ရိုက်ကူးရေး အစီအစဉ်၏ ဆိုးယုတ်သော အကြံအစည်များ
Vol. 23 Ch. 341
“ဝိုး … ဒီအိမ်က အံ့ဩဖို့ကောင်းလိုက်တာ”
အာနယ်လ်က ရဲ့လင်းချန်ကို ဆက်တိုက် အာရုံစိုက်နေ၏။ အိမ်ပုံစံ အကြမ်းကို မြင်သောအခါ သူမမျက်လုံးများ အရောင် လက်လာသည်။
“ဝိုင် မင်းက အံ့ဩဖို့ကောင်းတာပဲ”
တလေနှင့် အစ်ကိုယန်တို့လည်း အံ့ဩနေ၏။ သူတို့သည် တောတွင်း၌ အိမ်တစ်လုံး ဆောက်မည့်အတွေးကို တွေးပင် မတွေးရဲပါ။
ကျန်းယုံသည်လည်း ဝမ်းသာနေသည်။ ဝိုင်၏ တည်ရှိမှုက နတ်ဘုရား ပေးသော လက်ဆောင်တစ်ခုပင်။ ဘာအံ့ဩစရာများ ထပ်ရှိလေဦးမလဲဟု ကျန်းယုံ သိချင်မိသည်။
ကင်မရာသမားသည် အနီးကပ် ရိုက်ပြနေကာ ကြည့်ရှုသူများထံမှ အံဩစိတ်ကို ထုတ်ဖော်နေသည်။
“ဒါက အခြေခံအကျဆုံး အောက်ခံဘောင်ပဲ၊ အိမ်တစ်လုံးက လေဒဏ်နဲ့ မိုးဒဏ်ကို ခံနိုင်ဖို့ လိုတယ်”
ရဲ့လင်းချန်က ခေါင်းခါ၍ ပြုံးလိုက်သည်။ သူက တောခုတ်ဓားကိုဆွဲ၍ တောထဲ ဝင်သွားသည်။
ဝါးများကို ခုတ်မည့်အစား သူက ထူထဲသော သစ်ပင်ပင်စည်များ၊ ငှက်ပျောရွက်များနှင့် ကြာရွက်များ စသည်တို့ကို ခုတ်ဖြတ်လေသည်။ သူသည် ရှည်လျားသော သဘာဝပေါက်ပင်များနှင့် အပင်အမြစ်အချို့ကိုလည်း သယ်လာသည်။
ထိုဖြစ်စဉ်တစ်လျှောက်လုံး၌ သူ့နောက်သို့ အားကျိုးမာန်တက် လိုက်လာသော ကင်မရာသမား ပါရှိလေသည်။
နှစ်နာရီ ကြာပြီးနောက် အလွန် ရိုးရှင်းသော ဝါးအိမ်တစ်အိမ် တည်ဆောက်ပြီးသွားသည်။ ၎င်းက သိပ်မမြင့်သော်လည်း သူတို့အား လေဒဏ်၊ မိုးဒဏ်မှ ကာကွယ်ပေးနိုင်ရန် လုံလောက်ပါသည်။
“အား … ဒီအိမ်က တကယ် လှတာပဲ၊ မြို့ထဲက တိုက်အိမ်တွေထက်တောင် ပိုကြည့်ကောင်းသေးတယ်”
အာနယ်လ်က စိတ်လှုပ်ရှားစွာ အော်လေသည်။
“ဝိုင် ရှင်က အံ့ဩဖို့ကောင်းလိုက်တာ”
ချန်ရှောင်ယန်သည် သူမရှေ့မှ အိမ်ကို တအံ့တဩ ကြည့်၍ အနည်းငယ် ပါးစပ်ဟနေ၏။
ကြည့်နေသာ လူတိုင်းသည် ဝါးချောင်းများနှင့် ရိုးရှင်းသော ပစ္စည်းပစ္စယများက အိမ်တစ်လုံးအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားလိမ့်မည်ဟု ထင်မထားမိပါ။
“ဒီအိမ်က တော်တော် လှတာပဲ၊ အံ့ဩဖို့ကောင်းတယ်”
တလေ၏ မျက်လုံးများ ပြူးကျယ်နေကာ မှင်တက်နေ၏။
“ကျွမ်းကျင်တဲ့ လက်မှုပညာသည်ပဲ၊ တကယ်ကို ကျွမ်းကျင်တဲ့ လက်မှုပညာသည်၊ ဝိုင် မင်းရဲ့ လက်တွေက နတ်ဘုရားရဲ့ လက်တွေအတိုင်းပဲ”
အစ်ကိုယန်ကလည်း လေးစားမှုအပြည့်နှင့် ဝင်ပြောလာသည်။ အိမ်ထဲ ဝင်လိုက်သောအခါ သူတို့အားလုံး အံ့ဩသွားကြသည်။
“လခွမ်း မင်း ခုတင်ပါ လုပ်ထားတာလား”
“မိန်းကလေးတွေကို ကြမ်းပြင်မှာ အိပ်ခိုင်းလို့ မရဘူးလေ၊ ဟုတ်တယ်မလား”
ရဲ့လင်းချန်က အေးအေးလူလူ ပြုံးလိုကသည်။
“ငါ့အတွက် လုပ်ရတာလည်း အဆင်ပြေတယ်၊ သိပ်အားမထုတ်လိုက်ရဘူး”
“အား … မစ္စတာဝိုင် ကျွန်မ ရှင့်ကို ချစ်သွားပြီ၊ ရှင်က ကျွန်မ မြင်ဖူးသမျှထဲမှ လူကြီးလူကောင်း အဆန်ဆုံး ယောက်ျားတစ်ယောက်ပဲ”
အာနယ်လ် စိတ်လှုပ်ရှားနေသည်။ သူမက သူ့ထံမှ အတည်ပြုချက်ကို ရယူလေသည်။
“ဒီအိမ်က တကယ်ပဲ ကျွန်မအတွက်လား”
“မင်းအတွက်ပဲ မဟုတ်ဘူး၊ ရှောင်ယန်နဲ့ ရှောင်ယန်မိုလည်း ဒီမှာ နေမယ်၊ ဒါပေမဲ့ ခုတင်က နည်းနည်းတော့ ကျပ်လိမ့်မယ်”
ရဲ့လင်းချန်က ပြောသည်။
“ဝိုး ဝိုး ဝိုး ရှင် ကြားတယ်မလား ဒါရိုက်တာ၊ ကျွန်မတို့ တဲမလိုတော့ဘူး”
အာနယ်လ်က ကျန်းယုံကို ဂုဏ်ယူစွာ လက်ကာပြ၍ အောင်နိုင်ဟန် လက်အမူအရာပင် လုပ်နေလေသည်။
ကျန်းယုံ ခါးသီးစွာ ပြုံးလိုက်မိသည်။ ရိုက်ကူးရေးအဖွဲ့မှ လူများအားလုံး တဲအတွင်း၌သာ နေရမည် ဖြစ်သော်လည်း အာနယ်လ်တို့ မိန်းကလေးများကို ပေးသော ဆက်ဆံမှုက ဗွီအိုင်ပီ ဆက်ဆံမှုဟု သတ်မှတ်နိုင်ပေသည်။
ထိုအချိန်မှာပင် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း၌ အုတ်အုတ်ကျက်ကျက် ဖြစ်နေ၏။
[သောက်ကျိုးနည်း သောက်ကျိုးနည်း၊ ဝိုင်က တကယ်ကြီး အိမ်တစ်လုံး ဆောက်လိုက်တာလား၊ မယုံနိုင်စရာ ကောင်းလိုက်တာကွာ]
[ဒီလောကထဲမှာ အိမ်တစ်လုံးကို လက်ချည်းသက်သက် ဆောက်နိုင်တဲ့လူ ရှိသေးတယ်လို့ ထင်တောင် ထင်မထားမိဘူး၊ သူ ဘယ်လိုလုပ် အဲ့အရည်အချင်းတွေ ရှိနေတာလဲ]
[အဆိုတော်ဝိုင်ရဲ့ ထူးချွန်တဲ့ လက်မှုပညာသည်အဖြစ် အောင်အောင်မြင်မြင် အသွင်ပြောင်းနိုင်ခြင်းကို ဂုဏ်ယူပါတယ်၊ လုံးဝကို အံ့ဩစရာပဲ (ရင်ကွဲနေသောအသံဖြင့်)]
[ပြိုင်ဘက်ကင်းတဲ့ ယောက်ျားတစ်ယောက်ပဲ၊ ဒါက မိန်းကလေးတိုင်းရဲ့ ရင်ထဲက မင်းသားလေး၊ သူ့ကို ချစ်မိသွားရင် သူ့အတွက် အိမ်တစ်လုံး ဆောက်ပေးမှ ဖြစ်မယ်]
[ဝိုင် ကျွန်မ ရှင်နဲ့အတူ ကလေးလေးတွေ မွေးချင်တယ်၊ ကျွန်မသာ ရှင်နဲ့ အတူရှိမယ်ဆိုရင် အိမ်တစ်လုံး မရှိမှာကို ဘယ်တော့မှ စိုးရိမ်ရမှာ မဟုတ်ဘူး]
[အိမ်တစ်လုံး ပိုင်တဲ့လူတွေကို ကျုပ်တို့က ရန်မစရဲပါဘူးဗျာ၊ ရန်မစဝံ့ပါဘူး …]
…
“ရှောင်ယန် ခုတင် ခိုင်လား၊ မခိုင်လား မင်း စမ်းကြည့်ကြည့်ပါလား”
ရဲ့လင်းချန်က ချန်ရှောင်ယန်ကို ပြောလိုက်သည်။
“အင်း … ကျေးဇူး တင်ပါတယ်”
ချန်ရှောင်ယန်၏ ပါးလေးများက နီမြန်းနေပြီး ရဲ့လင်းချန်အား နင့်နင့်သီးသီး ငေးကြည့်နေသည်။ ထို့နောက် သူမက အိပ်ရာခင်းများနှင့် စောင်ကို ဖြန့်လိုက်သည်။ အနည်းငယ် မာသော်လည်း ကြမ်းပြင်မှာ အိပ်ရသည်ထက် အဆများစွာ ပို၍ သက်တောင့်သက်သာ ရှိပေသည်။
အာနယ်လ်မှာမူ ခုတင်ပေါ်လှဲ၍ အကြိမ် အနည်းငယ်မျှ လူးလှိမ့်နေ၏။
“ဝိုး ဒီခုတင်က တကယ် ခိုင်တာပဲ၊ ဒါက တရုတ်လူမျိုးတွေ ပြောနေတဲ့ တရုတ်လက်မှုပညာလား၊ အံ့ဩဖို့ ကောင်းလိုက်တာ”
အံ့ဩမှင်တက်နေပြီးနောက် လူတိုင်း နောက်မေးခွန်းတစ်ခုကို အာရုံရောက်သွားသည်။ ၎င်းမှာ သူတို့ ဘာစားကြမလဲပင်။
မသိလိုက် မသိခင်မှာပင် အချိန်က ကုန်ဆုံးသွားပြီး ညနေ လေးနာရီသို့ ရောက်နေလေသည်။ သူတို့ တစ်ယောက်မှ နေ့လယ်စာ မစားရသေးသဖြင့် အလွန် ဗိုက်ဆာနေကြသည်။
လူတိုင်း အချင်းချင်း ပြန်ကြည့်လိုက်မိပြီးနောက် တစ်ယောက်စီ၏ မျက်နှာတွင် ကူကယ်ရာမရသော ဝေခွဲမရဟန် တို့ကို မြင်တွေ့လိုက်ရသည်။
တလေ ခါးသက်စွာ ပြုံးလိုက်မိသည်။
“ငါတို့ လျှောက်ကြည့်ပင်မယ့် စားလို့ရတာ ဘာမှမတွေ့ဘူး”
“ဒါရိုက်တာ ဒါ ဘယ်လိုလုပ်မလဲ”
အားလုံးက ကျန်းယုံအား သနားကမား အကြည့်ဖြင့် ကြည့်၍ အကူအညီ တောင်းလေသည်။
“ငါတို့ ဗိုက်ဆာနေတာကို မင်း ကြည့်ရက်မှာတော့ မဟုတ်ဘူးမလား”
ကျန်းယုံက ခပ်ကျယ်ကျယ် ရယ်မောလိုက်ပြီးနောက် ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။
“ဒီလို ဖြစ်လိမ့်မယ်လို့ ငါ တကယ် မှန်းမိပြီးသား၊ လူတိုင်း အစားအသောက်ရဖို့က မဖြစ်နိုင်ဘူးလေ၊ ငါ မင်းတို့ အားလုံးအတွက် ခမ်းနားတဲ့ အစားအသောက် ပြင်ထားတယ်”
လူတိုင်း ဘာမှမပြောနိုင်ခင်မှာပင် ကျန်းယုံက ဦးအောင် ဆက်ပြောသည်။
“ဒါပေမဲ့ … ငါတို့ အစားအသောက်တွေကို ဒီလူမရှိတဲ့ကျွန်းက မတူတဲ့နေရာတွေမှာ ဝှက်ထားတယ်၊ ငါတို့ပေးတဲ့ တာဝန်တွေကို ပြီးအောင် လုပ်ရင်းနဲ့ အစားအသောက်ကို ဘယ်နားထားလဲဆိုတဲ့ သဲလွန်စတွေ ရနိုင်မယ်”
“ဘာ”
ယင်းက လူတိုင်းအတွက် နေသာနေသော နေ့တစ်နေ့၌ မိုးကြိုးပစ်ချလိုက်သကဲ့သို့ အကြီးအကျယ် ထိတ်လန့် သွားစေသည်။
“ဒါရိုက်တာ၊ ခင်ဗျား ရက်စက်လွန်းတယ်၊ အခု ကျုပ်တို့တွေ ဗိုက်ဆာနေတာကို တာဝနန်တွေ ပြီးအောင် လုပ်ဖို့ ပြောနေသေးတာလား”
အစ်ကိုယန်က ရုတ်တရက် ထညည်းသည်။
“ဒါရိုက်တာ ဒီလို မလုပ်ပါနဲ့၊ ကျုပ်တို့တွေ ဒီကို ရောက်ကာစပဲ ရှိသေးတာ၊ ခင်ဗျား ကျုပ်တို့ကို ညှာညှာတာတာ ဆက်ဆံသင့်တယ်၊ ကျုပ်တို့ကို တစ်နပ်လောက် အေးအေးလူလူ စားခွင့်ပေးပါ”
အစ်ကိုတလေက ဒူးညွှတ်၍ ဒါရိုက်တာအား တောင်းဆိုလေသည်။
“ဒါရိုက်တာ ကျွန်မတို့က မိန်းကလေးတွေလေ၊ အဲ့တာဝန်တွေလုပ်ဖို့ ခွန်အား မရှိနိုင်ဘူးမလား၊ ရှင် လူကြီး လူကောင်း ပီသသင့်တယ်”
အာနယ်လ်က ညုတုတု ပြောလေသည်။
လူတိုင်း၏ အသနားခံမှုက အနည်းငယ် အလုပ် ဖြစ်လေသည်။ အားလုံး၏ ရှေ့သို့ ကဒ်များ ချလာသည်။
“ကဒ်တစ်ခုချင်းစီက တာဝန်တစ်ခုစီပဲ၊ ဒါကို ပြီးအောင် လုပ်နိုင်ရင် အစားအသောက် တစ်ခု ရမယ်၊ မင်းတို့ ဗိုက်မဆာချင်ရင် လုပ်သင့်တယ်”
“အား … ခင်ဗျား ဒီလိုလုပ်တဲ့အချိန်တုန်းက ခင်ဗျား ကိုယ်ကျင့်သိက္ခာက ထိခိုက်တယ်လို့ မခံစားရဘူးလား”
တလေက ကောင်းကင်ကို မော့ကြည့်သည်။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် ကဒ်တစ်ကဒ်ကို ဆွဲထုတ်လိုက်သည်။ ကဒ်ပေါ်၌ ရေးထားသည်ကို မြင်ပြီး သူ အံ့ဩကာ ချက်ချင်း ထအော်လေသည်။
“ဟာ … မဖြစ်ဘူး”
သူ ကဒ်ကို အားလုံးကို ပြလိုက်သောအခါ ချက်ချင်း လူတိုင်းက ရယ်မောကြသည်။
“မင်းရဲ့အဖော်ကို ချီပြီး Shiatsu အချပ်ပေါ်မှာ ဆယ်ခါခုန်ပါတဲ့”
သူ့အဖော်သည် အစ်ကိုယန် ဖြစ်ပြီး ကိုယ်အလေးချိန် အတော်လေး များသည်။ Shiatsu အချပ်ပေါ်၌ ခုန်ခြင်းက သူ့ကို အလွန် နာကျင်စေလောက်သည်။
[ဒီဒါရိုက်တာက ရက်စက်လွန်းတယ်၊ ဒါပေမဲ့ ငါ သဘောကျတယ်၊ ဟဲဟဲဟဲ …]
[သူတို့ရဲ့ ကြံရာမရတဲ့ မျက်နှာတွေကို ကြည်ပါဦး၊ ငါ ခေါက်ဆွဲကို ကိုင်ထားရင်း ရယ်မိပြီ၊ ငါ ရယ်မိပြီ၊ တကယ် ရယ်မိတာ]
[လုပ်စမ်းပါ ငါ့လူတို့ရာ၊ မင်းတို့ အစားအသောက်အတွက် ကြိုးစားပစ်လိုက်စမ်းပါ၊ ငါ မင်းတို့ကို အားပေး နေတယ်]
…
ပရိသတ်များသည် ဤသည်ကိုမြင်ပြီး ရယ်မောနေကြလေည်။ ကျန်းယုံက ကြည့်၍ကောင်းသော ရသစုံရှိုးပွဲ ဖြစ်အောင် တမင်သက်သက် အရာအားလုံးကို ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် အာနယ်လ်က ကဒ်တစ်ကဒ်ကို ယူမည့်အစား ခနဲ့သံပြု၍ ပြုံးနေသည်။
“ငါ ကြိုပြင်ဆင်ပြီး မုန့်ထုပ်တွေ ယူလာလို့ တော်သေးတယ်၊ အနည်းဆုံးတော့ ငါ အဆာငတ်မှာကို ကြောက်စရာ မလိုတော့ဘူးပေါ့”
အဆာပြေမုန့်များသည် သင့်တော်သော အစားအစာလောက် မကောင်းသော်လည်း ဤပတ်ဝန်းကျင်တွင် ဘာမှမရှိသည်ထက် ပိုကောင်းပါသည်။
“အဲ့ဒါက အလုပ်မဖြစ်ရင် ငါ ခေါက်ဆွဲတောင် ပြုတ်နိုင်သေးတယ်”
အာနယ်လ်က သူမရင်ဘတ်ကို ပုတ်ပြသည်။ သူမ ကြိုမြင်တတ်ခဲ့၍ ကံကောင်းသွားသည်။
ထို့နောက် သူမက လူအုပ်ကြီးကို ကြည့်ကာ အင်တင်တင် ဖြစ်နေသော်လည်း ပြောလိုက်သည်။
“အားလုံး ကျွန်မမုန့်ကို အရင်စားထားလို့ ရတယ်၊ အနည်းဆုံးတော့ စားပြီး အားနည်းနည်း ရှိသွားတာပေါ့”
သူမက ငါးမုန့်ကြော်တစ်ထုပ်ကို ရဲ့လင်းချန်ကို လှမ်းပေး၍ ပြုံးကာ ပြောလိုက်သည်။
“မစ္စတာဝိုင် ရှင် နည်းနည်းလောက် စားမလား”
“ငါ ပုံမှန်ဆို ဒါတွေ မစားဘူး၊ အဆာပြေမုန့်တွေက သင့်တော်တဲ့ ထမင်းတစ်နပ်လောက် မကောင်းဘူး”
ရဲ့လင်းချန်က ခေါင်းခါ၍ ပြောလိုက်သည်။ သို့သော် ရဲ့လင်းချန်က ငါးမုန့်ကြော်ကို ယူ၍ တစ်ခဏမျှ စဉ်းစား နေသည်။ သူက ဖောက်စားမည့်အစား ထရပ်လိုက်လေသည်။
…