← Chapters

ညဉ့်နက်သန်းခေါင်၌ အိပ်၍မပျော်ခြင်း

Vol. 28 Ch. 409

ညဉ့်နက်သန်းခေါင်၌ အိပ်၍မပျော်ခြင်း

Vol. 28 Ch. 409

ဟူယွဲ့အာ အောက်ထပ်သို့ ဆင်းလာသောအခါ ရဲ့လင်းချန်က အောက်ထပ်သို့ ရောက်နေပြီး ဧည့်ခန်း၌ ထိုင်စောင့် နေသည်ကို တွေ့လိုက်ရသည်။

သူမတို့ မျက်လုံးချင်း ဆုံမိသောအခါ ဟူယွဲ့အာ၏ ပါးက ပန်းဆီရောင် သန်းလာသည်။

နေ့ဘက်၌ သူ့ထံမှ သူမ အခွင့်ကောင်းယူခံရပြီးနောက် ညဘက်တွင် သူမဘက်မှ စတင်၍ တောင်းဆိုရလိမ့်မည်ဟု မျှော်လင့်မထားမိပါ။ ရဲ့လင်းချန်၏ မျက်ဝန်းကို မြင်သောအခါ ရုတ်တရက် သူမ အနေရခက်လာသည်။

“ဒီကိုလာလေ၊ မြန်မြန်လာပြီး အနှိပ်ခံ၊ အဲ့ဒါမှ အခြားသူတွေ ငါတို့ကို မမြင်မှာ”

ရဲ့လင်းချန်က ဟူယွဲ့အာကို လှမ်းခေါ်သည်။

“နင် ငါနဲ့ အတူ ရှိနေရတာကို အဲ့လောက်တောင် မုန်းတာလား”

ဟူယွဲ့အာ မနေနိုင်ဘဲ မေးလိုက်မိသည်။

သူမ ထိုမေးခွန်းကို‌ မေးလိုက်မိပြီးသည်နှင့် ချက်ချင်း မှင်တက်သွားသည်။ အဘယ်ကြောင့် သူတို့က အချင်းချင်း ကျီစယ်နေသော ချစ်သူများသကဲ့သို့ ဖြစ်နေသည်ဟု ခံစားနေရသနည်း။

သူမက ခပ်မြန်မြန် ဆက်ပြောလိုက်သည်။

“အင်း … ငါ့ဝေဒနာက တော်တော် ဆိုးတယ်၊ ငါ နင့်အကူအညီ လိုအပ်လို့ပါ”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

“မင်းပြဿနာက ပိုပြင်းထန်တယ်၊ မင်းက ပုံမှန်ဆို အလုပ်ကြိုးစားတဲ့သူလား”

သူက ထိုသို့ပြောပြီး ဟူယွဲ့အာ၏ ဝမ်းဗိုက်အောက်ပိုင်းသို့ လက်တင်၍ ဖြည်းဖြည်းချင်း စနှိပ်ပေးသည်။ သူ သန့်စင်ထားသော ချီစွမ်းအင်များကလည်း သူမကိုယ်ထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်သွားသည်။

ဟူယွဲ့အာသည် သူမခန္ဓာကိုယ်ကို ကောင်းကောင်း ထိန်းသိမ်းထားပြီး ပြီးပြည့်စုံသော ခန္ဓာကိုယ် အချိုးအစား ရှိသည်။ သူမတွင် ဘာအဆီပိုမှမရှိချေ။

“ဟင်း … မတတ်နိုင်ဘူးလေ၊ ငါတို့က လှပင်မယ့် ငါတို့အတွက် အချိန်ဇယား လုပ်ပေးတဲ့သူတွေက ငါတို့ကို ကြိုအသိမပေးဘဲ စီစဉ်ကြတာလေ၊ အဲ့ဒါနဲ့ ပတ်သက်ပြီး ငါတို့ ဘာမှမလုပ်နိုင်ဘူး၊ ညလယ်လောက်ကြီး ငါတို့ ဇာတ်ဝင်ခန်းတွေ ဆက်ရိုက်ရတာ ရှိသလို တစ်ခါတလေ အအေးဓာတ်ကို အံတုပြီး မြစ်ထဲ ခုန်ချရတာလည်း ရှိတယ်”

ဟူယွဲ့အာက သက်ပြင်းချ၍ ညည်းတွားသည်။

“တိုက်ခိုက်ရတဲ့အခန်း ရိုက်ရင် ပိုတောင်မှ ဆိုးသေးတယ်၊ ခန္ဓာကိုယ်ပေါ်မှာ အမာရွတ်တွေနဲ့ အညိုအမည်းတွေ ကျန်တာက ဖြစ်နေကြပဲ”

ထို့နောက် သူမက ကျေနပ်သွားသယောင်နှင့် မျက်လုံး မှိတ်သွားပြီး မျက်နှာက တဖြည်းဖြည်း နီသထက် နီလာသည်။ သူမ မှတ်ချက်ပြုလိုက်မိသည်။

“နင့်ရဲ့ အနှိပ်ပညာက တကယ် ကောင်းတာပဲ၊ နေလို့ တအားကောင်းပြီးတော့ နွေးနေတာပဲ”

“မင်းက မကုသနိုင်တဲ့ ရောဂါတစ်ခုကို ခံစားနေရတာ၊ ဒါက ဆက်ပြီး နာလာမှာပဲ၊ မင်း ထပ်ပြီး ဂရုမစိုက်ရင် အနှေးနဲ့ အမြန်ဆိုသလို မင်းရဲ့ ခန္ဓာကိုယ်က ပြိုလဲလာမှာပဲ”

ရဲ့လင်းချန်က ဆက်၍ သတိပေးသည်။

“မင်း အသက်ကြီးလာရင် မင်းမှာ အားနည်းတဲ့ ခန္ဓာကိုယ် ရှိလာရုံတင် မကဘူး၊ မင်းရဲ့တစ်ကိုယ်လုံးက ကိုက်ခဲ လာလိမ့်မယ်၊ မင်း ခြေလှမ်း နည်းနည်းလောက် လှမ်းပြီးတာနဲ့ အားကုန်သွားလိမ့်မယ်”

“ဒါဆို ငါ ဖျားတဲ့အခါကျရင် နင် ငါ့ကို ကူပြီး နှိပ်ပေးလို့ ရတာပဲလေ”

ဟူယွဲ့အာက ရဲ့လင်းချန်ကို လှပသော မျက်လုံးများဖြင့် ကြည့်၍ လေးနက်သော အဓိပ္ပာယ်ဖြင့် ပြောလိုက်သည်။

“ဆုတောင်းလေ၊ ငါက မင်းနဲ့ ဘာမှ မပတ်သက်ဘူး၊ ငါက ဘာလို့ မင်းကို ဆက်ပြီး နှိပ်ပေးရမှာလဲ”

ရဲ့လင်းချန် မစဉ်းစားဘဲ ပြောချလိုက်သည်။

ဟူယွဲ့အာ၏ မျက်နှာ တောင့်တင်းသွားလေသည်။ သူမ ဒေါသထွက်လွန်း၍ စကားပင် မပြောနိုင်ပါ။

*သူက တကယ်ကို မကြည်နူးတတ်တဲ့လူပဲ၊ သံချောင်းလို ဖြောင့်မတ်နေတဲ့ လူကြီး၊ သူ တစ်သက်လုံး တစ်ကိုယ်တည်း ခွေးအိုကြိး ဖြစ်နေမှာ*

အပေါ်ထပ်တွင် အရိပ်တစ်ခုက လက်ရန်းမှ ကိုယ်ကိုကိုင်း၍ အောက်သို့ ငုံ့ကြည့်လေသည်။

ကျောက်လျန့်ရင်၏ မျက်နှာက ဆူပုတ်လာသည်။ သူမသည် ဟူယွဲ့အာကို ကြည့်ပြီး မပြောပြတတ်လောက်အောင် ဒေါသထွက်ကာ ပေါက်ကွဲလုနီးပါး ဖြစ်လာရသည်။

*မြေခွေးမ၊ မြူဆွယ်တဲ့မိန်းမ၊ အရှက်ကို မရှိဘူး*

သူမ၏ စိတ်ထဲ၌ သူမ စဉ်းစားမိသမျှ ဆဲနည်းများဖြင့် ပြောဆိုနေသည်။ သူမ ဒေါသကြောင့် ရူးမတတ် ဖြစ်နေ၏။

အပြင်ထွက်မသွားခင်တုန်းက ဟူယွဲ့အာ၏ အကြည့်ကို ပြန်တွေးမိပြီးနောက် ကျောက်လျန့်ရင် အဓိပ္ပာယ်ကို သဘောပေါက်သွားလေသည်။

သူမ၏ မျက်နှာလေးတွင် ရုတ်တရက် နားလည် သဘောပေါက်သွားသည့် ကိစ္စကြောင့် စိတ်ရှုပ်နေသော အမူအရာတို့နှင့် ပြည့်နှက်နေလေသည်။ ထို့နောက် သူမ စိတ်ပိုင်းဖြတ်၍ အောက်ထပ်သို့ ဆင်းလာလိုက်သည်။

အစ်မဖေးဖေးသည် ကျောက်လျန့်ရင်နှင့် ရှိသည့်အခါတိုင်း ရဲ့လင်းချန်၏ နာမည်ကို မကြာခဏ ပြောလေ့ ရှိသည်။ အစ်မ ဖေးဖေး၏ မျက်ဝန်းတွင်းမှ အချစ်နှင့် သံယောဇဉ်တို့က သိသာပေါ်လွင်လှသည်။ ထို့ကြောင့် ရဲ့လင်းချန် တစ်ယောက် အခြားမိန်းမများ၏ ဖြားယောင်းခြင်း ခံနေရသည့်ကိစ္စကို ကျောက်လျန့်ရင် ကြည့်မနေနိုင်ပါ။

*မဖြစ်ရဘူး၊ လုံးဝ မဖြစ်ရဘူး*

ကျောက်လျန့်ရင်သည် သူမသည် လုံလောက်သော အကြောင်းပြချက်များ ရှိပြီဟု ခံစားလိုက်ရသည်။ အစ်မဖေးဖေး၏ အနာဂတ်အတွက် သူမက ကိုယ်စား ရှေ့ထွက်ပေးရပေမည်။

“ဒေါက် ဒေါက် ဒေါက်”

ကျောက်လျန့်ရင် အောက်ထပ်သို့ ဆင်းလာသည်။ သရုပ်ဆောင် ဖြစ်သည့်အားလျော်စွာပင် သူမ၏ သရုပ်ဆောင် အရည်အချင်းကို အပြည့်အဝ ထုတ်သုံးလိုက်သည်။ သူမက သမ်းဝေနေပြီးနောက် ရဲ့လင်းချန်နှင့် ဟူယွဲ့အာအား အံ့ဩသည့်ဟန်ဖြင့် ကြည့်လိုက်သည်။

“အယ် … ရှင်တို့နှစ်ယောက်က ဘာလို့ ဒီကို ရောက်နေတာလဲ၊ ရှင်တို့ မအိပ်ဘူးလား”

“ဟူယွဲ့အာရဲ့ ခန္ဓာကိုယ်က နေလို့မကောင်းဘူး၊ အဲ့ဒါကြောင့် ငါ သက်သာအောင် ကူညီပေးနေတာ”

ရဲ့လင်းချန်က ရှင်းပြသည်။

“ဪ ကျွန်မ နားလည်ပြီ”

ကျောက်လျန့်ရင်က ဘာမှမဖြစ်သလို ခေါင်းညိတ်ပြပြီးနောက် တစ်စုံတစ်ခုကို တွေးမိသွားပြီ”

“ရဲ့နတ်ဘုရား ရှင့်ရဲ့ ဆေးပညာက သိပ်ကို အံ့ဩဖို့ ကောင်းတာပဲ ပြီးတော့ အရင်တစ်ခေါကက် ကျွန်မ ရောဂါကို ရှင် စစ်ဆေးခဲ့တယ်လေ၊ ရှင် ကျွန်မကိုရော ကုပေးနိုင်လား”

“မင်းကလည်း ငါ့ကို ကုစေချင်တာလား”

ရဲ့လင်းချန်က သူမကို ကြည့်လိုက်သည်။

“အင်း”

ကျောက်လျန့်ရင်က ခေါင်းညိတ်၍ ရဲ့လင်းချန်ကို သနားစဖွယ် ကြည့်လိုက်သည်။

“ငါ ဒီနေ့ ညစာကို အများကြီး မစားခဲ့ဘူး၊ အရင်တစ်ခေါက် နင် ချက်ပေးတဲ့ ယာဂု စားပြီးတော့ တော်တော်လေး ပိုကောင်းလာသလို ခံစားရပင်မယ့် အားအများကြီး မရှိသေးဘူး”

“ကောင်းပြီလေ၊ ငါ ဟူယွဲ့အာကို နှိပ်ပေးလို့ ပြီးသွားရင် ငါ မင်းကို ထပ်ကူညီပေးမယ်”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

သူ လူတစ်ယောက် သို့မဟုတ် နှစ်ယောက်ကို နှိပ်ရပါစေ နှိပ်နယ်ခြင်းက အတူတူပင် ဖြစ်သောကြောင့် ခြားနားခြင်း မရှိပေ။

အမျိုးသမီးနှစ်ယောက်ကြားမှ လျှို့ဝှက်သော အုံ့ပုန်း ရန်လိုမှုနှင့် ပဋိပက္ခကို သူ သတိမထားမိပါ။

ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်၍ ရန်လိုသော အကြည့်များနှင့် စောင်နေကြသည်။

နှစ်ယောက်လုံးသည် တစ်ယောက်ကို တစ်ယောက် မကျေမနပ် ဖြစ်နေကြသဖြင့် စိတ်ထဲ၌ သရော်နေကြသည်။

*ဟမ့် သူက ဘယ်လို ဟန်ဆောင်ရမလဲဆိုတာကို တကယ် သိတာပဲ*

“ရဲ့နတ်ဘုရား ရှင် ကျွန်မကို ဘယ်လို နှိပ်ရမလဲဆိုတာကို သင်ပေးမယ်ဆိုရင်ရော၊ အဲ့လိုဆိုရင် နောက်တစ်ခါ ငါ နေမကောင်းဖြစ်ရင် နည်းနည်းလေး ပိုကောင်းသလို ခံစားရတာပေါ့”

ဟူယွဲ့အာက ခပ်တိုးတိုး ပြောပြီး သူမလက်ဖြင့် ရဲ့လင်းချန်၏ လက်ကို အုပ်မိုး၍ ကိုင်လိုက်သည်။

ရဲ့လင်းချန် ကြက်သီးမွေးညင်း ထသွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားလေသည်။

*ဒီမိန်းမက ဘာကို အကြံပေးဖို့ ကြိုးစားနေတာလဲ၊ သူ့မှာ ငါ့အပေါ် တခြား ရည်ရွယ်ချက်တွေ ရှိနေတာလား*

“ရဲ့နတ်ဘုရား၊ နင် သူ့ကို နှိပ်ပေးနေတာ ကြာလှပြီ၊ ငါ့အလှည့်လေ၊ ငါ ညဘက် မအိပ်နိုင်တော့ နေရတာ တော်တော် အဆင်မပြေဘူး”

ကျောက်လျန့်ရင်က ရဲ့လင်းချန်၏ ကျန်လက်တစ်ဖက်ကို ကိုင်၍ ဟူယွဲ့အာအား ရန်တုံ့လိုသော အကြည့်ဖြင့် ကြည့်လေသည်။

“အင်း ပြီးသွားပြီ”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်ပြီးနောက် ဟူယွဲ့အာ ခန္ဓာကိုယ်ပေါ်မှ သူ့လက်ကို ပြန်ရုတ်လိုက်သည်။ ထို့နောက် သူက ကျောက်လျန့်ရင်ကို ပြောလိုက်လေသည်။

“မင်းခြေထောက်ကို မြှောက်လိုက်”

“ကျွန်မ ခြေထောက်ကို မြှောက်ရမယ် ဟုတ်လား”

ကျောက်လျန့်ရင်က ရဲ့လင်းချန်ကို တွေဝေစွာ ကြည့်လေသည်။

“ရှင် ကျွန်မဗိုက်ကို နှိပ်မှာ မဟုတ်ဘူးလား”

ရဲ့လင်းချန် ခါးသက်သက် ပြုံး၍ ခေါင်းခါလိုက်သည်။

“မင်းရဲ့ ရောဂါက သူနဲ့ မတူဘူး၊ ငါက ဘာလို့ မင်းဗိုက်ကို နှိပ်ပေးဖို့ လိုမှာလဲ”

ထို့နောက် သူက ကျောက်လျန့်ရင်၏ ခြေထောက်ကို သူ့အရှေ့၌ တင်လိုက်သည်။ သူမခြေထောက်က အလွန် သေး၍ လှပလှသည်။

ကျောက်လျန့်ရင်၏ မျက်နှာက ချက်ချင်း ရှက်သွေးဖြာသွားသည်။ သူမသည် ဟူယွဲ့အာကို ရန်စခဲ့စဉ်က အလွန် ရဲတင်းသော်လည်း ယခုအခါတွင် သူမ အလွန် ရှက်သလို ခံစားနေရသည်။

ရဲ့လင်းချန်က သူမကို လျစ်လျူရှုကာ လက်ကိုမြှောက်၍ သူမခြေထောက်ကို စနှိပ်ပေးသည်။

“မင်းခန္ဓာကိုယ်က အရမ်း အားနည်းတယ်၊ မင်းရဲ့ အစာစားချင်စိတ်ကလည်း ဆိုးလွန်းတယ်၊ ပြီးတော့ မင်းမှာ ခွန်အားက နည်းနည်းပဲ ရှိတယ်၊ မင်းခြေထောက်က သွေးကြောဆုံမှတ်တွေကို နှိပ်ပေးတာက ထိရောက်မှု အရှိဆုံးပဲ”

ရဲ့လင်းချန်က ပြောလိုက်သည်။

“ဝိုး … တကယ် နေလို့ကောင်းတာပဲ”

ကျောက်လျန့်ရင်သည် မျက်လုံးကို မသိမသာ မှိတ်၍ ပြောလိုက်သည်။

“ဟွန်း … မြေခွေးမ”

ဟူယွဲ့အာက နှုတ်ခမ်းစူနေပြီး ထွက်မသွားချေ။ သည်နှစ်ယောက်အား ထားခဲ့ရမည်ကို သူမ စိုးရိမ်နေ၏။

“ရဲ့နတ်ဘုရား၊ ရှင် ကျွန်မကို နောက်လည်း ဆက်နှိပ်ပေးမယ်ဆိုရင် အဆင်ပြေမလား”

ကျောက်လျန့်ရင်က ရဲ့လင်းချန်ကို မျက်စိတစ်ဖက် မှိတ်ပြသည်။

“အဆင်မပြေဘူး”

ရဲ့လင်းချန်က တုံ့ဆိုင်းမနေဘဲ ငြင်းလိုက်သည်။

ဤအမျိုးသမီးနှစ်ယောက်သည် ဘယ်သောအခါမှ မကျေနပ်တတ်ဘဲ သူ့အား ဤသို့ လွန်ကျူးသည့် တောင်းဆိုမှုများ ပြုလုပ်နေကြသည်။

*ဒါ အလကား နှိပ်ပေးတာများ မှတ်နေလား၊ မင်းတို့ရဲ့ စိတ်ရင်းတွေ ဘယ်ရောက်ကုန်တာလဲ*

“ရဲ့နတ်ဘုရား၊ ကျွန်မရောဂါကို ကုသနိုင်မယ့် နည်းလမ်း ရှိလား”

ကျောက်လျန့်ရင် မေးလိုက်သည်။

“ရောဂါ ဖြစ်နေသရွေ့ ကုသနည်းဆိုတာ ရှိတာပဲ၊ အရေးကြီးတာက မှန်ကန်တဲ့ နည်းလမ်းကို ရှာတွေ့ဖို့ပဲ”

ရဲ့လင်းချန်က ပြောသည်။

“ငါကရော”

ဟူယွဲ့အာက ရဲ့လင်းချန်ကို မျှော်လင့်တကြီး ကြည့်သည်။ ရဲ့လင်းချန် ခေါင်းညိတ်ပြသည်။

“တကယ်တော့ မင်းရောဂါက ပြင်းထန်တယ်လို့ ပြောလို့ရသလို မပြင်းထန်ဘူးလို့လည်း ပြောလို့ရတယ်၊ ဘာလို့လဲဆိုတော့ ဒီလို ရောဂါမျိုးက ခွဲစိတ်ဖို့ မလိုဘူး၊ အချိန်တိုအတွင်းမှာတော့ ခန္ဓာကိုယ်ကို ကြီးကြီးမားမား သက်ရောက်စေမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ဒီရောဂါက ကုသဖို့ ခက်ပြီးတော့ ကုသချိန်ကလည်း ကြာတယ်၊ တော်တော်များများက ဘယ်ကစရမလဲ မသေချာကြဘူး”

“ရဲ့နတ်ဘုရား ရှင် ကုနိုင်မယ်မလား၊ ဟုတ်တယ်မလား”

ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့က ရဲ့လင်းချန်၏ လက်မောင်း တစ်ဖက်စီကို ကိုင်ထားကြသည်။

“အစာကို ချိန်ပြီး လျော့စားတဲ့ ကုထုံးက ရောဂါ တော်တော်များများအတွက် အကောင်းဆုံး နည်းလမ်းလို့ မနက်ကတည်းက ငါ ပြောခဲ့သားပဲ၊ မှန်ကန်တဲ့ ဆေးကို သုံးသရွေ့ …”

…

All Chapters