ရိုက်ကူးရေးအား လုပ်ဆောင်နေစဉ်
Vol. 46 Ch. 681
တစ်လကြာပြီးနောက်၊ ဆန်းကြယ်ကျွန်းပေါ်၌ အရုဏ်ဦးအချိန်။
ရဲ့လင်းချန်သည် တောအုပ်ထဲ၌ ဆက်နေနေသည်။ သူ၏ လက်ထဲတွင် ဂျင်ဆင်းတစ်ခုကို ကိုင်ထားပြီး သူ့မျက်လုံးတွင်း၌ ရောထွေးသော ခံစားချက်များ ရှိနေပုံ ရသည်။
ထိုဂျင်ဆင်းသည် ရှောင်ဟူ ပထမဆုံး ခိုးယူချင်သည့် ပစ်မှတ် ဖြစ်ပြီး စိုက်ခင်းတစ်ခုလုံး၌ အကောင်းဆုံး ဂျင်ဆင်းပင်လည်း ဖြစ်သည်။ ရဲ့လင်းချန်၏ အထူး ဂရုစိုက်မှုအောက်၌ အပင်သည် သက်တမ်း နှစ်တစ်ရာ့နှစ်ဆယ် နီးပါးသို့ ရောက်ရှိလာခဲ့သည်။
စားရမလား၊ မစားရဘူးလား။ ယင်းက ဝေခွဲမရသော ပြဿနာ ဖြစ်နေသည်။
ရဲ့လင်းချန်သည် စဉ်းစားနေရင်း သူ့ဘေးမှ ရှောင်ဟူကို တစ်ချက် ကြည့်လိုက်မိသည်။ ရှောင်ဟူက ဆေးပင်များကို ရှေ့လက်ဖြင့် ကိုင်ထားပြီး ပျော်ရွှင်စွာ တမြုံ့မြုံ့စားနေသည်။
*ဒီဆေးပင်တွေက အရသာ တကယ် ကောင်းမယ့်ပုံပဲ၊ စားကြည့်လိုက်ရင် ကောင်းမလား*
ထိုသို့သောအချိန်၌ ရှောင်ဟူသည် ဆေးပင်များအား ခေါက်ဆွဲများသဖွယ် စုပ်ယူစားသောက်နေပြီး အမြီးအား ဘယ်ညာယိမ်းနေသည်။ စိတ်ဝိညာဉ်စွမ်းအင်က သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ထွက်ပေါ်လာပြီး သူ၏ အမွေးက ပို၍ လှပလာပြီး သိပ်သည်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လာသည်။
ထိုကျင့်ကြံခြင်း နည်းလမ်းကို သင်ပေးလိုက်သူက ရဲ့လင်းချန်ပင်။ သူသည် တစ်သက်လုံး ဆေးပင်များကို စားသုံးလာသဖြင့် သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအင် ရှိသည်။ ရဲ့လင်းချန်ထံမှ သင်ပြမှု အနည်းငယ် ရရှိရုံနှင့်တင် ပိုမြင့်သောအဆင့်ကို ရရှိသွားပြီး ရှောင်ချင်နှင့် ရှောင်ဟွေထက် ပို၍ သန်မာသွားသည်။
ယခင်က ရှောင်ချင်နှင့် ရှောင်ဟွေသည် ငယ်ငယ်လေးကတည်းက ရဲ့လင်းချန်ထံမှ လေ့ကျင့်ခြင်း ခံခဲ့ရသဖြင့် ၎င်းတို့အတွက် ၎င်းတို့၏ အရှိန်အဝါကို ထုတ်ဖော်နိုင်ရန် လဝက်မျှ ကြာမြင့်ခဲ့သည်။ လက်ရှိတွင်မူ သူတို့သည် အနည်းငယ်မျှကိုသာလျင် စုပ်ယူနိုင်တော့သည်။
လိပ်အိုကြီးနှင့် ဧရာမ စပါးအုံးမြွေကြီးတို့သည် ကံကောင်းထောက်မစွာဖြင့် ချီပညာကို အနည်းငယ်မျှ ကျွမ်းကျင် ခဲ့ကြသည်။ ရဲ့လင်းချန်၏ သင်ပြမှုအောက်၌ လိပ်အိုကြီး၏ ကျင့်ကြံခြင်းက အလွန် တိုးတက်လာသော်လည်း ရှောင်ဟူလောက် မကောင်းပေ။
သူ၏ အဆင့်မြင့် သားရဲ ယဉ်ပါးခြင်းစွမ်းရည်က သူ့အား တိရစ္ဆာန်များကို ကျင့်ကြံခြင်း၌ သင်ပြပေးနိုင်အောင် လုပ်ပေးနိုင်စွမ်း ရှိသည်။ ချီစုပ်ယူခြင်းကဲ့သို့ အရိုးရှင်းဆုံး နည်းလမ်းကိုသာလျင် သူတို့ သင်ယူနိုင်သော်လည်း ရှောင်ဟူ၏ တိုးတက်မှုက ဆရာပင် မလိုသကဲ့သို့ အလွန်အမင်း သိသာပြီး သဘာဝကျလွန်းသည်။
*ဒီကောင်လေးက ဉာဏ်ကောင်းလွန်းတယ်၊ တိရစ္ဆာန်လောကမှာ သူက ကျင့်ကြံခြင်း ပါရမီရှင် ဖြစ်မှာ သေချာတယ်*
*ဒါဆို စမ်းကြည့်လဲ မနစ်နာဘူးပဲ*
ရဲ့လင်းချန်၏ အကြည့်များက အနည်းငယ် မှေးစင်းသွားပြီး ပြတ်သားသော အရိပ်အယောင် ဖြတ်ပြေးသွားသည်။
ပြီးခဲ့သည့် လပိုင်းအတွင်း သူ၏ ကျင့်ကြံခြင်း ခက်ခဲမှုက တိုးလာသည်။ အဘယ်ကြောင့်ဆိုသော် သိုင်းပညာ လေ့ကျင့်ရေး အရှိန်က သိသိသာသာ နှေးလာ၍ ဖြစ်သည်။ သူသည် ငရဲတံခါးမှ ပုန်းကွယ်နေသော အန္တရာယ်များကို သတိထားမိပြီး သူ၏ သိုင်းပညာကို နေ့တိုင်း လေ့ကျင့်ခဲ့သည်။ ၎င်းသည် သူ၏ သိုင်းပညာကို လုံ့လဝီရိယ အထားဆုံး ကာလ ဖြစ်သည်။ ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ရေးသည် လေးဆယ့်ကိုးကွက်မြောက်ကို ရောက်နေပြီး သူ၏ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ် စွမ်းအင်ကို နှစ်ဆယ်ရာခိုင်နှုန်းမျှ ဖိနှိပ်ထားနိုင်ပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ကျင့်ကြံခြင်း အရှိန်က သိသိသာသာ ကျဆင်းနေ၏။
ရဲ့လင်းချန်၏ ခန့်မှန်းချက်အရဆိုလျင် ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ရေး၏ ငါးဆယ်မြောက် အကွက်သည် အခက်အခဲ ဖြစ်နေပုံ ရသည်။ သူ လေ့ကျင့်ရန် ကြိုးစားသော်လည်း သုံးစက္ကန့်ထက် ပို၍ ထိန်းမထားနိုင်ချေ။
ဂျင်ဆင်းက သူ၏ အာခေါင်ကို ခြောက်သွားစေပြီး မကြာခင်မှာပင် ပါးစပ်အတွင်း၌ ခါးသက်မှုတို့ ပြည့်နှက် သွားသည်။ ထိုအတွက်ကြောင့် ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသော်လည်း မနားစတမ်း ဆက်ဝါးနေပြီး ဂျင်ဆင်းပင် တစ်ပင်လုံးကို လျင်မြန်စွာ စားသောက်လိုက်သည်။
ထိုအခိုက်တွင် ရဲ့လင်းချန်သည် သူ၏ ဝမ်းဗိုက်အတွင်းမှ အပူလှိုင်းတစ်ခု တိုးထွက်လာသည်ကို သူ ခံစားလိုက်ရသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ပူနွေးလာစေကာ ပွက်ပွက်ဆူလောက်သည်အထိ ဖြစ်သွားစေသည်။
“ဟူး …”
ရဲ့လင်းချန် စိတ်အေးသွားသကဲ့သို့ သက်ပြင်းချလိုက်မိသည်။ ဂျင်ဆင်း၏ အရှိန်အဝါ ယိုစိမ့်ထွက်သွားမည်ကို စိုးရိမ်သဖြင့် သူ၏ ခန္ဓာကိုယ်မှ ချွေးပေါက်အားလုံးကို ပိတ်ထားလိုက်သည်။
“ရှူသွင်းမယ်၊ ရှူထုတ်မယ်”
ရဲ့လင်းချန်၏ ခေါင်းငုံ့လိုက်ပြီး လေးဆယ့်ကိုးကွက်မြောက် အနေအထားကို ပြင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က လျင်မြန်စွာ ယောင်ကိုင်းလာပြီး အပူပေးထားသော သံကဲ့သို့ နီရဲလာပြီး သူ၏ အရိုးများက တဂျွတ်ဂျွတ်နှင့် ကြက်သီးထစဖွယ် အသံ ထွက်ပေါ်လာသည်။
ငါးမိနစ်ကြာပြီးနောက် သူ အသည်းအသန် ချွေးထွက်လာပြီး သူ့ခေါင်းမှ မီးခိုးများ ထွက်လာသည်။
*လခွမ်း … ဆေးအာနိသင်က တော်တော် ပြင်းတာပဲ၊ ရှောင်ဟူ စားတုန်းက အဲ့ဒါတွေ အားလုံး ဘယ်ကို ရောက်သွားတာလဲ*
ရဲ့လင်းချန်သည် စိတ်ကို စုစည်းလိုက်ပြီး စိတ်ဝိညာဉ်စွမ်းအင်ကို လျင်မြန်စွာ စုစည်းလိုက်သည်။ ထို့နောက် သူသည် ကျန်ရှိနေသော အတွင်းအား နှစ်ဆယ်ရာခိုင်နှုန်းကို ဖိနှိပ်လိုက်သည်။ အချိန်တိုအတွင်းမှာပင် တစ်ဆယ့်ငါး ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။
ဖိနှိပ်ရမည်။ သူ ဆက်၍ ဖိနှိပ်ရပေမည်။
ရဲ့လင်းချန်၏ ခန္ဓာကိုယ်က အချိန်နှင့်အမျှ ဖောင်းလိုက်၊ ပိန်လိုက် ဖြစ်နေသည်။ ဂျင်ဆင်း၏ စိတ်ဝိညာဉ် စွမ်းအင်ကို လျင်မြန်စွာ အသုံးချနေပြီး မိုးမြေ၏ စိတ်ဝိညာဉ် စွမ်းအင်တို့က မြစ်ချောင်းများမှ ရေများက ပင်လယ်ထဲသို့ စီးဆင်းသကဲ့သို့ စီးဆင်းလာနေသည်။ ရဲ့လင်းချန်က ၎င်းအား လျင်မြန်စွာ အကျိုးရှိရှိ အသုံးချလိုက်သည်။ တောအုပ်ထဲမှ သစ်ပင်များကြားထဲ၌ လေပြင်းတစ်ချက် တိုက်ခတ်လာကာ သစ်ပင်များထံမှ တရှဲရှဲအသံများ ထွက်ပေါ်လာသည်။
နာရီဝက်အကြာ၌ ရဲ့လင်းချန်ဘေးတွင် ထိုင်နေသော ရှောင်ဟူက ထအော်လာသည်။ ၎င်းက လျင်မြန်စွာ ထခုန်၍ သစ်ပင်ကြီးတစ်ပင်ပေါ်သို့ အသည်းအသန် ပြေးတက်သွားသည်။
“ဝုန်း”
ရဲ့လင်းချန်၏ ဘေးပတ်ဝန်းကျင်၌ ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။ လေက ဓားသဖွယ် ဖြစ်လာပြီး လေဓားသဖွယ် ပြောင်းလဲသွားကာ ဘေးပတ်လည်မှ အရာအားလုံးကို ဖြတ်တောက်လေသည်။ အပြင်ပန်း၌ ၎င်းသည် အသေးစား လေဆင်နှာမောင်းနှင့် ဆင်တူသော်လည်း လေဓားက သူ့အနားမှ ကျောက်တုံး ကျောက်ဆောင်များကိုပါ ထိုးခွင်းသဖြင့် ခပ်နက်နက် ပြတ်ရှရာများ ကျန်ခဲ့လေသည်။
“တစ်ဆယ် ရာခိုင်နှုန်းပဲ ကျန်တော့တယ်”
ရဲ့လင်းချန် မျက်လုံးကို ပြန်ဖွင့်လိုက်ပြီး သူ့မျက်လုံးတွင်း၌ ပျော်ရွှင်မှု အရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။
ယခုတစ်ခေါက်၌ သူသည် အပြင်းအထန် ဖိနှိပ်ခဲ့ရပြီး သူ့အတွင်းအား၏ ပြန်တွန်းကန်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ တစ်ခဏမျှ အာရုံလွတ်သွားခြင်းက သူ၏ စိတ်ဝိညာဉ်စွမ်းအင်၌ လှုပ်ခတ်မှုတစ်ချို့ ဖြစ်သွားစေခဲ့သည်။ သို့သော် သူ၏ အင်အားကို တိုးလာစေသည်။
“ကျိကျိ”
ရှောင်ဟူက ရဲ့လင်းချန်ကို သွားဖြီးပြပြီး သစ်ပင်ပေါ်မှ ဆင်းလာသည်။ ၎င်း၏ အမွေးများက ရှုပ်ပွနေပြီး စောဒက တက်ချင်နေပုံရသည်။
“မင်း တကယ်ပဲ ဘယ်လို ခန္ဓာကိုယ် အမျိုးအစားမျိုး ရှိတာလဲ”
ရဲ့လင်းချန်က မြေခွေးဖြူအား သိချင်စိတ်ဖြင့် ကြည့်နေသည်။ ဆေးပင်ထဲ၌ ပါဝင်သော စိတ်ဝိညာဉ်စွမ်းအင်က မယုံနိုင်စရာ ကောင်းလောက်အောင် အစွမ်းထက်ကြောင်း သက်သေပြနေသည်။ ယင်းက ကျင့်ကြံခြင်းအတွက် ကောင်းသော်လည်း သူ့အတွက် တစ်ထိုင်တည်းနှင့် အကုန် စားနိုင်ရန် မဖြစ်နိုင်ချေ။ သို့မဟုတ်ပါက သူ၏ ခန္ဓာကိုယ်က လုံးဝ ခံနိုင်မည် မဟုတ်ပါ။ သို့သော်လည်း ရှောင်ဟူသည် ထိုဆေးပင်များကို အစာအဖြစ် စားသဖြင့် အတော်လေး အံ့ဩဖွယ်ကောင်းလေသည်။
သူ ရိုက်ကူးရေးသို့ ပြန်လာချိန်တွင် လူတိုင်းက အလုပ် စလုပ်နေပြီ ဖြစ်သည်။ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး၏ ရိုက်ကူးရေးသည် ချောမွေ့စွာ ရှိနေပြီး တစ်လကျော်ကျော်အကြာ အပိုင်းအများစု ရိုက်ပြီးသွားလေသည်။
ရဲ့လင်းချန် လာနေသည်ကို မြင်သောအခါ ဘယ်သူမှ မအံ့ဩကြချေ။ ရဲ့လင်းချန်သည် တောအုပ်ထဲ၌ သိုင်းပညာ လေ့ကျင့်ပြီး သူ့အနားမှ တိရစ္ဆာန်များကလည်း နေ့တိုင်း လေ့ကျင့်ကြသည်ကို သူတို့အားလုံး သိထားကြသည်။
“လူတိုင်း အသားကျပြီးနေပြီဆိုတော့ နောက်တစ်လထဲ ငါတို့ ပြီးအောင် ကြိုးစားကြမယ်”
ရဲ့လင်းချန်က လူတိုင်းကို ပြုံးပြလိုက်သည်။
“လင်းချန် ငါတို့ အခမ်းအနား မလုပ်တော့ဘူးလား”
ရှောင်ဖေးဖေး မနေနိုင်ဘဲ မေးလိုက်သည်။
ရဲ့လင်းချန် ခေါင်းခါလိုက်သည်။
“ငါတို့ပွဲကို လူဘယ်လောက်များများက သတိထားမိလဲ၊ ဘာလို့ အလုပ်ရှုပ်ခံပြီး အခမ်းအနား လုပ်နေမှာလဲ”
ရှောင်ဖေးဖေးက ပြန်ပြောလိုက်သည်။
“ငါတို့ အနည်းဆုံး အဲ့ဒါအတွက် လုပ်လို့ရတယ်လေ၊ အခမ်းအနားက ရုပ်ရှင်ရဲ့ အစနဲ့ အဆုံးအတွက် အထိမ်းအမှတ်ပဲလေ၊ ဒါကလဲ လုပ်ငန်းစဉ် တစ်မျိုးပဲ”
မူရင်း “ကြမ္မာငင်သော တိုက်ပွဲ” ပိုစတာကို အားထားသည်မှလွဲလျင် စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးအတွက် တရားဝင် ကြော်ငြာ များများစားစား မရှိပေ။ ထိုသို့သော ရုပ်သံဇာတ်လမ်းတွဲမျိုး ရှိနေသည်ကိုပင် လူအများက မသိကြချေ။
ရဲ့လင်းချန် ပခုံးတွန့်၍ အေးအေးလူလူ ပြန်ပြောလိုက်သည်။
“ဒီလို လုပ်ထုံးလုပ်စဉ်ကို ကျော်လိုက်လို့လဲ ကိစ္စမရှိပါဘူး”
ရှောင်ဖေးဖေးက ပြုံး၍ ပြန်ပြောသည်။
“ကျွန်မ ရှင့်စကားအတိုင်း လုပ်ပါမယ်”
ထိုထုံးတမ်းဓလေ့ကသာ အသုံးဝင်ခဲ့လျင် ဒါရိုက်တာတစ်ယောက် အဘယ်ကြောင့် ရှိနေရဦးမည်နည်း။ ထိုစိတ်ကူးယဉ် အလုပ်များအားလုံးကို အာရုံစိုက်ထားမည့်အစား ရိုက်ကူးရေးကိုသာ ပြီးဆုံးအောင် ရိုက်ကူးရန် အာရုံစိုက်သည်က ပိုကောင်းပေသည်။
“ကဒ်”
ရဲ့လင်းချန်က ရုတ်တရက် ထပြောလာသည်။
“စိတ်ခံစားချက်ကို ထုတ်ပြတဲ့ အမူအရာက အားလုံး မှားနေတယ်၊ ထပ်လုပ်”
“သုံး”
“နှစ်”
“တစ်”
“အက်ရှင်”
ရဲ့လင်းချန် အလုပ်သရဲ ခံစားချက် ဝင်သွားလေသည်။ သူ့တွင် သရုပ်ဆောင်များအတွက် မြင့်မားသော လိုအပ်ချက်များ ရှိနေပြီး ဇာတ်ကွက်တိုင်းတွင် အပြည့်စုံဆုံးကို လိုလားလေသည်။ စစ်သည်တော်ဌာနမှ စစ်သည်တော်များတောင်မှ အကောင်းဆုံး လုပ်နေရသည်။
“ရပ်”
“မဟုတ်ဘူး၊ ပြန်လုပ်”
“ရပ်၊ နောက်တစ်ခေါက် ထပ်လုပ်”
“ရပ်”
“မလုံလောက်သေးဘူး၊ ညင်သာလွန်းတယ်”
“မင်း သူတို့ကို ဘယ်လို ဆူပူရမလဲ မသိဘူးလား၊ သူတို့က မင်းအိမ်ကို ကျူးကျော်လာတဲ့အချိန် မင်းက သူတို့နဲ့ လက်ဖက်ရည် ထိုင်သောက်ဖို့ ပြင်နေတာလား”
“ထပ်လုပ်”
ထိုဇာတ်ဝင်ခန်းတစ်ခန်းအား သူတို့ ကျေနပ်သည်အထိ အကြိမ်ကြိမ် ပြန်ရိုက်ကူးခဲ့ရသည်။
ရိုက်ကွင်းရှိ မည်သူမှ အတွန့်မတက်ရဲချေ။ တစ်လကြာပြီးနောက် စစ်သည်တော်ဌာနမှ စစ်သည်တော်များသည် ပို၍ အပိုးကျိုးလာသည်။ မနာခံ၍လည်း မဖြစ်ပေ။ ဒဏ်ရာများနှင့် ရောင်ကိုင်းနေသော မျက်နှာများကို အသေးစား ပြစ်ဒဏ်ဟု သတ်မှတ်နိုင်ပေသည်။ ရဲ့လင်းချန်သည် ဘယ်သောအခါမှ တစ်ခုခုလုပ်ရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် လီကျင့်၏ လက်သီးချက်များကပင် သူတို့ကို အော်ဟစ်အောင် လုပ်ရန် လုံလောက် ပေသည်။