← Chapters

အခန်း (၂၇၄၃-၂၇၄၄)

Vol. 215 Ch. 2743-2744

အခန်း (၂၇၄၃-၂၇၄၄)

Vol. 215 Ch. 2743-2744

အခန်း(၂၇၄၃)

“ဒီကောင်လေးက တလော့အသံကိုတောင် ရင်ဆိုင်နိုင်ခဲ့တယ်လား”

လျှိုဝူချန်းက သူ၏ မျက်စိရှေ့မှ မြင်ကွင်းကို မှင်တက်စွာ ငေးကြည့်နေခဲ့ပြီး အံ့ဩတုန်လှုပ်မှုကနေ ပြန်လည် သတိဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။

ကျန်းချန်တွင် တုနှိုင်းမဲ့ ပါရမီရှိမှန်း သူသိထားသော်လည်း ယွိစစ်ချန် ထုတ်ဖော်လိုက်သော တလော့အသံသည် အနည်းဆုံး ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူတစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့် ညီမျှ၏။

သို့ရာတွင် ကျန်းချန်ကမူ ကောင်းကင်အင်မော်တယ် ပထမအဆင့်တွင်သာ ရှိနေသေးသည်။

သူက နှစ်ပေါင်း မရေမတွက်နိုင်အောင် ရှင်သန်လာခဲ့သော်လည်း ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံမှုဖြင့် ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ်ပါရမီရှင်မျိုးကို တစ်ခါမှ မမြင်ဖူးချေ။

“ဒီကောင်လေးက အင်မော်တယ်ဘုရင် အဆင့် အမွေအနှစ်ကို ပိုင်ဆိုင်ထားရုံတင်မကဘူး.. အခုလေးတင် ထုတ်သုံးလိုက်တဲ့ နတ်ဘုရားကျောက်တိုင်ကလည်း အနည်းဆုံး အင်မော်တယ်ဘုရင်အဆင့် လက်နက်ဖြစ်ဖို့များတယ်”

မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုက ခါးသီးစွာ ပြုံးလိုက်သည်။

“အကြီးအကဲချုပ်လျှို.. ဒီကောင်လေးက တကယ်ပဲ အဆင့်နိမ့်စကြဝဠာကနေ တက်လှမ်းလာတာရော သေချာရဲ့လား”

ထိုကောင်လေး၏ ပုံစံက အဆင့်နိမ့်စကြဝဠာကနေ တက်လှမ်းလာသူနှင့် မည်သို့မျှ မတူဘဲ နတ်ဘုရင်၏ မျိုးဆက်နှင့်သာ တူနေခဲ့၏။

“ဒီကမ္ဘာကြီးက ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတာပဲ.. အဆင့်နိမ့်စကြဝဠာကနေ အင်မော်တယ်ဘုရင် အဆင့် အမွေအနှစ်ကို ရရှိခဲ့သူလည်း မရှိခဲ့ဖူးတာ မဟုတ်တာ”

လျှိုဝူချန်းက အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှူရှိုက်ကာ ပြောလိုက်သည်။

“ကဲပါ ဒီကိစ္စကို ခဏထားလိုက်ပါ.. ဒီကောင်လေးရဲ့ အကူအညီကိုသာ ရရင် ငါတို့ ဆယ့်ရှစ်ခုမြောက် ဌာနခွဲအနေနဲ့ အမည်မဲ့အင်မော်တယ်နန်းတော် ဌာနခွဲတွေထဲက ငါတို့ရဲ့ အဆင့်ကို တိုးမြှင့်နိုင်မှာ သေချာတယ်”

မီးခိုးရောင်ဝတ်စုံဝတ်ဘအဘိုးအိုက ခေါင်းညိတ်လိုက်သည်။

ကျန်းချန်၏ ပါရမီနှင့်ခွန်အားအရ မြောက်ပိုင်း အေးစက်သော အင်မော်တယ် နယ်မြေ တစ်ခုလုံးတွင်ပင် ကျန်းချန်နှင့် နှိုင်းယှဥ်နိုင်သော ပါရမီရှင်သည် လက်ချိုးရေတွက်ရုံမျှသာ ရှိပေလိမ့်မည်။

အကယ်၍ ကျန်းချန်သာ သူတို့ကို ကူညီမည်ဆိုလျှင် အမည်မဲ့အင်မော်တယ် နန်းတော်၏ ပင်မနန်းတော်တွင် မကြာမီ ကျင်းပမည့် အမည်မဲ့အင်မော်တယ် ညီလာခံ၌ သူတို့ ဆယ့်ရှစ်ခုမြောက် ဌာနခွဲ အနေဖြင့် ထိပ်ဆုံးသုံးနေရာ အတွင်း ဝင်ရန်ပင် ပြဿနာရှိလိမ့်မည် မဟုတ်ပေ။

ဆိုရလျှင် ပထမဌာနခွဲ နေရာကို ရရှိရန်ပင် မဖြစ်နိုင်သည်တော့ မဟုတ်ချေ။

“ဒါမဖြစ်နိုင်ဘူး”

ကျန်းချန်က သူ၏ တိုက်ခိုက်မှုကို ဒဏ်ရာဒဏ်ချက် တစ်စက်ကလေးမှ မရဘဲ ပိတ်ဆို့နိုင်ခဲ့သည်အား မြင်လျှင် ယွိစစ်ချန်သည် တစ္ဆေသရဲကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားခဲ့ပြီး သူ၏ မျက်လုံးများကိုပင် ကိုယ်တိုင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။

သူက သူ့ဆရာ ချန်ထားပေးခဲ့သော ဝှက်ဖဲကို ထုတ်သုံးခဲ့သော်လည်း ကျန်းချန်ကို အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ။

သိထားရမည့်အချက်မှာ ဤသည်က သူ့ဆရာ သူ့ကို ပေးခဲ့သော တလော့အသံ ဖြစ်ပြီး ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူတစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့် ညီမျှခြင်းပင်။

ကျန်းချန်က မည်မျှပင် မွန်းစတားဆန်နေပါစေ၊ ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံမှုဖြင့် ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူတစ်ဦး၏ အစွမ်းကုန်တိုက်ခိုက်မှုကို မည်ကဲ့သို့ ခုခံနိုင်ရပါသနည်း။

“ယွိစစ်ချန်.. အသွားရှိရန် အပြန်ရှိတယ်.. မင်းလည်း ငါ့တိုက်ကွက်ကို တစ်ချက်လောက် မြည်းကြည့်လိုက်ဦး”

ကျန်းချန်၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းများ ယှက်သန်းသွားခဲ့သည်။

သူက သူ၏ ဦးခေါင်းအထက်မှ အင်မော်တယ်ကျောက်တိုင်ဖြင့် ယွိစစ်ချန်ကို ရိုက်ချလိုက်သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ယွိစစ်ချန်သည် ချက်ချင်းဆိုသလိုပင် ထိတ်လန့် တုန်လှုပ်သွားခဲ့ပြီး အလျင်အမြန်ပင် အော်ဟစ်လိုက်သည်။

“ငါအရှုံးပေးပါတယ်”

သူ့ဆရာ ချန်ထားပေးခဲ့သော တလော့အသံသည်ပင် ကျန်းချန်၏ နတ်ဘုရားကျောက်တိုင်အောက်တွင် ရှုံးနိမ့်သွားရပြီဖြစ်သည်။

သို့ဖြစ်ရာ သူက ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ် အဆင့်ဖြင့် နတ်ဘုရားကျောက်တိုင်ကို မည်ကဲ့သို့ ရင်ဆိုင်နိုင်ပါမည်နည်း။

ယွိစစ်ချန် အရှုံးပေးလိုက်သည်ကို မြင်လျှင် ကျန်းချန်သည် အင်မော်တယ် ကျောက်တိုင်ကို ပြန်လည် သိမ်းဆည်းလိုက်ပြီး ယွိစစ်ချန်ကို လှည့်ပင်မကြည့်တော့ဘဲ သူ၏ နေရာသို့ ပြန်လည် လျှောက်လှမ်းသွားခဲ့သည်။

ကျန်းချန်နှင့် ယွိစစ်ချန်တို့ တိုက်ပွဲ အဆုံးသတ်ပြီး သိပ်မကြာမီမှာပင် အဆင့် သတ်မှတ် ပြိုင်ပွဲသည်လည်း အဆုံးသတ်သွားခဲ့သည်။

ရလဒ်မှာ အားလုံးအတွက် အံ့ဩစရာ မရှိခဲ့ပေ။

ကျန်းချန်က ဆယ်ပွဲလုံး အနိုင်ရရှိသည့် မှတ်တမ်းဖြင့် အမည်မဲ့အင်မော်တယ် ပြိုင်ပွဲတွင် ပထမနေရာကို ဆွတ်ခူးသွားခဲ့သည်။

အမည်မဲ့အင်မော်တယ် ပြိုင်ပွဲ ပြီးဆုံးပြီးနောက်တွင် လျှိုဝူချန်းသည် ဆုလာဘ်များကို တစ်ဦးချင်းစီ ပေးအပ်ခဲ့ပြီးနောက်တွင် ထိပ်တန်းပါရမီရှင် ဆယ်ဦးကို ဧည့်ခံကျွေးမွေးရန် ဧည့်ခံပွဲ တစ်ခုကိုပါ ကျင်းပခဲ့သည်။

ဧည့်ခံပွဲတွင် ကျန်းချန်နှင့် သိပ်အဆင်မပြေသော ဝမ်ရှင်းဟန်နှင့် ယွိစစ်ချန် တို့မှ လွဲ၍ ကျန်လူအားလုံးသည် ကျန်းချန်ကို ဂုဏ်ပြုခဲ့ကြသည်။

ကျန်းချန်ကလည်း ပြုံးရွှင်သော အမူအရာဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။

သူက စန်းယွင်ပြည်နယ်တွင် ကြာရှည်နေမည် မဟုတ်သော်လည်း စန်းယွင်ပြည်နယ်မှ ပါရမီရှင်များနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ရန် ဆုံးဖြတ်ထားခဲ့သည်။

အကြောင်းရင်းမှာ သူက အဆင့်နိမ့်စကြဝဠာမှ လာသူ ဖြစ်သော်လည်း သူ့တွင် ဆွေမျိုးများနှင့် မိတ်ဆွေများစွာ ရှိနေသေးသောကြောင့်ပင်။

အကယ်၍ ၎င်းတို့သာ နောင်အခါတွင် အင်မော်တယ်လောကဆီ တက်လှမ်းလာမည် ဆိုလျှင် စန်းယွင်ပြည်နယ်သို့ ရောက်ရှိလာရန် အလွန်ပင် ဖြစ်နိုင်ခြေ ရှိ၏။

ထိုအချိန်တွင် စန်းယွင်ပြည်နယ်မှ ပါရမီရှင်များသည် သူ၏ အဆင့်အတန်းကို သိရှိထားကြမည် ဆိုလျှင် သူ၏ မျက်နှာကိုထောက်ထား၍ အနည်းငယ် စောင့်‌ရှောက်ပေးကြလိမ့်မည် မဟုတ်ပါလော။

ဧည့်ခံပွဲ ပြီးဆုံးပြီးနောက်တွင် လျှိုဝူချန်းသည် ကျန်းချန်ကို သီးသန့် တွေ့ဆုံခဲ့သည်။

“မိတ်ဆွေလေးကျန်းချန်.. ဒါက ငါတို့ အမည်မဲ့အင်မော်တယ်နန်းတော် ဌာနခွဲ ဆယ့်ရှစ်ရဲ့ အထူးတံဆိပ်ပြားပဲ.. ဒီတံဆိပ်ပြားကို ကိုင်ဆောင်ထားတဲ့သူက အကြီးအကဲတွေနဲ့ တန်းတူအဆင့်အတန်းရှိတယ်.. ဒ့ါအပြင် အင်မော်တယ်ကျောက်တုံးတစ်သောင်းနဲ့ အမည်မဲ့အင်မော်တယ်နှင်းရည် သုံးစက်ကိုလည်း ငါမင်းကို ပေးအပ်ပါ့မယ်”

လျှိုဝူချန်းက သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ ကျန်းချန်၏ ရှေ့မှောက်တွင် ပစ္စည်းများစွာ ပေါ်ထွက်လာခဲ့သည်။

“အကြီးအကဲချုပ်လျှို.. အမည်မဲ့အင်မော်တယ်နန်းတော် ဌာနခွဲဆယ့်ရှစ်က ဒီတစ်ကြိမ်ကျင်းပတဲ့ အမည်မဲ့အင်မော်တယ်ပြိုင်ပွဲရဲ့ ပထမနေရာ အတွက် ဒီလောက်ရက်ရက်ရောရော ပေးကမ်းပုံထောက်ရင် တစ်ခုခု တောင်းဆိုစရာ ရှိလို့လား”

ကျန်းချန်က သူ၏ ရှေ့မှ ပစ္စည်းများကို အလျင်စလို လက်မခံသေးဘဲ လျှိုဝူချန်းကို ကြည့်ကာ မေးလိုက်သည်။

“အကြီးအကဲချုပ်လျှို.. ခင်ဗျားတို့ အမည်မဲ့အင်မော်တယ်နန်းတော်ရဲ့ ရည်ရွယ်ချက်ကို အရင်ပြောပြလို့ရမလား”

“မိတ်ဆွေလေးကျန်းချန်က တကယ်ကို ထက်မြက်တာပဲ”

လျှိုဝူချန်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ဘာကိုမျှ ဖုံးကွယ်မထားဘဲ ကျန်းချန်ကို ရှင်းပြလိုက်သည်။

“ငါက မိတ်ဆွေလေးကျန်းချန်ကို ငါတို့ အမည်မဲ့အင်မော်တယ်နန်းတော် ဌာနခွဲ ဆယ့်ရှစ်ရဲ့ ကိုယ်စားလှယ်အနေနဲ့ နောက်ထပ်ခြောက်လကြာရင် ပင်မနန်းတော်မှာ ကျင်းပမဲ့ အမည်မဲ့အင်မော်တယ် ညီလာခံကို တက်ရောက်စေချင်တာပါ”

အမည်မဲ့အင်မော်တယ်နန်းတော်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးတွင် ပျံ့နှံ့ကာ တည်ရှိနေပြီး ပင်မနန်းတော်တစ်ခုနှင့် နန်းတော် ဌာနခွဲပေါင်း ဆယ့်ရှစ်ခု ရှိသည်။

အချိန်အပိုင်းအခြား တစ်ခုတိုင်းတွင် အမည်မဲ့အင်မော်တယ်နန်းတော်၏ ပင်မနန်းတော်သည် နန်းတော်ဌာနခွဲ ဆယ့်ရှစ်ခုကို ဆင့်ခေါ်ကာ အမည်မဲ့အင်မော်တယ် ညီလာခံကို ကျင်းပလေ့ရှိ၏။

ထိုအမည်မဲ့အင်မော်တယ် ညီလာခံသည် နောက်ကာလ တစ်ခုအတွက် နန်းတော်ဌာနခွဲ တစ်ခုချင်းစီ၏ အရင်းအမြစ် ခွဲဝေမှုကို အဆုံးအဖြတ်ပေးမည် ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက စန်းယွင်ပြည်နယ်ရှိ ဌာနခွဲသည် အောက်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး အမည်မဲ့အင်မော်တယ်နန်းတော်၏ ဆယ့်ရှစ်ခုမြောက် ဌာနခွဲ ဖြစ်လာခဲ့ရာ အမည်မဲ့အင်မော်တယ် နန်းတော်၏ သီးသန့်ထုတ်ကုန် ဖြစ်သော အမည်မဲ့အင်မော်တယ် နှင်းရည် အပါအဝင် အရင်းအမြစ် ရရှိမှုများစွာ လျော့နည်းသွားခဲ့သည်။

ထို့ကြောင့်လည်း အမည်မဲ့အင်မော်တယ်နန်းတော်သည် အမည်မဲ့အင်မော်တယ် နှင်းရည်ကို ရောင်းချခြင်းအား ပိတ်ပင်ခဲ့ပြီး လစဥ် လေလံပွဲတွင်သာ အမည်မဲ့အင်မော်တယ်နှင်းရည် သုံးစက်ခန့် ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

စင်စစ် လျှိုဝူချန်းသည် ဤတစ်ကြိမ် ကျင်းပသည့် အမည်မဲ့အင်မော်တယ် ပြိုင်ပွဲကို အသုံးချကာ သူတို့ ဌာနခွဲ ဆယ့်ရှစ်၏ လက်ရှိအခြေအနေကို ပြောင်းလဲပေးနိုင်မည့် သူအား ရှာဖွေတွေ့ရှိရန် မျှော်လင့်ခဲ့ခြင်းသာ။

ကျန်းချန်က အနည်းငယ် စဥ်းစားပြီးမှ လျှိုဝူချန်းကို ပြောလိုက်သည်။

“ကျွန်တော် အကြီးအကဲချုပ်လျှိုတို့ အတွက် အမည်မဲ့အင်မော်တယ် ညီလာခံမှာ ပါဝင်ပေးနိုင်ပါတယ်.. ဒါပေမဲ့အခြေအနေ တစ်ခုကိုတော့ တောင်းဆိုပါရစေ”

“မိတ်ဆွေလေးကျန်းချန်.. ကျေးဇူးပြုပြီး အားမနာဘဲ ပြောပါ.. ငါတတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ပေးပါ့မယ်”

လျှိုဝူချန်းက အလျင်အမြန်ပင် ပြောလိုက်သည်။

ကျန်းချန်၏ ပါရမီနှင့် ခွန်အားဖြင့်ဆိုလျှင် သူတို့ ဌာနခွဲ ဆယ့်ရှစ်ကို အမည်မဲ့အင်မော်တယ် ညီလာခံတွင် ကျိန်းသေပေါက် တောက်ပစေမည် ဖြစ်သည်။

ထို့ကြောင့် ယင်းအတွက် အဖိုးအခတချို့ ပေးအပ်ရမည် ဆိုလျှင်ပင် အလွန်တရာ ထိုက်တန်သည် မဟုတ်ပါလော။

ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

“အဆင့်နိမ့် စကြဝဠာမှာ ကျွန်တော့်ရဲ့ ဆွေမျိုးတွေနဲ့ မိတ်ဆွေတချို့ ရှိတယ်.. သူတို့က နောင်တစ်ချိန်မှာ အင်မော်တယ်လောကကို တက်လှမ်းလာကြလိမ့်မယ်.. သူတို့ တက်လှမ်းလာရင် စန်းယွင်ပြည်နယ်က အင်မော်တယ်မြို့တော် ကိုးမြို့ထဲက တစ်မြို့ ဖြစ်တဲ့ ထျန်း‌ရွှေအင်မော်တယ်မြို့တော်မှာ ပေါ်လာဖို့ ဖြစ်နိုင်ခြေ အရမ်းများတယ်.. အမည်မဲ့အင်မော်တယ်နန်းတော်အနေနဲ့ သူတို့ရဲ့ လုံခြုံရေးကို အာမခံပေးနိုင်ဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်”

“ဒီလောက်က ပြဿနာမရှိပါဘူး”

လျှိုဝူချန်းက စဥ်းစား၍ပင် မနေဘဲ တစ်ခါတည်း သတိပေးလိုက်သည်။

“ငါ ထျန်းရွှေအင်မော်တယ်မြို့တော်ကို လူလွှတ်ပြီး ထျန်းရွှေအင်မော်တယ်မြို့တော်ရဲ့ အင်မော်တယ်လမ်းကြောင်းကို လော့ရွှေကုန်သည်အဖွဲ့ လွှဲပြောင်းရယူနိုင်ဖို့ ကူညီပေးမယ်.. မင်းရဲ့ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေ နည်းနည်းလးမှ မထိခိုက်စေရဘူးလို့ ငါ အာမခံတယ်”

အမည်မဲ့အင်မော်တယ်နန်းတော်၏ အကြီးအကဲချုပ် ဖြစ်သည့် အလျောက် လျှိုဝူချန်းသည် စန်းယွင်ပြည်နယ် တစ်ခုလုံး၏ အခြေအနေကို ကောင်းစွာ သိရှိထားခဲ့သည်။

ဤကာလအတွင်း ကျန်းချန်၏ ထျန်း‌ရွှေမြို့တော် အတွင်း ဆောင်ရွက်ချက် တချို့ကိုလည်း သူသိထားပြီးပြီ ဖြစ်၏။

သူ့အနေဖြင့် လော့‌ရွှေကုန်သည် အဖွဲ့ကို ထျန်းရွှေအင်မော်တယ်မြို့တော်၏ အင်‌မော်တယ်လမ်းကြောင်းအား လွှဲပြောင်းရယူရန် အတွက် ရွှေအင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူ တစ်ယောက် စေလွှတ်လိုက်ရုံဖြင့် လုမိသားစုသည် စကားတစ်ခွန်းပင် ဟရဲလိမ့်မည် မဟုတ်ပေ။

အမည်မဲ့အင်မော်တယ်နန်း‌တော်၏ခွန်အားနှင့် အဆင့်အတန်းအရဆိုလျှင် စန်းယွင်အင်မော်တယ်နန်းတော် ပင်လျှင် သူတို့ကို မျက်နှာသာပေးရ၏။

ထျန်းရွှေအင်မော်တယ်မြို့တော်ရှိ လုမိသားစုသည် ရွှေအင်မော်တယ် တတိယအဆင့် ကျင့်ကြံသူ အုပ်ချုပ်သော ရွှေအင်‌မော်တယ်အဆင့် အင်အားစုမျှသာ ဖြစ်သည်။

အကယ်၍ လုမိသားစုသာ ခုခံရန် ကြိုးစားမည် ဆိုလျှင် သူ့အနေဖြင့် ဖျက်ဆီးပစ်လိုက်ရုံသာ မဟုတ်ပါလား။

အခန်း(၂၇၄၃)ပြီး၏။

အခန်း(၂၇၄၄)

“အကြီးအကဲလျှိုက ဒီလောက်အထိ ပွင့်လင်းမှတော့ ကျန်းချန်ကလည်း အကြီးအကဲချုပ်လျှိုရဲ့ ယုံကြည်မှုကိုအလွဲသုံးစားမလုပ်ဘဲ အကောင်းဆုံးရလဒ် တစ်ခုရအောင် ယူဆောင်ပေးပါ့မယ်”

ကျန်းချန်က ပြုံးရွှင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

စန်းယွင်ပြည်နယ်ရှိ အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲသည် ဌာနခွဲ အားလုံးထဲတွင် အောက်ဆုံးအဆင့်သာရှိသော်လည်း စန်းယွင်ပြည်နယ် အတွင်းရှိ ၎င်း၏ အဆင့်အတန်းသည် စန်းယွင်အင်‌မော်တယ်နန်းတော်ထက် အနည်းငယ်မျှ လျော့နည်းခြင်း မရှိပေ။

အမည်မဲ့အင်မော်တယ်နန်းတော်မှ ရွှေအင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦးကို လော့‌ရွှေကုန်သည်အဖွဲ့ထံ အကူအညီပေးရန် စေလွှတ်သရွေ့ လုမိသားစုသည် လော့ရွှေကုန်သည်အဖွဲ့ကို ပြဿနာရှာရဲတော့မည် မဟုတ်ရာ သူ့အနေဖြင့် စန်းယွင်ပြည်နယ်က‌နေ စိုးရိမ်ပူပန်မှု မရှိဘဲ ထွက်ခွာနိုင်မည် ဖြစ်သည်။

“မိတ်ဆွေလေးကျန်းချန်.. အမည်မဲ့အင်မော်တယ်ညီလာခံကျင်းပဖို့ ခြောက်လလောက် လိုသေးတယ်.. မင်းဒီခြောက်လအတွင်း ငါတို့ဆီမှာပဲ နေထိုင်ပြီး ကျင့်ကြံသင့်တယ်”

ထိုစကားကို ပြောပြီးနောက်တွင် လျှိုဝူချန်းသည် တစ်စုံတစ်ရာကို စဥ်းစားမိသွားခဲ့ပြီး လေးနက်သော လေသံဖြင့် ထပ်ပြောလိုက်သည်။

“မင်းနဲ့ရန်ငြိုးရှိတဲ့ စန်းယွင်အင်မော်တယ်နန်းတော်က ဝမ်ရှင်းဟန်က အမည်မဲ့အင်မော်တယ်နန်းတော်ကို ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက် ခေါ်လာခဲ့တယ်.. သူ့ရဲ့ရည်ရွယ်ချက်က မင်းကို ကိုင်တွယ်ဖို့ပဲ ဖြစ်လိမ့်မယ်”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် သံသယအရိပ်အယောင် တချို့ ယှက်သန်းသွားခဲ့သည်။

“ကျွန်‌တော် ဒီတစ်ကြိမ် အမည်မဲ့အင်မော်တယ်နန်း‌တော်ကို လာတာက အမည်မဲ့အင်မော်တယ်နန်းတော်ရဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုပြီး စန်းယွင်ပြည်နယ်ကနေ ထွက်သွားချင်လို့ပါ.. ဒါပေမဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်က ရုတ်တရက် အသုံးပြုလို့ မရတော့ဘူးလို့ သိရတယ်.. ဒီကိစ္စက ဝမ်ရှင်းဟန်ရဲ့ ပယောဂ မကင်းလောက်ဘူးထင်တယ်”

“အမှန်ပဲ.. သူက မင်းကို စန်းယွင်ပြည်နယ်ကနေ ထွက်မသွားနိုင်အောင် တားဆီးဖို့ ငါတို့ အမည်မဲ့အင်မော်တယ် နန်းတော်ကို အကူအညီတောင်းခဲ့တာပဲ”

လျှိုဝူချန်းက ခေါင်းညိတ်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။

“စိတ်မပူပါနဲ့ မိတ်ဆွေလေးကျန်းချန်.. ဝမ်ရှင်းဟန်ရဲ့ အစီအစဥ်ကို ငါမသိပေမဲ့ သူ အမည်မဲ့အင်မော်တယ် နန်းတော်ထဲမှာ ရှိနေသရွေ့ မင်းကို ထိခိုက်အောင် ငါလုပ်ခွင့်ပြုမှာ မဟုတ်ဘူး”

ကျန်းချန်က အနည်းငယ် စဥ်းစားလိုက်သည်။

“အကြီးအကဲချုပ်လျှို.. ကျွန်တော် ဒီခြောက်လအတွင်း အမည်မဲ့အင်မော်တယ် နန်းတော်မှာ ကျင့်ကြံဖို့ အစီအစဥ်မရှိဘူး.. မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေကို လှည့်လည်သွားလာဖို့ စီစဥ်ထားတယ်.. ဒါပေမဲ့ စိတ်မပူပါနဲ့.. နောက်ခြောက်လ အကြာမှာ ကျင်းပမဲ့ အမည်မဲ့အင်မော်တယ်ညီလာခံမှာ အချိန်မီ ပါဝင်ပေးမှာပါ”

“မိတ်ဆွေလေးကျန်းချန်က ဆုံးဖြတ်ပြီးပြီ ဆိုမှတော့ ငါက မင်းအတွက် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို စီစဥ်ပေးရတော့မှာပေါ့”

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် လျှိုဝူချန်းက ကျန်းချန်ကို မေးလိုက်သည်။

“မိတ်ဆွေလေးကျန်းချန်က ဘယ်ကိုသွားချင်တာလဲ”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှူရှိုက်လိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

“ကျွန်တော် ပေဟန်ပြည်နယ်ကို သွားဖို့ စီစဥ်ထားတယ်”

ပေဟန်ပြည်နယ်သည် မြောက်ပိုင်းအေးစက်သောအင်မော်တယ်နယ်မြေ၏ ပြည်နယ် ဆယ့်ရှစ်ခုတွင် အကျယ်ပြန့်ဆုံးပြည်နယ် ဖြစ်ပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံး၏ ဗဟိုချက်လည်း ဖြစ်ရာ ကျန်းချန်သည် သဘာဝကျစွာပင် သွားရောက် ကြည့်ရှုချင်ခဲ့သည်။

ထို့အပြင် သူက ပေဟန်ပြည်နယ်ရှိ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှ တစ်ဆင့် အကြွင်းမဲ့ဓားအင်မော် တယ်နန်းတော်နှင့် ပတ်သက်သည့် သတင်းအချို့ကိုလည်း စုံစမ်းချင်ခဲ့သည်။

ယင်းအပြင် နောက်ထပ် ခြောက်လအကြာတွင် ကျင်းပမည့် အမည်မဲ့အင်မော်တယ် ညီလာခံသည် ပေဟန်ပြည်နယ်ရှိ အမည်မဲ့အင်မော်တယ် နန်းတော်၏ ပင်မနန်းတော်တွင် ကျင်းပမည် ဖြစ်သည်။

ထို့ကြောင့် ပေဟန်ပြည်နယ်သို့ တိုက်ရိုက်သွားခြင်းသည် သူ့ကို ဒုက္ခများစွာ သက်သာစေလိမ့်မည် မဟုတ်ပါလော။

“ကောင်းပြီလေ.. ငါတည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို အသက်သွင်းပြီး မင်းကို ပေဟန်ပြည်နယ်က အမည်မဲ့အင်မော်တယ်နန်းတော် ဌာနခွဲတစ်ခုစီကို ပို့ပေးမယ်”

လျှိုဝူချန်းက လေးနက်စွာ ပြောလိုက်သည်။

“မိတ်ဆွေလေးကျန်းချန်.. အမည်မဲ့အင်မော်တယ်နန်းတော် ဌာနခွဲ ဆယ့်ရှစ်ရဲ့ ဧည့်အကြီးအကဲ တံဆိပ်ပြားက လူရမ်းကားတချို့ကို ခြောက်လှန့်ဖို့ အသုံးဝင်ပေမဲ့ မလိုလားအပ်တဲ့ပြဿနာတွေ မဖြစ်လာဖို့ အတွက် တခြားနန်းတော် ဌာနခွဲက လူတွေရှေ့မှာ ထုတ်မပြမိဖို့ သတိထားပါ”

လျှိုဝူချန်း စကားကိုကြားလျှင် ကျန်းချန်အနည်းငယ်အံ့အားသင့်သွားခဲ့သည်။

လျှိုဝူချန်းက ခါးသီးစွာ ပြုံး၍ ပြောလိုက်၏။

“အမည်မဲ့အင်မော်တယ်နန်းတော်ရဲ့ ဌာနခွဲ ဆယ့်ရှစ်ခုက အပေါ်ယံကြည့်ရင် နန်းတော်ရဲ့ အမည်အောက်မှာ ရှိပေမဲ့ အဆင့်အတန်းနဲ့ အရင်းအမြစ်တွေကြောင့် အတွင်းပိုင်းအားပြိုင်မှုတွေက အရမ်းကို ပြင်းထန်တယ်.. တကယ်လို့ သူတို့က မင်းရဲ့ အဆင့်အတန်းကို သိသွားခဲ့ရင် မင်းကို ပစ်မှတ်ထားဖို့ ကြိုးစားလာကြလိမ့်မယ်”

“ကျွန်တော် သတိထားပါမယ်.. အကြီးအကဲချုပ်လျှို”

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး အကြီးအကဲချုပ်လျှို၏ စကားကို နားလည်သွားခဲ့သည်။

စန်းယွင်ပြည်နယ်ရှိ အမည်မဲ့အင်မော်တယ်နန်းတော် ဌာနခွဲ ဆယ့်ရှစ်သည် အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲအားလုံးတွင် အောက်ဆုံး အဆင့်တွင်သာ ရှိသည်။

အကယ်၍ စန်းယွင်ပြည်နယ်ရှိ ဌာနခွဲသာ တိုးတက်လာခဲ့လျှင် အခြားဌာနခွဲ တချို့ ၏ အကျိုးစီးပွားကို ကျိန်းသေပေါက် ထိခိုက်လာမည် ဖြစ်၏။

သို့ဖြစ်ရာ ကျန်ဌာနခွဲများသည် စန်းယွင်ပြည်နယ်ရှိ ဌာနခွဲတွင် သူကဲ့သို့ ပါရမီရှင်တစ်ဦး ပေါ်ထွက်လာသည်ကို မည်ကဲ့သို့ လက်ပိုက် ကြည့်နေနိုင်ပါမည်နည်း။

နောက်တစ်နေ့ နံနက်စောစောတွင် ကျန်းချန်သည် လော့ဝူကျိအတွက် စာတစ်စောင်ကို လျှိုဝူချန်း ထံတွင် ချန်ထားခဲ့ကာ ပေဟန်ပြည်နယ်သို့ တစ်ကိုယ်တော် သွားရောက်ရန် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ပေါ်သို့ တက်လိုက်သည်။

“မိတ်ဆွေလေးကျန်းချန်.. ပေဟန်ပြည်နယ်က မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးရဲ့ ဗဟိုချက်ပဲ.. အဲဒီမှာ အင်မော်တယ်လမ်းစဥ် အရမ်းထွန်းကားပြီး အစွမ်းထက် ကျင့်ကြံသူတွေ ပေါများတယ်.. မင်းရဲ့ ဒီခရီးစဥ်က ပေဟန်ပြည်နယ်ကို တစ်ယောက်ထဲ သွားတာ ဖြစ်လို့ အထူး သတိထားရလိမ့်မယ်”

တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်၏ အပြင်ဘက်ကနေ လျှိုဝူချန်းသည် လေးနက်စွာ သတိပေးလိုက်သည်။

ပေဟန်ပြည်နယ်သည် စန်းယွင်ပြည်နယ်ထက် များစွာ ပို၍ အန္တရာယ်များသည်။

စန်းယွင်ပြည်နယ်သည် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ ရှားပါးသော်လည်း ပေဟန်ပြည်နယ်တွင်မူ ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ ကဲ့သို့သော တည်ရှိမှုမျိုးပင်လျှင် မနည်းပေ။

“စိတ်မပူပါနဲ့ အကြီးအကဲချုပ်လျှို.. ကျန်းချန် နားလည်ပါတယ်”

ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်၏ ပုံရိပ်သည် လက်ခနဲ ဖြစ်သွားခဲ့ပြီး ပေဟန်ပြည်နယ်သို့ ဦးတည်သော တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကနေ ပျောက်ကွယ်သွားခဲ့သည်။

ပေဟန်ပြည်နယ်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ပြည်နယ် ဆယ့်ရှစ်ခု ထဲတွင် အကြီးမားဆုံး ပြည်နယ် ဖြစ်သည်။

ပေဟန်ပြည်နယ်၏ ဧရိယာက အလွန်ပင် ကျယ်ဝန်းပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေရှိ အခြားသော ပြည်နယ်များထက် ဆယ်ဆကျော် ပိုမို ကျယ်ဝန်း၏။

ထိုနေရာတွင် အင်မော်တယ်ဘုရင်အဆင့် အင်အားစု ဖြစ်သည့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်သာမက တလော့အင်မော်တယ် အဆင့် ကျင့်ကြံသူများလည်း ရှိပြီး ရွှေအင်မော်တယ် အဆင့် ကျင့်ကြံသူများကို နေရာတိုင်းတွင်ပင် မြင်တွေ့နိုင်၏။

အမည်မဲ့အင်မော်တယ်နန်းတော် ပင်လျှင် ပေဟန်ပြည်နယ်တွင် ပင်မနန်းတော် တစ်ခုနှင့် နန်းတော်ဌာနခွဲတစ်ခု ရှိသည်။

ပြောနေစရာမလိုလောက်အောင်ပင် ထိုပင်မနန်းတော်သည် အမည်မဲ့အင်မော်တယ်နန်းတော်၏ အဓိကနန်းတော် ဖြစ်ပြီး နန်းတော်ဌာနခွဲ ဆယ့်ရှစ်ခုကို အမိန့်ပေးနိုင်စွမ်း ရှိ၏။

ယင်းအပြင် ပေဟန်ပြည်နယ်ရှိ နန်းတော် ဌာနခွဲမှာလည်း အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲနန်းတော် ဆယ့်ရှစ်ခုတွင် အဆင့်တစ် နေရာ၌ ရှိသော ဌာနခွဲ ဖြစ်ရာ အလွန်တရာပင် အင်အားကောင်းသည်။

---------------------

ပေဟန်ပြည်နယ်ရှိ အမည်မဲ့အင်မော်တယ် နန်းတော်ဌာနခွဲတစ်ရှိ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် စင်မြင့်ထက်တွင် အင်မော်တယ် သင်္ကေတများ လင်းလက်လာခဲ့သည်။

ထို့နောက်တွင် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်က ရုတ်တရက် လင်းထိန်လာခဲ့ပြီး အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် အစီအရင်ထဲကနေ လျှောက်ထွက်လာခဲ့သည်။

ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်မှာ စန်းယွင်ပြည်နယ်ကနေ လာသည့် ကျန်းချန်ပင် ဖြစ်သည်။

တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် စင်မြင့် ပတ်ပတ်လည်တွင် အစောင့်လေးဦး စောင့်ကြပ်နေခဲ့၏။

ထိုလေးဦး၏ ကျင့်ကြံခြင်း အဆင့်သည် အလွန်ပင် အစွမ်းထက်ပြီး လော့ဝူကျိထက် မနိမ့်ကျပေ။

ကျန်းချန်က ထိုလေးဦးကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် ထိုနေရာမှ ထွက်ခွာသွားရန် ပြင်လိုက်သည်။

လျှိုဝူချန်း၏ သတိပေးချက်ကြောင့် ကျန်းချန်သည် အမည်မဲ့အင်မော်တယ်နန်းတော် ဌာနခွဲမှ လူများနှင့် အဆက်အဆံလုပ်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

“နေဦးကောင်လေး.. အမည်မဲ့အင်မော်တယ်နန်းတော်က မဟုတ်ရင် ဒီနေရာကနေ ထွက်သွားဖို့ အတွက် အင်မော်တယ်ကျောက်တုံးနှစ်ဆယ်‌ ပေးဆောင်ရမယ်”

ထိုအချိန်တွင် အစောင့်တစ်ဦးသည် ရှေ့သို့ လှမ်းတက်လာခဲ့ပြီး ကျန်းချန်၏ သွားလမ်းကို ပိတ်ဆို့လိုက်သည်။

ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့၏။

အမည်မဲ့အင်မော်တယ်နန်းတော် ဌာနခွဲတစ်သည် အမှန်တကယ်ပင် အာဏာရှင်ဆန်ပြီး အင်မော်တယ်ကျောက်တုံး နှစ်ဆယ်ကို ကောက်ခံနေခဲ့သည်။

သို့သော်လည်း ပြဿနာတစ်ခု ပိုသည်ထက် လျော့သည်က ပိုကောင်းသည် ဟူသော စိတ်ဖြင့် ကျန်းချန်သည် အင်မော်တယ်ကျောက်တုံးနှစ်ဆယ်ကို ပေးဆောင်လိုက်၏။

ယင်းနောက်တွင် သူက အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲတစ်ကနေ အလျင်အမြန်ပင် ထွက်ခွာလာခဲ့သည်။

ဌာနခွဲတစ်မှ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် မြောက်အရပ် ဆီသို့ တန်းတန်းမတ်မတ်ပင် ပျံသန်းသွားခဲ့သည်။

ပေဟန်ပြည်နယ်သို့ မလာမီတွင် လျှိုဝူချန်းသည် သူ့ကို ခေါင်းမပါသော ယင်ကောင် ကဲ့သို့ မဖြစ်စေရန် ပေဟန်ပြည်နယ်၏ မြေပုံကြမ်း တစ်ခုကို ပေးအပ်ခဲ့သည်။

မြေပုံပေါ်ရှိ အချက်အလက်များ အရ အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲတစ်နှင့် အနီးဆုံးမြို့မှာ မြောက်အရပ်ရှိ ရှေးဟောင်းလမင်း အင်မော်တယ်မြို့တော် ဖြစ်သည်။

ထိုရှေးဟောင်းလမင်း အင်မော်တယ်မြို့တော်တွင် ပေဟန်မြို့သို့ တိုက်ရိုက် ရောက်ရှိနိုင်သည့် တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင် ရှိ၏။

ကျန်းချန်သည် ရှေးဟောင်းလမင်း အင်မော်တယ်မြို့တော်ရှိ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်မှတစ်ဆင့် အင်မော်တယ်ဘုရင် အဆင့် အင်အားစု ဖြစ်သည့် မြောက်ပိုင်းအေးစက်သော အင်‌မော်တယ်နန်းတော် တည်ရှိရာ ပေဟန်မြို့တော်ဆီသို့ တိုက်ရိုက်သွားရန် စီစဥ်ထားခဲ့သည်။

နာရီဝက်ခန့် ကြာပြီးနောက်တွင် ခန့်ညားထည်ဝါသော တောင်တန်းကြီးသည် ကျန်းချန်၏ ရှေ့မှောက်တွင် ပေါ်လာခဲ့သည်။

တောင်တန်း၏ အထက် ကောင်းကင်ယံတွင် ကြောက်မက်ဖွယ်ရာကောင်းသော အင်မော်တယ် စွမ်းအင်လှိုင်းလုံးများ ထွက်ပေါ်နေခဲ့၏။

“ရှေ့မှာ စစ်ပွဲ ဖြစ်နေပါလား”

သူ့ရှေ့မှ တောင်တန်း၏ အခြေအနေကို ခံစားမိလျှင် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

ပေဟန်ပြည်နယ်သည် အလွန်တရာ ကျယ်ဝန်းသလို အလွန်လည်း စည်းကားပြီး အင်အားစု အမြောက်အများ ရှိသည်။

အင်မော်တယ်မြို့တော်များ အပြင် နေရာကောင်း တချို့ကို သိမ်းပိုက်ထားသည့် အင်အားစု များစွာလည်း ရှိ၏။

သူ့ရှေ့ရှိ တောင်တန်း၏ အထက်ကောင်းကင်ယံတွင် အင်အားစုနှစ်စုသည် စစ်ပွဲတစ်ပွဲ ဖြစ်ပွားနေသည်မှာ ထင်ရှားနေခဲ့သည်။

အခန်း(၂၇၄၄)ပြီး၏။

All Chapters