ငရဲတံခါး ကျယ်ပြန့်လာခြင်း
Vol. 48 Ch. 708
လီကျင့်၊ အလီနှင့် စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးမှ အချို့သော အခြား သရုပ်ဆောင်များသည်လည်း အဓိက ရုပ်ရှင် ရိုက်ကူးရေး အဖွဲ့များထံမှ ဖိတ်ကြားမှုများ ရရှိပြီး သူတို့၏ အစီအစည်များ၌ ပါဝင်လာရန် မျှော်လင့်နေကြသည်။ အခကြေးငွေကလည်း မနည်းချေ။
လီကျင့်သည် စစ်ကား ဇာတ်လမ်းတွဲများအတွက် ဖိတ်ကြားမှု ခြောက်ခု ရရှိပြီး ဖြစ်ကာ အမြင့်ဆုံး အခကြေးငွေက တစ်ပိုင်းကို သုံးသန်း ဖြစ်သည်။ ပန်းတိုင်ကား စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး၏ ကျော်ကြားမှုကို အမှီပြု၍ အခွင့်ကောင်း ယူရန် ဖြစ်လေသည်။
လီကျင့်က ရယ်၍ ပြန်ပြောလိုက်သည်။
“ငါတို့တော့ ဒီတစ်ခေါက် အချီကြီး ပွတာပဲ”
“သခင်လေးရဲ့ကြောင့် ငါတို့ နာမည်ကြီးလာတာ”
“ဟားဟားဟား … ငါ သိနေတယ်လေ၊ သခင်လေးရဲ့နောက် လိုက်တာက မှန်ကန်တဲ့ ရွေးချယ်မှုပဲ”
“ငါ့ကိုယ်ငါ နာမည်ကြီး ကြယ်ပွင့်တစ်ယောက်အဖြစ် ပြောင်းလဲသွားသလို ခံစားနေရတယ်၊ ဟားဟားဟား …”
ရဲ့လင်းချန်က ပခုံးတွန့်ပြလိုက်သည်။
“ဒါက ဘာမှမဟုတ်ဘူး၊ စောင့်ကြည့်နေလိုက်ဦး”
ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို စိုက်ကြည့်လာသည်။
“လင်းချန်၊ ကျွန်မတို့ ပိုမြင့်တဲ့နေရာကို တက်နိုင်သေးတယ်လို့ … ရှင် ပြောချင်တာလား”
တုန်းမြောင်မြောင်က ပြောလာသည်။
“သုံးရာခိုင်နှုန်းကို ကျော်မယ်လို့ ငါတို့အတွက် မျှော်လင့်ချက် နည်းနည်း ရှိတယ်၊ ဒါပေမဲ့ ငါလည်း သိပ်မသေချာဘူး၊ ဘာပဲဖြစ်ဖြစ် အဲ့ဒါက နည်းနည်းလေး ခက်ခဲတယ်လေ၊ အရင်က တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက အမြင့်ဆုံးအချိန်မှာတောင် လေးရာခိုင်နှုန်းဝန်းကျင်ပဲ ရှိခဲ့တာ”
ရဲ့လင်းချန်က ခေါင်းခါပြသည်။
“အခု အဆင့်သက်မှတ်ချက်က ငါ မှန်းထားတဲ့ အဆင့်သက်မှတ်ချက်ကို ရောက်ဖို့ လိုသေးတယ်၊ ဒါက တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းထက် ပိုကောင်းသင့်တာ”
တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းသည် လူငယ်များအတွက် အသင့်တော်ဆုံး ဖြစ်သည်။ ၎င်းကို သဘောကျသည့် ပရိသတ်က စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးမျှ မရှိပေ။ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးသည် စစ်ကား ဇာတ်လမ်းတွဲ ဖြစ်သော်လည်း ပရိသတ်များသည်။
ဟောင်ယွင်က ပြောလာသည်။
“ဟင် … ရှင်က တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို ကျော်ဖို့ ကြိုးစားနေတာလား၊ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ကျွန်မ ထင်တယ်”
ရဲ့လင်းချန်က ရယ်နေသည်။
“မင်း ဒါကို အဲ့လို ယှဉ်လို့မရဘူးလေ”
တုန်းမြောင်မြောင်က ပြောသည်။
“ဒါက 4% ကျော်သွားနိုင်ရင် ကောင်းမှာပဲ”
ရဲ့လင်းချန်က ဆိတ်ဆိတ်နေ၍ ပြုံးနေသည်။
သုံးရာခိုင်နှုန်းလား။ လေးရာခိုင်နှုန်းလား။
နောက်ပိုင်းတွင် စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး၏ ဇာတ်ကြောင်းက ပိုမို၍ စိတ်ဝင်စားစရာ ကောင်းလာရုံသာ ရှိသည်။ ဇာတ်ကောင်များ၏ ကိုယ်ရည်ကိုယ်သွေး၊ လူတိုင်း၏ ဂုဏ်သိက္ခာ၊ သူတို့၏ တိုက်ပွဲအတွက် စိတ်အား ထက်သန်မှုနှင့် ကိုယ့်ကိုယ်ကိုယ် စတေးသွားသော စစ်သည်တော်များ။ ရန်သူနိုင်ငံနှင့် ရန်လိုမှုက ပို၍သာ ကြီးထွား လာပေလိမ့်မည်။ ထိုအချိန်ရောက်လာပါက ကြည့်ရှုသူများသည် မကြည့်ဘဲ နေနိုင်တော့မည် မဟုတ်ပါ။
ယင်းသည် … ရဲ့လင်းချန်၏ ယုံကြည်မှု ဖြစ်သည်။
ဤသည်မှာ အစသာ ရှိပေသေးသည်။ အဆင့် သက်မှတ်ချက်များသည် သေချာပေါက် ပို၍ ကြောက်စရာ ကောင်းလာပေလိမ့်မည်။
…
အနုပညာလောကအတွင်း၌ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးသည် လူတကာ ဆွေးနွေးနေသော ခေါင်းစဉ် ဖြစ်လာလေသည်။
“ဒါက တကယ်ကို အံ့ဩစရာပဲ၊ ဒါက ငါ ထင်ထားတာထက် ကျော်နေပြီ”
“ကျန်းထောင်နဲ့ ဟွမ်ရှင်းတို့ နှစ်ယောက်လုံးက အံ့ဩစရာကောင်းတဲ့ ကျော်ကြားမှု ရှိပင်မယ့် တကယ်ကြီး မြုပ်သွားတာပဲ”
“ဟုတ်တယ်၊ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက တကယ်ကို ရက်စက်တာပဲ၊၊ လိုင်းပေါ်က လူတချို့ ပြောနေတာက မှန်တယ်လို့ ငါ ထင်တယ်၊ အဆိုတော်ဝိုင်နဲ့ သရုပ်ဆောင်ဝိုက် ငပျော့ကောင်တွေက ရှေ့နောက်ညှပ်ပြီး နင်းချေနေတာပဲ၊ သူတို့က ငပျော့ကောင်တွေအားလုံးကို တကယ် ဒုက္ခပေးနေတာပဲ”
“ဒါက တကယ် အံ့ဩစရာကောင်းတာပဲ၊ သရုပ်ဆောင်ဝိုင်သာ သူ့ဇာတ်လမ်းတွဲတွေမှာ ငါ့ကို ပါဝင်ခွင့်ပေးရင် ငါ သေချာပေါက် ကြယ်ပွင့်အဖြစ် မြင့်တက်လာမှာပဲ၊ အဲ့လိုအခွင့်အရေးအတွက် ငါ့ဝိညာဉ်ကို ငါ ရောင်းစားမိမှာ”
“အားတွေ ချန်ထားလိုက်ဦး၊ ငယ်ရွယ်တဲ့ အမျိုးသမီး အနုပညာရှင် ဘယ်လောက်များများက အဲ့ဒီအခွင့်အရေးအတွက် မျက်စိကျနေလဲ မင်း သိလား၊ သရုပ်ဆောင်ဝိုင်က ဘယ်သူလဲဆိုတာကိုသာ သူတို့ သိရင် သူတို့ကိုယ်သူတို့ သူ့ကို ပစ်ပေးဖို့ တန်းတောင် စီနေဦးမှာ”
“ဟူး … ငါ ချန်ရှောင်ယန်ကို သိပ်အားကျတာပဲ၊ အဆိုတော်ဝိုင်ရဲ့ သဘောကျတာကို ခံရတာ သူ တကယ် ကံကောင်းတယ်၊ အဆိုတော်ဝိုင်သာ ငါ့ကို သီချင်းတစ်ပုဒ် ရေးပေးမယ်ဆိုရင် ငါ ဘာမဆို လုပ်မှာ”
“ဒီလိုလူတွေအတွက် နာမည်ကြီးဖို့က အလွယ်လေးပဲ၊ ဒါက သူ့အင်အားရဲ့ သက်သေပဲ”
“ဟုတ်တယ်၊ သူက ကြောက်ဖို့ကောင်းလွန်းတယ်”
…
ရုပ်ရှင် ကုမ္ပဏီတစ်ခု၌။
“မင်းတို့အားလုံး စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးကို ကြည့်ပြီးပြီ၊ ငါ့အတွက် အဲ့ဒါကို ဆန်းစစ်ပေးကြ၊ အဲ့ဒါ အောင်မြင်သွားတဲ့ လျှို့ဝှက်ချက်က ဘာလဲ”
“အဲ့ဒါက ဇာတ်ညွှန်းနဲ့ သရုပ်ဆောင်တဲ့ အရည်အချင်းလို့ ကျွန်တော် ထင်ပါတယ်”
“တိုက်ခိုက်ခန်းတွေက အရမ်း စိတ်ဝင်စားစရာ ကောင်းပြီးတော့ အထူးပြုလုပ်ချက်တွေကို မသုံးထားဘူး၊ ဒါတွေက တကယ့် တိုက်ခိုက်ခန်းတွေ၊ သူတို့ ဒီလောက် ပညာရှင်တွေကို ဘယ်ကနေ ရတာလဲ မသိဘူး”
“နာမည်ကြီး အနုပညာရှင် မပါဘူး၊ ဒါပေမဲ့ ထုတ်လုပ်ရေး အရည်အသွေးက ကောင်းလွန်းတယ်လို့ ပြောရမယ်”
“ဒီနှစ်တွေအတွင်းမှာ ငပျော့ကောင်တွေက အနုပညာ လောကကို အကြီးအကျယ် လွှမ်းမိုးခဲ့ပြီးတော့ တော်တော်များများကို ဒုက္ခပေးခဲ့တာ၊ ဒီငပျော့ကောင်တွေက သူတို့ရုပ်ရည်တစ်ခုတည်းကို အားကိုးပြီး ဒီ့ထက် ပိုလုပ်လို့ မရဘူးဆိုတာကို သရုပ်ဆောင်ဝိုင်က လူတိုင်းကို သတိပေးလိုက်တာပဲ၊ အရည်အသွေးကောင်းတဲ့ ဇာတ်ညွှန်း၊ ရိုက်ကူးရေးနဲ့ သရုပ်ဆောင် အရည်အသွေးတွေက အမြင့်ကို ရောက်ဖို့အတွက် အရေးကြီးတဲ့ အရာတွေပဲ”
“ဒါတွေက တကယ့်အကြောင်းရင်းတွေပဲ၊ နှလုံးသားမဲ့ ဓားသမားနဲ့ အကောင်းဆုံးအချိန်ရဲ့ အဆင့် သက်မှတ်ချက်တွေ အဲ့လောက် မြန်မြန် ကျရတာက သူတို့က ကနဦး အမြင့်ရောက်ဖို့အတွက် ပရိသတ်တွေကို အားထားလွန်းလို့ပဲ၊ ဆက်ကြည့်ဖို့ ဆုံးဖြတ်ချက် ပြတ်သားတဲ့ ကြည့်ရှုသူတွေ မရှိတော့ရင် အဆင့် သက်မှတ်ချက်က တဖြည်းဖြည်း ကျသွားမှာပဲ”
…
Weibo ပေါ်၌။
လူအများသည် အဆင့် သက်မှတ်ချက်များအတွက် ထပ်မံ၍ ခန့်မှန်းချက်များ ပြန်ပြောနေကြလေသည်။
[အား … ငါ အရမ်း စိတ်လှုပ်ရှားနေပြီ၊ ဒီည ငါ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးကို ထပ်ကြည့်နိုင်တော့မယ်ကွ]
[ငါ အခုလေးတင် အရင် လေးပိုင်းကို ပြန်ကြည့်နေတာ၊ သောက်ရမ်းကောင်းတယ်ကွာ]
[တကယ့် ယောက်ျားတစ်ယောက်က အဲ့လိုပဲ ဖြစ်သင့်တာ၊ ငါ သိုင်းပညာ သင်ချင်လာပြီ]
[ဒီနေ့ အဆင့်သက်မှတ်ချက်တွေက ထပ်ပြီးတော့ ပေါက်ကွဲထွက်ဦးမှာပဲ]
[သူတို့ သုံးရာခိုင်နှုန်းကျော်အထိ သွားနိုင်မလား]
[အဲ့လောက်က ပြဿနာ မဟုတ်လောက်ပါဘူး]
[သရုပ်ဆောင်ဝိုင်က အံ့ဩဖို့ကောင်းလွန်းတယ်၊ သူက ငါတို့ကို ဘယ်တော့မှ စိတ်မပျက်စေရဘူး]
[သူက ငပျော့ကောင်တွေကို ထပ်ပြီး ရိုက်ချလိုက်တာပဲ၊ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက ဘယ်လောက်ထိ သွားနိုင်မလဲ ငါ သိချင်မိတယ်]
…
ထို့နောက် ဇာတ်လမ်းတွဲများက ဆက်လက်၍ ထုတ်လွှင့်နေကြသည်။
တစ်ရက်၊ နှစ်ရက်၊ သုံးရက် …
အဆင့် သက်မှတ်ချက်များကို တစ်နေ့ပြီး တစ်နေ့ ကြေညာသွားသည်။ အကြိမ်တိုင်း ၎င်းက ကြည့်ရှုသူများကို အံ့ဩမှုများ ယူဆောင်လာပေးခဲ့သည်။
မရေတွက်နိုင်သော ခန့်မှန်းချက်များ လုပ်ခဲ့သော်လည်း စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက သူတို့ကို တစ်ကြိမ်ပြီး တစ်ကြိမ် အံ့ဩအောင် လုပ်နိုင်ခဲ့ကာ ကြည့်ရှုသူများ၏ နှလုံးသားကို စိန်ခေါ်နိုင်ခဲ့သည်။
နေ့တိုင်း ကြည့်ရှုသူများသည် စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး၏ အဆင့် သက်မှတ်ချက်များကြောင့် ထိတ်လန့် နေကြရသည်။
သုံးရက်မြောက်နေ့ 3.01%
လေးရက်မြောက်နေ့ 3.36%
ခုနစ်ရက်မြောက်နေ့ 3.82%
ဆယ်ရက်မြောက်နေ့ 4.56%
…
ဆယ့်သုံးရက်မြောက်နေ့ 5.98%
စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးတွင် စုစုပေါင်း သုံးဆယ့်နှစ်ပိုင်း ပါရှိသည်။ နောက်ထပ် ခြောက်ပိုင်း ထုတ်လွှင့်ရန် ရှိသေးသော်လည်း အဆင့် သက်မှတ်ချက်များက 6% သို့ ရောက်လုနီးပါး ဖြစ်နေကာ အချိန်မရွေး ကျော်တော့မည်ဟု ထင်ရသည်။
ဤသည်က မယုံနိုင်စရာကောင်းလွန်းလှသည်။
ဤသည်ကို ကြည့်ရုံနှင့် သူတို့ ကြက်သီးထကာ သူတို့ဘဝကို သံသယပင် ဝင်လာစေသည်။
မီဒီယာ၊ ငပျော့ကောင်များနှင့် အခြားသော ကြည့်ရှုသူများအားလုံး ရူးမတတ် ဖြစ်သွားကြသည်။
အင်တာနက်ကြောင့် ဇာတ်လမ်းတွဲများ၏ အဆင့် သက်မှတ်ချက်များ ကျဆင်းသွားသည်မှာ နှစ်ပေါင်းများစွာ ရှိနေလေပြီ။ 2% သည်ပင် ကြီးမားသော အောင်မြင်မှုဟု သတ်မှတ်နေခဲ့ကြသည်။ အကယ်၍ တစ်ခုခုက 3% ကို ရရှိခဲ့ပါက ၎င်းအား ဂန္တဝင် လက်ရာတစ်ခုဟု သတ်မှတ်ကြပြီး အောင်မြင်မှုကြီးပင်။
သို့သော် ယခုတစ်ခေါက်၌ ယင်းက 6% သို့ ရောက်လုနီးပါးပင်။
ယင်းကား အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှပေ၏။
အနုပညာရှင် တော်တော်များများသည် စိတ်ထဲမှ ကျိန်ဆဲနေမိသည်။ သရုပ်ဆောင်ဝိုင်သည် ဤသို့သော မကောင်းဆိုးဝါးမျိုး ဖြစ်လေသည်။ သူ၏ ဇာတ်လမ်းတွဲများက ပြင်းထန်သော အရှိန်ဖြင့် အဆင့် သက်မှတ်ချက်များကို မြင့်တက်လာအောင် လုပ်နိုင်ခဲ့သည်။ သူတို့ ဘယ်လိုလုပ် ရှင်သန်ရပါတော့မည်နည်း။
…
ထိုအခိုက်တွင် မြို့တော် ဒေသသစ်၌။
“ဒါရိုက်တာ ကျုပ်တို့ တကယ်ပဲ အဲ့ဒီအဆင့်ကို ရောက်နေပြီလား”
ချင်ပိုင်ချွမ်း၏ မျက်နှာတွင် လေးနက်သော အမူအရာ ရှိနေ၏။
“ငရဲတံခါးကနေ လာတဲ့ စိတ်ဝိညာဉ်စွမ်းအင် အတက်အကျအရ ဒါက မကြာခင် ကျယ်ပြန့်လာတော့မယ်”
ချန်ချီက သက်ပြင်းချ၍ ပြောလိုက်သည်။
“နောက်ဆုံးတခေါက် ကျယ်ပြန့်လာတာက လွန်ခဲ့တဲ့ သုံးနှစ်ကပဲ၊ ဒါက ပိုပိုပြီး အကြိမ်ရေများလာတယ်၊ အဲ့ဒီဘက်က ဟင်းလင်းပြင်နယ်မြေက မကြာခင် အပြည့်အဝ ပွင့်လာမယ်လို့ ကျုပ် ထင်တယ်”
လင်းထျန်းရှုံးက မသက်မသာနှင့် ပြောလာသည်။
“လွန်ခဲ့တဲ့ သုံးနှစ်က တိုက်ပွဲ …”
ချန်ချီ၏ မျက်လုံးတွင် ကြီးမားသော ဝမ်းနည်းမှု အရိပ်အယောင် ပေါ်လာ၏။
ငါတို့ အတွင်းအားအဆင့် တစ်ယောက်နဲ့ လေ့ကျင့်အဆင့် ပညာရှင် သုံးယောက် ဆုံးရှုံးခဲ့ရတယ်၊ သာမန် စစ်သည်တော်တွေရဲ့ သေဆုံးမှုက နှစ်ထောင်ကျော်ခဲ့တယ်”
ချင်ပိုင်ချွမ်းက တစ်ခဏမျှ ငြိမ်နေသည်။
“ဒါရိုက်တာ၊ အရင်တစ်ခေါက် ငရဲတံခါး ကျယ်ပြန့်လာတုန်းက ဟင်းလင်းပြင်ထဲကနေ ဆရာသခင် ဘယ်နှစ်ယောက် ထွက်လာခဲ့တာလဲ”
“အေအဆင့် သတ္တဝါ နှစ်ကောင်နဲ့ ဘီအဆင့် သတ္တဝါ ခုနစ်ကောင်က ဦးဆောင်ခဲ့တာ”
ချန်ချီ၏ အသံတွင် ခါးသီးမှုအရိပ်အယောင်များ ပါဝင်နေသည်။
“ဒါသာ ထပ်ကျယ်ပြန့်လာခဲ့ရင် ထွက်လာမယ့် ဆရာသခင်တွေက ပိုသန်မာလာဖို့ပဲ ရှိတယ်”
ချင်ပိုင်ချွမ်းနှင့် အခြားသူများ အချင်းချင်း ပြန်ကြည့်ကာ ပင့်သက်ရှိုက်လိုက်မိကြသည်။
“ဒါရိုက်တာချန်၊ ကျုပ်တို့ကို တိုက်ပွဲထဲ ပါဝင်ခွင့်ပေးပါ”
ချန်ချီ အနည်းငယ် အံ့ဩသွားသည်။ သူက ခေါင်းခါ၍ ပြန်ပြောလိုက်သည်။
“မင်းတို့တာဝန်ကို မင်းတို့ လုပ်သင့်တယ်၊ ဒါ မင်းတို့ကိုယ်တိုင် ပါဝင်ရမယ့်နေရာ မဟုတ်ဘူး”
“ဒါရိုက်တာ၊ ကျုပ်တို့ငါးယောက်က မူလ စိတ်ဝိညာဉ်အဆင့် မဟုတ်ပင်မယ့်၊ ကျုပ်တို့ အတွင်းအားက အမြင့်ဆုံးမှာပါ၊ ဒီလိုအချိန်မျိုးမှာ ကျုပ်တို့ ဘယ်လိုလုပ် မပါဘဲ နေနိုင်မှာလဲ”
ချင်ပိုင်ချွမ်းက ထိုသို့ပြောပြီး မျက်လုံးချင်းဆုံအောင် စိုက်ကြည့်လိုက်သည်။
လင်းထျန်းရှုံးက ဝင်ပြောသည်။
“ဒါရိုက်တာ၊ အရင်တုန်းက ကျုပ်ဒဏ်ရာကြောင့် ကျုပ် ငကြောက်တစ်ယောက်လို နေခဲ့ရတယ်၊ အခု ကျုပ် နေပြန်ကောင်းနေပြီဆိုတော့ ဒီအခွင့်အရေးကို အသုံးချပြီး ကျုပ်စိတ်အတိုင်း တိုက်ခိုက်ပြီး တိုက်ပွဲထဲမှ ကျဆုံးခဲ့ရတဲ့ ကျုပ်တို့ ညီအစ်ကိုတွေအတွက် လက်စားချေချင်တယ်”
“ကျုပ်တို့ အသက်ကြီးနေပြီ၊ အခု စစ်ထဲ ဝင်မပါရင် ကျုပ်တို့ မလှုပ်နိုင်တော့တဲ့အချိန်မှ ဝင်ပါဖို့ မျှော်လင့်နေတာလား”
ဝံပုလွေပြာ၏ နည်းပြချုပ်က မေးလာသည်။
“ဒါရိုက်တာ၊ ကျုပ်တို့ကို သွားခွင့်ပေးပါ”
“ကျုပ်တို့ကို စစ်ထဲ ဝင်ပါခွင့်ပေးပါ၊ ကျုပ်တို့လို အင်အားနဲ့လူတွေက စစ်ထဲ ဝင်မပါတာ အလကား ဖြစ်သလို ရှက်ဖို့လဲ ကောင်းတယ်၊ ကျုပ်တို့ ညီအစ်ကိုတွေအများကြီးကို ဆုံးရှုံးခဲ့ရပြီးပြီ”
“လူငယ် စစ်သည်တော်တွေ အများကြီးပါ၊ ကျုပ်တို့ သေဆုံးမှုက ဘာမှမဟုတ်ဘူး၊ ပြီးတော့ ကျုပ် အိုမင်းပြီး မသေချင်ဘူး၊ ကျုပ် တိုက်ခိုက်ရင်း သေဆုံးချင်တယ်”
…