အခန်း ၃၀၀၃
Vol. 241 Ch. 3003
အခန်း (၃၀၀၃)
“ဟုတ်တယ်.. ယင်ယန်မိစ္ဆာဘုရင်တို့ မိစ္ဆာဘုရင်နှစ်ပါးစလုံးက ငါ့လက်ထဲမှာ ကျဆုံးသွားခဲ့တာပဲ.. မင်းလည်း သိပ်မကြာခင် သူတို့နောက်ကို လိုက်သွားရလိမ့်မယ်”
စကားဆုံးသည်နှင့် ကျန်းချန်သည် ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ကို ထုတ်ယူလိုက်ပြီး ပထမစာမျက်နှာ နှစ်ခုကို အသက်သွင်းကာ သူ၏ရှေ့မှ မိစ္ဆာဘုရင်ကို သတ်ဖြတ်ရန်အတွက် မိုးကြိုးနွားနှင့် ယုန်ပုံသဏ္ဌာန် သားရဲတို့ကို ဆင့်ခေါ်လိုက်သည်။
“ဒါက ဧကရာဇ်အဆင့် အင်မော်တယ်ရတနာ ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ပါလား”
သူ၏ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း အတောင်ပံနှစ်ဖက်ပါရှိသည့် မိစ္ဆာဘုရင်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူက ရှေးခေတ်ကာလကတည်းကပင် တည်ရှိခဲ့သောမိစ္ဆာဘုရင် တစ်ပါးဖြစ်ပြီး ရှေးဟောင်းမိစ္ဆာနန်းတော်နှင့် အတူ အင်မော်တယ်လောကကို ကျူးကျော်ရာတွင် လိုက်ပါခဲ့ဖူးသဖြင့် အင်မော်တယ်လောက၏ အကြောင်းကို ကောင်းစွာသိရှိထားခဲ့သည်။
ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်သည် အင်မော်တယ်လောကတွင် အလွန်တရာ ကျော်ကြားသည့် ဧကရာဇ်အဆင့် အင်မော်တယ် ရတနာတစ်ပါး ဖြစ်သည်။
ထိုစဥ်က ဧကရာဇ်အဆင့် အင်မော်တယ်ရတနာ၏ ပိုင်ရှင်သည် ရှေးဟောင်းသားရဲကြီး ဆယ်ကောင်ကို တစ်ပြိုင်နက်တည်း ဆင့်ခေါ်ခဲ့ဖူးပြီး ထိုသားရဲ တစ်ကောင်ချင်းစီသည် အင်မော်တယ်ဘုရင် အဆင့်ထက် မနိမ့်ကျသည့် ကြောက်မက်ဖွယ်စွမ်းအားများကို ပိုင်ဆိုင်ထားခဲ့ကာ မရေမတွက်နိုင်သည့် မိစ္ဆာဘုရင် အများအပြားကို သတ်ဖြတ်ခဲ့ဖူးသည်။
အတောင်ပံနှစ်ဖက် ပါရှိသည့် မိစ္ဆာဘုရင်သည် ချိတ်ပိတ်စည်းတံဆိပ်က လွတ်မြောက်လာလာချင်း ဧကရာဇ်အဆင့် အင်မော်တယ်ရတနာ ဖြစ်သည့် ကောင်းကင်ချိတ်ပိတ်အင်မော်တယ်စာအုပ်နှင့် တွေ့ဆုံရလိမ့်မည်ဟု ဘယ်တုန်းကမျှ မတွေးမိခဲ့ဖူးပေ။
သို့သော်လည်း ဤအခိုက်အတန့်တွင် အတောင်ပံနှစ်ဖက် ပါရှိသည့် မိစ္ဆာဘုရင်သည် ထိုအကြောင်းကို တွေးတောနေရန် အချိန်မရှိချေ။
သူက ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားများကို အစွမ်းကုန်ထုတ်ဖော်ကာ ရှေးဟောင်းသားရဲကြီး နှစ်ကောင်နှင့် တိုက်ခိုက်လိုက်သည်။
ဤအတောင်ပံနှစ်ဖက် ပါရှိသည့် မိစ္ဆာဘုရင်သည် အမှန်တကယ်ပင် အလွန်တရာ သန်မာပြီး ကျန်းချန် ယခင်က မြင်တွေ့ဖူးသမျှ မိစ္ဆာမျိုးနွယ်စု၏ မည်သည့် မိစ္ဆာဘုရင်ထက်မဆို ပို၍ သန်မာနေခဲ့သည်။
အတောင်ပံနှစ်ဖက် ပါရှိသည့် မိစ္ဆာဘုရင်က မိုးကြိုးနွားနှင့် ယုန်ပုံသဏ္ဌာန်သားရဲ၏ တိုက်ခိုက်မှုများကို အမှန်တကယ်ပင် ပိတ်ဆို့ တားဆီးနိုင်ခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ကောင်းကင်ထိန်းချုပ်နည်းစနစ် ဆယ်မျိုးကျင့်စဥ်၏ တတိယမြောက် နည်းစနစ်ကို ထုတ်ဖော်လိုက်သည်။
ရှင်းလင်းစွာဆိုရလျှင် သူက အတောင်ပံနှစ်ဖက် ပါရှိသည့် မိစ္ဆာဘုရင်နှင့် အချိန်ဖြုန်းရန် အစီအစဥ်မရှိခဲ့ပေ။
ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်၏ တတိယမြောက် စာမျက်နှာသည် ကျန်းချန်၏ လက်ချက်ဖြင့် တစ်ခဏအတွင်း အသက်ဝင်သွားခဲ့ပြီး မိုးကြိုးနွားထက် ခန္ဓာကိုယ် ပိုမိုကြီးမားကာ ဦးခေါင်းကိုးလုံးရှိသည့် ပြိုင်ဘက်ကင်းသားရဲတစ်ကောင်သည် တိုက်ရိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။
ထိုသားရဲကြီးသည် ရှေးဟောင်းသားရဲကြီး ဖြစ်သည့် ကျိုးယင် ဖြစ်သည်။
ကျိုးယင်သည် ခေါင်းကိုးလုံးပါရှိသည့် သားရဲ ဖြစ်ပြီး ထူးဆန်းသော မြွေအနွယ်ဝင် သားရဲလည်း ဖြစ်သည်။
၎င်းတွင် နွားသိုးခန္ဓာကိုယ်နှင့် နဂါးအမြီး ရှိသည့်အပြင် အရာအားလုံးကို လောင်ကျွမ်းစေနိုင်ပြီး ကမ္ဘာမြေကိုပင် ပျက်စီးစေနိုင်သည့် ရေနှင့်မီးစွမ်းအားကို ပိုင်ဆိုင်ထား၏။
ကျိုးယင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကြောက်မက်ဖွယ်ရာကောင်းသော ကြက်သွေးရောင် တောက်ပနေသည့် မီးတောက်ကြီး တစ်ခုသည် အတောင်ပံနှစ်ဖက် ပါရှိသည့် မိစ္ဆာဘုရင်၏ ဦးခေါင်း အထက်တွင် တိုက်ရိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။
တစ်ခဏအတွင်းမှာပင် ဟင်းလင်းပြင် မိုင်ပေါင်းသောင်းချီဧရိယာသည် အတောင်ပံနှစ်ဖက် ပါရှိသည့် မိစ္ဆာဘုရင်ကို လွှမ်းခြုံထားသည့် မီးပင်လယ်ကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
တစ်ချိန်တည်းမှာပင် မိုးကြိုးနွားနှင့် ယုန်ပုံသဏ္ဌာန်သားရဲတို့သည် ၎င်းတို့၏ သဘာဝလွန်စွမ်းရည်များကို အသီးသီး ထုတ်ဖော်လိုက်ကြပြီး အတောင်ပံနှစ်ဖက် ပါရှိသည့် မိစ္ဆာဘုရင်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။
အတောင်ပံနှစ်ဖက် ပါရှိသည့် မိစ္ဆာဘုရင်သည် ရှေးခေတ်ကာလက ပြိုင်ဘက်ကင်းမိစ္ဆာဘုရင်တစ်ပါး ဖြစ်နေစေကာမူ ပြိုင်ဘက်ကင်း ရှေးဟောင်းသားရဲကြီး သုံးကောင်၏ ကြောက်မက်ဖွယ်တိုက်ခိုက်မှုအောက်တွင် တောင့်ခံနိုင်ရန်မှာ မလွယ်ကူပေ။
အချိန်အတော်ကြာ တိုက်ခိုက်ပြီးနောက်တွင် မိုးကြိုးနွား၏ မိုးခြိမ်းသံ ကဲ့သို့ ဟိန်းဟောက်သံ သက်ရောက်မှုအောက်၌ အတောင်ပံနှစ်ဖက် ပါရှိသည့် မိစ္ဆာဘုရင်၏ တုံ့ပြန်မှုသည် အနည်းငယ် နှေးကွေးသွားခဲ့သည်။
ထိုအခိုက်အတန့်မှာပင် ယုန်ပုံသဏ္ဌာန်သားရဲ၏ လက်ချက်ဖြင့် အတောင်ပံနှစ်ဖက် ပါရှိသည့် မိစ္ဆာဘုရင်၏ ရင်ဘတ်တွင် ကြီးမားသော အပေါက်ကြီး တစ်ပေါက် ဖြစ်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျိုးယင်ထုတ်ဖော်ထားသည့် ကောင်းကင်ယံအပြည့် ဖုံးလွှမ်းနေသော မီးလျှံများသည် မိစ္ဆာဘုရင်ကို ရုတ်တရက် လွှမ်းခြုံသွားခဲ့သည်။
“ဝေါ့..”
အတောင်ပံနှစ်ဖက် ပါရှိသည့် မိစ္ဆာဘုရင်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။
ချက်ချင်းပင် သူက အတောင်ပံကို ခတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည့် မီးလျှံများကို ချက်ချင်းပင် ထိုးဖောက်သွားခဲ့ပြီး မိုင်ပေါင်းသောင်းချီ အကွာအဝေးတွင် ပြန်ပေါ်လာခဲ့သည်။
ယင်းအချိန်မှာပင် ကျိုးယင်သည် သူ၏ ဦးခေါင်းအထက်တွင် ထပ်မံပေါ်လာခဲ့ပြီး အလွန်တရာ အေးစက်သော ယင်စွမ်းအားဖြင့် သူ၏ ခန္ဓာကိုယ်ကို ထပ်မံ လွှမ်းခြုံလိုက်သည်။
တစ်ခဏအတွင်းမှာပင် အတောင်ပံနှစ်ဖက် ပါရှိသည့် မိစ္ဆာဘုရင်ရှိနေသည့် ဟင်းလင်းပြင် မိုင်ပေါင်းသောင်းချီ ဧရိယာသည် အေးခဲသွားခဲ့သည်။
ယင်းအခိုက်အတန့်တွင် မိုးကြိုးနွားနှင့် ယုန်ပုံသဏ္ဌာန် သားရဲတို့သည် အတောင်ပံနှစ်ဖက် ပါရှိသည့် မိစ္ဆာဘုရင်ကို သတ်ဖြတ်ရန်အတွက် တစ်ပြိုင်နက်တည်း ရောက်ရှိလာခဲ့ကြသည်။
ဤတစ်ကြိမ်တွင်မူ အတောင်ပံနှစ်ဖက် ပါရှိသည့် မိစ္ဆာဘုရင်သည် ယုန်ပုံသဏ္ဌာန် သားရဲ၏လက်ချက်ဖြင့် ရင်ဘတ်တွင် အပေါက်ကြီးတစ်ပေါက် ထပ်မံ ထိုးဖောက်ခံလိုက်ရရုံသာမက သူ၏ ကျောကုန်းမှ အတောင်ပံတစ်စုံ ပင်လျှင် မိုးကြိုးနွား၏ လက်ချက်ဖြင့် ပျက်စီးသွားခဲ့ရသည်။
သူ၏ အရှိန်အဝါက အလွန်တရာ အားနည်းသွားခဲ့ပြီး ကျိုးယင် ထုတ်ဖော်ထားသော ယင်စွမ်းအားကို လုံးဝခံနိုင်ရည် မရှိတော့ပေ။
ချက်ချင်းဆိုသလိုပင် ခန္ဓာကိုယ် တစ်ခုလုံးသည် စိတ်ဝိညာဥ်ပါမကျန် ရေခဲရုပ်ထု တစ်ခုအဖြစ်သို့ အေးခဲသွားခဲ့သည်။
အဆုံးသတ်တွင်မူ ကျယ်လောင်သောပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး အတောင်ပံနှစ်ဖက်ပါရှိသည့် မိစ္ဆာဘုရင်၏ ခန္ဓာကိုယ်သည် စေ့စေ့ညက်ညက် ကြေမွပျက်စီးသွားခဲ့သည်။
ဟင်းလင်းပြင်တွင် တိုက်ခိုက်နေကြသည့် မိစ္ဆာနှိမ်နင်းခြင်းအင်မော်တယ်ဘုရင်နှင့် သွေးရောင်ဆံပင်နှင့်မိစ္ဆာဘုရင်တို့သည် အတောင်ပံနှစ်ဖက် ပါရှိသည့် မိစ္ဆာဘုရင် ကျဆုံးသွားသည်ကို သတိပြုမိလိုက်သည်။
ဤအခိုက်အတန့်တွင် သွေးရောင်ဆံပင်နှင့် မိစ္ဆာဘုရင်၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်သော အရိပ်အယောင်တစ်ခု ယှက်သန်းသွားခဲ့သည်။
“ဘယ်လိုလုပ်ပြီး ကျဆုံးသွားရတာလဲ”
အတောင်ပံနှစ်ဖက် ပါရှိသည့် မိစ္ဆာဘုရင်သည် ရှေးခေတ်ကာလကတည်းပင် ရှင်သန်ကျန်ရစ်ခဲ့သည့် သက်တော်ရှည် မိစ္ဆာဘုရင်တစ်ပါး ဖြစ်သည်။
ကောင်းကင်မိစ္ဆာတောင်ထဲရှိ မိစ္ဆာဘုရင်များထဲတွင်ပင် အတောင်ပံနှစ်ဖက် ပါရှိသည့် မိစ္ဆာဘုရင်သည် ထိပ်တန်းအဆင့်တွင်ရှိပြီး သူ့ထက်ပင် ပို၍ သန်မာ၏။
သွေးရောင်ဆံပင်နှင့် မိစ္ဆာဘုရင်က အတောင်ပံနှစ်ဖက် ပါရှိသည့် မိစ္ဆာဘုရင်ကဲ့သို့ သန်မာသော မိစ္ဆာဘုရင်တစ်ပါးသည် ဟန်ယွင်အဆင့်သာ ရှိသေးသည့် ကောင်လေး၏ လက်ထဲတွင် ကျဆုံးသွားလိမ့်မည်ကို ဘယ်တုန်းကမျှ မတွေးမိခဲ့ပေ။
သို့သော်လည်း ဟင်းလင်းပြင်ထဲမှ ရှေးဟောင်း အရှိန်အဝါများကို ထုတ်လွှတ်နေသည့် သားရဲကြီး သုံးကောင်ကို မြင်လိုက်ရလျှင် ချက်ချင်းဆိုသလို သူနားလည်သွားခဲ့သည်။
ဆိုရလျှင် အတောင်ပံနှစ်ဖက် ပါရှိသည့် မိစ္ဆာဘုရင်သည် ဤရှေးဟောင်းသားရဲကြီး သုံးကောင်၏ လက်ချက်ဖြင့် ကျဆုံးသွားရခြင်း ဖြစ်သည်။
ဤအချိန်တွင် သူတို့ထက် ခြေတစ်လှမ်းစောပြီးနိုးထလာခဲ့ကြသည့် ယင်ယန်မိစ္ဆာဘုရင် နှစ်ပါးသည် အဘယ်ကြောင့် ကျဆုံးသွားခဲ့မှန်း အဆုံးသတ်၌ သဘောပေါက်သွားခဲ့သည်။
အကြောင်းရင်းမှာ မျက်နှာချင်းဆိုင်မှ ဟန်ယွင်အဆင့်ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ရှေးဟောင်းသားရဲကြီးများကို ဆင့်ခေါ်နိုင်စွမ်းရှိပြီး ထိုကဲ့သို့ ဆင့်ခေါ်လိုက်သော ရှေးဟောင်းသားရဲများသည် မိစ္ဆာဘုရင်များထက် စွမ်းအားမနိမ့်ကျသည့် သားရဲများ ဖြစ်နေခြင်းကြောင့်ပင်။
သွေးရောင်ဆံပင်နှင့် မိစ္ဆာဘုရင်သည် မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
သူက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေရဲတော့ဘဲ သွေးရောင်အလင်းတန်း တစ်ခု အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲကာ ကောင်းကင်မိစ္ဆာတောင် ရှိရာ ဘက်သို့ ထွက်ပြေးသွားခဲ့သည်။
ထိုအချင်းအရာကိုမြင်လျှင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်သည် လိုက်လံဖမ်းဆီးရန် ပြင်လိုက်သော်လည်း ကျန်းချန်က တားဆီးလိုက်သည်။
“ထားလိုက်ပါ သူ့ကို ဆက်မလိုက်ပါနဲ့တော့.. ဒီနေ့ တိုက်ပွဲပြီးရင် ကောင်းကင်မိစ္ဆာတောင်မှာ အချိန်တိုအတွင်း ဘာလှုပ်ရှားမှုမှ ရှိလာနိုင်တော့မှာ မဟုတ်ဘူး”
သူက ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ကနေ ရှေးဟောင်းသားရဲကြီး သုံးကောင်ကို ဆင့်ခေါ််ခဲ့နိုင်သော်လည်း ဟန်ယွင်အဆင့်သာ ရောက်ရှိနေသေး၍ အနည်းငယ် ခက်ခဲနေခဲ့သည်။
အတောင်ပံနှစ်ဖက်ပါရှိသည့် မိစ္ဆာဘုရင်ကို သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားသည် ခုနစ်ဆယ် ရာခိုင်နှုန်းကျော် ကုန်ခန်းသွားခဲ့ပြီ ဖြစ်သောကြောင့် ရှေးဟောင်းသားရဲကြီးများကို ဆက်လက် ထိန်းချုပ်ပြီး မိစ္ဆာဘုရင် တစ်ပါးကို သတ်ဖြတ်ရန်အတွက် မလုံလောက်တော့ပေ။
ကျန်းချန်၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေသည်ကို မြင်လျှင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်သည် အခြေအနေကို သဘောပေါက်လိုက်ပြီး သွေးရောင်ဆံပင်နှင့် မိစ္ဆာဘုရင်အား လိုက်လံဖမ်းဆီးမည့် သူ၏ အစီအစဥ်ကို စွန့်လွှတ်လိုက်သည်။
သူက ကျန်းချန်ကို ကြည့်က ပြောလိုက်သည်။
“မိတ်ဆွေလေးကျန်းချန်.. မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်ကို ပြန်ပြီး အနားယူလိုက်ပါဦး.. ကျန်တဲ့ကိစ္စတွေကိုတော့ ငါ့ကိုပဲ လွှဲထားလိုက်ပါ”
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်သို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီး ကျင့်ကြံရန်အတွက် အချိန်မျှော်စင် ထဲသို့ ဝင်ရောက်ခဲ့သည်။
ယခုအခါ အင်မော်တယ်လောကသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး ကပ်ဘေးကြီး ကျရောက်လာတာ့မည်ဖြစ်သည်။
သူရင်ဆိုင်ရမည့် ပြိုင်ဘက် အားလုံးနီးပါးသည် မိစ္ဆာဘုရင်အဆင့်ရှိ မိစ္ဆာကောင်များချည်း ဖြစ်နေခဲ့သည်။
သူက ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်၏ အကူအညီဖြင့် မိစ္ဆာဘုရင်ကို အလွယ်တကူ သတ်ဖြတ်နိုင်သော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်ကမူ ဟန်ယွင်အဆင့်သာ ရှိနေသေး၏။
အကယ်၍ သူဆင့်ခေါ်ထားသော ရှေးဟောင်းသားရဲကြီးများသာ ထိန်းချုပ်ပိတ်ဆို့ခြင်း ခံလိုက်ရလျှင် သူ၏ ကိုယ်ပိုင်ကျင့်ကြံခြင်း အဆင့်ဖြင့် မိစ္ဆာဘုရင်အဆင့်ရှိ မိစ္ဆာဘုရင်နှင့် ရင်ဆိုင်ရလျှင် ပြန်လည် ခုခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်လောက်ပေ။
အချိန်မျှော်စင်၏ ဒုတိယထပ်တွင် တစ်ခဏမျှ ကျင့်ကြံကာ သူ၏ စွမ်းအားများကို အထွတ်အထိပ် အခြေအနေအထိ ပြန်လည် ရောက်ရှိအောင် ကျင့်ကြံပြီးနောက်တွင် ကျန်းချန်သည် တစ်စုံတစ်ရာကို ရုတ်တရက် တွေးမိသွားခဲ့သည်။
“အခု ငါက ဟန်ယွင်အဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီ ဆိုတော့ အချိန်မျှော်စင်ရဲ့ ဆဋ္ဌမထပ်ကို ဖွင့်နိုင်မလား မသိဘူး”
အချိန်မျှော်စင်သည် အင်မော်တယ်လောကထဲရှိ ဒဏ္ဍာရီလာအင်မော်တယ် ရတနာတစ်ပါး ဖြစ်ပြီး ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ထက် မနိမ့်ကျပေ။
အချိန်မျှော်စင်၏ အထပ် တစ်ထပ်ချင်းစီတိုင်းတွင် သူ့ကို အထောက်အပံ့ ပေးနိုင်မည့်အရာများ အမြဲတစေ ရှိနေခဲ့သည်။
အကယ်၍ အချိန်မျှော်စင်၏ ဆဋ္ဌမထပ်ကိုသာ ဝင်ရောက်နိုင်မည်ဆိုလျှင် ထိုအထဲတွင် ရှိနေမည့် အရာသည် သူ့ကို စိတ်ပျက်စေလိမ့်မည် မဟုတ်မှန်း ကျန်းချန် ယုံကြည်နေခဲ့သည်။
အခန်း(၃၀၀၃)ပြီး၏။