← Chapters

အတောမသတ်နိုင်သော စိတ်အားထက်သန်မှုများ

Vol. 7 Ch. 91

အတောမသတ်နိုင်သော စိတ်အားထက်သန်မှုများ

Vol. 7 Ch. 91

*ဟမ်*

ဝူယွဲ့သည် တစ်ခဏမျှ အတွေးလွန်နေပြီး သူ၏ တီးတိုးစကားကို ချင်ပိုင်ချွမ်က ကြားသွားလေသည်။

“မင်း သူ့ကို မနိုင်သေးဘူး ဟုတ်လား၊ ဝူယွဲ့ ဒါ ဘာသဘောလဲ”

ချင်ပိုင်ချွမ်၏ မေးခွန်းက ဝူယွဲ့အား အတွေးလွန်နေရာမှ သတိဝင် လာစေသည်။

“ကျွန်တော့် ပစ်မှတ် ပန်းတိုင်ကို ပြောတာပါ ဆာ”

ဝူယွဲ့က အသံကျယ်ကျယ်ဖြင့် ပြန်ပြောလိုက်သည်။

“မင်းမှာ ပစ်မှတ် ရှိတာလား”

ချင်ပိုင်ချွမ်သာမက အခြားသူများလည်း အံ့ဩသွားသည်။

*ဒီလူက စံချိန်တွေကို ချိုးသွားတာလေ၊ သူ ဘယ်သူ့ကို ပစ်မှတ် ထားနေတာလဲ၊ အဲ့လူက ဘယ်လိုလူမျိုးလဲ*

“ဟုတ်ပါတယ် ဆာ”

ဝူယွဲ့က လေးနက်နေသော မျက်နှာနှင့် ခိုင်ခိုင်မာမာ ပြန်ဖြေသည်။

“အမှန်အတိုင်း ပြောရမည်ဆိုလျင် ကျွန်တော် အဲ့လူနဲ့ မတွေ့ခင်တုန်းက ကျွန်တော့်ရဲ့ အတားအဆီး ဖြတ်ကျော်ခြင်း ပြိုင်ပွဲအတွက် အမြန်ဆုံး စံချိန်က စက္ကန့် တစ်ရာ့နှစ်ဆယ်ပါ၊ စောစောတုန်းက ကျွန်တော့် ခေါင်းထဲမှာ အဲ့လူရဲ့ ပုံရိပ်နဲ့ပြည့်နေတာပါ၊ သူက ကျွန်တော့်ရှေ့မှာ ပြေးနေပါတယ်၊ အမြဲ သူ့ကို အမီလိုက်ပင်မယ့် ... ကျွန်တော် ရှုံးနေ တုန်းပါပဲ”

*ဒါ ... ဒါ တကယ်ကြီးလား*

လူတိုင်း အံ့ဩသွားပြီး စိတ်ကူးယဉ် ပုံပြင်တစ်ပုဒ်ကို နား‌‌ထောင် နေရသည်ဟုပင် ခံစားမိလာသည်။

“မင်းပြောတာ တကယ်လား”

ချင်ပိုင်ချွမ်နှင့် အခြား အထက်တန်းအဆင့် စောင့်ရှောက်သူများ၏ မျက်နှာက လေးနက်လာလေသည်။

“တကဘ်ပါ”

“ဖန့်ဟုန် အဲ့လိုလူမျိုး ရှိသလား”

ချင်ပိုင်ချွမ်က ဖန့်ဟုန်ကို ကြည့်လိုက်သည်။ ဖန့်ဟုန်က ခေါင်းညိတ် လိုက်ပြီး‌နောက် သက်ပြင်းချ၍ ရေရွတ်လိုက်သည်။

“အဲ့လူက သာမန်လူ မဟုတ်ဘူး”

သူ တစ်ခဏမျှ ငြိမ်နေပြီးမှ ဆက်ပြောသည်။

“အဲ့လူ ပေါ်လာခဲ့လို့ပဲ၊ ကျွန်တော့် ဌာနတစ်ခုလုံးက လူတွေကို ဒီပြိုင်ပွဲ  မှာ ဝင်ပြိုင်နိုင်တယ်လို့ ယုံကြည်ခဲ့တာပါ၊ သူတို့ ဆယ့်ငါးယောက် လုံးကို စိတ်အားတက်ကြွအောင်၊ သူတို့နှလုံးသားထဲက စိတ်အား ထက်သန်မှုကို နိုးထလာအောင် လုပ်ပေးခဲ့တဲ့သူက သူပါပဲ”

“မှန်တယ်၊ ငါ အခြားသူတွေမှာ မရှိတဲ့ စိတ်အားထက်သန်မှုကို သူတို့ ဆယ့်ငါးယောက်လုံးမှာ ငါ ခံစားမိတယ်”

ချင်ပိုင်ချွမ်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။

“အဲ့ဒီလူက သိပ်သန်မာတယ်၊ မယုံနိုင်လောက်အောင် သန်မာပါတယ်”

ဖန့်ဟုန် တောင်မှ ရဲ့လင်းချန်၏ သန်မာမှုကို ဖော်ပြနိုင်သည့် စကားလုံး ရှာမတွေ့ ဖြစ်နေသည်။

“အရှိအတိုင်း ပြောရမယ်ဆိုရင် သူသာ ဒီမှာရှိမယ်ဆိုင် ဒီစံချိန် အားလုံးက အတိတ်က အရာတွေပဲ ဖြစ်သွားမှာ”

“ခေါင်းဆောင်ချင် အမှန်အတိုင်း ပြောရရင် အရင်တုန်းက ကျွန်တော် လေ့ကျင့်တဲ့ပုံက စက်ရုပ်လို ဖြစ်နေပြီး အချိန်ကုန်တယ်လို့ သတ်မှတ် လို့ ရပါတယ်၊ အဲ့ဒီလူ ပေါ်လာတာကြောင့် ကျွန်တော် ပြီးပြည့်စုံမှုကို ရည်မှန်း နိုင်တာပါ၊ ကြွားပြောတာတော့ မဟုတ်ပင်မယ့် ပုံမှန် သေနတ် ပစ်ချိန်မှာ ကျွန်တော့် ပစ်ခတ်မှုက ဆယ်မှတ်တန်ကို ဆယ်ကြိမ် ထိနိုင်ပါတယ်၊ ဒါပေမဲ့ အဲ့လူက ဆက်တိုက် ပစ်ရင်တောင် ဆယ်မှတ် တန်ကိုပဲ ဆယ်ခါ ထိတာပါ၊ ဒါကြောင့် သူ့ကို ကျွန်တော့် ပစ်မှတ် ပန်းတိုင်အဖြစ် သတ်မှတ်ထားတာပါ။ ဒီပြိုင်ပွဲအတွက်တင် မဟုတ်ဘဲ ပိုမြင့်မားတဲ့ ပန်းတိုင်အထိ ကြိုးစားမှာပါ”

ဝူယွဲ့က ခိုင်မာပြတ်သားသော လေသံဖြင့် တုံ့ပြန်ပြောဆိုလေသည်။

“သိပ်တော်တယ်”

ချင်ပိုင်ချွမ် ချီးကျူးလိုက်သည်။ သူသည် စင်မြင့်အောက်သို့ ငုံ့ကြည့် လိုက်ပြီး ကြည်လင်ပြတ်သားစွာ ပြောလေသည်။

“သိုင်းပညာရှင် တစ်ယောက်အတွက် အရေးအကြီးဆုံးအရာက ဘာလဲ မင်းတို့ သိသလား၊ အဲ့ဒါ တိုက်ခိုက်နိုင်တဲ့ ခွန်အား မဟုတ်ဘူး၊ မင်းတို့ရဲ့ စိတ်ဓာတ်ပဲ၊ လူတစ်ယောက်ရဲ့ စိတ်အနေအထားကိုမှ ငါတို့က စစ်သည် တော်ရဲ့ စိတ်ဝိညာဉ်လို့ ခေါ်တာ”

“ခိုင်မာတဲ့ စစ်သည်တော်ရဲ့ စိတ်ဝိညာဉ် ရှိမှသာ မင်းတို့ တိုးတက်နိုင်မှာ၊ ဘာလို့ ဆယ့်ငါးယောက်လုံးက ကောင်းကောင်း လုပ်နိုင်တာလဲ၊ ဘာလို့လဲ ဆိုတော့ မင်းတို့ ပိုမြင့်မားတဲ့ တစ်စုံတစ်ရာကို မြင်ခဲ့ပြီးလို့ပဲ၊ မင်းတို့က ရှေ့တက်နိုင်ဖို့ စိုင်းပြင်းနေတာ၊ ဒါ သူတို့ စစ်သည်တော်ရဲ့ စိတ်ဝိညာဉ်ကနေ ရလာတဲ့ ခွန်အားပဲ”

“ဒါကြောင့် နောင်အနာဂတ်မှာ မင်းတို့ ဘာတွေပဲ ရလာပါစေ အားရကျေနပ်မနေသင့်ဘူး၊ မင်းတို့အမြဲ တိုးတက်မှုကို ငံ့လင့်နေ ရမယ်”

လူတိုင်း၏ မျက်နှာက နီရဲလာပြီး စိတ်အားထက်သန်စွာ ပြန်ဖြေ လိုက်သည်။

“ဟုတ်ကဲ့”

ချင်ပိုင်ချွမ်က ဝူယွဲ့ကို ပြန်ကြည့်လိုက်သည်။

“ဪ ဟုတ်သားပဲ၊ မင်း ပြိုင်ပွဲဝင်နေတုန်းက တစ်ခုခုကို ရွတ်နေ သလိုပဲ၊ အဲ့ဒါ ဘာများလဲ”

“ခေါင်းဆောင်ချင်၊ ဒါပါ”

ဖန့်ဟုန်က သူ့ဖုန်းကို ထုတ်ပြလိုက်သည်။ ထိုစကားက သူတို့၏ ဆောင် ပုဒ် ဖြစ်နေလေပြီ။

“ချွေးထွက်များလေ သွေးထွက်နည်းလေ … မင်းအိပ်မက်ကို ပြီးဆုံး အောင် လုပ်ဖို့ သတိရပါ”

ချင်ပိုင်ချွမ်က ဖတ်ကြည့်လိုက်ပြီးနောက် မျက်လုံး အရောင် တောက် လာသည်။

“သိပ်ကောင်းတဲ့ စကားပဲ၊ ဒီစာသားကို ရိုက်နှိပ်ပြီး ဌာနတိုင်းကို ပို့လိုက်၊ အားလုံးကို လိုက်နာပါစေ”

“ဒီလိုလူမျိုးကို ဘာလို့ စစ်သည်တော်ဌာနကို ဝင်ဖို့ မဖိတ်တာလဲ”

ချင်ပိုင်ချွမ် စိတ်လှုပ်ရှားနေသည်။ ထိုလူကြောင့် ဖန့်ဟုန်၏ အဖွဲ့ ပြောင်းလဲခဲ့သည်ကို သူ မြင်လိုက်ရသည်။ ထိုလူအား စစ်နတ်ဘုရား သို့မဟုတ် တိုက်ပွဲ ဝိညာဉ်ဟုပင် ခေါ်နိုင်ပေမည်။

“ခေါင်းဆောင်ချင် ကျွန်တော်လည်း သူ့ကို စစ်သည်တော်ဌာနထဲ ဝင်စေချင် ပါတယ်၊ ဒါပေမဲ့ သူက မလုပ်ချင်ဘူး”

ဖန့်ဟုန်က လက်ခါပြ၍ စိုးရိမ်တကြီး ရှင်းပြလိုက်သည်။

“မလုပ်ချင်ဘူး ဟုတ်လား”

ချင်ပိုင်ချွမ်နှင့် ကျန်အထက်တန်းအဆင့် စောင့်ရှောက်သူ သုံးယောက် တို့သည် ဒေါသထွက်လာပြီး ဖန့်ဟုန်အား လက်ညှိုးထိုး၍ ပြောစရာ စကားမဲ့နေကြသည်။

“သူ မလုပ်ချင်တာနဲ့ပဲ မင်းက သူ့ကို ဖိတ်တာ ရပ်လိုက်ရလား၊ မင်း ဘယ်လို လုပ် အဲ့လောက် တုံးတာလဲ၊ သူ့ကို အနိမ့်တန်းအဆင့် စစ်သည်တော် နေရာကနေ စကမ်းလှမ်းလေ၊ မဟုတ်ဘူး အလယ်တန်း အဆင့် ဒါမှမဟုတ် အထက်တန်းအဆင့် နေရာ ပေးလိုက်လည်း ဖြစ်တယ်ကွာ”

ချင်ပိုင်ချွမ်က အလျင်စလို ပြောလိုက်သည်။

“မင်းမှာ သူ့နဲ့ ဆက်သွယ်နိုင်တဲ့ နည်းလမ်း ရှိလား၊ သူ့ကို မြန်မြန် ဖိတ်လိုက်”

“ကျွန်တော် သူနဲ့ ဆက်သွယ်နိုင်တဲ့ နည်းလမ်း မရှိပါဘူး၊ ဒါပေမဲ့ လင်းအောင်နဲ့ သူက မိတ်ဆွေတွေဆိုတာကိုတော့ ကျွန်တော် သိပါ တယ်”

ဖန့်ဟုန်က တွေဝေခြင်းမရှိဘဲ လင်းအောင်ထံ ဘောလီဘော ပုတ်ထုတ် လိုက်သည်။ လင်းအောင်၏ မျက်နှာ ချက်ချင်း မည်းမှောင်သွားသည်။ သူသည် ဘေးမှ သည်အတိုင်း ကြည့်နေသော်လည်း ချက်ချင်း ပြဿနာ ထဲ ဆွဲထည့်ခံလိုက် ရသည် မဟုတ်ပါတကား။

“လင်းအောင် သူက မင်းမိတ်ဆွေလား”

“အာ … ဟုတ်ပါတယ်”

လင်းအောင်က အောင့်သက်သက် မျက်နှာနှင့် ဖြေလိုက်သည်။

“ဒါဆို မင်း သူ့ကို ဖိတ်လိုက်၊ ငါတို့ အထူးလေ့ကျင့်ရေး စခန်းတွေက မကြာခင် အထူး လေ့ကျင့်ခန်းတွေ စတော့မှာ၊ မင်း သူ့ကို ခေါ်လာခဲ့”

“ဒါပေမဲ့ ခေါင်းဆောင်ချင် …”

“စစ်မိန့်က ချိုးဖောက်လို့မရဘူးဆိုတာ မင်း နားလည်သလား”

လင်းအောင်: “…”

ထိုအခိုက်တွင် အောက်ဘက်မှ မရေတွက်နိုင်သော စစ်သည်တော် များက စင်မြင့်ထက်သို့ ရောထွေးနေသော ခံစားချက်များဖြင့် ကြည့်နေ သည်။

သူတို့ သေချာမကြားရသော်လည်း အစောပိုင်းက ဝူယွဲ့၏ စကားအရ သူ့၌ ပစ်မှတ် ရှိနေသည်က သေချာလှသည်။ ထိုပစ်မှတ်ကြောင့်ပင် သူ ဤသို့သော အမြင့်သို့ ရောက်လာခြင်း ဖြစ်လေသည်။

*အဲ့လူက ဘယ်သူလဲ၊ သူက ဘယ်လိုတောင် သန်မာတာလဲ*

မရေတွက်နိုင်သော လူများက သူတို့၏ စိတ်ထဲ၌ ထိုသူကို မြင်ဖူးချင် နေကြသည်။

လူအုပ်ကြားထဲ၌ ငယ်ရွယ်နုပျို၍ အရပ်ရှည်သော လူငယ်တစ်ယောက် ရှိသည်။ သူသည် စင်မြင့်ထက်မှ လူများအား အသေအချာ စိုက်ကြည့် နေ၏။

သူ့မျက်လုံးတွင် မီးဝင်းဝင်းတောက်လျက် ရှိသည်။ ထိုသူမှာ အရူးချူ ဟု ခေါ်သော ချူခွမ်းရန်ပင်။

ဝူယွဲ့နှင့် ချင်ပိုင်ချွမ်တို့ အပြန်အလှန် ပြောနေသောစကားက သူ့အား အပြင်းအထန် တက်ကြွလာစေသည်။

သူ့စိတ်ထဲတွင်လည်း ပစ်မှတ်ရှိသည်။ ထိုသူမှာ သူ့အား ကန်ချက် နှစ်ချက်တည်းဖြင့် အလွယ်တကူ အနိုင်ယူ ခဲ့သော လူငယ်လေးပင်။

ထိုအရှက်ကွဲမှုကြောင့်ပင် သူ စစ်သည်တော်ဌာနထဲ ဝင်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ သူ ပြောင်းလဲဖို့ လိုသည်။ ထိုလူငယ်ကို သူ အနိုင်ယူချင်၏။

သို့သော် ထိုအခိုက်တွင် သူ့သွေးများ ပွက်ပွက်ဆူလာသလို ခံစားရပြီး သူ့စိတ်ထဲမှ ထိုလူငယ်လေး၏ ပုံရိပ်က တဖြည်းဖြည်း လွင့်ပြယ် လာသည်။

မှန်ပေသည်။ စစ်သည်တော်တစ်ယောက်သည် အမြဲ တိုးတက်မှုကို လိုလားနေသည့် စိတ်နှလုံးသား ရှိသင့်သည်။

*အဲ့လူက ငါ့ဘဝထဲက ဖြတ်လျှောက်ဧည့်သည် သက်သက်ပဲ၊ သူက ငါ့ထက် သန်မာတယ်ဆိုရင်တောင်မှ ငါက စစ်သည်တော် ဌာနထဲ ဝင်နိုင်ပြီးပြီ။ သူ့ကို အနှေးနဲ့အမြန် အနိုင်ယူနိုင်မှာပဲ။ ငါ လေ့ကျင့်ရေး ပြီးသွားတဲ့ အခါကျရင် ပြန်ပြီး သူ့ကို အနိုင်ယူမယ်*

လက်ရှိတွင်မူ သူသည် ထိုလူငယ်အား အနိုင်ယူချင်စိတ်ကို ချိုးနှိမ်၍ ပိုမြင့်မြင့်မားမား ကြည့်သင့်သည်။ သူ့အတွက် လျှောက်လှမ်းရမည့် ကြီးမားသော ပန်းတိုင်များ ရှိနေသည်။ ထိုလမ်းကို သူ စလျှောက်ရမည်။

ထိုအခိုက်တွင် ရလဒ်များ စုစည်းပြီးသွားပြီး လူရွေးပွဲ ပြီးသွားသည်။

အရူးချူက ဖန့်ဟုန်နှင့် ဝူယွဲ့ထံ လျှောက်သွားလိုက်သည်။ ဖြောင့်မတ်၍ စိတ်အားထက်သန်သော အမူအရာဖြင့် သူ တောင်းဆိုလိုက်လေသည်။

“ဆရာဖန့်၊ ဆရာဝူ ကျွန်တော့်ကို လေ့ကျင့်ရေးမှာ နည်းပြပေးပါ”

ဖန့်ဟုန်နှင့် ဝူယွဲ့က အချင်းချင်း ပြန်ကြည့်လိုက်ပြီး မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ ဤလူ၏ စိတ်အနေအထားက စစ်သည်တော် တစ်ယောက် ဖြစ်လာရန် ကောင်းမွန်သော အလားအလာ ရှိလေသည်။

ဖန့်ဟုန်က ပြုံး၍ ပြန်မေးလိုက်သည်။

“မင်း ဘာလို့ ငါတို့နဲ့ လေ့ကျင့်ချင်တာလဲ”

“ဘာလို့လဲဆိုတော့ ကျွန်တော့်မှာလည်း ပစ်မှတ်ရှိတယ်၊ ကျွန်တော် သူ့ကို နိုင်ကိုနိုင်မှ ဖြစ်မယ် ပြီးတော့ …”

သူသည် လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး တိုက်ခိုက် ချင်စိတ်အပြည့်ဖြင့် ဆက်ပြောသည်။

“ကျွန်တော် ပိုသန်မာချင်တယ်၊ ကျွန်တော်တို့ နိုင်ငံအတွက် ဂုဏ်ယူရတဲ့ စစ်သည်တော် ဖြစ်ချင်တယ်၊ ဒါမှ အပြင်လူတွေက ကျွန်တော်တို့ကို အထင်မသေးရဲမှာ”

ဖန့်ဟုန် ခေါင်းညိတ်လိုက်သည်။

“မင်းမှာ တက်ကြွတဲ့ စိတ်ဓာတ် ရှိတာပဲ၊ ဒါပေမဲ့ ငါတို့ လေ့ကျင့်ရေးက အရမ်း ခက်ခဲပင်ပန်းတယ်”

“ကျွန်တော် မကြောက်ဘူး၊ လေ့ကျင့်ရေး ပြီးတဲ့အခါကျရင် အရူးချူ ဆိုတဲ့ ကျွန်တော်က အရှက်ကွဲခဲ့ရတာကို ပြန်ဆေးကြောမှာ …”

All Chapters