ဝံပုလွေများနှင့် ခွေးအများ
Vol. 17 Ch. 252
“စပြီ”
လူအုပ်ကြီးသည် အလေးအနက် ဖြစ်သွားပြီး ခန္ဓာကိုယ်များ တောင့်တင်းလာကြသည်။
သူတို့ ဝံပုလွေပေါက်လေးများအပေါ် မျှော်လင့်ချက် အနည်းငယ်သာ ရှိသော်လည်း ထူးခြားဆန်းကြယ်မှု ဖြစ်ပေါ်လာရန် မျှော်လင့်မိနေသည်။
ခွေးအခြောက်ကောင်က သူတို့ ခန္ဓာကိုယ်များကို ကိုင်းထားပြီး ရှောင်ချင်နှင့် ရှောင်ဟွေအား ခုန်အုပ်လေသည်။
ရှောင်ချင်နှင့် ရှောင်ဟွေတို့ကလည်း ကိုယ်ကိုကိုင်း၍ ကြောက်လန့်ခြင်းမရှိဘဲ ပြန်လည် တိုက်ခိုက်သည်။
ရှောင်ချင်နှင့် ရှောင်ဟွေတို့၏ လှုပ်ရှားမှုများက မြန်ဆန်သည်။ သူတို့က ခန္ဓာကိုယ် ပိုသေးသော်လည်း အရှိန်နှင့် ခွန်အားတို့တွင် ပိုသာပြီး စွမ်းရည်တွင် ခွေးအများထက် မနိမ့်ပေ။
သူတို့၏ သေးငယ်သော လက်သည်းများနှင့် အစွယ်များဖြင့် ကြမ်းကြုတ်စွာ တိုက်ခိုက်၍ ခွေးအများကို ရင်ဆိုင်နေသည်။ ထို့အပြင် သူတို့၏ လျင်မြန်သွက်လက်သော ခန္ဓာကိုယ်ကြောင့် အလွယ်တကူ ရှောင်တိမ်းနိုင်ပြီး ပြန်လည် တိုက်ခိုက်နိုင်လေသည်။
“လခွမ်း ဒီဝံပုလွေပေါက်လေးတွေက လေ့ကျင့်ထားတာလား”
“မိုက်တယ်ဟ အံ့ဩဖို့ကောင်းတယ်၊ မီးခိုးရောင်နဲ့ တစ်ကောင်ကို ကြည့်လိုက်၊ အဲ့ကောင်က လူလိုရပ်နေတာလား”
“အစိမ်းရောင်နဲ့ကောင်ကိုလည်း ကြည့်ဦး၊ ဘယ်ညာ ရှောင်ကွင်းပြီးတော့မှ ဟာကွက်တွေ့တာနဲ့ ဝင်တိုက်တာ၊ သူတို့က နည်းစနစ်နဲ့ကို တိုက်ခိုက်နေတာပဲ”
“အံ့ဩဖို့ကောင်းလိုက်တာ၊ သူတို့က မိစ္ဆာပုံစံလို ပြောင်းသွားတာပဲ၊ တကယ့်ကို မိစ္ဆာတွေလိုပဲ”
“ကောင်းလိုက်တဲ့ ကိုက်ချက်၊ အဲ့ကိုက်ချက်ကြောင့် ခွေးအတစ်ကောင်တော့ အထိနာသွားပြီ၊ ကောင်းတယ်”
“မယုံနိုင်စရာ ကောင်းလိုက်တာ၊ အဲ့ဝံပုလွေပေါက်လေး နှစ်ကောင်သာ ကြီးလာရင် ဘာဖြစ်လာမလဲ မသိဘူး”
…
ထိုအခိုက်တွင် ဆာဖာရီဥယျာဉ်၏ ဒါရိုက်တာသည် ဘူးသီးလုံးမျှ ချွေးသီးချွေးပေါက်များ ကျနေပြီး စိုးရိမ် တုန်လှုပ်နေ၏။
မျက်မှန်ဝိုင်းတစ်လက် တက်ထားသော သူ့မျက်နှာက နီမြန်းနေပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။
“ချီးပဲ မင်းတို့ကောင်တွေ ဘာလုပ်နေတာလဲ၊ ကယ်ဆယ်ရေးအဖွဲ့က ဘာလို့ ရောက်မလာသေးတာလဲ”
“ဒါရိုက်တာရှား သူတို့ ရောက်ခါနီးပါပြီ”
ဝန်ထမ်းတစ်ယောက်က သူ့နဖူးမှ ချွေးကို သုတ်လျက် ပြန်ဖြေလာသည်။
“ရောက်ခါနီးပြီ ဟုတ်လား၊ ဘယ်လောက် ကြာဦးမှာလဲ၊ သူတို့ တည်နေရာ ပြောင်းနိုင်လို့လား”
ဒါရိုက်တာရှားက တုန်ယင်နေသော အသံဖြင့် မေးလိုက်ပြီး မျက်လုံးများက ပြူးကျယ်နေ၏။
“ငါတို့မှာ အချိန် ရှိပင်မယ့် အဲ့ကလေးမှာ မရှိဘူးကွ၊ ငါတို့ ဆာဖာရီဥယျာဉ် ဘယ်လောက် ဆုံးရှုံးမှုတွေ ခံရမလဲ မင်းတို့ သိလား”
ဒါရိုက်တာရှား၏ အသံက ပြာနှမ်းနေသည်။ ဖြစ်လာမည့် အကျိုးဆက်များကို တွေးမိရုံနှင့်တင် သူ ကျောချမ်း လာရသည်။
ဖြစ်သမျှက သူတို့ ဆာဖာရီ၏ တာဝန်ပင်။ တစ်ခုခု ဖြစ်ခဲ့ပါက အကျိုးဆက်များက သူ့အတွက် တောင့်ခံရန်ပင် ခက်ခဲလောက်သည်။
ကလေးက သူ့ဘာသာသူ ကားထဲမှ ထွက်သွားခဲ့ခြင်း ဖြစ်သော်လည်း ဆာဖာရီက ထိုဧရိယာတွင် အန္တရာယ် သတိပေး ဆိုင်းဘုတ်များ မထားထားချေ။ ထို့အပြင် သူတို့၏ နှေးကွေးသော ကယ်ဆယ်ရေး လုပ်ငန်းစဉ်ကြောင့် အခြေအနေက ပိုဆိုးလာသည်။ ထို့ကြောင့် သူသည် အများပြည်သူထံမှ ဖိအားနှင့် ရင်ဆိုင်နေရပြီး ကျဉ်းထဲကျပ်ထဲ အခြေအနေ၌ ပိတ်မိနေ၏။
“ဒါရိုက်တာ ဒါရိုက်တာ”
ထိုစဉ် နောက်ဝန်ထမ်းတစ်ယောက်က ပြေးလာသည်။ သူ့အသံတွင် အံ့ဩနေသော အရိပ်အယောင်တို့ ပါဝင် နေသည်။
“ဘာလဲ၊ အဲ့ကလေးကို ကယ်ပြီးသွားပြီလား”
ဒါရိုက်တာရှားက ထိုလူကို စိုက်ကြည့်လိုက်ပြီး သူ့အသံတွင် စိုးရိမ်စိတ်နှင့် မျှော်လင့်ဟန်တို့ ပြည့်နှက်နေလေသည်။
“မဟုတ်ပါဘူး ဆာ၊ ကယ်ဆယ်ရေးအဖွဲ့က သွားနေတုန်းပါပဲ”
“ဘာ … လမ်းမှာပဲ ဟုတ်လား၊ မင်းတို့ကောင်တွေ ဘာလုပ်နေတာလဲ”
ဒါရိုက်တာရှား ခေါင်းမွေးထောင်သွားသည်။ သူသည် ကြမ်းပြင်ပေါ် ပစ်လဲကျသွားပြီး အသက်ကို မနည်းရှူကာ ခါးသက်စွာ ပြောလိုက်သည်။
“သွားပြီ၊ အခု အဲ့ကလေး အစားခံလိုက်ရတာ သေချာတယ်၊ မျှော်လင့်ချက်အားလုံး ကုန်သွားပြီပဲ …”
“ဒါရိုက်တာ အဲ့လို မဟုတ်ပါဘူး”
ထိုလူက တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပြောလာသ်ည။
“ဝံပုလွေပေါက်လေး နှစ်ကောင် ပေါ်လာပြီး အဲ့ကလေးကို ကာကွယ်ပေးနေလို့ပါ၊ သူတို့က ခွေးအတွေကို တိုက်ခိုက်နေတာပါ”
“ဝံပုလွေပေါက်လေးတွေလား၊ တိုက်ခိုက်နေတာ ဟုတ်လား”
ဒါရိုက်တာရှား နားဝေတိမ်တောင် ဖြစ်သွားသည်။
“မင်း ငါ့ကို နောက်နေတာလား”
“မဟုတ်ပါဘူး ဆာ၊ ဒါရိုက်တာ ကျေးဇူးပြုပြီး ကျွန်တော့်နောက် လိုက်ခဲ့ပေးပါ”
တစ်ဖွဲ့လုံး လုံခြုံရေးအခန်းသို့ အပြေးသွားကြသည်။ လုံခြုံရေး အခန်းက ဆာဖာရီတစ်ခုလုံးကို မမြင်နိုင်သော်လည်း အန္တရာယ်များသော တိရစ္ဆာန်များ၏ နယ်မြေများကို ကြည့်နိုင်သဖြင့် သူတို့ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်ရသည်။
စီစီတီဗွီမှ အခြေအနေကို မြင်သောအခါ ဒါရိုက်တာရှား တွေဝေသွားသည်။ သူ အထင်မှားနေခြင်း မဟုတ်ကြောင်း သေချာစေရန် မျက်လုံးကို ပွတ်၍ ကြည့်လိုက်သည်။
*ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ဖန်သားပြင်တွင် ဝံပုလွေပေါက်လေး နှစ်ကောင်က ခြေစုံကန်၍ ခွေးအခြောက်ကောင်ကို ရင်ဆိုင်၍ အားမာန် အပြည့်ဖြင့် တိုက်ခိုက်နေသည်။
“အဲ့ဝံပုလွေပေါက်လေးတွေက တစ်နှစ်တောင် မပြည့်သေးဘူး”
ဒါရိုက်တာရှားက ဝံပုလွေပေါက်လေးများ၏ အသွင်အပြင်ကို စိစစ်လိုက်ပြီးနောက် တအံ့တဩ ပြောလေသည်။
“ဒါပေမဲ့ သူတို့ခွန်အားက အရွယ်ရောက်ပြီးသား ဝံပုလွေတစ်ကောင်နဲ့ ယှဉ်လို့ရတယ်”
“ဒါက အကုန် မဟုတ်သေးဘူး၊ အဲ့ဝံပုလွေပေါက်လေးတွေ တိုက်ခိုက်တဲ့ပုံစံက သာမန် တောရိုင်းတိရစ္ဆာန်တွေ ကိုက်ဖြတ်ကုတ်ဖဲ့တာနဲ့ မတူဘူး၊ သူတို့က ဟာကွက်ကို စိတ်ရှည်လက်ရှည် စောင့်နေနိုင်စွမ်း ရှိတယ်၊ ပြီးတော့ သူတို့ တိုက်ခိုက်မှုက အရမ်း ဉာဏ်များတယ်၊ ပြီးတော့ သူတို့ ကျွမ်းကျင်မှုက ကြောက်ဖို့တောင် ကောင်းတယ်”
လုံခြုံရေးအခန်းထဲ၌ သက်ကြီးပိုင်းများစွာ ရှိပြီး သူတို့အားလုံးက ဖန်သားပြင်ကို အပြည့်အဝ အာရုံစိုက် ထားကြသည်။
သူတို့သည် ဆာဖာရီမှ တိရစ္ဆာန် ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသည်။ သူတို့သည် ဝံပုလွေပေါက်လေး နှစ်ကောင်ကို မြင်သောအခါ ထိတ်လန့်နေကြလေသည်။
“ကြောက်စရာပဲ၊ ဒီဝံပုလွေပေါက်လေး နှစ်ကောင်သာ ဒီနှုန်းအတိုင်း ဆက်ကြီးပြင်းလာရင် သူတို့က ကျားတစ်ကောင် နဲ့တောင် ယှဉ်လို့ရတယ်”
အဘိုးအိုတစ်ယောက်က ပြောလာသည်။
“ပြီးတော့ သူတို့က လူသားတွေကို မစိမ်းဘဲ ကလေးကို လာကယ်ကြတယ်၊ ဒါက မယုံနိုင်စရာ ကောင်းလွန်းတာပဲ”
“ဒီဝံပုလွေပေါက်လေး နှစ်ကောင်က ငါတို့ ဆာဖာရီကို ကယ်လိုက်တာပဲ”
“သူတို့က ဘယ်က ရောက်လာတာလဲ၊ ငါတို့ ဆာဖာရီမှာ မှတ်တမ်းတင်ထားတာ ရှိလား”
ဒါရိုက်တာရှားက မေးလိုက်သည်။
လူတိုင်း အချင်းချင်း ပြန်ကြည့်လိုက်ပြီးနောက် ခေါင်းခါကြသည်။ တိရစ္ဆာန်များကို အစာကျွေးရန် တာဝန်ယူ ထားသည့် ဝန်ထမ်းများဖြင့် ထိုဝံပုလွေပေါက်လေးများ မွေးလာသည့် မှတ်တမ်းကို သတိရခြင်း မရှိချေ။
ထိုအချိန်တွင် တိုက်ပွဲက အဆုံးသတ်ခါ နီးလာသည်။
ခွေးအခြောက်ကောင်လုံး သွေးအလိမ်းလိမ်း ဖြစ်နေပြီး လက်သည်းရာများနှင့် ကိုက်ရာများ ပြည့်နေသည်။ လေးကောင်ဆိုလျင် ခွေယိုင်နေ၏။ သူတို့က ရှောင်ဟွေနှင့် ရှောင်ချင်အား ထိတ်လန့် ကြောက်ရွံ့သော အကြည့်များဖြင့် ကြည့်နေကြသည်။
ဝံပုလွေပေါက်လေး နှစ်ကောင်က ထိုမျှ အန္တရာယ်များလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။ သူတို့၏ လောကအပေါ် မြင်သော အမြင်များ ယိုင်နဲ့လာလေသည်။
ရှောင်ဟွေနှင့် ရှောင်ချင်တို့လည်း ဒဏ်ရာရထားပါသည်။ သို့သော် သူတို့က မတူပေ။ သူတို့သည် မထင်မှတ်ထား လောက်အောင် သန်မာသော ကြွက်သားတို့ဖြင့် ခန္ဓာကိုယ်အား လှုပ်ရှားနိုင်သည်။ သူတို့က ခေါင်းများကို မော်၍ ခွေးအများက ထီမထင်ဟန်ဖြင့် ကြည့်နေသည်။
ထိုစဉ် ခွေးအများ၏ ကောက်ကျစ်သော သဘာဝက ရှင်းရှင်းလင်းလင်း ပေါ်လာ၏။ သူတို့က မထွက်သွားဘဲ ဝံပုလွေပေါက်လေးများကို ဝိုင်းထားပြီး သူတို့အသက်ကို လောင်းကြေးထပ်ရန် အသင့်ဖြစ်နေပုံ ပေါ်သည်။
“ဝုတ်”
သူတို့က ပြိုင်တူ ပြေးတက်လာပြီး အစွယ်များကို ဖြဲထားလေသည်။
“ချီးပဲ သူတို့က ကလေးကို ချိန်နေတာပဲ”
လူအုပ်ထဲမှတစ်ယောက်သည် ခွေးအတစ်ကောင်က ဝံပုလွေပေါက်လေးများအစား ကလေးအား ချိန်နေသည်ကို မြင်လိုက်သဖြင့် ထအော်သည်။
“မြေယိုး၊ ခွေးသူတောင်းစား ရပ်လိုက်စမ်း”
“အကျင့်ယုတ်လိုက်တာ”
လူတိုင်း လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ အဆုံးသတ်၌ ထိုသို့သော လှည့်ကွက် ဖြစ်လာမည်ဟု မည်သူက ထင်ထားမည်နည်း။
ထျန်းထျန်းသည် ကလေးအရွယ်သာ ရှိသေး၏။ ကိုက်ချက်လေး တစ်ချက်မျှသာ ဖြစ်သော်လည်း ဒဏ်ရာက ပြင်းလောက်သည်။ ကြိုးစားအားထုတ်ထားသမျှ အချည်းနှီး ဖြစ်ကုန်ပေတော့မည်။
“ထျန်းထျန်း ဘေးဖယ်လိုက်၊ လည်ပင်းကို အကိုက်မခံနဲ့”
ထိုသို့သောအချိန်၌ သူတို့ သူအသက်ရှင်ရန် ဆုတောင်းရုံမျှသာ တတ်နိုင်ပေသည်။
ခွေးအ၏ အစွယ်များက ကလေးနှင့် တဖြည်းဖြည်း နီးလာသည်ကို လူအုပ်ကြီးက မတတ်သာဘဲ ကြည့်နေရချိန်တွင် အစိမ်းရောင် ပုံရိပ်တစ်ခုက ကြားဖြတ်ဝင်လာပြီး ခွေးအ၏ အစွယ်ကို ၎င်းခန္ဓာကိုယ်ဖြင့် တားဆီးလိုက်သည်။
ထိုအခါ အရာအားလုံး ရပ်တန့်သွားပြီး အချိန်ပင် ရပ်သွားသည်ဟု ထင်မှတ်ရသည်။ လူတိုင်း ထိတ်လန့်ကာ ပါးစပ်ကို လက်ဖြင့် အုပ်ထားကြသည်။
ခွေးအက ရှောင်ချင်ကို ကိုက်မိသွားသည်။ ရှောင်ချင် နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် ခွေးအ၏ မျက်လုံးကို လက်သည်းဖြင့် အားကုန် ကုတ်လိုက်သဖြင့် သွေးများ ပန်းထွက်၏။
“အီ…”
ခွေးအက နာကျင်စွာ အော်ဟစ်လေသည်။ ၎င်းမျက်လုံးတစ်ဖက် ကန်းသွားသဖြင့် နောက်လှည့်ကာ သုတ်ခြေတင် ထွက်ပြေးတော့သည်။
အခြားခွေးအများကလည်း ၎င်းနည်းတူ အီကာ အမြီးကုပ်၍ ခပ်သုတ်သုတ် ပြေးသွားကြသည်။
*ဒါ … ဒါ နိုင်သွားတာလား*
လူအုပ်ကြီးက ဝံပုလွေပေါက်လေး နှစ်ကောင်ကို မျက်လုံးအပြူးသားဖြင့် ငေးကြည့်ကာ ငေးငိုင်နေကြလေသည်။