← Chapters

အခန်း (၄၀၃)

Vol. 27 Ch. 403

အခန်း (၄၀၃)

Vol. 27 Ch. 403

"တိုက်ရိုက် တပည့် ဖြစ်ရင်တောင် ငါက ဘာကို ကြောက်ရမှာလဲ"

ကျန်းချန်၏ အားမာန်အပြည့်ဖြင့် ကြုံးဝါးသံက လေထုထဲတွင် ပြင်းထန်စွာ ပဲ့တင်ထပ်သွားခဲ့ရာ လဲ့ဟောင်ခုံးနှင့် တခြားသူများသည် ခဏမျှ စကားလုံးများ ပျောက်ဆုံးသွားကြသည်။

ထိုက်ရှဂိုဏ်းထဲကို မကြာသေးခင်ကမှ ဝင်ရောက်လာသည့် အပြင်စည်း တပည့်တစ်ယောက်က တိုက်ရိုက်တပည့်ကို အမှုမထားသည်အထိ ယုံကြည်မှု အပြည့်ရှိနေသည်မှာ သမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်နိုင်၏။

သို့သော် ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းတဲ့ အင်အားကို တွေးမိသောအခါ လဲ့ဟောင်ခုံးသည် စိတ်သက်သာရာ ရသွားခဲ့သည်။

ယခုလေးတင် ချန်လန်ကို လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ကျန်းချန်သည် ကိုယ်ခံပညာတွင် အဆင့်တစ်ခုသို့ ရောက်ရှိနေမည်မှာ သေချာ၏။

ကျန်းချန်သာ အားအင်အပြည့်ဖြင့် ကြိုးစားမည်ဆိုလျှင် အတွင်းစည်းတပည့် သို့မဟုတ် တိုက်ရိုက် တပည့်များထက် နိမ့်ကျမည် မဟုတ်ဟု သူ ယုံကြည်ခဲ့သည်။

"ဒီကောင်လေးရဲ့ တိုးတက်နှုန်းက အံ့မခန်းပဲ"

လဲ့ဟောင်ခုံးက စိတ်ထဲကနေ အံ့အားသင့်စွာ ရေရွတ်လိုက်၏။

ယန်ဟွမ် ကျောင်းတော်တွင် ကျန်းချန်ကို ပထမဆုံးအကြိမ် တွေ့စဥ်က သူတို့၏ အင်အားသည် သိပ်မကွာခြားပေ။

ရက်အနည်းငယ်အတွင်းမှာပင် ကျန်းချန်သည် ထိုက်ရှဂိုဏ်း၏ တပည့်များနှင့် ယှဉ်ပြိုင်နိုင်သည့် အဆင့်ကို ရောက်ရှိသွားသည်။

ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသည့် တိုးတက်နှုန်းသည် ကောင်းကင်ကိုပင် ဆန့်ကျင်နေသည်ဟု ဆိုရမည်။

"ညီနောင်လဲ့.. ငါ ဒီနေ့ ဆေးပင်ခူးပြီး ဂုဏ်ကျက်သရေ ရမှတ် အနည်းငယ် ပိုရခဲ့လို့ အဆင့်မြင့် ခြံဝင်း တစ်ခုကို ပြောင်းဖို့ စီစဉ်နေတယ်...မင်း ငါနဲ့ အတူလိုက်မလား"

လဲ့ဟောင်ခုံးက ကျန်းချန်၏ တိုးတက်မှုကို အံ့အားသင့်နေစဥ်မှာပင် ကျန်းချန်၏ တည်ငြိမ်သော စကားသံသည် သူ၏ နားထဲကို ရုတ်တရက် ဝင်ရောက်လာခဲ့၏။

"အဆင့်မြင့် ခြံဝင်းကို ပြောင်းမယ် ဟုတ်လား"

လဲ့ဟောင်ခုံးက ကျန်းချန်၏ စကားများကြောင့် အံ့အားသင့်သွားခဲ့သည်။

ထိုက်ရှဂိုဏ်းတွင် အပြင်စည်း တပည့်အသစ်များ အတွက် အခမဲ့ နေထိုင်စရာအပြင်၊ တပည့်တွေ နေထိုင်ဖို့ ခြံဝင်း အဆင့်အတန်း သုံးဆင့်လည်း ရှိသည်။

အခြေခံ ခြံဝင်းသည် တစ်ရက်ကို ဂုဏ်ကျက်သရေ ရမှတ် ဆယ်မှတ်။ အလယ်အလတ်ခြံဝင်သည် တစ်ရက်ကို ဂုဏ်ကျက်သရေ ရမှတ် နှစ်ဆယ်။ အဆင့်မြင့် ခြံဝင်းသည် တစ်ရက်ကို ဂုဏ်ကျက်သရေ ရမှတ် ငါးဆယ် ကျသင့်၏။

ထို့အပြင် အနည်းဆုံး တစ်လ ဌားရမ်းရသည်။

တစ်နည်းအားဖြင့် အဆင့်မြင့် ခြံဝင်းကို တစ်လတာ ငှားရမ်းအသုံးပြုရန် ဂုဏ်ကျက်သရေ ရမှတ် ၁,၅၀၀ လိုအပ်၏။

ကျန်းချန်က ဆေးပင်ခူးပြီး တစ်ရက်တည်းဖြင့် ဂုဏ်ကျက်သရေ ရမှတ် အများအပြား ရရှိခဲ့ပါသလော။

လဲ့ဟောင်ခုံးက အံ့အားသင့်လွန်း၍ စကားပင် မပြောနိုင်တော့ပေ။

ရုတ်တရက် သူ၏ စိတ်ထဲတွင် အလင်းရောင်တစ်ခု ပေါ်လာခဲ့သည်။

ယင်းမှာ ကျန်းချန် ဆေးပင်ခူးသည့် တာဝန်ကို လက်ခံစဥ်ကပြောခဲ့သည့်စကား ဖြစ်သည်။

သူက အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်၏။

"ညီနောင် ကျန်းချန်...မင်း... မင်း တကယ်ပဲ ဆေးပင်ခူးမှတ်တမ်းကို ချိုးဖျက်ခဲ့တာလား"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။

"ကံကောင်းသွားလို့ပါ.. ငါက မတော်တဆ ပထမနေ့ ဆေးပင်ခူး မှတ်တမ်းနဲ့ တစ်ရက်တည်း ဆေးပင်ခူး မှတ်တမ်းကို ချိုးဖျက်နိုင်ခဲ့တယ်"

"စံချိန် မှတ်တမ်းကို မတော်တဆ ချိုးဖျက်ခဲ့တဲ့ အပြင် တစ်ပြိုင်နက်တည်း စံချိန်နှစ်ခုကို ချိုးဖျက်ခဲ့တယ်လား"

ကျန်းချန်၏ စကားကို ကြားပြီးနောက်တွင် လူတိုင်းသည် အချိန်အတော်ကြာ မှင်တက်သွားခဲ့၏။

တိုက်ရိုက်တပည့်ကိုပင် မကြောက်ရွံ့သည့် လူတစ်ယောက်။

"ဒီကောင်က အရမ်းကြမ်းတာပဲ"

"ညီနောင် ကျန်းချန်...မင်းရဲ့ စေတနာကို ငါ တန်ဖိုးထားပါတယ်... ဒါပေမယ့် ထိုက်ရှဂိုဏ်းက အခက်အခဲတွေကို ငါကိုယ်တိုင်ပဲ ဖြတ်ကျော်ချင်တယ်

လဲ့ဟောင်ခုံးက မှင်တက်နေရာက အသိ ပြန်ဝင်လာပြီးနောက်တွင် ကျန်းချန်ကို ဆုံးဖြတ်ချက် ခိုင်မာသော အမူအရာဖြင့် ချက်ချင်း ငြင်းဆိုလိုက်သည်။

"မင်းက ဆုံးဖြတ်ပြီးပြီဆိုတော့ ငါ အတင်းအကျပ် မတိုက်တွန်းတော့ဘူး.. ဂိုဏ်းထဲမှာ ဘယ်လို အခက်အခဲမဆို ကြုံတွေ့ခဲ့ရင် ငါ့ဆီကို အချိန်မရွေး လာနိုင်ပါတယ်"

ကျန်းချန်က လဲ့ဟောင်ခုံး၏ ပခုံးကို ပုတ်ပြီး လှည့်ထွက်သွားခဲ့သည်။

တပည့်အသစ်များ၏ အိမ်ရာကနေ ထွက်ခွာလာပြီးနောက် ကျန်းချန်သည် ဂိုဏ်း၏ စီမံရေးရာ ခန်းမဆီကို တိုက်ရိုက် သွားခဲ့၏။

"ကောင်လေး...မင်းလည်း ရောက်လာတာလား"

ကျန်းချန်က စီမံရေးရာ ခန်းမထဲကို လျှောက်ဝင်သွားသည်နှင့် ရင်းနှီးသော အသံတစ်သံက သူ့ နားထဲကို ရုတ်တရက် ရောက်လာခဲ့သည်။

ကျန်းချန်က အသံလာရာဆီသို့ ခေါင်းလှည့်၍ ကြည့်လိုက်ရာ ရုပ်ရည်ဆင်တူသော လူငယ် နှစ်ယောက်ကို တွေ့လိုက်ရ၏။

သူတို့ထဲမှ တစ်ယောက်သည် မနေ့က သူ၏ ရိုက်နှက်မှုကို ခံခဲ့ရသည့် ဖူယုံ ဖြစ်သည်။

ကျန်းချန်က ဖူယုံကို ဂရုစိုက်မနေဘဲ လျစ်လျူရှုကာ စီမံရေးရာခန်းမ၏ ကောင်တာဆီသို့ တိုက်ရိုက် လျှောက်သွားပြီး တာဝန်ခံကို တည်ကြည်စွာ ပြောလိုက်၏။

"ကျွန်တော် အဆင့်မြင့်ခြံဝင်းကို တစ်လဌားရမ်းမယ်"

အခန်း(၄၀၃) ပြီး၏

All Chapters