Chapters

အခန်း (၄၁၇)

Vol. 28 Ch. 417

အခန်း (၄၁၇)

Vol. 28 Ch. 417

"တကယ်ပဲ... ဒါက သတ္တမအဆင့် သက်ရှည်ဂျင်ဆင်းပါလား.. အံ့ဩစရာပဲ"

ကျန်းချန် တစ်ယောက် အံ့အားသင့်သွားသည်။

သက်ရှည် ဂျင်ဆင်းပင်ရဲ့ အမြစ် အပိုင်းအစလေးကို မြိုချလိုက်ရုံဖြင့် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် ဒုတိယ အဆင့်သို့ ချက်ချင်း ရောက်သွားရှိခဲ့သည်။

သူက နဂိုကတည်းကပင် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရန် နီးစပ်နေပြီ ဆိုသော်လည်း သက်ရှည် ဂျင်ဆင်းပင်၏ စွမ်းအားသည် အံ့မခန်းပင်။

အကယ်၍ ဂျင်ဆင်းပင် တစ်ပင်လုံးကိုသာ စားလိုက်လျှင် အနည်းဆုံး နယ်ပယ်အဆင့်သေး သုံးဆင့်ကနေ ငါးဆင့်ခန့် အထိ တိုးတက်သွားနိုင်မည်ဟု တွေးမိခဲ့သည်။

သို့သော်လည်း ကျန်းချန်သည် သူ၏ နယ်ပယ်အဆင့်ကို မြှင့်တင်ရန်အတွက် ဂျင်ဆင်းပင်ကို မစားချင်ခဲ့ပေ။

အကြောင်းရင်းမှာ အဆတစ်ရာ စနစ်ဖြင့် သူ၏ နယ်ပယ်အဆင့်ကို တိုးတက်အောင် လုပ်ရန် မခက်ခဲသောကြောင့်ပင်။

ဤသက်ရှည် ဂျင်ဆင်းပင်ကို နယ်ပယ်အဆင့်သေး အနည်းငယ်အတွက် အသုံးပြုသည်မှာ ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။

သူက ကျင့်ကြံရန်အတွက် လိုအပ်သည့် အရင်းအမြစ်များနှင့် လဲလှယ်ရန် ဂုဏ်ကျက်သရေ အမှတ်တွေကိုသာ ရယူချင်ခဲ့၏။

ထိုက်ရှဂိုဏ်း၏ သမိုင်းတွင် ဆေးတောင်ကနေ သတ္တမအဆင့် သက်ရှည် ဂျင်ဆင်းကို မည်သူမှ မရဖူးပေ။

ဤသက်ရှည် ဂျင်ဆင်းပင် တစ်ပင်သည် သူ့ကို ဂုဏ်ကျက်သရေ ရမှတ် အများအပြား ရစေမည်မှာ သေချာ၏။

ထိုအတွေးများ လင်းလက်သွားသည်နှင့် ကျန်းချန်သည် ဂျင်ဆင်းပင်ကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။

သူက လေဆန္ဒကို အသုံးပြုကာ အစီအရင်ထဲတွင် ထိတ်လန့်တကြား ဖြစ်နေသော ဂျင်ဆင်းပင်ကို လိုက်ဖမ်းခဲ့၏။

ဂျင်ဆင်းပင်တွင် စွမ်းအင် ရှိသော်လည်း စွမ်းရည်မှာ အကန့်အသတ်သာ ရှိသည်။

ထို့ကြောင့် မကြာခင်မှာပင် ဂျင်ဆင်းပင်သည် ကျန်းချန်၏ လက်ထဲကို ရောက်ရှိလာခဲ့၏။

ဂျင်ဆင်းပင်ကို သိုလှောင်အိတ်ထဲ ထည့်ပြီးနောက်တွင် ကျန်းချန်သည် ကျောက်ဆောင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ကာ လေ့ကျင့်လိုက်သည်။

သူက နောက်တစ်နေ့မနက် အလင်းရောင် ရောက်သည်အထိ လေ့ကျင့်ပြီးမှ ဆေးတောင်ကနေ ထွက်လာခဲ့၏။

မကြာခင်မှာပင် ကျန်းချန်သည် ထိုက်ရှဂိုဏ်း၏ မစ်ရှင်ခန်းမဆီသို့ ပြန်ရောက်လာခဲ့သည်။

"ဝိုး.. ဖူညီအစ်ကို နှစ်ယောက်က တကယ် အံ့ဩစရာပဲ"

"ဟုတ်တယ်... ဒီနှစ်ယောက်က တပည့်သစ်တွေ ဖြစ်ပေမယ့် ထိုက်ရှဂိုဏ်းရဲ့ ကြယ်တစ်ပွင့်အဆင့် မစ်ရှင်ကို ပြီးဆုံးအောင် လုပ်နိုင်ခဲ့တယ်"

"..........."

မစ်ရှင် ခန်းမထဲကို ဝင်လာသောအခါ မယုံကြည်နိုင်လောက်သည့် ချီးကျူးသံများသည် ကျန်းချန်၏ နားထဲကို ဝင်ရောက်လာခဲ့၏။

ကျန်းချန်က အသံလာရာဆီသို့ ကြည့်လိုက်ရာ တပည့်အုပ်စုကြီးတစ်ခုက လူနှစ်ယောက်နားတွင် ဝိုင်းနေသည်ကို တွေ့လိုက်ရသည်။

သူတို့က ထိုလူနှစ်ယောက်ကို စိုက်ကြည့်နေပြီး သူတို့၏ အကြည့်တွင် ချီးကျူးဂုဏ်ပြုသော အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။

ကျန်းချန်က အလုပ်ပြီးဆုံးကြောင်း မစ်ရှင်ခန်းမ၏ တာဝန်ခံဆီ အပ်နေသည့် လူနှစ်ယောက်ကို သိသည်။

ထိုနှစ်ယောက်က ဖူယုံနှင့် ဖူထန့် ဖြစ်၏။

ဖူယုံက သူ့ကို ချီးကျူးနေသည့် လူများ၏ မျက်စိရှေ့မှာပင် ဂုဏ်ကျက်သရေ အမှတ် နှစ်ထောင်ကို ဆုအဖြစ် လက်ခံရရှိလိုက်သည်။

သူက ကျန်းချန်ကို တွေ့သည်နှင့် ခနဲ့၍ ပြောလိုက်၏။

"ကျန်းချန်... မင်းလည်း ကြယ်ပွင့်မစ်ရှင်ကို ဆောင်ရွက်ပြီး ပြန်လာအပ်တာလား"

"မဟုတ်ဘူး... ငါကဆေးပင်ခူးတဲ့ အလုပ်ကို လာအပ်တာ"

ကျန်းချန်က ရိုးရိုးရှင်းရှင်းပင် ပြန်ဖြေလိုက်သည်။

"ဆေးပင်ခူးတဲ့ အလုပ်လား"

ဖူယုံက မထီမဲ့မြင် ပြုံးလိုက်၏။

"ကျန်းချန်... မင်းက တပည့်သစ်တွေ ထဲမှာ အတော်ဆုံး မဟုတ်လား.. ဘာလို့ အခုချိန်ထိ အောက်ခြေအလုပ်ကိုပဲ လုပ်နေရတာလဲ"

"အောက်ခြေ အလုပ် ဖြစ်တော့ရော ဘာဖြစ်လဲ"

ကျန်းချန်က ပေါ့ပေါ့ပါးပါး ပြန်မေးလိုက်သည်။

"ငါက အောက်ခြေ အလုပ်လုပ်ရင်တောင် မင်းထက် ဂုဏ်ကျက်သရေ အမှတ် ပိုများများ ရှာနိုင်တယ်"

"ဟားဟား.. ကျန်းချန်... မင်းက ပထမနေ့ကလို ကံကောင်းနေဦးမယ်လို့ ထင်နေတာလား"

ဖူယုံက ရယ်မောပြီး ပြောလိုက်သည်။

"ငါတို့က မနေ့က ကြယ်တစ်ပွင့် မစ်ရှင်ကို ပြီးဆုံးအောင် လုပ်ပြီး ဂုဏ်ကျက်သရေ အမှတ် နှစ်ထောင် ရရှိခဲ့တယ်.. ဟမ့်.. မင်းက ဆေးပင် လိုက်ခူးပြီး တစ်ရက်ကို ဂုဏ်ကျက်သရေ အမှတ် နှစ်ထောင် ရနိုင်လို့လား"

"အမှတ် နှစ်ထောင်လေးကို ဘာတွေ ကြီးကျယ်နေတာလဲ"

ကျန်းချန်က မဲ့ပြုံးပြုံး၍ မောက်မာစွာ ပြန်ပြောလိုက်သည်။

"ငါက မျက်လုံးမှိတ်ပြီး ဆေးပင်လိုက်ခူးရင်တောင် မင်းထက် ဂုဏ်ကျက်သရေ ရမှတ် ပိုရှာနိုင်တယ်"

အခန်း(၄၁၇) ပြီး၏