← Chapters

အခန်း (၂၅၄)

Vol. 17 Ch. 254

အခန်း (၂၅၄)

Vol. 17 Ch. 254

ရုတ်တရက် အေးစက်သည့် အော်သံတစ်သံကို ကြားလိုက်ရသည်။

ကျန်းချန် မျက်မှောင်ကြုတ်လိုက်သည်။

သူက အသံလာရာဆီ လှမ်းကြည့်လိုက်ရာ သူတို့ထံသို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်လာသည့် ပုံရိပ်နှစ်ခုကို တွေ့လိုက်ရသည်။

ထိုလူနှစ်ယောက်ထဲမှ တစ်ဦးမှာ သူနှင့် မစိမ်းသည့် မုန့်မိသားစုမှ မုန့်ချန် ဖြစ်သည်။

မုန့်ချန်၏ နံဘေးတွင် အဖြူရောင် အဝတ်အစားကို ဝတ်စားထားပြီး ဓားမျက်ခုံးနှင့် ကြယ်မျက်လုံးကို ပိုင်ဆိုင်ထားသည့် မောက်မာသော အသွင်အပြင်ရှိသော လူငယ်တစ်ဦး ရှိနေသည်။

"လခွမ်း.. သူက နဂါးစာရင်းရဲ့ အဆင့်၉ နေရာမှာရှိတဲ့ မုန့်ယန် မဟုတ်လား... သူက ဘယ်လိုလုပ်ပြီး ရောက်လာရတာလဲ"

ရုတ်တရက် မုန့်ချန် ပေါ်လာသည်ကို မြင်လျှင် ပတ်ဝန်းကျင်မှ ကျောင်းသား အတော်များများမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့၏။

မုန့်ယန်ဆိုသည်မှာ နဂါးစာရင်းတွင် ထိပ်ဆုံး ဆယ်ယောက်စာရင်းဝင် ဖြစ်ပြီး အတုမရှိ ပါရမီရှင် တစ်ဦးဖြစ်သည်။

နဂါးစာရင်း၏ ထိပ်ဆုံး ဆယ်ယောက်သည် အချိန်တိုင်းနီးပါး အပတ်တကုတ် ကြိုးစား၍ လေ့ကျင့်နေကြ၍ လူမြင်ကွင်းတွင် သိပ်တွေ့ရလေ့ မရှိပေ။

ထို့ကြောင့် မုန့်ယန်က ဈေးဆိုင်တန်းတွင် ရုတ်တရက် ပေါ်လာမည်ဟု သူတို့ မထင်မှတ်ထားကြခြင်း ဖြစ်သည်။

"ကျန်းချန်ရဲ့ ဘေးက သောက်ရမ်းမိုက်တဲ့စော်ကို မင်းတို့ မြင်တယ် မဟုတ်လား.. သူမက မုန့်မျိုးနွယ်စုရဲ့ တိုက်ရိုက် တပည့် မုန့်ချင်းရွှယ်ပဲ"

"အယ်.. လခွမ်း...ကျန်းချန်က မုန့်မိသားစုရဲ့ တိုက်ရိုက် တပည့်ကို အစေခံအဖြစ် လက်ခံရဲတယ်လား"

"ဒီကောင် အတော်ဆိုးဆိုးပဲ"

ဤအချိန်တွင် လူတိုင်းသည် ကျန်းချန်ကို တကယ်ပင် လက်ဖျားခါသွားကြသည်။

မုန့်မိသားစု ဆိုသည်မှာ မဟာရှားနိုင်ငံတွင် ကိုယ်ခံပညာနှင့်ပတ်သက်လျှင် အကျော်ကြားဆုံး မိသားစု ဖြစ်သည်။

မဟာရှားနိုင်ငံတွင် မုန့်မိသားစု၏ တိုက်ရိုက် တပည့်တိုင်းသည် သာလွန်သည့် တည်ရှိမှု တစ်ခု ဖြစ်ပြီး ၎င်းတို့ကို ရန်စရဲသည့်သူ မရှိသလောက်ပင်။

ဤကျန်းချန်က အလွန် ရဲတင်းလွန်းပြီး မုန့်မိသားစု၏ တိုက်ရိုက် တပည့်ကို အစေခံအဖြစ်ပင် လက်ခံခဲ့သည်။

သို့သော် ယခု ကျန်းချန်ရှေ့ကို ရောက်လာသည့် မုန့်မျိုးနွယ်မှ မုန့်ယန်မှာ သာမန်ကျင့်ကြံသူ မဟုတ်ပေ။

နဂါးစာရင်း၏ ထိပ်ဆုံး ဆယ်ယောက် စာရင်းဝင်ဖြစ်သည့် မုန့်ယန်ကို ကျန်းချန်က မည်ကဲ့သို့ ကိုင်တွယ်မည်ကို သူတို့အားလုံး ကြည့်ရှုလိုခဲ့ကြသည်။

"မုန့်ယန် နင့်စကားက ဘာအဓိပ္ပါယ်လဲ"

"ငါ့ ကိစ္စကို အကြီးအကဲတောင် ဘာမှ မပြောဘူး.. နင်က မဆီမဆိုင် ဘာလို့ ဝင်စွက်ဖက်နေတာလဲ"

မုန့်ချင်းရွှယ်က မျက်မှောင်ကြုတ်၍ မုန့်ယန်ကို အေးစက်စွာ ကြည့်လိုက်သည်။

"အကြီးအကဲက မင်းရဲ့ လွတ်လပ်မှုကို ဝင်ရောက် မစွက်ဖက်ဘူးဆိုပေမဲ့ မင်းကို အခြားသူရဲ့ အစေခံ ဖြစ်ခွင့်တော့ ပေးမှာ မဟုတ်ဘူး"

"မင်းက ဘာအကြောင်းကြောင့် ဒီကောင့်နောက်ကို တကောက်ကောက်လိုက်နေရတာလဲ.. မင်းကြောင့် ငါတို့ မုန့်မိသားစုရဲ့ မျက်နှာက ဘယ်နေရာမှာ ထားရမလဲ မသိတော့ဘူး"

မုန့်ယန်က ဒေါသထွက်သည့် အမူအရာဖြင့် ပြောလိုက်သည်။

"အခြေအနေကိုနားလည်ရင် ဒီကောင့်နားကနေ ချက်ချင်း ထွက်သွားလိုက်"

"မင်းဦးနှောက်ပျက်နေလား"

"ချင်းရွှယ်က ငါ့ရဲ့ အစေခံပဲ...သူမ ထွက်သွားချင်ရင် ငါ သဘောတူမတူ အရင် မေးရမယ်"

"မင်းက ဘယ်သူလဲ...သူ့ကို ငါ့ဆီကနေ ထွက်သွားစေဖို့ မင်းမှာ ဘယ်လိုလုပ်ပိုင်ခွင့်တွေ ရှိလို့လဲ"

ကျန်းချန်သည် မုန့်ယန်ကို ပေါ့ပါးစွာ ကြည့်၍ မုန့်ချင်းရွှယ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ချင်းရွှယ်...သွားကြစို့"

"မင်း ခေါ်သွားရဲလား"

ကျန်းချန်က သူ့ကိုပင် မျက်လုံးထဲ မထည့်သည်ကို မြင်လျှင် မုန့်ယန်၏ မျက်နှာသည် ရုတ်တရက် အေးစက်သွားခဲ့သည်။

သူက ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် သူ၏ ပုံရိပ်သည် ကျန်းချန် အရှေ့တွင် ဘွားခနဲ ထွက်ပေါ်လာသည်။

"ကျန်းချန် မင်းလိုကောင်ကများ ငါ့ရှေ့မှာ မောက်မာရဲတယ်.. ငါဘယ်သူလဲ ဆိုတာ မင်းသိလား"

မုန့်ယန်က ကျန်းချန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

သူ၏ မျက်လုံးထဲတွင် လူသတ်လိုသော အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။

"မင်းဘာသာ ဘယ်သူလဲ ဖြစ်ဖြစ် ငါနဲ့ ဘာဆိုင်လို့လဲ"

ကျန်းချန်က အေးစက်စွာ ပြောလိုက်သည်။

"မင်း ဘယ်သူ ဆိုတာ ငါ ဂရုမစိုက်ဘူး.. ဒါပေမဲ့ ငါ့လူကိုတော့ လာမထိနဲ့"

"ကောင်းတယ် သိပ်ကောင်းတယ်"

"မင်းက ငါတို့ မုန့်မျိုးနွယ်စုကို မျက်လုံးထဲ မထည့်ဘူး.. ဒါ့အပြင် မင်းက ငါတို့ မုန့်မျိုးနွယ်စုရဲ့ နဂါးပျံ လျှို့ဝှက်နည်းစနစ်ကို လက်ခံထားတယ်.. ငါ့မှာ မင်းကို သက်ညှာစရာ ဘာအကြောင်းမှ မရှိတော့ဘူး"

မုန့်ယန်သည် ဒေါသတကြီး ရယ်မောလိုက်သည်။

ထိုခဏတွင် သူ့ထံကနေ အလွန်အားကောင်းသည့် အရှိန်အဝါ တစ်ခု ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။

"နဂါးစာရင်းဝင် ကျောင်းသားတွေရဲ့ စိန်ခေါ်မှု စည်းမျဉ်းကို မင်းက ငါ့ထက် ပိုပြီး သိသင့်တယ်"

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ပြောလိုက်သည်။

"ဒီနေရာမှာ တိုက်ခိုက်မယ် ဆိုတော့ ကျောင်းတော်ကနေ အပြစ်ပေးခံရမှာကို မင်းက ဂရုမစိုက်တဲ့ သဘောလား"

"ဟမ့်.. မင်းက ငါ့ကို ဖိနှိပ်ဖို့ ကျောင်းတော်ရဲ့ စည်းမျဉ်းတွေကို အသုံးချချင်နေတာလား"

"ဒီနေ့ ငါ အပြစ်ပေးခံရရင်တောင် မင်းကို ကြီးလေးတဲ့ အဖိုးအခ ပေးဆပ်စေမယ်"

မုန့်ယန်က စကားဆုံးသည်နှင့် သူ၏ ချွန်ထက်သော လက်သည်းများဖြင့် လေထုကို ထိုးခွဲကာ ကျန်းချန်၏ လည်မျိုကို ကုတ်ဆွဲလိုက်သည်။

အခန်း(၂၅၄) ပြီး၏

All Chapters