← Chapters

လက်တန်းကဗျာတစ်ပုဒ်

Vol. 19 Ch. 281

လက်တန်းကဗျာတစ်ပုဒ်

Vol. 19 Ch. 281

“ဘာလို့လဲ သိလား၊ ဘာလို့လဲဆိုရင် အဲ့အချိန်တုန်းက စစ်မာယွီက ကျန်းကျိုးရဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူးလေ၊ သူက ယန်ဖျင် စစ်မြေပြင်အစား ဝမ်ချန်မှာ စခန်းချနေတာ၊ အဲ့တော့ ဘယ်လိုလုပ် ကျူးလျန့်နဲ့ စစ်မာယွီရဲ့ ဗလာခံတပ် နည်းဗျူဟာက ရှိလာမှာလဲ”

[လခွမ်း အဲ့လိုကိစ္စမျိုး တကယ် ရှိခဲ့တာလား]

[ဗလာခံတပ် နည်းဗျူဟာက တကယ်ပဲ အတုအယောင် ဖြစ်နေနိုင်လား]

[မင်း အဲ့လိုပြောလိုက်မှ … အမှန် ဖြစ်မယ့်ပုံပဲ၊ စစ်မာယွီရဲ့ ကျူးလျန့်က တစ်နေရာတည်းမှာ ရှိနေတာမှ မဟုတ်တာ]

သုံးပြည်ထောင်ကို ဖတ်ဖူးသူများသည် အတိုင်းအတာတစ်ခုအထိ ယင်းအကြောင်း နားလည်နိုင်ပေသည်။

ရဲ့လင်းချန်သည် သူ လုံလောက်အောင် အပြောမကောင်းသေးမှန်း သိနေသဖြင့် ဆက်ပြောလေသည်။

“ပြီးတော့ ဒီကိစ္စက ယုတ္တိကျတဲ့အမြင်ဘက်ကနေ တွေးမယ်ဆိုရင် မဖြစ်နိုင်ဘူး”

“ဗလာခံတပ် နည်းဗျူဟာအကြောင်း အရင် ပြောကြတာပေါ့၊ ယေဘုယျ နားလည်ထားတာက စစ်မာယွီက သူ့တပ်ကို ဦးဆောင်ပြီး တိုက်ခိုက်ခဲ့တယ်ဆိုတာပဲ၊ အဲ့အချိန်တုန်းက ကျူးလျန့်မှာ စစ်သည် မရှိဘူး၊ အဲ့ဒါကြောင့် သူက ဂိတ်တံခါး လေးခုလုံးကို ဖွင့်ပြီး စစ်မှုထမ်းဟောင်းတွေကို လမ်းတွေကို လှည်းကျင်းထားဖို့ ညွှန်ကြားတယ်၊ ကျူးကောလျန့်က ကုချင်းကို ကိုင်ပြီး အမွှေးတိုင် ထွန်းပြီးတော့ ကလေး နှစ်ယောက်ကို ခေါ်ပြီး သူနဲ့အတူ မျှော်စင်မှာ သီချင်းသီဆိုစေတယ်၊ စစ်မာယွီရဲ့ စစ်တပ် ရောက်လာတော့ အဲ့ဒါကို မြင်ပြီး ဘာတွေဖြစ်နေမှန်း မသိ ဖြစ်သွားကြတယ်၊ မြင်းကိုစီးပြီး ရောက်လာတဲ့ စစ်မာယွီကိုယ်တိုင်တောင် ထိတ်လန့်သွားပြီး ဒီအဘိုးကြီး ဘာတွေ လုပ်နေတာလဲလို့တောင် တစ်ကိုယ်တည်း ပြောလိုက်မိတယ်၊ မြို့တံခါးတွေက ပွဲတော်တစ်ခု ရှိတဲ့ပုံလို ပွင့်နေခဲ့တော့ သူ့ကို စိတ်ရှုပ်ထွေးသွားစေခဲ့တယ်၊ ကျူးလျန့်က ထောင်ချောက်ဆင်ထားတယ်လို့ ခံစားမိလို့ သူ့တပ်ကို ဆုတ်ခွာ ခိုင်းလိုက်တယ်”

[ဟုတ်တယ် အဲ့ဒါ ဗလာခံတပ် နည်းဗျူဟာပဲ]

[666 … ပွဲတော် ကျင်းပတယ်၊ သီချင်းဆိုတယ် ဟုတ်လား၊ မင်း ဘာလို့ အဲ့လောက် ချဲ့ကားပြောတတ်လွန်းတာလဲ တင်ဆက်သူရေ၊ ဒါက တအား ကွန့်လွန်းပြီးတော့ ဟိတ်ဟန်များလွန်းတယ်]

ရဲ့လင်းချန် အသာ ပြုံးလိုက်သည်။

“အရင်ဆုံး ပြောရရင် စစ်မာယွီက ရာထောင်ချီတဲ့ စစ်သည်တွေပါတဲ့ တပ်ကို ပိုင်ဆိုင်ထားတယ်လို့ ကျော်ကြားတာ မဟုတ်လား၊ သူက မြို့ထဲက ချုံခိုတိုက်တာလေးကို မကြောက်လောက်ပါဘူး ဟုတ်တယ်မလား၊ ကင်းထောက်ကို အရင်လွှတ်ပြီး ဘာဖြစ်သလဲ ကြည့်ခိုင်းတာက ပိုမဖြစ်နိုင်ဘူးလား၊ သူ ကြောက်ရအောင် မြေကြီးထဲ မြှုပ်ထားတဲ့ မြေမြှုပ်မှိုင်းတွေ ရှိမနေလောက်ပါဘူး ဟုတ်တယ် မလား ”

*ဒါ…*

လူတိုင်း မှင်တက်သွားသည်။ သူတို့ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ဖြစ်သွားပြီး အရာအားလုံး အဓိပ္ပာယ် ရှိသလို ခံစားလိုက် ရသည်။

သူတို့သည် ယခင်က ဇာတ်ကြောင်းများ၏ ထိန်းချုပ်ခြင်းကို ခံခဲ့၇ပြီး သူတို့အတွေးတွင်လည်း ဇာတ်ကြောင်းကိုသာ အလိုလို လက်ခံ ယုံကြည်လိုက်ကြပြီး ဟာပေါက်ကို မတွေးမိကြချေ။ ရဲ့လင်းချန်က သူတို့၏ နားလည်နိုင်စွမ်းကို စိန်ခေါ်လာသောအခါ အရာအားလုံးက သူတို့အတွက် ကြည်လင်ပြတ်သားလာ၏။

[ဒီလို စိစစ်လေ့လာမှုမျိုးနဲ့ ပတ်သက်ပြီး ဘာမှမှားမနေဘူး၊ ငါ ပြောနိုင်တာဆိုလို့ တင်ဆက်သူက 666 ပဲ …]

[အခုမှ သုံးပြည်ထောင်က စိတ်ဝင်စားစရာ ကောင်းတယ်လို့ ငါ သိလာရတယ်၊ ဝိုင်နတ်ဘုရားရေ မင်းက တကယ် အရည်အချင်း ရှိတာပဲ ပြီးတော့ မင်းက ငါ့ရဲ့ သမိုင်းအပေါ် နားလည်မှုကို ပြောင်းလဲလိုက်တာပဲ]

[မြေမြှပ်မှိုင်းတွေ ဟုတ်လား၊ ဟားဟားဟား မင်းရဲ့ ဟိတ်လုံးဟန်လုံးတွေနဲ့ ငါ့ကို ရယ်သေအောင် လုပ်နေတာလား]

[သေစမ်းကွာ၊ တင်ဆက်သူကသာ ငါ့သမိုင်းဆရာ ဖြစ်ခဲ့မယ်ဆိုရင်က ငါ သမိုင်းဘာသာကို ကျမယ်မထင်ဘူး]

သို့သော် ရဲ့လင်းချန် ဆက်ပြောသည့်အသံကို သူတို့ ကြားလိုက်ရသည်။

“ဒုတိယအချက်က စစ်မာယွီကိုယ်တိုင် ဂိတ်တံခါးကို ဖြတ်ပြီး ဝင်ခဲ့သော မျှော်စင်အပေါ်မှာ ကျူးလျန့် တစ်ယောက်ယောက် တည်တည်ငြိမ်ငြိမ်နဲ့ သံစဉ်မှားယွင်းခြင်းမရှိဘဲ ကုချင်း တီးခတ်နေတာကို တွေ့လိုက်ရတယ်၊ ဒါက အကွာအဝေးက တအားနီးနေတယ် ဆိုတာကို ပြနေတယ်၊ အဲ့တော့ သူ့ကို မြားပစ်သမားနဲ့ ပစ်ချလိုက်လို့ မရနိုင်ဘူးလား”

*လခွမ်း*

လူတိုင်း ထပ်မံ၍ မှင်တက်မိသွားသည်။

ထပ်မံ၍ ဟာကွက်တစ်ကွက် ရှိနေပါတကား။ အလွန် ကြီးမားသော ဟာကွက်တစ်ကွက် ဖြစ်နေသည်ကတော့ ငြင်းမရချေ။ ကျူးလျန့်ကို ဘယ်အရာကမှ ကာမထားချေ။ မြားတစ်စင်းတည်းနှင့် တစ်ခါတည်း အပြတ်ရှင်းလိုက်၍ ရနိုင်ပေသည်။

“တတိယအချက်က …”

*တတိယအချက် ရှိသေးတာလား*

ရဲ့လင်းချန် ပြောပြလာသော သက်သေများကို လူတိုင်း အံ့ဩမိရုံသာ ရှိတော့သည်။

“ဗလာခံတပ် ဗျူဟာထဲကို စစ်မာယွီက လူရာထောင်ချီ ခေါ်လာပြီးတော့ မတိုက်ရဲဘူးတဲ့၊ တစ်မြို့လုံးကို သုံးရက်လောက် ဝိုင်းထားရင် မဖြစ်ဘူးလား၊ သူ မတိုက်ဘဲ အဲ့လိုလုပ်ရင် ယုတ္တိမရှိဘူးလား”

ဆက်တိုက်ပြောလိုက်သော မေးခွန်းသုံးခုက လူတိုင်းကို ဆွံ့အသွားစေပြီး ကြက်သေ သေသွားစေသည်။

“ပေါင်ဝမ်တိုက်ပွဲ၊ ရှင်းရဲ့တိုက်ပွဲ၊ ကောက်ရိုးလှေနဲ့ မြားငှားခြင်း အဲ့လိုအကြောင်းအရာတွေ အားလုံးက လုပ်ကြံပြောဆို ထားတာ တွေကြီးပဲ၊ တရားဝင် သမိုင်းစာအုပ်တွေထဲမှာ တရားဝင် မှတ်တမ်းတွေ မရှိဘူး၊ သူတို့က အရမ်း နာမည်ကြီးနေလို့သာ အဆင့်ဆင့် ပျံ့နှံ့လာခဲ့တာ၊ အဓိပ္ပာယ် မရှိဆုံးအရာကတော့ လှည့်ကွက်တွေပဲ၊ ကျူးလျန့်ကို မှော်ပညာ ဖန်တီးနိုင်တဲ့ မှော်ဆရာတစ်ယောက် နီးပါးဖြစ်လောက်တဲ့အထိ ရေးထားပြီးတော့ ပါရမီရှင်တစ်ယောက်လို ပြောကြတယ်၊ တစ်ခြား စစ်သူကြီးတွေကိုတော့ သူတို့ စစ်သည်တွေကို စစ်တိုက်ဖို့ ခေါ်လာကြတဲ့ တုံးအတဲ့ ရုပ်သေးရုပ်အဆင့်လောက်ထိ လျှော့ချရေးသားကြတယ်၊ ပြီးရင် စစ်မြေရင်ကို ရောက်တာနဲ့ သူတို့က အိတ်ထဲကနေ အထုပ် တစ်ထုပ်ကို ထုတ်လိုက်ပြီးတော့ ‘စစ်မတ်ရေးရာ အတိုင်ပင်ခံပုဂ္ဂိုလ်က လှည့်ကွက် ဗျူဟာတွေ အများကြီး ပေးလိုက်တာပဲ၊ ကြည့်ကြည့်ရအောင် … အိုး … အဲ့လိုကိုး … ဒါကို အဲ့လို လုပ်သင့်တာကိုး’ ဖြစ်သွားကြရော”

[လခွမ်း တင်ဆက်သူ ပြောနေတဲ့ပုံက ကျူးလျန့်ကို မိစ္ဆာတစ်ကောင်လို့ မြင်အောင် လုပ်နေသလိုပဲ]

[မြေယိုး … ဒါတွေအားလုံးက စိတ်ကူးယဉ် ဝတ္ထုတစ်ပုဒ်လို အတုအယောင်ဖြစ်မယ်လို့ ငါ အမြဲ သံသယ ဝင်နေခဲ့တာ]

[ငါ သတိလက်လွတ် ဖြစ်သွားတယ်၊ တင်ဆက်သူကြောင့် ငါ့အတွေးအမြင်တွေ ပြောင်းပြန် ဖြစ်ကုန်ပြီ]

[ဟားဟားဟား … တင်ဆက်သူရဲ့ သင်ပြမှုအောက်မှာ ငါ သမိုင်းနဲ့ ပတ်သက်ရင် အရူးတစ်ယောက်လို မဖြစ်တော့ဘူးကွ]

“အချိန်ကျလုနီးပါး ဖြစ်နေပြီ၊ ကျွန်တော် သုံးပြည်ထောင်ကို ဒီမှာပဲ ရပ်နားလိုက်ပါမယ်၊ စိတ်ဝင်စားတဲ့သူတွေ နှစ်သက်သည် ခလုတ်လေးကို နှိပ်နိုင်ပြီးတော့ ဒီအကြောင်းကို ဆက်လက် နားဆင်လို့ ရပါတယ်၊ နောက်တစ်ခါကျရင် ကွမ်းယွီနဲ့ စဉ်းလဲတဲ့ ချောင်ချောင်အကြောင်း ပြောပြသွားပါမယ်”

[ပြီးသွားပြီလား၊ ဒီနေ့ တစ်နာရီ ထပ်တိုးထားတယ် မဟုတ်ဘူးလား]

[မဖြစ်ရဘူးးးးး ဘာလို့ တင်ဆက်သူရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကို နားထောင်တိုင်း အချိန်ကုန်တာ အရမ်း မြန်ရတာလဲ]

[မလုပ်ပါနဲ့၊ ငါ ကွမ်းယီကို တအား လေးစားတာ၊ တင်ဆက်သူကို ငါ တောင်းပန်ပါတယ်၊ ဒီအတိုင်း ဆက်ပြောလို့ မရဘူးလား]

အသည်းအသန် တောင်းဆိုမှုများကို မြင်ရသောအခါ ရဲ့လင်းချန် ပြုံးမိသွားသည်။ သုံးပြည်ထောင်အကြောင်း ပြောဆိုခြင်း၏ သက်ရောက်မှုက အံ့ဩစရာပင်။

တစ်ခဏမျှ စဉ်းစားပြီးနောက် သူ ဆက်ပြောလိုက်သည်။

“ရှေးခေတ်ဆိုတာနဲ့ လက်ရှိခေတ်က အဖြစ်အပျက်တွေ အများစုက တစ်ခေတ်တည်းမှာ ရှိခဲ့တဲ့ လူတွေကနေ ပြောခဲ့ကြတာ မဟုတ်လား၊ အဲ့အချိန်တုန်းက အတိအကျ ဘာဖြစ်ခဲ့ပါတယ်ဆိုတာကို ဘယ်သူက သေချာ ပြောနိုင်မှာလဲ၊ အခုတလော ရိုးရာကဗျာတွေက အတော်လေး နာမည်ကြီးနေတာကို ငါ သတိထားလိုက်မိတယ်၊ အခုတလော ပိုစ့်တွေက ငါကဝိုင်ဆိုတဲ့ ကလောင်ပိုင်ရှင်နဲ့ ငါက မိတ်ဆက်စာ ရေးရာကနေ မိတ်ဆွေဖြစ်လာကြတာ၊ သူက ကဗျာတစ်ချို့ ရေးထားတာပဲ၊ ငါလည်း ဈာန်ဝင်လာလို့ ငါ့ရဲ့ မပြည့်စုံတဲ့ အစွမ်းလေးကို ထုတ်ပြချင်ပါတယ်”

*လခွမ်း*

*ဝိုင်နတ်ဘုရားက လက်တန်းကဗျာတစ်ပုဒ် ဖန်တီးတော့မလို့လား*

လူတိုင်း အဓိက အကြောင်းအရာကို နားလည်သွားကြသည်။ သူတို့အားလုံး ငါးအနံ့ကို ရလိုက်သည့် ကြောင်များကဲ့သို့ ဖြစ်ကာ ဖန်သားပြင်ကို အသည်းအသန် ဆွဲချကြည့်လေသည်။

[ချီးပဲ ဝိုင်နတ်ဘုရားနဲ့ စာရေးဆရာဝိုင်က စာရေးဖော် မိတ်ဆွေတွေလား]

[နှစ်ယောက်လုံးက တန်းတူ ထူးချွန်တယ်၊ သူတို့က အချင်းချင်း သိကြပြီးတော့ နှစ်ယောက်လုံးက ယဉ်ကျေးမှုရှိတဲ့သူတွေပဲ]

[စူပါမန်းဝိုင်နဲ့ သရုပ်ဆောင်ဝိုင်ကလည်း အချင်းချင်း သိသလို စာရေးဆရာဝိုင်ကလည်း ဝိုင်နတ်ဘုရားကို သိတယ်၊ ဒီလူတွေက အစကတည်းက ဒီလို အထူးတဆန်းဖြစ်အောင် လုပ်မယ်လို့ ကြိုစီစဉ်ထားတယ်လို့ ငါ ထင်နေမိတာပါလိမ့်]

[ကဗျာကို စောင့်နေတယ်၊ ကဗျာကို မျှော်လင့်နေပါတယ်ဗျို့ …]

ရဲ့လင်းချန်က ခံစားချက်အားလုံးကို စုစည်း၍ ရွတ်ဆိုလိုက်သည်။

“ယန်ကျီမြစ်ထဲက ရေတွေက အရှေ့ဘက်ကို စီးဆင်းပျောက်ကွယ်သွားပြီး အတိတ်က သူရဲကောင်းအားလုံးကို သယ်ဆောင်သွားတယ်၊ သူတို့ရဲ့ အောင်ပွဲတွေနဲ့ ရှုံးပွဲတွေအားလုံး တစ်ခဏအတွင်း ဘာမှမရှိတော့သလို ပျောက်ကွယ်သွားခဲ့တယ်၊ ဒါပေမဲ့ စိမ်းလန်းတဲ့ တောင်ကုန်းလေးကတော့ နေ့စဉ် တွေ့မြင်နေကြ နီတွေးတွေး နေဝင်ချိန်နဲ့အတူ အရင်အတိုင်း ရှိနေဆဲပါပဲ”

သူ့အသံက မပြင်းသော်လည်း အားမာန် ပါလှသည်။ ထိုစကားလုံးများက လူတိုင်း၏ နားထဲသို့ မိုးခြိမ်းသံအလား ဝင်ရောက်သွားပြီး သူတို့ကိုယ်တိုင် ယန်ကျီမြစ်ထဲ သယ်ဆောင်ခံလိုက်ရပြီး အရှေ့ဘက်သို့ စီးဆင်းကာ ထိုသူရဲကောင်းများကဲ့သို့ ပျောက်ကွယ် သွားသယောင် ခံစားလိုက်ရသည်။

ပထမစာကြောင်းက သုံးပြည်ထောင်ခေတ်မှ စစ်သည်တော်များကို အပြည့်အဝ ဖော်ညွှန်းထားသည်။ ထိုသို့သော သူရဲကောင်းများ ပေါ်ထွက်လာသော ခေတ်အခါကို လူအများ တမ်းတလွမ်းဆွတ်သော ခံစားချက်တို့ ဖြစ်ပေါ်လာရလေသည်။

ဒုတိယစာသားမှာ အောင်ပွဲများနှင့် ရှုံးပွဲများက တစ်ခဏအတွင်း ပျောက်ကွယ်သွားပင်မယ့် စိမ်းလန်းတဲ့ တောင်ကုန်းလေးကတော့ နေ့စဉ် တွေ့မြင်နေကြ နေဝင်ချိန်နဲ့အတူ အရင်အတိုင်း ရှိနေဆဲပါပဲ ဟူသော စာသားပင်။

အပြောင်းအလဲက သတိပေးခြင်းမရှိ ဝင်ရောက်လာပြီး လူတိုင်း၏ စိတ်နှလုံးကို အေးစက်သွားသလို ဖြစ်စေသည်။ သူတို့သည် ထည်ဝါသော ဓလေ့မှ နိုးထလာပြီး စိတ်ဓာတ်ကျခြင်းနှင့် ဝမ်းနည်းမှုများအဖြစ်သို့ ပြောင်းလဲခံစားလာရသည်။

အဆုံးသတ်တွင် အောင်မြင်မှုဖြစ်စေ၊ ကျရှုံးမှုဖြစ်စေ အရာအားလုံးက အတူတူပင် ဖြစ်ပြီး ထိုသူရဲကောင်းများကဲ့သို့ ပျောက်ကွယ် သွားရမှာပင်။ အချိန်၏ စမ်းသပ်မှုကို အံတုနိုင်သည့် တစ်ခုတည်းသော အရာက စိမ်းလန်းသော တောတောင်များပင်။

“ဆံဖြူနေတဲ့ တံငါသည်တွေနဲ့ ထင်းခုတ်သမားတွေက မြစ်ကမ်းနံဘေးမှာ နေပြီး ဆောင်းဦးကာလ လသော်တာကို ကြည့်ပြီး ညလေညင်းကို ခံစားနေကြတယ်၊ မိတ်ဆွေကောင်းတစ်ယောက်က သေရည်တစ်ပုလင်းနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ရောက်လာပြီး ပုံပြင် အဟောင်းတွေ အသစ်တွေအားလုံးကို ပြောဆိုမျှဝေပြီး အတူတူ ရယ်မောကြတယ်”

နောက်ဆုံးစာသားက လူတိုင်းကို လှိုက်လှိုက်လှဲလှဲ ခံစားရစေသည်။ မတူညီသော စိတ်ခံစားချက်များအားလုံး သူတို့၏ ဦးနှောက်တွင်း၌ ဖြစ်ပေါ်နေပြီး အတွေးထဲ ဗလာဖြစ်ကာ ငေးငိုင်သွားစေသည်။

လူတော်တော်များများက ညှို့ယူဖမ်းစားခံလိုက်ရသည်။

*မိတ်ဆွေကောင်းတစ်ယောက်က သေရည်တစ်ပုလင်းနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ရောက်လာပြီး ပုံပြင် အဟောင်းတွေ အသစ်တွေ အားလုံးကို ပြောဆိုမျှဝေပြီး အတူတူ ရယ်မောကြတယ်တဲ့လား*

ယင်းက ပြီးပြည့်စုံလှပေသည်။ များစွာသော သူရဲကောင်းလုပ်ရပ်များ လုပ်ခဲ့ပါသော်လည်း သူတို့အားလုံးက ပြန်ပြောင်းပြောဆို၍ ရယ်မောစရာသာ ဖြစ်လာခဲ့သည် မဟုတ်ပါလော။

ကွန်ပျူတာရှေ့၌ ထိုင်နေသူများသည် သတိလက်လွတ် ထရပ်လိုက်မိသည်။ သူတို့မျက်လုံးထဲတွင် မျက်ရည်များ ပြည့်နေပြီး ဤကဗျာထဲ၌ လုံးလုံးလျားလျား နစ်မျောနေလေ၏။

All Chapters