← Chapters

နတ်ဆေးဆရာဝိုင် အတော်ဆုံးပဲ

Vol. 37 Ch. 555

နတ်ဆေးဆရာဝိုင် အတော်ဆုံးပဲ

Vol. 37 Ch. 555

“ကျွီ”

အပြင်ဘက်မှ လူများသည် စိုးရိမ်ပူပန်သော အမူအရာများနှင့် ပိတ်သွားသည့် တံခါးကို ကြည့်နေကြသည်။

*နတ်ဆေးဆရာဝိုင်က ချင်ဟဲကို တကယ်ပဲ ကုနိုင်မှာလား*

ကင်ဆာသည် နတ်ဆိုးဆန်သည့် တည်ရှိမှု ဖြစ်သည်။ သို့သော် ပို၍ အရေးကြီးသည်မှာ ချင်ဟဲ၏ အသက်အရွယ် ဖြစ်သည်။ သူက ဝေဒနာကို ခံနိုင်ပါ့မလား။

လက်ရှိတွင် နိုင်ငံ၏ လူတော်တော်များများက ဤကိစ္စအား စိတ်ဝင်စားနေသည်ဟု ဆိုရပေမည်။ ချင်ဟဲ၏ နောက်ခံက ထူးခြားသည် မဟုတ်ပါတကား။ တစ်ချိန်တည်းမှာပင် နတ်ဆေးဆရာဝိုင်၏ တိုးတက်မှုကလည်း တစ်နိုင်ငံလုံးထံမှ စိတ်ဝင်စားမှုအား ဖမ်းစားသွားခဲ့သည်။

အခန်းထဲ၌ ပါမောက္ခကျန်းနှင့် အခြားသူများသည် ရဲ့လင်းချန်ကို ကြည့်နေကြပြီး သူ၏ လမ်းညွှန်မှုများကို စောင့်နေကြသည်။

“ကျွန်တော် အကြီးအကဲချင်ကို စိတ်ငြိမ်ဆေးပေးမယ်၊ သူ့ခန္ဓာကိုယ်ကို ကျွန်တော့်ဘက်ကို နည်းနည်း စောင်းလိုက်ပါ”

ရဲ့လင်းချန်က ညွှန်ကြားလိုက်ပြီးနောက် စိတ်ငြိမ်ဆေးအား အသင့်ပြင်ထားလိုက်သည်။

“အကြီးအကဲချင်ရဲ့ အခြေအနေကို အရင် စစ်ဆေးဖို့ မလိုဘူးလား”

ပါမောက္ခချန်က မနေနိုင်ဘဲ မေးလိုက်သည်။

အနောက်တိုင်း ဆေးပညာသည် တန်ဆာပလာတွင် အလွန် မှီခိုကြသည်။ သင့်လျော်သော ကုသမှုအား ဆုံးဖြတ်ရန် အလို့ငှာ စမ်းသပ်မှုများကို အသုံးပြု၍ လူနာ၏ အခြေအနေနှင့် အခြားသော အချက်အလက်များကို စောင့်ကြည့်ကြသည်။

ခွဲစိတ်မှု မစခင်၌ ဆရာဝန်သည် ပို၍တောင်မှ ဂရုစိုက်သင့်ပြီး စမ်းသပ်မှုအားလုံးကို လုပ်ဆောင်သင့်သည်။

“မလိုဘူး”

ရဲ့လင်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျွန်တော်နဲ့အတူ လိုက်လုပ်ပါ၊ အဆင်ပြေသွားလိမ့်မယ်”

အနောက်တိုင်း ဆေးပညာအပြင် သူ၏ တရုတ် ဆေးပညာသည်လည်း စွမ်းရည် အမြင့်ဆုံးသို့ ရောက်ပြီးသား ဖြစ်သည်။ ၎င်းသည် လေ့လာခြင်း၊ နားထောင်ခြင်း၊ မေးခွန်းမေးခြင်းနှင့် သွေးခုန်နှုန်းစမ်းခြင်း စသည့် စစ်ဆေးမှု လေးခုကို အထူးပြုသည်။ အနောက်တိုင်း ဆေးပညာကိုပါ ပေါင်းလိုက်လျင် သူသည် အကြီးအကဲချင်၏ အခြေအနေကို တစ်ချက်ကြည့်ရုံနှင့် သိနိုင်ပေသည်။

ပါမောက္ခကျန်းနှင့် အခြားသူများသည် အချင်းချင်း ပြန်ကြည့်နေကြပြီး ဘာလုပ်ရမလဲမသိ ဖြစ်နေကြသည်။

*ပါမောက္ခရဲ့က … အနောက်တိုင်း ဆေးပညာကို သုံးတော့မလို့လား*

ရဲ့လင်းချန် ပြင်ဆင်ထားသော ဆေးပညာ ကိရိယာများအရ အနောက်တိုင်း ဆေးပညာဘက်သို့ ကူးပြောင်းနေသည်ဟု ထင်ရသည်။ ယခုအချိန်အထိ သူတို့သည် ရဲ့လင်းချန် တရုတ် တိုင်းရင်းဆေးပညာအား အသုံးပြုသည်ကိုသာ မြင်ဖူးသေးသည်။

တရုတ် တိုင်းရင်းဆေးပညာနှင့် အနောက်တိုင်း ဆေးပညာတို့သည် ဆေးပညာကဏ္ဍအောက်၌ ရှိသော်လည်း အလွန် ကွာခြားလှသည်။ ထို့အပြင် ရဲ့လင်းချန်သည် ငယ်နေသေးသည်။ သူ၏ တရုတ် ဆေးပညာ အရည်အချင်းက အံ့ဩစရာ ကောင်းနေလေပြီ။

*မဟုတ်မှလွဲရော သူက အနောက်တိုင်း ဆေးပညာကိုလဲ သိတာလား၊ သူ့အမေရဲ့ ဗိုက်ထဲမှာ ရှိနေကတည်းက လေ့လာရင်တောင် အဲ့လို မဖြစ်လာနိုင်ပါဘူး*

သူတို့သည် စိုးရိမ်ပူပန်ပြီး မကြာခဏ ထုတ်ပြောချင်သော်လည်း တိတ်မြဲတိတ်နေကြသည်။

ရဲ့လင်းချန်၌ သူတို့ကို အရေးလုပ်နေချိန် မရှိပါ။ သူသည် ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်၍ အသင့်ပြင် လေသည်။ ခွဲခန်းသုံးဓားကို ကိုင်လိုက်ပြီးနောက် သူသည် လက်ကောက်ဝတ်ကို စက်ဝိုင်းသဏ္ဌာန် ခပ်မြန်မြန် လှုပ်ရှားလိုက်ကာ ချင်ဟဲ၏ ဝမ်းဗိုက်အား ခွဲစိတ်ရန် ပြင်လေသည်။

“ဒါက …”

ပါမောက္ခကျန်းနှင့် အခြားသူများ ချက်ချင်း မျက်လုံးအိမ် ကျဉ်းမြောင်းသွားသည်။ သူတို့ သူ့ကို တားချင်သော်လည်း နောက်ကျသွားလေပြီ။

ခွဲခန်းသုံးဓားက သေးသော်လည်း အလွန်ထက်သည်။ ရဲ့လင်းချန်၏ လှုပ်ရှားနေသော လက်နှင့်အတူ ဝမ်းဗိုက်၌ ခွဲစိတ်ရာတစ်ခု ဖြစ်ပေါ်လာသည်။

၎င်းသည် ရှင်းလင်း၍ ဖြောင့်တန်းသော ဖြတ်ရာဖြစ်ပြီး အနက်ကလည်း ကွက်တိပင်။

“အဲ့နေရာမှာ ရှိမယ်ဆိုတာကို မင်း ဘယ်လို သိတာလဲ”

ပါမောက္ခကျန်းက ရဲ့လင်းချန်အား တအံ့တဩ ကြည့်လိုက်သည်။

ခွဲစိတ်မှုတစ်ခု၌ တိတိကျကျ သတိထားရန် လိုအပ်ပေသည်။ ခွဲရာတိုင်းက စင်းလုံးချောရန် လိုအပ်သည်။ အထူးသဖြင့် ကင်ဆာဆဲလ်များနှင့် ပတ်သက်သော ကိစ္စများတွင်ပင်။ ဆရာဝန်သည် အရင်ဆုံး နေရာကို ဆုံးဖြတ်ရမည်။ ထို့နောက် ဖယ်ရှားမှုကလည်း တိကျရပေမည်။ အကယ်၍ ဖြတ်တောက်မှုက လွဲချော်သွားပါက ကိုယ်တွင်းအင်္ဂါများကို ထိခိုက်သွားနိုင်သည်။ အကယ်၍ အသားပို ထိခိုက်သွားပါက ကင်ဆာဆဲလ်များက သွေးလွှတ်ကြောနှင့်အတူ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားနိုင်သည်။ ထိုအခါ၌ နတ်ဘုရားတောင်မှ ကယ်နိုင်မည် မဟုတ်ပါ။

ခွဲစိတ်မှုအတွင်း၌ အဆင့်တိုင်းက စိန်ခေါ်မှုပင်။ ဆရာဝန်က ဘယ်လိုလုပ် ရဲ့လင်းချန်လောက် ပေါ့ပေါ့ပါးပါး ဖြစ်နေမည်နည်း။

“ထိကြည့်ရုံနဲ့တင် ခံစားလို့ ရတယ်လေ”

ရဲ့လင်းချန်က သူတို့၏ အံ့ဩမှုကို မသိချင်ယောင်ဆောင်၍ နောက်တစ်ဆင့်ကို ပြင်နေသည်။

လက်ရှိ နည်းပညာနှင့်ဆိုလျင် ခန္ဓာကိုယ်တွင်းမှ ကင်ဆာဆဲလ်များအားလုံးကို ဖယ်ရှားရန် သူ့အတွက် မဖြစ်နိုင်ပါ။

အသားပိုသည် ကိုယ်တွင်းအင်္ဂါ၌ ကပ်ညိနေပြီး ၎င်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် နေထိုင်နေသည်။ ဖယ်ရှားသော ဖြစ်စဉ်က အလွန် ခက်ခဲ ကြမ်းတမ်းပြီး မည်သည့် အမှားမဆိုက ကပ်ဘေးတစ်ခုကို ဖြစ်သွားစေနိုင်သည်။ ထို့အပြင် ပျံ့နှံ့မှုက အလွန် ပြင်းထန်သောကြောင့် တစ်ရာ ရာခိုင်နှုန်း တိကျရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် ဤသို့သော ရောဂါအဆင့်၌ ဆရာဝန်သည် ရှေးရိုးစွဲသော လုပ်ငန်းစဉ်ကိုသာ လုပ်ဆောင်မည် ဖြစ်ပြီး ခွဲစိတ်ခြင်းက အလွန် စွန့်စားရာ ရောက်လွန်းပေသည်။

ရဲ့လင်းချန်သည် တစ်ခဏမျှ စဉ်းစားနေပြီးမှ ချင်ဟဲကို ပြောလိုက်သည်။

“အကြီးအကဲချင်၊ ခင်ဗျားရဲ့ ဝမ်းဗိုက်က တကယ် ကောင်းတာပဲ၊ ပြည့်စုံလုနီးပါးပဲ”

သူ အမှန်အတိုင်း ပြောနေခြင်း ဖြစ်သည်။ ချင်ဟဲ၏ ဝမ်းဗိုက်က တကယ်ကို ပုံစံကျပြီး ဖတ်စာအုပ်ထဲ၌ ဖော်ပြထားသည်နှင့် တစ်ထပ်တည်းနီးပါးပင်။ အသားပိုကြောင့်သာ မဟုတ်ပါက ပြည့်စုံသော ဝမ်းဗိုက်ဟု သတ်မှတ် နိုင်ပေသည်။

ရဲ့လင်းချန်၏ စကားကို ကြားသောအခါ ချင်ဟဲက ပြုံးလိုက်ပြီး စိုးရိမ်ပူပန်သော လက္ခဏာ တစ်ခုမှ မပြပေ။

စိတ်ငြိမ်ဆေး ထိုးပြီးနောက် သူသည် သတိမမေ့သွားဘဲ နိုးကြားနေ၏။

ပါမောက္ခကျန်းသည် ရဲ့လင်းချန်၌ စနောက်မည့် အချိန် ရှိနေလိမ့်မည်ဟု ထင်မထားမိချေ။ လက်ရှိတွင် သူတို့သည် စိုးရိမ်မှုကြောင့် ချွေးများ ဘူးသီးလုံးခန့် ကျနေ၏။

ချင်ဟဲ၏ ခန္ဓာကိုယ်ထဲမှ အခြေအနေကို မြင်သောအခါ သူတို့၏ မျက်နှာများ ဖြူရော်သွားလေသည်။

သူတို့၏ အတွေ့အကြုံအရ ကင်ဆာဆဲလ်များသည် အနီးအနားမှ ကိုယ်တွင်းအင်္ဂါများသို့ ပျံ့နှံ့ပြီးနေလေသည်။ အလွန် လျင်မြန်စွာ ပျံ့နှံ့နေသဖြင့် ကယ်နိုင်ရန် မဖြစ်နိုင်ချေ။ အသားပိုကို ဖြတ်တောက်ခြင်းက အလွန် ရှုပ်ထွေး လာနိုင်ပြီး ဖြစ်နိုင်ချေ မရှိပေ။

“နတ်ဆေးဆရာဝိုင်၊ ဒါက …”

“အခုကစပြီး ခင်ဗျားတို့ ငြိမ်ငြိမ်လေး ကြည့်နေဖို့ပဲ လိုတယ်”

ရဲ့လင်းချန်က တည်ငြိမ်စွာ ညွှန်ကြားသည်။ သူ့အကြည့်များက လေးနက်လာပြီး လက်မောင်းကို လှုပ်ရှား၍ စတင် ဖြတ်တောက်လေသည်။

စိတ်ဝိညာဉ် စွမ်းအင်စများက ခွဲခန်းသုံးဓား၏ ဓားသွားပတ်လည်၌ ရစ်ပတ်နေသည်။ တစ်ချိန်တည်းမှာပင် ရဲ့လင်းချန်၏ ကင်ဆာဆဲလ်များ၏ ဗီဇကို စောင့်ကြည့်နေ၏။ သူ၏ ဖြတ်တောက်မှုက သပ်ရပ် တိကျသည် ဖြတ်တောက်မှုတိုင်းက အသားပို၏ အပိုင်းအစတစ်ခုကို ဖယ်ရှားသွားသည်။

စိတ်ဝိညာဉ် စွမ်းအင်က အလွန်အမင်း အထောက်အကူ ဖြစ်သည်။ ၎င်းသည် အသားပိုအား အခြားသော အစိတ်အပိုင်းများကို မထိခိုက်စေဘဲ ထိထိရောက်ရောက် ဖယ်ရှားနိုင်သည်။ ထို့အပြင် ယင်းက ကင်ဆာဆဲလ်များ အခြား နေရာတိုင်းသို့ ပျံ့နှံ့ခြင်းကိုလည်း တားဆီးပေးလေသည်။

ထိုသို့ ဖြစ်သော်ငြားလည်း ရဲ့လင်းချန် သတိမလွတ်ရဲပါ။ အဆုံးအထိ ကောင်းကောင်း ထိန်းချုပ်မှုရှိရန် လိုအပ်ပေသည်။ သူ့စိတ်ထဲတွင် ခွဲခန်းသုံးဓားကို အသုံးပြုနိုင်သည့် နည်းလမ်းအားလုံးနှင့် ပြည့်နေပြီး ခန္ဓာကိုယ်က အခြားသူများထက် လန်းဆန်း တက်ကြွနေသည်။ ယင်းက သူ့အား ဖြစ်စဉ်တစ်ခုလုံး၌ သည်းခံလာနိုင်စေခဲ့သည်။

သူ ဖြတ်တောက်လိုက်တိုင်း ပါမောက္ခကျန်းနှင့် အခြားသူများ အဆုံးစွန်အထိ စိုးရိမ်သွားပြီး တအံ့တဩ ရေရွတ်သံများ ထွက်ပေါ်လာသည်။

…

အချိန်ကြာလာသည်နှင့်အမျှ ခွဲခန်း အပြင်ဘက်မှ လူအုပ်ကြီးက ပို၍ ကြီးမားလာသည်။ လူတန်းက ဆေးရုံ၏ ပင်မ အခန်းအထိပင် ရောက်နေ၏။၊ ဆေးရုံ၏ စီမံခန့်ခွဲမှုက ထပ်၍ မထိန်းချုပ်နိုင်ပါက လူနာစောင့်သော ဧရိယာ၌ လူတို့နှင့် ပြည့်လျှံလာပေလိမ့်မည်။

မြို့တော်၌ ထူးခြားသော အခြေအနေကြောင့် ပတ်ဝန်းကျင်အား ထိန်းသိမ်းရန် မြို့တော်မှ ရဲများအား အကူအညီ တောင်းထားရသည်။

“နှစ်နာရီတောင် ရှိနေပြီ၊ သူတို့ ဘာလို့ အထဲမှာပဲ ရှိသေးတာလဲ”

“အဓိပ္ပာယ် မရှိလိုက်တ၊ ဒါ ကင်ဆာ နောက်ဆုံးအဆင့်လေ၊ အဲ့လောက် လွယ်မလား”

“ဒီတစ်ခေါက် နတ်ဆေးဆရာဝိုင်မှတောင်မှ အခက်အခဲ ရှိနေတယ်၊ ကုလို့ ရပါ့မလား ငါ သိချင်သား”

လူစုသည် အစကတည်းက စောင့်နေပြီးသား ဖြစ်သည်။ သူတို့၌ ထွက်သွားလိုစိတ် မရှိသလို တစ်ချိန်လုံး မတ်တပ်ရပ်နေရသည့်အတွက် ပင်ပန်းသလိုပင် မခံစားရပါ။ တိုက်ရိုက် ထုတ်လွှင့်မှုမှ လူအရေအတွက်ကလည်း နည်းမသွားချေ။ လူပေါင်းများစွာက လုပ်လက်စများ ပစ်ချ၍ သူတို့နှင့်အတူတူ စောင့်နေကြသည်။

တဖြည်းဖြည်းနှင့် သတင်းတစ်ခု ပျံ့နှံ့လာသည်။

[အဲ့တာထက်စာရင် ငါ ကုသစရိတ်ကို ပိုစိုးရိမ်မိတယ်၊ ခုနက ခွေးရူးပြန် ရောဂါလူနာအတွက် ဆေးဖိုးက ဘယ်လောက်လဲ မင်း သိလား]

[ဘယ်လောက်လဲ၊ တစ်သိန်းလား၊ နှစ်သိန်းလား]

[တစ်သောင်းကွ၊ ဒါတောင် သူတို့က ဆေးရုံကို ငွေပေးတာကို လက်ခံဖို့ တောင်းပန်ရတာ၊ နတ်ဆေးဆရာဝိုင်က သူ့ဆေးကုခကို မသတ်မှတ်ထားဘူးလို့ ငါ ကြားတယ်၊ ဒါပေမဲ့ ဟိုဘက်က ဘယ်လောက်များ ပေးရမလဲ]

[လခွမ်း … လူကောင်းပဲ]

[တစ်သောင်း ဟုတ်လား၊ အခု ခွေးရူးပြန် ရောဂါ ကာကွယ်ဆေးတောင်မှ အများကြီး မကျဘူး]

[ဟုတ်တယ် လူတိုင်း နတ်ဆေးဆရာဝိုင်ကို သဘောကျတယ်၊ သူတို့ ရောဂါကို မကုနိုင်တဲ့သူ ဘယ်လောက် ရှိဦးမလဲ၊ ဒါက တကယ့် ဘဝကို ကယ်ပေးတာပဲ]

[အဲ့မိသားစုက သူတို့ ကလေးကို ဖက်ပြီး ငိုနေတာ တွေ့လိုက်တယ်၊ ငါ ဟွန်းတီးပေးလိုက်တယ် ဟုတ်တယ်လေ … ပါရမီရှင်က ငါ အလေးစားရဆုံသားပဲ]

နတ်ဆေးဆရာဝိုင်က လူတွေကိုတောင် သဘောကျတယ်လို့ လုပ်လို့ရတယ်၊ အစွန်းကုန်သာ မလုပ်နဲ့”

[နတ်ဆေးဆရာဝိုင်က အကောင်းဆုံးပဲလေ၊ ဝိုင်]

[အစွမ်းကုန် ကြိုးစားပါ၊ နတ်ဆေးဆရာဝိုင်]

စလာသောအခါ မှတ်ချက် ကဏ္ဍမှ လူတိုင်းက တူညီသော သတင်းစကား‌ မေးကြသည်။

ထိုအခိုက်တွင် ဝေ့ပေါ်၏ ရေပန်းစားနေသော ရှုာဖွေမှု စာရင်းနှင့် တိုက်ရိုက် ထုတ်လွှင့်ရေး မေဂျာက အရှေ့စာမျက်နှာအတိုင်း အကုန် ယူထားသည်။

[[အစွမ်းကုန် ကြိုးစားပါ၊ နတ်ဆေးဆရာဝိုင်]

All Chapters