← Chapters

တူညီသော ပညာရှင်

Vol. 35 Ch. 525

တူညီသော ပညာရှင်

Vol. 35 Ch. 525

အဘွားအိုသည် သူမလက်ထဲမှ ဓာတ်ပုံကို ပွတ်နေပြီး ရုတ်တရက် အသံက ပြာအက်လာသည်။

“ကြည့်ပါဦး၊ ငါ့မြေးလေးက သိပ်ချစ်ဖို့ ကောင်းတာ၊ သူက နှစ်နှစ်ပဲ ရှိသေးတယ်၊ ဒါပေမဲ့ သူက တအား စကား နားထောင်တာ၊ ငါ မသွားနဲ့လို့ ပြောရင် သူက မသွားဘူး၊ ဆယ်စက္ကန့်ပဲ ရှိသေးတာကို ဘယ်လိုလုပ် သူက ပျောက်သွားရတာလဲ”

“ကလေးရဲ့ မိဘတွေက ငါ့ကို ယုံကြည်ပြီး အပ်ထားခဲ့တာ၊ ဒီလိုမျိုး ဖြစ်သွားတော့ ကလေးမိဘတွေကို ငါ မပြောရဲဘူး၊ သုံးရက်တောင် ရှိနေပြီ …”

အဘွားအိုသည် မျက်လုံးထောင့်ကို ပွတ်နေပြီး ဓာတ်ပုံကို ကြည့်နေချိန်တွင် စကားပြောရ ခက်ခဲနေ၏။

“အဘွား စိတ်မပူပါနဲ့၊ ကျွန်တော်တို့ သေချာပေါက် ကလေးကို ရှာတွေ့မှာပါ၊ သူက ဒီညတောင် ပေါ်လာပြီး အဘွားကို အံ့ဩအောင် လုပ်ချင်လုပ်ဦးမှာပါ”

ရဲ့လင်းချန်က နှစ်သိမ့်လိုက်သည်။

ဤလူတစ်စုလုံးက ကလေးတွေကို လိုက်ရှာနေခြင်း ဖြစ်ပုံရသည်။ ရဲ့လင်းချန်သည် သူမမြေး၏ အခြေအနေနှင့် ပတ်သက်၍ ပြောပြချင်သော်လည်း ရှုပ်ထွေးမှု မဖြစ်ရန် ရှုနန် ရောက်လာသည်အထိ သူ စောင့်နေရန် လိုအပ်ပေသည်။

ဆူညံပွက်လောရိုက်မှု အလယ်၌ ကလေးတစ်ယောက် အကြောင်း မှားပြောမိလျင် မကောင်းပါ။

“လူငယ်လေး၊ မင်း တက္ကသိုလ်ကနေတောင် ဘွဲ့မရသေးဘူး မဟုတ်လား၊ မင်း အရမ်း တုံးအလွန်းတာ မဆန်းပါဘူး”

လူလတ်ပိုင်းအရွယ် ဦးလေးကြီးတစ်ယောက်က ရဲ့လင်းချန်ကို ဘေးဘက်မှ ကြည့်နေသည်။ သူ၏ စိတ်အခြေအနေက အလွန်အမင်း ဆိုးရွားနေပြီး စကားများကလည်း အလွန် ရင့်သီးလေသည်။

“ဘာအံ့ဩစရာများ ရှိနိုင်လို့လဲ၊ ငါ ဒီမှာ နေ့ရော ညပါ စောင့်နေခဲ့တာ၊ ဒါပေမဲ့ ဘာသတင်းမှ ငါ မရသေးဘူး”

“ဟုတ်တယ်၊ ငါတို့ ဒီကို လာတော့ အဲ့ကောင်တွေက တံခါးကို ပိတ်ပြီး အပြင်ကို မထွက်ဘူး၊ ဒါမှမဟုတ် သူတို့ ဒီပြဿနာကနေ ဘေးရှောင်နေတာပဲ ဖြစ်မယ်၊ ငါတို့ သူတို့အပေါ် မျှော်လင့်ချက် ထားမိရင် သူတို့တွေ ကလေးတွေကို ရှာနိုင်ပါ့မလားတောင် ငါတို့ မသိဘူး”

တစ်စုံတစ်ယောက်က တုံ့ပြန်၍ အော်ပြောလေသည်။

“ငါတို့ အခွန်ဆောင်တဲ့ ငွေတွေက လွယ်လွယ်နဲ့ ရတယ်လို့ ထင်နေတာလား၊ သူတို့ ဘာများ အသုံးကျလဲ၊ ငါ့ကလေးက ဒုက္ခရောက်နေပြီ၊ ဟင့်ဟင့် …”

“ရှင်းရှင်းပြောမယ်ကွာ၊ ငါတို့ ဒီနေ့ အဖြေမရရင် ငါတို့ တရားမျှတမှု ရှာကိုရှာမယ်၊ သူတို့က သူတို့တာဝန်မှာ ပေါ့လျော့လွန်းပြီးတော့ အပြစ်သားတွေကို အေးအေးလူလူ သွားလာနေတယ်၊ ဒါ ငါတို့အတွက် ခက်ခဲလွန်းတယ်”

“ငါးရက်တောင် ရှိနေပြီ၊ အခု ငါ့ကလေး ဘာဖြစ်သွားပြီလဲ ဆိုတာတောင် ငါ မသိရဘူး”

“ငါ့ကလေးက ငါးလပဲ ရှိသေးတယ်၊ အီးဟီးဟီး … ငါ သူ့ကို ခဏလေးပဲ ချီရသေးတာ …”

“ဒီသောက်ကောင်တွေကတော့၊ ဒါ ဘယ်လို လောကကြီးလဲကွာ၊ ငါတို့ အခြား ဘယ်သူ့ကို အားကိုးရမှာလဲ”

လူအများစုသည် စကားပြောရင်း ဒေါသထွက်လာပြီး ဒေါသဖြေရည် တံခါးကို အကြိမ်အနည်းငယ်မျှ ကန်ကျောက်ကြသည်။

လူတစ်ချို့သည် အငိုရပ်သွားသော်လည်း ပြန်တွေးမိသောအခါ မျက်ရည်များ မကျဘဲ မနေနိုင်အောင် ဖြစ်နေသည်။ တစ်ဖက်တွင်မူ စုံတွဲအချို့သည် အချင်းချင်း ပွေ့ဖက်ကာ ငြိမ်သက်နေသည်။

ခြေရာများနှင့် ဆေးခြယ်ရာများ ဘယ်ကနေ ဘယ်လို ရောက်လာတာလဲ ဆိုသည်ကို ရဲ့လင်းချန် နားလည် သွားသည်။ လူတစ်ယောက်သည် “ကျေးဇူးပြုပြီး ငါတို့ ကလေးတွေကို ရှာပေးပါ” ဟူသည့် စာတန်းကို မြှောက်၍ တံခါးရှေ့၌ ရပ်နေ၏။

ဆောက်တည်ရာမရခြင်း၊ ဒေါသထွက်ခြင်း၊ ကူကယ်ရာမဲ့ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ကြောက်ရွံ့ခြင်း စသည့် မကောင်းသော ခံစားချက်မျိုးစုံက ထိုလူများ၏ ရင်ထဲ၌ ဖြစ်တည်နေကာ သူတို့၏ စိတ်အခြေအနေကို အလွန် ကသောင်းကနင်း ဖြစ်နေစေသည်။

“အားလုံး စိတ်မပူကြပါနဲ့၊ ကလေးတွေကို သေချာပေါက် ရှာတွေ့မှာပါ၊ ကျွန်တော်တို့ရဲ့ အစိုးရဝန်ထမ်းတွေကို ယုံကြည်ထားပါ”

ရဲ့လင်းချန် မနေနိုင်ဘဲ သူတို့ကို အားပေးလိုက်သည်။

“ငါ အစက ယုံကြည်ခဲ့ပါတယ်၊ ဒါပေမဲ့ အဲ့ကတည်းက တော်တော်ကြာနေပြီလေ၊ ဒါ တော်တော်ကို စိတ်ပျက်ဖို့ ကောင်းတယ်”

“ရုပ်ရှင်ထဲကလို သူတို့ကို အနံ့ခံပြီး ရှာဖို့ ရဲခွေးတွေ သုံးလို့မရဘူးလား၊ သူတို့ ဘာလို့ အဲ့လို မလုပ်တာလဲ”

“ဒီပြဿနာကို တစ်နေ့ပြီး တစ်နေ့ အချိန်ဆွဲလာတာ၊ သူတို့က အခု တံခါးတောင် မဖွင့်တော့ဘူး၊ ငါတို့ သူတို့ကို ဘယ်လို အားကိုးရမှာလဲ”

လူတိုင်းက အပြန်အလှန် တုံ့ပြန်လာပြီး စကားပြောရင်း ပို၍ ဒေါသထွက်လာကြသည်။

“ကိစ္စတွေ လုပ်ပြီဆိုရင် အမြဲ လုပ်ရိုးလုပ်စဉ်တွေ ရှိတယ်၊ ပြီးတော့ ဒီပြဿနာက ပေါ့သေးသေး မဟုတ်ဘူး၊ ဒီမှာ အဖွဲ့လိုက် လာစုဝေးနေတာက သူတို့အလုပ်ကို ထိခိုက်ရုံပဲ ရှိမယ်၊ စခန်းထဲမှာတော့ သူတို့တွေ ခင်ဗျားတို့တွေရဲ့ ကလေးတွေကို ရှာဖို့ တက်တက်ကြွကြွ ကူညီနေမှာ သေချာပါတယ်၊ သူတို့ ဒီနေ့တောင် ရှာတွေ့လောက်ပါတယ်”

ရဲ့လင်းချန်က ဆက်ပြောသည်။

“မင်း ပြောတော့ လွယ်တာပေါ့၊ အခု ပြဿနာက ဘာသတင်းမှ မရတာပဲ၊ ငါတို့ သူတို့ကို မေးရင် သူတို့က အသံမြင့်မြင့်ပြောပြီး ငါတို့မေးခွန်းတွေကို ရှောင်တယ်၊ ငါတို့ အခြား ဘာလုပ်ရဦးမှာလဲ”

“မင်းက ခံရတဲ့သူမှ မဟုတ်တာ၊ အဲ့တော့ ဘယ်စိုးရိမ်မလဲ၊ ငါတို့ကလေးတွေက ပျောက်နေတာလေ၊ ငါတို့ ဘယ်လောက် ခံစားရလဲ မင်း သိလား၊ အီးဟီးဟီး …”

“ငါ့ကလေးလေး၊ မေမေ မင်းကို တောင်းပန်ပါတယ်၊ မေမေ အသုံးမကျတာပါ …”

ရဲ့လင်းချန် ပင့်သက်ရှိုက်၍ ပြောင်ပြောင်တင်းတင်း ပြောလိုက်သည်။

“ခင်ဗျားတို့ ကလေးတွေ အဆင်ပြေမယ်လို့ ကျွန်တော် သေချာပေါက် ပြောနိုင်တယ်၊ ပြီးတော့ ခင်ဗျားတို့ ကျွန်တော်နဲ့ ပူးပေါင်းသရွေ့ သူတို့ကို မကြာခင် ရှာတွေ့မှာပါ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံပေးပါ”

လက်ရှိတွင် အခြားမည်သည့်အရာ ပြောပါစေ အသုံးမဝင်မှန်း သူ သိနေသည်။ ဤလူများ လိုချင်သည်က အာမခံမှုပင်။ ထိုစကားများက မှန်သည် ဖြစ်စေ၊ မှားသည်ဖြစ်စေ အရေးမကြီးပါ။ ယုံကြည်စိတ်ချရခြင်းကသာ အဓိက ဖြစ်သည်။

ရဲ့လင်းချန်၏ စကားများက အများစုကို တည်ငြိမ်သွားစေပြီး ရဲ့လင်းချန်အား တအံ့တဩ ကြည့်လာကြသည်။

“လူ … လူငယ်လေး၊ မင်း အမှန်ကို ပြောနေတာလား၊ သူတို့ တကယ် အဆင်ပြေတာလား”

အဘွားအိုက ရဲ့လင်းချန်ကို မျှော်လင့်သောအကြည့်ဖြင့် ကြည့်လာသည်။

“အဘွား မစိုးရိမ်ပါနဲ့၊ သူတို့ တကယ် အဆင်ပြေတယ်၊ အဘွား ပူးပေါင်းပေးသရွေ့ ကလေးက အဘွားဆီ မကြာခင် ပြန်ရောက်လာမှာပါ”

ရဲ့လင်းချန်က ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။

“ကောင်းပြီ၊ ငါတို့ ပူးပေါင်းမယ်၊ ငါတို့ ပူးပေါင်းမှဖြစ်မယ်”

အဘွားအိုက စိတ်အားထက်သန်စွာ ခေါင်းညိတ်လေသည်။

ရဲ့လင်းချန် သက်ပြင်းချလိုက်သည်။ နောက်ဆုံးတွင် အခြေအနေအား အချိန်တစ်အခုအထိ ထိန်းချုပ်၍ ရသွား လေပြီ။

စိတ်ရှုပ်ထွေးနေသော အကြည့်များနှင့် လူအုပ်ကြီးအား သူ တစ်ချက်ကြည့်၍ စိတ်ထဲ၌ အနည်းငယ် လေးလံ လာသည်။

ကလေးငယ်များကို ဆုံးရှုံးရသည့် နာကျင်မှုကို သူ တစ်ခါမှ မခံစားဖူးသော်လည်း ဤလူများ ကြုံတွေ့နေရသည့် ကြေကွဲဝမ်းနည်းမှုကို သူ နားလည်ပါသည်။ တကယ်တမ်းတွင် သာမန်လူများအတွက် သူတို့ဘဝကို အေးအေး ချမ်းချမ်း နေနိုင်ခြင်းက အကြီးမားဆုံး တန်ဖိုးတစ်ခု ဖြစ်ပေသည်။

“အေးချမ်းမှုက ကံကောင်းခြင်းပဲ” ဟူသော ဆိုရိုးစကားတစ်ခွန်းလိုပင်။ ရဲ့လင်းချန် ကလေးဘဝတုန်းက ၎င်းကို နားလည်ရန် ခက်သော်လည်း သူ ကြီးလာသောအခါ အေးချမ်းမှု၏ အဖိုးတန်မှုကို နားလည်သိရှိလာသည်။

သူသည် အစွမ်းအစ ရှိသော လူတစ်ယောက် ဖြစ်လာပြီးဖြစ်သဖြင့် ထိုသို့ အကျင့်စာရိတ္တ ပျက်ပြားနေသော လူများနှင့် ကြုံတွေ့ရလျင် သူ သနားညှာတာမည် မဟုတ်ပါ။

ထိုစဉ် ဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ထားသည့် လူတစ်ယောက်က ပေါ့ပြက်ပြက် အကြည့်နှင့် ရဲ့လင်းချန်နားသို့ တိတ်တဆိတ် လျှောက်လာသည်။

“ငါ့ညီက မဆိုးဘူးပဲ၊ မင်းက ဆရာလား၊ မင်း ငါ့လုပ်ငန်းကို လုဖို့ ဒီကို လာခဲ့တာလား”

ရဲ့လင်းချန် စိတ်မကြည်တော့ဘဲ မျက်မှောင်ကြုတ်သွားသည်။ သူသည် ဆိတ်ဆိတ်နေ၍ ထိုလူအား ပြန်ကြည့်နေ လိုက်သည်။

“ဟားဟား မင်းက တယ်ဟုတ်ပါလား”

ထိုလူသည် အစက အံ့ဩသွားပြီးနောက် လှောင်ရယ်၍ ပြောလိုက်သည်။

“ဒီက လုပ်ငန်းကို ငါတို့ ယူထားပြီးသား၊ မင်းက ဝင်နှောင့်ယှက်ချင်တာလား၊ မင်း အခြေအနေကို သေချာ ကြည့်ရင် ပိုကောင်းမယ်ထင်တယ်”

ထို့နောက် သူက ရဲ့လင်းချန်ကို မကြည့်တော့ဘဲ သူ့လုပ်ငန်းကဒ်ကို ထုတ်ကာ စဉ်းလဲမှုကို ဖုံးကွယ်၍ သဘောကောင်းသော လူတစ်ယောက်ပုံစံသို့ ပြောင်းလိုက်လေသည်။ ထို့နောက်တွင်မူ သူက လုပ်ငန်းကဒ်ကို အဘွားအိုအား‌ ပေးလိုက်သည်။

“မင်္ဂလာပါ အဘွား၊ ကျွန်တော်က သိမ်းငှက်မျက်လုံး စုံထောက် အေဂျင်စီကပါ၊ ဒါက ကျွန်တော့် လုပ်ငန်းကဒ်ပါ”

အဘွားအိုက မယုံသင်္ကာဖြင့် လုပ်ငန်းကဒ်ကို ယူလိုက်သည်။

ထိုလူက ဆက်ပြောလေသည်။

“ကျွန်တော်တို့ သိမ်းငှက်မျက်လုံး စုံထောက် အေဂျင်စီက ပျောက်သွားတဲ့ ပစ္စည်းတွေကို ကူရှာပေးတဲ့ နေရာမှာ အကောင်းဆုံးမို့လို့ သိမ်းငှက်မျက်လုံးလို့‌ ခေါ်တာပါ၊ အထူးသဖြင့် ကလေးတွေနဲ့ သက်ကြီးပိုင်းတွေကိုပါ”

သူ့စကားက အဘွားအို၏ မျက်လုံးကို ချက်ချင်း တောက်ပသွားစေသည်။ သူမက ဓာတ်ပုံကို အလျင်အမြန် ပေး၍ ပြောလိုက်သည်။

“မင်း ငါ့မြေးကို ရှာပေးနိုင်လား”

ထိုလူက ဓာတ်ပုံကို ယူကြည့်ကာ စဉ်းစားနေသကဲ့သို့ တစ်ခဏမျှ ဟန်လုပ်နေလေသည်။

“ခင်ဗျားမြေး ပျောက်နေတာ ဘယ်လောက်ကြာပြီလဲ”

“သုံးရက်”

“သူ့ကို ဘယ်မှာပျောက်သွားတာလဲ”

“သဲလုံ ဈေးဝယ်စင်တာ တတိယထပ်မှာ”

“သိပ်မကြာသေးဘူး၊ နေရာက ဈေးဝယ်စင်တာဆိုတော့ ကြီးတယ်၊ ကျွန်တော် ဈေးဝယ်စင်တာက စောင့်ကြည့်ကင်မရာတွေကို ကြည့်ဖို့ တောင်းဆိုလိုက်မယ်၊ ဒီကလေးကို ရှာဖို့ မခက်ပါဘူး”

ထိုလူက တစ်ခဏမျှ သုံးသပ်ပြီး အခိုင်အမာ ပြောလေသည်။

“တကယ်လား”

အဘွားအို၏ မျက်နှာတွင် ပျော်ရွှင်မှုတို့ ပေါ်လွင်လာ၏။

“ကျွန်တော်တို့ စုံထောက် အေဂျင်စီက ထွက်တဲ့စကားက ယုံကြည်လို့ ရပါတယ်၊ ကျွန်တော်တို့ ပြောရင် သေချာပေါက် သူ့ကို ရှာနိုင်တယ်”

ထိုလူက အခိုင်အမာပြောသော်လည်း တစ်ခဏမျှ ရပ်သွားပြီး ချီတုံချတုံ ဖြစ်နေပုံ ပေါ်နေလေသည်။

“တစ်ခုပဲ … ခင်ဗျား လူတစ်ယောက်ကို ရှာချင်ပြီဆိုရင် ကျွန်တော်တို့ အကြိုပြင်ဆင်ဖို့ လိုအပ်တာက ရန်ပုံငွေပါပဲ”

All Chapters