← Chapters

အခန်း (၈၃၈-၈၄၀)

Vol. 56 Ch. 838-840

အခန်း (၈၃၈-၈၄၀)

Vol. 56 Ch. 838-840

အခန်း(၈၃၈)

ပြေးဝင်လာသည့် ရှမိသားစု ကျင့်ကြံသူ ဆယ်ယောက်ကျော်ကို ကြည့်ရင်း ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

သူ၏ လက်ရှိ အင်အားသည် သိုင်းသခင်နယ်ပယ် သတ္တမ အဆင့်ကို ယှဥ်နိုင်သော်လည်း လုံးဝ ဖြေရှင်းဖို့တော့ မလွယ်ပေ။

သူ့ရှေ့မှ အဘိုးကြီးကို သတ်ဖြတ်ရန်အတွက် အချိန်နှင့် အာကာသ ဓားနယ်မြေသည် ကျန်းချန်၏ တစ်ခုတည်းသော အားကိုးရာ ဖြစ်သည်။

သို့သော် ဆယ်ယောက်ကျော်လောက် ရှိသည့် စွမ်းအင်သိပ်သည်းခြင်းအဆင့် ကျင့်ကြံသူများက ဘေးကနေသော ကြည့်ရှုနေသောကြောင့် ကျန်းချန်သည် အချိန်နှင့် အာကာသ ဓားနယ်မြေကို အလွယ်တကူ မသုံးရဲခဲ့ပေ။

အဆုံးသတ်တွင် အချိန်နှင့် အာကာသ ဓားနယ်မြေကို သုံးစွဲခြင်းသည် အသက်စွမ်းအားကို အလွန်အမင်း ကုန်ခန်းစေ၏။

သူက အချိန်နှင့် အာကာသ ဓားနယ်မြေကို သုံးပြီးနောက်တွင် ဘေးကနေ ကြည့်ရှုနေသည့် ရှမိသားစုမှကျင့်ကြံသူများအား မကိုင်တွယ်နိုင်တော့မည်ကို စိုးရိမ်ခဲ့သည်။

သို့သော် အခုအချိန်တွင် ရှမိသားစု ကျင့်ကြံသူ အားလုံးက သူ့ဆီသို့ တစ်စုတစ်စည်းထဲ ပြေးဝင်လာမည်ဟု မမျှော်လင့်ခဲ့ပေ။

ယင်းက ရှမိသားစုဝင် အားလုံးကို အချိန်နှင့် အာကာသ ဓားနယ်မြေထဲ ဆွဲသွင်းရန် ကျန်းချန်ကို လုံလောက်သည့် အခွင့်အရေး ပေးလိုက်သလိုပင်။

ကျန်းချန်က တုံ့ဆိုင်းမနေခဲ့ပေ။

သူက အတွေးတစ်ချက်ဖြင့် အမိန့်ပေးလိုက်ရာ သူ့ခြေထောက်အောက်ရှိ မီးလျှံသားရဲသည် ချက်ချင်းပင် ကောင်းကင်ပေါ်သို့ သူ့ကို ခေါ်ဆောင်သွားပြီး မီတာတစ်ရာအမြင့်အထိ တဟုန်ထိုး ပျံသန်းသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျန်းချန်သည် အချိန်နှင့် အာကာသ ဓားနယ်မြေ၏ အင်အားကို ထုတ်ဖော်လိုက်၏။

တောက်ပသော စိမ်းပြာရောင် ဓားနယ်မြေသည် ဓားကွန်ယက်များဖြင့် ပြည့်နှက်နေသော ကောင်းကင်ထက်ကနေ တိုက်ရိုက် ကျဆင်းလာပြီး ရှချမ်းဟယ်နှင့် ရှမိသားစုမှ ကျင့်ကြံသူများကို ဖုံးလွှမ်းလိုက်သည်။

"အဘိုးကြီး...ငါ့ရဲ့ အချိန်နဲ့ အာကာသ ဓားနယ်မြေထဲမှာ နေရစ်ခဲ့ပေတော့"

"ရှချန်ယွင် ရောက်လာတဲ့အထိ မင်း အသက်ရှိနေသေးရင်တော့ ကျန်းချန် မသေသရွေ့ ရှမိသားစုကို ကြီးမားတဲ့ အဖိုးအခ ပေးဆပ်စေမယ်လို့ သူ့ကို စကားပါးပေးပါ"

သိုင်းသခင်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူသည် အချိန်နှင့် အာကာသ ဓားနယ်မြေကို ချိုးဖောက်နိုင်မည် မဟုတ်သော်လည်း အချိန်နှင့် အာကာသ ဓားနယ်မြေထဲတွင် အချိန်အတော်ကြာ တောင့်ခံနိုင်ပါသေးသည်။

ထို့ကြောင့် ရှချမ်းဟယ်သည် ရှမိသားစုမှ ရှချန်ယွင်ကို ဆင့်ခေါ်နိုင်သေး၏။

ကျန်းချန်က သူ၏ လက်ရှိ အခြေအနေဖြင့် အချိန်နှင့် အာကာသ ဓားနယ်မြေကို ထပ်မံ အသုံးမပြုနိုင်တော့ပေ။

သူက အေးစက်စွာ ရေရွတ်လိုက်ပြီးနောက် အချိန်နှင့် အာကာသ ဓားနယ်မြေထဲတွင် ပိတ်မိနေသည့် ရှချမ်းဟယ်တို့ လူစုကို ချက်ချင်း လျစ်လျူရှုကာ မီးလင်းသားရဲကို အဝေးရှိကောင်းကင်ဆီသို့ ဦးတည်စေခဲ့သည်။

ဤအချိန်တွင် အချိန်နှင့် အာကာသ ဓားနယ်မြေထဲတွင် ပိတ်မိနေသည့် ရှချမ်းဟယ်သည် ထွက်သွားသည့် ကျန်းချန်ကို ဂရုမစိုက်အားတော့ပေ။

သူက ရှချန်ယွင်ဆီ အရင် သတင်းပို့လိုက်ပြီး အချိန်နှင့် အာကာသ ဓားနယ်မြေ၏ အင်အားကို အစွမ်းကုန် ဖျက်ဆီးရန် စတင်လိုက်သည်။

သို့သော်လည်း ကျန်းချန်သည် သိုင်းသခင်နယ်ပယ် ပထမအဆင့် အင်အားကို အသုံးပြုပြီး အချိန်နှင့် အာကာသ ဓားနယ်မြေ၏ အင်အား ၂%ကို ပြသခဲ့ခြင်း ဖြစ်ရာ သိုင်းသခင်နယ်ပယ် သတ္တမအဆင့် ရှချမ်းဟယ်သည် အချိန်နှင့် အာကာသ ဓားနယ်မြေကနေ ရုန်းကန်နိုင်စွမ်း မရှိတော့ပေ။

ရှမိသားစုမှ ကျင့်ကြံသူ ဆယ်ယောက်ကျော်က အချိန်နှင့် အာကာသ ဓားနယ်မြေထဲတွင် ခြောက်ကပ်ကပ် အလောင်းများ အဖြစ် ပြောင်းလဲသွားသည်ကိုသာ ကြည့်နေနိုင်ခဲ့ပြီး အသက်ကလည်း နှစ်ဆမြန်နှုန်းဖြင့် ကုန်ဆုံးသွားသည်ကို ခွင့်ပြုနေခဲ့ရသည်။

သို့တိုင် ရှချမ်းဟယ်သည် သူ၏ သိုင်းသခင်နယ်ပယ် သတ္တမအဆင့် အင်အားကို အားကိုးပြီး အချိန်နှင့် အာကာသ ဓားနယ်မြေထဲတွင် အချိန်အတော်ကြာ တောင့်ခံနိုင်ခဲ့၏။

နာရီဝက်ခန့်အကြာတွင် ရှမိသားစု ခေါင်းဆောင် ရှချန်ယွင်သည် ထိုနေရာသို့ ရောက်လာခဲ့သည်။

သို့ရာတွင် သူ နောက်ကျသွားခဲ့ချေပြီ။

သူက အချိန်နှင့် အာကာသ ဓားနယ်မြေကို ချိုးဖျက်ပြီး ရှချမ်းဟယ်ကို ကယ်တင်လိုက်သည့် အချိန်တွင် ရှချမ်းဟယ်သည် နောက်ဆုံးထွက်သက်ကို ရှူထုတ်နေရပြီ ဖြစ်သည်။

ရှချမ်းဟယ်က ရှချန်းဟယ်၏ အိုမင်းသော မျက်နှာကို မော့ကြည့်လိုက်ပြီး ကျန်းချန် ထွက်ပြေးသွားသည့် ဘက်ကို လက်ညှိုးထိုးပြကာ အဆုံးသတ်တွင် စကားတစ်ခွန်းမှ မပြောလိုက်ရဘဲ သေဆုံးသွားခဲ့သည်။

"ခွေးမသား ကျန်းချန်"

သူ့ရှေ့မှာပင် သေဆုံးသွားသည့် ရှချမ်းဟယ်၏ ဖြစ်အင်ကို မြင်လျှင် ရှချန်ယွင်၏ အမူအရာက ချက်ချင်းပင် ပြောင်းလဲသွားခဲ့ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

[ကျန်းချန် မသေရင် ရှမိသားစု ပျက်စီးလိမ့်မယ်]

ဤစကားနှင့် ပတ်သက်ပြီး ရှချန်ယွင်၏ ခံစားချက်သည် ယခုအခါတွင် ပို၍ အားကောင်းလာသည်။

ရက်အနည်းငယ်အတွင်း ကျန်းချန်က သိုင်းသခင်နယ်ပယ်သတ္တမအဆင့် ကျင့်ကြံသူကို သတ်ဖြတ်နိုင်သည်အထိ တိုးတက်လာမည်ဟု သူဘယ်လိုမှ မထင်ထားခဲ့ပေ။

အခန်း(၈၃၈) ပြီး၏

အခန်း(၈၃၉)

မိုင်ရာချီ ဝေးရာကို ထွက်ပြေးပြီးနောက်တွင် ကျန်းချန်သည် အတွင်းအားကျင့်ရန် လျှို့ဝှက်လှိုဏ်ဂူ တစ်ခုကို တွေ့လိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင် သိုင်းသခင်နယ်ပယ် အဆင့်ကို ထိုးဖောက်သွားပြီ ဖြစ်၍ အချိန်နှင့် အာကာသ ဓားနယ်မြေ၏ သက်ရောက်မှုကို သိပ်မခံစားခဲ့ရပေ။

နှစ်နာရီ သုံးနာရီမျှ အတွင်းအား ကျင့်ပြီးနောက်တွင် ကျန်းချန်သည် အထွတ်အထိပ် အခြေအနေကို တစ်ဖန် ပြန်လည်ရရှိခဲ့သည်။

သူ၏ အင်အား ပြန်လည်ရရှိပြီးနောက်တွင် ကျန်းချန်သည် ဤနေရာတွင် ကြာကြာ နေရန် မရည်ရွယ်ဘဲ လှိုဏ်ဂူထဲကနေ တိုက်ရိုက် ပြေးထွက်သွားခဲ့၏။

အဘယ်ကြောင့်ဆိုသော် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ ထုတ်ပြန်ထားသည့် ဖမ်းဝရမ်းကြောင့် ကျင့်ယွင်တောင်တန်းတွင် သူ့ကို လိုက်လံ ရှာဖွေနေသည့် ကျင့်ကြံသူ အများအပြား ရှိနေသောကြောင့်ပင်။

သူ၏ အင်အားက ယခုအခါတွင် များစွာ တိုးတက်လာပြီး နတ်ဝိညာဉ်ဘုရင် အဆင့်နှင့် မတွေ့သရွေ့ သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း ရှိ၏။

သို့သော် ကျန်းချန်သည် မလိုလားအပ်သည့် အခက်အခဲများနှင့် မတွေ့ချင်ခဲ့ပေ။

ထို့အပြင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းတွင် နတ်ဝိညာဥ်ဘုရင် အဆင့် ကျင့်ကြံသူ ဆယ်ယောက်ထက် မနည်းရှိ၍ သူ့ကို လိုက်လံဖမ်းဆီးရန် နတ်ဝိညာဉ်ဘုရင် အဆင့်ကျင့်ကြံသူကို မစေလွှတ်ဟု အာမ မခံနိုင်ချေ။

ထို့ကြောင့် သူ၏ လုံခြုံရေးအတွက် ကျင့်ယွင်တောင်တန်းကို အမြန်ဆုံး ဖြတ်ကျော်ပြီး ယန်ဒီမြို့ကို ရောက်ဖို့ နည်းလမ်းတစ်ခုကို ရှာဖွေရပေမည်။

လှိုဏ်ဂူထဲက ထွက်လာပြီးနောက်တွင် ကျန်းချန်သည် လှိုဏ်ဂူအဝတွင် စောင့်နေသည့် မီးလျှံသားရဲကို လှမ်းကြည့်ကာ မေးလိုက်သည်။

"ဟော်လေး.. ဆက်သွားကြရအောင်"

မီးလျှံသားရဲက ခေါင်းကို မော့လိုက်ပြီး ကျင့်ယွင်တောင်တန်း၏ နက်ရှိုင်းသော နေရာကို လှမ်းကြည့်လိုက်ရင်း သူ၏ ဧရာမမျက်လုံးထဲတွင် လေးနက်သော အမူအရာ တစ်ခု ပေါ်လာခဲ့၏။

"သခင်.. ရှေ့ဆက်သွားချင်တာ သေချာရဲ့လား"

"ဒီတောင်တန်းရဲ့ နက်ရှိုင်းတဲ့ နေရာမှာ သတ္တမအဆင့် သားရဲဘုရင်တွေနဲ့ အဌမအဆင့် သားရဲအင်ပါယာတွေ ရှိနိုင်တယ်လို့ ကျွန်တော် ခံစားမိတယ်"

"ကျွန်တော့်ရဲ့ သွေးစွမ်းအားထက် ပိုအားကောင်းတဲ့ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုလည်း ရှိနေတယ်"

ကျန်းချန်က ခါးသီးစွာ ပြုံးလိုက်သည်။

"အခု ငါက အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက အလိုရှိတဲ့သူ ဖြစ်နေပြီ.. သူတို့ လက်ထဲမိတာနဲ့ သေဖို့က သေချာသလောက်ပဲ.. ကျင့်ယွင်တောင်တန်းကို ဖြတ်ကျော်တာက ငါ့အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ"

နက်ရှိုင်းသော နေရာသို့ မဝင်လျှင် ကြယ်သုံးပွင့် အင်အားစု ဖြစ်သည့် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းနှင့် ပက်ပင်း ရင်ဆိုင်ရမည် ဖြစ်ပြီး မည်သည့် အခွင့်အရေးမှပင် ရလိမ့်မည် မဟုတ်ပေ။

ဆိုရလျှင် ကျင့်ယွင်တောင်တန်း၏ နက်ရှိုင်းသော နေရာက အလွန်အန္တရာယ်များသော်လည်း အနည်းဆုံး အသက်ရှင်ရန် မျှော်လင့်ချက် ရှိပါသေး၏။

ယခုအခါ ကျန်းချန်တွင် နောက်ဆုတ်စရာလမ်း မရှိတော့ပေ။

သူ့ရှေ့တွင် ဓားတောင် နှင့် မီးပင်လယ် ရှိနေလျှင်ပင် သူက တွေဝေမနေဘဲ ကျော်ဖြတ်ရပေတော့မည်။

"သခင်...ကျွန်တော့်ရဲ့ သွေးစွမ်းအား နိုးထလာတော့မယ်လို့ ခံစားရတယ်.. သိပ်မကြာခင် အိပ်စက်တဲ့ အခြေအနေကို ပြန်ရောက်တော့မယ်"

"ဒီတစ်ကြိမ် သွေးစွမ်းအား နိုးထမှုက ဘယ်လောက်ကြာမလဲ မသိဘူး.. ဒီနယ်မြေထဲကို သခင်နဲ့အတူ အဖော် မလုပ်ပေးနိုင်မှာ စိုးရိမ်မိတယ်"

မီးလျှံသားရဲက ရုတ်တရက် ပြောလိုက်သည်။

"မင်း ထပ်ပြီး နိုးထဦးမလို့လား"

မီးလျှံသားရဲ၏ စကားကို ကြားလျှင် ကျန်းချန်၏ မျက်လုံးထဲတွင် အံ့သြသော အရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့၏။

သိထားရမည်မှာ နတ်သားရဲ၏ သွေးစွမ်းအား ပါဝင်သည့် သားရဲအများစုသည် သူတို့၏ ဘဝတွင် တစ်ကြိမ်သာ နိုးထနိုင်ခြင်း ဖြစ်သည်။

သို့သော် ဟော်လေးကမူ ဒုတိယအကြိမ် နိုးထရန် စိုင်းပြင်းနေခဲ့ချေပြီ။

ကြည့်ရသည်မှာ သူ၏ မီးလျှံသားရဲသည် သာမန် မီးလျှံသားရဲလောက် မရိုးရှင်းပေ။

"မင်း နိုးထတော့မယ် ဆိုမှတော့ သားရဲယဥ်ပါးခြင်း အိတ်ထဲ ပြန်ဝင်ပြီး စိတ်အေးလက်အေး နိုးထလိုက်ပါ"

ကျန်းချန် ရှည်ရှည်ဝေးဝေး တွေးမနေဘဲ ပြောလိုက်သည်။

မီးလျှံသားရဲသည် ပဥ္စမအဆင့်မှာသာ ရှိသေး၍ သူ့ကို သိပ်အကူအညီ မပေးနိုင်သေးပေ။

ဒုတိယအကြိမ် နိုးထပြီးလျှင် မီးလျှံသားရဲသည် ဆဋ္ဌမအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားလိမ့်မည် ဖြစ်၏။

ထိုအချိန်သို့ရောက်လျှင် မီးလျှံသားရဲ၏ တိုက်ခိုက်ရေးစွမ်းအားဟာ သူ့ထက်ပင် မနိမ့်ကျနိုင်တော့ပေ။

"ဒါဆို သခင်.. တစ်ယောက်တည်းမို့ သတိထားပါ.. ကျင့်ယွင် တောင်တန်းထဲက ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါတချို့ရဲ့ တည်နေရာကို ကျွန်တော် ခန့်မှန်းမိတယ်.. အဲဒီနေရာတွေကို မသွားမိဖို့ ကြိုးစားပါ"

မီးလျှံသားရဲက ကျန်းချန်ကို စကားအနည်းငယ် ပြောပြီးနောက်တွင် ခန္ဓာကိုယ်က အလျင်အမြန် ကျုံ့သွားခဲ့ပြီး ကျန်းချန်၏ ခါးပေါ်ရှိ သားရဲယဥ်ပါးခြင်း အိတ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

မီးလျှံနဂါး သားရဲယဥ်ပါးခြင်း အိတ်ထဲသို့ ဝင်ပြီးနောက်တွင် ကျန်းချန်က သက်ပြင်းချကာ ရှေ့သို့ အလျင်အမြန် ပြေးထွက်သွားခဲ့၏။

အခန်း(၈၃၉) ပြီး၏

အခန်း(၈၄၀)

ရှချမ်းဟယ်၏ ဖြစ်အင်ကြောင့် ရှချန်ယွင်သည် စိတ်ထဲတွင် ဒေါသများ ပြည့်နှက်နေသော်လည်း သူ၏ စိတ်ကို ထိန်းချုပ်ကာ ကျန်းချန်ကို လိုက်ဖမ်းရန် မရွေးချယ်ခဲ့ပေ။

အဆုံးသတ်တွင် ကျန်းချန်၏ အင်အားသည် အလျင်အမြန် တိုးတက်လာခဲ့ပြီး သိုင်းသခင်နယ်ပယ် သတ္တမအဆင့်ကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိလာခဲ့၏။

သူတို့ ရှမိသားစု၏ သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူများ ထဲတွင် မည်သူမှ ကျန်းချန်ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။

ထို့အပြင် ရှချန်ယွင်သည် ကျန်းချန်၏ အချိန်နှင့် အာကာသ ဓားနယ်မြေကို ရှိန်နေခဲ့သည်။

သူက စိတ်မထိန်းနိုင်ဘဲ လိုက်ဖမ်းခဲ့လျှင် သူ၏ အင်အားဖြင့် ကျန်းချန်ကို ဖမ်းဆီးရန် ခက်ခဲရုံတင်မက အခန့်မသင့်လျှင် ကျန်းချန်၏ လက်ထဲကိုပင် ရောက်ရှိသွားနိုင်ပေသည်။

ယခုအခါတွင် သူတို့ ရှမိသားစု၏ အင်အားဖြင့် ကျန်းချန်ကို မဖြေရှင်းနိုင်တော့မှန်း ရှချန်ယွင် ရှင်းရှင်းလင်းလင်း သိရှိလာခဲ့၏။

သူ့အနေဖြင့် ကျန်းချန်ကို ဖမ်းလိုလျှင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ အင်အားကို အသုံးပြုရုံသာ ရှိတော့သည်။

ထို့ကြောင့် ရှချန်ယွင်သည် ကျန်းချန်၏ သဲလွန်စအား ရှာတွေ့သည့် သတင်းကို အံ့ဖွယ်တိမ်တိုက်ဂိုဏ်းဆီ တိုက်ရိုက် သတင်းပို့လိုက်ပြီး အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ ဤနေရာသို့ စေလွှတ်မည့် အကြီးအကဲကို စောင့်ဆိုင်းနေခဲ့၏။

နှစ်နာရီခန့် စောင့်ဆိုင်းပြီးနောက်တွင် အဝေးရှိ ကောင်းကင်ယံကနေ ငွေရောင်ပုံရိပ်တစ်ခုသည် ကြယ်တံခွန်ကဲ့သို့ ကောင်းကင်ကို ဖြတ်သန်းပြီး ရှချန်ယွင်တို့ဆီ အလျင်အမြန် ရောက်ရှိလာခဲ့သည်။

သူတို့လူစုရှေ့တွင် ပေါ်လာသောသူသည် အသက် ၄၀ ဝန်းကျင် ရှိသည့် ခံ့ညားသော လူလတ်ပိုင်းအရွယ် လူတစ်ယောက် ဖြစ်၏။

ခံ့ညားသော လူလတ်ပိုင်းအရွယ် လူသည် အပြင်ပန်းကြည့်လျှင် သာမန်လူ တစ်ယောက်ဟု ထင်ရသော်လည်း သူတို့ရှေ့တွင် ရပ်လိုက်သည်နှင့် တုန်လှုပ်ချောက်ချားသော ခံစားချက်တစ်ခုကို ရှချန်ယွင် ခံစားလိုက်ရသည်။

"မင်းက ရှမိသားစု ခေါင်းဆောင် ရှချန်ယွင်လား"

ခံ့ညားသည့် လူလတ်ပိုင်းအရွယ် လူသည် ရှချန်ယွင်ကို မထီမဲ့မြင် လှမ်းကြည့်ကာ မေးလိုက်သည်။

"ရှမိသားစုရဲ့ အကြီးအကဲ ရှချန်ယွင်.. အကြီးအကဲ ချိုးယင်ကို အရိုအသေပေးပါတယ်"

ရှချန်ယွင်က အလျင်အမြန် ဂါရဝပြု ဦးညွှတ်လိုက်၏။

ရှချန်ယွင်သည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ နတ်ဝိညာဉ်ဘုရင် အဆင့် ကျင့်ကြံသူများကို ကောင်းစွာ မြင်ဖူး၏။

သူ့ရှေ့မှ တစ်ယောက်သည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူများထဲမှ တစ်ယောက် ဖြစ်သည့် ချိုးယင် ဖြစ်သည်။

ချိုးယင်က လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

"အပိုစကားတွေ မပြောနဲ့တော့. ကျန်းချန်ရဲ့ သဲလွန်စကို ရထားတယ်ဆို.. သူ အခု ဘယ်မှာလဲ"

"လွန်ခဲ့တဲ့ နှစ်နာရီလောက်က ကျန်းချန် ဒီနေရာမှာ ပေါ်လာတယ် အကြီးအကဲချိုး.. သူက ကျွန်တော်တို့ ရှမိသားစုက သိုင်းသခင် နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူ တစ်ယောက်ကို သတ်ပြီး အဲဒီဘက်ကို ထွက်ပြေးသွားတယ်"

ရှချန်ယွင်က ကျင့်ယွင်တောင်ရဲ့ နက်ရှိုင်းသော နေရာ (ဝါ) တားမြစ်နယ်မြေဆီသို့ လက်ညှိုးထိုးပြလိုက်၏။

"ဒီကောင်လေးက သိုင်းသခင်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူကို သတ်နိုင်တယ်လား"

ရှချန်ယွင်၏ စကားကို ကြားလျှင် ချိုးယင် အံ့အားသင့်သွားခဲ့သည်။

သူ သိသလောက်ဆိုလျှင် ထိုကောင်လေး ကျန်းချန်သည် စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်၏။

စွမ်းအင်သိပ်သည်းခြင်း နယ်ပယ် အဆင့်ဖြင့် သိုင်းသခင်နယ်ပယ် သတ္တမ အဆင့်ကို သတ်နိုင်သည်က လုံးဝ မယုံနိုင်စရာ စွမ်းဆောင်ရည်ပင်။

"အကြီးအကဲချိုးယင်.. ကျွန်တော် မှန်းတာ မမှားရင် အဲဒီကောင်လေးက သိုင်းသခင်နယ်ပယ်ကို ထိုးဖောက်ပြီးလောက်ပြီ"

ရှချန်ယွင်က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

"ဒါ့အပြင် အဲဒီကောင်လေးမှာ အကြီးအကဲတို့ ဂိုဏ်းရဲ့ ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ် အပြင် နတ်သန္ဓေ အင်ပါယာတွေ အသုံးပြုတဲ့ စွမ်းရည်နဲ့ ဆင်တူတဲ့ စွမ်းရည်လည်း ရှိတယ်"

"တော်တော် အရည်အချင်းရှိတဲ့ ကောင်လေးပဲ"

"ဒါပေမဲ့ ငါ လှုပ်ရှားလိုက်တာနဲ့ ဒီကောင်လေး ဘယ်လောက်ပဲ အစွမ်းထက်ပါစေ.. ငါ့လက်ထဲကနေ ဘယ်လိုမှ လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး"

ချိုးယင်က အေးစက်စွာ ပြုံးပြီး ရေရွတ်လိုက်သည်။

ထို့နောက်တွင် သူ၏အကြည့်က မြေပြင်ပေါ်မှ ရှချမ်းဟယ်တို့လူစု၏ အလောင်းများ ပေါ်သို့ ရောက်ရှိသွားခဲ့၏။

"ဒီလူတွေအားလုံးက ကျန်းချန်ရဲ့ လက်ထဲမှာ သေဆုံးသွားတာလား"

ထိုမေးခွန်းကြောင့် ရှချန်ယွင် ခဏမျှ မှင်တက်သွားခဲ့သည်။

သူက အသေအချာ မသိသော်လည်း ခေါင်းညိတ်၍ ပြောလိုက်သည်။

"ဟုတ်ပါတယ် အကြီးအကဲချိုး"

ချိုးယင်က အပိုစကားများ မပြောတော့ဘဲ လက်နှစ်ဖက်ကို ရင်ဘတ်နားတွင် ကပ်၍ လက်ဟန်များ ပြုလုပ်လိုက်ရာ လျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းသော အင်အားတစ်ခုသည် ပေါက်ကွဲထွက်လာခဲ့ပြီး ရှချမ်းဟယ်တို့လူစု၏ အလောင်းများကို တိုက်ရိုက် လွှမ်းခြုံသွားခဲ့၏။

တစ်ချိန်တည်းမှာပင် ချိုးယင်သည် လျှို့ဝှက်ဆန်းကြယ်သော လက်ဟန်များကို ဆက်လက် ပြုလုပ်လိုက်သည်။

ခဏအကြာတွင် ချိုးယင်က လက်ဟန်များ ပြုလုပ်ခြင်းကို ရပ်တန့်လိုက်ပြီး နှုတ်ကနေ အေးစက်စက် ကြုံးဝါးလိုက်၏။

"လင်းတခြေရာခံနည်းစနစ် အသက်ဝင်"

အခန်း(၈၄၀) ပြီး၏

All Chapters