← Chapters

အခန်း (၂၃၇၇-၂၃၇၈)

Vol. 178 Ch. 2377-2378

အခန်း (၂၃၇၇-၂၃၇၈)

Vol. 178 Ch. 2377-2378

အခန်း(၂၃၇၇)

ထိုက်ချင်းဘိုးဘေးသည် ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့၏။

ထိုစဥ်က စကြဝဠာအဆင့် စစ်ပွဲကြီးပြီးနောက်တွင် နတ်ဘုရားနယ်မြေသည် အကြီးအကျယ် ဆုံးရှုံးခဲ့ရသလို သူတို့ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာသည်လည်း အလွန်ကြီးမားသော အဖိုးအခများ ပေးဆပ်ခဲ့ရပြီး နတ်ဘုရားနယ်မြေကနေ ပြန်လည် ဆုတ်ခွာခဲ့ရသည်။

သူတို့၏ ဘိုးဘေးများကမူ အကြောင်းအမျိုးမျိုးကြောင့် နတ်ဘုရားနယ်မြေကနေ မဆုတ်ခွာနိုင်ခဲ့ဘဲ နတ်ဘုရားနယ်မြေထဲတွင်သာ ပုန်းအောင်း၍ ခက်ခက်ခဲခဲ ရှင်သန်ခဲ့ရသည်။

နောက်ပိုင်းတွင် အင်အားများကို ဖြည်းဖြည်းချင်း တိုးချဲ့ခဲ့ပြီး ဤနေရာတွင် အင်မော်တယ် ကျင့်ကြံခြင်းလောကကို တည်ထောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဤနှစ်များအတွင်း အင်မော်တယ် ကျင့်ကြံခြင်းလောကသည် အင်မော်တယ်တိုက်တွင် အလွန် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး သိုင်းပညာ ကျင့်ကြံခြင်း အင်အားစုများကိုပင် ဖိနှိပ်ထားနိုင်ခဲ့သည်။

သို့သော်လည်း ထိုက်ချင်းဘိုးဘေးသည် အင်မော်တယ်တိုက်ရှိ အင်မော်တယ် ကျင့်ကြံသူများက နတ်ဘုရားနယ်မြေမှ နတ်ဘုရင်များနှင့် ယှဥ်ပြိုင်ရန် အရည်အချင်း မရှိသေးသည်ကို ရှင်းလင်းစွာ သိရှိထားခဲ့၏။

ထိုအကြောင်းကြောင့်ပင် ထိုက်ချင်းဘိုးဘေးက အင်မော်တယ်တိုက်သို့ ကျန်းချန် မည်ကဲ့သို့ ရောက်ရှိလာသည်ကို အလွန် သိလိုနေခြင်း ဖြစ်သည်။

သူ့ရှေ့မှ ကောင်လေး၏ စွမ်းရည်သည် အလွန်တရာ သန်မာသော်လည်း သူတစ်ဦးတည်း၏ စွမ်းအားဖြင့်မူ အင်မော်တယ်ကျင့်ကြံခြင်းလောကကို အန္တရာယ်ပေးရန် မဖြစ်နိုင်ပေ။

သို့ရာတွင် ထိုကောင်လေးသာ အင်မော်တယ်တိုက်တွင် အင်မော်တယ် ကျင့်ကြံသူများ ရှိနေကြောင်း နတ်ဘုရားနယ်မြေကို သတင်းပေးပို့လိုက်လျှင် နတ်ဘုရားနယ်မြေသည် အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာနိုင်ပြီး သူတို့ အင်မော်တယ်ကျင့်ကြံသူများအတွက် အန္တရာယ်ရှိလာနိုင်သည် မဟုတ်ပါလား။

ယင်းကြောင့် သူတို့သည် နတ်ဘုရားနယ်မြေနှင့် အင်မော်တယ်တိုက်ကို ဆက်သွယ်ထားသည့် လမ်းကြောင်းကို ဖျက်ဆီးပစ်ရမည်ဖြစ်ပြီး နတ်ဘုရားနယ်မြေကို အင်မော်တယ်တိုက်ဆီ ဆင်းသက်လာနိုင်မည့် မည်သည့် အခွင့်အရေးကိုမှ ပေး၍ မဖြစ်ပေ။

“ခင်ဗျားက သိချင်လို့လား.. စိတ်မကောင်းပါဘူး.. ကျုပ် ခင်ဗျားကို ပြောပြမှာမဟုတ်ဘူး”

ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“မင်း ငါ့ကို မပြောပြရင်တောင် ခဏနေရင် မင်းကို ငါ ဖမ်းဆီးပြီး မင်းဆီကနေ ငါလိုချင်တဲ့ အချက်အလက် အမျိုးမျိုးကို စိတ်ကြိုက်ယူပြမယ်”

ထိုက်ချင်းဘိုးဘေးက ကြုံးဝါးလိုက်ပြီး သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ကျန်းချန်ကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။

ထိုက်ချင်းဘိုးဘေး၏ တိုက်ခိုက်မှုကိုမြင်လျှင် ကျန်းချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။

ကပ်ဘေး အထွတ်အထိပ် ပုဂ္ဂိုလ် ဆိုသည်မှာ နတ်ဘုရင်နဝမအဆင့်နှင့်ပင် နှိုင်းယှဥ်နိုင်သည့် တည်ရှိမှုမျိုး ဖြစ်သည်။

ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် ဆန်းကြယ်ပြီး နတ်ဘုရင် ပဉ္စမအဆင့်ဖြင့်ပင် နတ်ဘုရင်အဋ္ဌမအဆင့် ပုဂ္ဂိုလ်များကို အနိုင်ယူနိုင်သော်လည်း နတ်ဘုရင် နဝမအဆင့်နှင့် ရင်ဆိုင်နိုင်ရန်မှာမူ မသေချာပေ။

ကျန်းချန်သည် နတ်ဘုရင်နဝမအဆင့်၏ စွမ်းအားက မည်မျှအထိ အားကောင်းမှန်း အသေအချာ မသိရှိသေးချေ။

ကျန်းချန် မြင်တွေ့ဖူးသည့် တစ်ဦးတည်းသော နတ်ဘုရင် နဝမအဆင့် ပုဂ္ဂိုလ်သည် လနတ်နန်းတော်မှ နန်းတော်သခင်မသာဖြစ်၏။

လနတ်နန်းတော်မှ နန်းတော်သခင်မ၏ စွမ်းရည်သည် အမှန်တကယ်ပင် နက်ရှိုင်းပြီး နတ်ဘုရင် နဝမအဆင့် ထဲမှာပင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်၏။

နန်းတော်သခင်မကို သာမန် နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူများသည် မည်သို့မှ မယှဥ်နိုင်ကြောင်း ကျန်းချန် ကောင်းစွာ သိရှိထားခဲ့သည်။

သို့သော်လည်း ကျန်းချန်သည် အချက်တစ်ချက်ကိုမူ ရှင်းလင်းစွာ သိရှိထား၏။

ယင်းမှာ နတ်ဘုရင်အဋ္ဌမအဆင့်နှင့် နဝမအဆင့်သည် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားခြင်းပင်။

ဤကဲ့သို့ ပုဂ္ဂိုလ်မျိုးနှင့် ရင်ဆိုင်ရချိန်တွင် ကျန်းချန် အနေဖြင့် သူ၏ စိတ်အာရုံကို စုစည်းထားရုံမှ တစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ပေ။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ထိုက်ချင်းဘိုးဘေးကို ရင်ဆိုင်ရန်အတွက် သူ၏ စွမ်းအားများကို အကုန်အစင် ထုတ်သုံးရန် ပြင်ဆင်နေစဥ်မှာပင် ကောင်းကင်ယံတွင် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

မကြာမီမှာပင် ထုံရှန်းတောင်ကြား၏ မြောက်ဘက်အရပ်ကနေ တောက်ပသော ဓားအလင်း တစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုဓားအလင်းသည် မိုင်‌ပေါင်းထောင်ချီ နေရာလွတ်ကို ချက်ချင်းဆိုသလို ထိုးဖောက်သွားခဲ့ပြီး ထိုက်ချင်းဘိုးဘေး၏ လက်ဝါးရိုက်ချက်ကို အစိတ်စိတ်အမြွှာမြွှာ ချေမှုန်းပစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ခန့်ညားသော စကားသံ တစ်သံသည် ထုံရှန်းတောင်ကြား၏ အထက်ကောင်းကင်ယံတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။

“ထိုက်ချင်းဘိုးဘေး.. မင်းလို နှစ်ပေါင်း မရေတွက်နိုင်အောင် အသက်ရှင်လာတဲ့ အဘိုးကြီးတစ်ယောက်က ငါတို့ သိုင်းပညာကျင့်ကြံခြင်းလောကက မျိုးဆက်သစ်လေး တစ်ယောက်ကို တိုက်ခိုက်နေတာ မင်းမရှက်ဘူးလား.. မင်းက ဒီလောက် နှစ်တွေ အကြာကြီးကို ခွေးတစ်ကောင်လို ရှင်သန်လာခဲ့ပုံပဲ.. မင်းသိပ်ပြီး တိုက်ခိုက်ချင်နေတယ် မဟုတ်လား.. လာလေ.. ငါ ဝူကျန့်ထျန်း မင်းကို အဖော်လုပ်ပေးမယ်”

ကျယ်လောင်သော စကားသံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားပြီးနောက်တွင် သန်မာထွားကျိုင်းသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် မြောက်ဘက်အရပ်ကနေ လေထဲသို့ လှမ်းတက်လာခဲ့ပြီး ထိုက်ချင်းဘိုးဘေး၏ ရှေ့သို့ မျက်စိတစ်မှိတ် အတွင်း ရောက်လာခဲ့သည်။

“ဝူကျန့်ထျန်း.. မင်းရောက်လာပြီပေါ့”

ရုတ်တရက် ရောက်ရှိလာသော သန်မာထွားကျိုင်းသည့် လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်ရင်း ထိုက်ချင်းဘိုးဘေး၏ အိုမင်းသော မျက်ဝန်းများသည် အနည်းငယ် ကျုံ့သွားခဲ့သည်။

အင်မော်တယ် ကျင့်ကြံခြင်း လောကသည် ဤတစ်ကြိမ်တွင် အကြီးအကျယ် ထိခိုက်ခဲ့၍ ဝူကျန့်ထျန်းသည် တစ်သက်တွင် တစ်ခါသာ ရရှိနိုင်မည့် အခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ကြောင်း ထိုက်ချင်းဘိုးဘေး ကြိုတင် ခန့်မှန်းထားခဲ့သည်။

သို့သော်လည်း ဝူကျန့်ထျန်း အမှန်တကယ် ရောက်ရှိလာသည်ကို မြင်လိုက်ရလျှင် သူ၏ စိတ်နှလုံးသည် အနည်းငယ် တုန်လှုပ်သွားဆဲပင်။

ဆိုရလျှင် မြောက်ဘက်ဒေသရှိ သိုင်းပညာကျင့်ကြံခြင်းလောကမှ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်သည့် ဝူကျန့်ထျန်းကို ထိုက်ချင်းဘိုးဘေးပင်လျှင် ကြောက်ရွံ့ရ၏။

ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် သူတို့ အင်မော်တယ်လောက၏ ကျင့်ကြံခြင်းစနစ်သည် နတ်ဘုရားနယ်မြေ၏ သိုင်းပညာ ကျင့်ကြံခြင်းစနစ်ထက် ပိုမို၍ ကောင်းမွန်သည်။

ထို့ကြောင့် ယေဘုယျအားဖြင့် နတ်ဘုရင် နဝမအဆင့်ကို နတ်ဘုရင် အထွတ်အထိပ်အဆင့်သည် ကောင်းစွာ ဖိနှိပ်ထားနိုင်စွမ်း ရှိသည်။

သို့သော် ဝူကျန့်ထျန်းကမူ သာမန် နတ်ဘုရင်တစ်ပါး မဟုတ်ပေ။

ဤနှစ်များအတွင်း ထိုက်ချင်းဘိုးဘေးသည် ဝူကျန့်ထျန်းနှင့် တစ်ကြိမ်ထက်မက တိုက်ခိုက်ခဲ့ဖူးသော်လည်း အကြိမ်တိုင်းနီးပါးတွင် ဝူကျန့်ထျန်းကို ရှုံးနိမ့်ခဲ့ရသည်။

တစ်ယောက်ချင်းသာ တိုက်ခိုက်မည်ဆိုလျှင် အင်မော်တယ်တိုက်တွင် မည်သူကမှ ဝူကျန့်ထျန်း၏ ပြိုင်ဘက် မဟုတ်ပေ။

ဆိုရလျှင် ဝူကျန့်ထျန်းသည် အင်မော်တယ်တိုက်၏ နံပါတ်တစ် အစွမ်းထက်ဆုံးပုဂ္ဂိုလ် ဖြစ်၏။

ဝူကျန့်ထျန်း ရှိနေ၍သာ မြောက်ဘက်ဒေသ သိုင်းပညာကျင့်ကြံခြင်းလောကကို မဖျက်ဆီးနိုင်ခြင်း ဆိုလည်းမမှားပေ။

ပုံမှန်အားဖြင့် ထိုက်ချင်းဘိုးဘေးသည် တံခါးပိတ်၍ ကျင့်ကြံနေလေ့ရှိပြီး မည်သည့် ကိစ္စတွင်မှ ပါဝင်လေ့မရှိပေ။

သို့သော်လည်း မုချင်းစန်းတို့ ငါးဦးက ကျန်းချန်၏ လက်ထဲတွင် ရှုံးနိမ့်တော့မည် ဖြစ်၍ သူ့အနေဖြင့် မဖြစ်မနေ ရှေ့ထွက်ခဲ့ရသည်။

မမျှော်လင့်ဘဲ သူထွက်ပေါ်လာသည်နှင့် ဝူကျန့်ထျန်းသည်လည်း တစ်ပြိုင်နက် ထွက်ပေါ်လာခဲ့၏။

ဝူကျန့်ထျန်း တစ်ဦးတည်းပင်လျှင် သူတို့ အင်မော်တယ် ကျင့်ကြံခြင်း လောက အတွက် အလွန်တရာ ရင်ဆိုင်ရ ခက်ခဲနေပြီ ဖြစ်သည်။

ယခုအခါတွင် မုချင်းစန်းတို့ ငါးပါးကိုပင် ချေမှုန်းနိုင်သည့် လျှို့ဝှက်ဆန်းကြယ်သော လူငယ်တစ်ဦးက ထပ်တိုးလာပြီ ဖြစ်သည်။

ထိုနှစ်ယောက်က သူတို့ အင်မော်တယ် ကျင့်ကြံခြင်းလောကတွင် ရှိနေပါစေ၊ သူတို့အနေဖြင့် ကိုင်တွယ်ရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။

“မမျှော်လင့်ဘဲ မြောက်ဘက်ဒေသရဲ့ သိုင်းပညာ ကျင့်ကြံခြင်းလောကမှာ နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ ရှိနေတာပဲ”

ရုတ်တရက် ရောက်ရှိလာသော သန်မာထွားကျိုင်းသည့် လူလတ်ပိုင်းအရွယ် အမျိုးသားကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ဝူကျန့်ထျန်းဟု အမည်ရသည့် သူ့ရှေ့မှ သန်မာထွားကျိုင်းသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် လနတ်နန်းတော်၏ နန်းတော်သခင်မနှင့် နှိုင်းယှဥ်၍ မရသော်လည်း ကပ်ဘေး အထွတ်အထိပ် အဆင့်ရှိ ထိုက်ချင်းဘိုးဘေးထက်မူ လုံးဝမနိမ့်ကျပေ။

ကျန်းချန်၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ဝူကျန့်ထျန်း၏ စွမ်းရည်ဖြင့် ဆိုလျှင် ထိုက်ချင်းဘိုးဘေးကို အနိုင်မယူနိုင်ခဲ့လျှင်ပင် တားဆီးထားနိုင်ရန်မှာ လုံလောက်သည်ထက်ပင် ပိုနေခဲ့၏။

ထိုက်ချင်းဘိုးဘေးသာ မရှိလျှင် အင်မော်တယ်တိုက်ရှိ ကျန်ရှိသော ကျင့်ကြံသူများသည် သူ့ကို မည်သည့် ခြိမ်းခြောက်မှုမှ ပေးနိုင်လိမ့်မည် မဟုတ်ပေ။

ထို့အပြင် မြောက်ဘက်ဒေသရှိ သိုင်းပညာကျင့်ကြံခြင်းလောကသည် အင်မော်တယ်လောကနှင့် နှစ်ပေါင်းများစွာ ယှဥ်ပြိုင်နိုင်ခဲ့သည်ကို ထောက်လျှင် ဝူကျန့်ထျန်း တစ်ဦးတည်းသာ နတ်ဘုရင်အဖြစ် မြောက်ဘက်ဒေသတွင် ရှိနေခြင်းမဟုတ်လောက်ပေ။

အကယ်၍ သူသာ မြောက်ဘက်ဒေသရှိ သိုင်းပညာ ကျင့်ကြံခြင်းလောကနှင့် ပူးပေါင်း၍ ကပ်ဘေးအဆင့် ကျင့်ကြံသူများကို သတ်ဖြတ်နိုင်လျှင် အင်မော်တယ်လောကကို အပြင်းအထန် ထိုးနှက်နိုင်မည် ဖြစ်ပြီး လုံးဝ ဖျက်ဆီးပစ်ရန်ပင် ဖြစ်နိုင်လောက်သည် မဟုတ်ပါလား။

“ဟားဟား မမျှော်လင့်ဘဲ ဒီနေ့ အင်မော်တယ်လောကက အစွမ်းထက် ပုဂ္ဂိုလ်ငါးယောက်က ဒီနေရာမှာ စုဝေးနေကြပါလား.. အမှောင်ထဲက အဘိုးကြီးသုံးယောက်.. မင်းတို့တွေရောက်နေမှတော့ အပြင်ကို ထွက်ခဲ့တော့”

ကျန်းချန် အတွေးနက်နေစဥ်မှာပင် ဝူကျန့်ထျန်း၏ စကားသံသည် ထုံရှန်းတောင်ကြား၏ အထက် ကောင်းကင်ယံတွင် ထပ်မံ၍ ပဲ့တင်ထပ်သွားခဲ့သည်။

“ဝုန်း..”

ဝူကျန့်ထျန်း၏ စကားဆုံးသည်နှင့် ပြင်းထန်သော နေရာလွတ် လှိုင်းလုံး သုံးခုသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။

နောက်ထပ်တစ်ခဏတွင် ကြောက်မက်ဖွယ်ရာ အရှိန်အဝါများ ထုတ်လွှတ်နေသည့် ပုံရိပ်သုံးခုသည် ထိုက်ချင်းဘိုးဘေး၏ နံဘေး၌ ပေါ်လာခဲ့သည်။

အခန်း(၂၃၇၇)ပြီး၏။

အခန်း(၂၃၇၈)

ဤပုံရိပ်သုံးခုတွင် တစ်ဦးချင်းစီ၏ အရှိန်အဝါသည် မြူခိုးအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးထက်ပင် အနည်းငယ်မျှ လျော့နည်းခြင်းမရှိ၍ ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူများ ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။

ထိုသုံးဦးနှင့် ထိုက်ချင်းဘိုးဘေး၊ ထျန်းယွမ်ဘိုးဘေး တို့သည် အင်မော်တယ်လောက၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ငါးဦးပင်ဖြစ်၏။

မြောက်ဘက်ဒေသရှိ သိုင်းပညာ ကျင့်ကြံခြင်းလောကနှင့် နတ်ဘုရားနယ်မြေကနေ ရောက်ရှိလာသော ကျန်းချန် တို့ကို ရင်ဆိုင်နေရသဖြင့် အင်မော်တယ်တိုက်ရှိ အင်မော်တယ် ကျင့်ကြံခြင်း လောကသည် ကြီးမားသော အကျပ်အတည်းကို ခံစားနေရပြီ ဖြစ်သည်။

ထို့ကြောင့် အင်မော်တယ် ကျင့်ကြံခြင်းလောက အနေဖြင့် အစွမ်းကုန် တိုက်ခိုက်ရန် ဆုံးဖြတ်ထားသည်မှာ သိသာနေခဲ့သည်။

ထိုအကြောင်းကြောင့်လည်း ယခုတစ်ကြိမ်တွင် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းမှ ကျန်ရှိသော အစွမ်းထက်သည့် ပုဂ္ဂိုလ်ကိုးဦးသည် ထာဝရသက်ရှည်တောင်တန်းသို့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်၏။

အင်မော်တယ် ကျင့်ကြံခြင်းလောကမှ ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူ သုံးဦး ပေါ်ထွက်လာသည့် တစ်ချိန်တည်းမှာပင် မြောက်ဘက်အရပ်ကနေ နတ်ဘုရင် အရှိန်အဝါ ခြောက်ခုသည် ဝူကျန့်ထျန်း၏ အနားသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

ဤနတ်ဘုရင်ခြောက်ပါး ထဲတွင် တစ်ပါးသာ နတ်ဘုရင်သတ္တမအဆင့်တွင် ရှိပြီး ကျန်ငါးပါးမှာ နတ်ဘုရင်သတ္တမအဆင့် အောက်တွင်သာ ရှိကြ၏။

“သိုင်းပညာ ကျင့်ကြံခြင်းလောကနဲ့ အင်မော်တယ်ကျင့်ကြံခြင်း လောကကြားက ကွာဟချက်က နည်းနည်းပါးပါး မဟုတ်ဘူးပဲ.. သိုင်းပညာ ကျင့်ကြံခြင်းလောကက အင်မော်တယ် ကျင့်ကြံခြင်း လောကရဲ့ ဖိနှိပ်တာကို ခံနေရတာ မဆန်းတော့ဘူး”

သူ့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် တိတ်တဆိတ်ခေါင်းခါရမ်းလိုက်သည်။

သူက အင်မော်တယ် ကျင့်ကြံခြင်းလောက၏ ကပ်ဘေးအဆင့် ကျင့်ကြံသူ ခြောက်ပါးကို သတ်ဖြတ်ခဲ့သော်လည်း မြောက်ဘက်ဒေသရှိ သိုင်းပညာ ကျင့်ကြံခြင်းလောကသည် အင်မော်တယ် ကျင့်ကြံခြင်းလောကနှင့် ယှဥ်လျှင် များစွာ လိုအပ်နေပါသေး၏။

ဆိုရလျှင် မြောက်ဘက်ဒေသရှိ သိုင်းပညာကျင့်ကြံခြင်းလောက တစ်ခုလုံးသည် ဝူကျန့်ထျန်းကို အားကိုးအားထားပြု၍ ရပ်တည်နေရခြင်း ဖြစ်၏။

အကယ်၍ နတ်ဘုရင်နဝမအဆင့် ဖြစ်သည့် ဝူကျန့်ထျန်းသာ မရှိခဲ့လျှင် အင်မော်တယ် ကျင့်ကြံခြင်းလောကသည် မြောက်ဘက်ဒေသရှိ သိုင်းပညာ ကျင့်ကြံခြင်းလောကကို ဖျက်ဆီးရန်မှာ စက္ကန့်ပိုင်းမျှသာ ကြာမြင့်ပေလိမ့်မည်။

“ဝူကျန့်ထျန်း.. မင်းတကယ်ပဲ ထုံရှန်းတောင်ကြားဆီ မင်းရဲ့လူတွေကို ခေါ်ပြီး လာရဲလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”

ထိုက်ချင်းဘိုးဘေးက ဝူထျန့်ကျန်းကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။

“ငါတို့ အင်မော်တယ် ကျင့်ကြံခြင်းလောကက ကပ်ဘေးအဆင့် ကျင့်ကြံသူ အနည်းငယ်လောက် ဆုံးရှုံးသွားတာနဲ့ပဲ မင်းတို့ သိုင်းပညာ ကျင့်ကြံခြင်းလောကက အခွင့်ကောင်းယူနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား”

“ထိုက်ချင်း.. အပိုစကားတွေ ပြောမနေနဲ့...မင်းက ငါတို့ နတ်ဘုရားနယ်မြေရဲ့ ပါရမီရှင်ကို သတ်ချင်တယ်ဆိုရင် ငါဝူကျန့်ထျန်း သဘောတူ မတူ အရင်မေးကြည့်ရလိမ့်မယ်”

ဝူကျန့်ထျန်းက လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

သူ၏ ခန္ဓာကိုယ်ကနေ အနှိုင်းမဲ့ အရှိန်အဝါများ ထုတ်လွှတ်နေခဲ့၏။

ဤနှစ်များအတွင်း အင်မော်တယ် ကျင့်ကြံခြင်းလောက၏ ဖိနှိပ်မှုအောက်တွင် သူတို့ သိုင်းပညာ ကျင့်ကြံခြင်းလောကသည် တဖြည်းဖြည်း ဆုတ်ယုတ် လျော့ကျလာခဲ့ပြီး တစ်နေ့ထက် တစ်နေ့ ပိုမို ဆိုးရွားလာခဲ့သည်။

ယနေ့ခေတ် သိုင်းပညာ ကျင့်ကြံခြင်းလောကတွင် အရာအားလုံးကို သူတစ်ဦးတည်းသာ ထောက်ကန်ထားခြင်း ဖြစ်၏။

အကယ်၍ သူသာ တစ်ခုခု ဖြစ်သွားခဲ့လျှင် သိုင်းပညာကျင့်ကြံခြင်း လောကသည် အင်မော်တယ် ကျင့်ကြံခြင်းလောက၏ လက်ထဲတွင် ပျက်စီးသွားလိမ့်မည် ဖြစ်၏။

ယခုတစ်ကြိမ်တွင် နတ်ဘုရားနယ်မြေကနေ ပါရမီရှင်တစ်ဦး ရုတ်တရက် ရောက်ရှိလာခဲ့ပြီး အင်မော်တယ် ကျင့်ကြံခြင်းလောကမှ ကပ်ဘေးအဆင့် ကျင့်ကြံသူ အများအပြားကို သတ်ဖြတ်ခဲ့ရာ ယင်းသည် သူတို့အတွက် သံသယဖြစ်ဖွယ်ရာမရှိ အကောင်းဆုံး အခွင့်အလမ်းပင် ဖြစ်သည်။

ထို့ကြောင့် မည်သည့် အဖိုးအခပင် ပေးဆပ်ရပါစေ၊ သူတို့ သိုင်းပညာ ကျင့်ကြံခြင်းလောကသည် နတ်ဘုရားနယ်မြေမှ ပါရမီရှင်ကို သေချာပေါက် အကာအကွယ်ပေးရလိမ့်မည် မဟုတ်ပါလား။

ယနေ့တိုက်ပွဲကို ရှောင်လွှဲလို့မရတော့မှန်း သိရှိသဖြင့် ထိုက်ချင်းဘိုးဘေးသည် ဝူကျန့်ထျန်းနှင့် စကားများမနေတော့ပေ။

“ထျန်းယွမ်.. မင်းက မုချင်းစန်းတို့ လေးဦးကို ဦးဆောင်ပြီး သိုင်းပညာ ကျင့်ကြံခြင်းလောကက နတ်ဘုရင်ခြောက်ပါးကို ကိုင်တွယ်လိုက်”

“ကျန်းရှ.. မင်းနဲ့ငါက ဝူကျန့်ထျန်းကို ရင်ဆိုင်မယ်.. လဲ့ယန်နဲ့ ကျန့်ရှန်း မင်းတို့နှစ်ယောက်က အစွမ်းကုန် အားထုတ်ပြီး အဲဒီကောင်လေးကို ဖမ်းဆီးပါ”

ထိုက်ချင်းဘိုးဘေး၏ မျက်ဝန်းထဲတွင် အေးစက်သောအလင်းတန်းတစ်ခု လင်းလက်သွားခဲ့ပြီး ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

ထိုက်ချင်းဘိုးဘေးသည် ဝူကျန့်ထျန်းကို စိုးရိမ်သဖြင့် အင်မော်တယ် ကျင့်ကြံခြင်းလောကကို ဦးဆောင်၍ မြောက်ဘက်ဒေသရှိ သိုင်းပညာ ကျင့်ကြံခြင်းလောကကို ယခုအချိန်အထိ မဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ဆိုရလျှင် ဝူကျန့်ထျန်း၏ စွမ်းရည်သည် အလွန်တရာပင် နက်ရှိုင်းသည်။

သူက ဝူကျန့်ထျန်းကို ထိန်းထားပြီး ကျန်ကပ်ဘေးအဆင့် ကျင့်ကြံသူများက သိုင်းပညာကျင့်ကြံခြင်းလောကကို ဖျက်ဆီးနိုင်လျှင်ပင် ကြီးမားသော အဖိုးအခကို ပေးဆပ်ရလိမ့်မည် ဖြစ်သည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ ထိုက်ချင်းဘိုးဘေးသည် သိုင်းပညာ ကျင့်ကြံခြင်းလောကကို ရင်ဆိုင်ရန်အတွက် တွန့်ဆုတ်မနေတော့ပေ။

နတ်ဘုရားနယ်မြေမှ ပါရမီရှင်သာ သိုင်းပညာကျင့်ကြံခြင်းလောကနှင့် ပူးပေါင်းမိသွားပြီး နတ်ဘုရားနယ်မြေနှင့် အဆက်အသွယ် ရရှိသွားလျှင် သူတို့ အင်မော်တယ် ကျင့်ကြံခြင်း လောကသည် ပျက်စီးခြင်းနှင့် ကြုံရလိမ့်မည် မဟုတ်ပါလော။

ယခုတစ်ကြိမ်တွင် အင်မော်တယ် ကျင့်ကြံခြင်းလောကသည် အကြီးအကျယ် ထိုးနှက်ခံရပြီး ကပ်ဘေးအဆင့် အစွမ်းထက် ပုဂ္ဂိုလ်ခြောက်ပါး ကျဆုံးခဲ့သော်လည်း မြောက်ဘက်ဒေသရှိ သိုင်းပညာ ကျင့်ကြံခြင်းလောကနှင့် ယှဥ်လျှင် အပြတ်အသတ် အသာစီးရနေဆဲပင်။

ဝူကျန့်ထျန်း၏ စွမ်းရည်သည် အလွန်တရာပင် သန်မာလွန်းသဖြင့် ထိုက်ချင်းဘိုးဘေးသည် ခရမ်းရောင် အင်မော်တယ်ဓားဂိုဏ်း၏ ဘိုးဘေးကျန်းရှကိုပါ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

မြူခိုးအင်မော်တယ်ဂိုဏ်း၏ ဘို‌ဘေးထျန်းယွမ် အတွက်မူ ကပ်ဘေး အလယ်အလတ်အဆင့် ကျင့်ကြံသူ လေးဦးကို ဦးဆောင်၍ နတ်ဘုရင်ခြောက်ပါးကို ကိုင်တွယ်ရန်မှာ လုံလောက်သည်ထက်ပင် ပိုနေခဲ့သည်။

ကျန်ရှိသော မဟာသူရိန်အင်မော်တယ်ဂိုဏ်းမှ လဲ့ယန်ဘိုးဘေးနှင့် ထျန်းကန်းအင်မော်တယ်ဂိုဏ်းမှ ကျန့်ရှန်းဘိုးဘေးတို့နှစ်ဦးသာ နတ်ဘုရားနယ်မြေမှ ပါရမီရှင်ကို ဖမ်းဆီးနိုင်လျှင် အရာအားလုံးသည် သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဟု ဆို၍ ရသည်။

မဟာသူရိန် အင်မော်တယ်ဂိုဏ်းမှ လဲ့ယန်ဘိုးဘေးနှင့် ထျန်းကန်း အင်မော်တယ်ဂိုဏ်းမှ ကျန့်ရှန်းဘိုးဘေးတို့ နှစ်ဦးစလုံးသည် ကပ်ဘေးနှောင်းပိုင်းအဆင့် အစွမ်းထက် ပုဂ္ဂိုလ်များ ဖြစ်ကြ၏။

သူတို့ နှစ်ဦး ပူးပေါင်းလိုက်လျှင်ပင် သူပင်လျှင် အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။

နတ်ဘုရားနယ်မြေမှ ပါရမီရှင်က အစွမ်းထက်သော်လည်း လဲ့ယန်ဘိုးဘေးနှင့် ကျန့်ရှန်းဘိုးဘေးတို့၏ စွမ်းရည်ဖြင့် ဖမ်းဆီးရန် လုံလောက်သည်ဟု ထိုက်ချင်းဘိုးဘေး ယူဆထားခဲ့သည်။

“ထိုက်ချင်း စိတ်ချပါ.. အမွှေးတိုင်တစ်တိုင်စာ မကုန်ခင် ငါတို့နှစ်ယောက် အဲဒီကောင်လေးကို သေချာပေါက် ဖမ်းဆီးပေးပါမယ်”

မဟာသူရိန်အင်မော်တယ်ဂိုဏ်းမှ ဘိုးဘေးက အာမခံကာ ပြောလိုက်သည်။

သူတို့ နှစ်ဦးစလုံးသည် ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး နတ်ဘုရင် အဋ္ဌမအဆင့်ရှိ အစွမ်းထက်ပုဂ္ဂိုလ်များထက် မနိမ့်ကျပေ။

သူတို့နှစ်ဦး ပူးပေါင်းလိုက်လျှင် အင်မော်တယ်တိုက်တွင် ဝူကျန့်ထျန်းမှ လွဲ၍ သူတို့ကို မည်သူက ယှဥ်ပြိုင်နိုင်ပါအံ့နည်း။

“လဲ့ယန်.. ကျန့်ရှန်း.. မင်းတို့နှစ်ယောက် သတိထားပါ.. နတ်ဘုရားနယ်မြေရဲ့ ပါရမီရှင်က ရင်ဆိုင်ရခက်တဲ့သူပဲ”

ယုံကြည်မှု လွန်ကဲနေသော လဲ့ယန်ဘိုးဘေး၏ အမူအရာကိုမြင်လျှင် ထျန်းယွမ်ဘိုးဘေးသည် မျက်မှောင်ကြုတ်ကာ သတိပေးလိုက်သည်။

သူက ကျန်းချန်နှင့် ရင်ဆိုင်ခဲ့ဖူးသဖြင့် ထိုလူငယ် မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းသည်ကို ဤနေရာရှိ မည်သူထက်မဆို ပို၍ သိရှိထားခဲ့သည်။

သူ့အမြင်တွင် လဲ့ယန်ဘိုးဘေးနှင့် ကျန့်ရှန်းဘိုးဘေးတို့ ပူးပေါင်းလျှင်ပင် ထိုကောင်လေးကို ဖမ်းဆီးနိုင်ရန်မှာ မသေချာပေ။

“ထျန်းယွမ်.. မင်းက ငါတို့ကို အတော်လေး လျှော့တွက်ထားတာပဲ.. ငါတို့နှစ်ယောက်ကို မင်းလို အသုံးမကျဘူးလို့ ထင်နေတာလား.. ဒီကောင်လေး အဆင့်လောက်ကို ငါတစ်ယောက်တည်းနဲ့တောင် ဖမ်းနိုင်တယ်.. လဲ့ယန်ဘိုးဘေးနဲ့ ပူးပေါင်းနေဖို့တောင် မလိုဘူး”

ကျန့်ရှန်းဘိုးဘေးက မထီမဲ့မြင်ပြုံးကာ ပြောလိုက်သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် သူက ခြေတစ်ချက် ဆောင့်နင်းလိုက်ရာ သူ၏ ပုံရိပ်သည် ဥက္ကာခဲ တစ်လုံး ကဲ့သို့ လေထုထဲကို တိုးဝင်သွားခဲ့ပြီး ကျန်းချန် ဆီသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

“သွားစမ်း”

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့်ပင် သူ၏ လက်ထဲမှ ရှေးဟောင်း ရွှေရောင်ဓားကို ဝှေ့ယမ်းကာ တောက်ပသော ဓားအလင်းတစ်ခုကို ထုတ်ဖော်၍ လက်သီးချက်ကို ရင်ဆိုင်လိုက်၏။

“ဝုန်း..”

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ပြီး ကျန့်ရှန်းဘိုးဘေး၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့ကာ ချက်ချင်းဆိုသလိုပင် ခြေဆယ်လှမ်းထက်မက နောက်ဆုတ်သွားခဲ့ရ၏။

ကျန့်ရှန်း ဘိုးဘေးသည် သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်လိုက်ရသည်။

ဤအခိုက်အတန့်တွင် ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်၌ ထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

သူ၏ရှေ့မှ အနက်ရောင်ဝတ်စုံဝတ်လူငယ်၏ ကျင့်ကြံခြင်းအဆင့်သည် သူ ယခင်က မြင်ဖူးခဲ့သည့် နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူများထက်ပင် များစွာ အားနည်းနေခဲ့သည်။

ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် ကပ်ဘေးနှောင်းပိုင်းအဆင့်ရှိ သူ၏ ကျင့်ကြံမှုဖြင့် ဤကဲ့သို့ နတ်ဘုရင်များကို အလွယ်တကူပင် အနိုင်ယူနိုင်စွမ်း ရှိ၏။

သို့သော်လည်း သူ့ရှေ့မှ လူငယ်၏ တိုက်ခိုက်ရေးစွမ်းရည်သည် သူစိတ်ကူးထားသည်ထက်ကိုပင် လုံးဝ ကျော်လွန်နေခဲ့သည်။

ဤအခိုက်အတန့်တွင် ကျန့်ရှန်းဘိုးဘေးသည် ထျန်းယွမ်ဘိုးဘေးတို့ ငါးဦးစလုံး ပူးပေါင်းခဲ့သည့်တိုင် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို အဘယ်ကြောင့် မယှဥ်နိုင်ခဲ့မှန်း အဆုံးသတ်၌ သဘောပေါက်သွားခဲ့သည်။

ဆိုရလျှင် ထိုကောင်လေး၏ တိုက်ခိုက်ရေးစွမ်းရည်သည် နတ်ဘုရင် နဝမအဆင့် ဝူကျန့်ရှန်းထက်ပင် မနိမ့်ကျပေ။

“လဲ့ယန်.. ဒီကောင်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က သာမန်မဟုတ်ဘူး.. ငါတို့ အတူတူ ပူးပေါင်းတိုက်ခိုက်ကြစို့”

ကျန့်ရှန်းဘိုးဘေးက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လဲ့ယန်ဘိုးဘေးကို လှမ်းကြည့်ကာ ပြောလိုက်သည်။

“ကောင်းပြီ”

လဲ့ယန်ဘိုးဘေးကလည်း စကားများမနေတော့ဘဲ ခေါင်းညိတ်လိုက်သည်။

သူက လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ မီးလျှံများ စီးဆင်းနေသည့် ရွှေရောင်ဓားရှည်တစ်လက်သည် သူ၏လက်ထဲတွင် ပေါ်လာခဲ့သည်။

သူက သူ၏ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်၍ ရွှေရောင်ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံကိုပင် လောင်ကျွမ်းစေနိုင်သည့် ဓားအလင်းသည် မီတာထောင်ချီနေရာလွတ်ကို တိုက်ရိုက်ပင် ဖြတ်ကျော်သွားခဲ့ပြီး ကျန်းချန်ဆီသို့ သက်ရောက်လာခဲ့သည်။

အခန်း(၂၃၇၈)ပြီး၏။

All Chapters