← Chapters

ငါတို့တော့သွားပြီ

Vol. 24 Ch. 360

ငါတို့တော့သွားပြီ

Vol. 24 Ch. 360

*ပြေးလမ်းကြောင်းကနေ ဝေးဝေးနေရမယ် ဟုတ်လား*

ဥက္ကဋ္ဌရှုနှင် ကျန်လူများအားလုံး ရင်တုန်သွားကြသည်။ သူတို့ ထိတ်လန့်တကြား ထရပ်လိုက်ကြသည်။

*ဒါ … တစ်ခုခု မှားနေပြီလား*

သို့သော် သူတို့ မတုံ့ပြန်နိုင်ခင်မှာပင် ပြေးလမ်းကြောင်းမှနေ၍ စူးရှသော ကျွီခနဲ မြည်သံတစ်သံ ထွက်ပေါ် လာသည်။

ထို့နောက် ပြိုင်ကားက တိခနဲ ရပ်သွားသည်။ သို့သော် အားစုစည်းသကဲ့သို့ အင်ဂျင်သံက ပိုကျယ်လောင် လာသည်။

တစ်ခဏအတွင်းမှာပင် သားကောင် ချောင်းနေသည့် ဆာလောင်နေသော ကျားတစ်ကောင်ကဲ့သို့ ပြေးလမ်းကြောင်းပေါ်၌ မြန်နှုန်းအပြည့်ဖြင့် မောင်းထွက်လာသည်။

ထိုသို့သောအချိန်၌ ပြေးလမ်းကြောင်းကို လူပေါင်းများစွာက ဝန်းရံထားသည်။ သူတို့သည် အနီးကပ် ကြည့်နိုင်ရန် တွန်းထိုးနေကြပြီး ခွင့်ပြုထားပါက သူတို့ခန္ဓာကိုယ်ကို ပြေးလမ်းကြောင်းနား ကပ်ထား လောက်သည်။ အခြေအနေက ဤသို့ ရုတ်တရက်ကြီး ပြောင်းလဲသွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သူတို့အားလုံး ဆောက်တည်ရာမရ ဖြစ်ကုန်သည်။

“ဝူး ဝူး ဝူး”

ပြိုင်ကား၏ အင်ဂျင်သံက ညံနေပြီး မသိလျင် သေမင်းတမန်၏ အသံဟုပင် ထင်မှတ်ရသည်။

“လခွမ်း ဘာတွေဖြစ်နေတာလဲ၊ အဲ့ကားက ငါတို့ဆီ လာနေတာလား”

“သူတို့က ငါတို့ကို အသုံးချပြီးတော့ ကားကို ငါတို့ဘေးက ဖြတ်သွားခိုင်းပြီး အလိုအလျောက် မောင်းနှင်ခြင်းရဲ့ အာရုံခံစနစ်ကို ပြချင်နေတာလား”

“မင်းဖင်ကြီးကိုပဲ အာရုံခံစနစ်လုပ်နေလိုက်၊ ပြေးတော့ မြန်မြန်”

“အရူး မင်းဘေးကနေ အရှိန်နဲ့ ဖြတ်မယ့်အစား မင်းကို အရှိန်နဲ့ တိုက်မှာကွ၊ ငိုင်မနေဘဲ ပြေးတော့”

ချက်ချင်းဆိုသလိုပင် ထိုနေရာတစ်ခုလုံး ပျာယာခတ်သွားသည်။ လူတွေက အချင်းချင်း တွန်းတိုက်ကြသဖြင့် တော်တော်များများက လဲကျကုန်သည်။ ဤမြင်ကွင်းက သနားစရာပင်။

ပို၍ အရေးကြီးသည်မှာ ကားက အရှိန်ဖြင့် တည့်တည့်လာနေရုံတင်မကပေ။ ၎င်းက တစ်ခါတရံ၌ ဟိုကွေ့ဒီကွေ့ လုပ်ခြင်း သို့မဟုတ် စနစ်တကျ မဟုတ်ဘဲ ပြောင်းပြန်လည်နေခြင်း စသဖြင့်တို့ ပြုလုပ်နေ၏။ ဘယ်နေရာကို မောင်းသွားမလဲ ဘယ်သူမှ မသိပေ။ ယင်းက ကြောက်စရာကောင်းလှပြီး သူတို့သည် သေမင်းတမန် လက်ထဲ၌ ကစားခံနေရသည်ဟု ထင်မှတ်မိရသည်။

“မင်းတို့ ဘာလို့ အဲ့မှာ ရပ်နေသေးတာလဲ၊ အခြေအနေကို သွားကယ်ကြလေ”

ဥက္ကဋ္ဌရှု၏ အသံက အော်ဟစ်ရခြင်းကြောင့် ပြာအက်လာသည်။ သူ အသည်းအသန် အော်ဟစ်ရသဖြင့် မျက်နှာက နီရဲတက်လာ၏။

ဤသို့သော အခြေအနေမျိုးအတွက် သူတို့ ပြင်ဆင်ထား၍ ကံကောင်းသွားသည်။ ကားကြီး‌ လေးစီးက ချက်ချင်း ရှေ့သို့ တက်လာပြီး အရပ်လေးမျက်နှာမှနေ၍ ပြိုင်ကားကို ဟန့်တားကာ အလယ်၌ ပိတ်ထားလိုက်သည်။

နောက်ဆုံးတွင် မတော်တဆမှုက ပြီးဆုံးသွားလေသည်။ သို့သော် လူအုပ်ကြီး၏ ကြောက်စိတ်က မပြယ်သေးချေ။ လူတိုင်း၏ အင်္ကျီတွင် ချွေးများ ရွှဲနစ်နေ၏။ သူတို့ ငရဲတံခါးဝကို အလည်တစ်ခေါက် ရောက်သွားပြီးမှ ပြန်လာနိုင်သလို ခံစားနေရသည်။ ယင်းက အလွန် ရင်တုန်စရာ ကောင်းလှပေသည်။

“ယီးပဲ၊ ယီးပဲ၊ ယီးပဲကွာ၊ ငါ ကြောက်စိတ်ကြောင့် ဘောင်းဘီတောင် စိုတော့မလို့၊ ဒီကားက သောက်ကျိုးနည်း ဘာထ ကြောင်တာလဲ”

“ဉာဏ်ရည်မြင့်စနစ် ဟုတ်လား၊ အလိုအလျောက် မောင်းနှင်ခြင်း ဟုတ်လား၊ အတားအဆီးတွေကို အာရုံခံနိုင်တယ်လား၊ အလိုအလျောက် မောင်းနှင်နိုင်တယ်ပေါ့လေ၊ စောက်ရေးမပါတာ၊ ယီးပဲ၊ ငါ သေလုနီးပါး ဖြစ်သွားတာကွ”

“ဟင့်ဟင့်ဟင့်၊ အမေရေ သမီး ကြောက်တယ်”

“ဝမ်ရုံ အော်တိုမိုဘိုင်းက ငါတို့ကို သတ်ဖို့ ကြိုးစားတာပဲ၊ ငါတို့ ဒါကို ဒီအတိုင်း ထားလို့မရဘူး၊ ငါတို့ လုပ်ပိုင်ခွင့် အတွက် ငါတို့ တိုက်ခိုက်ရမယ်၊ သူတို့ကို တရားစွဲမယ်”

“ကောက်ကျစ်တဲ့ လုပ်ငန်းစု၊ သူတို့ကများ တစ်ဝက်တစ်ပျက် ထုတ်ကုန်ကို ငါတို့ကို ပြရဲတယ်လား၊ အရှက်မရှိ လိုက်တာ”

“ဟုတ်တယ်၊ မြေကြီးပေါ်မှာ လဲနေတဲ့သူတွေကို ကြည့်လိုက်ဦး၊ အယောက် ခုနစ်ဆယ်ကနေ တစ်ရာဝန်းကျင်လောက် ရှိလောက်တယ်၊ ဒီတစ်ခါတော့ ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစု ကံဆိုးပြီပဲ”

…

လူတိုင်း မကျေမနပ် ပြောဆိုနေကြသည်။ သတင်းထောက်များမှာမူ မျက်လုံးများ ဝင်းလက်တောက်ပနေ၏။ သူတို့၏ ကင်မရာများက ရပ်တန့်မသွားဘဲ အဆက်မပြတ် တဖျပ်ဖျပ် ရိုက်ကူးနေသည်။ သူတို့သည် မြင်ကွင်းကို ထောင့်ပေါင်းစုံမှ ရိုက်ကူးကြပြီး ပြေးလမ်းပေါ်၌ လဲကျနေသေးသည့် လူများကို အဓိကထား၍ ရိုက်ကူးကြသည်။ ထိုသူများထဲမှ အချို့သည် ဒဏ်ရာပြင်းထန်သူများကို အနီးကပ် ရိုက်ကူးကြလေသည်။

*သတင်းထူး၊ ဒါ လုံးဝကို ပေါက်မယ့် သတင်းထူးပဲ*

ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစု သေချာပေါက် ကံဆိုးပြီဖြစ်ကြောင်း လူတိုင်း သိလိုက်ကြသည်။

ကြည့်ရှုစင်မှ ကြည့်ရှုနေသည့် ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစု၏ ရာထူးကြီးသူများ အားလုံး ထိတ်လန့်နေကြသည်။ သူတို့ မလှုပ်နိုင်ဘဲ နှုတ်ခမ်းများ တုန်နေသော်လည်း ဘာတစ်ခွန်းမှ ပြောနိုင်စွမ်း မရှိပေ။

သူတို့၏နဖူးတွင် ချွေးအေးများ စို့နေ၏။ သူတို့၏ မျက်နှာများက ပြာနှမ်းကာ ထိုင်ခုံ၌ ကြက်သေ သေနေကြ လေသည်။

အိုးရန်ချင်းသည် သူမခန္ဓာကိုယ်က ခွန်အားများ စုပ်ယူခံလိုက်ရသလို ခံစားလိုက်ရသည်။ သူမ၏ စိတ်ဝိညာဉ်ကို ဆုံးရှုံးလိုက်ရသလိုပင်။ သူမသည် မြေကြီးပေါ်မှ လူများကို အသက်မဲ့နေသော မျက်လုံးများဖြင့် ကြည့်ပြီး နှုတ်ခမ်း ကိုက်လိုက်မိသည်။ သူမ၏ အားနည်းနေသော ခန္ဓာကိုယ်က ထိန်းမရအောင် တုန်ယင်နေ၏။

သူမအတွေးထဲ ဗလာဖြစ်နေသည်။ သူမ တွေးခေါ်နိုင်စွမ်း မဲ့နေ၏။ ဤသို့သော မတော်တဆမှု၏ အကျိုးဆက်များက မတွေးဝံ့စရာပင်။

“သွားပြီ၊ ငါတို့တော့ ဇာတ်သိမ်းပြီ”

ဥက္ကဋ္ဌရှုသည် ဆယ်နှစ်မျှ ပိုအိုစာသွားပုံပေါ်ပြီး တစ်ကိုယ်တည်း ရေရွတ်နေလေသည်။

မတော်တဆမှုက ကြီးမားလွန်းလှသည်။ ထို့အပြင် ကြည့်နေသူများကလည်း များလွန်းသည်။ ဖုံးဖိရန် မဖြစ်နိုင်ပေ။ ဤမတော်တဆမှုက ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုကို အကြီးအကျယ် ထိခိုက်စေမှာပင်။

“ဟူး”

တစ်ခဏအကြာတွင် အိုးရန်ချင်းသည် အရင်ဆုံး သတိဝင်လာသည်။ သူမက ပင့်သက်ရှိုက်လိုက်ပြီးနောက် ချက်ချင်း စီမံခန့်ခွဲလေသည်။

“လူနာတင်ယာဉ် မြန်မြန်ခေါ်လိုက်၊ အားလုံး ဒဏ်ရာရတဲ့သူတွေကို သွားစစ်ဆေးပြီး သူတို့ကို ကယ်ဖို့ အတူတူ လုပ်ကြ၊ ပြီးတော့ စီမံရေးကို ဆက်သွယ်ပြီး သူတို့ကို အသိပေးစာ ချက်ချင်း ထုတ်ခိုင်းလိုက်၊ ငါတို့ အများပြည်သူကို တောင်းပန်ပြီး သူတို့ကို နစ်နာကြေးပေးဖို့ လိုတယ်၊ ဘယ်သူ့အမှားပဲဖြစ်ဖြစ် ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုက တာဝန်ယူမယ်၊ ဒဏ်ရာရသွားတဲ့လူတွေရဲ့ မိသားစုတွေကို နှစ်သိမ့်လိုက်၊ ငါတို့ အဲ့အတွက် ကုန်ကျစရိတ် အားလုံးကို တာဝန်ယူတယ်”

အိုးရန်ချင်းက ဆက်လက်၍ စီမံခန့်ခွဲနေသည်။ သူမက တကယ်ပင် သန်မာသော အမျိုးသမီးတစ်ယောက်ပင်။ သူမသည် သူမ၏ စိုးရိမ်မှုများနှင့် ကြောက်စိတ်များကို ဘေးဖယ်ထားနိုင်ခဲ့ပြီး အချိန်တိုအတွင်း၌ အကောင်းဆုံး အကြံများကို ထုတ်နိုင်လေသည်။

“ဥက္ကဋ္ဌရှု၊ အခုတော့ ပြန်လိုက်ရအောင်၊ ကျွန်မတို့ ဒီကိစ္စကို မြန်နိုင်သမျှ မြန်မြန် ဖြေရှင်းဖို့ လိုတယ်”

…

ထိုအခိုက်တွင် ရှုနန်နှင့် ရှုဝမ်ချင်တို့သည် ရဲ့လင်းချန်အား အိမ်ပြန်လိုက်ပို့ခါစသာ ရှိသေးလေသည်။ ရဲ့လင်းချန်၏ ကြီးမားသော စံအိမ်ကို မြင်သောအခါ နှစ်ယောက်လုံး အံ့ဩသွားကြသည်။ ကျောင်းသားတစ်ယောက် ဖြစ်သော ရဲ့လင်းချန်က ဤသို့ ခမ်းနားသော စံအိမ်တစ်လုံး၌ နေလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ ဤသည်က အလွန် ဖြုန်းတီးရာ ကျပေသည်။

“အာဝူး”

ရှောင်ချင်နှင့် ရှောင်ဟွေတို့သည် ရဲ့လင်းချန် ပြန်လာသည်ကို မြင်သောအခါ ချက်ချင်း ပြေးကြိုကြသည်။ သူတို့သည် ကြီးမားသော အရွယ်အစားတစ်ခုသို့ ထွားကြိုင်းလာပြီဖြစ်ကာ ပုံမှန် အရွယ်ရောက်ပြီးသား ဝံပုလွေ တစ်ကောင်နှင့် ယှဉ်နိုင်လေသည်။ ထို့အပြင် သူတို့သည် သန်မာပြီး ကျန်းမာကာ အလွန်အမင်း လျင်မြန်သောကြောင့် သူတို့ ပြေးထွက်လာသောအခါ ရှုနန်နှင့် ရှုဝမ်ချင်တို့ လန့်သွားကြသည်။

“အားးး”

ရှုဝမ်ချင်၏ တည်ငြိမ်မှုက ချက်ချင်း ပျက်စီးသွားပြီး အပြုအမူ ပျက်သွားလေသည်။

ရှုနန်သည်လည်း သိပ်မကွာပေ။ သို့သော် လေ့ကျင့်ထားသောသူတစ်ယောက် ဖြစ်သောကြောင့် သူမက ခန္ဓာကိုယ်ကို ကိုင်း၍ တိုက်ခိုက်ရန် ပြင်လိုက်သည်။

“မကြောက်ပါနဲ့၊ သူတို့က ရှောင်ချင်နှင့် ရှောင်ဟွေလေ၊ သူတို့က သိပ်နာခံတတ်တာ”

ရဲ့လင်းချန် ပြုံးလိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။

“ရှောင်ချင် ဒီအစ်မနှစ်ယောက်ကို လက်ပေးလိုက်ပါဦး”

ရှောင်ချင်က ချက်ချင်း ရှုနန်နှင့် ရှုဝမ်ချင်တို့ရှေ့၌ ထိုင်ချပြီး လက်မြှောက်ပေးသည်။ ၎င်း၏ မျက်လုံးတွင် အပြစ်ကင်းစင်မှုတို့ ပြည့်နေ၏။

ရှုနန်က ရဲ့ရင့်သော လူတစ်ယောက် ဖြစ်သည်။ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူမက လက်ဆန့်၍ ရှောင်ချင်၏ လက်ကို ကိုင်လိုက်သည်။ ရှုဝမ်ချင်ကမူ အကြိမ်အနည်းငယ်မျှ ပင့်သက်ရှိုက်လိုက်ပြီးမှ ရှောင်ချင်ကို ထိရဲလေသည်။

ရဲ့လင်းချန်က ဆက်အမိန့်ပေးလိုက်သည်။

“ရှောင်ဟွေ အလေးပြု”

ရှောင်ဟွေက မြေကြီးပေါ် ထိုင်ချ၍ လက်ကိုမြှောက်၍ ခေါင်းပေါ်တင်ပြသည်။

ရှုဝမ်ချင်နှင့် ရှုနန်တို့ လုံးဝဥဿုံ ထိတ်လန့်သွားကြသည်။ ခွေးတစ်ကောင်ကို ထိုမျှအထိ လေ့ကျင့်ပေးနိုင် သောသူကို သူမတို့ ယခုမှ မြင်ဖူးခြင်း ဖြစ်သည်။ ထို့အပြင် ရှောင်ချင်နှင့် ရှောင်ဟွေတို့က ကွဲပြားသလို ခံစားမိသည်။ သူတို့က ကြမ်းကြုတ်သော်လည်း ဉာဏ်ကောင်းကြသည်။

ရှုနန်က ပြောလာသည်။

“ဝိုး … ဒီခွေးက ရှင့်အမိန့်ကို တော်တော် နာခံတာပဲ၊ ရဲခွေးတွေထက်တောင် ပိုဉာဏ်ကောင်းတယ်လို့ ခံစားမိတယ်၊ ဆရာ ရှင်က တအား အံ့ဩဖို့ ကောင်းတာပဲ”

*ဒါပေါ့ဟ၊ ရှောင်ချင်နဲ့‌ ရှောင်ဟွေတို့က ဝံပုလွေတွေပဲကို၊ သူတို့က ခွေးထက် ပိုသာတာပေါ့*

သူက တစ်ကိုယ်တည်းတွေးကာ ပြုံး၍ ပြန်ပြောလိုက်သည်။

“မင်းဆရာက အကုန်တတ်တာ၊ မင်း ထပ်ပြီး သင်ယူသင့်တယ်”

“ဆရာ၊ ရှင်က တကယ်ပဲ ချမ်းသာတဲ့ မိသားစုကလား”

ရှုနန်က အိမ်ထဲဝင်ပြီးနောက် ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားသော အတွင်းပိုင်းကို ကြည့်ပြီး တအံ့တဩ ပြောလေသည်။

“နင့်ဘာသာနင် ဘဝကို ခံစားလွန်းနေတယ်လို့ မထင်ဘူးလား”

“ငါ တစ်ယောက်တည်းလို့ ဘယ်သူပြောလဲ”

ရဲ့လင်းချန်က အကြည့်လွှဲ၍ ပြောလိုက်သည်။

“ဘာလို့ ငါက ချမ်းသာတဲ့မိသားစုက ဖြစ်ဖို့ လိုတာလဲ၊ ငါ ဒါတွေအားလုံးကို ငါ့ဘာသာငါ ရှာထားတာ ဟုတ်ပြီလား”

All Chapters