တစ်နိုင်ငံချင်းစီ၏ အင်အား
Vol. 51 Ch. 761
မူလ စိတ်ဝိညာဉ် အလယ်အလတ်အဆင့် သိုင်းပညာရှင်များသည် အဆင့်တူအတွင်း၌ ရှိကြသော်လည်း သူတို့ ကြားမှ ခြားနားချက်က ကြီးမားနေဆဲပင်။
မူလ စိတ်ဝိညာဉ် အစအနလေးကို ခန္ဓာကိုယ်၌ စုစည်းနိုင်လျှင် မူလ စိတ်ဝိညာဉ် အလယ်အလတ်အဆင့်ဟု သတ်မှတ်နိုင်ပြီး ခန္ဓာကိုယ်ထဲ၌ မူလ စိတ်ဝိညာဉ် ကိုးဆယ့်ကိုး ရာခိုင်နှုန်း စုစည်းနိုင်လျှင်လည်း မူလ စိတ်ဝိညာဉ် အလယ်အလတ်အဆင့်ဟု သတ်မှတ်နိုင်သည်။ မည်သူက ပိုသန်မာသလဲ သိသာလှသည်။
သူ၏ အရှိန်အဝါ ဟောကိန်းအရ ဤကယ်လ်ဗင်သည် ခန္ဓာကိုယ်တွင်း၌ မူလ စိတ်ဝိညာဉ် စွမ်းအင် ခုနစ်ဆယ် ရာခိုင်နှုန်း ရှိနေပြီဖြစ်ကာ ကျန်လေးယောက်ထက် ပိုမြင့်မားလေသည်။
“သူသာ စိတ်ဝိညာဉ် ဆေးပင်ကို အားမကိုးခဲ့ဘူးဆိုရင် သူ့အရည်အချင်းက တကယ် ကြောက်ဖို့ကောင်းမှာပဲ”
ရဲ့လင်းချန် သက်ပြင်းချလိုက်မိသည်။ သူ၏ ခန္ဓာကိုယ်တွင်းမှ ချီစွမ်းအင်သည် တစ်ဆယ့်ငါး ရာခိုင်နှုန်းသာ ရှိသေးသည်။
အမေရိကန်မှ ငါးယောက်သည် ခန္ဓာကိုယ် ကျစ်လျစ် ကြံ့ခိုင်သည်။ သူတို့၏ အသက်မှလွဲ၍ အသုံးဝင်သော အချက်အလက် ဘာမှမရှိလုနီးပါးပင်။
သို့သော် လူတိုင်းက ဤဖြစ်စဉ်နှင့် အသားကျနေပြီ ဖြစ်သည်။ ဤသည်က အနုပညာရှင် အရည်အချင်း ပြပွဲ မဟုတ်ချေ။ အခြေအနေမျိုးစုံ ဖန်တီးရန် မလိုအပ်သလို သူတို့၏ ဆိုးရွားသော အတွေ့အကြုံများကို မျက်ရည်များဖြင့် ပြောပြနေရန်လည်း မဖြစ်နိုင်ချေ။ သူတို့ မျက်ရည် ပိုးပိုးပေါက်ပေါက် ကျပြလျှင်တောင်မှ ဘယ်သူကမှ သူတို့ကို အနိုင်ပေးမည် မဟုတ်ပါ။
၎င်းက ပြိုင်ပွဲ ဖြစ်သဖြင့် တတ်နိုင်သမျှ ဖုံးကွယ်ထားသည်က အကောင်းဆုံးပင်။ ပြိုင်ဘက်က သိတာ နည်းလေလေ နိုင်နိုင်ချေ များလေလေပင်။
အမေရိကန်မှ ငါးယောက်က မိတ်ဆက်ပြီးသည်နှင့် ဆက်နေချင်စိတ် မရှိဘဲ စင်ပေါ်မှ ပြန်ဆင်းသွားသည်။
ဝူထျန်းပေါင်က ဆက်လက်၍ ကြေညာလေသည်။
“အခု မနှစ်က ဒုတိယဆု ရတဲ့သူတွေကို ဖိတ်လိုက်ကြတာပေါ့၊ အိန္ဒိယက ငါးယောက် စင်ပေါ် တက်လာပေးပါ”
“သေစမ်းကွာ၊ တော်တော်ဆိုးတာပဲ၊ ဒုတိယ နေရာကတောင် ငါတို့ မဟုတ်ဘူး”
ကျင့်ရှန် မနေနိုင်ဘဲ ထုတ်ပြောလာသည်။ အခြားသူများလည်း မသိမသာ မျက်မှောင်ကြုတ်လာပြီး အနည်းငယ် စိတ်လေးလာသည်။
ဘုန်းတော်ကြီး ငါးပါးက စင်ပေါ်သို့ တက်လာ၏။
သူတို့၏ ဝတ်စုံများသည် လူအများ သိထားကြသည့် သံဃာတော် ဝတ်စုံနှင့် မတူချေ။ သူတို့သည် သင်္ကန်း မဝတ်ဘဲ အဝါရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ အသိသာဆုံး အချက်မှာ သူတို့၏ ကြွက်သားများက သာမန်လူများထက် ပို၍ သန်မာနေခြင်းပင်။
“ဒီအဖွဲ့ရဲ့ ကျင့်ကြံခြင်း နည်းလမ်းတွေက မတူပင်မယ့် သူတို့အားလုံးက ဗုဒ္ဓရွှေခန္ဓာရဲ့ အခြေခံကို ပိုင်ဆိုင်ထားတယ်၊ သူတို့ရဲ့ ပြင်ပ သိုင်းပညာကလဲ နက်နဲတယ်”
ထျဲကျွင့်က ပြောလာသည်။
“အသင့်ပြင်ထား၊ နောက်တစ်လှည့်ဆို မင်းတို့ တက်ရမှာ”
ကျင့်ရှန်က သူ့အဝတ်အစားကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်လိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။
“ငါ ရုတ်တရက်ကြီး စိတ်လှုပ်ရှားလာတယ်”
ချန်ရှောင်ရှောင်ကလည်း လျှာထုတ်၍ ပြောလာသည်။
“ငါရောပဲ၊ လူတွေက အများကြီးပဲ၊ ပြီးတော့ သူတို့အားလုံးက ကမ္ဘာတစ်ဝှမ်းက ပညာရှင်တွေ”
ရဲ့လင်းချန် ဘာမှမပြောချေ။ သူ စိတ်မလှုပ်ရှားဘူးဟု ပြောပါက လိမ်ရာကျပေမည်။ စင်မြင့်ပေါ်တွင် ပညာရှင်များ ရှိရုံသာမက ကမ္ဘာတစ်ခုလုံးမှ ထိပ်တန်း အကြီးအကဲများလည်း ရှိသည်။
စွန်းဟုန်ထောင်က သူ့ကို အသာ နှစ်သိမ့်သည်။
“စိတ်အေးအေးထား၊ ဒါ ပုံမှန် လုပ်ရိုးလုပ်စဉ်ပဲ၊ နောက်ပိုင်း ပြိုင်ပွဲတွေ အများကြီး ရှိလာလိမ့်မယ်၊ မင်းရဲ့ စိတ်ဓာတ်ပိုင်းမှာ ဘာအမှားအယွင်းမှ မရှိရဘူး၊ မင်း စိတ်မတည်ငြိမ်ရင် ဘယ်လိုလုပ် တကယ့် သိုင်းပညာ ပြိုင်ပွဲမှ ယှဉ်ပြိုင်နိုင်မှာလဲ”
ငါးယောက်လုံး ခေါင်းညိတ်လိုက်ကြသည်။
ထိုအခိုက်တွင် အိန္ဒိယမှ ငါးယောက်က စင်ပေါ်မှ ဆင်းသွားပြီ ဖြစ်ပြီး ဝူထျန်းပေါင်၏ အော်သံကို ကြားလိုက်ရသည်။
ရဲ့လင်းချန် တည်ငြိမ်သွားသည်။
“သွားကြတာပေါ့”
သူတို့အားလုံးသည် သိုင်းပညာရှင်များ ဖြစ်ပြီး သေခြင်းရှင်ခြင်းကို တွေ့ကြုံဖူးသောကြောင့် သူတို့၏ စိတ်များက အလုံအလောက် ခိုင်မာနေသည်။
စင်ပေါ်၌။
ကျိုးကျန့်သည် တရုတ်နိုင်ငံမှ ငါးယောက်ကို ကြည့်ပြီး ပြုံးလိုက်မိသည်။
“ဟားဟား ဒီတခေါက်တော့ မင်းရဲ့ တရုတ်နိုင်ငံက လူစိတ်ဝင်စားတာ ခံနေရတာပဲ”
တစ်စုံတစ်ယောက်က ကျိုးကျန့်ကို ကြည့်၍ ပြောလာသည်။
“ရဲ့လင်းချန်ဆိုတဲ့ ကောင်လေးက ဘုရင်အဆင့် စစ်သည်တော်တစ်ယောက်ကို အမှားဝန်ခံလာအောင် ဖိအားပေးခဲ့တယ်လို့ ငါ ကြားတယ်၊ တကယ် တော်တဲ့ ကောင်လေးပဲ၊ သူက အကြောက်အလန့်ကို မရှိဘူး”
“အဲ့လိုဆိုကာမှ ငါတို့နိုင်ငံတွေကလဲ ငါတို့လူတွေကို ကယ်ပေးခဲ့လို့ အဲ့ကောင်လေးကို အကြွေးတင်နေတာ၊ သူတို့ထဲက ဘယ်တစ်ယောက်က ရဲ့လင်းချန်လဲ”
ကျိုးကျန့်နှင့် အတူတူ ထိုင်နေပြီး တက်ကြွစွာ စကားပြောနေသူများသည် အဆင့်တူများ ဖြစ်ပေမည်။ အထွတ်အထိပ် ဘုရင်အဆင့် စစ်သည်တော်များက မူလ စိတ်ဝိညာဉ် အလယ်အလတ်အဆင့် စစ်သည်တော် တစ်ဦးအကြောင်း ပြောနေကြသည်။ ဤမြင်ကွင်းက မည်သူ့ကိုမဆို ထိတ်လန့်စေနိုင်သည်။
ကျိုးကျန့်သည် ပြုံးနေသော်လည်း ဘာမှမပြောချေ။ သို့သော် ထိုကောင်လေး၏ ရဲတင်းသော အကြံပြုချက်ကို သူ တွေးမိသောအခါ စိတ်ထဲမှ ခါးသီးစွာ ပြုံးလိုက်မိသည်။
သူသည် မူလ စိတ်ဝိညာဉ် အလယ်အလတ်အဆင့် စစ်သည်တော်တစ်ဦးသာ ဖြစ်သော်လည်း စစ်သည်တော်များကို လေ့ကျင့်ရန် ကျောင်းတစ်ကျောင်း တည်ထောင်ချင်နေ၏။ ဆန်းကြယ်ကျွန်း၏ ဆောက်လုပ်ရေးက ပို၍တောင်မှ အားကောင်းလာသည်။ ဤကောင်လေး လုပ်ခဲ့သည့် အရာက တကယ်ကို မမျှော်လင့်ထားသော အရာပင်။
သူတို့ စကားပြောနေချိန်မှာပင် ရဲ့လင်းချန် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရမည့် အလှည့်သို့ ရောက်လာ၏။
“ရဲ့လင်းချန်၊ မူလ စိတ်ဝိညာဉ် အလယ်အလတ်အဆင့်၊ အသက် နှစ်ဆယ်”
ယင်းသည် အလွန် ရိုးရှင်းသော မိတ်ဆက်ခြင်း ဖြစ်သော်လည်း ဂယက်ထသွားစေသည်။
အသက် နှစ်ဆယ်။
အမေရိကန်မှ ကယ်လ်ဗင်ထက် တစ်နှစ် ပိုငယ်နေ၏။
နိုင်ငံတကာ သိုင်းပညာ ပြိုင်ပွဲ၏ သမိုင်းတွင် အသက် နှစ်ဆယ်နှင့် ပြိုင်ပွဲကို ဝင်ရောက်ခဲ့သည့် ပြိုင်ပွဲဝင် တစ်ခါမှ မရှိခဲ့ဖူးပေ။ ရဲ့လင်းချန်၏ နဂို ကျော်ကြားမှုနှင့် ပေါင်းလိုက်သောအခါ အခြေအနေက ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။
“ဝိုး အသက် နှစ်ဆယ်လား၊ ကျိုးကျန့် မင်း တကယ် ရက်ရောတာပဲ၊ ဒီလို ပါရမီရှင်မျိုး ပြိုင်ပွဲမှာ ဒဏ်ရာ ရသွားခဲ့ရင် ငါတောင်မှ သူ့အတွက် စိတ်မကောင်း ဖြစ်မိမှာ”
စင်ပေါ်မှ ရွှေအိုရောင်ဆံပင်နှင့် အမျိုးသားက သရော်သည့်လေသံဖြင့် ပြောလာသည်။
သူ၏ လေသံက ကောင်းမွန်ခြင်း မရှိပေ။ ရဲ့လင်းချန်က သူတို့ အမေရိကန်၏ အာရုံစိုက် ခံရခြင်းကို ပေါ်ပေါ်ထင်ထင် ခိုးယူသွားခဲ့သည်။
ကျိုးကျန့်က အသာ ပြောသည်။
“ဒီကလေးက တော်တော် ပါးနပ်တာ၊ မင်းနိုင်ငံက ကယ်လ်ဗင်ကိုပဲ စိုးရိမ်သင့်တယ်လို့ ငါ ထင်တယ်”
“ထူးဆန်းတဲ့ တရုတ်ကောင်လေးက သူမတူတဲ့ ဆေးပညာ အရည်အချင်းတွေ ရှိပြီးတော့ စတား တစ်ယောက်ပါ ဖြစ်နေတယ်၊ သူက ဒီလောက် အသက် ငယ်ငယ်လေးနဲ့ မူလ စိတ်ဝိညာဉ် အလယ်အလတ်အဆင့်ကိုပါ ရောက်ပြီးနေပြီ၊ ပြီးတော့ ငါတို့ ဗြိတိန် မင်းသမီးရဲ့ အသက်ကို သွယ်ဝိုက်ပြီးတော့ ကယ်ခဲ့ဖူးတယ်၊ မင်းသမီးက အဲ့ဒီ အိတ်ကို သိပ်သဘောကျနေတာ”
အထွတ်အထိပ် ဘုရင်အဆင့် ငါးယောက်ကြားထဲမှ တစ်ဦးတည်းသော အမျိုးသမီး ဖြစ်သူက ပြ့ဒးနေသည်။
အမေရိကန်ဖြစ်စေ၊ အိန္ဒိယဖြစ်စေ၊ တရုတ် ဖြစ်စေ၊ ပြိုင်ပွဲဝင် ငါးယောက်လုံးက မူလ စိတ်ဝိညာဉ် အလယ်အလတ် အဆင့် ဖြစ်သည်။
လေးခုမြောက်နိုင်ငံက ရှေးဟောင်း ဂရိနိုင်ငံပင်။
အမျိုးသား သုံးယောက်နှင့် အမျိုးသမီး နှစ်ယောက်က ထူးခြားသော ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ သူတို့အားလုံးက ပေါ့ပါးသော သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားသည်။ မိန်းကလေး နှစ်ယောက်တွင် ခရမ်းရောင် ဆံနွယ်ရှည်နှင့် အပြာရောင် မျက်ဝန်းတို့ ရှိသည်။ သူတို့၏ မျက်နှာသွင်ပြင်က လှပ ထူးခြားပေသည်။ သူတို့က နတ်သမီးများလိုပင်။
ထို့အပြင် သံချပ်ကာအောက်၌ တံတောင်ဆစ်နှင့် ခြေသလုံးတို့ တစ်ဝက်မျှ ပေါ်နေသည်။ တူညီ ဝတ်စုံ ဝတ်ထားခြင်းက အတော်လေး ဆွဲဆောင်မှု ရှိလှသည်။ သူတို့၏ ကြောက်စရာကောင်းသော အင်အားကို လျစ်လျူရှုထား၍ မရပေ။
သူတို့၏ အင်အားက နည်းပေသည်။ သူတို့ထဲက လေးယောက်သာလျှင် မူလ စိတ်ဝိညာဉ် အလယ်အလတ်အဆင့် ဖြစ်ပြီး ကျန်တစ်ယောက်က မူလ စိတ်ဝိညာဉ် စဦးအဆင့် ဖြစ်သည်။
ငါးယောက်မြောက်မှာ အင်္ဂလန်ဖြစ်ပြီး ခြောက်ယောက်မြောက်က ဂျပန် ဖြ်စသ်ည။
သူတို့သည်လည်း အတူတူပင် ဖြစ်ပြီး လေးယောက်က မူလ စိတ်ဝိညာဉ် အလယ်အလတ်အဆင့် ဖြစ်ကာ ကျန်တစ်ယောက်က မူလ စိတ်ဝိညာဉ် စဦးအဆင့် ဖြစ်သည်။
ခုနစ်ယောက်မြောက်က ကိုရီးယား ဖြစ်သည်။
“ဟားဟားဟား …”
ကျင့်ရှန်က ကျယ်လောင်စွာ ရယ်မောလေသည်။
“သူတို့ကို အရမ်း အထင်ကြီးစရာ ကောင်းတယ်လို့ ငါ ထင်နေတာ၊ လတ်စသက်တော့ သူတို့က မနှစ်က အဆင့် ခုနစ်ပဲ ရတာကိုး၊ ဒါတောင် သူတို့က မောက်မာနေသေးတယ်၊ သူတို့သာ ပထမ ရလို့ကတော့ မိုးပေါ်တောင် တက်သွားမလား မသိဘူး”
“အမေရိကန်နဲ့ အိန္ဒိယကမှ တကယ့် ပြိုင်ဘက်တွေ”
ကျန်းတလီကလည်း ခေါင်းညိတ်၍ ပြောလာသည်။
ရဲ့လင်းချန်က ထူးဆန်းသော အမူအရာနှင့် စင်မြင့်ပေါ်သို့ ကြည့်နေသည်။ အဆင့် ခုနစ်ရှိသော ကိုရီးယားနိုင်ငံမှ ပြိုင်ပွဲဝင် ငါးယောက်လုံးက မူလ စိတ်ဝိညာဉ် အလယ်အလတ်အဆင့်သို့ ရောက်နေပြီး ဖြစ်သည်။ သူတို့ထဲက နှစ်ယောက်၏ ချီစွမ်းအင်က အနည်းငယ် မတည်ငြိမ်သော်လည်း အလွန် ကြောက်စရာ ကောင်းနေသေးသည်။
မနေ့က သူ မခံစားမိသော်လည်း အခြားနိုင်ငံများ၏ ခွန်အားနှင့် ပေါင်းစပ်လိုက်သောအခါ ယင်းက အလွန် ထူးဆန်းနေ၏။
ယေဘုယျအားဖြင့် ပြောရလျှင် အသက် နှစ်ဆယ့်ငါးနှစ်အောက် မူလ စိတ်ဝိညာဉ် အလယ်အလတ်အဆင့်ကို ပျိုးထောင်ရန် မလွယ်ကူပေ။ ပါရမီ နှင့် အရင်းအမြစ် မပြည့်စုံဘဲ မရနိုင်ပေ။ ဤအပိုင်း၌ ကိုရီးယားနိုင်ငံက နိုင်ငံများစွာထက် သာလွန်နေ၏။
စင်မြင့်ပေါ်တွင် အထွတ်အထိပ် ဘုရင်အဆင့် သိုင်းပညာရှင်ငါးဦး ထိုင်နေသည်။ ရုတ်တရက် တစ်စုံတစ်ဦးက ရယ်မောပြီး ပြောလာ၏။
“ကိုရီးယားနိုင်ငံက သူတို့ရဲ့ အရင်းအနှီးကို တကယ် သုံးရဲတာပဲ၊ ဒါက ပထမနေရာအတွက် တိုက်ခိုက်ချင်တယ်လို့ ဆိုလိုတာလား”
“သူတို့ ငါးယောက်စလုံးက မူလ စိတ်ဝိညာဉ် အလယ်အလတ်အဆင့်မှာ ရှိနေပေမဲ့ သူတို့ထဲက နှစ်ယောက်ရဲ့ အရှိန်အဝါက မတည်မငြိမ် ဖြစ်နေတယ်၊ သူတို့ဟာ မကြာသေးခင်ကမှ စိတ်ဝိညာဉ်ဆေးပင်တွေနဲ့ တွန်းတင်ထားမှန်း သိသာတယ်၊ တော်တော် အရင်းအနှီး ကြီးတာပဲ”
တစ်စုံတစ်ယောက်က ကျိုးကျန့်ကို ကြည့်၍ ရယ်မောနေသည်။
“သူတို့က တစ်ယောက်ယောက်အတွက် ဒီကို ရောက်လာတာထင်တယ်၊ ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် လီဆောင်းယွန်းက တော်တော်လေး ခံလိုက်ရတာကိုး”
“ဟမ့် … ဒါ အရင်းအမြစ်တွေ အများကြီးကို ဖြုန်းလိုက်တာပဲ၊ ပြီးတော့ မနိုင်တာလဲ ဖြစ်နိုင်သေးတာပဲ”
ပညာရှင်များသည် ကိုရီးယားနိုင်ငံ၏ ပုံစံအမှန်ကို တစ်ချက် ကြည့်လိုက်သည်နှင့် ကိုရီးယားနိုင်ငံ၏ အပြုအမူသည် ပျိုးပင်ကို အတင်းဆွဲတင်ပြီး ကြီးထွားအောင် အားပေးသကဲ့သို့ ဖြစ်နေသည်။ အရင်းအမြစ်များသည် အစကတည်းက ရှားပါးနေခဲ့သဖြင့် သူတို့က ဘယ်လိုလုပ် ဤသို့သော ဖြုန်းတီးမှုမျိုးကို ခံနိုင်ရည် ရှိနေသနည်း။
ထို့အပြင် မူလ စိတ်ဝိညာဉ် အလယ်အလတ်အဆင့်သို့ ရောက်အောင် အဆင့်မြှင့်တင်လိုက်ခြင်းက ကြောက်စရာ ကောင်းနေပြီလား။ စိတ်ဝိညာဉ် ဆေးပင်များကို မှီခိုရသည့်အတွက် အရှိန်အဝါက မတည်မငြိမ် ဖြစ်နေဆဲ ဖြစ်ကာ အလွန် သန်မာခြင်း မရှိလောက်ပေ။