ရဲ့လင်းချန်သည် စာမေးပွဲများနှင့် မိဘများ၏ မျှော်လင့်ချက်များကြား၌ ရုန်းကန်နေရသော သာမန် အထက်တန်း ကျောင်းသားတစ်ဦး ဖြစ်သည်။ ထိုအရာများအားလုံးသည် ထူးဆန်းသော အိပ်မက်တစ်ခုမှ သူ နိုးလာပြီးနောက် ပြောင်းလဲသွားခဲ့ပြီး ပါရမီရှင် စနစ်အား ရရှိခဲ့ကြောင်း သိလိုက်ရသည်။ ထိုအချိန်မှစ၍ သူ့ဘဝ ပြောင်းလဲသွားခဲ့သည်။ စာအုပ်တစ်အုပ် ဖတ်ခြင်းမှနေ၍ ထိုစာအုပ်၌ ပါဝင်သည့် အကြောင်းအရာများကို သင်ယူလာနိုင်သည်။ သင်ခန်းစာများ သင်ကြားနေသည်ကို နားထောင်ခြင်းအားဖြင့် ထိုသင်ခန်းစာအား ချက်ချင်း နားလည်နိုင်စွမ်း ရလာသည်။ သိုင်းကွက်တစ်ခုကို လေ့လာခြင်းဖြင့် ထိုသိုင်းကွက်၏ အသုံးပြုပုံကို စိတ်ထဲစွဲနေအောင် သိမြင်နားလည်လာ၏။ သင်ယူခြင်းက တစ်ခါမှ ဤသို့ မလွယ်ဖူးပေ။ ဗဟုသုတသည် ခွန်အားဖြစ်သည်ဟူသော ဆိုရိုးစကားလိုပင်။ ထိုအချိန်မှစ၍ သူသည် မထိန်းသိမ်းနိုင်လောက်အောင် များပြားလှသည့် ခွန်အားများကို ပိုင်ဆိုင်ရရှိလာသည်။ နေ့ချင်းညချင်း ပါရမီရှင်တစ်ယောက် ဖြစ်သွားခြင်းက မည်သို ခံစားရသနည်း။ အကန့်အသတ်မရှိသော အခွင့်အလမ်းများကို ရှာဖွေမည့် ရဲ့လင်းချန်၏ ဘဝခရီးနှင့်အတူ မလွတ်တမ်း လိုက်ပါကြည့်ရှုကြည့်လိုက်ပါ။

