← Chapters

အသည်းအသန် ထွက်ပြေးခြင်း

Vol. 22 Ch. 329

အသည်းအသန် ထွက်ပြေးခြင်း

Vol. 22 Ch. 329

“ခင်ဗျားကိုယ်ခင်ဗျား ဟုတ်လှပြီ ထင်မနေနဲ့၊ ပွဲက မစသေးဘူး”

စုန့်ချမ်က ဆိုးရွားသော အမူအရာဖြင့် ဖုန်းကို ချလိုက်သည်။ ဂိမ်းစတင်နေသော ဖန်သားပြင်ကို သူ ကြည့်လိုက်ပြီး မသိစိတ်အရ လက်ကို တင်းနေအောင် ဆုပ်ထားလိုက်မိသည်။

*ဝိုင်နတ်ဘုရား မင်း အကောင်းဆုံး လုပ်ကိုလုပ်မှဖြစ်မယ်*

[ဝိုင်နတ်ဘုရား၊ ငါတို့ ဒါကို ဘယ်လိုလုပ်သင့်လဲ]

ရည်းစားစာက မေးလာသည်။

[ငါ လုပ်လိုက်မယ်၊ မင်းတို့ အချင်းချင်း ဆုံးဖြတ်လိုက်ကြ၊ ငါ့ကို အရေးမစိုက်နဲ့]

ရဲ့လင်းချန် တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့ပစ္စည်းများကို ဝယ်ယူပြီးနောက် သူ အောက်လမ်းသို့ သွားလိုက်သည်။

မျက်နှာချင်းဆိုင် လမ်းတွင် Drow Ranger နှင့် Jakiro ရှိနေသည်။ ထိုနှစ်ယောက်သည် လမ်းပေါ်ရှိ မုန်းစရာ အကောင်းဆုံး ဟီးရိုး နှစ်ကောင် ဖြစ်သည်။ နှစ်ယောက်လုံးသည် ဟီးရိုးများအား အဝေးမှ တိုက်ခိုက်နိုင်သည်။ Drow Ranger ၏ နှင်းမြားက အရှိန်ကို လျော့စေပြီး Jakiro ၏ မီးရည်က တိုက်ခိုက်မှု အရှိန်ကို လျော့နည်းစေပြီး ထိခိုက်မှု ဖြစ်စေသည်။

Anti-Mage သည် melee ဟီးရိုးတစ်ကောင် ဖြစ်သည်။ ထိုနှစ်ယောက်နှင့် ရင်ဆိုင်ရသောအခါ သူသည် ဖိနှိပ်ခံနေရရုံသာ ရှိပြီး ပြန်တိုက်ရန် ခက်ပေသည်။

ရဲ့လင်းချန် သွေးပျက်မသွားချေ။ သူသည် ဖိအားကို တောင့်ခံ၍ ပြန်တိုက်ကာ သူ၏ HP ကို ခရိကောင်များနှင့် လဲလှယ်နေသည်။

Jakiro တွင် ကနဦးအဆင့်မှာကတည်းက အများကို ထိန်းချုပ်၍ ထိခိုက်မှုများအောင် လုပ်နိုင်သည်။ Drow Ranger ၏ အရှိန်လျော့ တိုက်ကွက်ဖြင့် ပေါင်းလိုက်သောအခါ ရဲ့လင်းချန်သည် ခရိကောင်များကို သတ်ရန် ကြိုးစားရင်း အကြိမ်အနည်းငယ်မျှ သေလုနီးပါး ဖြစ်ခဲ့သည်။ သို့သော် သူ၏ Blink စွမ်းရည်ကို သုံး၍ အမြဲ ထွက်ပြေးနိုင်လေသည်။ ထိုမြင်ကွင်းက ကြည့်ရှုသူများကို ကျောချမ်းမတတ် ဖြစ်သွားစေသည်။

သို့သော် ရဲ့လင်းချန်တွင် ပြန်ကောင်းလာနိုင်သော ပစ္စည်းများ အလုံအလောက် ရှိပြီး ကိုးလ်ကတောင်မှ သူမ၏ ပြန်သက်သာသော ပစ္စည်းများကို သူ့ကို လွှဲပေးသဖြင့် သူ တောင့်ခံထားနိုင်လေသည်။

ငါးမိနစ်အတွင်း ရဲ့လင်းချနန် နှစ်ဆယ့်လေးကြိမ်တိတိ တိုက်နိုင်ခဲ့ပြီး ရွှေ ၁၁၀၀ အထိ ရသွားသည်။

ရဲ့လင်းချန်က Anti-Mage ကို ထိန်းချုပ်၍ ဘေးလမ်းဆိုင်သို့ သွားသည်ကို မြင်သောအခါ လူတိုင်း သိချင်စိတ် ပြင်းပြသွားသည်။

[ဝိုင်နတ်ဘုရားကတော့ ဝိုင်နတ်ဘုရားပါပဲ၊ ဒီလို ဖိအားအောက်မှာတောင် သူ့ငွေစီးဆင်းမှုကို ထိန်းထားနိုင်တယ်၊ အံ့ဩစရာပဲ]

[ဝိုင်နတ်ဘုရားရဲ့ လက်ထဲမှာ Anti-Mage က ပိုကိုင်လို့ ကောင်းနေတယ်လို့ ဘာလို့ ခံစားနေရတာပါလိမ့်၊ သူ့နေရာမှာသာ ငါဆိုရင် အစောကြီးကတည်းက သေသွားလောက်ပြီ]

[ဝိုင်နတ်ဘုရားရဲ့ Blink စွမ်းရည် သုံးတဲ့ပုံက တအား ဉာဏ်များတာကို သတိထားမိလား၊ သာမန်လူဆို သူ့ကို ရှာဖို့ တော်တော် အားထုတ်ရမှာ]

[ဝိုင်နတ်ဘုရား ဘာပစ္စည်းတွေ ဝယ်မလဲ ငါ သိချင်တယ်၊ ဘာတွေနဲ့ Anti-Mage ကို ပြင်မှာလဲ မသိဘူး]

…

ရဲ့လင်းချန် ပထမဆုံး ဝယ်သည့်ပစ္စည်းက Ring of Health ပင်။ ၎င်းက သူ့ကို HP တစ်စက္ကန့်တွင် ငါးမှတ် တိုးလာစေသည်။

*သူ tank လုပ်မလို့လား*

လူတိုင်း ကိုယ်စီ ခန့်မှန်းနေကြပြီးနောက် ခေါင်းခါလိုက်ကြသည်။ ယခင်က လူတစ်ယောက်သည် tank အဖြစ် ကစားရန် ကြိုးစားခဲ့သော်လည်း အလုပ်မဖြစ်ပေ။ ယင်းတည်ဆောက်ပုံက ထိခိုက်မှု ကင်းမဲ့စေခြင်းကြောင့် ဘယ်သူ့ကိုမှ မသတ်နိုင်ခဲ့ချေ။ ယင်းက အလွန် ရူးမိုက်လွန်းသည်။

များပြားလှသော မှတ်ချက်များကို လျစ်လျူရှု၍ ရဲ့လင်းချန်က ခရိများကို ဆက်စားနေသည်။

Ring of Health ကြောင့် ရဲ့လင်းချန်၏ ခံနိုင်စွမ်းက လျင်မြန်စွာ တိုးတက်လာ၏။ ပြိုင်ဘက်၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရလျင် သူသည် HP ပုံမှန်အဆင့်သို့ ပြန်ရောက်နိုင်ရန်အတွက် မကြာခဏ ထိပ်တိုက် တွေ့သည်ကို ရှောင်ရန်သာ လိုအပ်လေသည်။

ခုနစ်မိနစ် အကြာတွင် ပထမဦးဆုံး အသတ်ခံရသူ ပေါ်လာသည်။ ၀၉ ၏ Lion က ပြိုင်ဘက် Slayer ကြောင့် အသတ်ခံလိုက်ရလေသည်။

[အိ … ဝိုင်နတ်ဘုရား ငါ‌ တောင်းပန်ပါတယ်]

၀၉ က တောင်းပန်သည်။

[ဘာမှမဖြစ်ဘူး၊ ဆက်ထိန်းထား]

ရဲ့လင်းချန်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

အချိန်ကြာလာသည်နှင့်အမျှ ပြိုင်ဘက်များက သူတို့အစွမ်းကို စပြလာသည်။ Drow Ranger တွင် range ဟီးရိုးတိုင်း၏ တိုက်ခိုက်မှုကို တိုးစေနိုင်သည့် အရှိနန်အဝါ တစ်ခု ရှိသည်။ ၎င်းကြောင့် ပြိုင်ဘက်၏ တိုက်ခိုက်မှုများက ပိုအစွမ်းထက်လာသည်။ သူတို့၏ စွမ်းရည်ကိုပါ ပေါင်းလိုက်သောအခါ ရဲ့လင်းချန်ဘက်က မသိမသာ ဖိအားပေးခံနေရရာမှ အခွင့်မသာသော အခြေအနေသို့ ရောက်သွားလေသည်။ သေးငယ်သော မည်သည့် အမှားမဆိုက သေသွားစေနိုင်လေသည်။

ရဲ့လင်းချန်သည် တိုက်ခိုက်မှု၌ ဝင်မပါသလို ဘယ်သူ့ကိုမှ သတ်ဖို့ မကြိုးစားပေ။ ထိုအစား သူက ခရိစားခြင်း၌သာ အာရုံစိုက်နေသည်။

ထို့အပြင် သူသည် လမ်းတစ်ခုလုံးကို သိမ်းထားပြီး ထိုလမ်းကို အပြည့်အဝ ထိန်းချုပ်ထားနိုင်၏။

ထိုမျှ ကျွမ်းကျင်သော လမ်းထိန်းချုပ်ပုံက ကြည့်ရှုသူများကို အံ့ဩသွားစေသည်။

သို့သော် ကိုးလ်နှင့် ကျန်လူများက ရန်သူ ငါးယောက်ကို လေးယောက်တည်းဖြင့် ရင်ဆိုင်နေရသည်။ သူတို့ အရေးနိမ့်နေပြီး ပြင်းပြင်းထန်ထန် ဖိအားပေး ခံနေရသည်။

ကြည့်ရှုသူများသည် ရဲ့လင်းချန်ကို အာရုံစိုက်၍ ကြည့်လေလေ စိုးရိမ်စိတ် တိုးလာလေလေ ဖြစ်လာသည်။ ဂိမ်းထဲမှ တင်းမာမှုက အပြင်ဘက်မှ သူတို့ကိုပါ သက်ရောက်နေ၏။

[ဝိုင်နတ်ဘုရား သူတို့ အပေါ်လမ်းမှာ ဘာမှမရှိဘူး၊ သူတို့ ရှင့်ဆီ လာနေတာ ဖြစ်လောက်တယ်]

ဝူအာက ပြောသည်။

သူမ ပြောပြီးချိန်မှာပင် Jakiro က အမှောင်ထဲမှ ခိုးကြောင်ခိုးဝှက်ဖြင့် ခေါင်းထွက်လာပြီး Anti-Mage အား မီးဖြင့် မှုတ်လေသည်။

သူ ပေါ်လာသည့် အခိုက်မှာပင် ရဲ့လင်းချန်က blink ကို သုံး၍ တောအုပ်ထဲသို့ တည်နေရာ ရွှေ့ပြောင်းလိုက်သည်။

တစ်ခဏအတွင်း Slayer, Drow Ranger, Earthshaker နှင့် Ice Soul တို့အားလုံး ပေါ်လာကြသည်။

Earthshaker က Fissure သုံး၍ တောအုပ်ထဲသို့ ချိန်ရွယ်လာသည်။ Ice Soul က ချက်ချင်း သူ့ ult ကို သုံး၍ သူတို့ အမြင်ကို ပိုကြီးလာအောင် လုပ်ပေးပြီး Slayer ကလည်း သူ့စွမ်းရည်ကို ပြင်နေသည်။ သို့သော် Anti-Mage ၏ Blink စွမ်းရည်က ပြန်သုံး၍ ရသွားသဖြင့် တခြားသို့ ထပ်နေရာ ပြောင်းသွားလေသည်။

သူတို့က ထိုအတွက် ပြင်ဆင်ထားမှန်း သိသာလှသည်။ ငါးယောက်လုံးက မတူညီသော အရပ်များ၌ ရပ်နေကြသဖြင့် Anti-Mage ဘယ်နေရာကို တည်နေရာ ပြောင်းပြောင်း သူတို့ အသာလေး ဖမ်းမိနိုင်ပေသည်။

ရဲ့လင်းချန်၏ Blink ဖြင့် တည်နေရာပြောင်းသည့် နေရာက Earthshaker ၏ ရှေ့တည့်တည့်သို့ ဖြစ်နေသည်။ သို့သော် သူက ထွက်မပြေးဘဲ Earthshaker ကို စတင် တိုက်ခိုက်သည်။

Earthshaker၏ Fissure က သုံးမရသေးသဖြင့် ဒုတိယစွမ်းရည်ကိုသာ သုံးနိုင်ပေသည်။ သို့သော် အချိန်က အကန့်အသတ်နှင့် ဖြစ်နေ၏။

သူ ရဲ့လင်းချန်ထံမှ လေးကြိမ်တိတိ တိုက်ခိုက်ခံလိုက်ရသည်။

ထို့နောက် ကျန်လေးယောက်က အလျင်အမြန် လိုက်လာပြီး Ice Soul က Anti-Mage အား ရေခဲဖြင့် ထောင်ဖမ်းရန် အသင့်ဖြစ်နေသည်။ သို့သော် ရဲ့လင်းချန်က ချက်ချင်း တခြားသို့ ထွက်ပြေးသွားပြန်သည်။

ထို့အပြင် သူက နောက်သို့ ဆုတ်သွားသဖြင့် Jakiro ၏ နှင်းမြားကိုပါ ရှောင်တိမ်းသွားနိုင်လေသည်။

*ပေါ်တင် ပြေးတာပါလား*

ငါးယောက်လုံး အနောက်မှ လိုက်ဖမ်းနေသော်လည်း သူတို့သည် ရဲ့လင်းချန်၏ Blink သုံးခြင်းနှင့်သာ ထပ်ကြုံ လိုက်ရသည်။ သူတို့အတွက် အမီလိုက်ဖမ်းရန် မဖြစ်နိုင်ချေ။

လက်ရှိတွင် သူတို့သည် Anti-Mage အား ဖမ်းရာ၌ မအောင်မြင်ရုံသာမက ငါးယောက်ပေါင်း၍ အချိန် နှစ်မိနစ်တိတိ ဖြုန်းခဲ့လိုက်ရသည်။ ယင်းက ကြီးမားသော ဆုံးရှုံးမှုကြီးပင်။

ရဲ့လင်းချန်က Anti-Mage ကို ထိန်းချုပ်ရင်း ရယ်၍ ရှင်းပြလိုက်သည်။

[ငါ ဘာလို့ Earthshaker ရှေ့ တည်နေရာ ပြောင်းလဲသိလား၊ ဘာလို့လဲဆိုတော့ သူတို့ ငါးယောက်ထဲမှာ Drow Ranger က အရှိန်ကို နှေးစေနိုင်ပြီးတော့ Slayer က ထိန်းချုပ်နိုင်စွမ်း ရှိတယ်၊ Earthshaker တစ်ကောင်တည်းက Fissuer ကိုသုံးပြီးထားလို့ ငါ့အတွက် ခြိမ်းခြောက်မှု နည်းနေတာ၊ ပြီးတော့ ငါက သူ့ mana ကို ကုန်သွားစေချင်လို့ လေးကြိမ် တိုက်ခိုက်ခဲ့တာ]

[ငါ့ရဲ့ တိုက်ခိုက်မှုတစ်ခုချင်းစီက သူ့mana ကို အမှတ်ခြောက်ဆယ် နည်းသွားစေတယ်၊ လေးကြိမ်ဆိုတော့ ၂၄၀၊ အစကတည်းက Earthshake မှာ mana မှာ များများ မရှိဘူး၊ အဲ့လိုလုပ်လိုက်တော့ သူ Fissure ကို ထပ်သုံးဖို့ mana မရှိတော့ဘူးပေါ့]

[ငါ့ blink စွမ်းရည်က အဝေးကနေ ထိန်းချုပ်တာကို အကြောက်ဆုံးပဲ၊ Earthshaker က Fissure ကို ထပ်သုံးဖို့ mana ကုန်သွားပြီဆိုတာနဲ့ အခြားသူတွေက ငါ့အတွက် ကြောက်စရာ မဟုတ်တော့ဘူး၊ ငါ ထွက်ပြေးလို့ ရပြီလေ]

[လခွမ်း 6666….]

[ပျာယာခတ်တယ်လို့ ထင်ရပင်မယ့် တကယ်တမ်းကျတော့ ခွေးအိုကြီးလို တည်ငြိမ်နေတာပဲ၊ မင်းက ဒါရိုက်တာ များလား]

[ဒီလို အခြေအနေမျိုးမှာဆို ငါ သွေးပျက်နေတာ ကြာပြီ၊ ဒါပေမဲ့ ဝိုင်နတ်ဘုရားက သုံးသပ်ပြီး ပြေးလမ်း ရှာနိုင်တယ်၊ အံ့ဩဖို့ ကောင်းလိုက်တာ]

[ဒါ သေမင်းတမန် ငါးဖော်ရဲ့ သမိုင်းမှာ အဆိုးဆုံး အဖြစ်ပဲ မဟုတ်လား၊ ဟားဟားဟား ငါ ရယ်ရလွန်းလို့ သေတော့မယ်၊ ဝိုင်နတ်ဘုရားရေ မင်းက စံပဲဟေ့]

[မြေယိုး … ငါ ဂိမ်းတစ်ပွဲကို ကြည့်နေရုံ သက်သက်ပဲဆိုပင်မယ့် ရုပ်ရှင်ကားကောင်း တစ်ကားကို ကြည့်နေရသလို ခံစားနေရတယ်၊ လုံးဝ မိုက်တယ်ကွာ]

“တောက်”

သေမင်းတမန် ငါးဖောက်သည် မျက်မှောင်ကြုတ်နေပြီး မျက်နှာတွင် ဆိုးရွားသော အမူအရာများ ရှိနေကြသည်။ သူတို့၏ ပူးပေါင်းမှုသည် ဝိုင်နတ်ဘုရား၏ လှည့်စားခြင်း ခံလိုက်ရသည်။ ယင်းက သူတို့ ဂိမ်းကစားသူအဖြစ် အသက်မွေးသည့် လမ်းကြောင်းတွင် အမည်းစက် စွန်းထင်းသွားစေခဲ့သည်။

သို့သော် ယင်းက Anti-Mage အပေါ် သူတို့ နားလည်မှု နည်းပါးခြင်းကြောင့် ၎င်း၏ စွမ်းရည်ကို သူတို့ အထင်သေး ခဲ့မိခြင်းပင်။

[Anit-Mage က Blinkကို သုံးပြီးပဲ ထွက်ပြေးနိုင်တာ၊ စိတ်ပူဖို့ မလိုဘူး၊ အရှိန်မြှင့်ပြီး သူတို့ကို ဖျက်စီးမယ်၊ ငါတို့ နိုင်ဖို့ပဲ လိုတာ]

အဖွဲ့ခေါင်းဆောင်က ပြောသည်။ ကျန်အဖွဲ့ဝင်လေးယောက်က ခေါင်းညိတ်ကြလေသည်။

ထိုအချိန်တွင် သူတို့သည် ကြာချိန် ဆယ့်နှစ်မိနစ်သို့ ရောက်နေလေပြီ။ Anti-Mage က သူ၏ ပထမဆုံး အဓိက ပစ္စည်း Battle Fury ကို ရသွားလေပြီ။

ထိုအခါတွင်မှာ လူတိုင်း သဘောပေါက်သွားကြသည်။

*ဒါဆို Ring of Health က Battle Fury အတွက်ပေါ့*

Battle Fury တွင် ထူးခြားသော သက်ရောက်မှုရှိသည်။ ယင်းမှာ တိုက်ခိုက်မှုအား ၃၅ ရာခိုင်နှုန်း ပိုထိစေခြင်းပင်။

[ကဲ သေချာကြည့်ပြီး သင်ထားကြနော်၊ Battle Fury က Anti-Mage ရဲ့ ပထမဆုံး အရည်အသွေးဆိုင်ရာ ပြောင်းလဲမှုပဲ၊ Battle Fury မရှိဘဲ တိုက်စစ်ဆင်တဲ့ melee ဟီးရိုးတစ်ကောင်က အိမ်ပြန်ပြီး ကန်စွန်းဥ စိုက်သင့်တယ် ဆိုတဲ့ စကားလိုပဲ၊ အခု သေချာ ကြည့်ထားကြ …]

All Chapters