← Chapters

ပင်လယ်ပြင်နှင့် ပတ်သက်သော သီအိုရီတစ်ခု

Vol. 50 Ch. 745

ပင်လယ်ပြင်နှင့် ပတ်သက်သော သီအိုရီတစ်ခု

Vol. 50 Ch. 745

ချန်ချီသည် စစ်သည်တော်ဌာနကို ချက်ချင်း ဆက်သွယ်ခဲ့သည်။ ကိုရီးယားနိုင်ငံက အကွက်ရွှေ့နေပြီးနေလေပြီ။ ထိုပင်လယ်ပြင်တွင် အဖွဲ့အစည်းများ မကြာခဏ ပေါ်လာနေပြီး ဆရာသခင်များပင် ပါဝင်နေသည်။ သူတို့သည် ငရဲတံခါးကို ဝန်းရံကာ ခံတပ်တစ်ခု တည်ဆောက်ရန် စတင်ကြိုးစားနေကြသည်။

ထိုသို့သော လုပ်ဆောင်နိုင်စွမ်းသည် ရဲလင်းချန်၏ လက်လှမ်းမမီသော အခြေအနေပင်ဖြစ်သည်။

ပင်လယ်သည် ကုန်းမြေနှင့် ကွဲပြားသောကြောင့် ကာကွယ်ရေး တပ်ဖြန့်ချထားရန် ခက်ခဲမှုသည် လုံးဝ ကွဲပြားသော အဆင့်တွင် ရှိသည်။ ရင်းနှီးမြှုပ်နှံမှုသည်လည်း အဆပေါင်းများစွာ ပိုမိုမြင့်မားသည်။ အဘယ်ကြောင့်ဆိုသော် လူသားများသည် ကုန်းနေ သတ္တဝါများဖြစ်သောကြောင့် ပင်လယ်ပြင်တွင် အဆောက်အအုံ ဆောက်လုပ်ရန် လုံးဝ လက်တွေ့မကျပေ။

ချန်ချီ၏ မူလစကားအရ

“ဟဲဟဲ၊ ကိုရီးယားနိုင်ငံက လူတွေက အရမ်း အလွန်းတယ်၊ သူတို့ ဘယ်လိုလုပ်ပြီး ပင်လယ်ထဲမှာ ကာကွယ်ရေး စနစ် တည်ဆောက်နိုင်မှာလဲ၊ ဒါက ပင်လယ်ထဲမှာ ပေါ်လာတဲ့ ပထမဆုံး ငရဲတံခါးပဲ”

ရဲလင်းချန်၏ အဆိုပြုချက်နှင့် ပတ်သက်၍ ချန်ချီသည် တိကျသော အဖြေကို မပေးဘဲ အတတ်နိုင်ဆုံး ကြိုးစားပေးမည်ဟုသာ ပြောကြားခဲ့ပြီး လိုအပ်သော ကိစ္စရပ်များကို စီစဉ်ရန် ချက်ချင်း ပြန်သွားခဲ့သည်။

အဖြေက ဘယ်လိုပဲ ဖြစ်နေပါစေ၊ ရဲလင်းချန်သည် ဆန်းကြယ်ကျွန်းကို ဘယ်သောအခါမှ စွန့်လွှတ်မည် မဟုတ်ပါ။ ၎င်းသည် ငွေကြေးကိစ္စ မဟုတ်တော့ပေ။ ချန်ချီ ထွက်ခွာသွားပြီးနောက် သူသည် ဆောက်လုပ်ရေးအဖွဲ့ကို အရှိန်မြှင့်ရန် တိုက်ရိုက် မှာကြားခဲ့သည်။

ရဲလင်းချန်သည် မဖော်ပြနိုင်သော အရိပ်အယောင်များ ပါဝင်နေသည့် မျက်လုံးများဖြင့် အဆုံးအစမဲ့သော ပင်လယ်ပြင်ကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။

ချန်ချီ၊ ရဲလင်းချန်၊ စစ်သည်တော်ဌာနနှင့် ကမ္ဘာတစ်ဝန်းလုံးကပင် သိသိသာသာ ရှောင်ရှားနေသည့် ဖြစ်နိုင်ခြေ တစ်ခု ရှိနေခဲ့သည်။

ယင်းမှာ သမုဒ္ဒရာထဲတွင် အမြဲတမ်း ရှိနေမည့် ငရဲတံခါး တစ်ခု ပေါ်လာနိုင်ခြင်းပင် ဖြစ်သည်။

လက်ရှိ ရှာဖွေတွေ့ရှိချက်များအရ ပင်လယ်ထဲတွင် ငရဲတံခါးများ ပေါ်လာသည့် မှတ်တမ်းများ ရှိခဲ့သည်မှာ သေချာပါသည်။ ဥပမာအားဖြင့် ပင်လယ်သတ္တဝါတစ်ကောင်သည် ပင်လယ်ဘီလူးအဖြစ် ပြောင်းလဲသွားကာ ကြီးမားသော လှုပ်ရှားမှုကို ဖြစ်ပေါ်စေနိုင်သည်၊ သို့သော် ထိုကဲ့သို့သော တံခါးများသည် ယာယီသာ ဖြစ်သည်။ အမြဲတမ်း တံခါးဆိုလျှင်ကော။

ထိုမေးခွန်းကို ဖြေဆိုရန် ကြောက်မက်ဖွယ်ကောင်းလှသည်။

လက်ရှိတွင် ပင်လယ်ပြင်၌ ထိုငရဲတံခါး ပေါ်ထွက်လာခြင်းသည် ထိုပြဿနာအား ထိပ်တန်းပြဿနာရပ်အဖြစ် သေချာပေါက် ဖြစ်လာစေပေလိမ့်မည်။

ကုန်းမြေသည် ကမ္ဘာဂြိုဟ်၏ သေးငယ်သော အစိတ်အပိုင်းမျှသာ ရှိသည်ကို လူတိုင်း သတိထားမိသင့်သည်။ ကမ္ဘာဂြိုဟ်၏ မျက်နှာပြင်အများစုကို ပင်လယ်သမုဒ္ဒရာများက ဖုံးလွှမ်းထားသည်။ ကုန်းမြေ၌ ငရဲတံခါးများစွာ ရှိနေပါက ပင်လယ်သမုဒ္ဒရာထဲ၌ ပေါ်လာနိုင်ချေကလည်း ဖြစ်နိုင်ပေသည်။

သို့သော် ပင်လယ်သမုဒ္ဒရာ၏ နေရာတိုင်းကို စူးစမ်းလေ့လာရန် လူသားများအတွက် မဖြစ်နိုင်ပေ။ ထိုသို့ဆိုလျှင် လူသားများ မသိလိုက်ဘဲ ပင်လယ်ပြင်၌ ငရဲတံခါးတစ်ခု ပေါ်လာနိုင်ချေ ရှိသလား။

ထိုသို့ဖြစ်ခဲ့ပါက ငရဲတံခါးများသည် စောစီးစွာ ပေါ်လာခဲ့နိုင်ချေ ရှိလေသလား။ ပင်လယ် သမုဒ္ဒရာ၏ အစိတ်အပိုင်းအချို့သည် ဟင်းလင်းပြင်နယ်မြေ၏ သိမ်းပိုက်ခြင်း ခံလိုက်ရလေပြီလား။ ၎င်းတို့က ကမ္ဘာဂြိုဟ်ကို ဖျက်ဆီးရန် အမိန့်ကို စောင့်ဆိုင်းနေခြင်း ဖြစ်နိုင်လေသလား။

ထိုသို့တွေးမိရုံနှင့်တင် ကျောချမ်းဖွယ်‌ကောင်းလှပေသည်။

ရဲ့လင်းချန် အနည်းငယ် တုန်လှုပ်စပြုလာသည်။

ဟင်းလင်းပြင်နယ်မြေမှ သတ္တဝါများသည် ရေကိုကြောက်ရွံ့နေရန်သာ သူ ဆုတောင်းမိနေမိသည်။ သို့မှသာ ၎င်းတို့ သမုဒ္ဒရာ၌ ခြေမချမှာ ဖြစ်သည်။

“လိပ်အိုကြီး ကောင်းကောင်း အနားယူပါ၊ ငါ သေချာပေါက် မင်းကို ကုပေးမယ်”

ရဲ့လင်းချန်သည် လိပ်အိုကြီးအား ပွတ်သပ်နေပြီး ၎င်းက ရဲ့လင်းချန်၏ ခန္ဓာကိုယ်ကို ပြန်လည် ပွတ်သပ်ပြီး ရေထဲသို့ ငုပ်လျှိုးဝင်ရောက်သွားလေသည်။

“ရှောင်ချင်၊ ရှောင်ဟွေ၊ ရှောင်ပိုင်၊ မင်းတို့အားလုံး အနာဂတ်မှာ ဆန်းကြယ်ကျွန်းကို ကာကွယ်ရမယ့် ကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်ရမယ်၊ မင်းတို့ရဲ့ လေ့ကျင့်ရေးကို နှစ်ဆ တိုးတယ်၊ ငါ မင်းတို့ကို သင်ပေးထားတယ့် ကိုယ်နေဟန်ထားနဲ့ အသက်ရှူနည်းကို မင်းတို့ လေ့ကျင့်ရမယ်၊ နားလည်လား”

ရဲ့လင်းချန်က လေးနက်စွာ ပြောလိုက်သည်။

ထိုအခါ သူတို့သည် ညည်းညူခြင်းမရှိဘဲ အလေးအနက် ခေါင်းညိတ်လာကြသည်။ လိပ်အိုကြီး၏ ဒဏ်ရာက သူတို့အပေါ် သိသိသာသာ သက်ရောက်မှု ရှိခဲ့လေသည်။

ထို့နောက် ရဲ့လင်းချန်သည် အခန်းထဲပြန်၍ ခုတင်ပေါ်၌ တင်ပုလ္လင်ခွေထိုင်လိုက်သည်။

သူ စနစ်မျက်နှာပြင်ထဲသို့ ဝင်ရောက်လိုက်လေသည်။

အချိန်တိုအတွင်း သူ၏ခွန်အားကို တိုးစေနိုင်မည့် တစ်ခုတည်းသော နည်လးမ်းမှာ ကံစမ်းမဲအပေါ် မှီခိုခြင်း ဖြစ်သည်။ စနစ်သည် သူ၏ အကြီးမားဆုံး အားကိုးရာ ဖြစ်ပြီး ရဲ့လင်းချန် ယုံကြည်မှု၏ အကြောင်းရင်း ဖြစ်သည်။

လက်ရှိတွင် စနစ်ထဲမှ ရေပန်းစားမှုအမှတ်သည် ၂၆ သန်းကျော်နေပြီ ဖြစ်သည်။

ရဲ့လင်းချန်၏ အကြည့်များက ဗဟုသုတများပေါ် ကျရောက်နေပြီး အထူးသဖြင့် အခြေခံ ဗဟုသုတများ ဖြစ်သည်။

စစ်သည်တော်ဌာနမှ ပေးပို့လာသော စာအုပ်များစွာကြောင့် ရဲ့လင်းချန်၏ စွမ်းရည် တော်တော်များများက ၁၀၀ ရာခိုင်နှုန်းသို့ ရောက်သွားပြီ ဖြစ်သည်။ သူ၏ တရုတ် တိုင်းရင်းဆေးပညာ၊ နည်းပညာ၊ ရူပဗေဒ၊ ကိုယ်ယောင်ဖျောက်ခြင်း အစရှိသည်တို့ကလည်း ၁၀၀ ရာခိုင်နှုန်းသို့ ရောက်နေလေပြီ။

ရဲ့လင်းချန်၏ အကြည့်များက တရုတ် တိုင်းရင်းဆေးပညာပေါ်၌ ရပ်တန့်နေသည်။ ထိုစွမ်းရည်သည် ရဲ့လင်းချန်အတွက် အလွန် အဖိုးတန်ပြီး လိပ်အိုကြီးကု ကုသနိုင်မည့် နည်းလမ်းကို ရှာတွေ့နိုင်လောက်သည်။

ထိုစွမ်းရည်ကို အဆင့်မြှင့်ရန် အချိန်တန်လေပြီ။ ဗဟုသုတများ ပိုမိုများပြားလာခြင်းနှင့်အတူ ရှုပ်ထွေးသော အခြေအနေများကို ရင်ဆိုင်ရန် သင့်တော်သော ဆုံးဖြတ်ချက်များ ချမှတ်ရန် သူ့အတွက် ပိုလွယ်ကူလာလောက်သည်။

အဆင့်မြင့်စွမ်းရည်များက ရှစ်ခု ရှိပြီးသား ဖြစ်သည်။ လျင်မြန်စွာ ပြေးခြင်းစွမ်းရည် (အဆင့်မြင့်အဆင့်)၊ သားရဲ ယဉ်ပါးခြင်း (အဆင့်မြင့်အဆင့်)၊ ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ရေး (အဆင့်မြင့်အဆင့်)၊ အရဟာ လက်သီး စွမ်းအင် (အဆင့်မြင့်အဆင့်)၊ အစီအရင် (အဆင့်မြင့်အဆင့်)၊ သစ်သားဝိညာဉ် ခန္ဓာကိုယ် (အဆင့်မြင့်အဆင့်)၊ ရုပ်ပြောင်းရုပ်လွှဲ စွမ်းရည် (အဆင့်မြင့်အဆင့်) နှင့် ကြောင်ဘာသာစကား (အဆင့်မြင့်အဆင့်) တို့ ဖြစ်သည်။

အလယ်အလတ် စွမ်းရည်များမှာမူ ငါးခု ရှိပြီး ၎င်းတို့မှာ ခွေးဘာသာစကား (အလယ်အလတ်အဆင့်)၊ အရှိန်အဝါ ဟောကိန်း (အလယ်အလတ်အဆင့်)၊ နဂါးဖမ်းလက် (အလယ်အလတ်အဆင့်)၊ စားကောင်းသောက်ဖွယ် ချက်ပြုတ်နည်း (အလယ်အလတ်အဆင့်) နှင့် ကျင့်ကြံခြင်း (အလယ်အလတ်အဆင့်)။

၁၀၀ ရာခိုင်နှုန်း ဖြစ်နေသော စွမ်းရည်များမှာမူ နှလုံးဖျက် လက်ဝါးသိုင်း၊ လေခွင်းကန်ချက်၊ ဇီဝဗေဒ၊ ဓာတုဗေဒ၊ လက်ရေးလှပညာ၊ ပန်းချီ၊ ဘောလုံးကစားခြင်း၊ အနောက်တိုင်း ဆေးပညာ၊ ဂျာမန် ဘာသာစကား၊ အီတလီ ဘာသာစကား၊ ရုရှားဘာသာစကား ….

သူ၏ အခြေခံအဆင့်များကို အဆင့်မြှင့်တင့်ခဲ့သည်မှာ အတော်ကြာပြီ ဖြစ်သည်။ ထို့ကြောင့် ကုန်ဆုံးခဲ့သော အချိန်များအတွက် ပြန်ဖြည့်ဆည်းရန် အချိန်တနလေပြီ။ တစ်ကြိမ် မဲလှည့်ရန် တစ်သိန်း ကုန်ကျမည် ဖြစ်ပြီး ရေပန်းစားမှုအမှတ်က ၂၆ သန်းကျော် ရှိသဖြင့် သူသည် အခြေခံစွမ်းရည် နှစ်ရာကျော်ကို အဆင့်မြှင့်နိုင်ပေမည်။ သို့သော် သူ၏ အခြေခံစွမ်းရည်အားလုံးက ထိုမျှ မများသေးပေ။

ထိုသို့ဆိုလျှင် … စတင်ရန် အချိန်ကျလေပြီ။

သူသည် ဘာသာစကားဆိုင်ရာ စွမ်းရည်များကို ကျော်ဖြတ်ပြီး တရုတ် တိုင်းရင်းဆေးပညာကို ပထမဆုံး အကြိမ်မှာပင် ရရှိရန် မျှော်လင့်ခဲ့သည်။

*မြတ်စွာဘုရား စောင်မတော်မူပါ၊ ဘာသာစကား မဖြစ်ပါစေနဲ့*

ရဲလင်းချန်သည် တိတ်တဆိတ် ဆုတောင်းပြီးနောက် တံတွေးမျိုချကာ ကံစမ်းမဲလှည့်ခြင်းကို စတင်လိုက်သည်။

အဝါရောင် အလင်းတန်းသည် အခြေခံစွမ်းရည်များစွာကို လျင်မြန်စွာ ဖြတ်သန်းသွားခဲ့သည်။ အလွန် လျင်မြန် သောကြောင့် ရဲလင်းချန်၏ နှလုံးသားသည်လည်း တဒိတ်ဒိတ်ခုန်လာခဲ့ပြီး စွမ်းရည်များ များလွန်းသောကြောင့် သူ၏ မျက်လုံးများပင် ဝေဝါးလာခဲ့သည်။

*တရုတ် တိုင်းရင်း ဆေးပညာ၊ တရုတ် တိုင်းရင်း ဆေးပညာ ဖြစ်ပါစေ*

ရဲလင်းချန် စိတ်ထဲမှ ကြုံးဝါးနေမိသည်။

နောက်ဆုံးတွင် အလင်းတန်း၏ အရှိန်သည် သိသိသာသာ နှေးကွေးသွားပြီး ရဲလင်းချန်၏ မျက်လုံးများက တဖြည်းဖြည်း စူးစိုက်လာသည်။

ဒင်!

နူးညံ့သောအသံနောက်တွင် အလင်းတန်းသည် ဂျာမန်ဘာသာစကား ပေါ်တွင် ရပ်တန့်သွားခဲ့သည်။

*စောက်ကျိုးနည်း၊ ဘာသာစကား ထပ်ဖြစ်ပြန်ပြီလား*

ရဲလင်းချန်၏ မျက်နှာသည် အနည်းငယ် တင်းမာသွားသည်။ သူ မျှော်လင့်ထားသလို လုံးဝ မဖြစ်ခဲ့ပေ။ အဘယ်ကြောင့် သူ ဒီလောက်တောင် ကံဆိုးရတာလဲ။

အလင်းတန်း လင်းလက်ပြီးနောက် နောက်ဆုံးတွင် ဂျာမန် ဘာသာစကားသည် စွမ်းရည်အသစ်ဖြစ်သည့် ငါးဘာသာစကား အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ငါးဘာသာစကား (အခြေခံအဆင့်)။

စွမ်းရည်: ယခုအခါတွင် သင်သည် ငါးဘာသာစကားကို နားလည်နိုင်လေပြီ။

*စောက်ကျိုးနည်းတာပဲ*

*ဒီနေ့ ငါ ပင်လယ်ကို သွားခဲ့လို့ စနစ်က ငါ့ကို တမင်သက်သက် ငါးဘာသာစကား ပေးလိုက်တာလား*

ရဲလင်းချန်၏ အမူအရာသည် အနည်းငယ် ခါးသီးသွားသော်လည်း သူသည် ချက်ချင်း ရပ်တန့်လိုက်ပြီး ထိုအသုံးမဝင်ပုံရသည့် စွမ်းရည်က သူ့ကို မည်သို့ အထောက်အကူပြုနိုင်မည်ကို စဉ်းစားနေခဲ့သည်။

ဘဝက သူ့ကို သံပရာသီး ပစ်ပေးခဲ့လျှင် သံပရာရည် ဖျော်သောက်ရမည်။ ၎င်းသည် အသုံးဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ၊ ၎င်းကို အပြည့်အဝ အသုံးချရန် အရေးကြီးသည်။

ပထမဦးစွာ ဆန်းကြယ်ကျွန်းသည် ကျွန်းဖြစ်သောကြောင့် ငါးများနှင့် ဆက်ဆံရမည့် အချိန်များ မရေမတွက် နိုင်အောင် ရှိသည်။ သမုဒ္ဒရာထဲရှိ မည်သည့် ပြောင်းလဲမှုမဆို သူ့အတွက် အရေးကြီးသော ကိစ္စဖြစ်ပြီး ငါးများ၏ ပါးစပ်မှပင် သတင်းကို ကြားရနိုင်ခြေ ရှိသည်။ ဒုတိယအချက်အနေဖြင့် သမုဒ္ဒရာထဲတွင် ငရဲတံခါးများ သို့မဟုတ် ပင်လယ်ဘီလူးများ ရှိနေခြင်းကို သူ တစ်ဦးတည်း စူးစမ်းနိုင်သည့် အရာမဟုတ်သော်လည်း သမုဒ္ဒရာထဲတွင် ငါးများသည် အတောမသတ်နိုင်အောင် ရှိနေသောကြောင့် ၎င်းတို့က သူ့ကို ထိုကိစ္စရပ်တွင် ကူညီနိုင်ဖွယ်ရှိသည်။

ထို့အပြင် ငါးဘာသာစကားကို အဆင့်မြှင့်တင်ပြီးသည်နှင့် သူသည် ငါးများနှင့် ဆက်သွယ်ပြောဆိုနိုင်ပြီး ၎င်းတို့ကို လေ့ကျင့်ပေးနိုင်သည်။ ထို့နောက် ၎င်းတို့သည် သူ့ကို သမုဒ္ဒရာကို စူးစမ်းရန် သို့မဟုတ် ဆန်းကြယ်ကျွန်းကို စောင့်ရှောက်ရန် ကူညီနိုင်သည်။

ထိုရှုထောင့်မှကြည့်လျှင် ... ငါးဘာသာစကားသည် အတော်လေး လက်တွေ့ကျသော စွမ်းရည်တစ်ခု ဖြစ်လာခဲ့သည်။

All Chapters