← Chapters

အခန်း ၂၉၀၀

Vol. 230 Ch. 2900

အခန်း ၂၉၀၀

Vol. 230 Ch. 2900

အခန်း(၂၉၀၀)

"အရှင်ပိကျန်းက စန်းယဲ့မြို့မှာ ကျဆုံးသွားတယ် ဟုတ်လား"

ထိုစကားကို ကြားလိုက်ရလျှင် လင်းရှီယောင်က တစ်ခဏမျှ မှင်တက်သွားပြီး အံ့ဩ တုန်လှုပ်သွားခဲ့သည်။

လင်းရှီယောင်သည် ပိယွင်အင်မော်တယ် နန်းတော်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူ ဖြစ်၍ ပိယွင် အင်မော်တယ် နန်းတော်၏ အတွင်းရေး အကြောင်းအရာ မှန်သမျှ နီးပါးကို ကောင်းစွာ သိရှိထားခဲ့သည်။

အရှင်ပိကျန်း ဆိုသည်မှာ ပိယွင် အင်မော်တယ် နန်းတော်မှ နာမည်ကျော် တလော့ အင်မော်တယ် တစ်ပါး ဖြစ်ပြီး အလွန် အစွမ်းထက်သော ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။

ထို့ကြောင့် လင်းရှီယောင် အနေဖြင့် ယခုတစ်ကြိမ် ကျဆုံးသွားသည့်သူက အရှင်ပိကျန်း ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

ယင်းအပြင် အရှင်ပိကျန်း ကျဆုံးသွားခဲ့သည့် နေရာက စန်းယဲ့မြို့ ဖြစ်၏။

သူမ သိထားသလောက် စန်းယဲ့မြို့တွင် အင်အားအကြီးဆုံး ဖြစ်သော ယဲ့မိသားစု ဆိုသည်မှာ ရွှေအင်မော်တယ် နဝမအဆင့် တစ်ဦးသာ ရှိသည့် ရွှေအင်မော်တယ် အဆင့် အင်အားစုမျှသာ ဖြစ်သည်။

အရှင်ပိကျန်း၏ စွမ်းအားဖြင့် ဆိုလျှင် စန်းယဲ့မြို့မှ ယဲ့မိသားစုကို အသာထား၊ ပိယွင်အင်မော်တယ်နန်းတော်၏ စီရင်ပိုင်ခွင့် နယ်မြေတစ်ခုလုံး အတွင်းမှာပင် အရှင်ပိကျန်းကို ခြိမ်းခြောက်မှု တစ်စုံတစ်ရာ ပေးနိုင်စွမ်းရှိသူ ဟူ၍ မရှိသလောက်ပင်။

"ကြားရသလောက်တော့ စန်းယဲ့မြို့က ယဲ့မိသားစုမှာ အသင်္ချေဝိညာဉ် အင်မော်တယ်ခန္ဓာကိုယ် ပိုင်ရှင် ပေါ်ထွက်လာခဲ့လို့ ပိယွင်အင်မော်တယ် နန်းတော်က အရှင်ပိကျန်းရဲ့ တပည့်တွေကို စန်းယဲ့မြို့က ယဲ့မိသားစုဆီ စေလွှတ်ခဲ့တာတဲ့.. ဒါပေမဲ့ သူတို့တွေ စန်းယဲ့မြို့မှာပဲ ကျဆုံးသွားခဲ့ရလို့ အရှင်ပိကျန်းက အတော်လေး ဒေါသထွက်သွားခဲ့တယ်.. အဲဒါကြောင့် သူ ကိုယ်တိုင် စန်းယဲ့မြို့ကို ကိုယ်တိုင် သွားခဲ့ပေမဲ့ သူကိုယ်တိုင်လည်း ယဲ့မိသားစု လက်ထဲမှာ ကျဆုံးသွားခဲ့ရတယ်"

ချင်အာဟု အမည်ရသည့် ချောမောသော မိန်းကလေးက သူမ ရရှိထားသည့် အလွန် အသေးစိတ်ကျသော သတင်း အချက်အလက်များကို လင်းရှီယောင်အား ပြန်လည် ပြောပြလိုက်သည်။

ဖြစ်ပျက်ခဲ့သမျှကို ကြားလိုက်ရလျှင် လင်းရှီးယောင်၏ လှပသော မျက်ဝန်းအစုံတွင် အံ့ဩတုန်လှုပ်သည့် အရိပ်အယောင်တစ်ခု ဖျတ်ကနဲ ယှက်သန်းသွားခဲ့သည်။

ယခုပုံအတိုင်းဆိုလျှင် စန်းယဲ့မြို့ရှိ ယဲ့မိသားစု နောက်ကွယ်တွင် အကူအညီ ပေးနေသော အစွမ်းထက် ပုဂ္ဂိုလ် တစ်ဦး သေချာပေါက် ရှိနေလောက်သည်။

ထိုပုဂ္ဂိုလ်က အရှင်ပိကျန်းကို သတ်ဖြတ်နိုင်ခဲ့၍ တလော့အင်မော်တယ် အဆင့်ထက်ပင် ကျော်လွန်နေနိုင်ခြေ အလွန်များ၏။

ဤအချက်ကို တွေးတောမိလျှင် လင်းရှီယောင်သည် သူမ ရှေ့မှ မိန်းကလေးကို ကြည့်ကာ တိုးညင်းစွာ ပြောလိုက်သည်။

"ချင်အာ.. ငါ့အတွက် စန်းယဲ့မြို့က ယဲ့မိသားစုနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို ထပ်စုံစမ်းပေးဦး"

လင်းရှီယောင်သည် စန်းယဲ့မြို့ရှိ ယဲ့မိသားစုက သူမ၏ ကံကြမ္မာ အလှည့်အပြောင်း အတွက် အခွင့်အရေး တစ်ခု ဖြစ်လာနိုင်သည်ဟု ခံစားမိနေခဲ့သည်။

-------------------------

စန်းယဲ့မြို့၊ ယဲ့မိသားစု။

အရှင်နှင်းမှုန်နှင့် ကျန်းချန် တို့က အရှင်ပိကျန်းကို သတ်ဖြတ်ပြီးနောက်တွင် ယဲ့မိသားစုသည် ထိတ်လန့် တုန်လှုပ်ခြင်း မရှိဘဲ ထိုအစား ပွဲတော်တစ်ခု ကဲ့သို့ ပျော်ရွှင်နေခဲ့ကြသည်။

ယဲ့လင်း၏ ဆရာတင်မြှောက်သည့် ကိစ္စအပေါ်တွင် အလေးထားမှုကို ပြသရန် အတွက် ယဲ့မိသားစုသည် ယဲ့လင်းအတွက် ဆရာ အဖြစ် တင်မြှောက်ခြင်း မင်္ဂလာ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။

ယနေ့တွင် ယဲ့မိသားစုမှ တပည့် အားလုံး နီးပါးသည် ဆရာ တင်မြှောက်ခြင်း မင်္ဂလာ အခမ်းအနားကို တက်ရောက်ရန်အတွက် ယဲ့မိသားစု၏ ရင်ပြင်တွင် စုဝေးခဲ့ကြသည်။

မရေမတွက်နိုင်သော ယဲ့မိသားစုမှ တပည့်များသည် ရင်ပြင်အလယ်တွင် လူအများ၏ အာရုံစိုက်မှုကို ခံနေရသော ယဲ့လင်းကို ကြည့်ကာ အားကျခြင်း၊ မနာလိုခြင်းများနှင့် အတူ စိတ်လှုပ်ရှားနေခဲ့ကြ၏။

ဆိုရလျှင် ယဲ့မိသားစုမှ တပည့်များသည် ယဲ့လင်းက မည်သူ့ကို ဆရာ အဖြစ် တင်မြှောက်မှန်း ကောင်းစွာ သိရှိထားကြသည်။

ထိုသူသည် ပိယွင်အင်မော်တယ် နန်းတော်မှ အရှင်ပိကျန်းကိုပင် အလွယ်တကူ နှိမ်နင်းနိုင်စွမ်းရှိသော အစွမ်းထက် အင်မော်တယ် တစ်ပါး ဖြစ်၏။

ဤမျှ အစွမ်းထက်သော ဆရာ တစ်ဦးကို ပိုင်ဆိုင်ခွင့်ရခြင်းမှာ ယဲ့မိသားစုမှ တပည့်အားလုံး အတွက်တော့ အိပ်မက်တစ်ခု​လိုပင်။

ဆရာ တင်မြှောက်ခြင်း မင်္ဂလာ အခမ်းအနားကို စနစ်တကျ လုပ်ဆောင်ရင်း ယဲ့ချင်းမင်က အတော်လေး စိတ်လှုပ်ရှားနေခဲ့ပြီး မျက်ဝန်းထဲတွင်လည်း အလွန်တရာ စိတ်ကျေနပ်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့၏။

ယဲ့လင်း အနေဖြင့် ဤကဲ့သို့သော ဆရာသမား တစ်ဦးထံ ဆည်းကပ်ခွင့် ရရှိခဲ့ခြင်းကြောင့် နောင်တစ်ချိန် သူ သေရလျှင်ပင် အသေဖြောင့်ပြီဟု ယဲ့ချင်းမင် ခံစားခဲ့ရသည်။

အရှင်နှင်းမှုန်က အရှင်ပိကျန်းကို သတ်ဖြတ်ခဲ့ခြင်းကြောင့် သူတို့ ယဲ့မိသားစုသည် ပိယွင်အင်မော်တယ် နန်းတော်ကို အကြီးအကျယ် စော်ကားမိသွားခဲ့ပြီ ဖြစ်သော်လည်း ယင်းမှာ လက်မခံနိုင်သော အရာမျိုးတော့ မဟုတ်ပေ။

အရှင်နှင်းမှုန်၏ စွမ်းအားဖြင့် ဆိုလျှင် ပိယွင် အင်မော်တယ်နန်းတော်၏ ပြိုင်ဘက် မဟုတ်ခဲ့လျှင်ပင် ယဲ့လင်း၏ ဘေးကင်း လုံခြုံမှု အတွက်မူ ပြဿနာ ကြီးကြီးမားမား ရှိလိမ့်မည် မဟုတ်ချေ။

ယဲ့လင်း အသက်ရှင်နေသရွေ့ သူတို့ ယဲ့မိသားစု အတွက် မျှော်လင့်ချက် ရှိနေဦးမည်သာ ဖြစ်၏။

သို့သော်လည်း ဆရာတင်မြှောက်ခြင်း မင်္ဂလာ အခမ်းအနား ကျင်းပနေစဥ်မှာပင် ကောင်းကင်ယံထက်မှ ကျယ်လောင်သော အော်ဟစ်သံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုအသံက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး မိုင်ပေါင်း ရာချီအထိ ပျံ့နှံ့သွားခဲ့၏။

"ပိယွင်အင်မော်တယ်နန်းတော်က ပိမူ.. ယဲ့မိသားစုဆီ လာရောက် လည်ပတ်ပါတယ်"

စန်းယဲ့မြို့၏ ကောင်းကင်ယံ ထက်တွင် ပဲ့တင်ထပ်သွားသည့် အသံကို ကြားလိုက်ရလျှင် ယဲ့ချင်းမင်နှင့် ယဲ့မိသားစုမှ ကျင့်ကြံသူများသည် ချက်ချင်းပင် မျက်နှာပျက်သွားခဲ့ကြသည်။

ပိယွင်အင်မော်တယ် နန်းတော် အနေဖြင့် ဒီအတိုင်း လွှတ်ထားလိမ့်မည် မဟုတ်မှန်း သူတို့ သိထားကြသော်လည်း ဤမျှ မြန်မြန်ဆန်ဆန် ရောက်ရှိလာလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ပေ။

ယဲ့ချင်းမင်က ထိုင်ခုံကနေ ရုတ်တရက် ထရပ်လိုက်ပြီး သူ့ နံဘေးရှိ အရှင်နှင်းမှုန်ကို ကြည့်လိုက်သည်။

"စီနီယာနှင်းမှုန်.. အခု ရောက်လာတဲ့သူက ပိယွင်အင်မော်တယ်နန်းတော်ရဲ့ အကြီးအကဲချုပ် အရှင်ပိမူပဲ.. သူက အရှင်ပိကျန်းထက် ပိုပြီး သန်မာသလို ကျင့်ကြံခြင်း အဆင့်လည်း လုံးဝ မနိမ့်ကျဘူး"

"မစိုးရိမ်ပါနဲ့.. ငါ သူတို့ကို ခဏလောက် သွားတွေ့လိုက်မယ်.. ဒီတစ်ကြိမ် ရောက်လာတဲ့ တလော့ အင်မော်တယ်က တစ်ပါးတည်း မဟုတ်ဘူး"

စကားဆုံးသည်နှင့် အရှင်နှင်းမှုန်က ကောင်းကင်ယံထက်သို့ တိုက်ရိုက် ပျံတက်သွားခဲ့ပြီး စန်းယဲ့မြို့၏ ကောင်းကင်ယံတွင် ချက်ချင်း ပေါ်လာခဲ့သည်။

သူနှင့် မျက်နှာချင်းဆိုင်ရှိ ဟင်းလင်းပြင်တွင်မူ လူရိပ်နှစ်ခု ရှိနေခဲ့၏။

၎င်းတို့မှာ ပိယွင်အင်မော်တယ် နန်းတော်၏ အကြီးအကဲချုပ် အရှင်ပိမူနှင့် ပိကျန့်တို့ပင် ဖြစ်သည်။

စန်းယဲ့မြို့၏ အထက်တွင် ပေါ်လာသော အရှင်နှင်းမှုန်ကို မြင်လျှင် အရှင်ပိမူ၏ အိုမင်းသော မျက်ဝန်းအစုံက အနည်းငယ် စူးရှသွားခဲ့သည်။

"ပိကျန်းကို သတ်ခဲ့တာ မင်းပဲ ဖြစ်ရမယ်.. ဟုတ်တယ်မလား"

သူ့ရှေ့မှ လူ၏ အရှိန်အဝါက အတိုင်းအဆမရှိ နက်ရှိုင်းလှသဖြင့် သူကိုယ်တိုင်ပင် ကျင့်ကြံခြင်း အဆင့်ကို မခန့်မှန်းနိုင်ချေ။

ဤလူသည် ယဲ့မိသားစု နောက်ကွယ်ကလူ ဖြစ်ပြီး အရှင်ပိကျန်းသည်လည်း ဤလူ၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့ရသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိချေ။

"ဟုတ်တယ်"

အရှင်နှင်းမှုန်က ငြင်းဆိုခြင်း မပြုဘဲ အရှင်ပိမူတို့ နှစ်ဦးကို တည်ငြိမ်စွာ ကြည့်၍ မေးလိုက်သည်။

"မင်းတို့က အဲဒီကောင် အတွက် ကလဲ့စားချေဖို့ လာတာလား"

အရှင်ပိမူက အရှင်နှင်းမှုန်ကို သူ၏ မျက်ဝန်းများဖြင့် သေချာစွာ စူးစိုက်ကြည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"မင်းက ပိယွင်အင်မော်တယ် နန်းတော်ရဲ့ တလော့အင်မော်တယ်ကို သတ်ခဲ့မှတော့ ငါတို့ ပိယွင်အင်မော်တယ် နန်းတော်ကို ရှင်းလင်းချက် တစ်ခု ပေးရလိမ့်မယ်"

အရှင်နှင်းမှုန်က အေးစက်စက် ပြုံးလိုက်သည်။

"အိုး.. မင်းတို့ ပိယွင်အင်မော်တယ် နန်းတော်ကို ငါက ရှင်းလင်းချက် ပေးစေချင်တယ်ပေါ့.. ဒါဆိုရင်တော့ မင်းတို့မှာ အဲဒီလို အရည်အချင်း ရှိမရှိ ဆိုတဲ့ အပေါ်မှာပဲ မူတည်လိမ့်မယ်"

အရှင်ပိမူကလည်း အပိုစကားများ ဆက်မပြောတော့ချေ။

သူက ပိကျန့် ဆီသို့ လှည့်ကြည့်ကာ ပြောလိုက်သည်။

"ပိကျန့်.. ငါသူ့ကို ထိန်းထားမယ်.. မင်းက ယဲ့မိသားစုဆီ သွားပြီး အသင်္ချေဝိညာဉ် အင်မော်တယ် ခန္ဓာကိုယ် ပိုင်ရှင်ကို ဖမ်းခေါ်လာခဲ့"

သူ့ရှေ့မှလူသည် အရှင်ပိကျန်းကို သတ်နိုင်စွမ်းရှိ၍ သေချာပေါက် အလွန်အမင်း အစွမ်းထက်ပေလိမ့်မည်။

သူတို့ ဤနေရာသို့ လာခဲ့ခြင်းမှာ ဤလူ၏ အသေးစိတ် အချက်အလက်များကို စမ်းသပ်ရန်နှင့် ထို့နောက်မှသာ အစီအစဉ်များ ဆက်လက် ချမှတ်ရန် ဖြစ်သည်။

၎င်းအပြင် သူတို့ ထံတွင် နောက်ထပ် အရေးကြီးသော ရည်ရွယ်ချက် တစ်ခုလည်း ရှိနေသေးပြီး ယင်းမှာ ယဲ့မိသားစုမှ အသင်္ချေဝိညာဉ် အင်မော်တယ်ခန္ဓာကိုယ်ပင် ဖြစ်သည်။

သူတို့အနေဖြင့် သူတို့ရှေ့မှ ဤလူကို မကိုင်တွယ်နိုင်လျှင်ပင် အသင်္ချေဝိညာဉ် အင်မော်တယ်ခန္ဓာကိုယ် ပိုင်ရှင်ကိုမူ ပိယွင်အင်မော်တယ်နန်းတော်ထံ မဖြစ်မနေ ဖမ်းခေါ်သွားရလိမ့်မည် ဖြစ်သည်။

"စိတ်ချပါ အကြီးအကဲ"

ပိကျန့်က ပြန်လည် တုံ့ပြန်လိုက်ပြီး အောက်ဘက်ရှိ စန်းယဲ့မြို့ဆီသို့ ချက်ချင်းပင် ဆင်းသက်ရန် ပြင်လိုက်သည်။

ထိုအချင်းအရာကို မြင်လိုက်ရလျှင် အရှင်နှင်းမှုန်က မထီမဲ့မြင်ပြုံးကာ အေးစက်စက် လှောင်ပြောင်လိုက်သည်။

"ပိမူ.. မင်းရဲ့ စွမ်းအားက ငါ့လက်ထဲမှာ သေသွားတဲ့ကောင်ထက် သိပ်လည်း မသန်မာပါလား.. မင်း ငါ့ကို တားနိုင်မှာ သေချာရဲ့လား"

"မင်းက သိပ်ကို အစွမ်းထက်ပါတယ်.. ငါ့ရဲ့ ကိုယ်ပိုင် စွမ်းအားတစ်ခုတည်းနဲ့တော့ မင်းကို ယှဉ်ပြိုင်ဖို့ ခက်ခဲတာတော့ အမှန်ပဲ.. ဒါပေမဲ့ ငါက မင်းကို တစ်ယောက်တည်း ရင်ဆိုင်ရဲမှတော့ ဘယ်လိုလုပ်ပြီး ပြင်ဆင်မှု မရှိဘဲ လာပါ့မလဲ"

စကားဆုံးသည်နှင့် ဝါးမြိုခြင်း စွမ်းအားများ ပြည့်နှက်နေသည့် အနက်ရောင် ဓားတစ်လက်သည် အရှင်ပိမူ၏ လက်ဖဝါးထဲတွင် ပေါ်လာခဲ့သည်။

ဤအနက်ရောင်ဓား ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် တစ်ခုလုံးပင် ၎င်းထံမှ ဖြာထွက်လာသော ဓားအလင်းတန်းများကြောင့် ဝါးမြိုခြင်း ခံလိုက်ရ၏။

"ဟန်ယွင်အဆင့် တိမ်တိုက်ဝါးမျိုဓားလား"

အရှင်နှင်းမှုန်သည် အနက်ရောင်ဓား ထံမှ ထွက်ပေါ်လာသည့် အရှိန်အဝါ စွမ်းအားကို ခံစားမိလိုက်ပြီးနောက် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

အရှင်နှင်းမှုန်သည် ယခင်က ဟန်ယွင် အဆင့် အင်မော်တယ်တစ်ပါး ဖြစ်ခဲ့ဖူးသဖြင့် ဟန်ယွင်အဆင့် အင်မော်တယ် လက်နက် စွမ်းအားကို ကောင်းစွာ သိရှိထားခဲ့သည်။

သူ၏ လက်ရှိ အခြေအနေဖြင့် ဟန်ယွင်အဆင့် အင်မော်တယ် ရတနာကိုသာ ရင်ဆိုင်ရလျှင် သေချာပေါက် အလွန် ကြီးမားသော အဖိုးအခကို ပေးဆပ်ရပေလိမ့်မည်။

ထို့ကြောင့် အရှင်နှင်းမှုန်သည် အလွယ်တကူ လှုပ်ရှားခြင်း မပြုသေးဘဲ အရှင်ပိမူကို မထီမဲ့မြင် အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ပိမူ.. မင်း ငါ့ကို တားဆီးထားနိုင်ရင်တောင်မှ ယဲ့မိသားစုကို ဒုက္ခပေးဖို့ မင်းအတွက် ခက်ခဲမှာ ငါ စိုးရိမ်မိတယ်"

အခန်း(၂၉၀၀) ပြီး၏

All Chapters