင်သားတော်ဆီ အမြန်ဆုံးပြန်ပြီး သတင်းပို့ရမယ်.. သူတော်စင်သားတော်က ငါ သူ့ဆီကနေ အရှက်ခွဲခံရတာကို ဆယ်ဆ ပြန်လည်ရယူပေးမှာ သေချာတယ်"

ထိုသို့ တွေးပြီးနောက်တွင် ဟောင်ထျန်း သူတော်စင်နယ်မြေမှလူငယ်သည် လေထုထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။

ကျန်းချန်က ဟောင်ထျန်း သူတော်စင်နယ်မြေ၏ တပည့်တစ်ဦးကို တစ်ခဏအတွင်း သတ်ပစ်လိုက်ပြီး နောက်ထပ် တပည့်တစ်ဦးကို အတင်းအကျပ် ဖိအားပေးနေသည်ကိုမြင်လျှင် လူတိုင်းသည် အချိန်အတော်ကြာသည်အထိ မှင်တက်နေခဲ့ကြသည်။

ထိုကောင်လေးသည် ကျုံးကျိုးကုန်းမြေရှိ မြို့တော်ငါးခုကို ဖိနှိပ်ခဲ့ပြီး ရှန်းဝူတိုက်ကြီး၏ နံပါတ်တစ် သူတော်စင်နယ်မြေဖြစ်သည့် ဟောင်ထျန်း သူတော်စင်နယ်မြေကိုပင် ကြောက်ရွံ့ခြင်းရှိပုံ မရပေ။

ဟောင်ထျန်း သူတော်စင်နယ်မြေမှ လူငယ်က ထိတ်လန့်တကြား ထွက်ခွာသွားသည်ကို မြင်သော်လည်း ဂရုမစိုက်ခဲ့ပေ။

သူက လူသားဧကရာဇ်နန်းတော် ဆီသို့သာ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။

ထို့နောက်တွင် သူ၏ အသံသည် ပတ်ဝန်းကျင် တစ်ခွင်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။

"ဒီအချိန်ကနေစပြီး လူသားဧကရာဇ်နန်းတော် တည်ထောင်ခြင်း အခမ်းအနား စတင်လိုက်ပါပြီ"

အခန်း(၁၃၁၀)ပြီး၏။

အခန်း(၁၃၁၁)

ဖုန်းရွှယ်ခွင်းတို့လူစုနှင့် ဟောင်ထျန်း သူတော်စင်နယ်မြေမှ တပည့်များအား ရှင်းလင်းပြီးနောက်တွင် လူသားဧကရာဇ်နန်းတော်၏ နန်းတော်တည်ထောင်ခြင်း အခမ်းအနားကို အဆုံးသတ်၌ ချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့သည်။

ဤအချိန်တွင် မြောက်ပိုင်း ကမ်းရိုးတန်းဒေသမှ အင်အားစုများဖြစ်စေ၊ အခမ်းအနားကို တက်ရောက်လာကြသည့် ကျင့်ကြံသူများ ဖြစ်စေ၊ အားလုံးသည် အထင်မသေးရဲတော့ဘဲ မည်သည့်ပြဿနာမှ မရှာရဲကြတော့ပေ။

ဤတိုက်ပွဲအပြီးတွင် လူသားဧကရာဇ် နန်းတော်သည် မြောက်ပိုင်း ကမ်းရိုးတန်းဒေသ၏ အာဏာရှင် ဖြစ်လာခဲ့ပြီး သူတော်စင် မြို့တော်များထက်ပင် ကြောက်မက်ဖွယ်ကောင်းသော အင်အားစုတစ်ခု ဖြစ်လာမည်မှာ သေချာသလောက် ဖြစ်၏။

လူသားဧကရာဇ်နန်းတော် ရှေ့တွင် မည်သူက ရမ်းကားရန် သတ္တိရှိပါမည်နည်း။

နာရီဝက်ခန့် ကြာပြီးနောက်တွင် လူသားဧကရာဇ်နန်းတော်တည်ထောင်ခြမ်း အခမ်းအနားက ပြီးဆုံးသွားခဲ့သည်။

ထိုအခမ်းအနားတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများသည် ကျုံးကျိုးကုန်းမြေ အနှံ့သို့ အလျင်အမြန်ပင် ပျံ့နှံ့သွားခဲ့သည်။

ကျုံးကျုံးကုန်းမြေရှိ မရေမတွက်နိုင်သောကျင့်ကြံသူများသည် ထိုသတင်းကို ကြားပြီးနောက်တွင် အလွန်အမင်း တုန်လှုပ်သွားခဲ့ကြ၏။

ကျန်းချန်အပေါ် အကောင်းမြင်သူများပင် ကျန်းချန်က ထိုအဆင့်ထိ လုပ်ဆောင်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ကြပေ။

နိဗ္ဗာန်မြို့တော်ကို သိမ်းပိုက်ကာ သူတော်စင်မြို့တော် ငါးမြို့၏ ဘိုးဘေးများကို သတ်ဖြတ်ပစ်ပြီး ဟောင်ထျန်းသူတော်စင်နယ်မြေမှ တပည့်များကို ဖိနှိပ်ခဲ့သော စွမ်းဆောင်ရည်မျိုးသည် သာမန်လူများ လုပ်ဆောင်နိုင်သော ကိစ္စများမဟုတ်ပေ။

ထို့အပြင် လူသားဧကရာဇ်နန်းတော် ဟူသည့် ပြိုင်ဘက်ကင်းအင်အားစု တစ်ခုကိုပင် တည်ထောင်ခဲ့သေးသည်။

ကျန်းချန်၏ စွမ်းဆောင်ရည်က အလွန်အမင်း လွှမ်းမိုးနိုင်စွမ်းရှိပြီး ကောင်းကင်ကိုပင် ဆန့်ကျင်နေခဲ့သည်။

အပြင်ဘက်ရှိ လူများက သူ၏ စွမ်းဆောင်ရည်များကို အံ့သြတုန်လှုပ်နေစဥ် အချိန်အတွင်း ကျန်းချန်သည် လူသားဧကရာဇ်နန်းတော်၏ ကိစ္စအဝဝကို ယဲ့ချန်ကျွင်းနှင့် ရှောင်တုလီတို့အား လွှဲအပ်ထားခဲ့ပြီး သူကိုယ်တိုင်ကမူ အားကြိုးမာန်တက် ကျင့်ကြံနေခဲ့သည်။

လက်ရှိအချိန်တွင် ကျန်းချန်၏ တိုက်ပွဲဝင်စွမ်းရည်သည် အလွန်တရာပင် ထူးခြားနေပြီ ဖြစ်သည်။

သူက ဖုန်းရွှယ်ခွင်းနှင့် အခြားသော နတ်သန္ဓေအင်ပါယာနယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူများကိုပင် အလွယ်တကူ ဖိနှိပ်နိုင်သော်လည်း ကျေနပ်ခြင်း မရှိသေးပေ။

မည်သို့ပင်ဖြစ်စေ ရှန်းဝူတိုက်ကြီး၌ ပုန်းနေသော ကျားနဂါးများ ဒုနှင့်ဒေး ရှိနေသည်ဖြစ်ရာ ကျန်းချန်၏ လက်ရှိခွန်အားသည် ရှန်းဝူတိုက်ကြီး၏ ထိပ်ဆုံးကို ရောက်ရန် လုံလောက်မှုမရှိသေးချေ။

အခြားအရာများကို ထည့်မတွက်လျှင်ပင် လျှို့ဝှက်နယ်မြေရှစ်ခုမှ ဟောင်ထျန်း သူတော်စင်နယ်မြေကို လက်ရှိအချိန်တွင် သူ့အနေဖြင့် ယှဥ်နိုင်ဦးမည် မဟုတ်ချေ။

ထို့ကြောင့် ဟောင်ထျန်း သူတော်စင်နယ်မြေနှင့် ရင်ဆိုင်ရန်အတွက် သူ၏ခွန်အားကို အမြန်ဆုံး မြှင့်တင်ရမည် မဟုတ်ပါလော။

နေ့ဘက်တွင် ကျန်းချန်သည် လူသားဧကရာဇ် နန်းတော်မှ နတ်သန္ဓေ အင်ပါယာတစ်ပါးကို သူ၏ လေ့ကျင့်ဖော်အဖြစ် အသုံးချကာ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ခဲ့သည်။

ညဘက်တွင်မူ ကျန်းချန်သည် ဝိညာဥ်ကျောက်တုံးမှ အဆီအနှစ်များကို စုပ်ယူခြင်းဖြင့် သူ၏ ကိုယ်ခံပညာ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်နေခဲ့သည်။

ထို့အပြင် အဆတစ်ရာစနစ်၏ ကောင်းချီးကြောင့်လည်း ကျန်းချန်၏ ခွန်အားသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့၏။

နှစ်လကြာပြီးနောက်တွင် ကျန်းချန်၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်သည် အဌမအဆင့် အစောပိုင်းကနေ အဌမအဆင့် အလယ်အလတ် အထိ တိုးတက်သွားခဲ့သ်ည။

ယခုဆိုလျှင် ကျန်းချန်သည် နတ်သန္ဓေအင်ပါယာ နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူကို ရုပ်ပိုင်းဆိုင်ရာ ခွန်အားဖြင့်ပင် အလွယ်တကူ ချေမှုန်းနိုင်နေပြီ ဖြစ်၏။

ထို့အပြင် သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း နတ်သန္ဓေအင်ပါယာနယ်ပယ် စတုတ္ထအဆင့်သို့ အောင်မြင်စွာ ထိုးဖောက်သွားခဲ့ချေပြီ။

ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်နှင့် ကိုယ်ခံပညာအဆင့် နှစ်ခုစလုံး တိုးတက်လာသည်နှင့်အမျှ ကျန်းချန်သည် လူသားဧကရာဇ် စည်းတံဆိပ်၏ ဒုတိယ စည်းတံဆိပ် ဖြစ်သော ကျူးရှန်း စည်းတံဆိပ်ကို လေ့ကျင့်ရန် စီစဥ်ခဲ့သည်။

ရွှယ်လင်တိုက်ကြီး၏ တော်ဝင်မျိုးဆက်များသာ ကျင့်ကြံရသည့် လူသားဧကရာဇ် စည်းတံဆိပ်သည် ရှန်းဝူတိုက်ကြီးရှိ ကိုယ်ခံပညာများထက် များစွာ သာလွန်ပြီး ကမ္ဘာကို ဖျက်ဆီးနိုင်လောက်အောင်ပင် အားကောင်းသည်။

ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် စည်းတံဆိပ်သုံးခုတွင် ပထမဆုံး စည်းတံဆိပ်သာ ဖြစ်သော်လည်း နတ်သန္ဓေအင်ပါယာနယ်ပယ် တတိယအဆင့် ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် အဆင့်ငယ် သုံးဆင့်ကို ကျော်ဖြတ်ကာ နတ်သန္ဓေအင်ပါယာနယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူဖြစ်သည့် ဖုန်းရွှယ်ခွင်းကို သတ်ဖြတ်ရန်ပင် လုံလောက်ခဲ့သည်။

သူသာ ဒုတိယမြောက်စည်းတံဆိပ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်မည်ဆိုလျှင် ထိုစည်းတံဆိပ်သည် သူ့အတွက် နောက်ထပ် အားကိုးရမည့် ဝှက်ဖဲတစ်ခု ဖြစ်လာမည်မှာ သေချာသလောက်ပင် မဟုတ်ပါလား။

သို့သော်လည်း ကျန်းချန်က ကျူးရှန်း စည်းတံဆိပ်ကို စတင်၍ မလေ့လာရသေးခင်မှာပင် ရှောင်တုလီနှင့် ယဲ့ချန်ကျွင်းတို့သည် သူ့ကို ရုတ်တရက် လာရောက် တွေ့ဆုံခဲ့ကြသည်။

ရှောင်တုလီတို့ နှစ်ယောက်၏ လေးနက်သော အမူအရာကို မြင်လျှင် ကျန်းချန်သည် ကူကယ်ရာမဲ့စွာဖြင့် အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့သည်။

"ဆရာ ဘာပြဿနာဖြစ်လို့လဲ.. ဟောင်ထျန်း သူတော်စင်နယ်မြေက ကျွန်တော်တို့ကို တစ်ခုခု လုပ်ခဲ့လို့လား"

"စိတ်အေးအေးထားပါ.. ‌ဟောင်ထျန်း သူတော်စင်နယ်မြေက ငါတို့ လူသားဧကရာဇ်နန်းတော်ကို ယာယီ တိုက်ခိုက်ဦးမှာ မဟုတ်ဘူး.. အခုအချိန်မှာ ဟောင်ထျန်း သူတော်စင်နယ်မြေရဲ့ သူတော်စင်သားတော် အတွက် ငါတို့ လူသားဧကရာဇ်နန်းတော်ကို တိုက်ခိုက်တာထက်တောင် ပိုပြီး အရေးကြီးတဲ့ကိစ္စတစ်ခု ရှိနေတယ်"

ယဲ့ချန်ကျွင်းက ခေါင်းခါရမ်းလိုက်ပြီး လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

"ကျွန်တော်တို့ ဒီနေ့ အရှင်မင်းသားကို လာရှာတာက ဒီကိစ္စအတွက်ပါ"

ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့သြသော အရိပ်အယောင် ဖြစ်ပေါ်လာခဲ့ပြီး စိတ်ဝင်တစားအမူအရာဖြင့် မေးလိုက်သည်။

"အဲဒါက ဘာကိစ္စလဲ"

ရှောင်တုလီက လေးနက်စွာ ပြောလိုက်သည်။

"ငါတို့ရရှိထားတဲ့ သတင်း အချက်အလက်အရ ဆိုရင် ရှန်းဝူတိုက်ကြီးမှာရှိတဲ့ ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းက မကြာခင်ပွင့်တော့မယ်လို့ သိရတယ်"

ရှောင်တုလီ၏ စကားကိုကြားလျှင် ကျန်းချန်က မျက်မှောင်အနည်းငယ်ကြုတ်သွားခဲ့သည်။

မကြာခင်မှာပင် ကျန်းချန်က ရှောင်တုလီနှင့် ယဲ့ချန်ကျွင်းတို့ကို ကြည့်လိုက်၏။

သူ၏မျက်နှာတွင် အံ့သြတုန်လှုပ်သော အမူအရာတစ်ခု ဖြစ်ပေါ်နေခဲ့သည်။

"ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းက ရှန်းဝူတိုက်ကြီးရဲ့ ဒဏ္ဍာရီထဲက ကြယ်တာရာ မြို့တော်နဲ့များ ဆက်စပ်မှုရှိနေလား"

"အမှန်ပဲ.. ဒီရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းက ကြယ်တာရာမြို့တော်ကို သွားတဲ့ စမ်းသပ်လမ်း တစ်ခုပဲ"

ထို့နောက်တွင် ယဲ့ချန်ကျွင်းသည် ကျန်းချန်ကို ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းနှင့် ပတ်သက်၍ မိတ်ဆက်ပေးခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက သွေးဝိညာဥ် မျိုးနွယ်စုသည် ရှန်းဝူတိုက်ကြီးကို ကျူးကျော်ခဲ့သည်။

ထိုအခါ အင်ပါယာ ဟောင်ထျန်းသည် ရှန်းဝူတိုက်ကြီးမှ အင်ပါယာများကို ဦးဆောင်ပြီး ကြယ်တာရာမြို့တွင် သွေးဝိညာဥ်မျိုးနွယ်စုများနှင့် တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ပွဲတွင် ရှန်းဝူတိုက်ကြီး၏ အင်ပါယာ အများအပြားသည် ကြယ်တာရာမြို့တွင် ကျဆုံးသွားခဲ့ကြသည်။

ထို့ကြောင့် အင်အားကြီးမားသော အင်ပါယာများ၏ အမွေအနှစ်များသည် ကြယ်တာရာ မြို့တော်တွင် ကျန်ရစ်ခဲ့၏။

ရှန်းဝူတိုက်ကြီးတွင် အင်ပါယာ အမွေအနှစ်များ မပြတ်တောက်စေရန် အတွက် အင်ပါယာ ဟောင်ထျန်းသည် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းကို ဖန်တီးခဲ့ပြီး ဤသည်က ရှန်းဝူတိုက်ကြီးနှင့် ကြယ်တာရာ မြို့တော်ကို ဆက်သွယ်ပေးထားသည့် တံတားတစ်စင်း ဖြစ်လာခဲ့သည်။

ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းကို နှစ်(၁၀၀)တွင် တစ်ကြိမ်သာ ဖွင့်လှစ်ခဲ့ပြီး ရှန်းဝူတိုက်ကြီးရှိ အသက်(၁၀၀)အောက် နတ်သန္ဓေ အင်ပါယာများသာ ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း ထဲသို့ ဝင်ရောက်ခွင့်ရှိသည်။

ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းကို စမ်းသပ်အောင်မြင်လျှင် ကြယ်တာရာ မြို့တော်ထဲကို ဝင်ရောက်ခွင့်ရမည် ဖြစ်ပြီး ကြယ်တာရာမြို့တော်ရှိ အင်ပါယာ အမွေအနှစ်ကို ရယူနိုင်မည် ဖြစ်၏။

လွန်ခဲ့သောနှစ်ပေါင်း(၁၀၀၀၀)ခန့်က ရှန်းဝူတိုက်ကြီးတွင် အင်ပါယာရာချီ ရှိသည်။

ထိုအင်ပါယာအဆင့် ကျင့်ကြံသူများ၏ အမွေအနှစ်အားလုံးသည် ကြယ်တာရာ မြို့တော်တွင် ကျန်ရှိနေခဲ့ကြ၏။

ထို့ကြောင့် ကြယ်တာရာ မြို့တော်သည် ယနေ့ ရှန်းဝူတိုက်ကြီးတွင် ကြောက်မက်ဖွယ်ရာ အကောင်းဆုံး အခွင့်အလမ်းဟုပင် ဆိုနိုင်သည်။

လျှို့ဝှက်နယ်မြေရှစ်ခုမှ ထိပ်တန်း ပါရမီရှင်များပင် ဤအခွင့်အရေးကို လိုချင်တပ်မက်ကြ၏။

"ဒီရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းက ဘယ်အချိန်လောက် ဖွင့်မှာလဲ"

ကျန်းချန်က မေးခွန်းထုတ်လိုက်သည်။

သူ၏မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။

အင်ပါယာ ဟောင်ထျန်းသည် ကြယ်တာရာမြို့တော်ကို ဓားဖြင့် ပိုင်းဖြတ်ခဲ့ပြီး မြို့တစ်ဝက်သည် အင်ပါယာမြှုပ်နှံခြင်းချောက်နက်ထဲသို့ ကျရောက်သွားခဲ့သည်။

ထိုနေရာတွင် သွေးဝိညာဥ်မျိုးနွယ်စု၏ တပ်မှူးချုပ် ကျိုးယိုကို အစီအရင်ဖြင့် ဖိနှိပ်ထားခဲ့၏။

ထို့ကြောင့် ယဲ့ချန်ကျွင်း ပြောသည့် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းနှင့် ဆက်သွယ်ထားသော ကြယ်တာရာမြို့တော်သည် ကျန်းချန် မမြင်တွေ့ဖူးသည့် မြို့တော် နောက်တစ်ဝက် ဖြစ်နေသည်မှာ ထင်ရှား၏။

ဤရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းသည် ကြယ်တာရာမြို့တော်၏ နောက်ထပ် မြို့တစ်ဝက် ဆီသို့ ဦးတည်သည့်လမ်း ဖြစ်သောကြောင့် သူ့အနေဖြင့် မဖြစ်မနေ သွားရောက်မည်သာ။

"ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းက တစ်လကြာရင် ဖွင့်လှစ်လိမ့်မယ်"

ရှောင်တုလီက ပြောလိုက်သည်။

"မင်းအနေနဲ့ ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းကို ဝင်လိမ့်မယ်ဆိုတာ ငါသိတယ်.. ဒါပေမဲ့ အခုအချိန်မှာ ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းကို ဝင်ဖို့က အနည်းငယ် ဒုက္ခရောက်လိမ့်မှာကို ငါစိုးရိမ်မိတယ်.. ဘာလို့လဲဆိုတော့ ရှေးဟောင်း ကြယ်တာရာလမ်းရဲ့ ဝင်ပေါက်က ဟောင်ထျန်း သူတော်စင်နယ်မြေမှာ တည်ရှိနေလို့ပဲ"

"အဆင်ပြေပါတယ် ဆရာ.. ဒါက ဘာမှမဆန်းပါဘူး"

ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းသည် အင်ပါယာဟောင်ထျန်း ဖန်တီးထားခြင်း ဖြစ်၍ ၎င်း၏ ဝင်ပေါက်သည် ဟောင်ထျန်း သူတော်စင်နယ်မြေတွင် တည်ရှိသည်မှာ သဘာဝကျပေသည်။

ဟောင်ထျန်း သူတော်စင်နယ်မြေက အင်အားကြီးမားသော်လည်း ကျန်းချန်သည် ကြောက်ရွံ့ခြင်းမရှိပေ။

သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် နတ်သန္ဓေအင်ပါယာနယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူကိုပင် အလွယ်တကူ သတ်ပစ်နိုင်နေပြီ ဖြစ်၏။

ဟောင်ထျန်း သူတော်စင်နယ်မြေသာ သူ့ကို တိုက်ခိုက်မည်ဆိုလျှင် ကြီးမားသော အဖိုးအခကို ပေးဆပ်ရလိမ့်မည်မှာ သေချာ၏။

"နန်းတော်သခင် လူသားဧကရာဇ် နန်းတော်ရဲ့ အပြင်ဘက်မှာ ယွဲ့စစ်ယွင်လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးက နန်းတော်သခင်ကို လာရှာနေတယ်"

ကျန်းချန်က ရှောင်တုလီတို့နှင့်‌ ရှေးဟောင်း ကြယ်တာရာလမ်းအကြောင်း ဆွေးနွေးနေစဥ်မှာပင် တံခါးအပြင်ဘက်ကနေ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"ယွဲ့စစ်ယွင်လား သူဘယ်လိုဖြစ်ပြီး ရောက်လာတာပါလိမ့်"

ကျန်းချန်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"သူ့ကို ငါ့ဆီ ချက်ချင်း ခေါ်လာခဲ့ပါ"

ယွဲ့စစ်ယွင်သည် အကြောင်းမဲ့သက်သက်ဖြင့် လူသားဧကရာဇ်နန်းတော်ထိ သူ့ကို လာရောက်ရှာဖွေမည် မဟုတ်ပေ။

ယခု ရုတ်တရက် အရေးတကြီး ရောက်လာပုံထောက်လျှင် စန်းယွဲ့သူတော်စင် နယ်မြေရှိ မုန့်ချင်းရွှယ်တွင် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်နိုင်သည်။

အခန်း(၁၃၁၁)ပြီး၏။

All Chapters