အခန်း (၈၈၆-၈၈၈)
Vol. 60 Ch. 886-888
အခန်း(၈၈၆)
"နောက်ထပ် ဘယ်သူ တက်လာဦးမလဲ"
ကျန်းချန်၏ မောက်မာသောလေသံက ကွင်းပြင်ပေါ်ရှိ တုံမိသားစု တပည့်တိုင်း၏ နှလုံးသားကို လှုပ်ခတ်သွားစေခဲ့သည်။
တုံယွင်ထျန်းနှင့် တခြားသော တုံမိသားစုမှ တပည့်များကမူ အနည်းငယ် စိုးရိမ်လာခဲ့သည်။
ကျန်းချန်သည် တုံရှော၏ ရွှေရောင်အလင်းတန်း အကာအကွယ်ကို လက်သီးတစ်ချက်တည်းဖြင့် သပ်ရပ်စွာ ချေမှုန်းနိုင်လိမ့်မည်ဟု သူတို့ တကယ် မထင်ထားခဲ့ပေ။
တုံရှောသည် ခုခံကာကွယ်ရေးအပိုင်းနှင့် ပတ်သက်လျှင် တုံမိသားစု၏ ပါရမီရှင်များ ထဲတွင် ထိပ်တန်းနေရာ၌ ရှိသည်။
တုံမိသားစု၏ နံပါတ်တစ်ပါရမီရှင် တုံယွင်ထျန်းပင် တုံရှော၏ ရွှေရောင်အလင်း အကာအကွယ်ကို သုံးကွက်ပြည့်မှသာ အနိုင်ရခဲ့ဖူးသည်။
သို့သော်လည်း ယခုအခါတွင် ကျန်းချန်သည် တုံရှောကို လက်သီး တစ်ချက်တည်းဖြင့် အနိုင်ယူလိုက်ပြီ ဖြစ်၏။
ဤသည်က ကျန်းချန်၏ တိုက်ပွဲဝင်စွမ်းရည်သည် တုံယွင်ထျန်းထက် များစွာ ပိုအားကောင်းသည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။
တစ်ခဏအတွင်းမှာပင် မျက်စိရှေ့မှ မြင်ကွင်းကြောင့် တုံမိသားစုမှ ပါရမီရှင် အများအပြားသည် အံ့သြတုန်လှုပ်သွားကြသည်။
အထူးသဖြင့် သိုင်းသခင််နယ်ပယ်အဆင့်ကို မချိုးဖောက်ရသေးသည့် တုံမိသားစုမှ ပါရမီရှင်များသည် ကျန်းချန်၏ မောက်မာသော အပြုအမူကြောင့် ဒေါသထွက်ခဲ့ကြသော်လည်း ကျန်းချန်နှင့် တိုက်ခိုက်ရန် ပြိုင်ပွဲစင်မြင့်ထက်သို့ မတက်ရဲခဲ့ကြပေ။
ဆိုရလျှင် တုံရှော၏ ခုခံကာကွယ်ရေးသည် တုန်မိသားစု၏ စွမ်းအင်သိပ်သည်းခြင်း အဆင့် ပါရမီရှင်များ ထဲတွင် အားအကောင်းဆုံး ဖြစ်သည်။
ယခုအခါ တုံရှောပင်လျှင် ကျန်းချန်၏ လက်သီးတစ်ချက်ထဲဖြင့် အနိုင်ယူခြင်း ခံလိုက်ရသည် ဖြစ်ရာ သူတို့သည် ကျန်းချန်၏ သုံးကွက်ကို မည်ကဲ့သို့ တားဆီးနိုင်ပါအံ့နည်း။
"ကျန်းချန် မင်းက တော်တော်မောက်မာတာပဲ.. ငါတုံချင်းကို သုံးကွက်အတွင်း မင်းဘယ်လို အနိုင်ယူပြမလဲဆိုတာ ငါ ကြည့်ချင်သေးတယ် "
ကျန်းချန်၏ ဆောင့်ကြွားကြွား အမူအရာကို မြင်ရလျှင် သိုင်းသခင်နယ်ပယ်မှ ပါရမီရှင် တစ်ယောက်သည် မနေနိုင်တော့ဘဲ အဆုံးသတ်တွင် စင်မြင့်ပေါ်သို့ ခုန်တက်လာခဲ့သည်။
တုံချင်းစင်မြင့်ပေါ်သို့ တက်သွားသည်ကို မြင်လျှင် တုံမိသားစုမှ တပည့်များသည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့ကြသည်။
တုံချင်းသည် တုံမိသားစု၏ ထိပ်တန်းပါရမီရှင် လေးဦးထဲမှ တစ်ဦး ဖြစ်ပြီး တုံမိသားစု ပါရမီရှင်များထဲတွင် တတိယအဆင့် ပါရမီရှင် ဖြစ်သည်။
"တုံချင်းဆိုရင်တော့ ကျန်းချန်ရဲ့ သုံးကွက်ကို တားဆီးနိုင်မယ်ထင်တာပဲ"
"ငါက မင်းကို သုံးကွက်အတွင်း အနိုင်ယူမယ် ဟုတ်လား.. မင်းက ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးလွန်းနေပြီ.. ငါ့မျက်လုံးထဲမှာတော့ မင်းက သာမန်လောက်ပဲ တစ်ကွက်ထဲနဲ့တင် မင်းကို အနိုင်ယူလို့ရတယ်"
ကျန်းချန်က ခနဲ့တဲ့တဲ့ ပြုံးလိုက်ပြီး လက်သီးကို ဆုပ်လိုက်သည်။
ထို့နောက်တွင် ကြီးမားသော ဖိနှိပ်မှု ခံစားချက်များ ပါဝင်သည့် အာဏာရှင်ဆန်သော လက်သီးသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော လေခွင်းသံဖြင့် တုံချင်းဆီသို့ ရောက်ရှိသွားခဲ့သည်။
သူ့နှလုံးသားကိုပင် တုန်လှုပ်စေသည့် လက်သီးစွမ်းအားကို ခံစားမိလျှင် တုန်ချင်း၏ အမူအရာသည် အဆုံးသတ်တွင် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
"ကြယ်စင်လက်ဝါးသိုင်း"
တုံချင်းက ကြွေးကြော်လိုက်သည်နှင့် အလင်းများဖြင့် စုဖွဲ့ထားသည့် ဧရာမလက်ဝါးသည် သူ၏ ဦးခေါင်းထက်တွင် တိုက်ရိုက် စုဝေးလာခဲ့ပြီး ကျန်းချန်၏ လက်သီးနှင့် ရင်ဆိုင်လိုက်သည်။
သို့သော် တုံချင်း၏ အင်အားကြီးမားပုံရသော လက်ဝါးသည် ကျန်းချန်၏ လက်သီးစွမ်းအားနှင့် ထိတွေ့မိသည့် အခိုက်အတန့်တွင် ကြွပ်ဆတ်သော အသံနှင့်အတူ ပေါက်ကွဲထွက်သွားခဲ့သည်။
ဧရာမလက်ဝါးကြီး ကြေမွသွားသည်နှင့် တစ်ပြိုင်နက် တုံချင်း၏ မျက်နှာသည် ရုတ်တရက် ဖြူဖျော့သွားခဲ့သည်။
ပါးစပ်ကနေလည်း သွေးများ အန်ထွက်လာခဲ့ပြီး သူ၏ ပုံရိပ်ကလည်း ပြိုင်ပွဲစင်မြင့်ကနေ ချက်ချင်းဆိုသလို နောက်ပြန် လွင့်စင်ကာ တုံရှော၏ ခြေရာနောက်ကို လိုက်သွားရတော့၏။
ကျန်းချန်က တုံချင်းကို လက်သိီးတစ်ချက်တည်းဖြင့် အနိုင်ယူလိုက်သည်ကို မြင်လျှင် ကွင်းပြင်ရှိ လူတိုင်းသည် အသက်ရှူရပ်မတတ် ဖြစ်သွားခဲ့ကြသည်။
သူတို့ တုံမိသားစု၏ လူငယ်ပါရမီရှင်များ ထဲတွင် တတိယ နေရာတွင်ရှိသည့် သိုင်းသခင်နယ်ပယ်အဆင့် ပါရမီရှင် တုံချင်းသည် ကျန်းချန်ကို တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့သည် မဟုတ်ပါလား။
"ဒီကောင်လေးက အတော်အားကောင်းတာပဲ"
မူလက သုံးကွက်ထဲဖြင့် အနိုင်ယူမည်ဟု ကြွေးကြော်ခဲ့သော ကျန်းချန်ကို လေကြီးလေကျယ် တစ်ယောက်ဟု သူတို့က ထင်ခဲ့ကြသည်။
သို့သော် ယခုအခါ ကျန်းချန်သည် စကားထက် အချက် အလက်ဖြင့် သက်သေပြနေခဲ့သည်။
ခုခံကာကွယ်ရေးအပိုင်းတွင် ထူးချွန်သည့် တုံရှောဖြစ်စေ၊ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူတုံချင်း ဖြစ်စေ၊ ကျန်းချန်၏ တိုက်ကွက် တစ်ကွက်ကိုပင် မခုခံနိုင်ခဲ့ကြပေ။
သူတို့၏ အမြင်တွင် ကျန်းချန်၏ လက်သီးတစ်ချက်သည် အလွန် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။
ထိုကြောက်မက်ဖွယ် တိုက်ပွဲဝင်စွမ်းရည်နှင့် ဆိုလျှင် တုံမိသားစုမှ လူငယ်ပါရမီရှင်များသည် ကျန်းချန်၏ လက်ထဲတွင် မည်သို့မျှ သုံးကွက်ပြည့်အောင် ယှဥ်နိုင်မည် မဟုတ်ပေ။
ဤအချိန်တွင် ကွင်းပြင်ပေါ်ရှိ လူတိုင်းသည် တုံယွင်ထျန်းကို မကြည့်ဘဲ မနေနိုင်ခဲ့ကြပေ။
ကျန်းချန်၏ တိုက်ပွဲဝင်စွမ်းရည်သည် အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းသည် ဖြစ်ရာ ယခုအခါတွင် တုံမိသားစု၏ နံပါတ်တစ် ပါရမီရှင် တုံယွင်ထျန်းကသာ ကျန်းချန်၏ သုံးကွက်ကို တားဆီးနိုင်မည့် မျှော်လင့်ချက်ရှိကောင်းရှိနိုင်သည် မဟုတ်ပါလား။
အခန်း(၈၈၆)ပြီး၏။
အခန်း(၈၈၇)
ကွင်းပြင်ထဲရှိ တုံမိသားစု၏ တပည့်များကသာ တုံယွင်ထျန်းကို အာရုံစိုက်သည် မဟုတ်ပေ။
ပါရမီရှင် အမဲလိုက်ပြိုင်ပွဲတွင် ပါဝင်ကြမည့် တုံမိသားစုမှ တည့်များသည်လည်း တညီတညွတ်ထဲ တုံယွင်ထျန်းကို ကြည့်နေခဲ့ကြသည်။
တုံမိသားစု၏ ပါရမီရှင်များထဲတွင် တတိယနေရာတွင် ရှိသည့် တုံချင်းသည် ဒုတိယနေရာတွင် ရှိသည့် တုံရှောက်နှင့် တိုက်ပွဲဝင်စွမ်းရည် သိပ်မကွာပေ။
ယခုတုံချင်းက ကျန်းချန်ထံတွင် လက်သီးတစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်ရာ တုံရှောက် တက်လာခဲ့လျှင်ပင် ကျန်းချန်၏ တိုက်ကွက်သုံးကွက်ကို ခုခံနိုင်မည့် ဖြစ်နိုင်ချေ အလွန်ပင် နည်းပါးနေခဲ့ပြီ။
တုံယွင်ထျန်း ကိုယ်တိုင် လှုပ်ရှားလျှင်မူ ကျန်းချန်၏ တိုက်ကွက် သုံးကွက်ကို ကျော်ဖြတ်ရန် ဖြစ်နိုင်ပေမည်။
အဘယ့်ကြောင့်ဆိုသော် တုံယွင်ထျန်းသည် တုံမိသားစု၏ နံပါတ်တစ်ပါရမီရှင် ဖြစ်သည့်အပြင် သူ၏ ကျင့်ကြံခြင်း အဆင့်သည် သိုင်းသခင်နယ်ပယ် တတိယအဆင့်ထိ ရောက်ရှိနေသောကြောင့်ပင်။
သာမန်သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် သို့မဟုတ် ပဥ္စမအဆင့်မှ ကျင့်ကြံသူများပင် သူ၏ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရန် လွယ်ကူမည် မဟုတ်ပေ။
သူတို့၏အမြင်အရ တုံယွင်ထျန်း၏ အင်အားဖြင့်သာ ဆိုလျှင် ကျန်းချန်၏ ပြိုင်ဘက် မဟုတ်လျှင်ပင် သုံးကွက်အတွင်း မရှုံးနိမ့်ရန် ထိန်းထားဖို့ လုံလောက်သည်ထက်ပင် ပိုနေခဲ့သည်။
"နောက်ထပ် ဘယ်သူလာဦးမလဲ "
လူတိုင်းက ကျန်းချန်၏ ကြောက်မက်ဖွယ် အင်အားကြောင့် တုန်လှုပ်နေသော အချိန်မှာပင် ကျန်းချန်၏ မောက်မာသောစကားသံသည် ကွင်းပြင်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။
"နောက်ထပ် ဘယ်သူ တက်လာဦးမလဲ"
ကျန်းချန်၏ စိန်ခေါ်သံကို ထပ်မံကြားရလျှင် တုံမိသားစုမှ ပါရမီရှင် အားလုံးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး မည်သူမျှ ပြိုင်ပွဲစင်မြင့်ပေါ်သို့ တက်မလာခဲ့ကြပေ။
ကျန်းချန်၏ လက်သီးချက်သည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည် အထိ အင်အားကြီးမားလွန်းသည်။
တုံရှောပင်လျှင် ဤလက်သီးတစ်ချက်ကို မခုခံနိုင်ခဲ့ပေ။
ကျန်းချန်၏ ကြောက်မက်ဖွယ်အင်အားကြောင့် တုံယွင်ထျန်းအတွက် ကျန်းချန်ကို ပင်ပန်းအောင် လုပ်ဆောင်မည့် ပါရမီရှင်များသည် တုံယွင်ထျန်း အတွက် စတေးခံရန် ဆန္ဒမရှိကြတော့ပေ။
"ယွင်ထျန်း တက်သွားလိုက်တော့"
လေထဲရှိ တုံသဲသည် အောက်ဘက်ရှိ အခြေအနေကို ကြည့်ကာ တုံယွင်ထျန်းကို တည်ငြိမ်စွာ ပြောလိုက်သည်။
ဤပြိုင်ပွဲမတိုင်ခင်တွင် တုံသဲ၏ မူလအစီအမံသည် တုံမိသားစုမှ ပါရမီရှင်များကို အလှည့်ကျ ယှဥ်ပြိုင်စေကာ ကျန်းချန်ကို ပင်ပန်းအောင် လုပ်ဆောင်ရန် ဖြစ်သည်။
နောက်ဆုံးမှသာ တုံယွင်ထျန်းက ကျန်းချန်ကို ရင်ဆိုင်မည်ဟူ၍ ဖြစ်သည်။
သို့သော် ယခုကျန်းချန် ပြသနေသည့် တိုက်ပွဲဝင်စွမ်းရည်သည် သူထင်ထားသည်ထက်ပင် လုံးဝ ကျော်လွန်နေခဲ့သည်။
ဤကောင်လေးက ရုပ်ပိုင်းဆိုင်ရာအင်အားကို အားကိုးပြီး သွေးစွမ်းအားဖြင့် ပေါင်းစည်းလိုက်သည်နှင့် သူတို့ တုံမိသားစုမှ ပါရမီရှင်များသည် မည်သူမျှ ဤကောင်လေး၏ ပြိုင်ဘက် မဟုတ်တော့ပေ။
ဤကဲ့သို့သော အခြေအနေတွင် အလှည့်ကျစနစ်ကို အသုံးပြုပြီး ကျန်းချန်ကို ပင်ပန်းအောင် လုပ်ဆောင်ခြင်းသည် မည်သည့်အဓိပ္ပါယ်မှ မရှိတော့ပေ။
ကံကောင်းစွာဖြင့်သူသည် အဆုံးသတ်တွင် ဝှက်ဖဲတစ်ခုကို ပြင်ဆင်ထားခဲ့သည်။
ယင်းမှာ ဤနေ့ရက်အတွင်း သူသည် တုံယွင်ထျန်းကို သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်အား ထိုးဖောက်ရန် ကူညီပေးခဲ့ခြင်း ဖြစ်၏။
ဆိုရလျှင် ကျန်းချန်၏ တိုက်ပွဲဝင်စွမ်းရည်သည် အလွန်အားကောင်းသလို တုံယွင်ထျန်းကလည်း အားမနည်းပေ။
တုံယွင်ထျန်း၏ လက်ရှိအင်အားဖြင့် ကျန်းချန်၏ သုံးကွက်ကို မတားဆီးနိုင်ဟု သူအမှန်တကယ် မယုံကြည်ချေ။
တုံသဲ၏ အမိန့်ကို ရသည်နှင့် တုံယွင်ထျန်းက သက်ပြင်းချလိုက်ပြီး ချက်ချင်း ဆိုသလို တိုက်ပွဲစင်မြင့်ပေါ်သို့ ခုန်တက်သွားခဲ့သည်။
"ကျန်းချန် မင်းက အရမ်းအားကောင်းတယ် ဆိုတာ ငါဝန်ခံတယ်.. မင်းက ငါတွေ့ဖူးသမျှထဲမှာ အားအကောင်းဆုံး ပြိုင်ဘက်ပဲ "
တုံယွင်ထျန်းက ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက် ၏။
"ဒါပေမယ့် ဒီစင်မြင့်ထက်မှာတော့ မင်းကို ငါအနိုင်ရမယ်လို့ ယုံကြည်မှုရှိတယ်"
"ငါ့ရှေ့မှာ ဒီလိုစကားပြောဖို့ မင်းဘယ်ကနေ ယုံကြည်မှုရလာသလဲတော့ ငါမသိဘူး"
ကျန်းချန်က ခနဲ့တဲ့တဲ့ပြုံး၍ ပြောလိုက်သည်။
"တုံမိသားစုရဲ့ ရတနာခန်းမမှာ ကတည်းက မင်းကို အနိုင်ယူတာ သုံးကွက် မကျော်ခဲ့ဘူး.. ဒီနေ့ရလဒ်ကလဲ အဲဒီနေ့က ရလဒ်နဲ့ အတူတူ ဖြစ်မှာပဲ"
"ဟမ့် အဲ့ဒီတုန်းက ငါသတိမထားမိလို့ မင်းက အခွင့်အရေးရသွားတာပဲ.. ဟားဟား.. မင်း ငါ့ကို အရင်လို ထင်နေတုန်းပဲလား"
တုံယွင်ထျန်းက ကြုံးဝါးလိုက်ပြီး သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်၏ အားကောင်းသော အရှိန်အဝါကို ချက်ချင်းဆိုသလို ထုတ်ဖော်လိုက်သည်။
"ဟားဟား.. ကျန်းချန် မင်းမထင်ထားဘူးမလား.. ငါသိုင်းသခင်နယ််ပယ် စတုတ္ထအဆင့်ကို ဒီသုံးရက်အတွင်းမှာ ထိုးဖောက်သွားခဲ့ပြီ.. မင်းငါ့ကို ဘယ်လို ယှဥ်ပြိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"
တုံယွင်ထျန်းက ဂုဏ်ယူစွာ ပြောလိုက်ပြီး အသက်စွမ်းအားကို ချက်ချင်းဆိုသလို ဧရာမလက်ဝါးအဖြစ် ပြောင်းလဲကာ ကျန်းချန်ကို ရိုက်ချလိုက်သည်။
သိုင်းသခင်နယ််ပယ် တတိယအဆင့်နှင့် စတုတ္ထအဆင့်သည် လုံးဝ ခြားနားသောအဆင့်များ ဖြစ်ကြသည်။
ယခုအခါတွင် တုံယွင်ထျန်းသည် သိုင်းသခင်နယ််ပယ် စတုတ္ထအဆင့်ကို ထိုးဖောက်ပြီးပြီ ဖြစ်ရာ သူ၏ တိုက်ပွဲဝင်စွမ်းရည်သည်လည်း အံ့မခန်း မြင့်တက်လာခဲ့ပြီ ဖြစ်၍ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက ပြည့်လျှံနေခဲ့သည်။
သူက ကျန်းချန်ကို အစွမ်းကုန် တိုက်ခိုက်ကာ ထိုနေ့ကအရှက်ကွဲခဲ့မှုကို ပြန်လည် ရယူမည်ဟု တိတ်တဆိတ် ကျိန်ဆိုထားခဲ့သည်။
ထိုအချိန်တွင် ကျန်းချန်သည် သူ့ဆီသို့ လာနေသည့် တုံယွင်ထျန်း၏ ဧရာမလက်ဝါးကို ကြည့်ရင်း ခြေထောက်ကို မြေကြီးပေါ်သို့ ဆောင့်နင်းလိုက်သည်။
ထို့နောက်တွင် သူ၏ အေးစက်စက် အသံသည် ပတ်ဝန်းကျင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့၏။
"ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ်"
အခန်း(၈၈၇)ပြီး၏။
အခန်း(၈၈၈)
ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်က လေထဲသို့ အနည်းငယ် မြင့်တက်လာခဲ့ပြီး ရွှေရောင် တောက်ပသွားခဲ့သည်။
"တောင်တန်းနဲ့မြစ်များလှုပ်ခါစေ"
ကျန်းချန်က တောက်ပသည့် ရွှေရောင်အလင်းတန်းများ ဝန်းရံနေသည့် လက်သီးချက်ဖြင့် တုံယွင်ထျန်း၏ လက်ဝါး ရိုက်ချက်ကို ရင်ဆိုင်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်သည် လေထုကို ဖောက်ထွင်းသွားပြီး တုံယွင်ထျန်း၏ ဧရာမလက်ဝါးကို ထိမှန်သွားခဲသည်။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ လက်သီးချက်အောက်တွင် တုံယွင်ထျန်း၏ ဧရာမလက်ဖဝါးကြီးသည် တစ်စက္ကန့်ပင် မခံဘဲ အပိုင်းပိုင်း ပြတ်ထွက်သွားခဲ့သည်။
ဧရာမလက်ဝါးကို ကျန်းချန်က လက်သီးတစ်ချက်ထဲဖြင့် ဖြိုဖျက်လိုက်သည်နှင့် တစ်ပြိုင်နက် တုံယွင်ထျန်း၏ ပုံရိပ်သည်လည်း ထိုစွမ်းအား၏ ရိုက်ခတ်မှုအောက်တွင် ခြေဆယ်လှမ်းခန့် နောက်ဆုတ်လိုက်ရသည်ည်။
"လခွမ်း. ဒီကောင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အင်အားက ဘာလို့ ဒီလောက်တောင် အားကောင်းနေရတာလဲ "
တုံယွင်ထျန်းက စိတ်လှုပ်ရှားမှုကို အတင်းအကြပ် ဖိနှိပ်လိုက်ပြီး အံ့သြ တုန်လှုပ်နေခဲ့သည်။
ထိုနေ့က တုံမိသားစု၏ ရတနာခန်းမတွင် ကျန်းချန်သည် သူ့ကို အလွန် အင်အားကောင်းသော ဓားဆန္ဒ တတိယအဆင့်ခွန်အားဖြင့် ဖိနှိပ်ခဲ့သည်။
ထို့ကြောင့် သူက ကျန်းချန်သာ ဓားဆန္ဒ တိယအဆင့်ဖြင့်တိုက်ခိုက်လာလျှင် ကြိုတင်ကာကွယ်ရန် အတွက်သာ ပြင်ဆင်ထားခဲ့သည်။
သို့သော် သူ မထင်ထားသည်မှာ ဤတစ်ကြိမ်တွင် ကျန်းချန်သည် အသက်စွမ်းအင်နှင့် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်များကို လုံးဝ အသုံးမပြုဘဲ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကိုသာ အားကိုး၍ သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်ကို လောလောလတ်လတ် ထိုးဖောက်ထားသည့် သူ့ကို နောက်ဆုတ်အောင် တိုက်ထုတ်နိုင်ခဲ့ခြင်းပင်။
တုံယွင်ထျန်းက ကျန်းချန်၏ အားကောင်းသော တိုက်ခိုက်မှုကြောင့် ထိတ်လန့် တုန်လှုပ်နေသော်လည်း ကျန်းချန်သည် တုံယွင်ထျန်းကို အသက်ရှူဖို့ပင် အခွင့်အရေး မပေးခဲ့ဘဲ လက်သီးဖြင့် ထပ်မံ တိုက်ခိုက်ခဲ့သည်။
"ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ် ဒုတိယတိုက်ကွက် ဟင်းလင်းပြင်ချေမှုန်း "
ကျန်းချန်၏ လက်သီးချက်နှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုသည် ချက်ချင်းပင် ပေါက်ကွဲထွက်လာခဲ့သည်။
ထိုအင်အား ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် မျက်စိဖြင့်မြင်နိုင်သော အက်ကွဲကြောင်းများပင် ဖြစ်ပေါ်နေခဲ့သည်။
"ကောင်းကင်ခွဲ တစ္ဆေဓားဂိုဏ်း"
လေထုကိုပင် ဖျက်ဆီးတော့မလို ဖြစ်နေသည့် ကျန်းချန်၏ တုန်လှုပ်ဖွယ် လက်သီးကို ကြည့်ရင်း တုန်ယွင်ထျန်း၏ နှလုံးသားသည် အေးစက်သွားခဲ့သည်။
သူက လုံးဝ မတုန့်ဆိုင်းရဲဘဲ ဓားဆန္ဒ ဒုတိယအဆင့်၏ ပြီးပြည့်စုံသော ခွန်အားကို အသုံးပြုကာ ကောင်းကင်အဆင့် ကျင့်စဥ်ဖြစ်သည့် ကောင်းကင်ခွဲ တစ္ဆေဓားသိုင်းကို ထုတ်ဖော်လိုက်သည်။
သို့တိုင် တုံယွင်ထျန်းက အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း ကျန်းချန်၏ လက်သီးပေါ်ရှိ ကြောက်မက်ဖွယ် အင်အားကို တားဆီးရန်မှာ ခက်ခဲနေဆဲပင်။
လေထဲတွင် ကျယ်လောင်သော အသံများ ဆက်တိုက်ပဲ့တင်ထပ်လာသည်နှင့် အမျှ တုံယွင်ထျန်း၏ ကောင်းကင်ခွဲ တစ္ဆေဓားသိုင်း ဖြစ်စေ ၊ ဓားဆန္ဒ ဒုတိယအဆင့်၏ ပြီးပြည့်စုံသောခွန်အား ဖြစ်စေ၊ အရာအားလုံးသည် ကျန်းချန်၏ လက်သီးအောက်တွင် ချက်ချင်းဆိုသလို ကြေမွသွားခဲ့သည်။
လက်သိီးတစ်ချက်ထဲဖြင့် တုံယွင်ထျန်း၏ တိုက်ခိုက်မှု အားလုံးကို ချေမှုန်းလိုက်သော်လည်း ကျန်းချန်၏ လက်သီးအရှိန်သည် အရှိန် လျော့မသွားဘဲ တုံယွင်ထျန်း၏ ခန္ဓာကိုယ်ဆီသို့ ပြင်းပြင်းထန်ထန် သက်ရောက်သွားခဲ့သည်။
သူနှင့် တဖြည်းဖြည်း ချဥ်းကပ်လာသော ရွှေရောင်လက်သီးကို ကြည့်ရင်း တုံယွင်ထျန်းသည် ရုတ်တရက် ကြောက်လန့်သွားခဲ့၏။
ထိုခဏတွင် သူက သွားများကို အံကြိတ်လိုက်ပြီး ကျောက်စိမ်းတံဆိပ်ပြား တစ်ခုကို ထုတ်ယူကာ အပိုင်းပိုင်း ချေမွလိုက်သည်။
မကြာခင်မှာပင် ဆယ်မီတာခန့် မြင့်သော အနက်ရောင်အလင်းနံရံ တစ်ခုသည် တုံယွင်ထျန်း၏ ရှေ့တွင် ချက်ချင်းဆိုသလို စုစည်းသွားခဲ့ပြီး ကျန်းချန်၏ လက်သီးချက်ကို ရုတ်တရက်ပိတ်ဆို့လိုက်သည်။
"ဘုရင့်ကျောက်စိမ်း အကာအကွယ်ပါလား "
အောက်ဘက်ရှိ အခြေအနေကို ကြည့်ရင်း လေထဲမှ တုံဟဲ၏ မျက်နှာသည် ရုတ်တရက် မကြည်မလင် ဖြစ်သွားခဲ့သည်။
"တုံသဲ.. ဒါက လူရွေးချယ်တဲ့တိုက်ပွဲပဲ.. မင်းက ဘာလို့ ကျောက်စိမ်း အကာအကွယ်ကို တုံယွင်ထျန်း အတွက် ပြင်ဆင်ပေးထားတာလံ.. မင်းမှာ အရှက်နည်းနည်းမှ မရှိတော့ဘူးလား"
ဘုရင့်ကျောက်စိမ်း အကာအကွယ်သည် နတ်ဝိညာဥ်အဆင့် ကျင့်ကြံသူ၏ အင်အား တစ်စိတ်တစ်ပိုင်း ပါဝင်နေသော အဆောင်တစ်ခု ဖြစ်သည်။
တုံသဲက တုံယွင်ထျန်းအတွက် ပြင်ဆင်ထားသော ဘုရင့်ကျောက်စိမ်း အကာအကွယ်သည် အနည်းဆုံး သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူ၏ အပြည့်အဝ ထိုးနှက်ချက်ကို ကာကွယ်နိုင်စွမ်းရှိသည်။
ကျန်းချန်က မည်မျှပင် အင်အားကြီးမားသည်ဖြစ်စေ၊ ယင်းကျောက်စိမ်း၏ အကာအကွယ်အောက်တွင် ရှိနေသည့် တုံယွင်ထျန်းကို အနိုင်ယူရန် ခက်ခဲပေလိမ့်မည်။
"တုံဟဲ မင်းစကားက ဘာအဓိပ္ပါယ်လဲ.. ဒီပြိုင်ပွဲမှာ ဘုရင့်ကျောက်စိမ်း တံဆိပ်ပြားကို အသုံးပြုခွင့် မပေးဘူးလို့ စည်းကမ်း သတ်မှတ်ထားလို့လား "
တုံသဲက နှာခေါင်းရှုံ့၍ အေးစက်စက် ရေရွတ်လိုက်သည်။
"မင်း"
တုံဟဲ၏ မျက်နှာသည် ရုတ်တရက် အလွန်တရာ သုန်မှုန်သွားခဲ့သည်။
တုံသဲက ပြင်ဆင်မှု အားကောင်းသူဖြစ်မှန်း သူသိသော်လည်း ဘုရင့်ကျောက်စိမ်း အကာအကွယ်ကဲ့သို့ နည်းလမ်းမျိုးကိုပင် အသုံးပြုလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အခန်း(၈၈၈)ပြီး၏။