ကျွန်းတစ်ကျွန်း၏ ပိုင်ရှင် ဖြစ်လာခြင်း
Vol. 37 Ch. 548
စစ်သည်တော်ဌာန၏ ရုံးခန်းအတွင်း၌။
လက်ရှိတွင် ပျက်စီးသွားသော နေရာများအား ဒဏ်ရာ ရရှိထားသော်လည်း လိုလိုလားလားနှင့် ရှင်းလင်း ပြင်ဆင် ပေးနေကြသည်။ အချို့သော ဒဏ်ရာ အပြင်းအထန် ရထားသည့် စစ်သည်တော်များသည်လည်း ဝင်လုပ်နေ ပေးနေ၏။
ရုံးခန်းထဲ၌ ရဲ့လင်းချန်နှင့် နည်းပြချုပ် ငါးယောက်အပြင် ထူးခြားသည့် ရာထူးရှိသူများသာ ကျန်ရှိလေသည်။
ရဲ့လင်းချန်က စာချုပ်တစ်ခုကိုကိုင်၍ ဖတ်နေသည်။
စာချုပ်သည် မြေလွှဲပြောင်းပေးသည့် စာချုပ်ဖြစ်ပြီး ခေါင်းစဉ်ကို ဖတ်ကြည့်ရုံနှင့် နားလည်ပေသည်။ စာချုပ် အကျုံးဝင်သည်နှင့် ရဲ့လင်းချန်သည် ကျွန်းတစ်ကျွန်းကို ပိုင်ဆိုင်ရပေလိမ့်မည်။
ကျွန်း: အမည်မဲ့၊ စုစုပေါင်း အရွယ်အစား ၅.၂ စတုရန်း ကီလိုမီတာ၊ တရုတ်နိုင်ငံ၏ အရှေ့မြောက်ဘက် ရေပြင်၌ တည်ရှိသည်။ အနီးဆုံး အဓိကခရိုင်မှာ တုန်းရှန်း ခရိုင်ဖြစ်ပြီး မဖွံ့ဖြိုးသေးသော နေရာတစ်ခု ဖြစ်လေသည်။
၅.၂ စတုရန်း ကီလိုမီတာသည် အလွန် ကြီးမားသည်ဟု သတ်မှတ်နိုင်ပေသည်။ ဧကသို့ ပြောင်းတွက်ကြည့်လျင် ဧကပေါင်း ၇၈၀၀ ရှိပြီး စတုရန်း မီတာဆိုလျင် ၅.၂ သန်း စတုရန်းမီတာ ရှိသည်။ နှိုင်းယှဉ်ကြည့်လိုက်လျင် အခြားနိုင်ငံများရှိ ကမ္ဘာလှည့် ခရီးသွားကျွန်းများထက် ပို၍ ကြီးမားလေသည်။
အတိုချုပ်၍ ပြောရလျင် ထိုဧရိယာက အလွန်အမင်း ကြီးမားလှပေသည်။
သို့သော် ချင်ပိုင်ချွမ်း၏ ကမ်းလှမ်းမှုကို ကြားပြီးနောက် ရဲ့လင်းချန်သည် မိမိ အတော် နုံလွန်းသည်ဟု ခံစားလိုက် ရသည်။
ကျွန်းတစ်ကျွန်းကို ဝယ်နိုင်သည့် အရည်အချင်းကို သူ ရလိုက်လျင်တောင်မှ စတုရန်းပေ ၈၀၀ ၏ အနိမ့်ဆုံးဈေးက အနည်းဆုံး ၄.၁၆ ဘီလီယံ ကုန်ကျပေမည်။
*ဒါ ပိုက်ဆံ အများကြီးပဲမလား*
*စတုရန်းပေ တစ်ပေကို ၈၀၀ က တော်တော် ဈေးချိုတာပဲ*
အကယ်၍ ရဲ့လင်းချန်၌ အချိန်ရလျင် သူ ရလိုက်လောက်ပါသည်။ သို့သော် လက်ရှိ၌ ထိုမျှ ပိုက်ဆံကို သူ မရှာနိုင်ပါ။
သူ့အမည်အောက်၌ ရှိသော ပိုင်ဆိုင်မှုများကို ရောင်း၍ ၎င်းကို သူ ဝယ်နိုင်လောက်သော်လည်း ယင်းက နွားရှေ့ ထွန်ကျူးနေလိုပင်။
သို့သော် စာချုပ်က မျက်စိရှေ့၌ ရှိနေသဖြင့် ရဲ့လင်းချန်သည် ဆက်၍ ညှစ်ထုတ်ရန် အင်တင်တင် ဖြစ်နေသည်။ သူ ကျွန်းကို အစောကတည်းက ဝယ်ခဲ့ပြီး သူ့ရင်ထဲမှ စွဲလမ်းမှုကို ဖြည့်ပေးခဲ့လျင် ပို၍ စိတ်အေးခဲ့ရလောက်သည်။
သူ၏ ပိုင်ဆိုင်မှုများကို အလျင်အမြန် တွက်ကြည့်လိုက်သည်။ အစ၌ သူ့တွင် ငွေသား ၁.၄ ဘီလီယံ ရှိပြီး ဝမ်ရုံ နည်းပညာ၌ ၇.၈ မီလီယံ ရှိသည်။ ဝိုင်အလှကုန် ပစ္စည်းဆိုင်မှ သူ၏ အကောင့်များ၊ အနုပညာ ကုမ္ပဏီမှ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကြောင့် ရရှိလာသော မူပိုင်ခွင့်နှင့် ကြော်ငြာခများကို ပေါင်းလိုက်လျင် ယွမ် သန်းသုံးရာ ရှိသည်။
ယင်းက ယွမ် ၂.၅ ဘီလီယံသာ ရှိပေသေးသည်။
အထူးသဖြင့် ဝမ်ရုံ နည်းပညာ သို့မဟုတ် အလှကုန် ပစ္စည်းဆိုင်နှင့် အနုပညာများမှ ပိုက်ဆံများကို သူ အကုန် ထုတ်၍ မဖြစ်ပေ။ သို့မဟုတ်ပါက ကုမ္ပဏီ၏ လည်ပတ်ရေးတွင် မလွဲမသွေ ပြဿနာများနှင့် ရင်ဆိုင်ရပေမည်။
၂.၁၂ ဘီလီယံ ထုတ်ခြင်းက သူ့အတွက် နောက်ဆုံး အကန့်အသတ်ပင်။
ရဲ့လင်းချန် နှုတ်ခမ်းကို စေ့ထားမိသည်။
*ခက်လိုက်တာ*
“ဘာဖြစ်လို့လဲ၊ မင်းမှာ ပိုက်ဆံ မလောက်ဘူးလား”
ချင်ပိုင်ချွမ်းသည် ရဲ့လင်းချန်၏ မျက်နှာ အမူအရာ ပြောင်းလဲပုံကို ကြည့်ပြီး ပြုံးနေလေသည်။
လေးဘီလီယံက မည်သူမဆိုအတွက် များပြားသော ပမာဏပင်။ ဘီလီယံချီရှိသော ဘီလီယံနာများ၊ သို့မဟုတ် ကမ္ဘာ့ အချမ်းသာဆုံး စာရင်းထိပ်ဆုံးမှ လူများပင်လျင် ထိုမျှပမာဏကို ချက်ချင်း ပေးရန် အခက်တွေ့ပေလိမ့်မည်။
ပထမအချက်မှာ ထိုလူချမ်းသာများ၏ ချမ်းသာမှုမှာ ပိုက်ဆံ မဟုတ်ဘဲ သူတို့၏ ပိုင်ဆိုင်မှုများ ဖြစ်သည်။ ၎င်းက စတော့ ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုး သို့မဟုတ် ဆင်တူသော အရာတစ်ခုခု ဖြစ်နိုင်ပေသည်။ ဒုတိယအချက်မှာ သူတို့ထဲမှ အများစုတွင် ဘဏ်ကြွေးများ ရှိနေသေးပြီး တကယ့် တန်ဖိုးက နည်းသွားလေသည်။
တကယမ်တမ်း၌ ရဲ့လင်းချန် ပိုင်ဆိုင်သော ကုမ္ပဏီများထဲတွင် ဝမ်ရုံ နည်းပညာက ယွမ် ၁၀ ဘီလီယံကျော် တန်ဖိုးရှိသည့် တစ်ခုတည်းသော ကုမ္ပဏီ ဖြစ်လေသည်။
“လူအများစုက ကျွန်းတွေဝယ်ဖို့ အရည်အချင်း မရှိဘူးနော်၊ နောက်တစ်ချက်က သူတို့မှာ ရှိရင်တောင်မှ ဈေးက မင်းကို ကမ်းလှမ်းတာထက် အများကြီး ပိုမြင့်တယ်”
ချင်ပိုင်ချွမ်းက ပြုံး၍ ပြောလိုက်သည်။
“မင်းကို ပေးတဲ့အခြေအနေက သူတို့ ပေးနိုင်တဲ့ အများဆုံး လျှော့ဈေးပဲ”
ရဲ့လင်းချန်က လင်းအောင်ကို လှည့်ကြည့်သည်။
“အစ်ကိုလင်း …”
“ညီလေးရဲ့၊ ညီအစ်ကိုတွေကြားမှာ ပိုက်ဆံနဲ့ ပတ်သက်ပြီး ပြောတာ မဟုတ်သေးဘူး၊ ဒါ ခံစားချက်ကို ထိခိုက်တယ်ကွ”
လင်းအောင်က မျက်နှာထား တည်တည်နှင့် ပြောပြီးနောက် ခါးသီးစွာ ဆက်ပြောသည်။
“ပြီးတော့ ငါ့မှာ ဘာပိုက်ဆံမှ မရှိဘူး၊ ငါ့မှာ တစ်ဘီလီယံ မပြောနဲ့၊ ထောင်ဂဏန်းလောက်တောင် မရှိဘူး၊ မင်း ငါ့အသက်ကို ယူလို့ရတယ်၊ ဒါပေမဲ့ ငါ့ဆီကနေ မင်း ယူစရာ တပြားမှ မရှိဘူး”
လင်းအောင် အောင့်သက်သက် ခံစားနေရသည်။ ရဲ့လင်းချန်ကဲ့သို့ လူချမ်းသာ တစ်ယောက်က ဆင်းရဲသည့် နာကျင်မှုကို ခံစားတတ်မည် မဟုတ်ပါ။
ရဲ့လင်းချန် စိတ်ပျက်စွာ အကြည့်လွှဲလိုက်မိသည်။
*ကျွန်တော့်ပုံစံက ခင်ဗျားဆီက ပိုက်ဆံချေးတော့မယ့်ပုံ ပေါက်နေလို့လား၊ ခင်ဗျား အိုင်ကျူကို ကျွန်တော်တော့ စိတ်ပူလာပြီ*
လင်းထျန်းရှုံးက ရဲ့လင်းချန်၏ သဘောကို နားလည်သွားပြီး အသာ ချောင်းဟန့်လိုက်သည်။
“အဘိုးကြီးချင်၊ မိတ်ဆွေလေးရဲ့က အံ့ဩစရာကောင်းတဲ့ အောင်မြင်မှုတွေ အများကြီး ရခဲ့တာပဲလေ၊ အဲ့ဒီ အောင်မြင်မှုတွေက ငွေနဲ့ တိုင်းတာလို့ မရဘူး၊ မိတ်ဆွေလေးရဲ့ကြောင့်သာ မဟုတ်ရင် ဆုံးရှုံးမှုပမာဏက မတွေးတတ်လောက်အောင်ပဲ၊ ပြီးတော့ ဒီအတိုင်း အလကား ထားလိုက်ဖို့ကလဲ နှမြောစရာပဲ၊ ငါတို့ မိတ်ဆွေလေးရဲ့ကို ပေးလိုက်မယ်ဆိုရင် ငါတို့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့သလိုလဲ ဖြစ်တယ်”
ထိုသို့သောအချိန်၌ ရဲ့လင်းချန်သည် လင်းအောင်၏ အဘိုးက လင်းအောင်ထက် ပိုမိုသာလွန်သောသူဟု ခံစားလိုက်မိသည်။
“ကြီးကြပ်သူရဲ့က တော်ပါတယ်၊ အဲ့ဒါကြောင့်လဲ သူ့ကို အနိမ့်ဆုံးဈေးပေးတာ၊ ဒါပေမဲ့ ကြီးကြပ်သူရဲ့ရဲ့ အောင်မြင်မှုတွေကြောင့် စစ်သည်တော်ဌာနရဲ့ ကိုယ်စားပြုဖြစ်တဲ့ ငါက ဈေးကို လုံးဝ လျှောပေးနိုင်ပါတယ်”
ချင်ပိုင်ချွမ်းက အေးအေးလူလူ ပြောလာသည်။
*တွေ့လား၊ ဒါက အထူးအခွင့်အရေးပဲ*
*ငါ့ကြိုးစားမှုတွေ အကျိုးရှိမယ်ဆိုတာ သိနေတယ်လေ*
ရဲ့လင်းချန်သည် ချင်ပိုင်ချွမ်းအား ကြည့်၍ ဖြောင့်မတ်စွာ ပြောလိုက်သည်။
“နည်းပြချင်၊ ကျွန်တော့်နိုင်ငံအတွက် တိုက်ခိုက်တာက ကျွန်တော် တစ်သက်လုံး လုပ်သင့်တဲ့ အရာတစ်ခုပါ”
ချင်ပိုင်ချွမ်းက ပြုံးနေပြီး တိတ်မြဲတိတ်နေ၏။ ထို့နောက် သူက ပြောသည်။
“အဲ့ဒါကြောင့် ငါ ဈေးကို တစ်ဝက်လျှော့ပေးမယ်၊ ဒါပေမဲ့ ငါ့မှာ တောင်းဆိုစရာ တစ်ခု ရှိတယ်”
*ထပ်ပြီး ငါးဆယ် ရာခိုင်နှုန်း လျှော့ပေးပြီ*
*ဒါဆို ၂.၀၈ သန်းပဲ ရှိတော့မယ်*
ယင်းက ရဲ့လင်းချန်၏ အသုံးစရိတ်အတွင်း ဝင်လေသည်။
“တောင်းဆိုချင်တာကို ပြောပြလဲ ကိစ္စမရှိပါဘူး၊ နည်းပြချင်”
ရဲ့လင်းချန်က ပြောသည်။
“နည်းပြရဲ့က ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲ နယ်ပယ်မှာလဲ အတော်လေး အောင်မြင်တယ်၊ မင်း သိုင်းဇာတ်လမ်းတွဲတစ်ခု ရိုက်နိုင်မလား”
ချင်ပိုင်ချွမ်းက မေးလိုက်သည်။
အခန်းထဲမှ အခြားသူများကလည်း ရဲ့လင်းချန်အား အတော်လေး လေးနက်သော အမူအရာနှင့် ကြည့်နေကြသည်။
“ဟမ်”
ရဲ့လင်းချန် တစ်ခဏမျှ အံ့ဩသွားပြီးမှ ပြန်ပြောလိုက်လေသည်။
“ဒါပေါ့၊ နာမည်ကြီးမယ်လို့ ကျွန်တော် အာမခံနိုင်ပါတယ်”
ချင်ပိုင်ချွမ်းနှင့် အခြားသူများသည် အချင်းချင်း သိနေသော အကြည့်များနှင့် ကြည့်နေကြသည်။
“ကဲ ဒါဆို ဒီဇာတ်လမ်းတွဲကို တောင်းဆိုချက်တွေထဲက တစ်ခုလို့ သဘောထားလိုက်တာပေါ့၊ နောက်တစ်ခုက … ကြီးကြပ်သူရဲ့က ငါတို့ကို စစ်သည်တော်တွေကို လေ့ကျင့်ပေးရာမှာ မကြာခဏ ကူညီပေးဖို့ပဲ”
ပြောရမည်ဆိုလျင် သူသည် မည်သည့် အခကြေးငွေ မယူဘဲ လေ့ကျင့်ရေး ပေးရမည် ဖြစ်သည်။ စစ်သည်တော် ဌာနက ရဲ့လင်းချန်အား ၂ ဘီလီယံကျော် သက်သာအောင် ကူညီပေးခဲ့သည် မဟုတ်ပါလော။
“ကိစ္စမရှိပါဘူး”
တောင်းဆိုချက် နှစ်ခုလုံးက ရဲ့လင်းချန်အတွက် ရိုးရှင်းလှသည်။
“လေ့ကျင့်ချင်တယ်ဆိုရင် ကျွန်တော့်ကျွန်းကို လေ့ကျင့်ရေးကွင်းအဖြစ် သုံးလို့ ရပါတယ်၊ ပြောသာ ပြောလိုက်ပါ”
ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးခြင်းက သူ၏ ရေပန်းစားမှု အမှတ်ကို တိုးစေနိုင်ပြီး ရဲ့လင်းချန်သည်လည်း အတွေး အတူတူပင်။ စစ်သည်တော်များကို လေ့ကျင့်ခြင်းက သူ့တာဝန်ပင် ဖြစ်ပြီး ယခု ပို၍ တာဝန် ကြီးလာသည်။ ထို့အပြင် စစ်သည်တော်ဌာနက သန်မာလာပါက သူ ထိုင်၍ အေးအေးဆေးဆေး နားနိုင်ပြီ ဖြစ်သည်။ ရန်သူ တစ်ယောက်ယောက် ပေါ်လာပါက သူ တပ်ကူ ခေါ်လိုက်ရုံပင်။
ထိုမတော်တဆမှုက စစ်သည်တော်ဌာနအား အသိဝင်သွားစေသည်။ သူတို့၏ တည်ငြိမ်နေသော လောက၌ မည်းမိုက်သော မြေအောက် ရေစီးကြောင်းများ ရှိသည်။ ဇာတ်လမ်းတွဲ ရိုက်ခြင်းက လူအများ၏ ရင်ထဲ၌ စစ်သည်တော်များအား ပိုလေးစားလာပြီး သူတို့အပေါ် ယုံကြည်လာပေမည်။ ယင်းက နိုင်ငံ၏ ခွန်အားကိုလဲ ပြနိုင်သလို ပျော့တိပျော့ဖတ်များကို ကြည့်သည်ထက် ပိုကောင်းသည် မဟုတ်ပါလား။
စစ်သည်တော်များကို လေ့ကျင့်ခြင်းက အနာဂတ်တွင် ဖြစ်လာနိုင်သည့် မတော်တဆမှုများအတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။
လူတိုင်း ဝမ်းသာနေကြပြီး ရဲ့လင်းချန်က နေရာမှာတင် စာချုပ်ကို လက်မှတ်ထိုးလိုက်သည်။ ငွေကို ပေးချေပြီး လုပ်ထုံးလုပ်နည်းများ ပြီးသည်နှင့် သူသည် မကြာခင် ကျွန်းပိုင်ရှင် ဖြစ်လာပေတော့မည်။
ရဲ့လင်းချန်သည် အချိန်ဆွဲမနေဘဲ ချက်ချင်း ပိုက်ဆံကို စစုလေသည်။
“ဥက္ကဋ္ဌရဲ့”
အိုးရန်ချင်းက ချက်ချင်း ဖုန်းကိုင်လာသည်။
“ငါ့အကောင့်ထဲ ယွမ်သန်းလေးရာ ထည့်လိုက်”
ရဲ့လင်းချန်က တန်းပြောလိုက်သည်။
“သန်းလေးရာလား”
အိုးရန်ချင်း အံ့ဩသွားသည်။ ကုမ္ပဏီ၏ ငွေဖြစ်နိုင်ချေက သန်းလေးရာသာလျင် ရှိပြီး ရဲ့လင်းချန်ထံမှ အရင်ဆုံး ထွက်လာသောအခါအရာက သူက ၎င်းကို လုံးဝ ယူချင်နေခြင်းပင်။
“ဥက္ကဋ္ဌရဲ့၊ သန်းလေးရာက ဒါရိုက်တာ အဖွဲ့ဝင်တွေရဲ့ ခွင့်ပြုချက်လို …”
အိုးရန်ချင်းက စကားကို တစ်ဝက်နှင့် ရပ်သွားလေသည်။ အကြောင်းမှာ ရဲ့လင်းချန်သည် ကုမ္ပဏီတစ်ခုလုံး၌ အာဏာ ရှိပြီး သူ့စကားများက ယုံရပေသည်။
“ဥက္ကဋ္ဌရဲ့၊ ရှင် သန်းလေးရာကို ဘာအတွက် ပြင်ဆင်နေတာ …”
“ငါ ကျွန်းတစ်ကျွန်း ဝယ်လိုက်ပြီ”
“…”