← Chapters

အခန်း (၁၀၂၄-၁၀၂၆)

Vol. 69 Ch. 1024-1026

အခန်း (၁၀၂၄-၁၀၂၆)

Vol. 69 Ch. 1024-1026

အခန်း(၁၀၂၄)

ကျန်းချန်သည် ရှေ့ဟောင်းငရဲမိကျောင်းကို ထိန်းချုပ်ကာ ရှေးဟောင်း ဆေးဥယျာဥ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားခဲ့သည်။

ရှေးဟောင်း ငရဲမိကျောင်းသည် လုရွှေ ဝိညဥ်ကန်ထဲရှိ အစွမ်းအထက်ဆုံး သားရဲ မဟုတ်သော်လဲ နတ်သားရဲ၏ သွေးအနည်းငယ် စီးဆင်းနေသော သားရဲ ဖြစ်သည်။

ကန်ထဲရှိ အားကောင်းသော သားရဲများပင် သာမန်အခြေအနေတွင် ရှေးဟောင်းငရဲမိ​ကျောင်းကို အလွယ်တကူ တိုက်ခိုက်ကြလေ့ မရှိကြပေ။

ထို့ကြောင့် ကျန်းချန်သည် လမ်းတစ်လျောက်တွင် အဆင်ပြေပြေ သွားလာနိုင်ခဲ့သည်။

မကြာမီမှာပင် ကျန်းချန်သည် လုရွှေဝိညဥ်ကန်ကို ဖြတ်ကျော်ကာ ​မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။

ကျန်းချန်က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ သူ၏ အကြည့်သည် မီတာ၁၀၀ အကွာအဝေးသို့ ရောက်ရှိသွားခဲ့သည်။

ထိုနေရာတွင် ဝိညာဥ်မြူများ ထူထပ်စွာ ဖုံးလွှမ်းနေ၏။

မီတာ၁၀၀ မျှသာ ဝေးသော်လည်း ကျန်းချန်သည် အတွင်းထဲ၌ မည်သည့်အရာများ ရှိနေသည်ကို မြင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

"သတိထား.. ငါ့ရဲ့ အသိစိတ်ကနေ မင်းရှေ့မှာရှိနေတဲ့ အစီအရင်က အတော်လေး အန္တရာယ်များတယ် ဆိုတာ ပြောပြနေတယ်.. ဒီအဆင့်က ဒဏ္ဍာရီလာ နဝမအဆင့် အစီအရင် မဟုတ်ရင်တောင် အဋ္ဌမအဆင့် အထွတ်အထိပ် အစီအရင်ဖြစ်မှာ ငါစိုးရိမ်မိတယ်.. မင်းလို သိုင်းသခင်နယ်ပယ် အဆင့်မပြောနဲ့ သာမန် နတ်သန္ဓေအင်ပါယာတစ်ပါးတောင် ဒီထဲကို အတင်းအကြပ်ဝင်မိရင် ဆိုးရွားတဲ့ အဆုံးသတ်ကို ကြုံရလိမ့်မယ်"

ထိုအချိန်မှာပင် သွေးမြစ်၏ အသံသည် ကျန်းချန်၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။

သွေးမြစ်က ကျန်းချန်ကို သေစေချင်သော်လည်း ဤအချိန်တွင်တော့ သတိပေးရမည့် အခြေအနေသို့ ရောက်နေခဲ့သည်။

အကြောင်းအရင်းမှာ အင်ပါယာအမွေအနှစ် နယ်မြေရှိ ပကတိ အင်ပါယာ တစ်ပိုင်း၏ ဥပဒေသသည် အရာအားလုံးကို စောင့်ကြည့်နေခြင်းကြောင့်ပင်။

သူ၏ ဝိညာဥ်ထွက်ပေါ်လာသည်နှင့် သူ၏ ကံကြမ္မာသည် အဆုံးသတ်သွားလိမ့်မည်သာ။

ထို့ကြောင့်လည်း သွေးမြစ်သည် ကျန်းချန်၏ ကိုယ်ထဲတွင်သူ ရှိနေရခြင်း မဟုတ်ပါလား။

ကျန်းချန်သာ တစ်ခုခု ဖြစ်သွားခဲ့လျင် ဤ အင်ပါယာအမွေအနှစ် နယ်မြေ ထဲတွင် သူ့အနေဖြင့် အသက်ဆက်ရှင်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။

"စိတ်မပူပါနဲ့.. မင်းမပြောလဲ ဒီအစီအရင်က အန္တရာယ်များတယ်ဆိုတာ ငါသိပါတယ်"

ကျန်းချန်က ညင်သာစွာ ပြုံးလိုက်သည်။

ရွှယ်မင် သူတော်စဥ်နယ်မြေသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ကြယ်ငါးပွင့် အဆင့်နှင့် အလွန်နီးစပ်ခဲ့သော အင်အားစုတစ်ခု ဖြစ်သည်။

သို့ဖြစ်ရာ ထိုအင်အားစုမှ ချန်ထားရစ်ခဲ့သော ရှေးဟောင်း အစီအရင်သည် မည်ကဲ့သို့ ရိုးရှင်းနိုင်ပါမည်နည်း။

ကျန်းချန်က မီတာ၁၀၀ အကွာရှိ ဝိညာဥ်မြူကို စူးစိုက်ကြည့်ခဲ့သော်လည်း စိတ်ထဲတွင် စနစ်၏ အချက်ပေးသံများ ထွက်ပေါ်မလာခဲ့ပေ။

"ဒီရှေးဟောင်းဆေးဥယျာဥ်ရဲ့ အစီအရင်က တကယ်ကို ထူးခြားတာပဲ.. စနစ်ကတောင် ဖော်ထုတ်နိုင်တဲ့ပုံ မပေါ်ဘူး"

ကျန်းချန်က အနည်းငယ် စဥ်းစားလိုက်ပြီးနောက်တွင် စိတ်လှုပ်ရှားလာခဲ့သည်။

ထို့နောက် သူက ရှေးဟောင်းငရဲမိကျောင်း တစ်ကောင်ကို ထိန်းချုပ်ကာ ရှေ့ကနေ လမ်းပြစေခဲ့သည်။

သူက ငရဲမိကျောင်းနှင့် ငါးပေအကွာကနေ ကပ်လိုက်ကာ သူ့ရှေ့မှ ဝိညာဥ်မြူများ ဖုံးလွှမ်းထားသည့် လျှို့ဝှက် ဆန်းကြယ်သော နယ်မြေဆီသို့ သတိကြီးစွာ ချဥ်းကပ်ခဲ့သည်။

မကြာမီမှာပင် ရှေးဟောင်း ငရဲမိကျောင်းသည် ဝိညာဥ်မြူများ ဖုံးလွှမ်းထားသည့် လျှို့ဝှက် ဆန်းကြယ်သော နယ်မြေသ်ို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။

ရှေးဟောင်း ငရဲမိကျောင်းသည် ဝိညာဥ်မြူကို ထိမိလိုက်သည်နှင့် တစ်ပြိုင်နက် အကန့်အသတ်မဲ့သော စွမ်းအင်များ ပါဝင်သည့် မမြင်ရသော စွမ်းအင်တစ်ခုသည် ရှေးဟောင်း ငရဲမိကျောင်း ဆီသို့ သက်ရောက်သွားခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုမမြင်ရသော စွမ်းအင်အောက်တွင် ရှေးဟောင်း ငရဲမိကျောင်းသည် သွေးမြူများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ မျက်စိရှေ့ကနေ လုံးဝက်ို​ ပျောက်ကွယ်သွားခဲ့သည်

မမြင်ရသော စွမ်းအင်သည် ရှေးဟောင်း ငရဲမိကျောင်းကို ချက်ချင်းဆိုသလို သတ်ပစ်ပြီး နောက်တွင် မကြာမီမှာပင် ပြန်လည် ငြိမ်သက်သွားခဲ့သည်။

"ရှေးဟောင်း ဆေးဥယျာဥ်ရဲ့ အစီအရင်က တကယ်ကို သာမန်မဟုတ်ဘူးပဲ"

သူ၏အရှေ့မှ အစီအရင်က ရှေးဟောင်း ငရဲမိကျောင်းကို ချက်ချင်းဆိုသလို သတ်ပစ်လိုက်သည်ကို မြင်လျှင် ကျန်းချန်၏ မျက်လုံးများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

သူအံအားသင့်နေစဥ်မှာပင် စနစ်ထံမှ ရင်းနှီးသော အချက်ပေးသံသည် အဆုံးသတ်တွင် ထွက်ပေါ်လာခဲ့သည်။

"ဒင်.. သင်က နဝမအဆင့်တစ်ပိုင်း အစီအရင်ဖြစ်တဲ့ စကြာဝဠာ သတ်ဖြတ်ခြင်း အစီအရင်ကို ကြည့်ရှုပြီး အဆတစ်ရာ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"

"ဒင်.. သင်က စကြာဝဠာ သတ်ဖြတ်ခြင်း အစီအရင်ရဲ့ အနှစ်သာရ တစ်ချို့ကို နားလည်သွားခဲ့ပါပြီ"

"နဝမအဆင့် တစ်ပိုင်း အစီအရင်ပါလား"

ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

နဝမအဆင့် အစီအရင်သည် ဒဏ္ဍာရီလာ အင်ပါယာအဆင့် အစီအရင် ဖြစ်သည်။

သူ့ရှေ့မှ စကြာဝဠာ သတ်ဖြတ်ခြင်း အစီအရင်သည် စစ်မှန်သော အင်ပါယာအဆင့် အစီအရင် မဟုတ်သော်လည်း အင်ပါယာအဆင့် အစီအရင်၏ အဆင့်အတန်းကို ရောက်ရန် သိပ်မလိုတော့ပေ။

အင်ပါယာအဆင့် အစီအရင်များသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများ ပါဝင်ပြီး ပတ်ဝန်းကျင်နှင့် တစ်သားထဲ နီးပါး ပေါင်းစပ်ထားသည်။

ထို့ကြောင့် ကျန်းချန်၏ အဆတစ်ရာစနစ် ပင်လျင် ထိုအစီအရင် လည်ပတ်နေမှသာလျှင် အဆတစ်ရာ နားလည်မှုကို ဖြစ်ပေါ်စေနိုင်ပြီး ထိုမှတစ်ဆင့် စကြာဝဠာ သတ်ဖြတ်ခြင်း အစီအရင်၏ အနှစ်သာရကို နားလည်နိုင်ခြင်း ဖြစ်သည်။

အခန်း(၁၀၂၄)ပြီး၏။

အခန်း(၁၀၂၅)

"တော်တော်ကံကောင်းသွားတယ်.. အဆတစ်ရာ စနစ်ရဲ့အကူအညီနဲ့ နောက်ဆုံးတော့ ဒီစကြာဝဠာ သတ်ဖြတ်ခြင်း အစီအရင်ကို နားလည်နိုင်ခဲ့ပြီ"

ကျန်းချန်က သူ့ရှေ့မှ ငြိမ်သက်နေသော စကြာဝဠာ သတ်ဖြတ်ခြင်း အစီအရင်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။

ဤစကြာဝဠာ သတ်ဖြတ်ခြင်း အစီအရင်သည် အလွန်ပင် အဆင့်အတန်း မြင့်မားပြီး ကြောက်မက်ဖွယ်ကောင်းအောင် ပြင်းထန်သည်။

သူ၏ အစီအရင် ကျွမ်းကျင်မှုကို အားကိုး၍ ၎င်းကို ဖျက်ဆီးရန်မှာ အလွန်ပင် ခက်ခဲလိမ့်မည် ဖြစ်၏။

အကယ်၍ သူသာ စနစ်၏ အကူအညီဖြင့် စကြာဝဠာ သတ်ဖြတ်ခြင်း အစီအရင်ကို နားမလည်နိုင်ခဲ့လျှင် ရှေးဟောင်း ဆေးဥယျာဥ်ကို ယာယီစွန့်လွှတ်ထားပြီး အစီအရင်၏ စွမ်းအင်များ အားနည်းသွားသည် အထိ စောင့်ဆိုင်းရပေလိမ့်မည်။

ကျန်းချန်က အနည်းငယ်မျှ တုံ့ဆိုင်းနေခြင်း မရှိဘဲ ကျန်ရှိနေသော ရှေးဟောင်းငရဲမိကျောင်းများကို စကြာဝဠာ သတ်ဖြတ်ခြင်းအစီအရင်အား တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

သူကမူ စကြာဝဠာ သတ်ဖြတ်ခြင်း အစီအရင်ကို အသေအချာ စူးစိုက်ကြည့်၍ စနစ်၏ အကူအညီဖြင့် အစီအရင်ကို နားလည်ရန် ကြိုးစားနေခဲ့သည်။

"ဒင်.. သင်က နဝမအဆင့်တစ်ပိုင်း အစီအရင်ဖြစ်တဲ့ စကြာဝဠာ သတ်ဖြတ်ခြင်း အစီအရင်ကို ကြည့်ရှုပြီး အဆ တစ်ရာ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ "

"ဒင်း.. သင်က စကြာဝဠာသတ်ဖြတ်ခြင်း အစီအရင်ရဲ့ အနှစ်သာရ အချို့ကို နားလည်သွားခဲ့ပါပြီ"

"..............."

ရှေးဟောင်း ငရဲမိချောင်းအချို့၏ တိုက်ခိုက်မှုအောက်တွင် ကျန်းချန်သည် စနစ်၏ အကူအညီဖြင့် စကြာဝဠာ သတ်ဖြတ်ခြင်း အစီအရင်၏ အနှစ်သာရများကို ဆက်လက်နားလည်အောင် ပြုလုပ်နေခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ ကျန်းချန်၏ စကြာဝဠာသတ်ဖြတ်ခြင်း အစီအရင်အပေါ်နားလည်မှုသည် ဆယ်ပုံတစ်ပုံ အခြေအနေသို့ ရောက်ရှိလာခဲ့ပြီး ထိုမှတစ်ဆင့် ငါးပုံတစ်ပုံ၊ သုံးပုံတစ်ပုံ စသည်ဖြင့် တိုးတက်လာခဲ့သည်။

ဤသို့ဖြင့် နေ့တစ်ဝက် ဟူသောအချိန်သည် လျင်မြန်စွာပင် ကုန်ဆုံးသွားခဲ့သည်။

အဆုံးသတ်တွင် ကျန်းချန်သည် စကြာဝဠာသတ်ဖြတ်ခြင်း အစီအရင်ကို ပြီးပြည့်စုံစွာ နားလည်သွားခဲ့သည်။

"ဒင်.. သင်က စကြာဝဠာသတ်ဖြတ်ခြင်း အစီအရင်ကို ပြီးပြည့်စုံစွာ နားလည်သွားခဲ့ပါပြီ"

စနစ်ထံမှ သာယာနာပျော်ဖွယ် အချက်ပေးသံကို ကြားရပြီးနောက်တွင် စကြာဝဠာသတ်ဖြတ်ခြင်း အစီအရင်နှင့် ပတ်သတ်သည့် အချက်အလက် အားလုံးကို သူ၏စိတ်ထဲတွင် ခံစားမိသောအခါ ကျန်းချန်သည် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

သူက အဆတစ်ရာစနစ်၏ အကူအညီဖြင့် သူ၏ရှေ့မှ စကြာဝဠာ သတ်ဖြတ်ခြင်း အစီအရင်ကို အဆုံးသတ်တွင် နားလည်အောင် ပြုလုပ်နိုင်ခဲ့ပြီ မဟုတ်ပါလော။

စကြာဝဠာသတ်ဖြတ်ခြင်း အစီအရင်ကို အသေအချာ နားလည်ပြီးနောက်တွင် ကျန်းချန်သည် သူ၏ရှေ့မှ ဝိညာဥ်မြူကို ထပ်မံ ကြည့်ရှုလိုက်သောအခါ သူ၏ အတွေးများသည် အလွန် ရှင်းလင်းလာခဲ့သည်။

"နဝမအဆင့်တစ်ပိုင်း သတ်ဖြတ်ခြင်း အစီအရင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်ပါပေတယ်.. ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားကို အသုံးပြုပြီး အစီအရင်ကို ထောက်ပံ့ထားတဲ့ အတွက် ဒီလောက်ထိ နှစ်ပေါင်းများစွာ တည်ရှိနေတာပဲ.. အဆတစ်ရာစနစ်ရဲ့ အကူအညီသာ မပါရင် သုံးလေးငါးရက် အချိန်ပေးရင်တောင် အစီအရင်ရဲ့ အားနည်းချက်ကို ရှာတွေ့ဖို့ ခက်ခဲမှာ သေချာတယ်"

ကျန်းချန်က တိတ်တဆိတ် ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလို သူ၏မျက်လုံးများကို သတ်မှတ်ထားသော နေရာတစ်ခုဆီသို့ စူးစိုက်၍ ကြည့်လိုက်သည်။

ထို့နောက်တွင် ခြေတစ်ချက် ဆောင့်နင်းလိုက်ပြီး ဝိညာဥ်မြူများ ဖုံးလွှမ်းထားသော လျှို့ဝှက်ဆန်းကြယ်သည့် နယ်မြေထဲသို့ ပြေးဝင်သွားခဲ့သည်။

စကြာဝဠာသတ်ဖြတ်ခြင်း အစီအရင်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် ကျန်းချန်သည် သူ၏ မျက်လုံးများ လင်းလက်သွားသည်ဟု ခံစားလိုက်ရပြီး နတ်ပြည်ကို ရောက်ရှိသွားသကဲ့သို့ စွဲမက်ဖွယ် အရှိန်အဝါများ ရှိသည့် ချိုင့်ဝှမ်းတစ်ခုသို့ ရောက်ရှိလာခဲ့သည်။

ချိုင့်ဝှမ်းက အလွန်ပင် ကျယ်ဝန်းပြီး အဆုံးကို မြင်နိုင်ရန်ပင် ခက်ခဲ၏။

ကျန်းချန်ကအနည်းငယ်အကဲခတ်ကြည့်လိုက်ရာ သူ၏ မျက်စိရှေ့တွင် ဆေးပင်စိုက်ခင်းအများအပြားကို မြင်လိုက်ရသည်။

ဤဆေးပင်စိုက်ခင်းများသည် နှစ်ပေါင်း တစ်သောင်းကျော်အောင် ဂရုမစိုက်ဘဲ ပစ်ထားသောကြောင့် ပေါင်းပင်များနှင့် သစ်ပင်များ ပြည့်နှက်နေပြီး ရှေးဟောင်း သစ်တော တစ်ခု အဖြစ်ပင် ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။

ထိုအခြေအနေသို့ ရောက်နေသည့်တိုင် ကျန်းချန်သည် အပြင်လောကတွင် ရှားပါးသည့် ဆေးပင် အများအပြားကို တွေ့လိုက်ရသည်။

ဝိညာဥ်ကို အဆင့်မြှင့်တင်ပေးနိုင်သည့် ဝိညာဥ်မြှင့်တင်ခြင်းမြက်၊ လျှိုလီထျန်းရှီ အမြစ်ထက်ပင် ပိုပြီး အဖိုး ထိုက်တန်သော ခန္ဓာကိုယ်သန့်စင်ခြင်း ရတနာဖြစ်သည့် သိဒ္ဓိသစ်သီး စသည့် အရာများကို အများအပြား တွေ့ရှိခဲ့ရသည်။

"ဒီရှေးဟောင်း ဆေးဥယျာဥ်က ရွှယ်မင်သူတော်စင် နယ်မြေရဲ့ ကြွင်းကျန်ရစ်တဲ့ ဆေးဥယျာဥ်လို့ မပြောရဘူး.. ဒီမှာရှိတဲ့ ဆေးပင်တွေက အပြင်လောကမှာ အရမ်းရှားပါးပြီး ရှာဖွေရခက်ခဲတဲ့အပြင် သက်တမ်းအရရော ဆေးစွမ်းအရပါ အပြင်လောကက ဆေးတွေ ဘယ်လိုမှ နှိုင်းယှဥ်လို့ရမှာ မဟုတ်ဘူး"

"ကောင်လေးသတိထား.. ဒီဧကရာဇ်က ဒီနေရာမှာ အရှိန်အဝါ အနည်းငယ် ကျန်ရှိနေတာကို သတိပြုမိတယ်.. ကြည့်ရတာ တစ်စုံတစ်ဦးက မင်းထက် ခြေတစ်လှမ်းစောပြီး ရှေးဟောင်းဆေးဥယျာဥ်ကို ရောက်နှင့်နေပြီ ဖြစ်ရမယ်"

ကျန်းချန်က ရှေးဟောင်းဆေးဥယျာဥ်ရှိ ဆေးပင်များကြောင့် အံသြနေစဥ်မှာပင် သူ၏ စိတ်ထဲမှ သွေးမြစ်၏ အသံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

အခန်း(၁၀၂၅)ပြီး၏။

အခန်း(၁၀၂၆)

သူ၏စိတ်ထဲမှ သွေးမြစ်၏ စကားသံကိုကြားလျှင် ကျန်းချန်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"သွေးမြစ်.. ငါ့ထက်အရင် ရှေးဟောင်း ဆေးဥယျာဥ်ထဲကို တစ်ယောက်ယောက် ရောက်နေတယ်လို့ ပြောလိုက်တာလား"

ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့ပြီး အံ့အားသင့်သော အရိပ်အယောင်များသည် သူ၏မျက်နှာထက်တွင် ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

သိထားရမည်မှာ ကျန်းချန်က ဤရှေးဟောင်း ဆေးဥယျာဥ်ကို သူ၏ ပထမဆုံးပန်းတိုင်အဖြစ် သတ်မှတ်ခဲ့ရသည့် အကြောင်းမှာ အဆတစ်ရာကျင့်ကြံခြင်းစနစ် ရှိနေခြင်းကြောင့် ဖြစ်သည်။

သူက အဆတစ်ရာစနစ်ကို အားကိုး၍ စကြာဝဠာ သတ်ဖြတ်ခြင်းအစီအရင်ကို နားလည်သွားခဲ့ပြီး ရှေးဟောင်း ဆေးဥယျာဥ်ထဲကို ဝင်ရောက်နိုင်ခဲ့၏။

သို့တိုင် အစီအရင်ကို နားလည်ရန်အတွက် အချိန်အတော်ကြာ ယူခဲ့ရသည်။

ကျန်းချန်၏အမြင်အရ သူတော်စင်မြို့တော် ငါးမြို့တွင် သတ္တမအဆင့် သို့မဟုတ် အဌမအဆင့် အစီအရင်သခင်များ ရှိနေခဲ့လျှင်ပင် သူ့ထက်အရင် ရှေးဟောင်း ဆေးဥယျာဥ်ထဲကို ဝင်ရောက်ရန် မဖြစ်နိုင်ပေ။

"အမှန်ပဲ.. ဘယ်ဘက် မီတာတစ်ရာအကွာက နေရာကို သေချာကြည့်လိုက်.. အဲဒီနေရာမှာရှိတဲ့ ဝိညာဥ်မြှင့်တင်ခြင်း မြက်ပင်အချို့ကို အစောပိုင်းလေးကမှ ခူးသွားပုံရတယ်.. မြေကြီးတွေကတောင် လတ်ဆတ်နေတုန်းပဲ"

ကျန်းချန်က အသေအချာ အကဲခတ်ကြည့်လိုက်ရာ ဝိညာဥ်မြှင့်တင်ခြင်းမြက်ပင်များ ပေါက်နေသည့် နေရာတွင် လတ်ဆတ်သော မြေကြီး အများအပြားကို တွေ့လိုက်ရသည်။

"ဒီလတ်ဆတ်တဲ့ မြေကြီးတွေက ဝိညာဥ်မြှင့်တင်ခြင်း မြက်ပင်ကို ဆွဲထုတ်လိုက်လို့ ထွက်လာတဲ့ မြေကြီးတွေဆိုတာ သိသာတယ်.. ကြည့်ရတာ ငါ့ထက်အရင် ရှေးဟောင်း ဆေးဥယျာဥ်ထဲကို တစ်ယောက်ယောက် ရောက်နေခဲ့ပြီထင်တယ်"

ကျန်းချန်၏ မျက်လုံးများက အနည်းငယ် မှေးကျဥ်းသွားခဲ့သည်။

သူ့ထက် ခြေတစ်လှမ်းဦးပြီး ဤနေရာကို ရောက်လာနိုင်သူသည် လုံးဝ သာမန်လူများ ဖြစ်နိုင်မည် မဟုတ်ပေ။

"ဒီကို ဘယ်သူကများ အရင်ရောက်လာတာ ဖြစ်နိုင်မလဲ"

ကျန်းချန်က မျက်မှောင်ကြုတ်ကာ စဥ်းစားလိုက်သည်။

သူ့ဆရာ ရှောင်တုလီပေးခဲ့သော အချက်အလက်များအရ သူတော်စင်မြို့တော် ငါးမြို့တွင် ဆဋ္ဌမအဆင့် သို့မဟုတ်သတ္တမအဆင့် အစီအရင်သခင်များ ရှိသော်လည်း နဝမအဆင့်တစ်ပိုင်း အစီအရင်ကို လွယ်ကူစွာ ဖြိုးခွင်းနိုင်သူတော့ မပါရှိပေ။

"တကယ်တော့ ဒီရှေးဟောင်း ဆေးဥယျာဥ်ထဲကို ဝင်ရောက်ဖို့အတွက် အစီအရင်ကို ဖြိုခွဲဖို့မလိုအပ်ပါဘူး.. အကြမ်းဖျင်းအားဖြင့် အစီအရင်တွေကို တည်ဆောက်တဲ့အခါ အစီအရင်သခင်က အစီအရင်ထဲကို အလိုအလျောက် ဝင်ထွက်နိုင်တဲ့ တံဆိပ်ပြားအချို့ကို စီရင်ထားလေ့ ရှိကြတယ်.. ငါခန့်မှန်းတာမမှားရင် မင်းထက် အရင် ဒီနေရာကို ဝင်လာခဲ့တဲ့သူက စကြာဝဠာသတ်ဖြတ်ခြင်း အစီအရင်ရဲ့ အစီအရင် တံဆိပ်ပြားကို မမျှော်လင့်ဘဲ ရရှိထားတာ ဖြစ်ရမယ်"

သွေးမြစ်က ကျန်းချန်၏ စိတ်ထဲကနေ ရှင်းပြလိုက်သည်။

"အစီအရင် တံဆိပ်တော်ကြောင့်ကိုး.."

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး သွေးမြစ်၏ အမြင်ကို သဘောတူလိုက်သည်။

ရိုးသားစွာပြောရလျှင် ကျန်းချန်သည် သူတော်စင်မြို့တော် ငါးမြို့တွင် စကြာဝဠာသတ်ဖြတ်ခြင်း အစီအရင်ကို သူ၏ အဆတစ်ရာစနစ်ထက် လျင်မြန်စွာ ဖျက်ဆီးနိုင်သော အစီအရင် ပါရမီရှင်များ ရှိနေလိမ့်မည်ဟု လုံးဝ မယုံကြည်ခဲ့ပေ။

ကျန်းချန်နှင့်သွေးမြစ်တို့ စကားပြောဆိုနေချိန်မှာပင် ရှေးဟောင်း ဆေးဥယျာဥ်၏ နက်ရှိုင်းသောနေရာကနေ ထူးဆန်းသော စွမ်းအင်လှိုင်း တစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ကြည့်ရတာ ရှေးဟောင်း ဆေးဥယျာဥ်ထဲက တားမြစ်နေရာကို တစ်ယောက်ယောက်က ဖြိုဖျက်နေတာပဲ ဖြစ်ရမယ်.. ငါ့ထက်အရင် ဘယ်သူက ရှေးဟောင်း ဆေးဥယျာဥ်ထဲ ဝင်သွားလည်း ဆိုတာကို ငါသွားကြည့်ရမယ်"

ကျန်းချန်၏ မျက်လုံးက အနည်းငယ် စုစည်းသွားခဲ့သည်။

ထို့နောက်တွင် သူက ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားကာ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည့် နေရာသို့ တိုက်ရိုက် သွားရောက်ခဲ့သည်။

ကျန်းချန် ထိုနေရာသို့ ဝင်ရောက်လာသည်နှင့် အမျှ ဆွဲဆောင်မှုရှိသော ပြင်းထန်သော ရနံ့တစ်ခုသည် ကျန်းချန်၏ နှာခေါင်းထဲသို့ ဝင်ရောက်လာခဲ့သည်။

"ဒင်.. ရွှယ်လင်သိဒ္ဓိစမ်းရေရဲ့ ဝိညာဥ်စွမ်းအင်ကို ရှူရှိုက်လိုက်ပြီး သင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က အတွေ့အကြုံရမှတ်၁၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. ရွှယ်လင်သိဒ္ဓိစမ်းရေရဲ့ အရှိန်အဝါကို ရှူရှိုက်လိုက်ပြီး သင့်ရဲ့ ဝိညာဥ်က အတွေ့အကြုံရမှတ်၂၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"

သူ၏စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသော အချက်ပေးသံများကြောင့် ကျန်းချန်သည် အသက်ရှူမှားမတတ် ဖြစ်သွားခဲ့သည်။

"လတ်စသတ်တော့ ဒါက ရွှ​ယ်လင်သိဒ္ဓိစမ်းရေကနေ ထွက်ပေါ်လာတဲ့ အရှိန်အဝါ ဖြစ်နေတာကိုး.."

ရွှယ်လင်သိဒ္ဓိစမ်းရေသည် အင်ပါယာ အမွေအနှစ်နယ်မြေ၏ မြင့်မြတ်သော ရတနာတစ်ပါး ဖြစ်သည်။

သူက ရွှယ်လင်သိဒ္ဓိစမ်းရေကနေ စိမ့်ထွက်လာသည့် ဝိညာဥ်စွမ်းအင်ကို တစ်ချက်မျှ ရှူရှိုက်လာသည်နှင့် သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် ဝိညာဥ်သည် အမှန်တကယ် တိုးတက်လာခဲ့သည်။

"ရွှယ်လင်သိဒ္ဓိစမ်းရေက အင်ပါယာ အမွေအနှစ်နယ်မြေရဲ့ အမြင့်မြတ်ဆုံးရတနာ ဖြစ်တဲ့အတွက် အတားအဆီးတွေနဲ့အသေအချာ ကာကွယ်စောင့်ရှောက်ထားမှာပဲ.. ဝိညာဥ်စွမ်းအင်တွေ စိမ့်ထွက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး.. ကြည့်ရတာ ငါ့ထက် ခြေတစ်လှမ်းစောပြီး ဒီကိုရောက်လာတဲ့သူက ရွှယ်လင်သိဒ္ဓိစမ်းရေရဲ့ အတားအဆီးကို ဖြိုဖျက်နေတာဖြစ်ရမယ်"

ကျန်းချန်၏ မျက်လုံးများက လင်းလက်သွားခဲ့ပြီး ပြတ်သားသော အမူအရာများသည် ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့သည်။

အခန်း(၁၀၂၆)ပြီး၏။

All Chapters