← Chapters

နိုင်ငံတကာ စစ်သည်တော် တံခွန်စိုက် ပြိုင်ပွဲ

Vol. 49 Ch. 725

နိုင်ငံတကာ စစ်သည်တော် တံခွန်စိုက် ပြိုင်ပွဲ

Vol. 49 Ch. 725

ချန်ချီက ရဲ့လင်းချန်ကို ကြည့်လိုက်သည်။

“ငါတို့အရင်းအမြစ်တွေက အခု အရမ်း ရှားပါးနေပြီ၊ တကယ်လို့ ငါတို့ သိုင်းသင်တန်းကျောင်း ထောင်မယ်ဆိုရင် ဘယ်ကနေ အရင်းအမြစ်တွေ သွားရှာရမလဲ၊ ကျောင်းသားတွေကို ရန်သူတွေကို ကောင်းကောင်းသတ်နိုင်ဖို့ သင်ပေးနိုင်ပါ့မလားဆိုတဲ့ အကြောင်းရာကိုတောင် ငါ မပြောရသေးဘူး၊သူတို့သာ တိုက်ပွဲမှာ သေသွားခဲ့ရင် ငါတို့ သူတို့ မိသားစုကို ဘယ်လို နှစ်သိမ့်ကြမလဲ”

“ပြီးတော့ မင်း သိုင်းသင်တန်းကျောင်း ထောင်ချင်တယ်ဆိုရင် မင်းရဲ့ ပညာအရည်အချင်းကို ဘယ်ကနေ ရနိုင်မှာလဲ၊ ပြီးတော့ မင်း လူထုကို ဘယ်လို ယုံကြည်အောင် လုပ်မှာလဲ”

မေးခွန်း သုံးခုကို တစ်ပြိုင်တည်း မေးလာသည်။

မေးခွန်းတိုင်းက အလွန် ဖြေရှင်းရန် ခက်ခြပြီး အဓိက အားနည်းချက် သုံးခုဟု ဆိုနိုင်ပေသည်။

ရဲ့လင်းချန်သည် စစ်သည်တော်ဌာနက ပံ့ပိုးပေးသော အရင်းအမြစ်များကို မမှီခိုဘဲ ကိုယ်တိုင် လုံလောက်အောင် အာမခံချင်ခဲ့သည်။

သူသည် ဆေးပင်များကို စိုက်ပျိုးပြီး သိုင်းပညာ သင်ပေးကာ သူတို့၏ အမျိုးများကို နှစ်သိမ့်ရန် လုံလောက်သော ပိုက်ဆံ ရရှိပေသည်။ ဆန်းကြယ်ကျွန်းပေါ်မှ အရာများအားလုံးက သူတို့ခေတ်ထက် ကောင်းစွာ ရှေ့ပြေးနေပြီး ရဲ့လင်းချန်အတွက် ပိုက်ဆံရှာရန် မခက်ခဲပေ။

သို့သော် ထိုသို့သော အပြုအမူက အလွန်တရာ လူစိတ်ဝင်စားဖွယ် ကောင်းလွန်းပြီး လက်ရှိ ခေတ်ရေစီးကြောင်းအရ သူသည် လေ့လာစစ်ဆေးရန် ဖမ်းဆီးခံရလောက်သည်။

ထိုသို့သော ဖြစ်နိုင်ချေက မြင့်မားလှသည်။

ဤသည်က လူသားမျိုးနွယ်၏ ရှင်သန်ရေးနှင့် အားလုံး ပတ်သက်နေသည်။ အကယ်၍ ရဲ့လင်းချန်က ကောင်းမွန်သော ရလဒ်အတွက် စတေးရမည် ဆိုပါက စစ်သည်တော်ဌာနက ထွေထွေထူးထူး မတွေးလျှင်တောင်မှ အခြားနိုင်ငံများက ရဲ့လင်းချန်ကို ပစ်မှတ်ထားလာနိုင်သည်။

အချိန်တစ်ခုအထိ သူသည် နှိမ့်ချ၍ နေနေရဦးမည်ဖြစ်ကာ ကျောင်းကို သူ၏ ကိုယ်ပိုင်ခွန်အားဖြင့် တည်ထောင်နိုင်ရန် စောင့်ရပေမည်။ ယင်းက နည်းလမ်းကောင်းပင်။

“ကျွန်တော့်ကို ကြိုတင်စီစဉ်ထားတဲ့ ပြိုင်ပွဲမှာ ပါစေချင်တာလား”

ရဲ့လင်းချန် မေးလိုက်သည်။

“ဟုတ်တယ်၊ ဒီလိုမျိုး ကြိုတင်စီစဉ်ထားတဲ့ ပြိုင်ပွဲကို နိုင်ငံတကာ သိုင်းပညာ တံခွန်စိုက် ပြိုင်ပွဲလို့လဲ ခေါ်တယ်”

ချန်ချီက ပြုံး၍ ပြောလိုက်သည်။

“တကယ်လို့ စစ်သည်တော် တံခွန်စိုက် ပြိုင်ပွဲမှာ မင်း ပထမ ရတယ်ဆိုရင် တရုတ်နိုင်ငံက‌ လေ့ကျင့ရေး အရင်းအမြစ် အများစုကို သေချာပေါက် ရနိုင်တယ်၊ အဲ့လိုဆိုရင် မင်းရဲ့ ကျောင်း ထောင်ဖို့အတွက် အရင်းအမြစ်တွေ ရလာလိမ့်မယ်၊ မင်း ပထမ ရမယ်ဆိုရင် မင်းမှာ အရည်အချင်း ရှိလာမယ်၊ ဒါဆို ငါတို့ မင်းကိုယ်စား ပြောပေးဖို့ ယုံကြည်ချက် ရှိလာပြီ”

ရဲ့လင်းချန် ပြန်မေးလိုက်သည်။

“လူတိုင်း နိုင်ငံတကာ သိုင်းပညာ တံခွန်စိုက် ပြိုင်ပွဲမှာ ဝင်ပြိုင်မှာ‌တော့ မဟုတ်ဘူးမလား”

“ဘယ်ပါမလဲ”

ချန်ချီက ခေါင်းခါသည်။

“အဲ့ဒါရဲ့ ရည်ရွယ်ချက်က နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ နောက်မျိုးဆက်ရဲ့ အလားအလာကို နှိုင်းယှဉ်တာပဲ၊ အသက် နှစ်ဆယ့်ငါးနှစ်အောက် ပြိုင်ပွဲဝင် ငါးယောက်ကို ယှဉ်ပြိုင်ဖို့ စေလွှတ်မှာ”

အသက် တစ်ဆယ့်ခြောက်နှစ်သည် သိုင်းပညာ စတင်ရန် အကောင်းဆုံး အချိန်ပင်။ တစ်ဆယ့်ခြောက်နှစ်မှ နှစ်ဆယ့်ငါးနှစ် အရွယ်သည် သိုင်းပညာ ဖွံ့ဖြိုးတိုးတက်မှု၏ အမြင့်ဆုံး အချိန်ကာလ ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် သိုင်းပညာ လေ့ကျင့်ရေး၏ စဦးပိုင်း အဆင့်သည် လူတစ်ယောက်၏ ခန္ဓာကိုယ်ကို သန့်စင်ခြင်း ဖြစ်သည်။ အကယ်၍ လူတစ်ယောက်က အတွင်းအားကို မကျင့်ကြံဘဲ အသက် နှစ်ဆယ့်ငါးနှစ် ကျော်သွားပါက ဆန်းကြယ်မှု တစ်ခုခု မဖြစ်သရွေ့ သိုင်းပညာ သင်ယူရန် မျှော်လင့်ချက် မရှိတော့ပေ။

လူတစ်ယောက်သည် အသက် နှစ်ဆယ့်ငါးနှစ် မတိုင်ခင် အတွင်းအားအဆင့်သို့ ဝင်ရောက်နိုင်ပါက ကြီးမားသော အလားအလာ ရှိနိုင်ပေသည်။ အသက် သုံးဆယ့်ငါးနှစ်နှင့်အောက်သည် မူလစိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင်များ အတွက် ကျင့်ကြံရန် အသင့်တော်ဆုံးအချိန်ပင်။ အကယ်၍ လူတစ်ယောက်သည် အသက် သုံးဆယ့်ငါးနှစ်၌ မူလ စိတ်ဝိညာဉ်အဆင့်သို့ မတက်ရောက်နိုင်သေးပါက ထိုလူသည် ထိုအခွင့်အရေးကို ရနိုင်ချေ မရှိတော့ချေ။

ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။

“အသက် နှစ်ဆယ့်ငါးနှစ်အောက်လား၊ ဒါဆိုရင် ပထမနေရာက ကိုယ့်အိတ်ထဲမှာပဲ၊ ကျွန်တော် ရအောင် ယူမယ်”

ချန်ချီက ခနဲ့လေသည်။

“မင်းကိုယ်မင်း အရမ်း အထင်ကြီးမနေနဲ့၊ မင်းက မူလ စိတ်ဝိညာဉ်အဆင့် စစ်သည်တော် တစ်ယောက် ဖြစ်နေလို့ မင်းကိုယ်မင်း ဟုတ်လှပြီ ထင်နေတာလား၊ အသက် နှစ်ဆယ်မှာ ဒီအဆင့် ရောက်နေတာက မင်းအတွက် အံ့ဩစရာ ကောင်းတဲ့ စွမ်းဆောင်မှုပဲ၊ ဒါပေမဲ့ မင်းရဲ့ ပြိုင်ဘက်က နှစ်ဆယ့်ငါးနှစ် ဖြစ်နိုင်တယ်၊ ငါ မင်းကို နောက်ထပ် ငါးနှစ် ထပ်ပေးမယ်ဆိုရင် မင်း ဘယ်အနေအထားထိ ရောက်နိုင်မယ်လို့ ထင်လဲ”

“ဒီတခေါက် နိုင်ငံတိုင်းက ပထမနေရာရဖို့ စိုင်းပြင်းနေတာ၊ သူတို့က အသန်မာဆုံး လူတွေကို စေလွှတ်ကြမှာ၊ ပြီးတော့ သူတို့ တစ်ဦးချင်းစီက ပါရမီရှင်တွေ၊ ငါတို့ ပြောနေတာ ကွာခြားချက်က ငါးနှစ်နော်၊ ဒီငါးနှစ်က သိုင်းပညာ လေ့ကျင့်ရေးရဲ့ ရွှေရောင် အချိန်ကာလ ဖြစ်ပြီးတော့ မင်းက Buff Island က စစ်သည်တော်တွေနဲ့တောင် ရင်ဆိုင်ရဦးမှာ၊ မင်းမှာ အဲ့လိုယုံကြည်ချက် ရှိသေးလား”

ယင်းက အနည်းငယ် စိတ်ညစ်စရာ ကောင်းပေသည်။

Buff Island က ကျင့်ကြံရေး ပတ်ဝန်းကျင်နှင့် အရင်းအမြစ်များသည် စဉ်းစားနေစရာ မလိုအောင် အလွန် ပေါများလှပြီး အင်အားက သက်တူရွယ်တူများကြား၌ အလွန် မြင့်မားနေမည်မှာ ပုံမှန်ပင် ဖြစ်သည်။

“ဖိအား တစ်ချို့ ရှိမှာပဲ၊ ဒါပေမဲ့ အဲ့ဒါက အဲ့လောက် ပြဿနာကြီး မဟုတ်ပါဘူး”

ရဲ့လင်းချန်က တီးတိုး ပြောလိုက်သည်။

ချန်ချီက စိတ်ပျက်ဟန်နှင့် အကြည့်လွှဲလိုက်ပြီး ဘာမှထပ်မပြောချင်တော့ပေ။

အရာအားလုံးကို အနည်းငယ် စိတ်ကုန်သွားသလို ခံစားရသဖြင့် သူ လမ်းလျှေက်နေရင်း ပြောလိုက်သည်။

“တံခွန်စိုက် ပြိုင်ပွဲက နှစ်တိုင်း ဇွန်လမှာ ကျင်းပတယ်၊ နှစ်လတောင် မကျန်တော့ဘူးဆို‌တော့ မင်း အဆင်သင့်ဖြစ်အောင် အကောင်းဆုံး ကြိုးစားသင့်တယ်”

ရဲ့လင်းချန်က သူ၏ နောက်ကျောကို လှမ်းကြည့်ရင်း ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားသဖြင့် လှမ်းအော်ပြောလိုက်သည်။

“လက်ထောက် ဒါရိုက်တာချန်၊ ဒါရိုက်တာရှန်းက အခုထိ ကျွန်တော့်ကို အကြွေး အမှတ်တစ်ရာ ပေးဖို့ ကျန်သေးတယ်ဗျ၊ သူ့ကို သတိပေးပေးပါဦး”

ချန်ချီ ဒယီးဒယိုင် ဖြစ်သွားလေသည်။ အမှတ် တစ်ရာသည် သေးငယ်သော ပမာဏ မဟုတ်ချေ။

*ဘယ်လိုလုပ် ရှန်းကော်ချန်က သူ့ကို ဒီလောက် အများကြီး အကြွေးတင်သွားတာလဲ၊ မသိချင်ယောင် ဆောင်ထားလိုက်စမ်း၊ ငါ ဘာမှမကြားလိုက်ဘူး၊ ငါ ဒီကနေ မြန်မြန် ထွက်သွားလိုက်မယ် …*

တစ်ညလုံး ကျင့်ကြံပြီးနောက် ရဲ့လင်းချန်သည် စံအိမ်ကို လှည့်ပတ်ကြည့်လေတော့သည်။

လေ့ကျင့်ရေးကွင်း၏ တည်ဆောက်ပုံက ရဲ့လင်းချန် မျှော်လင့်ထားသည်ထက် အနည်းငယ် ပိုသာလေသည်။

လေ့ကျင့်ရေးကွင်းအား အခန်းငယ်များအဖြစ် ခွဲခြမ်းထားပြီး တစ်ခုချင်းစီက သီးသန့် လေ့ကျင့်ရေးကွင်းများ ဖြစ်လေသည်။ ၎င်းတွင် အရာ တော်တော်များများနှင့် ပြည့်စုံလေသည်။ ၎င်းတွင် စိတ်ဝိညာဉ် စွမ်းအင် ကျောက်တုံးကို လှုံ့ဆော်ရာ၌ အသုံးပြုသော လျှပ်စစ်သံလိုက်လှိုင်း ပါရှိပြီး စိတ်ဝိညာဉ်စွမ်းအင်များကို ပို၍ မြန်မြန် ထုတ်လွှတ်နိုင်အောင် ပြုလုပ်ပေးလေသည်။ ဤနည်းအားဖြင့် လေ့ကျင့်ရေးအခန်းတွင်းမှ စိတ်ဝိညာဉ်စွမ်းအင်၏ စုစည်းမှုကို တိုးမြင့်စေ၏။ ထို့အပြင် လေ့ကျင့်ရေးအခန်း ဖန်တီးရန် ရေ၊ မီး နှင့် ဆွဲအား စသည့် ပတ်ဝန်းကျင်တို့အတွက် ဟင်းလင်းပြင်နယ်မြေမှ သတ္တဝါများ၏ အတွင်းပိုင်း အဂ္ဂိရတ်ကိုလဲ အသုံးပြုထားသည်။

ဤသို့သော အထူးလေ့ကျင့်ရေး အခန်းသည် သိုင်းပညာရှင်တစ်ဦး၏ ကျင့်ကြံရေးအတွက် ကြီးမားသော အကူအညီ ဖြစ်ကာ ယင်းက ရဲ့လင်းချန်အတွက် အမြင်ကျယ်စေသော အတွေ့အကြုံတစ်ခုပင်။

သို့သော် လေ့ကျင့်ရေးအခန်း၌ လေ့ကျင့်ရန် အမှတ်များ လိုအပ်ပေသည်။

ထို့နောက် ရဲ့လင်းချန်သည် စာသင်ခန်းများဘက်သို့ ထွက်လာလိုက်သည်။

အတန်းများသည် သိုင်းပညာရှင်များအား အခြေခံ သိုင်းပညာ၊ ဗျူဟာများနှင့် ရန်သူများကို တိုက်ခိုက်နိုင်မည့် စွမ်းရည်များကို သင်ကြားပေးသည်။ သူ့တွင် အချို့သော အထူးအခွင့်အရေးများ ရှိသဖြင့် ထိုသို့သော အရာများက ရဲ့လင်းချန်အတွက် အသုံးမဝင်ပေ။ အတန်းတွင်း၌ သူသည် ဟင်းလင်းပြင်နယ်မြေ၌ ပတ်သက်သော သတင်းအချက်အလက် အချို့ကို ရယူနိုင်ခဲ့သည်။ ဟင်းလင်းပြင်နယ်မြေ၏ သဘောတရားက ရဲ့လင်းချန်၏ စိတ်ထဲ၌ ပို၍ နေရာယူလာသည်။

ဟင်းလင်းပြင်နယ်မြေက ဘာလဲဆိုသည်ကို မည်သူမှ အတိအကျ မပြောနိုင်ပေ။ ၎င်းအား ပြင်ပကမ္ဘာတစ်ခုဟု သတ်မှတ်နိုင်သော်လည်း အချို့သော အခြေခံ ခြားနားချက်များ ရှိသည်။

အဘယ်ကြောင့်ဆိုသော် ဟင်းလင်းပြင်နယ်မြေက ကမ္ဘာဂြိုဟ်အပေါ် သက်ရောက်မှု ရှိသောကြောင့်ပင်။ ၎င်းက ငလျင်များ၊ ဆူနာမီများနှင့် မီးတောင် ပေါက်ကွဲခြင်းများကို ဖြစ်ပေါ်စေသည်။ ကမ္ဘာမြေပေါ်ရှိ သတ္တဝါများ၏ ဗီဇ ပြောင်းလဲခြင်းများတောင်မှ ဟင်းလင်းပြင်နယ်မြေကြောင့် သက်ရောက်ခြင်း ဖြစ်သည်။

ထို့နောက် တရုတ်နိုင်ငံ၌ ငရဲတံခါး တစ်ခုထက်ပို ရှိနေသည်ကို ရဲ့လင်းချန် သိလိုက်ရသည်။ စုစုပေါင်း လေးခု ရှိနေပြီး မြို့တော်၊ ရှန့်ကျန်း၊ ဟောင်ကောင်နှင့် အနောက်ဘက်တို့၌ တစ်ခုစီ ရှိနေသည်။

ထို့အပြင် တရုတ်နိုင်ငံသည် ငရဲတံခါး ပေါ်ထွက်လာမှု စုစုပေါင်း နှစ်ဆယ့်ခြောက်ခုကို မှတ်တမ်းတင်ထားခဲ့သည်။ အခြား နှစ်ဆယ့်နှစ်ခုမှာ တစ်ခဏမျှသာ ပေါ်ထွက်ခဲ့ပြီး မပျောက်ကွယ်ခင် ကြီးမားသော ပျက်စီးမှုကို ဖြစ်ပွားစေခဲ့သည်။

ဟင်းလင်းပြင်နယ်မြေအတွင်း၌ နေထွက်ကာ သက်ရှိများက ကမ္ဘာနှင့် အတူတူနီးပါးပင်။ ဟင်းလင်းပြင်နယ်မြေက ကမ္ဘာဂြိုဟ်၏ အစိတ်အပိုင်းတစ်ခုဟုပင် လူတစ်ချို့က ရဲရဲတင်းတင်း တွေးတောကြကာ တစ်ဂြိုဟ်တည်း ဖြစ်နေရာမှ အကြောင်းတစ်ခုခုကြောင့် ကွဲသွားသည်ဟု ထင်နေကြသည်။ ထိုသို့မဟုတ်ပါက တူညီမှုများကို ဘယ်လို ရှင်းပြနိုင်တော့မည်နည်း။

လျှပ်စစ်စွမ်းအင်နှင့် သံလိုက်စွမ်းအင်ကဲ့သို့သော စွမ်းအင်များသည် ဟင်းလင်းပြင်နယ်မြေ၌ ၎င်းတို့၏ သက်ရောက်မှုများ ပျောက်ကွယ်သွားခြင်း သို့မဟုတ် တည်ပင် တည်ရှိမနေချေ။ ၎င်း၌ ရှိနေသည့် တစ်ခုတည်းသော အသုံးပြုနိုင်သော စွမ်းအင်မှာ စိတ်ဝိညာဉ်စွမ်းအင်သာ ဖြစ်သည်။

တကယ်တမ်းတွင် စိတ်ဝိညာဉ်စွမ်းအင်သည် အလွန် အသုံးဝင်ပြီး ကမ္ဘာ၏ စွမ်းအင်အားလုံးကို အစားထိုး နိုင်ပေသည်။

လူသားမျိုးနွယ်၏ လက်ရှိ ဗဟုသုတအရဆိုလျှင် ဟင်းလင်းပြင်နယ်မြေသည် အလွန်အမင်း ပြီးပြည့်စုံသော ကမ္ဘာတစ်ခု ဖြစ်ပြီး ၎င်းအတွင်းမှ ဧရိယာသည် မယုံနိုင်လောက်အောင် ကြီးမားလှသည်။ ၎င်းတွင် ပြည့်စုံသော ဂေဟဗေဒ စနစ် ရှိပြီး အပြာရောင် အသားအရေနှင့် လူသားများအပြင် တိရစ္ဆာန်များနှင့် အပင်များလည်း ရှိပေသည်။

ဟင်းလင်းပြင်နယ်မြေမှ သတ္တဝါများအား မိစ္ဆာများဟု ခေါ်ကြသည်။ အကြောင်းမှာ ၎င်းတို့၏ အလွန်အမင်း မြင့်မားသော တိုက်ပွဲဝင်ခွန်အားနှင့် စိတ်ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်နိုင်သော စွမ်းရည် တို့ကြောင့်ပင်။ သူတို့၏ ခွန်အားက မူလစိတ်ဝိညာဉ်အဆင့်သို့ ရောက်လာချိန်တွင် သူတို့သည် သူတို့၏ ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဉ်စွမ်းအင်ကို စုစည်းလာနိုင်ကြကာ ယင်းက ကမ္ဘာ၏ ဒဏ္ဍာရီများထဲ မိစ္ဆာဆေးလုံးများနှင့် တူသဖြင့် စစ်သည်တော်ဌာနက မိစ္ဆာ အမြုတေဟု ခေါ်သည်။

မိစ္ဆာအမြုတေသည်လည်း ရှားပါးပြီး အဖိုးတန်သော အရာဖြစ်သည်။ ၎င်းတွင် မိစ္ဆာတစ်ကောင်၏ စွမ်းအင် ပါဝင်သော်လည်း ၎င်း၏ လက်ရှိ တိုးတက်မှုမျာ အကန့်အသတ်နှင့် ဖြစ်နေပြီး လေ့ကျင့်ရေးအခန်းတွင်း၌သာ သုံးနိုင်လေသည်။

မိစ္ဆာများ၏ ခန္ဓာကိုယ်များကိုလဲ လက်နက်များအတွက် ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်သည်။

လူသားများသည် အားနည်းလွန်းနေဆဲ ဖြစ်ပြီး သူတို့၏ ဟင်းလင်းပြင်နယ်မြေအပေါ် နားလည်မှုက နှစ်ပေါင်းများစွာ ကြာနေသော်လည်း နိမ့်ကျနေဆဲပင်။

အချို့သော အရေးကြီးသော သတင်းအချက်အလက်ကို ရည်ရွယ်ချက်ရှိရှိ ထုတ်မပြထားသည့် ဖြစ်နိုင်ချေလည်း ရှိနိုင်ပေသည်။ သူသည် ဟင်းလင်းပြင်နယ်မြေက ဘာလဲ ဆိုသည်ကို သိမြင်ချင်စိတ် အနည်းငယ် ထက်သန်နေသည်။ သူကိုယ်တိုင် လေ့လာမှ ရနိုင်ပေတော့မည်။

All Chapters