← Chapters

အခန်း ၂၈၉၄

Vol. 230 Ch. 2894

အခန်း ၂၈၉၄

Vol. 230 Ch. 2894

အခန်း(၂၈၉၄)

"ဘယ်လို"

အစိမ်းရောင် ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက တုန်လှုပ်သွားခဲ့သည်။

"လုချင်း ကျဆုံးသွားပြီ ဟုတ်လား.. ဒါက မဖြစ်နိုင်တာပဲ"

အကြီးအကဲပိကျန်းက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

"ဒီအဖိုးကြီးရဲ့ အာရုံခံစားမှုက ဘယ်လိုလုပ် မှားနိုင်မှာလဲ.. လုချင်းရဲ့ အသက်ဝိညာဉ် အရှိန်အဝါက ဒီလောကထဲကနေ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ"

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

အစိမ်းရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက မျက်မှောင် ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။

"စန်းယဲ့မြို့က ယဲ့မိသားစု ခေါင်းဆောင် ယဲ့ချင်းမင်မှာ ထူးခြားတဲ့ သမီး တစ်ယောက် ရှိတယ်ဆိုလို့ လုချင်း ကိုယ်တိုင်က စန်းယဲ့မြို့ရဲ့ ယဲ့မိသားစုဆီ သွားဖို့ သဘောတူခဲ့တာပါ.. ပြီးတော့ သူ့ကို ကူညီဖို့ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် တစ်ယောက်လည်း လိုက်ပါသွားတာပဲ.. ဘယ်လိုဖြစ်ပြီး အခုလို ကြုံရတာလဲ"

စန်းယဲ့မြို့မှ ယဲ့မိသားစု ဆိုသည်မှာ ရွှေအင်မော်တယ် အဆင့်မျှသာ ရှိသော အင်အားစု ဖြစ်သည်။

ယဲ့မိသားစု၏ ခေါင်းဆောင်ဖြစ်သူ ယဲ့ချင်းမင်သည်ပင် ရွှေအင်မော်တယ် နဝမအဆင့်မျှသာ ဖြစ်၍ လုချင်းကို မည်သို့မျှ မယှဥ်နိုင်ချေ။

ယင်းအပြင် လုချင်း၏ နံဘေးတွင် ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် အဆင့် ကျင့်ကြံသူ တစ်ယောက်လည်း ရှိနေသေးသည်။

သူတို့နှစ်ဦး၏ စွမ်းရည်ဖြင့်ဆိုလျှင် စန်းယဲ့မြို့မှ ယဲ့မိသားစုကို ဖိနှိပ်ရန်မှာ လွယ်ကူသော အလုပ် တစ်ခုမျှသာ ဖြစ်၏။

"ဟမ့်.. စန်းယဲ့မြို့က ယဲ့မိသားစုက ဒီအဖိုးအိုရဲ့ တပည့်ကိုတောင် သတ်ရဲတယ်ပေါ့"

အကြီးအကဲပိကျန်းက အေးစက်စက် ကြုံးဝါးလိုက်သည်။

စကားဆုံးသည်နှင့် သူ၏ ပုံရိပ်သည် အစိမ်းရောင် ဝတ်စုံဝတ် လူလတ်ပိုင်း အရွယ် အမျိုးသား၏ ရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည်။

အစိမ်းရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက အကြီးအကဲပိကျန်း ပျောက်ကွယ်သွားသော နေရာကို ကြည့်ပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။

အကယ်၍ လုချင်းနှင့် ခြေလှမ်းတစ်ဝက် တလော့ အင်မော်တယ်တို့ နှစ်ဦးစလုံးသာ ယဲ့မိသားစု ထံတွင် အမှန်တကယ် ကျဆုံးသွားခဲ့လျှင် စန်းယဲ့မြို့မှ ယဲ့မိသားစုသည် အပေါ်ယံ မြင်တွေ့ရသလောက် မရိုးရှင်းကြောင်း သက်သေပြရန် လုံလောက်နေခဲ့ချေပြီ။

သို့သော်လည်း သူက စန်းယဲ့မြို့သို့ သွားရောက်ကာ ယဲ့မိသားစုထံ ပြဿနာရှာမည့် အကြီးအကဲ ပိကျန်းကို တားဆီးခြင်း မပြုခဲ့ပေ။

သူတို့ ပိယွင်အင်မော်တယ် နန်းတော်မှ လူများသည် စန်းယဲ့မြို့တွင် ထိုကဲ့သို့ အဓိပ္ပာယ်မရှိဘဲ ကျဆုံးသွားခဲ့ရသဖြင့် ဤကိစ္စကို ထိုမျှဖြင့် အလွယ်တကူ လက်လွှတ်၍ မရနိုင်ချေ။

ယဲ့မိသားစုက မည်မျှပင် အစွမ်းထက်နေစေကာမူ ယခုအခါ တလော့ အင်မော်တယ် ဖြစ်သည့် အကြီးအကဲပိကျန်း ကိုယ်တိုင် အရေးယူ ဆောင်ရွက်တော့မည် ဖြစ်ရာ ယဲ့မိသားစု အနေဖြင့် မည်သည့် လှိုင်းတံပိုးမျှ ထပ်မံ ဖန်တီးနိုင်ရန် မဖြစ်နိုင်သလောက်ပင်။

ကျန်းချန်သည် ယဲ့မိသားစု အတွက် ပိယွင်အင်မော်တယ်နန်းတော်မှ လူများကို ရှင်းလင်းပေးပြီးနောက်တွင် ယဲ့ချင်းမင်၏ လှိုက်လှိုက်လှဲလှဲ ဖိတ်ကြားမှုဖြင့် စန်းယဲ့မြို့ အတွင်းသို့ တိုက်ရိုက် ဝင်ရောက်ခဲ့သည်။

စန်းယဲ့မြို့၏ မြို့စားစံအိမ် အတွင်း၌ ယဲ့ချင်းမင်သည် ကျန်းချန်ကို ပင်ပန်း နွမ်းနယ်မှုများ ပြေပျောက်စေရန် အတွက် ခမ်းနားသော ဧည့်ခံပွဲ တစ်ခုကိုလည်း ကျင်းပပေးခဲ့သည်။

"သခင်လေး ကျန်းချန်.. ဒါက ကျွန်တော့်ရဲ့ သမီး ယဲ့လင်းပါ"

ယဲ့ချင်းမင်က တောက်ပသော မျက်လုံးများနှင့် ဖြူဖွေးသော သွားလေးများ ရှိသည့် အဖြူရောင် ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးကို ကျန်းချန်၏ ရှေ့မှောက်သို့ ခေါ်ဆောင်လာခဲ့သည်။

ထိုအမျိုးသမီး၏ အသက်အရွယ်က ကျန်းချန်လောက်သာ ရှိပုံရသော်လည်း သူမ၏ ကျင့်ကြံခြင်း အဆင့်က ရွှေအင်မော်တယ် ပထမ အဆင့်တွင် ရှိနေခဲ့သည်။

ယင်းမှာ ရွှေအင်မော်တယ်အဆင့် အင်အားစုများ ကြားတွင် သံသယဖြစ်ဖွယ်ရာမရှိ အလွန် ရှားပါးသော ပါရမီရှင်မျိုး ဖြစ်ပြီး ထိုအမျိုးသမီးတွင် ထူးခြားသော ပါရမီ ရှိကြောင်း သက်သေပြရန် လုံလောက်နေခဲ့၏။

"ယဲ့လင်း.. သခင်လေး ကျန်းချန်က မင်းရဲ့ အသက်သခင် ကျေးဇူးရှင်ပဲ.. မြန်မြန် ကျေးဇူးမတင်ဘဲ ဘာလုပ်နေတာလဲ.. သခင်လေး ကျန်းချန်သာ မကူညီခဲ့ရင် ပိယွင်အင်မော်တယ်နန်းတော်ဆီ ခေါ်ဆောင်ခံရလောက်ပြီ"

ယဲ့ချင်းမင်က ယဲ့လင်းကို တိုက်တွန်းလိုက်သည်။

ကျန်းချန်သည် ထူးခြားသော နောက်ခံရှိပြီး တလော့ အင်မော်တယ် တစ်ပိုင်း အဆင့်ရှိ အနှိုင်းမဲ့ ပါရမီရှင်တစ်ဦး ဖြစ်သည်။

အကယ်၍ သူ၏ သမီးဖြစ်သူသာ ထိုကဲ့သို့ ပါရမီရှင်မျိုးနှင့် သိကျွမ်းခွင့် ရရှိလျှင် သူမ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု အတွက် သေချာပေါက် ကြီးမားသော အကျိုးကျေးဇူး ရှိလာလိမ့်မည် မဟုတ်ပါလား။

"သခင်လေး ကျန်းချန် အသက်ကယ်တင်ပေးတဲ့ အတွက် ယဲ့လင်း ကျေးဇူးတင်ပါတယ်"

ယဲ့လင်းက ခြေလှမ်းများကို ညင်သာစွာ လှမ်း၍ ကျန်းချန်၏ အနီးသို့ ရောက်ရှိလာပြီး အရိုအသေ ပြုလိုက်သည်။

သူမ၏ အသံက သာယာနာပျော်ဖွယ် ကောင်းပြီး ချိုသာနေခဲ့၏။

ဤအခိုက်အတန့်တွင် ယဲ့လင်းကို စိုက်ကြည့်ရင်း အရှင်နှင်းမှုန်၏ မျက်ဝန်းထဲတွင် အံ့ဩတုန်လှုပ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

"အသင်္ချေဝိညာဉ် အင်မော်တယ် ခန္ဓာကိုယ်ပါလား"

"အသင်္ချေဝိညာဉ် အင်မော်တယ်ခန္ဓာကိုယ် ဆိုတာ ဘာလဲ စီနီယာ"

ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားခဲ့ပြီး စူးစမ်းစွာ မေးလိုက်သည်။

"အသင်္ချေဝိညာဉ် အင်မော်တယ်ခန္ဓာကိုယ် ဆိုတာက အင်မော်တယ်လောကမှာ အတော်လေး ရှားပါးတဲ့ အထူး ခန္ဓာကိုယ်တစ်ခုပဲ.. အဲဒါက ကောင်းကင်ကိုတောင် မြိုချနိုင်တယ်လို့ အဆို ရှိပြီး ကမ္ဘာပေါ်မှာရှိတဲ့ စွမ်းအား မှန်သမျှကို ကျင့်ကြံဖို့အတွက် စုပ်ယူနိုင်တယ်"

"ဒါ့အပြင် အင်မော်တယ်လောကရဲ့ ဥပဒေသတွေ အပေါ် မွေးရာပါ ရင်းနှီးကျွမ်းဝင်မှု ရှိတယ်.. အသင်္ချေဝိညာဥ် အင်မော်တယ် ခန္ဓာကိုယ်က ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်တာနဲ့ ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အင်မော်တယ်စွမ်းအားကို အလွယ်တကူ နားလည်နိုင်လိမ့်မယ်.. တစ်နည်းအားဖြင့် ပြောရရင်တော့ ဒီမိန်းကလေးရဲ့ အသင်္ချေဝိညာဉ် အင်မော်တယ် ခန္ဓာကိုယ်က အဆိုးဆုံး အခြေအနေမှာတောင် တလော့ အင်မော်တယ် ဖြစ်လာနိုင်တယ်"

အရှင်နှင်းမှုန်က လေးနက်စွာ ရှင်းပြလိုက်သည်။

အရှင်နှင်းမှုန်၏ စကားကို ကြားပြီးနောက် ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်မိလိုက်သည်။

ယဲ့ချင်းမင်၏ သမီးတွင် ထိုမျှလောက် အစွမ်းထက်သော ခန္ဓာကိုယ် ဖွဲ့စည်းပုံမျိုး ရှိနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။

တလော့ အင်မော်တယ် ဆိုသည်မှာ အင်မော်တယ်လောက၏ အချိုးအကွေ့ တစ်ခု ဖြစ်သည်။

တလော့ အင်အားစုများမှ ထိပ်တန်းပါရမီရှင် များစွာသည်ပင် ဤခြေလှမ်းကို ဖြတ်ကျော်ပြီး စစ်မှန်သော တလော့အင်မော်တယ် ဖြစ်လာရန် မတတ်နိုင်ကြချေ။

သို့သော် ယဲ့လင်း၏ အသင်္ချေဝိညာဉ် အင်မော်တယ် ခန္ဓာကိုယ်ကမူ အထွတ်အထိပ်သို့ ရောက်ရှိရန်သာ လိုအပ်ပြီး အဆိုးဆုံး အခြေအနေတွင်ပင် တလော့အင်မော်တယ် ဖြစ်လာနိုင်သည်။

ဤအချက်က အခြားသော ကျင့်ကြံသူများ အတွက် အတော်လေး မနာလိုစရာ ကောင်းနေခဲ့၏။

"မိန်းကလေး.. ငါ ဒီတစ်သက်မှာ ဘယ်တုန်းကမှ တပည့် လက်မခံခဲ့ဖူးဘူး.. မင်း ငါ့ကို ဆရာအဖြစ် တင်မြှောက်ချင်လား"

ကျန်းချန်က အသင်္ချေဝိညာဉ် အင်မော်တယ် ခန္ဓာကိုယ်၏ အစွမ်းကို အံ့ဩနေစဉ်မှာပင် အရှင်နှင်းမှုန်၏ စကားသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။

အသင်္ချေဝိညာဥ် အင်မော်တယ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ပါရမီရှင် တစ်ဦးနှင့် ကြုံတွေ့ရသောအခါတွင် အရှင်နှင်းမှုန်သည် သူမကို တပည့်အဖြစ် လက်ခံရန် စိတ်လှုပ်ရှားသွားခဲ့သည်မှာ ထင်ရှားနေခဲ့၏။

အရှင်နှင်းမှုန်၏ စကားက ယဲ့လင်းကို တစ်ခဏမျှ မှင်တက်သွားစေခဲ့သည်။

သူမက ဖခင်ဖြစ်သူ ထံသို့ လှည့်ကြည့်လိုက်၏။

"မိန်းကလေး... ငါ တစ်ချိန်က ဟန်ယွင် အထွတ်အထိပ် အဆင့် အင်မော်တယ် တစ်ဦး ဖြစ်ခဲ့ဖူးပြီး အင်မော်တယ်ဘုရင် အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့ အဆင့်အထိ ရောက်ရှိခဲ့တယ်.. အကြောင်းကိစ္စ တချို့ကြောင့် ငါ့ရဲ့ အစွမ်းတွေ အများကြီး ဆုံးရှုံးသွားခဲ့ပေမယ့် အဲဒါက မင်းရဲ့ အသင်္ချေဝိညာဉ် အင်မော်တယ် ခန္ဓာကိုယ်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမှာ မဟုတ်ပါဘူး"

အရှင်နှင်းမှုန်က ယဲ့လင်း အနည်းငယ် တွေဝေနေသည်ကို မြင်လျှင် ထပ်မံ၍ ပြောလိုက်သည်။

"ယဲ့လင်း.. မြန်မြန် ဆရာကို ဦးညွှတ်လိုက်စမ်း"

ယဲ့ချင်းမင်က မှင်တက်ရာကနေ သတိပြန်ဝင်လာပြီး စိတ်လှုပ်ရှားသော အမူအရာဖြင့် ယဲ့လင်းကို လျင်မြန်စွာ ပြောလိုက်သည်။

ယဲ့လင်း၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံက ထူးခြားကြောင်း ယဲ့ချင်းမင် အနေဖြင့် သိရှိထားသော်လည်း ယဲ့မိသားစု၏ အင်အားက အားနည်းလှသဖြင့် ယဲ့လင်းကို ပျိုးထောင်ပေးရန်မှာ လုံးဝ မဖြစ်နိုင်ချေ။

ယင်းအပြင် ပိယွင်အင်မော်တယ် နန်းတော်၏ ဂုဏ်သတင်းမှာလည်း တစ်နေ့ထက် တစ်နေ့ ပိုမို ဆိုးရွားလာသဖြင့် ယဲ့ချင်းမင်သည် ယဲ့လင်းကို ပိယွင် အင်မော်တယ် နန်းတော်သို့ မစေလွှတ်ချင်ခဲ့ပေ။

သို့သော်လည်း သူက ယဲ့လင်းအတွက် ကောင်းမွန်သော နေရာတစ်ခုကို ရှာမတွေ့ ဖြစ်နေခဲ့သည်။

ယခုတစ်ကြိမ်တွင်မူ သူက ယဲ့လင်းကို ကျန်းချန်နှင့် တွေ့ဆုံစေခဲ့ပြီး ကျန်းချန်နှင့် ဆက်ဆံရေး တည်ဆောက်ရန် မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ကျန်းချန်၏ နံဘေးမှ အရှင်နှင်းမှုန်သည် ယဲ့လင်း၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို တစ်ချက် ကြည့်ရုံဖြင့်ပင် ထိုးဖောက်မြင်နိုင်ခဲ့ပြီး ယဲ့လင်းကို တပည့်အဖြစ် လက်ခံလိုလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

ယဲ့ချင်းမင်က ဤကဲ့သို့ အခွင့်အရေး ရရှိသည့် အတွက် အလွန်အမင်း ဝမ်းမြောက်သွားခဲ့သည်။

သို့သော် သူ လက်ခံကြောင်း စကားမပြောမီမှာပင် အရှင်နှင်းမှုန်က ဟန်ယွင် အဆင့် အင်မော်တယ် တစ်ဦး ဖြစ်ခဲ့ဖူးကြောင်းပါ ပြောပြခဲ့၏။

ယဲ့လင်းသာ ထိုကဲ့သို့ ဆရာသမားမျိုးကို ရရှိနိုင်မည် ဆိုလျှင် ယင်းသည် သူတို့ ယဲ့မိသားစု အတွက် လုံးဝကို အိပ်မက်တစ်ခု ဖြစ်လာပေလိမ့်မည်။

သို့ဖြစ်ရာ ယဲ့ချင်းမင် အနေဖြင့် မည်ကဲ့သို့ ငြင်းပယ်နိုင်ပါမည်နည်း။

"ယဲ့လင်း ဆရာ့ကို ဂါရဝပြုပါတယ်"

သူမ၏ ဖခင်ဖြစ်သူ သဘောတူညီသည်ကို မြင်လျှင် ယဲ့လင်းသည် ထပ်မံ၍ တွန့်ဆုတ်မနေတော့ဘဲ အရှင်နှင်းမှုန်ကို ဆရာအဖြစ် တိုက်ရိုက် ဂါရဝပြုလိုက်သည်။

"ကောင်းတယ် သိပ်ကောင်းတယ်"

ရှားရှားပါးပါး အပြုံးတစ်ခုက အဆုံးသတ်တွင် အရှင်နှင်းမှုန်၏ တည်ငြိမ် အေးစက်သော မျက်နှာပေါ်၌ ပေါ်လာခဲ့သည်။

"ငါ့မှာ အခု မင်းအတွက် ပေးစရာ ဘာလက်ဆောင်မှ မရှိသေးဘူး.. ဒါကြောင့် မင်းရဲ့ ကိုယ်ပိုင် ကာကွယ်ရေး အတွက် ဓမ္မခန္ဓာကိုယ် တစ်ခု ပေးမယ်"

စကားဆုံးသည်နှင့် အရှင်းနှင်းမှုန်က လက်ဟန်များကို ပြုလုပ်လိုက်ပြီး စည်းတံဆိပ်တစ်ခု ဖန်တီးကာ ယဲ့လင်း၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းပေးလိုက်သည်။

သူက ပြုံးပြီး ယဲ့လင်းကို ပြောလိုက်သည်။

"ဒါက ဆရာ မင်းအတွက် ချန်ထားခဲ့တဲ့ ဓမ္မခန္ဓာကိုယ်ပဲ.. မင်း အန္တရာယ်နဲ့ ကြုံတွေ့ရရင် အဲဒါကို အသက်သွင်းနိုင်တယ်.. သာမန် တလော့အင်မော်တယ် အဆင့်လောက်က မင်းကို အနည်းငယ်တောင် နာကျင်အောင် လုပ်နိုင်မှာ မဟုတ်ဘူး"

ယဲ့လင်း၏ နူးညံ့ပြီး လှပသော မျက်နှာထက်တွင် ဝမ်းသာသော အရိပ်အယောင် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ဆရာ့ကို ကျေးဇူးတင်ပါတယ်"

ယဲ့ချင်းမင်ကလည်း အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။

ယခုအခါ ယဲ့လင်းသည် အစွမ်းထက် ဆရာတစ်ဦးကို ဆည်းကပ်ခွင့် ရရှိခဲ့ပြီး ဓမ္မခန္ဓာကိုယ်၏ ကာကွယ်စောင့်ရှောက်မှုကိုလည်း ရရှိထားပြီ ဖြစ်ရာ ဖခင်တစ်ယောက်အနေဖြင့် နောက်ဆုံးတွင် စိတ်အေးလက်အေး ရှိနိုင်ခဲ့ပြီ ဖြစ်သည်။

"မင်းက ငါ့ရဲ့ တပည့် ဖြစ်လာပြီ ဆိုမှတော့ ဆရာ တစ်ယောက်အနေနဲ့ မင်းကို အစွမ်းကုန် ပျိုးထောင်ပေးမယ်"

အရှင်နှင်းမှုန်က လက်တစ်ဖက်ကို ဝှေ့ယမ်း၍ ပြောလိုက်သည်။

သူက ချက်ချင်းပင် တစ်စုံတစ်ရာကို တွေးမိကာ ကျန်းချန်ကို လှည့်ကြည့်လိုက်သည်။

"ကောင်လေး... မင်း ငါ့ဆီကနေ ရရှိခဲ့တဲ့ ဟန်ယွင်အင်မော်တယ် စမ်းရေကို မသုံးရသေးဘူး မဟုတ်လား"

အခန်း(၂၈၉၄) ပြီး၏

All Chapters