← Chapters

အခန်း (၁၉၄၀)

Vol. 134 Ch. 1940

အခန်း (၁၉၄၀)

Vol. 134 Ch. 1940

"ကျန်းချန်.. သေစမ်း"

အရှင်ကျီယွင်က ခြေကိုးလှမ်း အထွတ်အထိပ် နတ်စွမ်းအား နည်းစနစ်ကို အသုံးပြုလိုက်ရာ သူ၏ စွမ်းအားသည် ချက်ချင်းပင် အလွန် အစွမ်းထက်သော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ကြောက်မက်ဖွယ် စွမ်းအားကြောင့် ကမ္ဘာလောကကြီးပင် အရောင်ပြောင်းသွားခဲ့သည်။

ကျီယွင်ဂိုဏ်းမှ တပည့် အများအပြားသည် ဤအရှိန်အဝါ၏ ဖိအားအောက်တွင် မြေပြင်ပေါ်သို့ ဒူးထောက်ကျကာ တုန်ယင်နေခဲ့ကြသည်။

သို့သော် ကျန်းချန်က လုံးဝ မကြောက်ရွံ့ခဲ့ပေ။

အရှင်ကျီယွင်က ခြေကိုးလှမ်း အထွတ်အထိပ် နတ်စွမ်းအား နည်းစနစ်ကြောင့် ခွန်အား သိသိသာသာ တိုးတက်လာခဲ့သော်လည်း မဟာမြေရိုင်းနယ်မြေ၏ အဆင့်နိမ့် နယ်မြေနတ်ဘုရားများလောက်သာ ဖြစ်သည်။

ရှေးနတ်ဆိုးခန်းမ၏ အဖြူအနက် အရှင်နှစ်ပါး နှင့် နှိုင်းယှဉ်လျှင်ပင် အဆင့်တစ်ဆင့် နိမ့်ကျနေဆဲ ဖြစ်၏။

သူ၏ အထွတ်အထိပ် ကောင်းကင် နတ်ဘုရား ခွန်အားဖြင့် ဆိုလျှင် အရှင်ကျီယွင်၏ ခွန်အားလောက်ကို မျက်လုံးထဲ မည်ကဲ့သို့ ထည့်စရာ လိုအပ်ပါမည်နည်း။

"သေစမ်း"

အရှင်ကျီယွင်က လက်ဟန်များကို ပြုလုပ်လိုက်ရာ သစ်ပင်အိုကြီး တစ်ပင်လောက် ထူထဲသော ဧရာမ ခရမ်းရောင် မိုးကြိုးနှင့် လျှပ်စီးများသည် အရပ်မျက်နှာအားလုံးကနေ ပြင်းထန်စွာ စုဝေးလာပြီး အရှင်ကျီယွင်ရှေ့တွင် ခရမ်းရောင် မိုးကြိုးလက်ဝါး အဖြစ် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။

ဤ ဧရာမလက်ဝါးကြီးသည် မိုးကြိုးနတ်ဘုရား၏ လက်ဝါးကဲ့သို့ ကောင်းကင်နှင့် နေကို ဖုံးအုပ်ကာ ကျန်းချန်ဆီသို့ သက်ရောက်လာခဲ့၏။

"ဟားဟား... ဒီ ခွန်အားလောက်နဲ့ ငါ့ကို ရင်ဆိုင်ဖို့ မလုံလောက်သေးဘူး"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

သူ၏ ဦးခေါင်းအထက်တွင် ခုနစ်စဥ်ကြယ်က ပေါ်လာခဲ့၏။

ကျန်းချန်၏ ထိန်းချုပ်မှုအောက်မှာပင် ခုနစ်စဥ်ကြယ်မှ ကြောက်မက်ဖွယ် ကြယ်စွမ်းအားသည် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်လောက်သည့် ဧရာမ ကြယ်ဓားအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားကာ အရှင်ကျီယွင်၏ ဧရာမ လက်ဝါးနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

"ဝုန်း"

စွမ်းအင် ပေါက်ကွဲမှုတစ်ခုသည် ကျီယွင်တောင်၏ အထက် ကောင်းကင်ယံတွင် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး မိုင်ထောင်ချီ နေရာလွတ်ကို နက်မှောင်သော ပတ်ဝန်းကျင် အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် ကြုံတွေ့ရလျှင် အရှင်ချီလင်တို့ လူစုသည် မိုင်ရာပေါင်းများစွာ နောက်ဆုတ်သွားခဲ့ကြသည်။

အောက်ဘက်ရှိ ကျီယွင်ဂိုဏ်းမှ တပည့်များသည် ကောင်းကင်ယံကို စိတ်လှုပ်ရှားစွာ ငေးကြည့်နေခဲ့ကြ၏။

"ဘယ်သူ အနိုင်ရသွားတာလဲ"

အချိန်အတော်ကြာပြီးနောက်တွင် နက်မှောင်သောပတ်ဝန်းကျင်က ပြန်လည် ကြည်လင်သွားခဲ့သည်။

ကျီယွင်ဂိုဏ်းမှ တပည့်အားလုံးသည် စိုးရိမ်တကြီးဖြင့် ကြည့်လိုက်ကြသည်။

လေထုထဲတွင် ကျန်းချန်သည် မည်သည့် ထိခိုက်မှုမှ မရှိဘဲ လက်နှစ်ဖက် နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေခဲ့သည်။။

ကျန်းချန်နှင့် မလှမ်းမကမ်းတွင်မူ အရှင်ကျီယွင်က ဆံပင်များ ရှုပ်ပွကာ ရပ်နေခဲ့သည်။

သူ၏ တစ်ကိုယ်လုံးတွင် သွေးများ ဖုံးလွှမ်းနေခဲ့၏။

သူက ယခုလေးတင် ပေါက်ကွဲမှုကြောင့် မသေဆုံးခဲ့သော်လည်း ကျန်းချန်၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရန်အတွက် ခြေကိုးလှမ်း အထွတ်အထိပ် နတ်စွမ်းအား နည်းစနစ်ကို အဆင့်ကုန် အသုံးပြုလိုက်ရသောကြောင့် သူ၏ အရှိန်အဝါက သိသိသာသာ ကျဆင်းသွားခဲ့သည်။

ယခုအခါ သူက ခွန်အားမရှိတော့ရုံသာမက အဆုံးသတ်တွင် သူ ပျိုးထောင်ခဲ့သော ကိုယ်ပွား ပင်လျှင် လုံးဝနီးပါး ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။

"အဟွတ် အဟွတ်.. ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"မင်း... မင်းက ဘယ်လိုလုပ်ပြီး ဒီလောက် ကြောက်မက်ဖွယ်ကောင်းတဲ့ ခွန်အားကို ပိုင်ဆိုင်နေရတာလဲ"

အရှင်ကျီယွင်သည် သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းရင်း ချောင်းဆိုးလိုက်သည်။

သူ၏ မယုံကြည်နိုင်သော ရေရွတ်သံသည် လေထုထဲတွင် တိုက်ရိုက် ထွက်ပေါ်လာခဲ့၏။

ကျန်းချန်က ပြိုင်ဘက်ကင်း ပါရမီရှင်ဖြစ်ပြီး ကန့်သတ်ချက်ကို ချိုးဖျက်ခဲ့သည့် မဟာကောင်းကင်နတ်ဘုရား ဖြစ်ကာ မဟာမြေရိုင်းနယ်မြေရှိ နယ်မြေနတ်ဘုရားများနှင့်ပင် ယှဥ်ပြိုင်နိုင်နေစွမ်း ရှိမှန်း သူ သိသည်။

သူက ကျီယွင်ဂိုဏ်း၏ ခြေကိုးလှမ်း အထွတ်အထိပ် နတ်စွမ်းအား နည်းစနစ်ကို အသုံးပြုလိုက်လျှင် မဟာမြေရိုင်းနယ်မြေ၏ အဆင့်နိမ့် နယ်မြေနတ်ဘုရားများထက် မနိမ့်ကျလောက်ဟု မူလက သူထင်ခဲ့သည်။

သို့သော် အရှင်ကျီယွင်သည် ကျန်းချန်က ဤမျှ အစွမ်းထက်နေလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

သူ၏ ခွန်အားဖြင့်ပင် ကျန်းချန်၏ တိုက်ကွက်တစ်ကွက်ကို ခံနိုင်ရည် မရှိခဲ့ချေ။

"အရှင်ကျီယွင်...မင်းရဲ့ ခွန်အားလောက်နဲ့ ငါ့ပြိုင်ဘက် မဟုတ်ဘူးလို့ ငါ အစောကြီးကတည်းက ပြောခဲ့သားပဲ"

ကျန်းချန်က အရှင်ကျီယွင်ကို စူးစိုက် ကြည့်လိုက်ပြီး မထီမဲ့မြင် ပြုံးလိုက်သည်။

"မင်းက ငါ့ရဲ့ စွမ်းအားကို ဘယ်လိုလုပ်ပြီး ခန့်မှန်းနိုင်မှာလဲ"

"ကျန်းချန်.. ဒီနေ့ ဖြစ်ပျက်ခဲ့တာကို ငါ့ မူလခန္ဓာက သိသွားခဲ့ပြီ"

"မင်းသာ ကျီယွင်ဂိုဏ်းကို ထွက်ပေါက်တစ်ခု ပေးဖို့ ဆန္ဒရှိမယ်ဆိုရင် မင်း ဘယ်လို အခြေအနေမျိုးကိုမဆို တင်ပြနိုင်ပါတယ်"

"မဟုတ်ရင်တော့ ငါရဲ့ မူလခန္ဓာ ပြန်လာတဲ့အခါ မင်းအနေနဲ့ ကြီးလေးတဲ့ အဖိုးအခ ပေးဆပ်ရမှာ သေချာတယ်"

အရှင်ကျီယွင်က အသက်ကို ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျန်းချန်ကို မစိုက်ကြည့်ဘဲ မနေနိုင်ခဲ့ပေ။

သူ့ရှေ့မှ လူငယ်၏ ခွန်အားသည် တကယ်ကို ကြောက်မက်ဖွယ် ကောင်းလွန်းနေခဲ့၏။

ထို့ကြောင့် သူက ကျန်းချန်ကို ခြိမ်းခြောက်လိုက်ခြင်းပင်။

မဟုတ်လျှင် ယနေ့တွင် ကျီယွင်ဂိုဏ်းသည် ကျန်းချန်ကြောင့် ဖျက်ဆီးခံရတော့မည်မှာ သေချာသည်။

"ဟားဟား... မင်းရဲ့ မူလခန္ဓာ ပြန်လာတော့ရော ဘာဖြစ်လဲ"

"မင်းတို့ ကျီယွင်ဂိုဏ်းက ရှေးဟောင်းနဂါးကုန်းမြေကို တိုက်ခိုက်ခဲ့တဲ့ အချိန်ကစပြီး ဒီလောကမှာ ရှိနေဖို့ မလိုတော့ဘူး"

ကျန်းချန်၏ ခပ်ထေ့ထေ့ ရယ်မောလိုက်ပြီး ခြေတစ်ချက် ဆောင့်ချလိုက်ရာ ထူးဆန်းသော နေရာလွတ် လှိုင်းနှုန်းတစ်ခုသည် လေထုထဲတွင် ရုတ်တရက် ပျံ့နှံ့သွားခဲ့သည်။

ရုတ်တရက် အရှင်ကျီယွင် ရပ်နေသည့် နေရာလွတ်သည် ချက်ချင်း တောင့်တင်းသွားခဲ့၏။

အရှင်ကျီယွင်က ချုပ်နှောင်ခံရသကဲ့သို့ ဖြစ်နေခဲ့ပြီး လက်ချောင်းလေး တစ်ချောင်းကိုပင် မလှုပ်ရှားနိုင်ခဲ့ပေ။

သူ၏ မျက်နှာတွင်လည်း ထိတ်လန့် တုန်လှုပ်သော အမူအရာများ မကြုံစဖူး ဖြစ်ပေါ်နေခဲ့၏။

အရှင်ကျီယွင်က ရုန်းထွက်ရန် ကြိုးစားနေစဉ်မှာပင် ကျန်းချန်က လက်ညိုးထိပ်ကနေ ဓားစွမ်းအားဖြင့် ပစ်ခတ်လိုက်သည်။

ဤလက်ညှိုးသည် အချိန်နှင့် နေရာလွတ်ကို ကျော်ဖြတ်သွားပြီး အသက်ရှူချိန် အနည်းငယ်အတွင်း လေထုကို ထိုးဖောက်ကာ အရှင်ကျီယွင်၏ နဖူးကို ထိမှန်သွားသည်။

နောက်ထပ် တစ်ခဏတွင် မျက်စိဖြင့် မြင်နိုင်သော သွေးပေါက် တစ်ခုသည် အရှင်ကျီယွင်၏ နဖူး အလယ်ဗဟို၌ ပေါ်ထွက်လာခဲ့ပြီး သွေးများက ရေပန်းကဲ့သို့ ပန်းထွက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ထူးဆန်းသော ဓားချီ စီးကြောင်း တစ်ခုသည် နဖူးမှ သွေးပေါက်ကို ဗဟိုပြု၍ အရှင်ကျီယွင်၏ ခန္ဓာကိုယ်တွင် ပျံ့နှံ့သွားခဲ့သည်။

အသက်ရှူချိန် အနည်းငယ် အတွင်းမှာပင် ဓားချီသည် အရှင်ကျီယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ခန္ဓာကိုယ်တွင် အက်ကြောင်းများ ထူထပ်စွာ ဖြစ်ပေါ်လာစေခဲ့၏။

အဆုံးသတ်တွင် အရှင်ကျီယွင်၏ ခန္ဓာကိုယ် တစ်ခုလုံးက ပေါက်ကွဲသွားခဲ့ပြီး သွေးတိမ်တိုက် တစ်ခုအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်နှင့် မြေကြီးကြားတွင် ပျောက်ကွယ်သွားခဲ့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ကျီယွင်ဂိုဏ်းမှ တပည့် အများအပြားသည် စိတ်ပျက်အားငယ်ကာ ထိတ်လန့်နေခဲ့ကြသည်။

ကျီယွင်ဂိုဏ်းတွင် ကျန်ရှိနေခဲ့သည့် အရှင်ကျီယွင်၏ ကိုယ်ပွား ပင်လျှင် ကျန်းချန်၏ အလွယ်တကူ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

သို့ဖြစ်ရာ ကျီယွင်ဂိုဏ်းတွင် ဤသတ်ဖြတ်ခြင်း နတ်ဘုရားကို မည်သူက ခုခံနိုင်ပါမည်နည်း။

ဤတစ်ကြိမ်တွင် ကျီယွင်ဂိုဏ်းသည် လုံးဝ ပြီးဆုံးသွားချေပြီ။

--------------

ရှေးဟောင်းနဂါးကုန်းမြေ၏ မြောက်ပိုင်းဒေသရှိ အလွန် ကျယ်ပြန့်သော အဆုံးမဲ့လွင်ပြင် တစ်ခုပေါ်တွင် အင်အားစု နှစ်စုမှ ခေါင်းဆောင်များသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေခဲ့ကြသည်။

တစ်ဖက် အင်အားစုကို ဦးဆောင်သူ နှစ်ဦးမှာ ရှေးဟောင်းနဂါးမျိုးနွယ်စု၏ နယ်မြေနတ်ဘုရား နှစ်ပါး ဖြစ်သည့် အရှင်ကုလုံ နှင့် ဖန်ချင်းယွမ်တို့ ဖြစ်သည်။

သူတို့၏ တစ်ဖက်မှ ဦးဆောင်သူ နှစ်ဦးမှာ အရှင်ကျီယွင်နှင့် အရှင်သွေးလတို့ ဖြစ်ကြသည်။

"ကုလုံ.. အပင်ပန်းခံမနေပါနဲ့တော့.. မင်းတို့ ရှေးဟောင်းနဂါးမျိုးနွယ်စုက ငါတို့ ကျီယွင်ဂိုဏ်းကို ရပ်တန့်နိုင်မှာ မဟုတ်ဘူး.. မင်းသာ ငါ့ကို အညံ့ခံမယ်ဆိုရင် ငါ မင်းအသက်ကို ချမ်းသာပေးမယ်"

အရှင်ကျီယွင်က အရှင်ကုလုံကို အထက်စီး လေသံဖြင့် ပြောဆိုလိုက်သည်။

"အရှင်ကျီယွင်...အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောနေတာ ရပ်လိုက်ပါ.. တိုက်ချင်ရင် တိုက်လိုက်.. မင်းက ငါတို့ ရှေးဟောင်းနဂါးမျိုးနွယ်စုကို ဖျက်ဆီးချင်ရင် ငါကလည်း မင်းကို ကြီးလေးတဲ့ အဖိုးအခ ပေးဆပ်စေမယ်"

အရှင်ကုလုံက အေးစက်စက် ရေရွတ်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းက ဖျပ်ခနဲ လက်သွားခဲ့၏။

လွန်ခဲ့သည့် နှစ်အနည်းငယ်က သွေးလမင်းကုန်းမြေ နှင့် စစ်ပွဲကို အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း ရှေးဟောင်းနဂါးကုန်းမြေသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။

သို့သော် အရှင်ကုလုံ မမျှော်လင့်ထားခဲ့သည်မှာ သွေးလမင်းကုန်းမြေမှ အရှင်သွေးလသည် မြောက်ဘက်ရှိ ကျီလင်နယ်မြေသို့ ထွက်ပြေးခဲ့ပြီး အရှင်ကျီယွင်ကို ရှေးဟောင်းနဂါးကုန်းမြေအား တိုက်ခိုက်ရန် လှုံ့ဆော်ခဲ့ခြင်းပင်။

ရှေးဟောင်းနဂါးကုန်းမြေ၏ ခွန်အားသည် မနိမ့်ကျသော်လည်း အရှင်ကျီယွင်နှင့် အရှင်သွေးလ ဦးဆောင်သော ကျီယွင်ဂိုဏ်းနှင့် ယှဥ်လိုက်သောအခါ အားသာချက် မရှိခဲ့ပေ။

အမှန်စင်စစ် အရှင်သွေးလ၏ ခွန်အားသည် သူ၏ ခွန်အားနှင့် အတူတူနီးပါး ဖြစ်ပြီး ပိုမို အစွမ်းထက်သော အရှင်ကျီယွင်ပါ ပေါင်းထည့်လိုက်သောအခါ သူ့နှင့် ဖန်ချင်းယွမ်တို့ အတွက် ရင်ဆိုင်ရန် အလွန်တရာ ခက်ခဲသွားခဲ့သည်။

ဤလများအတွင်း သူတို့ လေးဦးသည် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသည်။

သူက ရှေးဟောင်းနဂါးကုန်းမြေ၏ နယ်မြေနှလုံးသားကို အသုံးပြုခွင့် ရနေခြင်းကြောင့်သာ အရှင်ကျီယွင်နှင့် ယှဥ်ပြိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့မဟုတ်လျှင် သူတို့သည် တိုက်ပွဲကို ရှုံးနိမ့်သွားလောက်ပြီ ဖြစ်၏။

သို့သော် ထိုသို့ ဖြစ်နေသည့်တိုင် သူတို့၏ လက်ရှိ အခြေအနေက အတော်လေး ဆိုးရွားနေခဲ့သည်။

ဖန်ချင်းယွမ်သည် နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ခဲ့သည်မှာ မကြာသေး၍ အရှင်သွေးလထက် များစွာ အားနည်းနေခဲ့သည်။

တိုက်ပွဲများစွာ အပြီးတွင် ဖန်ချင်းယွမ်သည် အရှင်သွေးလ၏ လက်ချက်ဖြင့် ဒဏ်ရာ အပြင်းအထန် ရရှိထားခဲ့သည်။

ဤအတိုင်းသာ ဆက်သွားလျှင် ဖန်ချင်းယွမ်သည် ခံနိုင်ရည်ရှိတော့မည် မဟုတ်ပေ။

"ကျီယွင်.. သူ့ကို အဓိပ္ပါယ်မရှိတာတွေ ဘာလို့ ပြောနေရတာလဲ.. မင်းစကားကို အရေးမလုပ်မှတော့ ဘာမှမေးမနေနဲ့.. သူတို့ကို သတ်ပစ်လိုက်တော့"

စကားဆုံးသည် နှင့် အရှင်သွေးလက ဖန်ချင်းယွမ် ဆီသို့ ပြေးဝင်သွားခဲ့သည်။

ဖန်ချင်းယွမ်၏ မျက်ဝန်းများက လေးနက်သွားခဲ့ပြီး အရှင်သွေးလနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။

"ဝုန်း.. ဝုန်း.. ဝုန်း"

နယ်မြေနတ်ဘုရား နှစ်ပါး အစွမ်းကုန် တိုက်ခိုက်နေသောကြောင့် မိုင်ထောင်ချီ နေရာလွတ်သည် ဆက်တိုက် ပြိုလဲနေခဲ့သည်။

သို့သော် ဖန်ချင်းယွမ်သည် အရှင်သွေးလထက် အားနည်းနေပြီး ဒဏ်ရာများပါ ရရှိထားသည် ဖြစ်ရာ အရှင်သွေးလ၏ ပြိုင်ဘက် မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။

တိုက်ကွက် အနည်းငယ် ရင်ဆိုင်ပြီးနောက်တွင် ဖန်ချင်းယွမ်သည် အရှင်သွေးလကို ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိတော့သည် အထိ ဖိနှိပ်ခံလိုက်ရသည်။

အဆုံးသတ်တွင် ဖန်ချင်းယွမ်၏ ခန္ဓာကိုယ်သည် အရှင်သွေးလ၏ တိုက်ခိုက်မှုအောက်တွင် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် မိုင်ရာပေါင်းများစွာ လွင့်စင်သွားခဲ့သည်။

အရှင်ကုလုံ၏ အမူအရာက ပြောင်းလဲသွားပြီး ဖန်ချင်းယွမ်ကို ကူညီရန် ပြင်လိုက်သည်။

သို့သော် ဤအချိန်တွင် အရှင်ကျီယွင်သည် အရှင်ကုလုံကို အခွင့်အရေး လုံးဝ မပေးခဲ့ပေ။

အရှင်ကျီယွင်၏ နယ်မြေနတ်ဘုရား စွမ်းအားသည် ချက်ချင်းပင် ကြောက်မက်ဖွယ်ရာကောင်းသော ခရမ်းရောင် မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားပြီး အရှင်ကုလုံ ဆီသို့ ရောက်ရှိလာခဲ့ရာ အရှင်ကုလုံသည် ဖန်းချင်းယွမ်ကို အကူအညီပေးရန် မဖြစ်နိုင်တော့ပေ။

"ဟားဟား.. ကုလုံ.. မင်းရဲ့ ပြိုင်ဘက်က ငါပဲ"

အရှင်ကျီယွင်က အရှင်ကုလုံကို လှောင်ပြုံး ပြုံး၍ ကြည့်လိုက်၏။

သူ၏ မျက်နှာပေါ်တွင် ဝင့်ကြွားသော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

အရှင်ကျီယွင်သည် အလွန် ရည်မှန်းချက်ကြီးသော လူတစ်ဦးဖြစ်သည်။

ဤတစ်ကြိမ် ရှေးဟောင်းနဂါး ကုန်းမြေကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်းသည် အရှင်သွေးလ၏ သွေးဆောင်ခံရခြင်းကြောင့် မဟုတ်ဘဲ မူလကတည်းကပင် သူသည် ရှေးဟောင်းနဂါးကုန်းမြေကို တိုက်ခိုက်ရန် စီစဉ်ထားခဲ့သည်။

အရှင်ကုလုံက သွေးလမင်း ကုန်းမြေကို အနိုင်ယူပြီးနောက်ပိုင်း သွေးလမင်း ကုန်းမြေ၏ နယ်မြေနှလုံးသားကို တဖြည်းဖြည်း ဝါးမျိုကာ နယ်မြေနှစ်ခုကို ပိုမိုကြီးမားသော နယ်မြေတစ်ခု အဖြစ် ပေါင်းစည်းခဲ့သည်။

လုံးဝ ပေါင်းစည်းပြီးလျှင် ရှေးဟောင်းနဂါး ကုန်းမြေသည် လျင်မြန်သော တိုးတက်မှုကို ရရှိလာမည် ဖြစ်ပြီး သူတို့ ကျီယွင်ဂိုဏ်းအတွက်လည်း ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ပေသည်။

ထို့ကြောင့် အရှင်ကျီယွင်သည် ရှေးဟောင်းနဂါး ကုန်းမြေကို တိုးတက်ရန် အခွင့်အရေး မပေးဘဲ ဦးစွာ လှုပ်ရှားရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

ထို့အပြင် သူက ရှေးဟောင်းနဂါး ကုန်းမြေကို သိမ်းပိုက်လိုက်သည်နှင့် နယ်မြေနှစ်ခု၏ နယ်မြေနှလုံးသား မူလစွမ်းအားကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။

နယ်မြေ နှလုံးသား မူလစွမ်းအားများကိုသာ ပေါင်းစည်းလိုက်လျှင် မဟာမြေရိုင်းနယ်မြေကဲ့သို့ အင်အားကောင်းသော နယ်မြေတစ်ခုကို ဖန်တီးနိုင်မည်မှာ သေချာသလောက်ပင်။

သူ၏ ခွန်အားသည်လည်း အဆင့်သစ် တစ်ခုသို့ ရောက်ရှိသွားနိုင်ဖွယ် ရှိသည်။

ထိုသို့ တွေးမိလိုက်သည်နှင့် အရှင်ကျီယွင်သည် စိတ်လှုပ်ရှားလာခဲ့သည်။

သို့သော် အရှင်ကျီယွင်က သူ၏ အစီအစဥ်ကြောင့် စိတ်လှုပ်ရှားနေစဉ်မှာပင် ရုတ်တရက် တစ်စုံတစ်ရာကို ခံစားလိုက်ရပြီး ခန္ဓာကိုယ် ရုတ်တရက် တုန်ယင်သွားခဲ့သည်။

မကြာမီမှာပင် သူ၏ မျက်နှာသည် ရုတ်တရက် ဖြူဖျော့သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်ပွက် အန်ထုတ်လိုက်ရ၏။

All Chapters