← Chapters

ပိုက်ဆံဆုံးခြင်း

Vol. 44 Ch. 649

ပိုက်ဆံဆုံးခြင်း

Vol. 44 Ch. 649

သူ၏ အလယ်အလတ်နှင့် အဆင့်မြင့်စွမ်းရည်စာရင်းတွင် သုံးခုစီသာ ရှိလေသည်။

*ငါက ဆင်းရဲနေသလိုပဲ*

အလယ်အလတ်အဆင့် စွမ်းရည်သုံးခုလုံးသည် ကောင်းမွန်သော ရွေးချယ်စရာများပင်။ ဤအခွင့် အရေးကို အသုံးချ၍ ၎င်းတို့အားလုံးကို သူ အဆင့်မြှင့်မိလောက်သည်။

ရဲ့လင်းချန်၏ မျက်လုံးများ တောက်ပလာသည်။ အရဟာ လက်သီးစွမ်းအင်၊ အစီအရင်နှင့် သစ်သား ဝိညာဉ် ခန္ဓာကိုယ်တို့သည် ခိုင်မာသော ရွေးချယ်မှုများပင်။ ရေပန်းစားမှုအမှတ် သန်းနှစ်ဆယ်ကျော်နှင့် သူသည် ၎င်းတို့ထဲမှ နှစ်ခုကို အဆင့်မြှင့်ရန် စဉ်းစားထားသည်။ သူ တံတွေးကို မျိုချလိုက်သည်။

*စလိုက်ကြတာပေါ့*

အဆင့်မြင့် စွမ်းရည် အဆင့်မြှင့်တင်ခြင်း၌ ရေပန်းစားမှုအမှတ် ဆယ်သန်းကို သုံးစွဲလိုက်သည်။

ရွှေရောင်ရင့်ရင့် အလင်းရောင်တစ်ချက် ထွက်ပေါ်လာပြီး ၎င်းက စွမ်းရည် သုံးခုအပေါ် ကူးလူး သွားလာနေ၏။ ယခုတစ်ခေါက်တွင် ရဲ့လင်းချန်သည် ယုံကြည်ချက် အပြည့် ရှိနေသည်။ သုံးမရသော စွမ်းရည် တစ်ခု ရလာမည်ကို သူ ကြောက်ရွံ့ခြင်း မရှိပါ။ မည်မျှ အံ့ဩဖွယ်ကောင်းသော စွမ်းရည်မျိုး ရရှိလာလေမလဲဟု သူ စဉ်းစားနေမိသည်။

နောက်ဆုံးတွင် အလင်းတန်းက အရှိန်လျော့လာပြီး ရဲ့လင်းချန်၏ အကြည့်သည်လည်း ပိုပို၍ တည်ငြိမ် လာသည်။

“ဒင်”

ထိုအသံနှင့်အတူ အလင်းတန်းက အရဟာ လက်သီးစွမ်းအင် (အလယ်အလတ်အဆင့်)၌ ရပ်သွားလေသည်။

ရဲ့လင်းချန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။

*အရဟာ လက်သီးစွမ်းအင် (အဆင့်မြင့်အဆင့်) : လက်သီးတစ်ချက်တည်းနှင့် လူပေါင်းများစွာ သေဆုံးနိုင်၏။*

“ဟာ”

ရဲ့လင်းချန် ပင့်သက်ရှိုက်မိသွားသည်။ ထိုသို့ ရိုးရှင်း၍ ကြီးစိုးသော အညွှန်းစာများကို သူ သဘောကျသည်။

တစ်ခဏအကြာ၌ သူ့လက်များမှ ထုံကျင်သော ခံစားချက်ကို ရလာလေသည်။ လက်ချောင်းများ၌ လျှပ်စီးကြောင်းအချို့ ရှိနေသလိုပင်။ အရဟာ လက်သီးစွမ်းအင်၏ အင်အားက ငြိမ်သက်နေသော ပင်လယ် ရေမျက်နှာပြင်၌ ရုတ်တရက် မုန်တိုင်း တိုက်ခတ်လာသကဲ့သို့ပင်။

*ဒါက …*

ထိတ်လန့်မှုကြောင့် ရဲ့လင်းချန်၏ မျက်လုံးများ ပြူးကျယ်လာသည်။

သူ့လက်သီးမှတဆင့် အတွင်းအား၏ ထူးဆန်းသော ပြောင်းလဲမှုကို ခံစားမိနေသည်။ ယင်းက အတားအဆီးတစ်ချို့ ကျိုးပြတ်သွားသလိုပင်။ ထိုစဉ် သူ၏ အနီးအနားမှ စိတ်ဝိညာဉ်စွမ်းအင်သည် သူ့လက်သီးအတွင်းအားနား၌ ရစ်ဝဲလာပြီး စတင်၍ အသွင်ပြောင်းလာသည်။

*ဒါက မူလ စိတ်ဝိညာဉ်ကို ပြန်ရောက်သွားတာမျိုးလား*

သူသည် စုမိသားစုမှ ပေးလာသော သိုင်းပညာ မှတ်တမ်းများအား ဖတ်ထားပြီးသား ဖြစ်သည်။ မူလ စိတ်ဝိညာဉ်အဆင့်သည် မိုးမြေမှ စိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်စွမ်းသာ ရှိသည်။ ထို့ထက် ပို၍ တိုးတက်ချင်ပါက လူတစ်ယောက်သည် အတွင်းအားကို လုံးဝ ပြောင်းလဲရမည် ဖြစ်ပြီး ရရှိလာသော ချီစွမ်းအင်အား မူလ စိတ်ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲရပေမည်။ ယင်းကား သူတို့ ပြောင်းလဲရမည့် ပင်ကို သဘာဝ ပြောင်းလဲခြင်းပင်။

တစ်ချိန်တည်းမှာပင် အဆင့်မြင့်အဆင့် အရဟာ လက်သီးစွမ်းအင်၏ ကျင့်ကြံခြင်း နည်းလမ်းများက သူ၏ အတွေးထဲသို့ စတင် ဝင်လာသည်။ အကြောင်းအရာများက အသေးစိတ်ကျပြီး လူတစ်ယောက်၏ အတွင်းအားက ပင်ကို သဘာဝ ပြောင်းလဲခြင်း ရရှိလာအောင် ဘယ်လိုလုပ်ရမလဲ ပါဝင်လေသည်။

*ငါ လေ့ကျင့်ဖို့ လိုသေးတာပဲ*

ရဲ့လင်းချန် သက်ပြင်းချလိုက်မိသည်။ အဆင့်မြင့် အရဟာ လက်သီးစွမ်းအင်၏ လေ့ကျင့်ခန်းများသည် ရှစ်ဆ ပြင်းထန် သားရဲ လေ့ကျင့်ခန်းနှင့် ယှဉ်လိုက်လျင် ပို၍ ခက်ခဲလေသည်။ အချို့သော အပိုင်းများသည် နာကျင်ရသော ဒုက္ခများ ပါဝင်လေသည်။ ယင်းက သူ၏ လက်မှ သွေးကြောများနှင့် ကြွက်သားများကို ကျင့်ကြံရန် လိုအပ်ပေသည်။ ထိုအခါတွင်မှ သူ၏ လက်မောင်းများက အရဟာ လက်သီးစွမ်းအင်၏ ကြီးမားသော အဖျက်စွမ်းအင်ကို ခံနိုင်ရည်ရှိမည် ဖြစ်သည်။

*မြတ်စွာဘုရား၊ ငါ့လက်တောင်မှ အဲ့ဒါကို ခံနိုင်မှာ မဟုတ်ဘူး၊ လက်သီးတစ်ချက်က ဘယ်လောက်တောင် သန်မာမှာလဲ*

ရဲ့လင်းချန်သည် ထူးခြားသော စကားတစ်ခွန်းကို သတိရမိသွားသည်။

*ငါ့ကို ဖိအားမပေးနဲ့၊ ငါ သိုင်းကွက်ထုတ်လိုက်ရင် ငါကိုယ်တိုင်တောင်မှ ထိခိုက်နိုင်တယ်*

အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

သူက ပါရမီရှင်တစ်ယောက် ဖြစ်နေ၍ တော်သေးသည်။ အခြားသူတစ်ယောက်သာ ဤသိုင်းကို လေ့ကျင့်မည် ဆိုပါက အသက်ပင် ဆုံးရှုံးရလောက်သည်။

သစ်သား ဝိညာဉ် ခန္ဓာကိုယ် (အလယ်အလတ်အဆင့်) နှင့် အစီအရင် (အလယ်အလတ်အဆင့်) တို့သာ ကျန်တော့သည်။

*ဆက်လုပ်ရမယ်*

ရဲ့လင်းချန်သည် သစ်သား ဝိညာဉ် ခန္ဓာကိုယ် စွမ်းရည်အား မျှော်လင့်တကြီး ကြည့်နေသည်။ ထိုသို့ တမူထူးခြားသော ခန္ဓာကိုယ်အား သူ အလွန် လိုချင်မိသည်။ ထိုတမူထူးခြားသော ခန္ဓာကိုယ်များသည် သိုင်းပညာနှင့် မတူညီဘဲ ၎င်းတို့ကို သူ တိုက်ရိုက် အဆင့်မြှင့်တင်နိုင်ပေသည်။ ထို့အပြင် သန်မာသော ခန္ဓာကိုယ် ရှိခြင်းက သူ၏ လေ့ကျင့်မှုကို ပို၍ လွယ်ကူစေသည်။ ယင်းက အလွန် တပ်မက်ဖွယ် ကောင်းလှသည်။

နောက်ထပ် ရေပန်းစားမှုအမှတ် ဆယ်သန်းကို သူ သုံးစွဲလိုက်သည်။

*စပြီ*

ရွှေရောင်ရင့်ရင့် အလင်းတန်းက တစ်ဖန်ပြန်၍ တောက်ပလာပြီး စွမ်းရည် နှစ်ခုကြား ကူးလူးနေ၏။ နောက်ဆုံးတွင် “ဒင်” ဟူသော အသံနှင့်အတူ အစီအရင်ပေါ်သို့ ကျရောက်သွားသည်။

*ဟူး … ဘယ်အရာကမှ မပြည့်စုံပါလား*

ရဲ့လင်းချန်သည် သက်ပြင်းချလိုက်သော်လည်း သူ့စိတ်သဘောထားကို အလျင်အမြန် ပြင်ဆင် လိုက်သည်။ အစီအရင်သည် ဆိုးရွားသော စွမ်းရည် တစ်ခု မဟုတ်ပေ။ ၎င်းက သူ့အား သူ့ပတ်ဝန်းကျင်၌ စိတ်ဝိညာဉ် စွမ်းအင်များကို ပေါများလာစေသည်။ ယင်းက အလွန် ကျယ်ပြန့်သော အကျိုးအမြတ် တစ်မျိုးပင်။

*အစီအရင် (အဆင့်မြင့်အဆင့်): ယခု သင်က အစီအရင် ပညာရှင် ဖြစ်သွားပြီး အစီအရင်များ၏ အသိပညာများအားလုံး သင့်တွင် ပိုင်ဆိုင်သွားပါပြီ*

ထို့နောက် တစ်ခဏအတွင်းမှာပင် သတင်းအချက်အလက်များစွာက သူ၏ အတွေးထဲသို့ စီးဆင်းလာ၏။ ယင်းက ရဲ့လင်းချန်အား ပညာအလင်းပွင့်လာစေပြီး အစီအရင်များနှင့် ၎င်းတို့၏ ပြောင်းလဲမှုများက သူ၏ စိတ်ထဲ၌ ခင်းကျင်းပြသနေသည်။

မိနစ်သုံးဆယ်တိတိ ကြာမြင့်ပြီးနောက် သတင်းအချက်အလက် လွှဲပြောင်းပေးခြင်းက ပြီးဆုံးသွားသည်။

ရဲ့လင်းချန်သည် အံ့ဩနေသော အမူအရာဖြင့် မျက်လုံးကို ဖွင့်လိုက်သည်။ လက်ရှိအဆင့်၌ သူသည် ရိုးရှင်းသော စိတ်ဝိညာဉ် စွမ်းအင် စုစည်းခြင်း အစီအရင် သို့မဟုတ် ထောင်ချောက်ဆင်ခြင်း အစီအရင်တို့ကိုပဲ ပြုလုပ်နိုင်သည့် အဆင့် မဟုတ်တော့ပေ။ သူသည် အစီအရင်များအား ပတ်ဝန်းကျင် ပြောင်းလဲရန်၊ ပုံရိပ်ယောင် ဖန်တီးခြင်းနှင့် တစ်စုံတစ်ယောက်ကို သတ်ရန်အထိပင် အသုံးပြု နိုင်လာသည်။

သို့သော် ရဲ့လင်းချန် မျက်မှောင်ကြုတ်မိသွားပြန်သည်။ အစီအရင်များ၏ အင်အားက သန်မာသော်လည်း ၎င်း လိုအပ်သော ပစ္စည်းများကလည်း ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ကျောက်စိမ်းဖြူ၊ ဟဲထျန်း ကျောက်စိမ်း၊ သွေးကျောက်စိမ်း စသည်တို့ လိုအပ်ပေသည်။ ၎င်းတို့အားလုံးသည် ရှားပါး ပစ္စည်းများ ဖြစ်သည်။ အထူးသဖြင့် အချို့ကျောက်စိမ်းများမှာ သက်တမ်းရင့်နှင့် အရည်အသွေး လိုအပ်ချက်များ ရှိလေသည်။

၎င်းတို့အား ဈေးမြင့်သော်လည်း ပိုက်ဆံဖြင့် ဝယ်၍ ရနိုင်ပါက ပြဿနာ မဟုတ်ပေ။ ၎င်းတို့ထဲမှ အချို့သည် ပိုက်ဆံနှင့်ပင် ဝယ်ယူ၍ မရနိုင်သည့် တန်ဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်နေသည်။

*သေစမ်း၊ ဒါက တော်တော် လွန်တာပဲ*

နောက်ဆုံး၌ ရဲ့လင်းချန်သည် တစ်စုံတစ်ရာကို သတိပြုမိသွားသည်။ မြင့်မားသော ဗဟုသုတများ ပိုင်ဆိုင်ခြင်းက ကောင်းမွန်သော်လည်း လိုအပ်သော ပစ္စည်းများ၏ အရည်အသွေးကလည်း မြင့်တက် လာ၏။ ဆေးပင်များ၊ ကျောက်စိမ်းများအပြင် သူသည် အဝတ်အစားများ၊ လက်နက်များနှင့် အခြားသော အရာများတွင်လည်း လိုအပ်မှုများ ရှိလာနိုင်သည်။

သူ၏ လုပ်ငန်းစဉ်က လေ့ကျင့်ခြင်းတစ်ခုတည်းနှင့် မလုံလောက်ဟုပင် သူ ခံစားမိနေသည်။ သူ အပိုဆောင်းများ ရယူရန် လိုအပ်ပေသည်။

အဆုံးသတ်၌ ၎င်းသည် ပိုက်ဆံဆုံးခြင်းသာ ဖြစ်လေသည်။

*ငါ ဆက်လုပ်သင့်လား*

ရဲ့လင်းချန်သည် ကျန်ရှိနေသော ရေပန်းစားမှုအမှတ် ခြောက်သန်းကို ကြည့်ပြီး ဝေခွဲမရ ဖြစ်နေ၏။ သို့သော် သူ၏ လက်များက ယားယံနေပြီး သူ၏ ဆန္ဒကို ထိန်းချုပ်ရန် ခက်ခဲနေလေသည်။

*ဆက်လုပ်မယ်ကွာ*

ရဲ့လင်းချန် စိတ်မထိန်းနိုင်တော့ဘဲ နောက်ထပ် ရေပန်းစားမှုအမှတ် တစ်သန်းကို သုံးစွဲလိုက်ပြန်သည်။

ရွှေရောင်အလင်းတန်းက အခြေခံအဆင့် စွမ်းရည် ဆယ့်ငါးခုအပေါ် ဖြတ်သန်းနေပြီး ရဲ့လင်းချန်၏ ရင်အား တဒိတ်ဒိတ် ခုန်လာစေသည်။

ဤသည်က သူ၏ အဆင့်မြင့်စွမ်းရည် မြှင့်တင်ခြင်းနှင့် မတူချေ။ ထိုစွမ်းရည် ဆယ့်ငါးခုတွင် အကောင်းနှင့် အဆိုးများ ရှိနေသည်။ အသုံးဝင်သော တစ်ခုခုကိုသာ ရွေးမိသွားရန် ရဲ့လင်းချန် မျှော်လင့်နေမိသည်။

စွမ်းရည်များက များလွန်းနေသဖြင့် ရဲ့လင်းချန် လိုက်ကြည့်ရင်း ခေါင်းမူးလာသည်။

နောက်ဆုံး၌ အရှိန်လျော့လာပြီး သူ၏ နှလုံးခုန်နှုန်းက ပိုမြန်ဆန်လာသဖြင့် အသက်ပင် အောင့်ထား မိသည်။

“ဒင်”

ထိုအသံနှင့်အတူ အလင်းတန်းက ရပ်သွားသည်။

*ခွေးဘာသာစကား (အခြေခံအဆင့်) ဟုတ်လား*

*လခွမ်း၊ ဘာလို့ ငါက ဒီလို အသုံးမကျတဲ့အရာကို ရရတာလဲ*

သူ၏ နှုတ်ခမ်းထောင့်များက တွန့်နေပြီး ခါးသီးသော မျက်နှာ အမူအရာ ဖြစ်နေသည်။ ထိုအချိန်တွင် တောက်ပသော အလင်းနှင့်အတူ ခွေးဘာသာစကား (အခြေခံအဆင့်)က ခွေးဘာသာစကား (အလယ်အလတ်အဆင့်) သို့ ပြောင်းလဲသွားသည်။

*ခွေးဘာသာစကား (အလယ်အလတ်အဆင့်): ဂုဏ်ယူပါတယ်၊ အခု သင်သည် ခွေးများနှင့် အခြေခံကျကျ ဆက်သွယ်ပြောဆိုနိုင်ပါပြီ*

*ချီးပဲ*

ရဲ့လင်းချန် မျက်ရည်ဝဲနေ၏။

ထိုဘာသာစကားများ၏ အစပိုင်း တက်ကြွမှုများမှလွဲလျင် ၎င်းတို့အား ရဲ့လင်းချန်အတွက် အသုံးဝင်မှုက အကန့်အသတ်နှင့်သာ ဖြစ်သည်။ သူသည် တိရစ္ဆာန်ရုံမှ စောင့်ရှောက်သူ မဟုတ်သလို တိရစ္ဆာန်များနှင့် ဆက်သွယ်ရန်လည်း စိတ်ကူးမရှိချေ။

*ထားလိုက်ပါတော့၊ ဘာမှမရတာထက်တော့ ကောင်းပါသေးတယ်၊ ဒီစွမ်းရည်က အခြားစွမ်းရည်တွေ ထက်တော့ နည်းနည်းလေး အသုံးဝင်ပါသေးတယ်၊ အဲ့ဒါမှာ သူ့ဘာသာသူ အသုံးဝင်ပုံလေးတွေတော့ ရှိပါတယ်*

ရဲ့လင်းချန်သည် ရှောင်ချင်နှင့် ရှောင်ဟွေကို စဉ်းစားမိပြီးနောက် စိတ်ခံစားချက် အနည်းငယ် ကောင်းမွန်လာသည်။

သူ၏ ကံစမ်းမဲနှိုက်ခြင်းက ခွေးဘာသာစကား စွမ်းရည်နှင့်တင် အဆုံးသတ်သွားသည်။ ရဲ့လင်းချန်သည် ကံစမ်းခြင်း၌ စိတ်မပါတော့ဘဲ ရေပန်းစားမှုအမှတ် ငါးသန်းကျော်အား နောက်တစ်ကြိမ်အတွက် သိမ်းထားလိုက်သည်။

ခရီးစဉ်တစ်လျှောက်လုံး တိတ်ဆိတ်နေ၏။ ရဲ့လင်းချန်သည် နိုးနိုးကြားကြား ဖြစ်နေသဖြင့် အွန်လိုင်းပေါ်မှ အတင်းအဖျင်းများကို ဖွင့်ကြည့်မိသည်။

*ဟမ်*

*ဒီကောင်တွေ ထပ်လုပ်ပြန်ပြီလား*

၎င်းသည် ကိုရီးယားနိုင်ငံ၏ အနုပညာ website မှစာကို screenshot ရိုက်ယူထားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းသည် ပြည်ပကွန်ရက်များမှ သတင်း ဖြစ်လေသည်။

အကြောင်းအရာမှာ ကင်ဟျွန်းမင်၏ မန်နေဂျာက ကိုရီးယားနိုင်ငံတွင်းမှ မီဒီယာအချို့ပေါ်၌ ကြေညာချက် ပြုလုပ်ထားခြင်း ဖြစ်သည်။ ၎င်း၏ ယေဘုယျ အစီအစဉ်မှာ ကင်ဟျွန်းမင် တရုတ်နိုင်ငံတွင်း၌ ရှိစဉ်က မမျှမတ ဆက်ဆံခံရခြင်းကို မည်သို့ ခံစားခဲ့ရကြောင်း ပြောထားခြင်း ဖြစ်သည်။ သူသည် Gala နွေဦးပွဲတော်၌ ရိုက်နှက်ခံရပြီး ကျူးလွန်သူ ရဲ့လင်းချန်က ထိုနေ့တွင် မည်သည့် စုံစမ်းစစ်ဆေးခြင်းမှ မခံရဘဲ လွတ်မြောက်သွားခဲ့သည်။ ထို့နောက် ကင်ဟျွန်းမင်က အကြောင်းပြချက်မရှိ ပိတ်ဆို့တားဆီးခံခဲ့ရလေသည်။

စကားများမှာ ကင်ဟျွန်းမင်အား အကောင်းမြင်အောင် ရေးသားထားခြင်း ဖြစ်သည်။ မိန်းကလေး ပရိသတ်ကို တွန်းထုတ်ခြင်းနှင့် အခြား အကြောင်းအရာ အသေးစိတ်ကိုမူ သူ၏ မန်နေဂျာက လုံးဝ ထည့်မပြောထားချေ။

သူတို့က သနားညှာတာမှုကို တောင်းခံနေကြ၏။

*သောက်ရမ်း အရှက်မရှိတာပဲ၊ မင်းကိုမင်း ခံရသူဖြစ်အောင် ဖန်တီးပြီး အခြားသူတွေကို သတ်ချ ချင်တာလား*

ရဲ့လင်းချန် ဆက်၍ ဖတ်နေသည်နှင့်အမျှ အမူအရာက မည်းမှောင်လာသည်။ ဆက်လက် တွေ့ရှိရသည်က ကိုရီးယား ပြည်သူများ၏ မှတ်ချက်များ ဖြစ်လေသည်။

[ဒါ အရမ်း အရှက်မဲ့လွန်းတယ်]

[ယီးပဲ၊ ဒါ မတရားဘူး၊ ငါတို့လူမျိုးကို မင်းတို့ ဘာလို့ ဆက်ဆံတာလဲ]

[ကင်ဟျွန်းမင်၊ မင်းကို ငါတို့ သနားမိတယ်၊ ငါတို့ မင်းကို ထောက်ခံတယ်]

[ငါတို့ ရှင်းပြချက် လိုချင်တယ်၊ ဒါက အရမ်း ယုတ်မာလွန်းတာပဲ]

ကိုရီးယားနိုင်ငံမှ လူများက ဒေါသူပုန် ထလာကြသည်။ ကင်ဟျွန်းမင်၏ နာမည်က သူ့နိုင်ငံတွင်း၌ အလွန် မကျော်ကြားသော်လည်း လူအများသည် သူတို့၏ ဂုဏ်သိက္ခာကို ထိပါးလာသောအခါ သူ့အတွက် ရပ်တည်လာကြသည်။ ကင်ဟျွန်းမင်၏ ရေပန်းစားမှုက အနည်းငယ် မြင့်တက်လာ၏။

စိတ်ခံစားချက်များ ပြင်းထန်လာခြင်းနှင့်အတူ ကင်ဟျွန်းမင်သည် သူ၏ နိုင်ငံသားများထံမှ ကြီးမားသော အားပေး ထောက်ခံမှုကို ရရှိလာသည်။

တရုတ်လူမျိုးများသည် မကျေမနပ် ဖြစ်သွားပြီး ထို screenshot ၏အောက်၌ မှတ်ချက်များ အလျင်အမြန် ဝင်ရေးလာသည်။

[တော်တော် အရှက်မရှိတာပဲ၊ သူတို့ ဘယ်လိုတောင် ဒီလို အရှက်မဲ့ရတာလဲ]

[မြေယိုး၊ သူတို့က အကြောင်းအရာတွေကို ဖယ်ထားပြီးတော့ ငါတို့ကို သတ်နေတာပဲ၊ ချီး]

[ဘာလုပ်လို့ရမှာမို့လို့လဲ၊ သူတို့က သူတို့နိုင်ငံထဲမှာပဲ လျှောက်ဟောင်နေတာလေ၊ ထားထားလိုက်]

[အဲ့ဒါက သူတို့နိုင်ငံသားတွေကို အရူးလုပ်နေတာပဲ၊ သနားစရာကောင်းတဲ့လူတွေ အမှန်ကိုတောင် မသိကြဘူး]

နှစ်နိုင်ငံတွင်းမှ အင်တာနက် ကွန်ရက်က ပတ်သက်မှု မရှိချေ။ သူတို့အား သူတို့၏ ကိုယ်ပိုင် ပစ္စည်းများနှင့်သာ ထားလိုက်သင့်ပေသည်။ ရဲ့လင်းချန်သည် အနည်းငယ်မျှ ထပ်ကြည့်ပြီးနောက် လုံးလုံး အရေးမစိုက်တော့ချေ။

All Chapters