← Chapters

အခန်း ၂၉၄၅

Vol. 235 Ch. 2945

အခန်း ၂၉၄၅

Vol. 235 Ch. 2945

အခန်း (၂၉၄၅)

ထာဝရရှင်သန်ခြင်း အင်မော်တယ်တောင်တန်း၏ ပြင်ပတွင် မြင့်မားသော တောင်တန်းတစ်ခု ရှိသည်။

ဤနေရာသည် မူလက ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ ပြင်ပရှိ သာမန် တောင်တန်း တစ်ခုသာ ဖြစ်ခဲ့သည်။

ထာဝရရှင်သန်ခြင်းအင်မော်တယ်နန်းတော်ကို ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်နှင့် ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်တို့ ပြန်လည်ပူးပေါင်းကာ စတင်တိုက်ခိုက်ကြကတည်းက စ၍ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ဤတောင်တန်းကို သိမ်းပိုက်ပြီး ယာယီစခန်းတစ်ခု အဖြစ် တည်ဆောက်ခဲ့သည်။

လက်ရှိအချိန်တွင်မူ ထိုတောင်တန်းသည် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ တားမြစ်အစီရင်များဖြင့် ဖုံးလွှမ်းခြင်းကို ခံထားရပြီး ဟန်ယွင်အဆင့် အင်မော်တယ်ကိုယ်တိုင် ရောက်ရှိလာလျှင်ပင် အလွယ်တကူ ကျူးကျော်ဝင်ရောက်ရန် ခက်ခဲပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် တောင်တန်းအတွင်းရှိ နေရာလွတ်ဟင်းလင်းပြင် တစ်ခုထဲတွင် လူရိပ်ဆယ်ခုကျော် စုဝေးနေခဲ့ကြသည်။

လူဆယ်ယောက်ကျော်ထဲမှ တစ်ယောက်ချင်းစီ၏ အရှိန်အဝါသည် အလွန်ပင် အစွမ်းထက်ပြီး ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံးသူပင်လျှင် ထိုက်ယီအင်မော်တယ်အဆင့်ကို ရောက်ရှိနေခဲ့သည်။

အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှေ့ဆုံးတွင် ရပ်နေသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူမှာ သတင်းကြားကြားချင်း ယာယီစခန်းဆီ အရင်ပြန်လာခဲ့သော ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ နန်းတော်သခင် လုချန်ချင်းပင် ဖြစ်သည်။

“ငါ့ကို ပြောပြစမ်း ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်မှာ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ”

လုချန်ချင်းက သူ့ရှေ့ရှိ ထိုက်ယီအင်မော်တယ် နှစ်ဦးကို အေးစက်စက် စိုက်ကြည့်ကာ မေးလိုက်သည်။

သူ၏ ခန္ဓာကိုယ်ကနေ လူသတ်ငွေ့များ ထွက်ပေါ်နေခဲ့၏။

သူ့ရှေ့မှ ထိုက်ယီအင်မော်တယ် နှစ်ဦးမှာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ကြသည့် ထိုက်ယီအင်မော်တယ် နှစ်ပါးပင် ဖြစ်သည်။

“နန်းတော်သခင်.. ကိစ္စက ဒီလိုပါ”

ထိုက်ယီအင်မော်တယ် တစ်ပါးက ဖြစ်ပျက်ခဲ့သမျှကို အလျင်အမြန်ပင် ရှင်းပြလိုက်သည်။

ရှင်းပြမှုကို နားထောင်ပြီးနောက်တွင် လုချန်ချင်း၏ မျက်နှာအမူအရာသည် တစ်ခဏအတွင်း အလွန်အမင်း သုန်မှုန်သွားခဲ့သည်။

ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေရှိ လက်ချိုးရေတွက်၍ ရသော ဟန်ယွင်အဆင့် အင်အားစုများထဲမှ တစ်စု ဖြစ်သည်။

ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်နှင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်မှ လွဲ၍ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ထာဝရရှင်သန်ခြင်း အင်မော်တယ် နယ်မြေအတွင်း ယှဥ်ပြိုင်နိုင်သော အင်အားစု ဟူ၍ မရှိသလောက်ပင်။

လုချန်ချင်းက ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို တိုက်ခိုက်ရန် အတွက် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ အဓိက အင်အားအများစုကို ခေါ်ဆောင်သွားခဲ့သော်လည်း ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ ဌာနချုပ်ကို မည်သူမျှ မတိုက်ခိုက်နိုင်ဟု ယုံကြည်ချက် အပြည့်ရှိခဲ့သည်။

အကြောင်းရင်းမှာ သူ့အနေဖြင့် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်တွင် ထိုက်ယီအင်မော်တယ် အထွတ်အထိပ်အဆင့် ဖြစ်သည့် အကြီးအကဲချုပ် လုချင်းလီကို တာဝန်ယူ စောင့်ကြပ်ခိုင်းထားသောကြောင့်ပင်။

လုချင်းလီ၏ စွမ်းရည်နှင့် သူ၏ လက်ထဲရှိ ဟန်ယွင်အဆင့်ရတနာဖြင့် ဆိုလျှင် စစ်မှန်သော ဟန်ယွင်အင်မော်တယ်တစ်ပါး ကိုယ်တိုင် လှုပ်ရှားခြင်း မပြုသရွေ့ လုချင်းလီကို အနိုင်ယူနိုင်မည့်သူမှာ မရှိသလောက်ပင်။

ထို့အပြင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် သူကိုယ်တိုင် ဟန်ယွင်ဥပဒေသဖြင့် ဖန်တီးထားသည့် သီးခြားကမ္ဘာငယ် အတွင်း တည်ရှိနေသည် ဖြစ်ရာ ဟန်ယွင်အဆင့်ကျင့်ကြံသူ မဟုတ်လျှင် ထာဝရစိမ်းလန်းသော အင်မော်တယ် နန်းတော် ထဲသို့ ဝင်ရောက်ရန် မဖြစ်နိုင်ချေ။

ဒုတိယတန်းစား ထိုက်ယီအဆင့် ဂိုဏ်းငယ်လေးမျှသာ ဖြစ်သော ယွင်ရှောင်ဂိုဏ်း၏ နောက်ကွယ်တွင် ဟန်ယွင်အဆင့် အင်အားစု၏ ထောက်ပံ့မှု ရှိနေလိမ့်မည်ဟု သူလုံးဝ ထင်မထားခဲ့ပေ။

ယွင်ရှောင်ဂိုဏ်းက သူတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ လက်အောက်ခံရန် ငြင်းဆန်ခဲ့ရုံတင်မက ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကိုပါ လာရောက် တိုက်ခိုက်ခဲ့သည်။

ရလဒ်အနေဖြင့် လုချင်းလီ ပင်လျှင် အသတ်ခံလိုက်ရပြီဖြစ်၏။

လုချင်းလီကို အလွယ်တကူ သတ်ဖြတ်နိုင်သော ကျင့်ကြံသူသည် ဟန်ယွင်အဆင့်ကို ရောက်ရှိနေသော အင်မော်တယ်တစ်ပါး ဖြစ်မည်မှာ သေချာသလောက်ပင်။

ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ လက်ကျန်အင်အားများထဲတွင် မည်သူကမျှ ဟန်ယွင်အဆင့် ကျင့်ကြံသူကို ခုခံနိုင်မည် မဟုတ်ပေ။

“အတော်အတင့်ရဲတဲ့ ယွင်ရှောင်ဂိုဏ်းပါလား.. မင်းတို့ရဲ့ နောက်ကွယ်မှာ ဘယ်လိုအင်အားစုမျိုး ရှိနေပါစေ.. ငါတို့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ရန်သူအဖြစ် သတ်မှတ်ရဲမှတော့ ဒီအရှင်က မင်းတို့ကို ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေကနေ လုံးဝ ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်”

လုချန်ချင်း၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ယှက်သန်းသွားခဲ့သည်။

“ငါ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ရဲ့ ဌာနချုပ်ကို ပြန်သွားမယ်.. တကယ်လို့ ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်က လူတွေရောက်လာရင် ငါ ပြန်လာမှပဲ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို တိုက်ခိုက်မဲ့အကြောင်း ဆွေးနွေးမယ်လို့ သူတို့ကို ပြောလိုက်ပါ”

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် လုချန်ချင်းသည် လူတိုင်း၏ရှေ့မှောက်တွင် ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။

----------------------

ကျန်းချန်တို့လူစုက ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ကျူးကျော်ဝင်ရောက်ပြီး ကျင့်ကြံသူများစွာကို သတ်ဖြတ်ကာ ရတနာတိုက်ကို လုယက်သွားသည့် အချိန်မှစ၍ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် တစ်ခုလုံးသည် ပရမ်းပတာ ဖြစ်သွားခဲ့ပြီး နေရာတိုင်းတွင် သွေးညှီနံ့များဖြင့် ဖုံးလွှမ်းနေခဲ့သည်။

ထိုခဏဝယ် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ အထက်ကောင်းကင်ယံတွင် ဆန်းကြယ်သော ဟင်းလင်းပြင်လှိုင်းဂယက် တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး အစိမ်းရောင်ဝတ်စုံဝတ် ပုံရိပ်တစ်ခုသည် တိုက်ရိုက်ပင် ထွက်ပေါ်လာခဲ့သည်။

ထိုအစိမ်းရောင်ဝတ်စုံဝတ် ပုံရိပ်မှာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ ဌာနချုပ် ဆီသို့ အပြေးအလွှားပြန်လာခဲ့သည့် လုချန်ချင်းပင် ဖြစ်သည်။

ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်နှင့် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်တို့ ကြားမှ အကွာအဝေးသည် မနီးပေ။

သို့သော်လည်း ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါးဖြစ်သည့် လုချန်ချင်း၏ အရှိန်အဟုန်ကြောင့် တစ်ခဏအတွင်းမှာပင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သို့ ပြန်လည် ရောက်ရှိလာခဲ့၏။

သူက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ ပရမ်းပတာ ဖြစ်နေသော ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို မြင်လိုက်ရလျှင် သူ၏ ဒေါသများသည် ငယ်ထိပ်အထိ ဆောင့်တက်သွားခဲ့သည်။

“နန်းတော်သခင် နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့”

ထိုအခိုက်အတန့်တွင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်မှ ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ကျန်ရစ်ခဲ့သော တလော့အင်မော်တယ် တစ်ပါးသည် ဝမ်းနည်းပူဆွေးသော မျက်နှာထားဖြင့် လုချန်ချင်း ထံသို့ ရောက်ရှိလာခဲ့သည်။

လုချန်ချင်းက ဒေါသတကြီးဖြင့် ပြောလိုက်သည်။

“ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်မှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ငါ့ကို အခုချက်ချင်း ပြောပြစမ်း”

“နန်းတော်သခင်.. မကြာသေးခင်ကပဲ ယွင်ရှောင်ဂိုဏ်းလို့ ခေါ်တဲ့ အင်အားစုတစ်စုက ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ရုတ်တရက် ရောက်ရှိလာခဲ့တယ်.. သူတို့က အကြီးအကဲချုပ် လုချင်းလီကို အလွယ်တကူ အနိုင်ယူပြီး ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ထဲကို ဝင်ရောက်လာခဲ့ကြတယ်.. သူတို့ လူစုက အတော်လေး အစွမ်းထက်ကြတယ်.. သူတို့ထဲမှာ တစ်ယောက်ချင်းစီက ထိုက်ယီအင်မော်တယ် အဆင့်ထက် မနိမ့်ကျဘူး.. ကျွန်တော်တို့ဆီက တလော့အင်မော်တယ်တွေကို သူတို့တွေ အလွယ်တကူပဲ သတ်ဖြတ်ပစ်ခဲ့ကြတယ်.. အခု သူတို့က ရတနာတိုက်ထဲက ဟန်ယွင်အင်မော်တယ် စမ်းရေတွင်းနဲ့ တခြား အရင်းအမြစ်တွေ အားလုံးကို လုယက်သွားကြပြီ”

ထိုတလော့အင်‌မော်တယ် တစ်ပါးက ထိတ်လန့်တကြားဖြင့် အလျင်အမြန် ပြောပြလိုက်သည်။

“ယွင်ရှောင်ဂိုဏ်း.. သိပ်ကို သတ္တိကောင်းနေပါလား”

လုချန်ချင်းက ဒေါသအိုး ပေါက်ကွဲနေခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် လူသတ်‌ငွေ့များ ပြည့်နှက်နေခဲ့သည်။

အတိတ်ကာလက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် ပြိုင်ဘက်တစ်ဦးနှင့် တိုက်ခိုက်ခဲ့ပြီးနောက် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေထဲကနေ လုံးဝပျောက်ကွယ်သွားခဲ့သည်။

ထိုအချိန်မှစ၍ ထာဝရရှင်သန်ခြင်း အင်‌မော်တယ်နန်းတော်သည် ခေါင်းဆောင်မရှိသော နဂါးအုပ်စု ကဲ့သို့ ဖြစ်သွားခဲ့ရသည်။

ရည်မှန်းချက် ကြီးမားသော လုချန်ချင်းသည် ဤအခွင့်အရေးကို အရယူကာ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကနေ ခွဲထွက်ခဲ့ပြီး သူ၏ နောက်လိုက်များနှင့် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို တည်ထောင်ခဲ့၏။

ဆိုရလျှင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ဤနှစ်များတစ်လျှောက် သူ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ဖြစ်တည်လာသော ရလဒ် ဖြစ်ပြီး အထူးသဖြင့် ရတနာတိုက်ထဲမှ အရင်းအမြစ်များသည် သူခက်ခက်ခဲခဲ စုဆောင်းထားရသည့် အရာများ ဖြစ်သည်။

ယခုအခါတွင် ထိုအရာအားလုံး လုယက်ခံလိုက်ရပြီ ဖြစ်ရာ လုချန်ချင်းသည် အဘယ်ကြောင့် ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။

လုချန်ချင်း၏ ပုံရိပ်က ဖျတ်ခနဲ လက်သွားခဲ့ပြီး ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ အထက်ကောင်းကင်ယံကနေ တိုက်ရိုက်ဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို သူစတင်တည်ထောင်ခဲ့ကတည်းကပင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ယခုကဲ့သို့ အရှက်ရဖွယ် အခြေအနေမျိုးနှင့် တစ်ခါမှ မကြုံခဲ့ရဖူးပေ။

ထို့ကြောင့် ယခုကဲ့သို့ဖြစ်ရပ်သည် သူတို့ ထာဝရစိမ်းလန်းသောအင်မော်တယ်နန်းတော် အတွက် ကြီးမားသော အရှက်ရမှု တစ်ခုပင် ဖြစ်သည်။

ယွင်ရှောင်ဂိုဏ်း၏ နောက်ကွယ်မှလူက မည်သူပင် ဖြစ်နေပါစေ သူ့အနေဖြင့် ယွင်ရှောင်ဂိုဏ်းကို ဤကိစ္စအတွက် ဆယ်ဆမက သေချာပေါက် ပြန်လည်ပေးဆပ်ခိုင်းမည်ဖြစ်၏။

-----------------

တစ်ချိန်တည်းမှာပင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်နှင့် မိုင်ပေါင်းထောင်ချီဝေးကွာသော လေထုထဲတွင် ပုံရိပ်နှစ်ခု ရပ်နေကြသည်။

၎င်းတို့မှာ ကျန်းချန်နှင့် အရှင်ဇူရီ တို့ပင် ဖြစ်၏။

ကျန်းချန်က ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ ရတနာတိုက်ကို လုယက်ပြီးနောက်တွင် ချင်းယွင်ဘိုးဘေးတို့နှစ်ဦးကို ယွင်ရှောင်ဂိုဏ်းဆီ အရင်ပြန်ခိုင်းလိုက်ပြီး သူ ကိုယ်တိုင်ကမူ ထွက်ခွာရန် အလျင်မလိုခဲ့ပေ။

ယခုတစ်ကြိမ်တွင် သူက ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ထဲသို့ ကျူးကျော်ဝင်ရောက်ကာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်က စုဆောင်းထားသည့် အရင်းအမြစ်များအား လုယူခဲ့သဖြင့် ယင်းသည် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်မှ ဟန်ယွင်အဆင့် အင်မော်တယ်ကို သေချာပေါက် ဒေါသပေါက်ကွဲစေလိမ့်မည် ဖြစ်သည်။

သူ့အနေဖြင့် ယွင်ရှောင်ဂိုဏ်းသို့ ပြန်သွားခဲ့လျှင်ပင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် သူ့ကို အလွယ်တကူ အလွှတ်ပေးလိမ့်မည် မဟုတ်ပေ။

သူ၏ လက်ရှိစွမ်းရည်နှင့် အရှင်ဇူရီ၏ အကူအညီဖြင့်သာ ဆိုလျှင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်မှ ဟန်ယွင်အဆင့် ကျင့်ကြံသူကို အနိုင်မယူနိုင်သည့်တိုင် ပြန်လည် ဆုတ်ခွာနိုင်စွမ်းတော့ ရှိနေပါသေး၏။

သို့သော်လည်း ယွင်ရှောင်ဂိုဏ်းတွင် သူ ရှိနေလျှင်မူ ယွင်ရှောင်ဂိုဏ်းသည် ယင်းအတွက် ကြီးမားသော ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ရနိုင်ခြေ ရှိသည်။

ဤအကြောင်းကြောင့်ပင် ကျန်းချန်သည် ယွင်ရှောင်ဂိုဏ်းသို့ မပြန်တော့ဘဲ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ အနီးအနားတွင် နေကာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ လှုပ်ရှားမှုတိုင်းကို ဂရုတစိုက် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်မှ ဟန်ယွင်အဆင့်အင်မော်တယ် ပြန်လည် ရောက်ရှိလာသည်နှင့် သူက အရှင်ဇူရီနှင့် ပူးပေါင်းကာ ထိုဟန်ယွင်အဆင့် ကျင့်ကြံသူကို ရင်ဆိုင်တိုက်ခိုက်မည် ဖြစ်သည်။

သို့မှသာ ယွင်ရှောင်ဂိုဏ်းကို ဤကိစ္စထဲကနေ ကင်းလွတ်စေပြီး လုရှောင်ချင်းနှင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော် အပေါ်တွင် ကျရောက်နေသည့် ဖိအားတချို့ကိုလည်း ခွဲဝေယူနိုင်မည် ဖြစ်သည်။

ယင်းက တစ်ချက်ခုတ် နှစ်ချက်ပြတ် ဟုပင် ဆိုနိုင်သည် မဟုတ်ပါလော။

“အရှင်ဇူရီ.. ခင်ဗျားရဲ့ စွမ်းအားက ဘယ်အတိုင်းအတာအထိ ပြန်လည် ကောင်းမွန်နေပြီလဲ”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှူရှိုက်လိုက်ပြီးနောက်တွင် သူ၏ နံဘေးရှိ အရှင်ဇူရီကို ကြည့်ကာ မေးလိုက်သည်။

ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်မှ ဟန်ယွင်အဆင့် ကျင့်ကြံသူကို ရင်ဆိုင်နိုင်ခြင်း ရှိ မရှိ ဆိုသည်မှာ အရှင်ဇူရီ အပေါ်တွင်သာ အဓိက မူတည်နေခဲ့သည်။

“တကယ်လို့ သူက သာမန် ဟန်ယွင်အစောပိုင်းအဆင့် ကျင့်ကြံသူဆိုရင်တော့ ငါ့ကို ဘာမှတတ်နိုင်မှာ မဟုတ်ဘူး”

အရှင်ဇူရီက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“ဒါပေမဲ့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ရဲ့ ဟန်ယွင်အဆင့် ကျင့်ကြံသူက အင်မော်တယ်ဘုရင်အဆင့်အင်အားစု ဖြစ်တဲ့ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ဖူးပြီး နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့တဲ့ မွန်းစတားအိုကြီး တစ်ကောင် ဖြစ်နေတယ်ဆိုတော့ သူ့ရဲ့စွမ်းရည်က သာမန် ဟန်ယွင်အဆင့် ကျင့်ကြံသူထက် အများကြီး ပိုမြင့်မားနိုင်ခြေ ရှိတယ်”

အခန်း(၂၉၄၅)ပြီး၏။

All Chapters