အခန်း (၁၉၉၁-၁၉၉၂)
Vol. 140 Ch. 1991-1992
အခန်း(၁၉၉၁)
လိပ်သားရဲ ထွေးထုတ်လိုက်သည့် အဝါဖျော့ဖျော့ ကျောက်သလင်းကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
ထို အဝါဖျော့ဖျော့ ကျောက်သလင်းသည် မည်သည့်အရာမှန်း သူ မသိသော်လည်း ၎င်းထံမှ အလွန်တရာ သန့်စင်သော မြေကြီးစွမ်းအားကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။
ကျန်းချန် ရရှိခဲ့ဖူးသော ရေခဲ လမ်းစဥ် နတ်သစ်သီးထဲတွင် ပါဝင်သည့် စွမ်းအင်သည်ပင် ဤမျှ သန့်စင်မည် မဟုတ်ပေ။
သူ၏ ရှေ့ရှိ အဝါဖျော့ဖျော့ ကျောက်သလင်းသည် ရေခဲ လမ်းစဥ် နတ်သစ်သီးထက် ကောင်းကင်ကို ဆန့်ကျင်နေသည့် ရတနာတစ်ခု ဖြစ်နိုင်ပါသလော။
ကျန်းချန်သည် ရေခဲ လမ်းစဥ် နတ်သစ်သီးကို ရရှိခဲ့ပြီးနောက်တွင် စနစ်၏ အဆတစ်ရာ တိုးမြှင့်မှု အကူအညီကြောင့် သူ၏ ရေခဲလမ်းစဥ် ဥပဒေသ မူလစွမ်းအားသည် ချက်ချင်းဆိုသလို ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိခဲ့သည်။
ဤအချက်ကို စဉ်းစားမိလျှင် ကျန်းချန်၏ မျက်လုံးများတွင် စိတ်အားထက်သန်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
ရေခဲ လမ်းစဥ် နတ်သစ်သီးထက် တန်ဖိုးမနိမ့်သော ဤလျှို့ဝှက်ဆန်းကြယ်သော ကျောက်သလင်းဖြင့် ဆိုလျှင် သူက မြေကြီးလမ်းစဥ်ကို နားလည်ရန် ကြိုးစားနိုင်ပြီး လမ်းစဥ် ဆယ်ခု၏ စွမ်းအားကို ပိုင်ဆိုင်ကာ သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့်ထက်ပင် ကျော်လွန်သော တည်ရှိမှု ဖြစ်လာနိုင်ပေသည်။
"မြေ.. မြေကြီး နတ်သလင်းကျောက်.. ဒါ.. ဒါက ဒဏ္ဍာရီလာ မြေကြီး နတ်သလင်းကျောက်ပဲ"
ဤအချိန်တွင် နံဘေးမှ ဖုန်းယန်သည် လိပ်သားရဲ ထွေးထုတ်လိုက်သည့် ကျောက်သလင်းကို စိုက်ကြည့်လိုက်ပြီး အံ့အားသင့်စွာ ရေရွတ်လိုက်၏။
ကျန်းချန်၏ မျက်လုံးများက လင်းလက်သွားပြီး ဖုန်းယန်ကို ကြည့်ကာ မေးလိုက်သည်။
"ဖုန်းယန်.. မင်း ဒီအရာကို သိလား"
"အကိုကျန်းချန်.. ကျွန်တော့် ခန့်မှန်းချက်သာ မမှားရင် ဒါက ဒဏ္ဍာရီလာ မြေကြီး နတ်သလင်းကျောက် ဖြစ်နိုင်ခြေများတယ်"
ဖုန်းယန်က သူ၏ စိတ်ထဲရှိ ထိတ်လန့်မှုကို ထိန်းချုပ်ရင်း အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ကျန်းချန်ကို မြေကြီးနတ်သလင်းကျောက်နှင့် ပတ်သက်၍ မိတ်ဆက်ပေးခဲ့သည်။
မြေကြီး နတ်သလင်းကျောက်သည် သူ၏ အမည်အတိုင်းပင် အသန့်စင်ဆုံး မြေကြီးစွမ်းအားကနေ စုစည်းထားသော နတ်သလင်းကျောက် တစ်ခု ဖြစ်သည်။
မြေကြီး နတ်သလင်းကျောက် စုစည်းရန် အခြေအနေသည် အလွန် ခဲယဥ်းသည်။
ယေဘုယျအားဖြင့် မွေးရာပါ စိတ်ဝိညာဉ် သွေးကြောများ ရှိသည့် အမြင့်မြတ်ဆုံး မြေများတွင်သာ မြေကြီးနတ်သလင်းကျောက် စုစည်းရန် အခွင့်အရေး အနည်းငယ် ရှိသည်။
ယင်းအပြင် မြေကြီး နတ်သလင်းကျောက်များကို စုစည်းနိုင်သည့် နောက်ထပ် နေရာတစ်ခုလည်း ရှိ၏။
၎င်းမှာ မြေကြီးစွမ်းအင်ကို အထူးပြုသည့် နတ်ဘုရင် သေဆုံးသည့် မြေနေရာ ဖြစ်သည်။
ကျန်းချန်က ဖုန်းယန်၏ ရှင်းပြမှုကို ကြားလျှင် အနည်းငယ် သက်ပြင်းချမိလိုက်သည်။
သူ၏ရှေ့ရှိ ရေကန်သည် မြေကြီး စွမ်းအင်များနှင့် ပြည့်နှက်နေပြီး ထူးခြားသော ပထဝီဝင် တည်နေရာ၌ ရှိသည်။
သို့သော်လည်း ထိုရေကန်သည် လျှို့ဝှက်ဆန်းကြယ်သော မွေးရာပါ စိတ်ဝိညာဉ် သွေးကြော ရှိသည့် မြေအမျိုးအစားနှင့် အလှမ်း ဝေးလွန်းနေ၏။
ဆိုလိုသည်မှာ ဤနေရာမှ မြေကြီး နတ်သလင်းကျောက်သည် မြေကြီးလမ်းစဥ်ကို အထူးပြုသည့် နတ်ဘုရင် သေဆုံးပြီးမှ ဖြစ်ပေါ်လာသော ရတနာ ဖြစ်နိုင်ခြေ အလွန်များသည်။
သူ၏ ရှေ့ရှိ လိပ်သားရဲကို မြင်လျှင် ကျန်းချန်သည် ဖြစ်နိုင်ခြေ တစ်ခုကို ချက်ချင်းပင် စဉ်းစားမိခဲ့သည်။
ဒဏ္ဍာရီလာ နတ်ရွှေလိပ် မျိုးနွယ်စုသည် မြေကြီးစွမ်းအားကို အဓိကထား၍ ကျင့်ကြံပုံ ရ၏။
နတ်ရွှေလိပ် မျိုးနွယ်စုမှ နတ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဦး ဤနေရာတွင် သေဆုံးခဲ့ပြီး မြေကြီး နတ်သလင်းကျောက်များ မွေးဖွားလာခဲ့ခြင်း ဖြစ်နိုင်သည်။
သူ၏ရှေ့ရှိ လိပ်သားရဲသည် နတ်ရွှေလိပ် နတ်ဘုရင် ကျဆုံးသည့် နေရာတွင် နေထိုင်ခဲ့သောကြောင့် ဗီဇ ပြောင်းလဲတိုးတက်လာခဲ့ပြီး နတ်ရွှေလိပ်၏ ဝိသေသလက္ခဏာ အနည်းငယ်ကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။
ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်တွင် ဒဏ္ဍာရီသဖွယ် ဖြစ်နေသည်မှာ ကြာပြီ ဖြစ်သည်။
ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘေးသည် ဤနေရာတွင် မည်ကဲ့သို့ သေဆုံးနိုင်ပါမည်နည်း။
ထို့ကြောင့် ဤမြေကြီးနတ်သလင်းကျောက်သည် သူခန့်မှန်းမိသလို နတ်ရွှေလိပ် မျိုးနွယ်စု၏ နတ်ဘုရင် သေဆုံးပြီးနောက် ဖြစ်ပေါ်လာပုံ ရ၏။
"အကိုကျန်းချန်.. မြေကြီးနတ်သလင်းကျောက်က အထွတ်အထိပ် နတ်သစ်သီးထက် အဆပေါင်းများစွာ ပို အဖိုးတန်ပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ အသန့်စင်ဆုံး မြေကြီးစွမ်းအားတွေ ပါဝင်တယ်"
"မြေကြီး နတ်သလင်းကျောက်က မြေကြီးလမ်းစဥ်ကို နားလည်ရာမှာ အထောက်အကူ ပေးနိုင်တယ်လို့ ဆိုကြတယ်.. ဒါက မြေကြီးလမ်းစဥ်ကို အဓိကထားတဲ့ ထိပ်တန်းအဆင့် ကျင့်ကြံသူ အတွက် စိတ်ကူးအိပ်မက်ထဲက ရတနာလည်း ဖြစ်တယ်"
"အရင်က ကျွန်တော် ထာဝရဟင်းလင်းပြင်ထဲမှာ ပင်လယ်ဓားပြ တစ်ဦးဆီကနေ လက်မ အရွယ်အစားလောက်ရှိတဲ့ မြေကြီး နတ်သလင်းကျောက် တစ်ခုကို ကံကောင်းပြီး ရရှိခဲ့တယ်.. အဲဒီ မြေကြီး နတ်သလင်းကျောက်ကြောင့်ပဲ မြေကြီးလမ်းစဥ်ရဲ့ မူလစွမ်းအားကို တစ်ထိုင်တည်း နားလည်ခဲ့ပြီး မဟာကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်နိုင်ခဲ့တယ်"
ကျန်းချန် အတွေးနက်နေစဉ်တွင် ဖုန်းယန်၏ စကားသံက ထပ်မံ ထွက်ပေါ်လာခဲ့သည်။
ဖုန်းယန်၏ စကားကို ကြားလျှင် ကျန်းချန်သည် အသက်ကို ခပ်ပြင်းပြင်း ရှုရှိုက်လိုက်၏။
လက်မ အရွယ်အစားရှိ မြေကြီးနတ်သလင်းကျောက်သည်ပင် အထွတ်အထိပ် နတ်သစ်သီးထက် မလျော့သော ကြောက်မက်ဖွယ် အာနိသင်ကို ပိုင်ဆိုင်ထားသည်။
ဤ လိပ်သားရဲ ထွေးထုတ်လိုက်သော လက်သီးဆုပ် အရွယ်အစားရှိ မြေကြီး နတ်သလင်းကျောက် ဆိုလျှင် မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအား ဖြစ်မည်မှာ တွေးနေစရာပင် မလိုပေ။
မှန်ပါသည်။ ကျန်းချန်ကို အထိတ်တလန့် အဖြစ်စေဆုံးအရာမှာ မြေကြီးနတ်သလင်းကျောက်သည် မြေကြီးလမ်းစဥ်ကို နားလည်ရန် အထောက်အကူ ပေးနိုင်ခြင်းပင်။
"သွားစို့.. ငါတို့ ရေကန်အောက်ခြေကို သွားကြည့်ရအောင်"
ကျန်းချန်က သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး ရေကန်အောက်ခြေသို့ သွားကာ ရှာဖွေရန် မစောင့်ဆိုင်းနိုင်တော့ပေ။
သူက လမ်းစဥ်ဆယ်ပါး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ပြီး သူတော်စင် ကောင်းကင် နတ်ဘုရားများထက် ကျော်လွန်သော တည်ရှိမှု ဖြစ်ကောင်း ဖြစ်လာနိုင်သည် မဟုတ်ပါလား။
---------------
ကျန်းချန်က မြေကြီး နတ်သလင်းကျောက်များကို ရှာဖွေရန် ရေကန်အောက်ခြေသို့ သွားချိန်တွင် နတ်ကုန်းမြေတိုက်ရှိ တောင်ပံနက် ခွန်ပန် မျိုးနွယ်စုမှ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူတစ်ဒါဇင်ကျော်သည် ရွှေရောင်အလင်းဖြင့် လွှမ်းခြုံနေသည့် ထူးဆန်းသော နေရာလွတ်ကို စိုက်ကြည့်နေကြသည်။
ခေါင်းဆောင်လုပ်သူမှာ အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုတစ်ဦးဖြစ်သည်။
ထိုအဘိုးအို၏ မျက်နှာက ဖြူဖျော့နေပြီး မျက်ခုံးများက အနည်းငယ် နက်မှောင်နေ၏။
သူ၏ မျက်ဝန်းတစ်စုံက လူအများကို ထူးဆန်းသော ခံစားချက်များ ပေးစွမ်းနိုင်ပုံရသည်။
"အကြီးအကဲ.. တပည့်သုံးဦး ထပ် ကျဆုံးသွားပြန်ပြီ"
"ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေကို နှစ်ပေါင်းများစွာ ဘယ်သူမှ ခြေမချဖူးဘူး ဆိုတာ မဖြစ်နိုင်ဘူး ထင်တယ်.. ကျွန်တော်တို့ ပေါ့ဆမိပြီး ယိုဝူလင်းနဲ့ တခြားသူတွေကို အစောတလျင် စေလွှတ်လိုက်မိပြီ"
ရုတ်တရက် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော သန်မာပုံရသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ထိုနေရာရှိ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး ခေါင်းဆောင်ဖြစ်သည့် အနက်ရောင်ဝတ်ရုံဝတ် အကြီးအကဲကို အစီရင်ခံခဲ့သည်။
သူ၏ မျက်နှာထက်တွင် စိုးရိမ်သော အမူအရာများ ပေါ်လာခဲ့၏။
ဤတစ်ကြိမ်တွင် တောင်ပံနက် ခွန်ပန် မျိုးနွယ်စုသည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ တပည့်နှစ်ဆယ် စေလွှတ်ခဲ့ပြီး ယခုအခါ ထိုအထဲမှ ကိုးဦးသည် ဆက်တိုက်ဆိုသလို ကျဆုံးသွားခဲ့သည်။
ထိုအထဲတွင် မဟာကောင်းကင် နတ်ဘုရား တစ်ပါးလည်း ပါဝင်၍ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေက မည်မျှ အန္တရာယ်များကြောင်း ပြသနေခဲ့သည်။
အခန့်မသင့်လျှင် သူတို့ စေလွှတ်လိုက်သည့် တပည့်နှစ်ဆယ်လုံးပင် သေဆုံးသွားနိုင်သည်။
သိထားရမည်မှာ လူနှစ်ဆယ်ထဲတွင် အထွတ်အထိပ် ကောင်းကင် နတ်ဘုရားတစ်ပါး နှင့် မဟာကောင်းကင်နတ်ဘုရား သုံးပါးလည်း ပါဝင်ပြီး ၎င်းတို့ အားလုံးသည် တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ ထိပ်တန်း ပါရမီရှင်များ ဖြစ်သည်။
၎င်းတို့အားလုံးသာ ကျဆုံးသွားခဲ့လျှင် တောင်ပံနက်ခွန်ပန် မျိုးနွယ်စု အတွက် အလွန်ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာပေလိမ့်မည်။
"ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုက ငါတို့ရဲ့ ပင်မမျိုးနွယ်စုဖြစ်တဲ့ ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု နှင့် တန်းတူ အဆင့်အတန်း ရှိတဲ့အတွက် သူတို့ရဲ့ ဘိုးဘွားမြေက ထူးခြားတာ မဆန်းပါဘူး"
"ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေကို စူးစမ်းရှာဖွေချင်ရင်တော့ အဖိုးအခ အနည်းငယ် မပေးဆပ်ဘဲတော့ ရမှာမဟုတ်ဘူး"
အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"စိတ်မပူပါနဲ့.. ယိုဝူလင်း ဆီမှာ ခေါင်းဆောင် ပေးထားတဲ့ အသက်ကယ် ကျောက်စိမ်း အဆောင်လက်ဖွဲ့ ရှိတယ်.. နတ်ဘုရင်အဆင့် ကျင့်ကြံသူ ရှိမနေသ၍ သူ သေချာပေါက် ဘေးကင်းစွာ ပြန်လာနိုင်ပါလိမ့်မယ်"
အနက်ရောင်ဝတ်ရုံဝတ် အဘိုးအို၏ စကားသံ အဆုံးသတ်သည်နှင့် ၎င်းတို့ရှေ့ရှိ နေရာလွတ်ကနေ ရုတ်တရက် ထူးဆန်းသော နေရာလွတ် လှိုင်းသံကို ကြားခဲ့ရသည်။
နောက်ထပ် တစ်စက္ကန့်တွင် ထူးခြားသော လူတစ်ယောက်သည် နေရာလွတ်ကို ပြင်းထန်စွာ ဖြိုခွင်းကာ လေဟာနယ်အက်ကြောင်းမှ ထွက်လာသည်ကို မြင်တွေ့လိုက်ရ၏။
ထိုလူငယ်က မျက်နှာဖြူဖျော့နေကာ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ပိန်ပါးပါး လူငယ် တစ်ဦး ဖြစ်သည်။
စင်စစ် အနက်ရောင်ဝတ်ရုံဝတ် ပိန်ပါးပါးလူငယ်သည် ကျန်းချန် ဆီကနေ ထွက်ပြေးလွတ်မြောက်လာခဲ့သူ ယိုဝူလင်းပင်။
လေထဲမှ ထွက်ပေါ်လာသည့် ယိုဝူလင်းကို မြင်လျှင် အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုနှင့် အခြားသူများ၏ အမူအရာများသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
အထွတ်အထိပ် ကောင်းကင် နတ်ဘုရား အဆင့် ယိုဝူလင်း သည် ခေါင်းဆောင်၏ အသက်ကယ် ကျောက်စိမ်းအဆောင်လက်ဖွဲ့ကို အသုံးပြုပြီး ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေကနေ အူယားဖားယား ထွက်ပြေးလာခဲ့ရသည်။
ကြည့်ရသည်မှာ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသည် သူတို့ ထင်ထားသည်ထက် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းပုံရ၏။
အခန်း(၁၉၉၁) ပြီး၏
အခန်း(၁၉၉၂)
အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုသည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ၏ စိတ်ထဲရှိ ထိတ်လန့်မှုကို ထိန်းချုပ်လိုက်သည်။
သူက ယိုဝူလင်းကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"ဝူလင်း.. မင်းက ခေါင်းဆောင်ရဲ့ ကျောက်စိမ်းအဆောင်လက်ဖွဲ့ကိုပါ အသုံးပြုခဲ့ရတာဆိုတော့ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေမှာ ဘာတွေ ကြုံတွေ့ခဲ့ရလို့လဲ"
"အကြီးအကဲချုပ်.. ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေမှာ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုက လူတွေ..."
ယိုဝူလင်းက သက်ပြင်းချလိုက်ပြီး ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေတွင် ဖြစ်ပျက်ခဲ့သည်များကို လျင်မြန်စွာ ရှင်းပြလိုက်သည်။
ယိုဝူလင်းသည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုမှ လူများကို ဘိုးဘွားမြေတွင် ဆုံခဲ့ရပြီး ၎င်းတို့ထဲမှ တစ်ဦးသည် ကောင်းကင်နတ်ဘုရားအဆင့်၏ ကန့်သတ်ချက်ကို သုံးကြိမ်ချိုးဖျက်ခဲ့သော သူတော်စင်ကောင်းကင် နတ်ဘုရား ဖြစ်သည်ဟု ကြားလျှင် လူတိုင်း၏ မျက်လုံးများတွင် တုန်လှုပ်ချောက်ချားသော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း သန်း ၁၀၀ ကျော်က ကောင်းကင်ခွန်ပန်နတ်မျိုးနွယ်စု နှင့် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုတို့ တိုက်ခိုက်ခဲ့ကြရာတွင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု ရှုံးနိမ့်ခဲ့ပြီး သူတို့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုသည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေကို ဝေစုအဖြစ် သိမ်းပိုက်ရရှိခဲ့သည်။
ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုမှ လူများ ကမ္ဘာပေါ်တွင် အမှန်တကယ် ရှိနေသေးလျှင်ပင် သူတို့၏ မျက်လုံးအောက်ကနေ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ ဝင်ရောက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ဆိုလိုသည်မှာ ယိုဝူလင်းတို့ လူစု ကြုံတွေ့ခဲ့သော ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုမှ လူများသည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေတွင် ပုန်းအောင်းနေသော ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ လက်ကျန်မျိုးဆက်များ ဖြစ်နိုင်လောက်၏။
ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုသည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေတွင် ယနေ့အထိ ဆက်လက် ရှိနေပါသလော။
"အကြီးအကဲချုပ်.. ယိုချွမ်ရဲ့ ဝိညာဉ်ကဗ္ဗျည်းတိုင် လုံးဝ ကျိုးပျက်သွားခဲ့ပြီ.. သူတို့တွေက သူတော်စင် ကောင်းကင် နတ်ဘုရားရဲ့ လက်ချက်နဲ့ ကျဆုံးသွားဖို့ ဖြစ်နိုင်ချေများတယ်"
ဤအချိန်တွင် အနက်ရောင်ဝတ်ရုံဝတ် အဘိုးအို၏ အနောက်မှ သန်မာသည့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် တစ်စုံတစ်ရာကို ခံစားမိပြီး လေးနက်စွာ ပြောလိုက်သည်။
လူလတ်ပိုင်း အရွယ် အမျိုးသား၏ စကားကြောင့် ဆွေးနွေးသံများ အစီအရီ ထွက်ပေါ်လာခဲ့သည်။
"အကြီးအကဲချုပ်.. ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေမှာ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ လက်ကျန်အင်အားစုတွေ ရှင်သန်နေသေးတယ် ဆိုရင် တစ်ချိန်မှာ ကျွန်တော်တို့ တောင်ပံနက် ခွန်ပန် မျိုးနွယ်စုအတွက် သေချာပေါက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တဲ့ အတွက် ဖြေရှင်းဖို့ နည်းလမ်း ရှာမှ ဖြစ်မယ်"
"ဒီကိစ္စကို ဘယ်လို ဖြေရှင်းကြမလဲ.. ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေမှာ သူတော်စင် ကောင်းကင်နတ်ဘုရား ရှိနေတယ်.. သူ့ရဲ့ ခွန်အားကလည်း သာမန်မဟုတ်ဘူး.. ငါတို့က ကောင်းကင်နတ်ဘုရားအဆင့် တပည့်တွေကိုပဲ အတွင်းထဲ စေလွှတ်နိုင်သေးတော့ သူ့ကို ယှဥ်နိုင်မှာ မဟုတ်ဘူး"
"ဟုတ်တယ်...ဒီကိစ္စကို အလေးအနက် စဉ်းစားဖို့ လိုတယ်လို့ ငါထင်တယ်"
"................."
လူတိုင်းက ဝင်ရောက် ဆွေးနွေး ပြောဆိုခဲ့ကြသည်။
"တော်ပြီ"
အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုက သူ၏ လက်ကို ဝှေ့ယမ်းကာ လူတိုင်း၏ ဆွေးနွေးမှုကို ဖြတ်တောက်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
"ဒီကိစ္စကို ငါခေါင်းဆောင်ဆီ အစီရင်ခံပြီးပြီ.. ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ခေါင်းဆောင်မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ရှိတယ်"
ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေ အခြေအနေသည် သူတို့ မျှော်လင့်ထားသည်ထက် လုံးဝ ကျော်လွန်နေခဲ့၏။
သူတို့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ ခေါင်းဆောင်ပင်လျှင် သတိထား၍ ကိုင်တွယ်ရလိမ့်မည် ဖြစ်သည်။
အနည်းငယ် သတိမထားမိသည်နှင့် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသည် သူတို့ဆီ ကြီးမားသော ဘေးအန္တရာယ်ကို ယူဆောင်လာလိမ့်မည် မဟုတ်ပါလား။
"ယိုလီ.. ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေအကြောင်းကို ငါသိပြီးပြီ"
"သုံးရက်အတွင်း ကောင်းကင်နတ်ဘုရားအဆင့် ကိုယ်ပွား တစ်ခုကို စုစည်းပြီး ရွှေတောင်ပံနတ်လင်းယုန် ဘိုးဘွားမြေကို ငါကိုယ်တိုင် သွားရောက် စုံစမ်းမယ်"
"မင်း ယိုဝူလင်းကို သုံးရက်အတွင်း ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု ဘိုးဘွားမြေဆီ ငါ့ကို ခေါ်သွားဖို့ အဆင်သင့် ပြင်ထားခိုင်းလိုက်"
အနက်ရောင် ဝတ်ရုံဝတ် အဘိုးအို၏ စကားသံ အဆုံးသတ်သည်နှင့် အိုမင်းသော အသံတစ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး အကြီးအကဲများ၏ နားထဲသို့ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။
"ဟုတ်ကဲ့ပါ ခေါင်းဆောင်"
အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုက အံ့အားသင့်သွားပြီး လေးစားစွာဖြင့် လျင်မြန်စွာ ပြန်ဖြေလိုက်သည်။
ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေ အပြောင်းအလဲသည် တောင်ပံနက် ခွန်ပန် မျိုးနွယ်စု အတွက် အဓိက အဖြစ်အပျက် တစ်ခု ဖြစ်သော်လည်း ခေါင်းဆောင် ကိုယ်တိုင် တိုက်ရိုက် အရေးယူ ဆောင်ရွက်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သို့သော် အသေအချာ စဉ်းစားကြည့်လျှင် ခေါင်းဆောင်ကသာ ထိုကိစ္စအား ကိုင်တွယ်နိုင်မည်ကို လျင်မြန်စွာ နားလည်ခဲ့သည်။
သူတို့၏ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုတွင် သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့် ပါရမီရှင် မရှိသလို ဘိုးဘွားမြေအတွင်းသို့ နယ်မြေ နတ်ဘုရား အဆင့် ကျင့်ကြံသူများ ဝင်ရောက်၍ မရသဖြင့် သာမန် ကျင့်ကြံသူများက ဤကိစ္စကို ကိုင်တွယ်နိုင်မည် မဟုတ်ပေ။
ပင်မမျိုးနွယ်စုဖြစ်သည့် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု တွင် သူတော်စင် ကောင်းကင် နတ်ဘုရား ရှိ၍ သူတို့က ပင်မမျိုးနွယ်စု ထံမှ အကူအညီ တောင်းခံနိုင်သော်လည်း သူတော်စင် ကောင်းကင် နတ်ဘုရားသည် ပင်မမျိုးနွယ်စု ဖြစ်သည့် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုတွင် အလွန် အရေးပါသော အဆင့်အတန်းတွင် ရှိသည်။
ယနေ့ အချိန်အခါတွင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေတွင် သူတော်စင်ကောင်းကင် နတ်ဘုရား ရှိနေခဲ့သည်။
ထို့အပြင် သူတို့က ဘိုးဘွားမြေ၏ တိကျသော အခြေအနေကို လုံးဝ မသိရသေးသဖြင့် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု သည် သူတော်စင် ကောင်းကင် နတ်ဘုရားကို အလွယ်တကူ စွန့်စားခွင့်ပေးမည် မဟုတ်ပေ။
ခေါင်းဆောင်က ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ သွားရန် အတွက် ကောင်းကင်နတ်ဘုရား အဆင့် ကိုယ်ပွားကို သုံးရက်အတွင်း တည်ဆောက်မည် ဖြစ်သည်။
သူတို့ ခေါင်းဆောင်က နတ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်သည့် အပြင် ကောင်းကင်နတ်ဘုရား အဆင့် တွင်လည်း ကန့်သတ်ချက်ကို တစ်ကြိမ် ချိုးဖျက်ခဲ့သော မဟာကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်သည်။
ခေါင်းဆောင်၏ မဟာကောင်းကင် နတ်ဘုရား အဆင့် ကိုယ်ပွားသာ နတ်ဘုရင်အဆင့်၏ အတွေ့အကြုံများ၊ နည်းစနစ်များဖြင့် ပေါင်းစပ်လိုက်လျှင် သာမန် ကောင်းကင်အရှင် တစ်ဦးပင် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
သူတို့ တောင်ပံနက် ခွန်ပန် မျိုးနွယ်စုတွင် သူတော်စင် ကောင်းကင်နတ်ဘုရား နှင့် နှိုင်းယှဉ်နိုင်သော ခွန်အားကို ပြသနိုင်သည်မှာ ခေါင်းဆောင် သာလျှင် ရှိ၏။
ထို့ကြောင့်လည်း ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု ဘိုးဘွားမြေ၏ တိကျသော အခြေအနေကို ရှင်းလင်းစွာ သိရှိရန် ခေါင်းဆောင်က ကိုယ်တိုင် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
ယိုဝူလင်း ပြန်လာခြင်းကြောင့် တောင်ပံနက် ခွန်ပန် မျိုးနွယ်စု တုန်လှုပ်နေချိန်တွင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု ဘိုးဘွားမြေရှိ ရှန်းယင်းတောင်၌ ကျန်းချန်သည် လိပ်သားရဲ နှင့် သဘောတူညီမှု ရရှိခဲ့သည်။
ထို့နောက်တွင် သူနှင့် ဖုန်းယန် တို့သည် ရေကန်အောက်ခြေသို့ တိုက်ရိုက် သွားခဲ့ကြသည်။
အလွန်လျင်မြန်စွာပင် ကျန်းချန်တို့သည် ရေကန်အောက်ခြေ အလယ်ဗဟိုတွင် အရွယ်အစား မီတာတစ်ရာခန့် ရှိသည့် ထူးဆန်းသော နေရာတစ်ခုကို ရှာတွေ့ခဲ့သည်။
ထိုနေရာတွင် အနီးနားရှိ ရေကို လုံးဝ ကာဆီးထားသည့် အဝါဖျော့ဖျော့ အကာအကွယ် အလွှာတစ်ခု ရှိ၏။
ကျန်းချန်က တုံ့ဆိုင်းမနေဘဲ အကာအကွယ်ကို တိုက်ရိုက် ဖြတ်ကျော်ကာ ထိုလျှို့ဝှက်ဆန်းကြယ်သော နေရာသို့ ဝင်ရောက်ခဲ့သည်။
ကြီးမားသော အဝါဖျော့ဖျော့ ကျောက်သလင်းတုံး တစ်ခုသည် ကျန်းချန်၏ မြင်ကွင်းတွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
ဤကျောက်သလင်းတုံးသည် အရှည် တစ်မီတာခန့် ရှိပြီး ကျောက်တိုင်တစ်ခု ကဲ့သို့ ထိုနေရာတွင် တည်ရှိနေသည်။
ကျောက်တိုင်မှ ထုတ်လွှတ်နေသော အရှိန်အဝါသည် ရေစပ်ရှိ လိပ်အိုကြီး ထွေးထုတ်လိုက်သော မြေကြီးနတ်သလင်းကျောက် အရှိန်အဝါ နှင့် အတိအကျ တူညီနေခဲ့၏။
"အရမ်းကို ကြီးမားလိုက်တဲ့ မြေကြီး နတ်သလင်းကျောက်ပါလား"
ဖုန်းယန်သည် သူ၏ ရှေ့ရှိ သလင်းကျောက်ကို အံ့သြ ထိတ်လန့်စွာ ကြည့်လိုက်သည်။
သူက သူ၏ မျက်လုံးများကိုပင် မယုံကြည်နိုင်လု နီးပါး ဖြစ်နေခဲ့၏။
မြေကြီးနတ်သလင်းကျောက်သည် နတ်ကုန်းမြေတိုက်တွင် ရှားပါးပြီး ပြိုင်ဘက်ကင်းသည့် အဖိုးတန်ပစ္စည်း ဖြစ်ကာ ၎င်း၏ တန်ဖိုးသည် ခန့်မှန်း၍ပင် မရပေ။
လက်မ အရွယ်အစားရှိ မြေကြီးနတ်သလင်းကျောက် တစ်ပိုင်းပင်လျှင် ကောင်းကင်နတ်ဘုရား အများစုကို မြေကြီးလမ်းစဥ်၏ မူလစွမ်းအားကို ချောမွေ့စွာ နားလည်စေနိုင်သည်။
ရေကန်အောက်ခြေမှ မွေးဖွားလာသော မြေကြီး နတ်သလင်းကျောက်သည် အချင်း တစ်မီတာကျော် ရှိ၏။
ထိုကဲ့သို့သော မြေကြီး နတ်သလင်းကျောက် တစ်ပိုင်းသည် ကောင်းကင်နတ်ဘုရား အဆင့်ကို မြေကြီးလမ်းစဥ် မူလစွမ်းအားကို နားလည်စေနိုင်ရုံသာမက မြေကြီးစွမ်းအားကို အထူးပြု ကျင့်ကြံသော နယ်မြေနတ်ဘုရားများကို ကောင်းကင်အရှင် အဆင့်သို့ အောင်မြင်စွာ ထိုးဖောက်နိုင်ရန်ပင် အထောက်အပံ့ ပေးနိုင်သည်။
မြေကြီးစွမ်းအားကို ကျင့်ကြံသော ကောင်းကင်အရှင် ကျင့်ကြံသူ အချို့သည် ဤ မြေကြီးနတ်သလင်းကျောက်၏ အကူအညီဖြင့်သာ ဆိုလျှင် မြေကြီး နတ်ဘုရင် လမ်းစဥ်ကို နားလည်ကာ နတ်ဘုရင် အဆင့်ကို ထိုးဖောက်ရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
ဖုန်းယန်သည် ဤအချိန်တွင် မြေကြီး နတ်သလင်းကျောက်နှင့် ပတ်သက်၍ မည်သည့် စကားလုံးများဖြင့် ဖော်ပြရမည်ကိုပင် မသိတော့ချေ။
ဤမြေကြီး နတ်သလင်းကျောက် တစ်ပိုင်းသာ ပြင်ပကမ္ဘာတွင် ပေါ်လာခဲ့လျှင် သွေးထွက်သံယို မုန်တိုင်းကို ဖြစ်ပေါ်စေပြီး လူအများအပြားကို ရူးသွပ်စေမည် ဖြစ်သည်။
ကျန်းချန်သည် သူ၏ရှေ့ရှိ မြေကြီး နတ်သလင်းကျောက်ကို အနီးကပ် စိုက်ကြည့်လိုက်သည်။
သူ၏ မျက်နှာထက်တွင် တစ်ခါမျှ မဖြစ်ဖူးသော စိတ်လှုပ်ရှားမှုများ ပေါ်လာခဲ့၏။
သူက ဤမြေကြီး နတ်သလင်းကျောက် တစ်ပိုင်းဖြင့် လမ်းစဥ်ဆယ်ခု၏ စွမ်းအားကို ပိုင်ဆိုင်ရန် ကြိုးစားနိုင်ပြီး ကောင်းကင် နတ်ဘုရားအဆင့်၏ ကန့်သတ်ချက်ကို စတုတ္ထအကြိမ်မြောက် ချိုးဖျက်ကာ သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့်ထက် ကျော်လွန်သော တည်ရှိမှု ဖြစ်လာနိုင်ပေသည်။
"ဖုန်းယန်.. မင်းနဲ့ ငါ ဒီမြေကြီး နတ်သလင်းကျောက်ကို တစ်ဝက်စီ ခွဲယူကြမယ်.. လောလောဆယ် ငါ ဒီမှာ အချိန်အတိုင်းအတာ တစ်ခုအထိ ကျင့်ကြံချင်တယ်.. မင်း ငါ့ကို ကာကွယ်ပေးထားပါ"
ထိုစကားကို ပြောပြီးနောက်တွင် ဖုန်းယန် အဖြေပေးမည်ကိုပင် မစောင့်တော့ဘဲ လက်ညှိုးကို အသာအယာ ဆန့်ထုတ်ကာ သူ့ရှေ့ရှိ မြေကြီး နတ်သလင်းကျောက်ကို လက်သီးဆုပ် အရွယ်အစားခန့် အပိုင်းအစ များစွာ အဖြစ် ချက်ချင်း ခုတ်ဖြတ်လိုက်သည်။
နောက်ထပ် တစ်စက္ကန့်တွင် ကျန်းချန်၏ ခန္ဓာကိုယ်က လင်းလက်သွားခဲ့ပြီး မြေကြီးနတ်သလင်းကျောက် ရှိရာတွင် ထိုင်ချလိုက်သည်။
ယင်းနောက် မြေကြီးနတ်သလင်းကျောက် တစ်ပိုင်းကို ကောက်ယူကာ စတင် ကျင့်ကြံလိုက်တော့သည်။
အခန်း(၁၉၉၂) ပြီး၏