← Chapters

ဂိမ်းထဲမှ ထွက်သွားခြင်း

Vol. 23 Ch. 331

ဂိမ်းထဲမှ ထွက်သွားခြင်း

Vol. 23 Ch. 331

Anti-Mage ကို ဖမ်းရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် ဂျပန်နိုင်ငံမှ အသင်းသည် တာဝါကို အလျင်စလို ချိုးရန်သာ တတ်နိုင်တော့သည်။

သို့သော် သူတို့ အလယ်လမ်း၌ တာဝါချိုးနေချိန်တွင် Anti-Mage က လျှောက်သွားနေဆဲဖြစ်ကာ စခန်းသို့ ပြန်လာမည့် အရိပ်အယောင် မပြချေ။

Anti-Mage က စခန်းသို့ ပြန်မလာသော်လည်း ခရိလမ်းကြောင်းကို ဖြတ်နေဆဲဖြစ်ကြောင်း စိတ်ဝင်တစား ကြည့်နေသည့် ကြည့်ရှုသူများ မြင်နေရလေသည်။

သူတို့ စု၍ တာဝါချိုးနေပါက ခရိများကို ကာကွယ်ရန် တစ်ယောက် ချန်ထား၍ မရပေ။ ထို့ကြောင့် ဂျပန်နိုင်ငံမှ အသင်းသည် လက်ရှိ သူတို့၌ ရှိသော ခရိများကိုသာ ထိန်းထားရသည်။ အကယ်၍ ထိုခရိများ သေသွားပါက သူတို့ အစကနေ ပြန်စရပေမည်။

ထို့အပြင် Anti-Mage သည် လမ်းတစ်လမ်းထဲမှ ခရိများကို ရှင်းနေခြင်း မဟုတ်ဘဲ သုံးလမ်းလုံးမှ ခရိများကို ရှင်းနေခြင်း ဖြစ်သည်။

Blink စွမ်းရည်ဖြင့် သူသည် သုံးလမ်းလုံးမှ ခရိများကို လျင်မြန်စွာ ရှင်းလင်းလိုက်ပြီး တောအုပ်ထဲမှ ခရိအချို့ကိုပင် ရှင်းချိန် ရနေ၏။

ဂျပန်နိုင်ငံမှ ငါးယောက်က ခရိများကို ရဲ့လင်းချန်၏ စခန်းနား ရင်နာနာဖြင့် ခေါ်ထားရချိန်တွင် ကျန်လမ်းကြောင်း နှစ်ခုမှ ခရိများကို Anti-Mageက သူတို့စခန်းထံ ခေါ်သွားလေသည်။

ထို့အပြင် ဂျပန်နိုင်ငံမှ အသင်းသည် ကိုးလ်တို့၏ အဖွဲ့လိုက် ခုခံမှုနှင့် ရင်ဆိုင်နေရသေးသည်။ ရင်နာနာဖြင့် ခေါ်လာရသော ခရိများကို ကိုးလ်တို့ အဖွဲ့က လျင်မြန်စွာ ရှင်းပစ်နေချိန်တွင် Anti-Mage က သူ့ခရိများဖြင့် သူတို့စခန်းကို သွားဖျက်နေ၏။

“ယီးပဲ၊ နောက်ဆုတ်”

သူတို့ မကျေမနပ်ဖြင့် နောက်ဆုတ်လိုက်ရသည်။ ငါးယောက်လုံး၏ အမုန်းတရားက Anti-Mage အပေါ် အဆုံးစွန်ထိ စုပုံကျရောက်လာပြီး Anti-Mage ရှိရာ အပေါ်လမ်းသို့ ပြေးတက်သွားကြသည်။

သို့သော် သူတို့ အပေါ်လမ်းသို့ ရောက်သည်နှင့် Anti-Mage က သူတို့၏ အောက်လမ်းကို ရောက်သွားပြီး အသားကုန် ခရိများ စားနေ၏။

Blink စွမ်းရည်၏ လုပ်ဆောင်နိုင်စွမ်းက ကြီးမားလွန်းလှသည်။ အခြားသူများက တစ်လှမ်းပြီး တစ်လှမ်း လျှောက်ရန် လိုသော်လည်း သူက တစ်ခဏအတွင်း အသာလေး ရောက်နိုင်သည်။ ကွာဟမှုက ကြီးမားလွန်း လှသည်။ ထို့အပြင် Battle Fury ကိုပါ ပေါင်းလိုက်သောအခါ ခရိများကို လျင်မြန်စွာ ရှင်းနေသည့် အသံကိုပင် ကြားနေရသည်။ လက်ရှိတွင် စက်ချို့ယွင်းနေသည်ဟုပင် ထင်မှတ်ရလေသည်။ ရဲ့လင်းချန် ဆန္ဒရှိသရွေ့ ဂျပန်နိုင်ငံ အသင်း၏ စခန်းမှ သုံးလမ်းလုံးရှိ ခရိများအားလုံးကို စားနိုင်ပြီး သူတို့အား စခန်းမှ မခွာနိုင်အောင် လုပ်ဆောင် နေ၏။

ဂျပန်နိုင်ငံ အသင်းသည် ကူကယ်ရာမဲ့သလို ခံစားလိုက်ရပြီး နှစ်ဖွဲ့ခွဲလိုက်ရလေသည်။ သူတို့က Earthshaker နှင့် Ice Soul ကို တစ်ဖွဲ့ခွဲ၍ အောက်လမ်းသို့ သွားစောင့်ခိုင်းလိုက်သည်။

Earthshaker က ဒေါသတကြီး Fissure ထုတ်သုံး၍ Anti-Mage ကို တိုက်ခိုက်လေသည်။

သို့သော် ထို Fissure စွမ်းရည်က ရဲ့လင်းချန်ကို အခွင့်အရေး ပေးသွားလေသည်။ သူက ချက်ချင်း Earthshaker ၏ ဘေးသို့ တည်နေရာ ရွှေ့ပြောင်းလိုက်ပြီး အားကုန် တိုက်ခိုက်လိုက်သည်။

Earthshaker ဘေး၌ ရှိနေသော Ice Soul က Anti-Mage အား မန္တန်ဖြင့် အလျင်အမြန် တိုက်ခိုက်လေသည်။ သို့သော် Anti-Mage က Manta Style ကိုသုံး၍ ထိုမန္တန်များကို ရှောင်လိုက်နိုင်သည်။ Anti-Mage သုံးကောင်က Earthshaker ကို နောက်မှ သည်းကြီးမည်းကြီး လိုက်ဖမ်း၍ သတ်ဖြတ်လေသည်။

Earthshaker ၏ Fissureက ပြန်သုံးမရသေးသဖြင့် ult ကိုသာ အားကိုးနေရသည်။ သူ လက်မြှောက်၍ စွမ်းရည်ကို သုံးရန် ပြင်လိုက်သော်လည်း တစ်ဝက်တစ်ပျက်ဖြင့် ရပ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် အချိန်တိုအတွင်း သူ့mana က ကုန်သွားသောကြောင့် ဖြစ်သည်။

Anti-Mage ၏ ပုံရိပ်ယောင်များကလည်း Mana Break စွမ်းရည်ကို ဆက်ခံထားသည်။ Anti-Mage က သုံးကောင် ရှိနေပြီး တစ်ကောင်ချင်းစီ၏ တိုက်ခိုက်မှု တစ်ခုချင်းစီကြောင့် mana ၁၈၀ ကုန်သွားရသည်။ Earthshaker ၏ စုစုပေါင်း mana က ၆၀၀ စွန်းစွန်းမျှသာ ရှိသည်။ တစ်ခဏအတွင်း ကုန်သွားသည်က အံ့ဩစရာ မဟုတ်ပေ။

“ရွှစ် ရွှစ် ရွှစ်”

ဓားရာတိုင်းက အမာရွတ်များ ဖြစ်လာစေသည်။ Earthshaker က သုံးစားမရသော mana မရှိသည့် နွားသိုးကြီး တစ်ကောင် ဖြစ်သွားလေသည်။ သူ လုပ်နိုင်တာဟူ၍ ထွက်ပြေးခြင်းသာ ရှိတော့သော်လည်း Anti-Mage ၏ တိုက်ခိုက်ခြင်း ခံရပြန်သည်။

Anti-Mage ၏ ult က ထိခိုက်မှု ကြီးသဖြင့် Earthshaker ၏ HP လျင်မြန်စွာ ကျဆင်းသွားသည်။ Anti-Mage သုံးကောင်လုံးက သူတို့၏ တိုက်ခိုက်မှုကို ချက်ချင်း Ice Soul ထံ ဦးတည်ချက် ပြောင်းသွားလေသည်။

ထိုအခိုက်တွင် ဂျပန်နိုင်ငံမှ ကျန်သုံးယောက်က အလျင်အမြန် ရောက်ရှိလာသည်။ သူတို့ ပြန်မတုံ့ပြန်နိုင်ခင်မှာပင် Anti-Mageက Blink သုံး၍ အဝေးသို့ တည်နေရာ ပြောင်းသွားလေ၏။ သနားစရာ Ice Soul ခမျာ ပုံရိပ်ယောင် နှစ်ခု၏ လိုက်ဖမ်းခြင်း ခံရပြီး သာမန် တိုက်ခိုက်မှုများဖြင့် အသေသတ်ခံနေရသည်။

[Double Kill]

[ဝိုင်နတ်ဘုရား ဆက်တိုက် သတ်နေပါပြီ]

ကြေညာသံက ဆက်တိုက် ထွက်ပေါ်လာ၏။ ကြည့်ရှုသူများသည် မယုံနိုင်သော အမူအရာများ ဖြစ်နေကြပြီး ငြိမ်ငြိမ် မနေနိုင်ကြတော့ချေ။

*သန်မာတယ်၊ သူက သန်မာလွန်းတယ်*

အများက အထင်မကြီးသော Anti-Mage က ဤမျှ သန်မာလိမ့်မည်ဟု ဘယ်သူမှ ထင်မထားမိချေ။ စွမ်းအား ကြီးလွန်းသည့် အဆင့်သို့ပင် ရောက်လုနီးပါး ဖြစ်နေ၏။

ရဲ့လင်းချန် ရယ်လိုက်မိသည်။ သူသည် စကားပြောပုံကို အစကတည်းက အေးအေးလူလူနှုန်းဖြင့် ထိန်း၍ တည်ငြိမ်စွာ ပြောလိုက်သည်။

[Battle Fury က Anti-Mage ရဲ့ စွမ်းရည်ကို အရည်အသွေးရှိတဲ့ ပြောင်းလဲမှုဖြစ်အောင် လုပ်ပေးနိုင်တဲ့ ပစ္စည်းပဲ၊ Anti-Mage က Battle Fury ကို ရတာနဲ့ သူရဲ့ ရိတ်သိမ်းနိုင်တဲ့နှုန်းက DOTA တစ်ခုလုံးမှာ နံပါတ်တစ်လို့ ငါ သတ်မှတ်ထားတယ်၊ Manta Style ကတော့ Anti-Mage ရဲ့ တိုက်ခိုက်မှုစွမ်းရည်ကို သိသိသာသာ ပြောင်းလဲစေတဲ့ အရာပဲ၊ Manta Style က Anti-Mage ရဲ့ အသက်ရှင်နိုင်တဲ့နှုန်းကို တိုးစေရုံတင် မကဘဲ Mana Break စွမ်းရည်ကိုပါ ရစေတယ်၊ အဲ့ဒါကြောင့် သူ့ရဲ့ ရန်သူပေါ် ထိခိုက်စေမှုနှုန်းက တိုးလာတာပဲ၊ ဒါက အရေးပါတဲ့ ကဏ္ဍတစ်ခုပဲ]

[အံ့ဩဖို့ကောင်းလိုက်တာ၊ Anti-Mage က ဒီလောက် စွမ်းလိမ့်မယ်လို့ ငါ တစ်ခါမှ ထင်မထားမိဘူး]

[ငါ မင်းကို ပြောရင်တောင် မင်း ယုံမှာ မဟုတ်ဘူး၊ Anti-Mage ကို ငါ ခရိတစ်ကောင်ထက် နည်းနည်းလေးပဲ သာတဲ့ကောင်လို့ အမြဲ ထင်ထားခဲ့တာ]

[ဝိုင်နတ်ဘုရားက အံ့ဩဖို့ ကောင်းလိုက်တာ၊ ရှဲဒိုးဖီးန်က သူ့ရဲ့ အဆိုးဆုံး ဟီးရိုးလို့ ပြောတာ မှန်နေတဲ့ပုံပဲ၊ သူ့စီကနေ ငါ အထီးကျန် ပါရမီရှင်တစ်ယောက်ရဲ့ အရောင်အဝါတွေကို ငါ မြင်နေရတယ်]

[ဘယ်ဟီးရိုးကမှ အမှိုက်မဆန်ဘူး၊ ကစားသူပေါ်မှာပဲ မူတည်တာ]

[ဝါးဟားဟား ဘာကို သေမင်းတမန် ငါးဖော်လဲ၊ သူတို့က ငကြွားကောင်တွေ၊ အခု သူတို့ ဝိုင်နတ်ဘုရားနောက်ကို ခွေးလို လိုက်နေရတယ် မဟုတ်လား၊ ဟားဟားဟား …]

[မုန်းစရာ ကောင်းလိုက်တာ၊ ဘယ်လိုလုပ် Anti-Mage က ဝိုင်နတ်ဘုရားရဲ့ လက်ထဲမှာ အဲ့လောက် မုန်းစရာ ကောင်းရတာလဲ၊ အထူးသဖြင့် အဲ့ Mana Break ပဲ၊ အစက Anti-Mageက ဘာကိုမှ အထိနာအောင် မလုပ်နိုင်လို့ အဲ့ဒါကို သုံးမရတဲ့ စွမ်းရည်လို့ ငါ ထင်နေတာ၊ အခု အဲ့စွမ်းရည်က ဘယ်လောက် ကြောက်ဖို့ကောင်းလဲ ငါ သိသွားပြီ]

မည်သည့်ဟီးရိုးမဆိုသည် သူတို့၏ စွမ်းရည်များပေါ်တွင်သာ မူတည်ကြသည်။ အကယ်၍ သူတို့ manaက Anti-Mage ကြောင့် ကုန်သွားပါက သူတို့ ဘယ်လိုလုပ် ပြန်တိုက်မည်နည်း။ သူတို့က Anti-Mage နှင့် တိုက်ခိုက်မှု ဖလှယ်နိုင်ပါ့မလား။

လျင်မြန်သော ငွေရှာနိုင်သည့်နှုန်းကြောင့် Anti-Mage သည် Heart of Tarrasque ဟူသည့် ပစ္စည်းအသစ် တစ်ခုကို ရသွားလေသည်။

Heart of Tarrasque သည် ကြံ့ခိုင်မှုများအောင် လုပ်ပေးသည့် အရာပင်။ ၎င်းက ဟီးရိုးတစ်ကောင်၏ HP ကို အမြင့်ဆုံးအထိ တိုးသွားစေနိုင်သည်။ တိုက်ခိုက်မှုမလုပ်ပါက HP အား တစ်စက္ကန့်လျင် နှစ်ရာခိုင်နှုန်း တိုးလာစေပြီး ပြန်ကောင်းသည့်နှုန်းကို အကြီးအကျယ် တိုးမြှင့်ပေးသည်။

[အစ်ကို ဝိုင်နတ်ဘုရား၊ ရှင်က သိပ်တော်တာပဲ၊ ဝူအာတော့ ရှင့်ကို အသေချစ်မိနေပြီ]

ဝူအာက တုန်ယင်နေသောအသံဖြင့် ခပ်ကျယ်ကျယ် အော်ပြောသည်။

[ဘော့စ် ခင်ဗျားက … အရမ်း အားကြီးလွန်းတယ်၊ ဘယ်သူကမှ Anti-Mage ကို ဒီလို မကစားခဲ့ဖူးဘူး၊ ဒါပေမဲ့ ခင်ဗျားကတော့ ဒီလောက် ကောင်းကောင်း ကစားနိုင်တယ်၊ ခင်ဗျား အဲ့ဒါကို ဘယ်လိုလုပ်လိုက်တာလဲ]

ရည်းစားစာက တအံ့တဩ မေးလေသည်။

[အရည်အချင်းလို့‌ ခေါ်တဲ့အရာလေး ရှိတယ်ကွ၊ အဲ့ဒါကို မနာလိုဖြစ်လည်း မထူးဘူး]

ရဲ့လင်းချန်က ရယ်၍ ပြောလိုက်ပြီးမှ ဆက်ပြောလေသည်။

[မင်းတို့ ဒီကို မြန်မြန်လာသင့်တယ်၊ ဒါကို မြန်မြန် အဆုံးသတ်လိုက်ရအောင်]

အခြေအနေက တစ်ပတ်လည်သွားလေသည်။ ဝိုင်နတ်ဘုရား၏ ငါးယောက်အဖွဲ့က ခရိများနှင့်အတူ စခန်းမှနေ၍ ဂျပန်နိုင်ငံ၏ စခန်းဘက်သို့ အပြေးလာရန် အသင့်ဖြစ်နေကြသည်။

ရဲ့လင်းချန်သည် ကိုးလ်တို့အား စခန်းနား မသွားခိုင်းဘဲ အောက်နား၌ စောင့်ခိုင်းထားလိုက်သည်။ သူက Anti-Mage ကို ထိန်းချုပ်၍ စခန်းနား တစ်ကိုယ်တည်းသွား၍ အခြားသူများကို လျစ်လျူရှုကာ အဆင့်သုံး တာဝါကို တိုက်ခိုက်လိုက်သည်။

Anti-Mage နှင့် ရင်ဆိုင်ရသောအခါ ပြိုင်ဘက်အသင်းမှ ငါးယောက်လုံးက ပြိုင်တူ တိုက်ခိုက်လာပြီး စွမ်းရည်အားလုံးဖြင့် Anti-Mage အား တိုက်ခိုက်လေသည်။

Anti-Mage ၏ HP အား သုံးပုံနှစ်ပုံခန့် ကုန်အောင် သူတို့ လုပ်လိုက်နိုင်ချိန်တွင် Anti-Mage က နေရာမှ blink သုံး၍ ထွက်ပြေးသွားသည်။ ထို့နောက် Heart of Tarrasque ကြောင့် သူ HP မြန်မြန် ပြန်ပြည့်သွားပြီး အဆင့်သုံး တာဝါအား ဆက်ချိုးသည်။

ထိုအပြုအမူက ဂျပန်ဘက်မှ ငါးယောက်ကို သွေးအန်မတတ် ဖြစ်သွားစေသည်။ Anti-Mage ၏ ပစ္စည်းများက ဈေးကြီးလွန်းလှသည်။ သူ မလှုပ်ဘဲ ရပ်နေရင်တောင်မှ သူတို့ သူ့ကို သတ်ရန် ခက်ခဲပေသည်။ အနိုင်ရရန် မဖြစ်နိုင်လောက်ပေ။

အစပိုင်း၌ တိုးတက်နှုန်း ခက်ခဲပြီး ဂိမ်းပွဲအလယ်၌ အသည်းအသန် ခရိများ စားပြီးနောက် နောက်ဆုံးတွင် အစွယ်များ ထုတ်ပြလာကာ တားမရသော စွမ်းအင်တစ်ခု ပြောင်းလဲသွားသည်။ Anti-Mage ဟီးရိုးက ကြည့်ရှုသူများ၏ စိတ်ထဲ၌ နက်ရှိုင်းစွာ စွဲထင်သွားသည်။

*ဒါဆို Anti-Mage က ဒီလောက် စွမ်းတာပေါ့၊ သူ့ကို ဒီလို ကစားရတာပါလား*

“ငါတို့ ဘာလုပ်ကြမလဲ၊ ငါတို့ ဘာလုပ်သင့်လဲ၊ မင်းတို့ ငါးယောက်က ပရော်ဖက်ရှင်နယ်တွေထဲမှ အတော်ဆုံး မဟုတ်ဘူးလား၊ ဘာလို့ ဂိမ်းတင်ဆက်သူ တစ်ယောက်လေးကို မကိုင်တွယ်နိုင်ရတာလဲ”

ဝမ်ယွမ် မခိုးမခန့်နှင့် မာန်တက်ဟန် မလုပ်နိုင်တော့ဘဲ ကြောက်စိတ်ကြောင့် ချွေးများ စို့တက်လာကာ တစ်ကိုယ်လုံး တုန်ယင်လာသည်။

“စိတ်အေးအေးထားပါ၊ သူ မနိုင်နိုင်ဘူး”

သေမင်းတမန် ငါးဖော်၏ မျက်နှာများက အလွန်အမင်း မည်းမှောင်နေသည်။ သူတို့က အချင်းချင်း ပြန်ကြည့်လိုက်ကြပြီး သူတို့မျက်လုံးတွင် ကောက်ကျစ်ဟန်များ ပေါ်လာကာ ကွန်ပျူတာထဲမှ ဆော့ဖ်ဝဲလ် တစ်ခုကို နှိပ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် …

[ကိုးလ် ဂိမ်းထဲမှ ထွက်သွားပါပြီ]

[ရည်းစားစာ ဂိမ်းထဲမှ ထွက်သွားပါပြီ]

[ဝူအာ ဂိမ်းထဲမှ ထွက်သွားပါပြီ]

[၀၉ ဂိမ်းထဲမှ ထွက်သွားပါပြီ]

…

All Chapters