← Chapters

အရည်အချင်းနဲ့ပဲ သက်သေပြပါစေ

Vol. 49 Ch. 733

အရည်အချင်းနဲ့ပဲ သက်သေပြပါစေ

Vol. 49 Ch. 733

ချင်ပိုင်ချွမ်းနှင့် လင်းထျန်းရှုံးတို့၏  ခန္ဓာကိုယ်များ စတင် တုန်ရီလာခဲ့သည်။ သူတို့၏ မျက်လုံးများတွင် မျက်ရည်များနှင့် ပြည့်လာလေသည်။

သူတို့နှစ်ယောက်လုံး စစ်မြေပြင်က စစ်သည်တော်များကို တွေးမိသွားကြသည်။

နှစ်တိုင်း စစ်သည်တော်များသည် သူတို့ကိုယ်သူတို့ စတေးခံခဲ့ကြသည်။ သူတို့သည် အသက်ငယ်သေးပြီး မိသားစုနှင့် ချစ်ရသူများလည်း ရှိကြသည်။ သူတို့တွင်လည်း လွမ်းဆွတ်တမ်းတစရာ များစွာရှိသော်ငြားလည်း ထိုသို့ စတေးခံရန် ရွေးချယ်ခဲ့ကြသည်။

*ဟုတ်တယ်၊ ဘယ်သူက စူပါမန်း ဖြစ်ချင်မှာလဲ၊ ကိုယ့်ချစ်သူကို ပွေ့ဖက်ချင်ရုံလေးပဲလေ၊ ဒါပေမယ့် အဲ့ဒီဆန္ဒလေး တစ်ခုကတောင် များလွန်းနေပြီ*

တစ်ချိန်တည်းမှာပင် သူတို့နိုင်ငံသားများနှင့် နိုင်ငံခြားသားများလည်း နားထောင်နေခဲ့ကြသည်။

မာဗယ် (Marvel) ဟာ ကျယ်ကျယ်ပြန့်ပြန့် လူသိများပြီး နားထောင်သူများကလည်း စပိုက်ဒါမန်း၊ Iron Man နှင့် တခြားသူများက ဘယ်သူတွေလဲဆိုတာကို အလိုလို သိနေခဲ့ကြသည်။ သူတို့သည် သီချင်းထဲကို လျင်မြန်စွာ နစ်မြှုပ် သွားခဲ့ကြပြီး ခံစားချက်များကြောင့် စိတ်လှုပ်ရှားသွားခဲ့ကြလေသည်။

သီချင်းက ဆက်လက်၍ လွင့်ပျံနေဆဲပင်။

“စာအုပ်ဟောင်းလေးအချို့ကို ကိုယ် ဖတ်မိတယ်

“ပုံပြင်လေးတွေနဲ့ ဒဏ္ဍာရီဇာတ်လမ်းတွေပေါ့

“သူတို့ ရေးထိုးခဲ့တဲ့ မော်ကွန်းကျောက်စာတွေ

“လနဲ့ လကြတ်ခြင်း အကြောင်းတွေ

“ဝတ်စုံပြည့် ဝတ်ပြီး စူပါမန်း ပျံတက်သွားတဲ့ အကြောင်းတွေ

“ဒါပေမဲ့ ကျွန်တော်က အဲ့နေရာနဲ့ သင့်တော်တဲ့သူမျိုးမှ မဟုတ်တာ

“…”

ကူကယ်ရာမဲ့မှုနှင့် ဝမ်းနည်းကြေကွဲခြင်း။

လူတိုင်း၏ မျက်ဝန်းအိမ်များမှ မျက်ရည်များ စီးကျလာခဲ့ကြသည်။

နိုင်ငံတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင် စူပါမန်းနှင့် အခြားသူရဲကောင်းများအကြောင်း ဒဏ္ဍာရီပုံပြင်များ ရှိကြသည်။ သို့သော်လည်း ၎င်းတို့အားလုံးမှာ အလားတူ အဆုံးသတ်များဖြင့်သာ ပြီးဆုံးလေ့ရှိသည်။ စူပါမန်းနှင့် ထိုသူရဲကောင်းများသည် နောက်ဆုံးတွင် တိုက်ခိုက်ရင်း သေဆုံးခဲ့ကြရပါသည်။

*လူတိုင်းက ဒီစွမ်းရည်တွေကို မနာလိုဖြစ်ကြပြီး တိုက်ခိုက်ဖို့ စိတ်ဆန္ဒရှိကြတယ်၊ ဒါပေမယ့်... ကျွန်တော်ကတော့ မဟုတ်ခဲ့ပါဘူး... ကျွန်တော်က ရိုးရှင်းပြီး ပျော်ရွှင်တဲ့ ဘဝလေးတစ်ခုကိုပဲ လိုချင်ခဲ့တာပါ*

“ကိုယ် ပြောင်းလဲပေးနိုင်မယ့် အရာတစ်ခုခု ရှိမယ့်သူ

“ကိုယ် သတိရတိုင်း တွေးမိနေမယ့် လူတစ်ယောက်

“ငါက အဲ့လိုမျိုးပဲ လိုချင်တာတဲ့”

“ကျွန်တော်ကလဲ အဲ့လိုမျိုးလေးပဲ လိုချင်တာပါ

“Oh … ကျွန်တော်ကလဲ အဲ့လိုမျိုးလေးပဲ လိုချင်တာပါ

“Oh … ကျွန်တော်ကလဲ အဲ့လိုမျိုးလေးပဲ လိုချင်တာပါ

“Oh … ကျွန်တော်ကလဲ အဲ့လိုမျိုးလေးပဲ လိုချင်တာပါ

သီချင်း ပြီးဆုံးသွားလေသည်။

လူတိုင်း သူတို့ ထပ်၍ လိုချင်သည်ဟု ခံစားနေကြရသည်။ သူတို့၏ စိတ်ဝိညာဉ် အနက်ရှိုင်းဆုံးမှနေ၍ ခံစားမှုတစ်ခုကို ခံစားလိုက်ရပြီး အတန်ကြာ မင်သက်နေခဲ့ကြသည်။

“ဒီကောင်လေး … သူ အဲ့ဒီလူတွေအတွက် ဒါကို ဆိုတာလား”

ချင်ပိုင်ချွမ်းသည် သူ့မျက်လုံးမှ မျက်ရည်များကို သုတ်၍ ပြောလိုက်သည်။

လင်းထျန်းရှုံးက သူ၏ သုံးမရတော့သော ဘယ်ဘက်လက်ကို ကြည့်နေသည်။

“ငါလည်း အဲဒါကိုပဲ လိုချင်ခဲ့တာ၊ ဒါပေမယ့်... ငါ မလုပ်နိုင်ခဲ့ဘူး!”

“စစ်သည်တော်တွေက နောင်တတွေနဲ့ သေဆုံးခဲ့ကြရတာ၊ ဒီသီချင်းက အဲဒါတွေအားလုံးကို ဖော်ပြပေးနေတာပဲ!”

ချင်ပိုင်ချွမ်း ထရပ်လိုက်သည်။

“ငါ စစ်သည်တော်ဌာနကိုသွားပြီး လူတိုင်းကို ဒီသီချင်း နားထောင်ခိုင်းမယ်”

...

နိုင်ငံတကာဂီတလောက...

“ဒီသီချင်း... တကယ်ကို အံ့မခန်းပဲ!”

“ဒါက တကယ်ပဲ တရုတ်လူမျိုးတစ်ယောက်ရဲ့ လက်ရာလား၊ အရမ်းကို ကောင်းလွန်းတယ်!”

“ကြောက်စရာပဲ။ ဒီတရုတ်လူမျိုးက အရမ်းကို ကြောက်စရာကောင်းလွန်းတယ်!”

“အနုပညာလက်ရာမြောက်တယ်၊ တကယ်ပဲ လက်ရာမြောက်တယ်၊ ငြင်းလို့မရဘူး!”

“ဒါ မယုံနိုင်စရာပဲ!”

တရုတ်ဂီတလောက...

“ဝိုး၊ အဆိုတော်ဝိုင်က ငါတို့ကို စိတ်ပျက်အောင် မလုပ်ခဲ့ဘူး။ အံ့သြစရာပဲ”

“မှန်တယ်။ ဟားဟားဟား၊ ဒီတစ်ကြိမ်တော့ နိုင်ငံတကာ ဂီတလောက အံ့အားသင့်သွားမှာ သေချာတယ်”

“ဟာ... အဆိုတော်ဝိုင်ရဲ့သီချင်းက ငါတို့ကို တကယ်ပဲ အံ့အားသင့်စေတာပဲ၊ ငါတို့လည်း အကျင့်ဖြစ်နေပါပြီ၊ ဒီတခေါက်က အင်္ဂလိပ်သီချင်း ဖြစ်နေလို့ ငါတို့အတွက် ကံကောင်းသွားတယ်”

“ဘယ်လိုပဲဖြစ်ဖြစ် အဆိုတော်ဝိုင်နဲ့ တစ်ရက်တည်း သီချင်းထုတ်ဖို့ ငါတို့ ဘယ်တော့မှ မရဲဘူး။ အရမ်း ကြောက်စရာ ကောင်းတယ်”

“ဘယ်သူက ရဲမှာလဲ။ အဆိုတော်ဝိုင်က ငါတို့ကို ဖိအားတွေ အများကြီး ပေးခဲ့တာ၊ သူ နောက်ဆုံးတော့ အခက်အခဲတွေကို နိုင်ငံတကာအထိ သယ်သွားပြီ”

...

နိုင်ငံတကာ ဆိုဒ်များ၌ ...

[အံ့သြစရာပဲ၊ အဆိုတော်ဝိုင်ရဲ့သီချင်းက အရမ်းကောင်းလွန်းတယ်!]

[အရင်ပို့စ်တင်ထားသူ၊ ဒါ တကယ်လား၊ အဲလောက်တောင် ကောင်းရဲ့လား]

[တကယ်ကို အံ့သြဖို့ကောင်းတယ်၊ မင်းတို့တွေ သွားပြီး နားထောင်ကြည့်ဖို့ ငါ အကြံပေးတယ်၊ ငါ နားထောင် ပြီးတော့ သောက်ကျိုးနည်း ငိုခဲ့ရတာ]

[ငါလည်း ငိုနေတာ၊ ရှိုက်ကြီးတငင်နဲ့ကို ငိုရတာ၊ ငါ ထပ်ခါတလဲလဲ ဖွင့်နားထောင်နေတယ်]

[သောက်ကျိုးနည်း၊ ဒီသီချင်းက ငါ့ရဲ့ခံစားချက်ကို တကယ်ကို ထိမိတယ်]

[ငါ စူပါဟီးရိုး ရုပ်ရှင်တွေကို အရမ်းကြိုက်တာ၊ အထူးသဖြင့် ဝမ်းနည်းစရာ အဆုံးသတ်ရှိတဲ့ ရုပ်ရှင်တွေပေါ့၊ ဒီသီချင်းကို နားထောင်လိုက်တဲ့ အခိုက်အတန့်ကစပြီး ငါ ကလေးတစ်ယောက်လို ငိုနေခဲ့တာ]

[Iron Man၊ စပိုက်ဒါမန်း၊ စူပါမန်း၊ သောက်ကျိုးနည်း၊ တရုတ်လူမျိုးတစ်ယောက်က ဒီလိုသီချင်းမျိုးကို ဘယ်လို ရေးခဲ့တာလဲ၊ ဒါက ငါ့ကို စိတ်ရှုပ်ထွေးပြီး ကြောက်ရွံ့စေတယ်]

[အံ့သြစရာကောင်းလောက်အောင် ရေးထားတာပဲ၊ တော်တော် ပါရမီပါတဲ့သူ၊ ဒီလိုလူမျိုးက ခိုးချဖို့ လိုသေးလို့လား]

[ခိုးချတဲ့ အကြောင်း ပြောနေတာတွေကြောင့် ဒီသီချင်းကို မနားထောင်ဖို့ ငါ အစက စဉ်းစားခဲ့တာ။ ကံကောင်းလို့ နောက်ဆုံးတော့ နားထောင်ဖို့ ငါ ဆုံးဖြတ်လိုက်မိတယ်။ ငါ ရတနာတစ်ခုကို လက်လွတ်မလို ဖြစ်ခဲ့တာ]

…

တရုတ်နိုင်ငံ၏ Weibo ၌ …

[အား... အရမ်းကောင်းတာပဲ! ဒါက တကယ့်ကို မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ!]

[ငါ သိတယ်၊ ငါ သိနေတယ်၊ အဆိုတော်ဝိုင်ဆီက ထွက်တာ မှန်သမျှက ဂန္ထဝင်လက်ရာတွေချည်းပဲ]

[သောက်ကျိုးနည်း၊ မင်းတို့ စဉ်းစားကြည့်စမ်း၊ အဆိုတော်ဝိုင်က အင်္ဂလိပ်သီချင်းတွေကိုလည်း အများကြီး ထုတ်လုပ် နိုင်တယ်နော်]

[ဒါက ပါရမီလို့ ခေါ်တာလား။ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ပါရမီလဲ]

[အင်္ဂလိပ်သီချင်းတစ်ပုဒ်ကတောင် ငါ့ကို ငိုအောင် လုပ်နိုင်တယ်။ မယုံနိုင်စရာပဲ!]

[ဟားဟားဟား၊ နိုင်ငံခြားသားတွေကို ကလော်ဖို့ ငါ Firewall ကျော်လိုက်ဦးမယ်]

[ငါရောပဲ၊ အထူးသဖြင့် ဒန်နီလို့ခေါ်တဲ့ ငတုံးကိုပေါ့၊ သူက ငါတို့ရဲ့ အဆိုတော်ဝိုင်ကို ခိုးချတယ်လို့ စွပ်စွဲရဲတယ်၊ သူ့ကိုယ်သူ သေချာ ပြန်ကြည့်သင့်တယ်။]

[နိုင်ငံခြားသားတွေ အများကြီးရှိတာတောင် သူတို့ရဲ့သီချင်းတွေက ငါတို့ တရုတ်လူမျိုးတွေနဲ့ ယှဉ်လို့မရဘူး၊ ဟားဟားဟား၊ ရယ်ချင်စရာပဲ]

[ငါ ကြွားဝါပြီး သူတို့ကို လှောင်ပြောင်ဖို့ လိုတယ်။ ငါ့ကို မတားကြပါနဲ့...]

…

အသံသွင်း စတူဒီယို၌ ဒန်နီနှင့် ဂျော့ရှ်တို့သည် ရဲ့လင်းချန်၏ သီချင်းကို နားထောင်နေကြသည်။ သူတို့၏ မျက်နှာအမူအရာများ တောင့်တင်းသွားပြီး ကြောက်ရွံ့ထိတ်လန့်နေသော ပုံစံအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဒန်နီ၏ နဖူးမှ ချွေးအေးတွေ စီးကျလာခဲ့သည်။ သူက အံကြိတ်၍ ပြောလာသည်။

"မဖြစ်နိုင်ဘူး၊  ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီလိုသီချင်းမျိုးကို သူ ဘယ်လိုတောင် ရေးနိုင်တာလဲ"

"ရူးချင်စရာပဲ၊ ဒီလူက တကယ်ကို ကြောက်ဖို့ကောင်းတယ်၊ သူ့မှာ တစ်ပတ်ပဲ အချိန်ရခဲ့တာ၊ သူ ဘယ်လိုလုပ် ဒီလိုသီချင်းမျိုး ရေးနိုင်ခဲ့တာလဲ”

ဂျော့ရှ်သည် မျက်နှာတွင် သွေးများ ခမ်းခြောက်နေဟန်ဖြင့် တိုးတိုးလေး ပြောလိုက်သည်။

သီချင်းအသစ်နှင့် ထင်ပေါ်နေစေရန် သူတို့ များစွာ အားထုတ်ခဲ့ရသည်။ ထိုသီချင်းကို ထုတ်ဝေနိုင်ရန် သူတို့ အချိန် ခြောက်လကြာခဲ့သည်။

သို့သော် ရဲ့လင်းချန်ကို သူတို့ ရန်စပြီး စိန်ခေါ်ခဲ့သည်မှာ တစ်ပတ်သာ ရှိသေးသည်။ သူ ဘာပြင်ဆင်မှုမှ လုပ်ထားနိုင်မှာ မဟုတ်ပေ။ သို့သော် ဤသို့သော အဆင့်မျိုးရှိသည့် သီချင်းကို သူ ဘယ်လိုလုပ် ရေးနိုင်ခဲ့သနည်း။

အရေးအကြီးဆုံးမှာ သူက တရုတ်လူမျိုးတစ်ယောက် ဖြစ်နေခြင်းပင်။

*ချီးပဲ၊ ဒါ အမှန် မဟုတ်နိုင်ဘူး*

ဒန်နီသည် ချွေးများစို့ကာ ကြောက်ရွံ့တုန်လှုပ်လျက်ရှိသည်။ သူသည် ဝက်ဘ်ဆိုက်ကို တုန်ယင်စွာ ဖွင့်လိုက်ပြီး ချက်ချင်းပင် သူ၏ Weibo က လောင်မြိုက်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းအောက်တွင် တရုတ်လူမျိုးများနှင့် သူ၏ နိုင်ငံသားများထံမှ အသရေဖျက် မှတ်ချက်များ ရေတွက်လို့မရအောင် ရှိနေခဲ့သည်။

လက်ရှိတွင် အမှန်တရား ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ ရဲ့လင်းချန်၏ စွမ်းရည်သည် ဒန်နီထက် အဆင့်များစွာ သာလွန်နေခဲ့သည်။ ရဲ့လင်းချန်က သူ၏လက်ရာကို ခိုးယူသည်ဟု ဒန်နီ စွပ်စွဲခဲ့ခြင်းသည် စာသင်ခန်းထဲတွင် နောက်ဆုံးရခဲ့သူက ပထမရခဲ့သူက သူ၏ အဖြေကို ခိုးချသည်ဟု စွပ်စွဲခြင်းနှင့် မည်သို့မျှ မကွာခြားတော့ပေ။

[အရှက်မရှိလိုက်တာ၊ ခိုးချစရာ အကြောင်းရင်းမှ မရှိတာကို]

[ဒီလောက် မျက်နှာပြောင်တိုက်တဲ့လူမျိုးကို တစ်ခါမှ မမြင်ဖူးဘူး]

[ဒန်နီ၊ မင်းက ငါတို့နိုင်ငံအတွက် ရှက်စရာပဲ! ငါ အခု မင်းကို မုန်းတီးသူတွေဘက်က ပါပြီ! ရွံစရာပဲ]

[သောက်ကျိုးနည်း၊ မင်းက ငါတို့နိုင်ငံကို အရှက်ရစေတယ်၊ ချီးပဲကွာ]

[ငါ မင်းကို ယုံပြီး တစ်စုံတစ်ယောက်က မင်းရဲ့လက်ရာကို ခိုးချတယ်လို့ တကယ်ပဲ ထင်ခဲ့တာ၊ ငါ မင်းကိုတောင် ပံ့ပိုးပေးခဲ့တာ၊ ဟာ... ငါ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပဲ]

[ငါတို့ အဆိုတော်ဝိုင်ကို အထင်လွဲခဲ့တာ]

[ဟားဟားဟား၊ နိုင်ငံခြားသားသူငယ်ချင်းတို့၊ အံ့သြသွားကြပြီလား၊ တရုတ်နိုင်ငံမှာ ရှိတဲ့ စွမ်းဆောင်ရည်ကို အခု နားလည်သွားပြီလား]

[အဆိုတော်ဝိုင်က ငါတို့ တရုတ်ဂီတလောကရဲ့ ထိပ်တန်း ခေါင်းဆောင်ပဲ၊ အင်္ဂလိပ်ဖြစ်ဖြစ်၊ တရုတ်သီချင်းပဲ ဖြစ်ဖြစ် သူက အကောင်းဆုံးပဲ၊ အခု ကြောက်နေပြီလား၊ ဟားဟားဟား…]

…

မှတ်ချက်များသည် အသရေဖျက်ပြောဆိုမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ဒန်နီသည် မှတ်ချက်များကို ဆက်လက် ဖတ်ရှုနေစဉ် သူ၏နှလုံးသားသည် မငြိမ်မသက်ဖြစ်ပြီး မျှော်လင့်ချက်မဲ့လာခဲ့သည်။ သူ၏သီချင်းနှင့် ပတ်သက်သော မှတ်ချက်များမှာတောင်မှ ဆဲဆိုမှုများဖြင့် ပြည့်နေခဲ့သည်။ ပရိသတ်အများအပြားသည် သူ့ကို နှစ်သက်ရာမှ စက်ဆုပ်လာခဲ့ကြသည်။

“ကုန်ပြီ... ငါတော့ သွားပြီ၊ ဒီအမည်းစက်က ငါ့ကို အနုပညာလောကကနေ ပိတ်ပင်ဖို့ လုံလောက်နေပြီ၊ ပိတ်ပင်ခံရ တာကနေ ရှောင်နိုင်ရင်တောင် ငါ့ရဲ့ ဂုဏ်သတင်းက ပျက်စီးသွားပြီ]

“ဘ-ဘ-ဘာလုပ်သင့်လဲ”

ဒန်နီက တုန်တုန်ယင်ယင်နှင့် ဂျော့ရှ်ကို ကြည့်လိုက်သည်။

ဂျော့ရှ်၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့သည်။

“ဒီသီချင်းကို တရုတ်တစ်ယောက်က ရေးတယ်လို့ မင်းတကယ် ထင်နေတာလား၊ သူတို့က အင်္ဂလိပ်သီချင်းကို ဘာအကြောင်းပြချက်နဲ့ ရေးနိုင်မှာလဲ၊ ဒါ အစစ်အမှန်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ငါ ဂရုမစိုက်ဘူး၊ ဒါက အတုလို့ ငါတို့ စွပ်စွဲမယ်”

…

All Chapters