← Chapters

အခန်း (၈၁၄-၈၁၆)

Vol. 55 Ch. 814-816

အခန်း (၈၁၄-၈၁၆)

Vol. 55 Ch. 814-816

"ကျန်းချန်..အရမ်းကြီး အပျော်လွန်မနေနဲ့ဦး..မင်းရဲ့လျှပ်စီးဆန္ဒ တတိယအဆင့်က ဘယ်လောက်ပဲ အင်အားကြီးမားနေပါစေ ဒီနေ့ ငါမင်းကို သေချာပေါက် အနိုင်ယူပြမယ်"

ကျန်းချန်၏ ခနဲ့တဲ့တဲ့ စကားများကိုကြားရလျှင် ရှတုန်လဲ့၏ မျက်နှာထက်တွင် ဒေါသအရိပ်အယောင်နှင့် မကျေနပ်သည့်အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ရှတုန်လဲ့က လျှို့ဝှက်နည်းစနစ်ကို ထုတ်သုံးပြီး အစွမ်းကုန်တိုက်ခိုက်တော့မည့် အချိန်တွင် ရုတ်တရက် ရယ်သံတစ်သံသည် ရွှယ်ယန်တောင်၏ တောင်ထိပ်တွင် ပဲ့တင်ထပ်သွား

ခဲ့၏။

"ဟားဟား.. ဒီနေ့ရွှယ်ယန်တောင်မှာ ဒီလောက်ထိဘစည်ကားလိမ့်မယ်လို့ ငါမထင်ထားမိဘူး.. ဒါ့အပြင် ဒီလို ပါရမီရှင်မျိုးရှိနေတာ တကယ်ကို အံ့ဩစရာပဲ.."

ရုတ်တရက် ထူးဆန်းသော စကားသံကြောင့် ပတ်ဝန်းကျင်ရှိလူတိုင်းသည် ခဏမျှ မှင်တက်သွားခဲ့သည်။

ထိုခဏတွင် အကြီးအကဲထျန်းရွှယ်၏ အိုမင်းသော မျက်လုံးများသည် တောက်ပသွားခဲ့သည်။

သူက ချက်ချင်းဆိုသလို လေထုထဲရှိ နေရာတစ်ခုကို လှမ်းကြည့်ကာ အေးစက်စက် ရေရွတ်လိုက်၏။

"ယွင်ဖိုရှန်..မင်းဒီကိုဘရောက်လာပြီဆိုတော့ ဘာလို့ တိတ်တဆိတ် အမှောင်ထဲမှာ ပုန်းနေမှာလဲ..ထွက်လာခဲ့ပါ.."

"အံ့ဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ အကြီးအကဲ ယွင်ဖိုရှန်က ရွှယ်ယန်တောင်ကို ရောက်လာတယ်လား"

အကြီးအကဲထျန်းရွှယ်၏ စကားကိုကြားလျှင် တောင်ထိပ်ရှိကျင့်ကြံသူ အများအပြားသည် အံ့အားသင့်သွားကြသည်။

ကြယ်သုံးပွင့်အင်အားစု ဖြစ်သည့် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ အကြီးအကဲတစ်ဦး ဖြစ်သူ ယွင်ဖိုရှန်သည် အကြီးအကဲထျန်းရွှယ်နှင့် ယခင်က တစ်ဂိုဏ်းထဲ ဖြစ်သည်။

နောက်ပိုင်းတွင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၌ မတော်တဆဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့၍ အကြီးအကဲထျန်းရွှယ်သည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

အကြီးအကဲထျန်းရွှယ်နှင့် ယွင်ဖိုရှန်တို့သည် အမြဲတစေ တစ်ယောက်နှင့်တစ်ယောက် မတည့်ဟုလည်း ကောလဟာလ ထွက်ပေါ်နေခဲ့သည်။

သို့ဆိုလျှင် ယွင်ဖိုရှန်သည် ရွှယ်ယန်တောင်ကို အဘယ်ကြောင့်ရုတ်တရက် ရောက်လာရပါသနည်း။

လူတိုင်း အံ့အားသင့်နေသော အချိန်မှာပင် အာကာပြင်ကို ခွဲထွက်သည့် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် ထိုအာကာပြင် အက်ကွဲကြောင်းကနေ ငွေရောင်တိမ်တိုက်ပုံစံ ဝတ်စုံကို ဝတ်ဆင်ထားသည့် ထူးဆန်းသော အဘိုးအိုတစ်ဦးသည် ဖြည်းညင်းစွာ လျှောက်ထွက်လာခဲ့၏။

"ထျန်းရွှယ်.. ဒီနေ့က မင်းရဲ့နှစ်တစ်ရာပြည့် မွေးနေ့ပဲ..ငါက အံ့ဖွယ်တိမ်တိုက်ဂိုဏ်း ကိုယ်စား မင်းကို မွေးနေ့ဆုတောင်းပေးဖို့ အထူးတလည် ရောက်လာခဲ့တာပဲ.. မင်းက မင်းရဲ့မိတ်ဆွေဟောင်းကို မကြိူဆိုတော့ဘူးလား"

‌ငွေရောင်ဝတ်စုံဝတ် အဘိုးအိုသည် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ၏ပုံရိပ်က အကြီးအကဲထျန်းရွှယ်၏ ရှေ့သို့ ရောက်နှင့်သွားခဲ့သည်။

ထို့နောက်တွင် ခနဲ့တဲ့တဲ့ ရေရွတ်လိုက်သော အသံတစ်သံသည် ထပ်မံ ပဲ့တင်ထပ်သွားခဲ့၏။

"ယွင်ဖိုရှန်..မင်းငါ့ကို မွေးနေ့ဆုတောင်းပေးဖို့ ရွှယ်ယန်တောင်ဆီ လာတာဆိုရင် ငါကြိုဆိုပါတယ်..ဒါပေမဲ့ မင်းကိုငါ တစ်ခါတည်း ပြောထားမယ်..တခြားရည်ရွယ်ချက်နဲ့ ရွှယ်ယန်တောင်ကို လာတာ ဆိုရင်တော့ ငါ့ကို ယဥ်‌ကျေးမှုမရှိဘူးဆိုပြီး အပြစ်မတင်နဲ့"

အကြီးအကဲထျန်းရွှယ်က အေးစက်စက်ရေ ရွတ်လိုက်သည်။

အံ့ဖွယ်တိမ်တိုက်ဂိုဏ်းကနေ ထွက်ပြီးကတည်းကပင် အကြီးအကဲ ထျန်းရွှယ်သည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းနှင့် အဆက်အသွယ် ပြတ်လုနီးပါး ဖြစ်နေခဲ့သည်။

နှစ်ပေါင်းများစွာ ကြာသည်အထိ ယွင်ဖိုရှန်သည် ရွှယ်ယန်တောင်ကို မလာ‌ရောက်ခဲ့ဖူးပေ။

ယခုတစ်ကြိမ်တွင် ရွှယ်ယန်တောင်၌ ဝိညာဥ်အလှည့်အပြောင်း မဟာအစီအရင်ကို အသက်သုံးရှိုက်စာ အချိန်အတွင်း လှုံ့ဆော်နိုင်ပြီး ၉၉မှတ်ရရှိသော အလွန်ပါရမီရှိသောသူ တစ်ဦး ပေါ်ပေါက်လာသောအခါမှ ယွင်ဖိုရှန်က ထွက်ပေါ်လာခဲ့သည်။

ယွင်ဖိုရှန်၏ ရွှယ်ယန်တောင်ကို လာရသည့် ရည်ရွယ်ချက်မှာ ရွှယ်ယန်တောင်တွင် ပေါ်ထွက်လာနိုင်သည့် ပြိုင်ဘက်ကင်းပါရမီရှင်များကို ရွေးချယ်ရန်အတွက် ဆိုသည်မှာ သံသယဖြစ်စရာပင် မရှိပေ။

"ထျန်းရွှယ်.. ဒီနေ့က မင်းရဲ့ နှစ်တစ်ရာပြည့်မွေးနေ့ပဲ..ငါက မင်းရဲ့မိတ်ဆွေဟောင်းအနေနဲ့ လာလည်တာလေ..ဒီလောက်ထိ ပြောဖို့လိုလို့လား.."

ယွင်ဖိုရှန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး အကြီးအကဲထျန်းရွှယ်၏ နံဘေးမှလွတ်နေသော နေရာတစ်ခုတွင် ဝင်ထိုင်လိုက်သည်။

အကြီးအကဲထျန်းရွှယ်က အေးစက်စက် ရေရွတ်လိုက်၏။

"မင်းငါ့ဆီလာလည်ပြီး အေးအေးဆေးဆေးနေမယ်လို့ ငါမျှော်လင့်ပါတယ်"

"ဟိုက ကောင်လေးနှစ်ယောက်.. ပြိုင်မယ်ဆိုလည်း ဆက်ပြီးပြိုင်ကြ..ရွှယ်ယန်တောင်ကို‌ ရောက်လာတဲ့ ပါရမီရှင်တွေရဲ့ အစွမ်းအစကို ငါကြည့်ချင်တယ်"

ယွင်ဖိုရှန်က အကြီးအကဲထျန်းရွှယ်၏ ခြိမ်းခြောက်မှုကို လျစ်လျူရှုလိုက်ပြီး ကျန်းချန်တို့ နှစ်ယောက်ကို ပြုံး၍ လှမ်းကြည့်ကာ ပြောလိုက်သည်။

အထူးသဖြင့် သူ၏အကြည့်က ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည့် အခါတွင် သူ၏အိုမင်းသောမျက်ဝန်းထဲ၌ သဘောကျသည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့၏။

ဤကောင်လေးသာ အင်ပါယာအဆင့်ပါရမီရှင်တွေလောက် အမှန်တကယ် ပါရမီရှိခဲ့လျှင် သူက ဤကောင်လေးကို အံ့ဖွယ်တိမ်တိုက်ဂိုဏ်းသို့ အရောက်ခေါ်သွားမည်ဟု စိတ်ထဲကနေ ဆုံးဖြတ်ချက် ချထားလိုက်၏။

အခန်း(၈၁၄)ပြီး၏။

အခန်း(၈၁၅)

ယွင်ဖိုရှန်၏ စကားသံကိုကြားလျှင် ရှတုံလဲ့သည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

အကြီးအကဲထျန်းရွှ​ယ် ဖြစ်စေ၊ ယွင်ဖိုရှန်ဖြစ်စေ ဤနှစ်ယောက်စလုံးသည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

အံ့ဖွယ်တိမ်တိုက်ဂိုဏ်းတွင် ဤနှစ်ယောက်စလုံးသည် ထိပ်ဆုံး၌ ရပ်တည်နေကြသူများ ဖြစ်သည်။

ယနေ့တိုက်ပွဲတွင် သူက ကျန်းချန်ကို အနိုင်ယူပြီး အစွမ်းအစကိုအပြည့်အဝ ပြသမည်ဟု ဆုံးဖြတ်လိုက်သည်။

သို့မှသာ အကြီးအကဲနှစ်ယောက်ထဲမှ တစ်ယောက်ယောက်က သူ့ကို မျက်စိကျနိုင်မည် မဟုတ်ပါလော။

၎င်းထဲမှတစ်ယောက်ကို ဆရာအဖြစ် တင်မြှောက်နိုင်သ၍ သူ၏ကျင့်ကြံခြင်းလမ်းစဥ်သည် များစွာပို၍ ချောမွေ့သွားလိမ့်မည် ဖြစ်သည်။

"ကျန်းချန်.. မင်းက လျှပ်စီးဆန္ဒတတိယအဆင့်ကို နားလည်ထားတဲ့ အတွက် မင်းရဲ့တိုက်ပွဲဝင်စွမ်းရည်က သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူထက် မနိမ့်ဘူး.. ဒါပေမဲ့ ငါရှတုံလဲ့ရဲ့ တိုက်ပွဲဝင်စွမ်းရည်ကလည်း သာမန်သိုင်းသခင်နယ်ပယ် ကျင့်ကြံသူတွေ ယှဥ်လို့မရတဲ့ အဆင့်ပဲ..ဒါကြောင့် ဒီနေ့တိုက်ပွဲမှာ အရှုံးသမားက မင်းပဲ သေချာပေါက် ဖြစ်လိမ့်မယ်.."

ရှတုံလဲ့က ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

ထို့နောက် ရုတ်တရက် သူ၏ ရင်ဘတ်နားတွင် လက်ဟန်များကို ပြုလုပ်လိုက်ပြီး ပြင်းထန်စွာ ကြုံးဝါးလိုက်သည်။

"လျှပ်စီးလျှို့ဝှက်နည်းစနစ်.."

ရှတုံလဲ့၏ အေးစက်စက် ရေရွတ်သံ ပဲ့တင်ထပ်လာသည်နှင့်တစ်ပြိုင်နက် သူ၏ဦးခေါင်းအထက်ရှိ မီတာတစ်ရာ အတွင်းမှ လေထုထဲတွင် ရုတ်တရက် လှုပ်ရှားသွားသည်ကို အားလုံးက တွေ့လိုက်ရသည်။

ထိုလေထုထဲကနေ ငွေရောင်လျှပ်စီး အနည်းငယ်သည် ငွေရောင်မြွေငယ်လေးများကဲ့သို့ ကျဆင်းလာခဲ့ပြီး အဆုံးသတ်တွင် ရှတုန်လဲ့၏ ခန္ဓာကိုယ်ထဲကို တိုက်ရိုက် ထိုးဖောက်၍ ဝင်သွားခဲ့သည်။

ထိုငွေရောင်လျှပ်စီးများ ရှတုန်လဲ့၏ ခန္ဓာကိုယ်ထဲကို ထိုးဖောက် ဝင်ရောက်သွားသည့်အချိန်မှာပင် ရှတုန်လဲ့၏ ခန္ဓာကိုယ်မှ အရှိန်အဝါသည် အလွန် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဟုန်ဖြင့် တဟုန်ထိုး တိုးတက်သွားခဲ့သည်။

"ဒါက ရှမိသားစုရဲ့ ကောင်းကင်ကျင့်စဥ် လျှပ်စီးနည်းစနစ်ပဲ.. ရှတုံလဲ့ရဲ့ သိုင်းသခင်နယ်ပယ် တစ်ပိုင်းအဆင့် အင်အားနဲ့ ဒီကောင်းကင် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုမယ်ဆိုရင် သာမန်သိုင်းသခင် နယ်ပယ် ပထမအဆင့် အထွတ်အထိပ်ကျင့်ကြံသူတောင် သူ့ကို ယှဥ်နိုင်မှာမဟုတ်ဘူး"

"ဒီပုံစံအတိုင်းဆို ကျန်းချန်လို့ခေါ်တဲ့ ကောင်လေးအတွက် မလွယ်လောက်ဘူး.."

"........"

သူတို့ရှေ့မှမြင်ကွင်းကိုမြင်လျှင် ကျင့်ကြံသူ အများအပြားသည် ခေါင်းကို တိတ်တဆိတ် ခါရမ်းလိုက်ကြသည်။

ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ် တတိယအဆင့်ကိုနားလည်သည့် စွမ်းအင်သိပ်သည်းခြင်းပါရမီရှင်သည် သိုင်းသခင်နယ်ပယ် ပထမအဆင့်ကျင့်ကြံသူကို သတ်ဖြတ်နိုင်သည့် စွမ်းရည်ရှိသော်လည်း သူ၏ ပြိုင်ဘက်ရှတုံလဲ့သည် သိုင်းသခင် နယ်ပယ်တစ်ပိုင်းအဆင့် ပါရမီရှင်တစ်ဦး ဖြစ်ပြီး ကြယ်နှစ်ပွင့် အင်အားစု၏ ဘုရင်အဆင့်တပည့်များနှင့် ယှဥ်နိုင်လောက်သော ပါရမီရှိသူ ဖြစ်သည်။

ထို့ကြောင့် အားလုံးက လျှပ်စီးဆန္ဒ တတိယအဆင့်ကို နားလည်ထားသည့် ကျန်းချန်သည် လျှို့ဝှက်နည်းစနစ်ကိုထုတ်ဖော်ထားသည် ရှတုံလဲ့ကို ယှဥ်ပြိုင်ရန် ခက်ခဲမည်ဟု သုံးသပ်ခဲ့ကြသည်။

"ကျန်းချန်.. ငါ့ကိုကောင်းကင်အဆင့် လျှပ်စီးလျှို့ဝှက်နည်းစနစ်ကို အသုံးပြုဖို့ ဖိအားပေးနိုင်တာ မင်းအတွက် ဂုဏ်ယူစရာပဲ ဒီတစ်ခေါက် မင်းရဲ့လျှပ်စီးဆန္ဒ တတိယအဆင့် ခွန်အားက ငါ့ရဲ့လက်သီးကို တားဆီးနိုင်မလား ဆိုတာ ငါကြည့်ချင်သေးတယ်.."

ရှတုံလဲ့၏ အေးစက်စက် ရေရွတ်သံ ဆုံးသည်နှင့် ယခင်ကထက် အဆပေါင်းများစွာအင်အားကြီးသည့် လျှပ်စီးနဂါးလက်သီးသည် ကျန်းချန်ဆီသို့ တဖန်ပေါက်ကွဲ၍ ထွက်လာခဲ့သည်။

"မင်းရဲ့လက်သီးအင်အားက မဆိုးပါဘူး အစောပိုင်းက လက်သီးထက်တော့ အများကြီး ပိုအားကောင်းတယ်.. ဒါကြောင့် မင်းကို ငါ့ရဲ့ဒုတိယမြောက် ကိုယ်ခံပညာရဲ့ စစ်မှန်သော အဓိပ္ပါယ်ကို မြင်တွေ့ခွင့်ပေးမယ်"

ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး ရှတုံလဲ့၏ လျှပ်စီးနဂါးလက်သီးကို တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့သည်။

နောက်ထပ် တစ်ခဏတွင် ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါတစ်ခုသည် ရွှယ်ယန်တောင်ထိပ်ကနေ ရုတ်တရက်ပဲ့တင်ထပ်လာခဲ့ပြီး မရေမတွက်နိုင်သော လူများ၏ နှလုံးခုန်သံများကို မြန်လာစေခဲ့သည်။

ထိုဓားအရှိန်အဝါ၏ ဖိအားက ကျန်းချန်ကို ဗဟိုပြုကာ လေထုထဲသို့ အလျင်အမြန် ရောက်ရှိသွားခဲ့သည်။

"တတိယအဆင့် ဓားစိတ်ဆန္ဒ.. ဖျက်ဆီးစမ်း"

ကျန်းချန်က ရှတုံလဲ့၏ တုန်လှုပ်ခြောက်ခြားဖွယ်လက်သီးချက်ကို မထီမဲ့မြင် လှမ်းကြည့်လိုက်သည်။

ချက်ချင်းဆိုသလိုပင် မမြင်နိုင်သော ဓားအလင်းတစ်ခုသည် ရှတုံလဲ့၏ လျှပ်စီးနဂါးလက်သီးဆီသို့ ဝင်ရောက်သွားခဲ့သည်။

မမြင်နိုင်သောဓားအလင်းက ရှတုံလဲ့၏ လျှပ်စီးနဂါးလက်သီးကို ထိပ်တိုက်ဆုံမိသည်နှင့် ရှတုံလဲ့၏ လျှပ်စီးနဂါးလက်သီးကို တိုက်ရိုက်ပင် နှစ်ပိုင်းခွဲပစ်လိုက်သည်။

ဓားအလင်းသည် လျှပ်စီးနဂါးလက်သီးကို ‌ကျော်ဖြတ်ပြီးချိန်တွင် ဓားအလင်း၏ လက်ကျန်အင်အားသည် ရှတုံလဲ့ဆီသို့ စီးဝင်သွားခဲ့သည်။

ထို့နောက်တွင် ရှတုံလဲ့သည် နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူ၏ တစ်ကိုယ်လုံးက ကြိုးပျက်သွားသော စွန်တစ်ကောင်နှယ် အတော်ဝေးဝေးသို့ လွင့်စင်သွားခဲ့သည်။

အခန်း(၈၁၅)ပြီး၏။

အခန်း(၈၁၆)

"ဒါက ဓားဆန္ဒ တတိယအဆင့်ရဲ့ အလယ်အလတ်နယ်ပယ်ကိုတောင် ရောက်နေပြီ.. စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်နဲ့ ကိုယ်ခံပညာရဲ့စစ်မှန်သော အဓိပ္ပါယ် နှစ်မျိုးကို တတိယအဆင့်ထိ အမှန်တကယ် နားလည်ထားတာလား.. ဒါ.. ဒါမယုံနိုင်စရာပဲ.."

"..........."

သူတို့ရှေ့မှ မြင်ကွင်းကိုကြည့်ရင်း ကျန်းချန်၏ အကြောင်းကို ယခင်ကတည်းက သိထားသည့် လုံထျန်းဝူမှ လွဲလျှင် လူတိုင်း၏ မျက်လုံးထဲ၌ ကြောက်ရွံ့သော အရိပ်အယောင်များ မကြုံစဖူး ပေါ်‌ပေါက်လာခဲ့သည်။

ကျန်းချန်က လျှပ်စီးဆန္ဒ တတိယအဆင့်ကို ထုတ်ဖော်ပြသပြီးနောက် ဓားစိတ်ဆန္ဒ၏ တတိယအဆင့်ကိုပါ ပြသလိမ့်မည်ဟု သူတို့က လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ထို့အပြင် ကျန်းချန် ယခုပြသခဲ့သည် ဓားစိတ်ဆန္ဒ တတိယအဆင့်သည် သူယခင် အသုံးပြုခဲ့သည့် လျှပ်စီးဆန္ဒ တတိယအဆင့်၏ အင်အားထက်ပင် ပို၍ အားကောင်းနေသေးသည်။

အသက်နှစ်ဆယ်ပင် မပြည့်သေးသည့် ကောင်လေးသည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်ရုံတင်မကပဲ တတိယအဆင့်ထိ နားလည်နေသည်မှာ တကယ်ကိုပင် အံ့ဩဖွယ် ကောင်းလှ၏။

ဤအချိန်တွင် သူတို့အားလုံးသည် အဘယ်ကြောင့် ကျန်းချန်က ရွှယ်ယန်တောင်၏ အစီအရင်တွင် ၉၉မှတ် ရခဲ့သလဲ ဆိုသည်ကို အဆုံးသတ်၌ နားလည်သွားခဲ့သည်။

ဤကလေး၏ သိုင်းပါရမီသည် ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် အဆင့်ကို အမှန်တကယ်ပင် ‌ရောက်ရှိနေပြီ မဟုတ်ပါလား။

"ဒီကောင်လေးရဲ့ ပါရမီက တကယ်ကို အံ့သြစရာပဲ"

ယွင်ဖိုရှန်က ကျန်းချန်ကို စူးစိုက်၍ အကဲခတ်ကြည့်နေခဲ့သည်။

သူ၏ အိုမင်းသောမျက်ဝန်းထဲတွင် အလွန်တောက်ပသည့် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။

ယနေ့ ရွှယ်ယန်တောင်ကို ခရီးထွက်လာခြင်းသည် သူ့အတွက် အချည်းနှီး မဖြစ်ခဲ့ပေ။

သူ၏ အတွေ့အကြုံအရ သူ့ရှေ့မှ ကောင်လေး၏ ပါရမီသည် တကယ်ကို နတ်ဆိုးဆန်လွန်းလှ၏။

ကောင်လေးက အသက်၁၈နှစ်၊ ၁၉နှစ်အရွယ်တွင် စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် ကျင့်ကြံခြင်းဖြင့် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်နှစ်မျိုးကို တတိယအဆင့်ထိ နားလည်ထားခဲ့သည်။

ဤကဲ့သို့ ပါရမီရှင်သည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ အင်ပါယာပါရမီရှင်ကိုပင် လုံးဝ ကျော်လွန်သွားပြီ ဖြစ်၏။

ဤကောင်လေးကို အံ့ဖွယ်တိမ်တိုက်ဂိုဏ်းသို့ ခေါ်သွားနိုင်ခဲ့လျှင် အနည်းငယ် လေ့ကျင့်ပေးလိုက်ရုံဖြင့် ကျုံးကျိုးကုန်းမြေ၏ ထိပ်တန်းပါရမီရှင် စာရင်း၌ ဝင်ရောက်နိုင်မည်မှာ သေချာသလောက်ပင်။

ယခုအချိန်တွင် ယွင်ဖိုရှန်သည် သူ့စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုကို လျှို့ဝှက်စွာ ချမှတ်လိုက်သည်။

ယင်းမှာ သူ့အနေဖြင့် မည်သည့် နည်းလမ်းကို အသုံးပြုရပါစေ၊ သူ့ရှေ့မှကောင်လေးကို အံ့ဖွယ်တိမ်တိုက်ဂိုဏ်းဆီ အရခေါ်ဆောင်သွားမည် ဟူ၍ပင်။

"ကိုယ်ခံပညာရဲ့ စစ်မှန်သော အဓိပ္ပါယ်နှစ်မျိုးကို တတိယအဆင့်ထိ နားလည်ထားတာလား.. ဒါ.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ.."

ရှချန်ယွင်က သူ့ရှေ့မှ အခြေအနေကို လှမ်းကြည့်ကာ ရေရွတ်လိုက်သည်။

သူ၏အမူအရာက ချက်ချင်းပင် အကြည့်ရဆိုးလာခဲ့၏။

ရှတုံလဲ့သာ သူတို့ ရှမိသားစု၏ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုမည် ဆိုလျှင် ကျန်းချန်ကို အနိုင်ယူရန် မခက်ခဲဟု သူယခင်က ထင်ထားခဲ့သည်။

သို့သော်လည်း ယင်းမှာ စိတ်ကူးသာဖြစ်ပြီး လက်တွေ့အမှန်တရားကမူ လက်ခံရန် ခက်ခဲနေခဲ့သည်။

ကျန်းချန်က ရှတုံလဲ့ကို အနိုင်ယူခဲ့ရုံသာမက လျှပ်စီးဆန္ဒ၏ တတိယအဆင့်ခွန်အားထက် ပိုမို အားကောင်းသည့် ဓားစိတ်ဆန္ဒတတိယအဆင့် ခွန်အားကို ပြသကာ တစ်ကွက်တည်းဖြင့် ရှတုံလဲ့ကို ပြတ်ပြတ်သားသား အနိုင်ယူပြခဲ့သည်။

ဤကဲ့သို့ ကြောက်မက်ဖွယ် ပါရမီရှင်သည် မည်သည့်ကြယ်သုံးပွင့် အင်အားစု သို့မဟုတ် ကြယ်‌လေးပွင့် အင်အားစုနယ်မြေမှာပင် လူအများစု၏ အာရုံစိုက်ခြင်းကို ခံရမည့် ကြီးမြတ်သော ပါရမီရှင် ဖြစ်သည်။

ဤကဲ့သို့သော ပါရမီရှင်က ရွှယ်ယန်တောင်တွင် အဘယ်ကြောင့် ပေါ်ထွက်လာရသလဲ ဆိုသည်ကို ရှချန်ယွင် အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။

"ဟားဟား.. မင်းကိုယ်မင်း ရွှယ်ယန်တောင်ရဲ့ နံပါတ်တစ် ပါရမီရှင်လို့ ပြောခဲ့တယ် မဟုတ်လား.. မင်းက အရမ်းအားနည်းလွန်းတာပဲ.. ဘယ်လိုလဲ.. ငါ့ရဲ့တတိယမြောက် ကိုယ်ခံပညာရဲ့ စစ်မှန်သောအဓိပ္ပါယ်ကို မြင်ချင်သေးလား"

လူတိုင်း အံ့သြမှင်တက်နေသော အချိန်မှာပင် ကျန်းချန်၏ ခနဲ့တဲ့တဲ့ စကားသံသည် အားလုံး၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

"ဘာ.. ဘယ်လို.."

ကျန်းချန်၏ စကားကိုကြားလျှင် လူတိုင်းသည် သူတို့နားကိုပင် မယုံနိုင်ခဲ့ပေ။

"ဒီကောင်လေးက တကယ်ပဲ ကိုယ်ခံပညာရဲ့ စစ်မှန်သောအဓိပ္ပါယ် သုံးမျိုးကို နားလည်ထားတာလား..တကယ်သာ ဒီလိုဆိုရင်တော့ ဒီကောင်လေးက အင်ပါယာအဆင့် ပါရမီရှင်နဲ့ နှိုင်းယှဥ်ဖို့လုံလောက်နေပြီ.."

ဤအချိန်တွင် ရှတုံလဲ့သည် အလွန်ပင် ရှက်ရွံ့ပြီး ဒေါသထွက်နေခဲ့သည်။

သူ၏ မျက်ဝန်းထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အရိပ်အယောင် တစ်ခုသည် ရုတ်တရက် ပေါ်လာခဲ့၏။

"ကျန်းချန်.. မင်းက ကိုယ်ခံပညာရဲ့စစ်မှန်သော အဓိပ္ပါယ် ဘယ်နှစ်မျိုးကို နားလည်ထားသည် ဖြစ်စေ.. ငါ ဒီနေ့ မင်းကို သေအောင် သတ်ပြမယ်.."

ရှတုံလဲ့က စိတ်ထဲကနေ ကြုံးဝါးလိုက်ပြီး လျှပ်စီးကဲ့သို့ အလင်းများကို ထုတ်လွှတ်နေသည့် ကျောက်စိမ်း တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ ချက်ချင်းဆိုသလို ချိုးဖျက်လိုက်သည်။

ထိုခဏမှာပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် ဧရာမငွေရောင် လျှပ်စီးလက်ဝါး တစ်ခုသည် ရှတုံလဲ့၏ အရှေ့တွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့၏။

အခန်း(၈၁၆)ပြီး၏။

All Chapters