← Chapters

ဧရာမလိပ်ကြီးနှင့် ဧရာမ စပါးအုံးမြွေ

Vol. 29 Ch. 432

ဧရာမလိပ်ကြီးနှင့် ဧရာမ စပါးအုံးမြွေ

Vol. 29 Ch. 432

[သောက်ကျိုးနည်း၊ ဒါ အထူးပြုလုပ်ချက်လား]

[မြတ်စွာဘုရား၊ ရဲ့နတ်ဘုရားက အခြားနေရာတစ်ခုကို ကူးပြောင်းသွားတာလား၊ မိစ္ဆာကောင်ပါလား]

[တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ပြီးကတည်းက မိစ္ဆာသားရဲတွေ မရှိတော့ဘူးလို့ ငါ ထင်နေတာ၊ ဒီမိစ္ဆာ နှစ်ကောင်ကို တစ်ယောက်ယောက် ငါ့ကို ရှင်းပြနိုင်မလား]

[ငါ ဘာလို့ ဒူးထောက်နေတာလဲလို့ ငါ့အမေက မေးနေတာ၊ ငါ မိစ္ဆာတွေကို ကြည့်နေရလို့လို့ ပြန်ပြောလိုက်တယ်]

[အယ်ထရာမန်း ဘယ်မှာလဲ၊ မင်း အဲ့မှာ ရှိတယ်ဆိုတာ ငါ သိနေတယ်နော်၊ ငါတို့ မင်းကို လိုအပ်တဲ့အချိန် ရောက်လာပြီ၊ အသွင်ပြောင်းစမ်း]

…

သာမန်လူများသည် ယခင်တုန်းက ဤသို့သော မြင်ကွင်းမျိုးကို လုံးဝ မမြင်ဖူးသဖြင့် မှင်တက်နေကြသည်။ ဤထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းမျိုးသည် ကောင်းကင်ဘုံကို ဆန့်ကျင်သည့် အရာမျိုးပင်။ သူတို့ ခံစားရသည့် တစ်ခုတည်းသော အရာမှာ သူတို့၏ အမြင်များ လုံးဝ ကပြောင်းကပြန် ဖြစ်သွားခြင်းပင်။

ဧရာမ လိပ်ကြီးနှင့် ဧရာမ စပါးအုံးမြွေကြီးတို့သည် အချင်းချင်း နပန်းသတ်နေကြသည်။ အစောပိုင်းက ရေထဲ ပေါ်လာသည့် အရိပ်မှာ ဧရာမ မြွေကြီး၏ အမြီး ရေထဲ ကျလာခြင်း ဖြစ်သည်။

ရဲ့လင်းချန်က အရာအားလုံးကို အလွန် ပြတ်သားစွာ မြင်လိုက်ရသည်။ ဧရာမလိပ်ကြီးသည် ကြီးမားလွန်းလှပြီး အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ဂူထဲ၌ ညပ်နေပြီး ရှေ့တိုး၍ မရသလို နောက်ဆုတ်၍လည်း မရ ဖြစ်နေ၏။

တစ်ဖက်တွင်မူ ဧရာမ စပါးအုံးမြွေကြီးသည် မြေအောက်ရေကန်၏ အစွန်းတွင် ရှိနေသည်။ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်က ရေထဲ၌ ကူးလူးနေပြီး ခေါင်းကို မတ်ထားသည်။ ၎င်း၏ ကြီးမားသော လျှာက သွေးကဲ့သို့ ရဲရဲနီသော ပါးစပ်ထဲမှ ပြူတစ်ပြူတစ် ထွက်လျက် ရှိပြီး ဧရာမ လိပ်ကြီးအား ဟစ်အော်နေသည်။

သားရဲကြီး နှစ်ကောင်သည် တစ်ကောင်နှင့် တစ်ကောင် တိုက်ခိုက်နေကြပြီး ၎င်းတို့၏ ဦးခေါင်းများက အရွယ်ရောက်ပြီးသား လူတစ်ယောက်စာ အရွယ်အစား ရှိကြသည်။ ယင်းက ဘယ်သူ့ကိုမဆို တွန့်သွားအောင် ပြုလုပ်နိုင်သည်။

“ဂါး”

ဧရာမ လိပ်ကြီးသည် ပါးစပ်ကို ဟ၍ ခပ်နက်နက်အသံဖြင့် အော်သည်။ သို့သော် ၎င်း၏ ပင်ပန်းနွမ်းနယ်နေပုံကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။

တစ်ဖက်တွင်မူ ဧရာမ စပါးအုံးမြွေကြီးသည် ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကို လွှဲယမ်းနေပြီး အန္တရာယ် ပေးမည့် အကြည့်တို့ဖြင့် ရှိနေပြီး အဆက်မပြတ် တိုက်ခိုက်နေကာ ဧရာမ လိပ်ကြီးအား အချိန်မရွေး သေစေနိုင်သော တိုက်ခိုက်မှု ပြုလုပ်ရန် အခွင့်အရေးကို ရှာနေသလိုပင်။

ဧရာမ လိပ်ကြီး၏ ခန္ဓာကိုယ်က ထိုနေရာ၌ ဘယ်အချိန်ကတည်းက ညပ်နေသလဲ ဆိုသည်ကို ဘုရားသာ သိပေလိမ့်မည်။ ၎င်း၏ ခွန်အားက အကန့်အသတ်သို့ ရောက်နေသည်မှာ သိသာလှပြီး ၎င်း၏ ဆုံးဖြတ်ချက်က ခိုင်မာသော်လည်း ခန္ဓာကိုယ်က အားလျော့နေလေပြီ။ ထိုအတောအတွင်းတွင် ဧရာမ စပါးအုံးမြွေကြီးသည် အားအင်အပြည့်နှင့် ဖြစ်နေပြီး ဉာဏ်များကာ ကောက်ကျစ်ဆဲပင်။ ဧရာမ လိပ်ကြီး၏ အသက်ကို နုတ်ယူရန် အသင့် ဖြစ်နေ၏။

ရဲ့လင်းချန် ဘာအသံမ မထွက်ဘဲ ကမ်းစပ်သို့ ဖြည်းဖြည်းချင်း ကူးသွားသည်။ ထို့နောက် သူသည် ဂရုတစိုက် တက်ပြီး ကျောက်ဆောင်နံရံနောက်၌ ပုန်း၍ ကြည့်လိုက်သည်။

အနီးကပ် လေ့လာကြည့်သောအခါ သားရဲကြီး နှစ်ကောင်၏ ခန္ဓာကိုယ်များတွင် ဒဏ်ရာအချို့ ရှိနေသည်ကို သူ တွေ့လိုက်ရသည်။ လိပ်အိုကြီး၏ အသက်ဓာတ်က အလွန် ပြင်းပြပြီး ၎င်း၏ ခန္ဓာကိုယ် အများစုကို အခွံဖြင့် ကာထားသဖြင့် ညပ်နေလျင်တောင်မှ အလွယ်တကူ ရှုံးမည် မဟုတ်ပါ။ ဧရာမ စပါးအုံးမြွေကြီး၏ ကိုက်ရာများက ၎င်း၏ ခန္ဓာကိုယ်တွင် ရှိနေသော်လည်း ကြီးကြီးမားမား ထိခိုက်မှု မဖြစ်စေပါ။

ထိုသို့သောအချိန်၌ ဧရာမ စပါးအုံးမြွေကြီးသည် စိတ်ရှည်မှု ကုန်ဆုံးသွားပုံ ရသည်။ မြွေသည် အလင်းကဲ့သို့ လျင်မြန်စွာ လှုပ်ရှား၍ ဧရာမ လိပ်ကြီး၏ ခြေထောက်ကို ကိုက်လိုက်သည်။

ဧရာမ စပါးအုံးမြွေကြီး ရွေးသော ထောင့်သည် အလွန်အမင်း ဉာဏ်များသည်။ အစောပိုင်းက တိုက်ခိုက်မှုများစွာကို သုံးသပ်ပြီးမှ ရွေးချယ်လိုက်သည့် လမ်းကြောင်းဖြစ်မှန်း ထင်ရှားလှသည်။ ၎င်း၏ ခန္ဓာကိုယ်က အသာစောင်းလိုက်သဖြင့် ဧရာမ လိပ်ကြီး၏ ခြေထောက်ကို ကိုင်နိုင်သော်လည်း လိပ်ကြီးမှ ပြန်ကိုက်သည်ကို ဟန့်တားနိုင်၏။

အကိုက်ခံလိုက်ရသဖြင့် ဧရာမ လိပ်ကြီးသည် လည်ပင်းကိုဆန့်၍ ဟစ်အော်ရန်သာ တတ်နိုင်လေသည်။ ၎င်းက ဧရာမ စပါးအုံးမြွေကြီးကို လုံးဝ ပြန်မထိနိုင်ပေ။ ဧရာမ လိပ်ကြီး အကိုက်ခံလိုက်ရသည့် နေရာမှ သွေးများ စတင် စီးကျလာသည်။

ဧရာမ စပါးအုံးမြွေကြီး၏ မျက်လုံးတွင် စိတ်လှုပ်ရှားဟန် ပေါ်လာပြီး မြွေကြီးသည် အမြီးကိုမြှောက်၍ လိပ်ကြီး၏ ခေါင်းကို ရိုက်ချလိုက်သည်။

“ဒုန်း”

ဧရာမ စပါးအုံးမြွေကြီးတွင် ကြီးမားသော ခွန်အားတို့ ရှိသည်။ ၎င်းက အားဖြင့် ရိုက်ချလိုက်သောအခါ ဧရာမ လိပ်ကြီး၏ မျက်နှာ၌ သွေးသံတရဲရဲနှင့် အမာရွတ်တစ်ခု ဖြစ်သွားလေသည်။

“ဂါး”

ပြင်းထန်သော နာကျင်မှုကြောင့် ဧရာမလိပ်ကြီး အော်ဟစ်လေသည်။ ၎င်း၏ ခန္ဓာကိုယ်က တုန်ယင်လာပြီး ထိုရလဒ်ကြောင့် ဂူပါ တုန်ခါလာသည်။

တိုက်ခိုက်မှုများစွာ ပြုလုပ်ပြီးနောက် ဧရာမ စပါးအုံးမြွေကြီးသည် ဧရာမလိပ်ကြီးကို ရင်ဆိုင်နိုင်မည့် နည်းလမ်းကို ရှာတွေ့သွားသည်။ ၎င်းသည် ၎င်း၏ ရှည်လျားသော ခန္ဓာကိုယ်ကို တွန့်ခါ၍ ဧရာမ လိပ်ကြီးအား ပြန်ကိုက်နိုင်မည့် အခွင့်အရေး မရအောင် တားဆီးနေသည်။

ဂူထဲတွင် လိပ်နှင့်‌မြွေတို့၏ အော်သံများ ထွက်ပေါ်နေသလို သူတို့၏ ခန္ဓာကိုယ်များ ကျောက်ဆောင်နှင့် ရိုက်မိသည့် အသံများလည်း ထွက်ပေါ်နေလေသည်။ စပါးအုံးမြွေသည် လျှာကို ခဏခဏ ထုတ်၍ ခေါင်းကို မော်ထားကာ လူတစ်ယောက်အား ကျောရိုးထဲအထိ ကြက်သီးတဖြန်းဖြန်း ထလာအောင် ပြုလုပ်နေသည်။ ၎င်းသည် အချိန်နှင့်အမျှ ပါးစပ်ကို ဟ၍ ဧရာမ လိပ်ကြီးကို ကိုက်နေ၏။ မြင်ကွင်းက ဖန်သားပြင်က ကြည့်နေတာတောင်မှ ထိတ်လန့်ဖွယ်ကောင်းလေသည်။

[မြတ်စွာဘုရား၊ ဒီမိစ္ဆာကို မြန်မြန် သတ်ကြပါ၊ အရမ်း ကြောက်ဖို့ကောင်းတယ်]

[ငါ ဒီည သေချာပေါက် အိပ်မက်ဆိုး မက်တော့မယ်၊ ဒီလို စပါးအုံးမြွေမျိုးက ရုပ်ရှင်တွေထဲမှာပဲ ရှိတာ မဟုတ်ဘူးလား၊ အဲ့ဒါက တကယ့် လက်တွေ့ဘဝမှာ ရှိတာလား]

[သေစမ်း၊ ရေကန်သေးသေးလေးထဲမှာ မိစ္ဆာကောင် နှစ်ကောင် ရှိနေတာပဲ၊ ငါ့အမြင်တွေတော့ လုံးဝ ပျက်စီးပြီ]

[ရဲ့နတ်ဘုရားက ပြေးတောင် မပြေးဘူး၊ သူက တကယ့်လူပဲ၊ ငါ ဒါက လွဲပြီး ဘာမှမပြောတော့ဘူး၊ ငါ နောက်ဆို မင်းရဲ့ အမာခံ ပရိသတ် ဖြစ်ပြီ]

[ဧရာမလိပ်ကြီးက အရမ်း သနားဖို့ ကောင်းတာပဲ၊ မြွေကြီးက မကြာခင် သတ်တော့မှာ]

[ဒါ ဧရာမ လိပ်ကြီး မဟုတ်ဘူး၊ ဒါ အနက်ရောင် သူရဲကောင်းကွ၊ တရုတ်ပြည်ရဲ့ ဒဏ္ဍာရီလာ သားရဲ လေးကောင်ထဲက တစ်ကောင်၊ ဘယ်တော့မှ မသေဘူးကွ]

[ရဲ့နတ်ဘုရား၊ မင်း မြန်မြန်ပြေးလေ၊ ဧရာမမြွေကြီးက ဧရာမ လိပ်ကြီးကို သတ်ပြီးတဲ့အခါကျရင် ရေကန်ထဲမှာ လိုက်ပြီး သတ်တော့မှာ]

[ယီးပဲ အပေါ်လူ ပြောတာ အဓိပ္ပာယ် ရှိတယ်၊ ပြေးတော့ ရဲ့နတ်ဘုရား]

…

ဝိုင်အလှကုန်ပစ္စည်းဆိုင်တွင်း၌ ကျန်းယွင်ရှီသည် စိုးရိမ်ကြောက်ရွံ့နေ၏။ သူမသည် တီဗွီမှ မြင်ကွင်းအား စိုစွတ်နေသော မျက်လုံးများ၊ ဖြူရော်နေသော လှပသည့် မျက်နှာလေးတို့ဖြင့် ကြည့်နေသည်။ သူမက ဆက်တိုက် တီးတိုး ရေရွတ်နေလေသည်။

“လင်းချန် ကျေးဇူးပြုပြီး ပြေးပါတော့”

တစ်ဆိုင်လုံးက ဘယ်ဝန်ထမ်းမှ သူတို့အလုပ်ကို မလုပ်နိုင်ကြချေ။ သို့သော် ဝယ်သူများကလည်း ယင်းကို ဒေါသမထွက်ပါ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် တီဗွီ ဖန်သားပြင်ကို ကြည့်ပြီး ထိတ်လန့်နေ သောကြောင့်ပင်။

ဝမ်ရုံ နည်းပညာ၌ အိုးရန်ချင်း၏ မျက်နှာက မည်းမှောင်နေပြီး တစ်ကိုယ်လုံး သုန်မှုန်နေသည်။

“ခွေးမသား၊ အရူးကြီး”

သူမသည် ဗွီဒီယိုကိုကြည့်ပြီး ကျိန်ဆဲနေသော်လည်း သူမမျက်လုံးတွင် စိုးရိမ်စိတ်များ ပေါ်နေသည်။

“အဲ့လူရဲ့ ဦးနှောက်က တစ်ခုခုများ မှားနေတာလား၊ သူ ဘာလို့ အဲ့လိုနေရာမျိုးကိုမှ သွားရတာလဲ၊ သူ သေသွားခဲ့ရင် ဝမ်ရုံ နည်းပညာက ဘာဖြစ်လာမှာလဲ”

တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ ရိုက်ကွင်းမှ နေ့စဉ် ရယ်မောသံနှင့် စကားပြောသံများအားလုံး ပျောက်ကွယ် နေ၏။ ဘယ်အခန်းကိုမှ မရိုက်ကူးဖြစ်သလို လူတိုင်း ကွန်ပျူတာရှေ့၌ စိုးရိမ်နေသော မျက်နှာများဖြင့် ထိုင်နေ ကြသည်။ ဟူရီဖေးနှင့် အခြားမိန်းကလေးများသည် မျက်လုံးများ နီကာ မျက်ရည်ဝဲလာသည်။

“ရှောင်ရင်က ဘာဖြစ်နေတာလဲ၊ သူ ဘာလို့ ရဲ့လင်းချန်ကို ရေထဲ ဆင်းခိုင်းလိုက်တာလဲ၊ သူက တော်တော် အားကိုး မရတာပဲ”

ရှောင်ဖေးဖေး မနေနိုင်ဘဲ စောဒက တက်မိသည်။ သူမသည် လက်နှစ်ဖက်လုံးကို ကျစ်နေအောင် ဆုပ်ထားသဖြင့် သူမလက်သည်းများက အသားထဲ စိုက်ဝင်နေ၏။

ရေကန်အပြင်ဘက်၌ ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့သည် မျက်ရည်လည်ရွဲနှင့် ဖြစ်နေလေပြီ။ သူမတို့သည် အချင်းချင်း လဲမကျအောင် ဖေးမထားပြီး စိတ်ထဲ၌ အရာအားလုံးကို နောင်တရနေသည်။ သူမတို့ ရဲ့လင်းချန်ကို ရေထဲဆင်းသွားရန် ခွင့်မပြုခဲ့သင့်ပါ။ အကြောင်းမှာ ထိုသို့သော မိစ္ဆာများနှင့် ယှဉ်လိုက်လျင် လူသားများက ပုရွက်ဆိတ်ကဲ့သို့ သေးငယ်သောကြောင့်ပင်။

ရိုက်ကူးရေးအဖွဲ့မှ လူများသည်လည်း မှင်တက်ပြီး သွေးပျက်သည့် အခြေအနေ ဖြစ်နေကြသည်။

“ဒါရိုက်တာ ကျွန်တော် ဒီမှာ ထပ်ပြီး မနေနိုင်တော့ဘူး၊ ကျွန်တော်တို့ အရင် ပြန်ကြရင်ရော …”

တစ်ယောက်က အကြံပြုလာသည်။

“ဒါက …”

ဒါရိုက်တာ မသိမသာ မျက်မှောင်ကြုတ်သွားသည်။

“ကျွန်မ မသွားဘူး၊ ရှင် သွားရင်တောင်မှ ကျွန်မ မလိုက်ဘူး”

ကျောက်လျန့်ရင်သည် သေမတတ် ကြောက်နေသော်လည်း သူမနှုတ်ခမ်းကို ကိုက်၍ အခိုင်အမာ ပြောသည်။

“ကျွန်မလည်း မသွားဘူး”

ဟူယွဲ့အာက ခေါင်းခါသည်။

ထိုအခိုက်တွင် ဟယ်ကျားနှင့် ဟွမ်လေ့တို့ကလည်း ရှေ့ထွက် ရပ်တည်လာ၏။

“ဒါရိုက်တာ၊ ခင်ဗျား ရဲ့နတ်ဘုရားကို ကန်ထဲ ရေငုပ်ခွင့်ပေးတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက တိုက်ရိုက် ထုတ်လွှင့်မှုရဲ့ ကျော်ကြားမှုကြောင့်လေ၊ အခု တိုက်ရိုက် ထုတ်လွှင့်ရေးထဲက လက်ရှိ လူအရေအတွက်က သန်းလေးဆယ် ကျော်သွားပြီ၊ ခင်ဗျားတို့ တကယ်ပဲ အထုတ်ပြင်ပြီး ထွက်သွားမယ်ဆိုရင် ကျုပ်တို့ လာမယ့် ရှိုးပွဲ အားလုံးကို ငြင်းပယ်ရလိမ့်မယ်”

“ကျုပ်ရောပဲ”

ဝေ့တရွှင်းကလည်း တွန့်ဆုတ်စွာ ပြောသည်။

“ကျုပ်က နာမည်မကြီးသလို သတ္တိလည်း မရှိပင်မယ့် ရဲ့နတ်ဘုရားက တကယ်ကို ကျုပ်ရဲ့ စံပြပုဂ္ဂိုလ်ပဲ၊ ကျုပ် အခု ထွက်သွားရင် တစ်သက်လုံး စိတ်ချမ်းသာနိုင်မှာ မဟုတ်ဘူး”

“ငါ ထွက်သွားမယ်လို့ ဘယ်သူ ပြောလဲ”

ဒါရိုက်တာက ခါးသီးစွာ ပြုံး၍ ခေါင်းခါ၏။

“ဒါရိုက်တာတစ်ယောက်အနေနဲ့၊ အခု ငါ ထွက်သွားရင် ငါ လူဟုတ်ပါတော့ဦးမလား၊ ရိုက်ကူးရေး အဖွဲ့ထဲက ဘယ်သူမဆို ကြောက်လို့ ထွက်သွားချင်တယ်ဆိုရင် ငါ သူတို့ကို မတားဘူး”

“ဒီလိုမှပေါ့၊ ကျုပ်တို့မှာ ရဲ့နတ်ဘုရားကို ကယ်နိုင်တဲ့ အရည်အချင်း မရှိဘူးဆိုပင်မယ့် ကျုပ်တို့ လုံးဝ မလုပ်သင့်တဲ့ တစ်ခုတည်းသော အရာက ကျုပ်တို့ အပေါင်းအဖော်တွေကို စွန့်ပစ်တာပဲ”

ဟယ်ကျားက ပြုံးပြီး ပင့်သက်ရှိုက်လိုက်ကာ ငြိမ်သက်နေပုံပေါက်သည့် ရေတံခွန်ရေကန်အား စိုးရိမ်စွာ ကြည့်နေသည်။

…

All Chapters