← Chapters

အခန်း (၂၅၁)

Vol. 17 Ch. 251

အခန်း (၂၅၁)

Vol. 17 Ch. 251

မီးလျှံသားရဲ၏ နီရဲသော အရောင်အဝါသည် ကွင်းပြင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။

ပရိသတ်များ၏ မျက်လုံးများမှာ အံ့အားတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပြီး အသက်ရှူသံများပင် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

သူတို့က ကျန်းချန်ထံတွင် သားရဲသခင် တစ်ဦး၏ အရည်အချင်းများ ရှိနေမည်ဟုမထင်ထားခဲ့ပေ။

ဂုဏ်သိက္ခာကြီးမားသည့် တတိယအဆင့်၊ အဆင့်မြင့် မွန်းစတားသားရဲ ဖြစ်သည့် ခရမ်းရောင် မျက်လုံး မီးလျှံ ခြင်္သေ့ကြီးသည် ကျန်းချန်၏ အိမ်မွေးသားရဲ၏ အကြည့် တစ်ချက်အောက်တွင် ကြောက်လန့် တုန်လှုပ်နေမည်ဟု သူတို့ မထင်ထားခဲ့ပေ။

"ကျီလင် မီးလျှံသားရဲပါလား.. မင်း...မင်း ကျီလင် မီးလျှံသားရဲကို ဘယ်လို ပိုင်ဆိုင်ထားတာလဲ"

ခုံးမော့ရှန်း၏ အသံက တုန်ယင်နေခဲ့သည်။

သူ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များနှင့် ပြည့်နှက်နေ၏။

ခုံးမော့ရှန်း၏ ထိတ်လန့်တကြား ရေရွတ်သံက ပရိသတ်အားလုံးကို တိတ်ဆိတ်သွားစေခဲ့သည်။

"လခွမ်း.. ဒီသားရဲက ကျီလင်မီးလျှံသားရဲဟ"

ကျီလင် မီးလျှံသားရဲ။

ဤသည်မှာ ဒဏ္ဍာရီထဲမှ ဆဋ္ဌမအဆင့် ရှေးဟောင်းသားရဲ ဖြစ်ပြီး မီးလျှံ နတ်သားရဲ၏ သွေးကို ပိုင်ဆိုင်ထားသည်ဟု ဆိုကြ၏။

မီးလျှံ နတ်သားရဲသည် မီးမွန်းစတား သားရဲအားလုံး၏ ဘုရင် ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်ထဲမှ သွေးစွမ်းအားသည် မီးအမျိုးအစား သားရဲအားလုံး ကြောက်ရွံ့ရသောအရာ ဖြစ်၏။

ထို့ကြောင့် မီးလျှံနတ်သားရဲမှ ဆင်းသက်လာသော ကျီလင် မီးလျှံသားရဲသည် အရွယ်မရောက်သေးလင့်ကစား ခရမ်းရောင်မျက်လုံး မီးလျှံခြင်္သေ့ကို သူ၏ ခြေရင်းတွင် ဝပ်တွားစေရန် လုံလောက်မှု ရှိနေခြင်းပင်။

"ဟက်.. မင်းရဲ့ ခရမ်းရောင် မျက်လုံး မီးလျှံခြင်္သေ့က အမှိုက်လို့ ငါပြောခဲ့သားပဲ.. မင်းမှမယုံတာကိုး"

"ကဲ အခု မင်းက မင်းရဲ့ အမှိုက်ကို ခေါ်ပြီး ထွက်သွားလို့ရပြီ"

ကျန်းချန်၏ အသံက တည်ငြိမ် အေးဆေးနေသော်လည်း မျက်လုံးထဲတွင် မထီမဲ့မြင် အရိပ်အယောင် အနည်းငယ် ထင်ဟပ်နေသည်။

"မဟုတ်ဘူး... ငါ မရှုံးနိမ့်သေးဘူး"

"မင်းရဲ့ မီးလျှံသားရဲက အရွယ်မရောက်သေးတဲ့ အတွက် တတိယ အဆင့် သားရဲ ခွန်အားထက် မပိုဘူး...တကယ်တမ်းတိုက်ကြရင် ငါရဲ့ ခရမ်းရောင် မျက်လုံး မီးလျှံခြင်္သေ့က မင်းကို ဘယ်လိုမှရှုံးနိမ့်မှာ မဟုတ်ဘူး"

ခုံးမော့ရှန်း၏ အော်သံတွင် ဒေါသနှင့် ကြောက်ရွံ့မှုများ ရောထွေးနေခဲ့သည်။

သူက သူ၏ ခရမ်းရောင် မျက်လုံး မီးလျှံ ခြင်္သေ့ကို ကျီလင်မီးလျှံသားရဲအား တိုက်ခိုက်ရန် တွန်းအားပေးခဲ့သော်လည်း ခြင်္သေ့ကြီးက ကျီလင်မီးလျှံသားရဲကို ကြောက်ရွံ့နေပြီး တုပ်တုပ်မျှပင် မလှုပ်ပေ။

ကျန်းချန်က လှောင်ပြုံး ပြုံးလိုက်သည်။

သူက ခုံးမော့ရှန်းကို လျစ်လျူရှုလိုက်ပြီး ခန္ဓာကိုယ်ထွားကျိုင်းသော လူငယ်ကို လှမ်းကြည့်လိုက်သည်။

"အခု ငါ မင်းနဲ့ ကုန်သွယ်မှု လုပ်လို့ ရပြီ မဟုတ်လား"

"ကျန်းချန်.. မင်းက ကံကောင်းပြီး ကျီလင် မီးလျှံသားရဲပေါက်လေးကို ရရှိသွားရုံပါပဲ.. မီးလင်းသားရဲရဲ့ သွေးစွမ်းအားကို အားကိုးပြီး ငါ့ရဲ့ ခရမ်းရောင် မျက်လုံး မီးလျှံခြင်္သေ့ကို ဖိနှိပ်တာက စစ်မှန်တဲ့ ကျွမ်းကျင်မှုလို့ ဘယ်လိုလုပ်ပြီး ယူဆနိုင်မှာလဲ"

ခုံးမော့ရှန်းက မကျေမနပ် ရေရွတ်လိုက်သည်။

"ငါ့မှာ ကျီလင်မီးလျှံသားရဲ ရှိရင် ငါလည်း မင်းလို စွမ်းဆောင်နိုင်မှာပဲ"

ကျန်းချန်က ခုံးမော့ရှန်းကို ခနဲ့လိုက်သည်။

"မင်း မကျေနပ်ရင် ငါ့သားရဲထက် အဆင့်ပိုမြင့်တဲ့ သားရဲကို သွားခေါ်လာခဲ့ပါ"

ခုံးမော့ရှန်းက နှာခေါင်းရှုံ့လိုက်ကာ မျက်နှာချင်းဆိုင်မှ လူငယ်ကို လှမ်းကြည့်လိုက်သည်။

"ညီနောင်လဲ့.. မွန်းစတားဥကို ပေါက်ဖွားအောင် လုပ်ဖို့က ကျီလင်မီးလျှံသားရဲကို ရရှိသလို ကံကောင်းမှုအပေါ် မူမတည်ဘူး"

"မင်းရဲ့ မွန်းစတားသားရဲဥကို ပေါက်ဖွားအောင်လုပ်ဖို့ မအောင်မြင်မှာ ငါစိုးရိမ်မိတယ်"

"ဒီလိုလုပ်ပါလား.. မင်းရဲ့ မွန်းစတားသားရဲဥကို ထုတ်လိုက်ပြီး ငါတို့နှစ်ယောက်က ဥကို ပေါက်ဖွားစေမဲ့ နည်းလမ်းချင်း ယှဥ်ပြိုင်ကြမယ်.. မင်းဘယ်လိုမြင်လဲ"

"ဘယ်သူပဲ ဖြစ်ဖြစ် ငါရဲ့ မွန်းစတားသားရဲဥကို ပေါက်ဖွားအောင်လုပ်ပေးနိုင်ရင် ဆေးလုံးကို ပိုင်ဆိုင်ရမှာပဲ.. ကျန်တာငါစိတ်မဝင်စားဘူး"

ခန္ဓာကိုယ်ထွားကျိုင်းသော လူငယ်က သဘောတူလိုက်လျှင် ခုံးမော့ရှန်းသည် ကျန်းချန်ကို စိန်ခေါ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

"ကျန်းချန်.. မင်း ငါနဲ့ နောက်တစ်ကြိမ် ယှဉ်ပြိုင်ဖို့ သတ္တိရှိလား"

"ဟားဟား.. ငါ့မှာ သတ္တိရှိလား မရှိလားထက် ငါ့မှာဆန္ဒ ရှိမရှိပဲ အရေးကြီးတယ်"

"ငါက မင်းလို လူမျိုးကို တစ်ခါမှ ပြိုင်ဘက်စာရင်းထဲ မထည့်ခဲ့ဘူး"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

"မင်း ယှဉ်ပြိုင်ချင်ရင် အချိန်မရွေး ယှဉ်ပြိုင်နိုင်တယ်"

အခန်း(၂၅၁) ပြီး၏

All Chapters